နိယာမ ၁၀၀၀၀ ဖြင့် အင်မော်တယ် တို့ကို သတ်ဖြတ်ခြင်း
Vol. 14 Ch. 153
"ဘုန်း ဘုန်း ဘုန်း"
ဤနယ်မြေအတွင်း၌ ပေါက်ကွဲသံပေါင်း မည်မျှထွက်ပေါ်ခဲ့သည်ကို မည်သူမျှ မရေတွက်နိုင်တော့ချေ။
ပေါက်ကွဲမှုတိုင်းတွင် ပါဝင်သော ကြောက်မက်ဖွယ် စွမ်းအားမုန်တိုင်းများက အင်မော်တယ် အဆင့် ကျင့်ကြံသူ လေးဦးကို အဆက်မပြတ် တိုက်ခိုက်နေပေသည်။
ရွှေအင်မော်တယ် မှာမူ ရွှေရောင်အလင်းအကာအကွယ်ကို ထုတ်ဖော်ထားသဖြင့် ထန်ထျန်း၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲမှုက သူ့အပေါ် ကြီးမားသော သက်ရောက်မှု မရှိလှပေ။
သို့သော် ဆန်းကြယ် အင်မော်တယ် သုံးဦးမှာမူ ထိုမျှ ကံမကောင်းလှချေ။
ထန်ထျန်းက ထူးဆန်းအံ့ဩဖွယ်ကောင်းအောင် သူတို့၏ဘေးတွင် ရုတ်တရက် ပေါ်လာတတ်ပြီး ပေါ်လာသည်နှင့် သူတို့ကို အတင်းဖက်၍ တစ်စက္ကန့်မျှပင် အချိန်မဆွဲဘဲ ချက်ချင်း ဖောက်ခွဲပစ်သဖြင့် သူတို့မှာ တုံ့ပြန်ရန် အချိန်ပင် မရကြချေ။
ထိုကြောက်မက်ဖွယ် စွမ်းအားများအောက်တွင် သုံးဦးလုံးမှာ ဒဏ်ရာအပြင်းအထန် ရရှိနေကြပြီး တစ်ဦးမှာမူ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေကာ အသက်ဓာတ်ပင် မှေးမှိန်သွားခဲ့ချေပြီ။
ရွှေအင်မော်တယ် ၏ အကာအကွယ်အောက်တွင် ရှိနေသော ထျန်းယန်ရှန်းမှာမူ ရှေ့မှ "မီးရှူးမီးပန်း" လွှတ်နေသကဲ့သို့သော မြင်ကွင်းကို ကြည့်ကာ ဝိညာဉ်ပါ တုန်လှုပ်နေတော့၏။
"ခင်ဗျားက... သူ သေသွားပြီလို့ ပြောခဲ့တယ်မဟုတ်လား"
"ဒါက... ဒါက ဘယ်လို နည်းပရိယာယ်မျိုးလဲ"
သူက ကြောက်ရွံ့မှုများအောက်တွင် လုံးဝ နစ်မြုပ်နေချေပြီ။
ရွှေအင်မော်တယ် ကလည်း မျက်မှောင်ကြုတ်ထားမိ၏။ ဤကဲ့သို့ ထူးဆန်းလှသော စွမ်းရည်မျိုးကို သူ တစ်ခါမျှ မမြင်ဖူးသလို ကြားလည်း မကြားဖူးပေ။
မိမိ၏ ဝိညာဉ်နှင့် မူလဝိညာဉ်ကလေး ကိုပါ ဖောက်ခွဲပစ်ပြီးနောက် မည်သို့ အသက်ရှင် နိုင်သနည်း။
ချက်ချင်းပင် ပြန်ရှင်လာရုံသာမက စွမ်းအားများလည်း လျော့ပါးမသွားဘဲ အကောင်းဆုံး အခြေအနေတွင် ရှိနေရသနည်း။
