← Chapters

ချင်းယွဲ့ဂိုဏ်းသို့ ပြန်လည်ရောက်ရှိခြင်း

Vol. 14 Ch. 156

ချင်းယွဲ့ဂိုဏ်းသို့ ပြန်လည်ရောက်ရှိခြင်း

Vol. 14 Ch. 156

​ချင်းယွဲ့ဂိုဏ်း

​တုယွမ်ချင်း သေဆုံးမှုကြောင့် ဖြစ်ပေါ်ခဲ့သော ဂယက်ထမှုကြီးမှာ လအနည်းငယ် ကြာမြင့်ပြီးနောက်တွင် အခြေအနေများ ပြန်လည်တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

ဂိုဏ်းအတွင်း၌လည်း ယခင်ကကဲ့သို့ အေးချမ်းသာယာမှုများ ပြန်လည်စိုးမိုးလာခဲ့၏။

​သို့သော် တပည့်အများစု မသိရှိကြသည်မှာ ပိုမိုကြီးမားသော မုန်တိုင်းတစ်ခုက ဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲ များအကြားတွင် ပြင်းထန်စွာ စတင်တိုက်ခတ်နေပြီ ဖြစ်ကြောင်းပင်။

​ဂိုဏ်း၏ ပင်မတောင်ထိပ်

​ဟန်ဟိုင်က အလောတကြီး အမူအရာဖြင့် လုချန်းကျီ ၏ နေအိမ်သို့ ရောက်ရှိလာခဲ့သည်။

အပြင်ဘက်ရှိ အကာအကွယ် အစီအရင်စျားကို ဖြတ်ကျော်ပြီးနောက် သူက ပျာပျာသလဲပင် အတွင်းသို့ ဝင်သွား၏။

​သူက ဝင်လာသည်နှင့် အထိတ်တလန့် အော်ဟစ်လိုက်သည်။ "သခင်လေး လု..."

​လုချန်းကျီက လက်ကိုမြှောက်ကာ တားလိုက်၏။ "ငါ အကုန်သိပြီးပြီ။"

"အရင် ထိုင်ဦး။"

​ဟန်ဟိုင်က ရှေ့သို့ တိုးထိုင်လိုက်ကာ စိုးရိမ်တကြီးဖြင့် ပြော လေသည်။ "သခင်လေး လု... ကျွန်တော်တို့ ထန်ထျန်းရဲ့ အရည်အချင်းကို အထင်သေးမိသွားပုံပဲ။"

"ဆန်းကြယ် အင်မော်တယ် သုံးယောက်နဲ့ ရွှေအင်မော်တယ် တစ်ယောက်နော်"

"သူတို့မှာ ထွက်ပြေးဖို့ အခွင့်အရေးတောင် မရလိုက်ဘူး၊ ဝိညာဉ်မီးအိမ်တွေ တစ်ပြိုင်နက်တည်း ငြိမ်းသွားတာပဲ။ ဒါက တကယ်ကို..."

"ဒါတွေက ထန်ထျန်း လုပ်ခဲ့တာဆိုတာ ကျွန်တော် တကယ်ကို မယုံနိုင်ဘူး။"

​လုချန်းကျီက ခေါင်းခါယမ်းလိုက်၏။ "ငါလည်း သိပ်မယုံဘူး။"

"ထန်ထျန်းကို စုံစမ်းကြည့်ထားသလောက် သူ့မှာ ဘာနောက်ခံမှ မရှိဘူး။ သူနဲ့ အရင်းနှီးဆုံးဆိုလို့ ချီယွမ် တစ်ယောက်ပဲ ရှိတာ။"

"ဒါပေမဲ့ ချီယွမ်ရဲ့ အစွမ်းနဲ့ကတော့ ရွှေအင်မော်တယ် တစ်ယောက်ကို တားဆီးထားနိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ အထူးသဖြင့် သူတို့က စစ်နတ်ဘုရားခန်းမက လူတွေလေ။"

​ဟန်ဟိုင်က "ဒါပေမဲ့ သူတို့ သေသွားတာကတော့ အမှန်တရားပဲလေ။"

"ပြီးတော့ ထျန်းယန်ရှန်း ထွက်သွားတဲ့ ရည်ရွယ်ချက်က ထန်ထျန်းကို သတ်ဖို့ဆိုတာ ကျွန်တော်တို့ နှစ်ယောက်လုံး သိတာပဲ..."

