← Chapters

အကူအညီတောင်းခံခြင်း

Vol. 14 Ch. 155

အကူအညီတောင်းခံခြင်း

Vol. 14 Ch. 155

​ချင်းယွဲ့ဂိုဏ်း

​အဝေးတစ်နေရာမှ အနက်ရောင် တုတ် တစ်ချောင်းက လေဟုန်စီး၍ အရှိန်အဟုန်ဖြင့် ပြံသန်းလာပြီးနောက် ဆဌမတောင်ထိပ် ၏ ထိပ်တွင် ရပ်တန့်သွားခဲ့သည်။

​တုတ်ချောင်း ပေါ်တွင် လျူလီမြို့မှ အပြေးအလွှား ပြန်လာကြသော ချီယွမ်နှင့် လီဟုန်တို့ ရှိနေကြ၏။

ယခုတစ်ခေါက် အပြန်ခရီးတွင် ချီယွမ်က တစ်စက္ကန့်မျှ မနားဘဲ အစွမ်းကုန် အရှိန်တင်ခဲ့သဖြင့် ဆယ်ရက်မပြည့်မီမှာပင် ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

​တောင် တောင်ထိပ် ကောင်းကင်ထက်၌ ရပ်တန့်ပြီးနောက် ချီယွမ်က လီဟုန်ကို လက်ဖြင့် ဝှေ့ယမ်းကာ အောက်သို့ ပစ်ချလိုက်လေသည်။

"မင်း ဒီမှာပဲ စောင့်နေ၊ ငါ အဘိုးကြီးလီဆီ သွားလိုက်ဦးမယ်။"

"ကျောက်စိမ်းလေး ဘေးကင်းကင်းနဲ့ ပြန်လာနိုင်အောင် ငါတို့ သေချာပေါက် လုပ်ရမယ်"

​ပြောပြီးသည်နှင့် သူက ဂိုဏ်း၏ ပင်မတောင်ထိပ် ဆီသို့ တိုက်ရိုက် ဦးတည်ပျံသန်းသွားတော့၏။

၎င်းမှာ ဂိုဏ်း၏ မဟာအကြီးအကဲ လီထျန်းဟွာ နေထိုင်ရာ ခြံဝင်းပင် ဖြစ်သည်။

​မဟာအကြီးအကဲတစ်ဦးအနေဖြင့် သူက ပုံမှန်အားဖြင့် သူ့ နေအိမ်တွင်သာနေ၍ ဂိုဏ်းရေးရာများကို စီမံခန့်ခွဲလေ့ရှိပြီး ကြီးမားသော ကိစ္စရပ်များ မရှိပါက အပြင်သို့ ထွက်လေ့မရှိချေ။

ထို့ပြင် ဤနေရာသို့လည်း ခွင့်ပြုချက်မရှိဘဲ မည်သူမျှ လာရောက်နှောင့်ယှက်ခြင်း မပြုဝံ့ကြပေ။

​သို့သော် ယနေ့တွင်မူ ပြတင်းပေါက်နား၌ ထိုင်၍ ဂိုဏ်း၏ မကြာသေးမီက အခြေအနေများကို စစ်ဆေးနေသော လီထျန်းဟွာက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိ၏။

​နောက်တစ်စက္ကန့်တွင် "ဘန်း" ဟူသော အသံနှင့်အတူ အခန်းတံခါးမှာ အပြင်ဘက်မှ အကန်ခံလိုက်ရပြီး သန်မာထွားကျိုင်းသော လူရိပ်တစ်ခုက အလျင်အမြန်ပင် အတွင်းသို့ ဝင်လာခဲ့သည်။

​"အဘိုးကြီးလီ"

ချီယွမ်က ဝင်လာသည်နှင့် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် နွားမျက်လုံးကဲ့သို့ ပြူးကျယ်နေသော မျက်လုံးကြီးများဖြင့် လီထျန်းဟွာ၏ ရှေ့သို့ ရောက်လာခဲ့၏။

"ထန်ထျန်းကို ခေါ် ဖို့ လူလွှတ်ပါလို့ ငါပြောထားရက်နဲ့ ဘာလို့ အခုထိ အချိန်ဆွဲနေရတာလဲ"

"သူ ဘယ်အချိန်မဆို အသက်အန္တရာယ် ရှိနေနိုင်တယ်ကွ"