ထို့ပြင် သူက ရုပ်တူကိုယ်ပွားများစွာကို ဖန်တီး၍ အားအင်မလျော့ဘဲ ဆက်တိုက် ဖောက်ခွဲနိုင်သေးသည်။
ဤစွမ်းရည်များထဲမှ တစ်ခုခုသည်ပင်လျှင် လူကို ကျောချမ်းစေရန် လုံလောက်ပေသည်။
ယခုမူ ထိုအရာအားလုံးမှာ လူတစ်ယောက်တည်းဆီတွင် စုစည်းနေချေပြီ။
ထန်ထျန်းတွင် ဤကဲ့သို့သော စွမ်းရည်ရှိမှန်းသာ ကြိုသိခဲ့လျှင် သူက ထန်ထျန်းနှင့် မည်သည့်အခါမျှ ရန်သူဖြစ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူကို မည်သည့်အချိန်တွင် အမြစ်ပြတ် သတ်နိုင်မည်ကို မည်သူမျှ မသိနိုင်သောကြောင့် ဖြစ်၏။
"ဘယ်လိုလုပ်ကြမလဲ"
"ခင်ဗျား သူ့ကို သတ်မယ်လို့ ပြောခဲ့တယ်လေ"
ထန်ထျန်း၏ ဆက်တိုက်ဖောက်ခွဲမှုအောက်တွင် ဆန်းကြယ် အင်မော်တယ် သုံးဦးမှာ သေလုမြောပါး ဖြစ်နေသည်ကို မြင်သောအခါ ထျန်းယန်ရှန်းမှာ အစွမ်းကုန် ထိတ်လန့်သွားကာ အော်ဟစ်တော့သည်။
ရွှေအင်မော်တယ် ၏ မျက်နှာမှာ အလွန်မည်းမှောင် နေပြီး ၎င်းကို မကျေမနပ် တစ်ချက်ကြည့်ကာ ပြောလိုက်၏။ "အခြေအနေအရဆိုရင် သူ့ကို ဒီမှာ သတ်ဖို့က အရမ်းခက်သွားပြီ"
"ဒီကောင်က မသေနိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အပြင် ငါ့ရဲ့ ချုပ်နှောင်မှုတွေကိုလည်း ဖျက်ဆီးနိုင်တဲ့ နည်းလမ်းတွေ ရှိနေတယ်။
အင်မော်တယ် ဘုရင် အထက်မှာရှိတဲ့ ပုဂ္ဂိုလ်တွေ ကိုယ်တိုင် ဆင်းမလာသရွေ့တော့ မြင့်မြတ်ရွှေအင်မော်တယ် ရောက်လာရင်တောင် သူ့ကို သတ်ဖို့ ခက်လိမ့်မယ်"
သူ့အတွက်မူ ထန်ထျန်း၏ အခက်ခဲဆုံးအချက်မှာ မသေနိုင်သော ခန္ဓာကိုယ်မဟုတ်ဘဲ နိယာမစွမ်းအားများကို အသုံးပြုနိုင်ခြင်းပင် ဖြစ်၏။ နိယာမများကို ထိန်းချုပ်နိုင်သော အင်မော်တယ် ဘုရင်အဆင့်နှင့် အထက်မှ ပုဂ္ဂိုလ်များသာလျှင် ထန်ထျန်းကို အပြတ်ရှင်းနိုင်ပေလိမ့်မည်။
ရွှေအင်မော်တယ် ၏ စကားကို ကြားသောအခါ ထျန်းယန်ရှန်းမှာ ကြောင်အသွား၏။ "ဒါဆို ... ငါတို့ သူ့ကို ဒီမှာ မသတ်နိုင်တော့ဘူးပေါ့"
"ဒါဆိုရင် နောင်ကျရင် သူက..."