​လုချန်းကျီက လက်ကို မြှောက်ကာ သူ့ကို ဆက်ပြောခွင့် မပေးတော့ချေ။

ခဏမျှ စဉ်းစားပြီးနောက် သူက ပြော လိုက်၏။ "ထူးဆန်းတဲ့ အဖြစ်အပျက်တွေနောက်မှာ တစ်ယောက်ယောက် ကတော့ ပုန်းနေမှာပဲ။"

"ငါတို့ မခန့်မှန်းနိုင်တဲ့ တစ်ခုခု ဖြစ်သွားတာ ဖြစ်နိုင်သလို ဒါက ထန်ထျန်း လုပ်တာ မဟုတ်တာလည်း ဖြစ်နိုင်တယ်။"

"ဒါပေမဲ့ ဒီကိစ္စက ငါတို့ ထိန်းချုပ်မှုအပြင်ဘက်ကို ရောက်သွားပြီ။ ယွီချင်း..."

​လုချန်းကျီက ဟန်ဟိုင်ကို မျက်စိပ်တစ်ချက် ပြလိုက်ရာ ဟန်ဟိုင်က ချက်ချင်း သဘောပေါက်သွား၏။ (ယွီချင်းကို နှုတ်ပိတ်ရန် သို့မဟုတ် သက်သေဆဖျာက် ရန်)

ဘေးကင်းစေရန်အတွက် သူတို့နှင့် ပတ်သက်နေသော သဲလွန်စများကို အခြားသူများ မရှာတွေ့နိုင်အောင် လုပ်ထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

​"ဒါဆိုရင် ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ"

"ထန်ထျန်းက ငါတို့ထင်ထားတာထက် ပိုပြီး လက်ပေါက်ကပ်တဲ့ ပုံပဲ။"

ဟန်ဟိုင်မှာ အနည်းငယ် ထိတ်လန့်နေချေပြီ။ ရွှေအင်မော်တယ် ကိုပင် သတ်နိုင်သောသူအား သူ မည်သို့မျှ ရန်မစရဲပေ။

​လုချန်းကျီက ခေါင်းခါလျက် သူ့ကို စိတ်အေးအေးထားရန် ပြောလိုက်သည်။

"ဒီကိစ္စက ဂယက် အရမ်းကြီးတယ်။ စစ်နတ်ဘုရားခန်းမက သူတို့ဘာသာ လာပြီး စုံစမ်းမှာ သေချာတယ်။"

"ဒါ ထန်ထျန်း လုပ်တာ ဟုတ်မဟုတ်ဆိုတာ မကြာခင် သိရမှာပါ။"

"လောလောဆယ်တော့ ရလဒ်ကိုပဲ စောင့်ကြည့်ရအောင်။"

"ဒါပေမဲ့ ထျန်းယန်ရှန်း ရုတ်တရက် သေဆုံးသွားတာက ပင်မတောင်ထိပ်ရဲ့ အာဏာတည်ဆောက်ပုံကို ရှုပ်ထွေးသွားစေမှာပဲ။ ငါတို့ ဒီအခွင့်အရေးကို အသုံးချပြီး ငါတို့ရဲ့ သြဇာအာဏာကို ထပ်ပြီး ချဲ့ထွင်ရမယ်။"

​ဟန်ဟိုင်က ခေါင်းညိတ်လိုက်၏။

အရာအားလုံးကို ရလဒ်ထွက်လာသည်အထိသာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ထန်ထျန်းက ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်နိုင်လိမ့်မည်ဟု သူ တကယ် မယုံကြည်နိုင်သေးပေ။

......