​ချီယွမ်က ရှေ့ရှိ စားပွဲကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ လီထျန်းဟွာသာ အချိန်မီ စွမ်းအားကို မဖယ်ရှားပေးပါက ထိုစားပွဲမှာ အမှုန့်ဖြစ်သွားပေလိမ့်မည်။

​ဒေါသထွက်ကာ အလောတကြီး ဖြစ်နေသော ချီယွမ်ကို ကြည့်ပြီး လီထျန်းဟွာက သက်ပြင်းချကာ ဆိုလိုက်၏။ "နှစ်ပေါင်း ရာချီကြာလာတာတောင် မင်းရဲ့ ဒီလို စိတ်မြန်လက်မြန် အကျင့်က မပျောက်သေးပါလား။"

"ဒီလိုပုံစံနဲ့ဆိုရင် တောင်ထိပ်တစ်ခုရဲ့ သခင် လုပ်ဖို့တောင် ခက်နေဦးမှာပဲ၊ အဆင့်မြင့်တဲ့ နေရာကို ဘယ်လိုများ တက်လှမ်းမလဲ"

​ချီယွမ်က စားပွဲကို နောက်တစ်ကြိမ် ထပ်မံရိုက်လိုက်ပြန်၏။ "တောင်ထိပ်သခင် ရာထူးကို သွားပစ်လိုက်စမ်းပါ"

"အကယ်၍ ထန်ထျန်းသာ ပြန်မလာနိုင်တော့ရင် ငါကိုယ်တိုင် သွားပြီး အဲဒီ ထျန်းယန်ရှန်း ဆိုတဲ့ ခွေး ကောင် ကို သတ်ပစ်မယ်"

​လီထျန်းဟွာ မျက်မှောင်ကြုတ်သွားပြီး "ချီယွမ်... မင်း စိတ်အေးအေးထားစမ်းပါ။"

"မင်းမှာ သူ့ကို သတ်နိုင်တဲ့ အရည်အချင်း ရှိမရှိ ဆိုတာကို ခဏထားလိုက်ဦး၊ ထျန်းယန်ရှန်းရဲ့ နောက်ခံက မင်း ရန်စရဲတဲ့အရာ မဟုတ်ဘူးဆိုတာ နားလည်ရဲ့လား"

​ချီယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ငါက ထမင်းအလကား စားပြီး ကြီးလာတာမဟုတ်ဘူး၊ သူ့ကို သတ်နိုင်တဲ့ အရည်အချင်း ရှိပါတယ်။"

"နောက်ခံဆိုတာ ဘာအဓိပ္ပာယ်ရှိလို့လဲ

သူ့ကို အသေသတ်လိုက်ရင် အဲဒီနောက်ခံဆိုတာက အပိုပဲ မဟုတ်လား"

​လူမိုက်တစ်ယောက်ကဲ့သို့ ခက်ထန်နေသော ချီယွမ်ကို ကြည့်ကာ လီထျန်းဟွာ ခေါင်းခါယမ်းလိုက်မိသည်။

နှစ်ပေါင်း ရာချီကြာသော်လည်း ဤလူကတော့ လုံးဝ မပြောင်းလဲပေ။

သို့သော် ချီယွမ်က လူပျိုကြီးဖြစ်ကာ နောက်ဆံတင်းစရာ တစ်စုံတစ်ရာ မရှိသဖြင့် ဤကဲ့သို့ လုပ်ရပ်မျိုးကို အမှန်တကယ် လုပ်နိုင်ကြောင်း သူသိပေသည်။

​လီထျန်းဟွာက ခေတ္တမျှ တွေးတောပြီးနောက် နားမလည်နိုင်သယောင် မေးလိုက်၏။ "ဒီ ထန်ထျန်းဆိုတဲ့ လူငယ်က မင်းနဲ့လည်း ရင်းနှီး လှတာ မဟုတ်ဘူးမလား"

"သူက ဆဌမတောင်ထိပ် တည်ဆောက်ရေးမှာ ကူညီပေးရုံတင်လေ။ ဂိုဏ်းကသာ စည်းမျဉ်းတွေကို လျှော့ပေးလိုက်ရင် မင်းကို ငွေကြေးအရ ထောက်ပံ့ပေးမယ့်သူတွေ အများကြီး ရှိပါတယ်။"

"သူ့အတွက်နဲ့ မင်းရဲ့ အနာဂတ်နဲ့ အသက်ကို ရင်းရလောက်တဲ့အထိ တန်လို့လား"