ဤကဲ့သို့ ကောင်းကင်ကို ဆန့်ကျင်နိုင်သော ပါရမီရှင် ၏ လက်စားချေမှုကို ခံရမည်ဟု တွေးမိသည်နှင့် ထျန်းယန်ရှန်းမှာ ကျောချမ်းသွားတော့သည်။
အဆောင်စာရွက် အတွင်းရှိ ဝိညာဉ်အစအနမှာလည်း တုန်ယင်နေပေ၏။
ရွှေအင်မော်တယ် ၏ မျက်ဝန်းထဲတွင် အထင်အမြင်သေးမှုအချို့ ဖြတ်ပြေးသွားသော်လည်း ထျန်းယန်ရှန်းကို ဆက်ပြောမနေတော့ချေ။
သူက ထန်ထျန်း နောက်တစ်ကြိမ် ဖောက်ခွဲမည့် ကြားကာလကို အသုံးချ၍ သေလုမြောပါး ဖြစ်နေသော ဆန်းကြယ် အင်မော်တယ် သုံးဦးကို သူ၏ ရွှေရောင်အကာအကွယ်အတွင်းသို့ ဆွဲယူလိုက်သည်။
"ထန်ထျန်း... မင်းကို ငါ မှတ်ထားလိုက်မယ်"
"မင်း အကောင်းဆုံးကတော့ ချင်းယွဲ့ဂိုဏ်းထဲကနေ ဘယ်တော့မှ ထွက်မလာဖို့ပဲ"
ပြောပြီးသည်နှင့် သူက နှာခေါင်းတစ်ချက်ရှုံ့ကာ ထွက်သွားရန် ပြင်လိုက်တော့သည်။
သို့သော် ထိုစဉ် ထန်ထျန်း၏ ပုံရိပ်မှာ သူ၏ရှေ့တွင် ထပ်ပေါ်လာပြန်၏။
ယခုတစ်ကြိမ်တွင်မူ သူက ကိုယ့်ကိုယ်ကိုယ် မဖောက်ခွဲတော့ဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ၎င်းကို တည်ငြိမ်စွာ ကြည့်နေပေသည်။
"ခင်ဗျား တကယ်ပဲ ဒီကနေ ထွက်သွားနိုင်မယ်လို့ ထင်နေတာလား"
ထန်ထျန်းက အေးအေးလူလူ ဆိုလိုက်၏။
ရွှေအင်မော်တယ် က အေးစက်စွာ ပြုံးကာ "မင်းမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတာကိုတော့ ငါ ဝန်ခံပါတယ်။
ဒါပေမဲ့ မင်းကိုယ်မင်းလည်း အရမ်း အထင်မကြီးပါနဲ့ဦး"
"ငါ့ကိုတောင် တားချင်တာလား"
ပြောပြီးသည်နှင့် သူက စိတ်အနှောင့်အယှက်ပေးလှသော ဤမသေနိုင်သော မွန်းစတားကောင် ကို ဂရုမစိုက်တော့ဘဲ အဝေးသို့ ပျံသန်းရန် ပြင်လိုက်သည်။
သို့သော် သူ လှုပ်ရှားမည်အပြုတွင် သူ၏ခြေဖဝါးအောက်၌ ကြယ်အလင်းတန်းတစ်ခု ပေါ်ထွက်လာ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုကြယ်အလင်းတန်းမှာ ကျယ်ပြောလှသော ကြယ်တာရာပင်လယ်ကြီး အဖြစ် ပြောင်းလဲသွားကာ သူတို့ ငါးဦးလုံးကို လွှမ်းခြုံသွားတော့သည်။
နိယာမစွမ်းအားများက ကောင်းကင်မှ ကျဆင်းလာပြီး သံကြိုးများပမာ သူတို့ကို မြဲမြံစွာ ချုပ်နှောင်လိုက်၏။
ရွှေအင်မော်တယ်က ရုန်းထွက်ရန် ကြိုးစားကြည့်သော်လည်း ဤကြယ်တာရာပင်လယ်၏ စွမ်းအားမှာ အလွန်ကြီးမားလှသဖြင့် ခဏအတွင်း ရုန်းထွက်ရန် မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။
"ငါ ဒီလောက် ဒဏ်ရာအများကြီး ခံခဲ့တာရယ် အကြိမ်ကြိမ် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခဲ့တာရယ်က ဘာအတွက်လို့ မင်း ထင်သလဲ"
ထန်ထျန်းက ပြုံး၍ လက်ကို ဝှေ့ယမ်းလိုက်သည်။
ခဏချင်းမှာပင် ကောင်းကင်ယံရှိ သွေးမြူများအားလုံးမှာ လျင်မြန်စွာ စုစည်းသွားပြီး ကြီးမားလှသော သွေး ကုလားကာ(အမိုး) တစ်ခုအဖြစ် ပြောင်းလဲသွားကာ အင်မော်တယ် များ ချထားခဲ့သော ချိတ်ပိတ်မှုကို အစားထိုးလိုက်တော့၏။