​မဟာအကြီးအကဲ၏ နေအိမ်

​လီထျန်းဟွာနှင့် ချီယွမ်တို့က အတူထိုင်နေကြပြီး နှစ်ဦးလုံး၏ မျက်နှာမှာ အလွန် လေးနက်နေ၏။ ကြည့်ရသည်မှာ ချီယွမ်က တစ်စုံတစ်ဦးနှင့် အဝေးမှ ဆက်သွယ်နေပုံရသည်။

ခဏအကြာတွင် ချီယွမ် ခေါင်းမော့လာ၏။

​"ဆက်သွယ်မိပြီလား"

လီထျန်းဟွာက အလောတကြီး မေးလိုက်သည်။

​ချီယွမ်က ခေါင်းညိတ်ကာ "ထန်ထျန်း ဘေးကင်းပါတယ်။ အခု ဂိုဏ်းကို ပြန်လာနေပြီ။"

"ဒါပေမဲ့ သူက အေးအေးဆေးဆေး ပြန်လာနေတာဆိုတော့ ဂိုဏ်းကို ရောက်ဖို့ ဆယ်ရက်လောက် လိုဦးမယ်။"

​လီထျန်းဟွာက "အဲဒီ ကိစ္စကရော..."

​ချီယွမ်က ခေါင်းခါပြ၏။ "သူ ငြင်းလိုက်တယ်။"

"ထန်ထျန်း ပြောတာကတော့ ငါ ထွက်လာပြီးနောက် သူ လျူလီမြို့မှာ ရက်အနည်းငယ် ထပ်နေခဲ့သေးတယ်တဲ့။ ပြီးမှ တခြားလမ်းကြောင်းကနေ ဂိုဏ်းကို ပြန်လာတာတဲ့။"

"အစကနေ အဆုံးထိ သူဟာ ထျန်းယန်ရှန်း ဒါမှမဟုတ် စစ်နတ်ဘုရားခန်းမက လူတွေနဲ့ လုံးဝ မတွေ့ခဲ့ဘူးလို့ ပြော တယ်။"

​လီထျန်းဟွာ မျက်မှောင်ကြုတ်သွား၏။

"သူပြောတာ အမှန်လို့ မင်း ထင်လား"

​ချီယွမ်က စဉ်းစားပြီး ပြန်ပြောလိုက်သည်။ "သူ့ရဲ့ တုံ့ပြန်ပုံအရဆိုရင် လိမ်နေတဲ့ပုံတော့ မပေါက်ဘူး။"

"ပြီးတော့ သူက ရွှေအင်မော်တယ် ကို သတ်နိုင်တဲ့ အစွမ်းမရှိတာလည်း အမှန်ပဲလေ၊

ဒါက မဖြစ်နိုင်လောက်အောင်ကို ထူးဆန်းလွန်းတယ်။"

"ပိုပြီး အစွမ်းထက်တဲ့ တစ်ယောက်ယောက်က ကြားကနေ သတ် လိုက်တာပဲ ဖြစ်ရမယ်။"

"ဒါပေမဲ့..."

​ချီယွမ်က ရုတ်တရက် ထလိုက်ပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ကျယ်လောင်စွာ ရယ်မောလိုက်၏။ "သူလုပ်တာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဘာအရေးကြီးလို့လဲ"

"ထန်ထျန်း အသက်ရှင်နေရင် ပြီးတာပဲ။"

"စစ်နတ်ဘုရားခန်းမက ကောင်တွေ သေတာ မသေတာ ငါ့ကိစ္စမှ မဟုတ်တာ~"