​ချီယွမ်က လီထျန်းဟွာကို အေးစက်စွာ စိုက်ကြည့်ရင်း မာထန်သော လေသံဖြင့် ပြန်ပြောလိုက်သည်။ "ဒါ ခင်ဗျားဝင်ပါရမယ့် ကိစ္စမဟုတ်ဘူး။"

"ငါ့ဘာသာ ဘာလုပ်လုပ် ငါ့ကိစ္စပဲ။"

​လီထျန်းဟွာက သူ့ကိုကြည့်ကာ သက်ပြင်းထပ်မံချလိုက်ပြီးနောက် မတ်တပ်ရပ်လိုက်၏။

"အားယွမ်... လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ မထင်မှတ်ထားတဲ့ ကိစ္စတွေ အများကြီး ဖြစ်ခဲ့ပေမဲ့ ငါတို့က တစ်ချိန်က ပုခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်တွေ၊ သေဖော်သေဖက် တွေပါ။"

"မင်း နောက်ထပ်တစ်ကြိမ် ရွေးချယ်မှု မှားယွင်းသွားတာကို ငါ တကယ် မမြင်ချင်ဘူး။"

"အရင်တစ်ခေါက်က မင်း အသက်ဘေးက ကံကောင်းလို့ လွတ်ခဲ့ပေမဲ့ ဒီတစ်ခေါက်တော့ မသေချာဘူးနော်။"

​ချီယွမ်က ဘာမှပြန်မပြောပေ။

သို့သော် သူ၏ မျက်ဝန်းထဲမှ စိတ်လှုပ်ရှားမှု အချို့ကို လီထျန်းဟွာ ဖမ်းမိလိုက်သည်။

​"ဝါးတော တာအိုဆရာ ကြောင့်လား"

လီထျန်းဟွာက မျက်မှောင်ကြုတ်၍ မေးလိုက်၏။

​ထိုနာမည်ကို ကြားရသောအခါ ချီယွမ်က မျက်နှာကို ဘေးသို့ လွှဲလိုက်လေသည်။

သူ ငြင်းဆိုခြင်း မပြုသော်လည်း ဤလုပ်ရပ်က အဖြေကို ပေးပြီးသား ဖြစ်ပေသည်။

​လီထျန်းဟွာက ထပ်မံ၍ သက်ပြင်းချပြန်သည်။ "အချိန်တွေ အများကြီး ကြာခဲ့ပြီပဲ၊ မင်း အဲဒီကိစ္စကို အခုထိ စိတ်ထဲက ထုတ်မရသေးဘူးလား"

"ငါ မင်းကို အကြိမ်ကြိမ် ပြောဖူးပါတယ်၊ အဲဒါ မင်းအပြစ် မဟုတ်ဘူး။"

​ချီယွမ်က လီထျန်းဟွာကို လှည့်ကြည့်ကာ မျက်လုံးပြူး၍ အော်လိုက်၏။ "ငါ့အပြစ် မဟုတ်လို့ ဘယ်သူ့အပြစ်လဲ"

"ငါသာ အယောင်ပြခံရပြီး အဲဒီ မထိုက်တန်တဲ့ ရာထူးကို မမက်မောခဲ့ရင် အဲဒီ တိရစ္ဆာန်တွေက အခွင့်အရေး ရပါ့မလား"

"ဝါးတော တာအိုဆရာက ... ဘယ်လိုလုပ်ပြီး ခရမ်းရောင်ဝါးတောခြံဝင်း ထဲမှာ ရက်ရက်စက်စက် အသတ်ခံရပါ့မလဲ"

​လီထျန်းဟွာ ခေါင်းခါယမ်းလိုက်မိသည်။ ဤကိစ္စမှာ ချီယွမ်၏ အတွင်းမိစ္ဆာ တစ်ခု ဖြစ်နေချေပြီ။

​ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချီယွမ်၏ စိတ်အခြေအနေမှာ အနည်းငယ် ပြေလျော့သွားပြီး ပြတင်းပေါက်အပြင်ဘက်မှ ကောင်းကင်ကို ကြည့်ကာ လွမ်းဆွတ်တမ်းတနေသော အမူအရာ ပေါ်လာခဲ့သည်။