ဖော်ပြ၍မရသော ကြောက်မက်ဖွယ် အငွေ့အသက်များမှာ ပျံ့နှံ့လာခဲ့သည်။
ဤအမိုး အောက်ရှိ ကမ္ဘာမှာ အခြားသော ကမ္ဘာတစ်ခုပမာ ဖြစ်နေပြီး ၎င်းမှာ ထန်ထျန်း၏ အသွေးအသားစွမ်းအားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်၏။
ထိုကြောက်စရာကောင်းသော အော်ရာ ကို ခံစားမိသောအခါ ရွှေအင်မော်တယ် ၏ မျက်နှာမှာ ပျက်ယွင်းသွားတော့သည်။
သူ ထင်ထားခဲ့သည်မှာ အဆိုးဆုံးအနေဖြင့် ထန်ထျန်းကို မသတ်နိုင်ရုံသာ ဖြစ်လိမ့်မည်ဟု ဖြစ်၏။
ထန်ထျန်းက သူ၏ အသက်ဓာတ်ကို ရင်းနှီး၍ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ်ကွင်းတစ်ခုကို ခင်းကျင်းထားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
ကြောက်ရွံ့မှုအချို့မှာ သူ၏ မျက်ဝန်းထဲ၌ ပေါ်ပေါက်လာခဲ့ချေပြီ။
ထန်ထျန်းမှာမူ ယခုမှပင် သက်ပြင်းကို အားရပါးရ ချနိုင်တော့၏။
အစကတည်းက သူ၏ ရည်ရွယ်ချက်မှာ မည်သူ့ကိုမျှ အလွတ်မပေးရန် ဖြစ်သည်။
ထို့ကြောင့် ဆန်းကြယ် အင်မော်တယ် သုံးဦးနှင့် စတင်တိုက်ခိုက်ကတည်းက သူသည် ဤထောင်ချောက်ကို စတင်ခင်းကျင်းခဲ့ခြင်း ဖြစ်၏။
သူ၏ အပြင်းထန်ဆုံး တိုက်ကွက်မှာ အနန္တတာအိုနိယာမ ကောင်းကင်ကုလားကာ(အမိုး) ဖြစ်သော်လည်း ရန်သူမှာ ရွှေအင်မော်တယ် ဖြစ်နေသဖြင့် ၎င်းကို မရိပ်မိခင် အောင်မြင်အောင် လုပ်နိုင်မည်ဟု အာမခံချက် မရှိချေ။
ထို့ကြောင့် ထန်ထျန်းက သူ၏ သွေးများကို အသုံးချ၍ မသိမသာ ချည်နှောင်ကာ အနန္တတာအိုနိယာမ ကောင်းကင်ကုလားကာ ကို ဖန်တီးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ သူ၏ အသက်ဓာတ်များကိုပါ ပေါင်းစပ်ထားသဖြင့် ၎င်းကို အနန္တတာအိုနိယာမ သွေးကုလားကာ ဟု ခေါ်ဆိုနိုင်ပေသည်။
အကယ်၍ ဤနည်းလမ်းဖြင့်ပင် သူတို့ကို မတားဆီးနိုင်ပါက သူသည် လက်လျှော့၍ နောက်မှသာ နည်းလမ်းရှာတော့မည် ဖြစ်၏။
သို့သော် ယခုမူ ရလဒ်မှာ အလွန်ကောင်းမွန်လှပေသည်။
"ထျန်းယန်ရှန်း ပြောသလိုပဲ"
"ငါလည်း ငါ့အတွက် နောက်ဆံတင်းစရာတွေကို ချန်ထားရတာ မကြိုက်ဘူး"
ထန်ထျန်းက ဆိုလိုက်သည်။
ရွှေအင်မော်တယ် မှာ မျက်နှာပျက်လျက် "မင်းသာ ငါတို့ကို သတ်ရင် စစ်နတ်ဘုရားခန်းမက ဒါကို ဘယ်တော့မှ လွှတ်ထားမှာ မဟုတ်ဘူး။
မင်း ဘယ်လို ပုဂ္ဂိုလ်မျိုးကို သွားရန်စမိတယ်ဆိုတာ မင်း လုံးဝ မသိသေးဘူး"
ထန်ထျန်းက ခေါင်းခါယမ်းကာ "ဘယ်သူမှ သိမှာ မဟုတ်ပါဘူး"
"ပြီးတော့ ငါ့လို တက်လှမ်းခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်က ခင်ဗျားတို့ အားလုံးကို ဒီနေရာမှာ တင် သတ်လိုက်နိုင်တယ်ဆိုတာကိုလည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး"
"သေလိုက်တော့ "
ပြောပြီးသည်နှင့် ထန်ထျန်းက အချိန်ဆွဲမနေတော့ဘဲ သူ၏ လက်ဝါးကြီးကို ဆန့်ထုတ်၍ အားပါးတရ ဆုပ်ကိုင်လိုက်လေတော့သည်။