​ထန်ထျန်း ဘေးကင်းကြောင်း သိလိုက်ရပြီးနောက် ချီယွမ်မှာ သိသိသာသာ ပေါ့ပါးသွားပြီး မျက်နှာပေါ်မှ အပြုံးမှာလည်း ဖုံးမရအောင် ဖြစ်နေတော့၏။

​လီထျန်းဟွာက သက်ပြင်းချကာ "စစ်နတ်ဘုရားခန်းမရဲ့ အကျင့်အရ ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။"

"အကယ်၍ သူတို့ တစ်ခုခု ရှာတွေ့သွားရင် ထန်ထျန်းက ချင်းယွဲ့ဂိုဏ်းထဲမှာ ရှိနေရင်တောင် သူ့ကိုယ်သူ ကာကွယ်ဖို့က မလွယ်ဘူးနော်။"

​ချီယွမ်က ရယ်လိုက်သည်။ "ဒီကိစ္စမှာတော့ ငါက ခင်ဗျားထက် ပိုပြီး အကောင်းမြင်တယ်။"

"အကယ်၍ ဒါက ထန်ထျန်း တကယ် လုပ်ခဲ့တာဆိုရင်တောင် ငါသိတဲ့ ထန်ထျန်းဆိုရင် သေချာပေါက် အားလုံးကို အစဖျောက်ဖို့ ပြင်ဆင်ပြီးသား ဖြစ်မှာပဲ။"

"မဟုတ်ရင် သူက ဒီလောက် အေးအေးလူလူနဲ့ ဂိုဏ်းကို ပြန်လာနေမှာ မဟုတ်ဘူး။"

​ပြောပြီးသည်နှင့် ချီယွမ်က ပျော်ရွှင်စွာ သီချင်းတညည်းညည်းဖြင့် လှည့်ထွက်သွားတော့၏။

ပြန်လည် နုပျိုသွားသကဲ့သို့ ဖြစ်နေသော ချီယွမ်ကို ကြည့်ကာ လီထျန်းဟွာလည်း ရယ်မောလိုက်မိသည်။

"တံခါးပြင်ခ (ခုနက ကန်ဖွင့်ခဲ့သော တံခါး) ကို မင်း ပေးရမှာ နော် "

.....

​တောင် တောင်ထိပ်

​မိုရှောင်းရှောင်းက ပွဲ ကြည့်စင် တစ်ခုအောက်တွင် ထိုင်နေ၏။ သူမ၏ ပတ်ပတ်လည်တွင် အားကောင်းသော အရှိန်အဝါရှိသော လူရိပ်အချို့ ရပ်နေကြသည်။

သူတို့၏ ဝတ်စုံများကို ကြည့်ရသည်မှာ မိုမိသားစုမှ လာသောသူများ ဖြစ်ပုံရ၏။

သူတို့မှာ မိုရှောင်းရှောင်း၏ ဘေးကင်းလုံခြုံရေးအတွက် ရောက်ရှိလာခြင်း ဖြစ်သည်။

​ယခုအချိန်တွင် သူမက ယင်ကျဲ့ နှင့် မိုမိသားစုဝင်တစ်ဦးနှင့်အတူ ထိုင်နေကြ၏။

"ဒီ ထန်ထျန်းက တကယ့်ကို အံ့ဩစရာကောင်းတဲ့ လူပဲ"

မိုမိသားစုဝင်က ပြော လေသည်။

​မိုရှောင်းရှောင်းက သက်ပြင်းချကာ "ထန်ထျန်းက ထျန်းယန်ရှန်းရဲ့ ဒီတစ်ခေါက် လိုက်လံသတ်ဖြတ်မှုကို ရှောင်ရှားနိုင်လိမ့်မယ်လို့ ကျွန်မ လည်း မထင်ထားခဲ့ဘူး။"

"သူ့ရဲ့ နောက်ကွယ်မှာ ကျွန်မ တို့ မသိသေးတဲ့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ ထောက်ပံ့မှု ရှိနေပုံပဲ။"