​"ခင်ဗျား သိတဲ့အတိုင်းပဲ၊ ငါ့ရဲ့ နောက်ခံ ကလည်း မကောင်းသလို ပါရမီကလည်း တခြားသူတွေလောက် မမီဘူး။"

"ပတ်ဝန်းကျင်က လူတိုင်းက ငါ့ကို ဒီဘဝမှာ ပုံမှန်လူတစ်ယောက်အဖြစ်ပဲ နေသွားရမယ်၊ အောက်ခြေ ပဲ ဖြစ်လိမ့်မယ်လို့ ပြောခဲ့ကြတယ်။"

"ဝါးတော တာအိုဆရာ ကပဲ ငါ့ကို တွန်းအားပေးခဲ့တယ်၊ ကူညီခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေးဖို့နဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို ဂရုမစိုက် ဖို့ သင်ကြားပေးခဲ့တာ။"

"သူက ငါ့ဘဝမှာ အလေးစားရဆုံး ပုဂ္ဂိုလ်ပဲ။"

​လီထျန်းဟွာက တိတ်ဆိတ်နေပြီးမှ မေးလိုက်၏။ "ဒါပေမဲ့ ဒါတွေက ထန်ထျန်းနဲ့ ဘာဆိုင်လို့လဲ"

"သူက ခရမ်းရောင်ဝါးခြံဝင်း ခြံဝင်းမှာ နေလို့လား"

​ချီယွမ်က သက်ပြင်းကို အားရပါးရ ချလိုက်သည်။

"ဟုတ်သလိုလိုနဲ့ မဟုတ်ဘူး။"

"သူ ခရမ်းဝါးခြံဝင်းမှာ နေတယ်ဆိုတာ သိလိုက်ရကတည်းက သူ့ဆီမှာ တစ်ခုခု ရင်းနှီးနေသလို ငါ အမြဲ ခံစားရတယ်။"

"ဒါက ငါ့ဘာသာ စိတ်စွဲနေတာလားတော့ မသိဘူး၊ ဒါပေမဲ့ ဒီခံစားချက်က တကယ်ကို ရှိနေတာ။"

​လီထျန်းဟွာက မျက်မှောင်ကြုတ်ကာ "ထန်ထျန်းက ဝါးတော တာအိုဆရာ နဲ့ အများကြီး တူလို့လား"

​ချီယွမ်က ခေါင်းခါပြ၏။

"တစ်စက်လေးမှ မတူဘူး၊ လုံးဝ မတူဘူးလို့တောင် ပြောလို့ရတယ်။"

"ဝါးတော တာအိုဆရာ က စိတ်ထားပွင့်လင်းတယ်၊ လူတိုင်းအပေါ် ဖော်ရွေတယ်၊ နူးနူးညံ့ညံ့ ဆက်ဆံတတ်တယ်။"

"ထန်ထျန်းကတော့ သူသတ်မှတ်ထားတဲ့ စည်းကို မကျော်သရွေ့ အားလုံး အဆင်ပြေပေမဲ့ တစ်ယောက်ယောက်ကသာ သူ့စည်းကို နင်းမိရင်တော့ သူ့ရဲ့ ရက်စက်တဲ့ အခြမ်းကို မြင်ရမှာပဲ။"

"ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး၊ သူ့ကို မြင်ရင် ဝါးတော တာအိုဆရာ ကို မြင်နေရသလိုပဲ ခံစားရတယ်။"

"ထန်ထျန်းနဲ့ သိကျွမ်းခဲ့တဲ့ ဒီကာလအတွင်းမှာ ငါ့ရဲ့ အတွင်းမိစ္ဆာ တွေ ငြိမ်သက်နေခဲ့ရတာ နှစ်ပေါင်း ရာချီအတွင်း ပထမဆုံးပဲ။"

"ဒါကြောင့်... အဘိုးကြီးလီ"

​ချီယွမ်က လီထျန်းဟွာကို စူးစိုက်ကြည့်ရင်း လေးနက်စွာ ဆိုလိုက်၏။ "ငါ ထန်ထျန်းကို ဒီလိုမျိုး သေသွားတာ မမြင်ချင်ဘူး၊ အထူးသဖြင့် အာဏာလုပွဲတွေကြားမှာ အသတ်ခံရတာမျိုး မဖြစ်စေချင်ဘူး။"

"ငါ့ကို ကူညီတဲ့အနေနဲ့ပဲ သဘောထားပေးပါ။"