ခဏချင်းမှာပင် သွေးပင်လယ်ကြီးမှာ ထကြွလာတော့၏။
နိယာမစွမ်းအားများ ကိန်းအောင်းနေသော သွေးဆူးချွန်ပေါင်း များစွာမှာ အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်လာပြီး ကြယ်တာရာပင်လယ် အလယ်ရှိ အင်မော်တယ်ကျင့်ကြံသူ များထံသို့ တိုးဝင်သွားလေတော့သည်။
"ဘုန်း"
တစ်လောကလုံး တုန်ဟိန်းသွားသော အသံကြီးအပြီးတွင် အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
ရွှေအင်မော်တယ် တစ်ဦးနှင့် ဆန်းကြယ် အင်မော်တယ် သုံးဦးတို့က ထန်ထျန်း၏ လက်ချက်ဖြင့် ဤနေရာတွင်ပင် အစအနမကျန် ပျက်စီးသွားကြရလေပြီ။
ကောင်းကင်မှာ ပြန်လည် ကြည်လင်သွားပြီး နေရောင်ခြည်များ ကျဆင်းလာခဲ့သည်။
ထန်ထျန်းက ကောင်းကင်ထက်၌ ရပ်နေရင်း မြေပြင်ပေါ်သို့ ကြီးမားသော အရိပ်တစ်ခုကို ချထားပေသည်။
ထိုစဉ် ရှောင်မောက်၏ ပုံရိပ်မှာ သူ၏ ပုခုံးပေါ်သို့ ရောက်ရှိလာ၏။
"မင်း သူတို့ကို တကယ်ပဲ သတ်ပစ်လိုက်တာလား"
"ထန်ထျန်း... မင်း တကယ် မိုက်လိုက်တာ"
"ငါ့မှတ်ဉာဏ်ထဲမှာ ကမ္ဘာ့အထွတ်အထိပ်ကို ရောက်ခဲ့တဲ့ ပါရမီရှင်တွေတောင် မင်းလို လူငယ်ဘဝမှာ ဒီလောက်အထိ တောက်ပတဲ့ စွမ်းဆောင်ရည်မျိုး မရှိခဲ့ကြဘူး"
ရှောင်မောက်က တအံ့တဩ ပြော လေသည်။
ထန်ထျန်းက ဘာမှမပြောပေ။ ရွှေအင်မော်တယ် တစ်ဦးကို သတ်နိုင်ခဲ့သော်လည်း သူ၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့ရခြင်း ဖြစ်၏။
ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲရသော ခံစားချက်မှာလည်း သိပ်တော့ မကောင်းလှချေ။
ထို့ပြင် ရွှေအင်မော်တယ် အထက်တွင် ပိုမိုအစွမ်းထက်သော မြင့်မြတ် ရွှေအင်မော်တယ် ၊ အင်မော်တယ် ဘုရင်၊ အင်မော်တယ် အရှင် နှင့် အင်မော်တယ် ဧကရာဇ် များ ရှိနေသေးသည်။
ထိုသူတို့၏ စွမ်းအားများမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
ကမ္ဘာ့အထွတ်အထိပ်သို့ ရောက်ရန်မှာ ဝေးကွာလှသော ခရီးကို လျှောက်လှမ်းရဦးမည် ဖြစ်၏။
"မင်းမှတ်ဉာဏ်ထဲက ပါရမီရှင်တွေက ဘယ်လိုမျိုးတွေလဲ"
ထန်ထျန်းက မေးလိုက်သည်။
ရှောင်မောက်က စဉ်းစားကာ "လူသားဘဝနဲ့ အင်မော်တယ် ကို သတ်တဲ့သူတွေ၊ လူငယ်ပါရမီရှင် တွေ အများကြီးပဲ။
အဲဒီလူတွေအားလုံးက အဆုံးမှာတော့ ခေတ်တစ်ခေတ်ကို လွှမ်းမိုးနိုင်တဲ့သူတွေ ဖြစ်လာကြတာ"
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
ဤကမ္ဘာတွင် ပါရမီရှင်များမှာ အမြဲရှိနေစမြဲဖြစ်ရာ အောင်မြင်မှု အနည်းငယ်ကြောင့် ဘဝင်မမြင့်သင့်ပေ။ သူက ယခင် စီစဉ်ထားသည့်အတိုင်း ဆက် လုပ်သွားရန်သာ ဆုံးဖြတ်လိုက်၏။
ခဏမျှ စဉ်းစားပြီးနောက် ထန်ထျန်းက မြေပြင်ပေါ်၌ ကျန်ရှိနေသော တစ်ခုတည်းသော အရာကို ကြည့်လိုက်သည်။
၎င်းမှာ အဝါရောင်စာရွက်အဆောင် ပင် ဖြစ်ပေတော့သည်။