​မိုမိသားစုဝင်က ပြုံးလျက် "ဒါက ပိုတောင် ကောင်းသေးတာပေါ့။ အရင်က မိသားစုက မင်းရဲ့ ဆုံးဖြတ်ချက်အပေါ် သံသယရှိခဲ့ကြတာလေ။ ထန်ထျန်းမှာ မိသားစုက ဝူဒင် နန်းတော် မှာ ထောက်ပံ့ ပေးရလောက်တဲ့ တန်ဖိုး မရှိဘူးလို့ သူတို့ ထင်ခဲ့ကြတာ။"

"အခုတော့ ဘယ်သူမှ ဘာမှ ပြောနိုင်တော့မှာ မဟုတ်ဘူး။"

​မိုရှောင်းရှောင်း ခေါင်းညိတ်လိုက်သော်လည်း ချက်ချင်းပင် လေသံကို ပြောင်းလိုက်၏။

"အစ်ကို... ကျွန်မ အရင်က ပြောခဲ့တဲ့ စကားကိုပဲ ပြန်ပြောချင်တယ်။"

"ထန်ထျန်းနဲ့ ကျွန်မတို့ မိုမိသားစုကြားက ဆက်ဆံရေးက အဆင့်အတန်း တူညီရမယ်။ ကျွန်မတို့က အပြန်အလှန် အကျိုးရှိမှုအပေါ်မှာပဲ အခြေခံပြီး ဆက်ဆံရမယ်။"

"ဘယ်အကြောင်းကြောင့်နဲ့မှ သူ့ကို အထင်မသေးမိပါစေနဲ့။"

​မိုမိသားစုဝင်က ခေါင်းညိတ်ကာ "စိတ်ချပါ၊ ငါ အစီအစဉ်ဆွဲလိုက်ပါ့မယ်။"

"မင်းရဲ့ အကဲခတ်မှုကိုလည်း ငါ အမြဲ ယုံကြည်ပါတယ်။"

"ဒါပေမဲ့ အဓိကအချက်ကတော့ သူက စစ်နတ်ဘုရားခန်းမရဲ့ စုံစမ်းစစ်ဆေးမှုကနေ ဘေးကင်းကင်းနဲ့ လွတ်မြောက်လာနိုင်ဖို့ပဲ။"

​မိုရှောင်းရှောင်းက လက်ထဲမှ ဝိုင်ခွက်ကို ကစားနေရင်း တစ်ငုံတည်းဖြင့် မော့သောက်လိုက်၏။

"ကျွန်မ သူ့ကို ယုံတယ်။"

.......

​မိုရှောင်းရှောင်း၊ ချီယွမ်နှင့် လုချန်းကျီတို့ ထင်မှတ်ထားသည့်အတိုင်းပင် ထျန်းယန်ရှန်းနှင့် အင်မော်တယ် ကျွမ်းကျင်သူများ သေဆုံးမှုကြောင့် စစ်နတ်ဘုရားခန်းမမှာ ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။

​ဒုတိယခန်းမသခင် ကိုယ်တိုင် ဆင်းလာခဲ့ပြီး ထျန်းယန်ရှန်းတို့ သေဆုံးခဲ့သည့် နေရာကို လျင်မြန်စွာ ရှာတွေ့ခဲ့သည်။

ထိုနေရာရှိ မြင်ကွင်းမှာ သူတို့ကိုပင် ထိတ်လန့်စေခဲ့ပြီး ရှေးဟောင်း သားရဲကြီးတစ်ကောင်၏ ဖျက်ဆီးမှုကို ခံထားရသကဲ့သို့ ဖြစ်နေ၏။

​သို့သော် သေချာစွာ စုံစမ်းစစ်ဆေးပြီးနောက်တွင်မူ လူသတ်သမား၏ မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့ခဲ့ပေ။