"ကျေးဇူးပြုပြီး "

​ရှားရှားပါးပါး လေးလေးနက်နက် တောင်းဆိုနေသော ချီယွမ်ကို ကြည့်ကာ လီထျန်းဟွာ တိတ်ဆိတ်သွားမိသည်။ သူသည်လည်း ထိုစဉ်က ဖြစ်ရပ်တွင် ပါဝင်ခဲ့သူဖြစ်ရာ ချီယွမ်၏ ဤကဲ့သို့သော ထူးဆန်းသည့် စိတ်အခြေအနေကို နားလည်ပေးနိုင်ပေသည်။

​သို့သော် ယနေ့ကိစ္စမှာ ပို၍ ခက်ခဲလှပေသည်။

"စစ်နတ်ဘုရားခန်းမရဲ့ လုပ်ရပ်တွေကို မင်းရော ငါရော သိတာပဲ။"

"သူတို့က တစ်ယောက်ယောက်ကို သတ်ဖို့ ဆုံးဖြတ်ပြီးရင် အမှားအယွင်းမရှိစေဖို့ အစွမ်းထက်ဆုံးသူတွေကို လွှတ်လေ့ရှိတယ်။"

"ဒါ့အပြင် ထျန်းယန်ရှန်းက အထက်လူကြီးတစ်ယောက်ရဲ့ သားဖြစ်နေတော့ သူ ရှာနိုင်မယ့်လူတွေက ပိုပြီး အစွမ်းထက်မှာ သေချာတယ်။"

"ငါတို့ အကူအညီ လွှတ်ပေးရင်တောင် အရာရောက်မှာ မဟုတ်ဘူး။"

လီထျန်းဟွာက ပြောလိုက်သည်။

​ချီယွမ်က ခေါင်းခါယမ်းကာ "ဘာပဲဖြစ်ဖြစ် ငါကတော့ ကြိုးစားကြည့်ရမယ်။"

"ဒါ ငါ့ရဲ့ နောက်ဆုံး ယုံကြည်ချက်ပဲ။"

"ငါ မင်းကို တောင်းဆိုတာပါ။"

​လီထျန်းဟွာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ရဲဘော်ဟောင်းက ဤမျှ တောင်းဆိုနေမှတော့ သူ မည်သို့ ငြင်းပယ်နိုင်ပါတော့မည်နည်း။

​အဆုံးတွင် သူက "ကောင်းပြီလေ၊ ဒါဆိုရင် ငါ..."

​သို့သော် စကားပြောနေရင်းမှာပင် သူသည် နေရာ၌တင် မှင်တက်သွားပြီး မယုံနိုင်စရာ ကောင်းသော အမူအရာ ပေါ်လာခဲ့သည်။

​"ဘာဖြစ်လို့လဲ"

ချီယွမ်က အလောတကြီး မေးလိုက်၏။

​လီထျန်းဟွာမှာ ခဏမျှ ကြောင်အသွားပြီးမှ ဖြည်းညှင်းစွာ လှည့်ကြည့်ကာ မယုံကြည်နိုင်သော လေသံဖြင့် ဆိုလေသည်။ "ဂိုဏ်းချုပ်လေး က ငါ့ဆီ အခုပဲ သတင်းပို့လိုက်တယ်..."

"ထျန်းယန်ရှန်းရဲ့ ဝိညာဉ်မီးအိမ် ... ငြိမ်းသွားပြီတဲ့"

"ဒါတင်မကဘူး... စစ်နတ်ဘုရားခန်းမက ဆန်းကြယ် အင်မော်တယ် သုံးယောက်နဲ့ ရွှေအင်မော်တယ် တစ်ယောက်ရဲ့ ဝိညာဉ်မီးအိမ်တွေပါ တစ်ချိန်တည်းမှာ ငြိမ်းသွားတယ်တဲ့"

​သူက ချီယွမ်ကို ကြည့်ကာ စိတ်ထဲမှ အလွန်ပင် မဖြစ်နိုင်သော မှန်းဆချက်တစ်ခု ပေါ်ထွက်လာတော့သည်။

​ချီယွမ်လည်း ချက်ချင်း သဘောပေါက်သွားပြီး မျက်လုံးများ ပြူးသွားကာ အော်ဟစ်လိုက်မိ၏။

"ဒါ... ဒါ မဖြစ်နိုင်တာ"

All Chapters