လူသတ်သမားက မထွက်သွားမီ သူ့ သဲလွန်စအားလုံးကို အစဖျောက်သွားခဲ့သဖြင့် အင်မော်တယ် အရှင် ပင်လျှင် ဘာမျှ ရှာမတွေ့ခဲ့ချေ။

​နည်းလမ်းမရှိတော့သည့်အဆုံး သူတို့က ချင်းယွဲ့ဂိုဏ်းသို့ လာရောက်ကာ အစကနေ ပြန်လည် စုံစမ်းရတော့သည်။

​မကြာမီမှာပင် သူတို့က ထျန်းယန်ရှန်း ထွက်သွားရသည့် ရည်ရွယ်ချက်ကို သိရှိသွားကြ၏။

သို့သော် ထန်ထျန်းမှာ သာမန် သေမျိုး အဆင့် ( တက်လှမ်းခြင်း အဆင့်) ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်း သိလိုက်ရသောအခါ စုံစမ်းစစ်ဆေးမှုမှာ ထပ်မံ အခက်တွေ့ရပြန်သည်။

သေမျိုး အဆင့် ကျင့်ကြံသူတစ်ဦးက ဆန်းကြယ် အင်မော်တယ် သုံးဦးနှင့် ရွှေအင်မော်တယ် တစ်ဦးကို ထွက်ပြေးခွင့်ပင် မပေးဘဲ သတ်နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်နိုင်ကြပေ။

ဤကဲ့သို့သော ပါရမီရှင် မျိုးမှာ ဝူဒင်နန်းတော် အထက်ပိုင်းတွင်ပင် မရှိနိုင်ချေ။

​နောက်ဆုံးတွင် စစ်နတ်ဘုရားခန်းမက ထန်ထျန်း ပြန်ရောက်လာသောအခါ သေချာစွာ စစ်ဆေးမေးမြန်းရန် ဆုံးဖြတ်လိုက်ကြသည်။

သို့သော် ဤတောင်းဆိုချက်ကို ချင်းယွဲ့ဂိုဏ်း အထက်ပိုင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့၏။

​"သက်သေမရှိဘဲ ငါတို့ရဲ့ တပည့်ကို ခင်ဗျားတို့က ဘာလို့ စစ်ဆေးချင်ရတာလဲ"

​စစ်နတ်ဘုရားခန်းမ ဖြစ်သော်လည်း စိတ်ကြိုက် လုပ်ဆောင်၍ မရပေ။ အားလုံးမှာ ဝူဒင် နန်းတော် လက်အောက်ခံများ ဖြစ်ကြပြီး အဆင့်အတန်း တူညီကြသောကြောင့် ဖြစ်၏။

နည်းလမ်းမရှိတော့သဖြင့် စစ်နတ်ဘုရားခန်းမမှာ ထိုအကြံကို လက်လျှော့လိုက်ရသည်။

​သို့သော် သူတို့က လက်မလျှော့ဘဲ အဖြေရသည်အထိ ဆက်လက် စုံစမ်းရန် ဆုံးဖြတ်ထားကြ၏။ ချီယွမ်တို့ကမူ စစ်နတ်ဘုရားခန်းမက ထျန်းယန်ရှန်း သေဆုံးသည့် နေရာတွင် သဲလွန်စ ရှာမတွေ့ကတည်းက ထန်ထျန်းမှာ ဘေးကင်းသွားပြီဖြစ်ကြောင်း နားလည်လိုက်ကြသည်။

ဤမုန်တိုင်းမှာ တိုက်ခတ်နိုင်တော့မည် မဟုတ်ပေ။

​ဤကဲ့သို့သော အခြေအနေများကြားတွင် ထန်ထျန်းက နောက်ဆုံး၌ ချင်းယွဲ့ဂိုဏ်းသို့ ပြန်လည် ရောက်ရှိလာခဲ့လေတော့သည်။

All Chapters