← Chapters

တောင် တောင်ထိပ်ကို ရယူခြင်း

Vol. 14 Ch. 159

တောင် တောင်ထိပ်ကို ရယူခြင်း

Vol. 14 Ch. 159

​"မင်း ဆိုလိုတာက... လုချန်းကျီ လား"

ထန်ထျန်းက မေးလိုက်သည်။

​လက်ရှိအခြေအနေအရ ကြည့်လျှင် နောက်ဆုံးတွင် အကျိုးအမြတ်အရှိဆုံးသူမှာ လုချန်းကျီသာ ရှိတော့သည်။

​မိုရှောင်းရှောင်းက ထန်ထျန်းကို ကြည့်ကာ ငြင်းဆိုခြင်းမပြုသလို အတည်လည်းမပြုပေ။

"ကျွန်မ ခုနက ပြောခဲ့သလိုပဲ ကာယကံရှင်က တွေဝေပေမဲ့ ဘေးလူက မြင်သာတယ်လေ"

​သူမက လေသံကို အနည်းငယ်နှိမ့်၍ ဆက်ပြောသည်။ "တုယွမ်ချင်း သေဆုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဲဒီမုန်တိုင်းမှာ လုချန်းကျီအပြင် နောက်ထပ် ပိုပြီးကြီးမားတဲ့ အကျိုးအမြတ်ရတယ့်သူ တစ်ဦး ရှိနေသေးတယ်။"

"အဲဒီအင်အားစုက ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ခဲ့ရသလို ဘာဆုံးရှုံးမှုမှလည်း မရှိခဲ့ဘူး။ ဒါပေမဲ့ ပြဿနာအားလုံးကိုတော့ ဖြေရှင်းသွားနိုင်ခဲ့တယ်။"

"အတွင်းပိုင်းကော၊ အပြင်ဘက်ကောပဲ။"

​ထန်ထျန်း မျက်မှောင်ကြုတ်သွား၏။ သို့သော် မိုရှောင်းရှောင်း၏ နောက်ဆုံးစကားကို အကြိမ်ကြိမ် ပြန်လည်သုံးသပ်ကြည့်ပြီးနောက် သူ၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ အဖြေတစ်ခု ပေါ်လာခဲ့သည်။

​တုယွမ်ချင်း ဖြစ်ရပ်ကြောင့် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာခဲ့သလဲ

ပထမဆုံး တုမိသားစုက ထျန်းယန်ရှန်းနဲ့ ထိပ်တိုက်တွေ့ပြီး စစ်မီးကြားထဲ ရောက်သွားသည်။

နောက်တော့ အဲဒီစစ်မီးက တန်းယွမ် ကုန်သွယ်ရေးအသင်းဆီ ကူးစက်ခဲ့သည်။ ထန်ထျန်းသာ ဝင်မပါရင် အသင်းက ပြိုကွဲသွားမှာ သေချာသည်။

ဆက်လက်ပြီး ကွမ်းမိသားစု တစ်ခုလုံး မျိုးတုန်းသတ်ဖြတ်ခံရပြီး ချင်းယွဲ့ဂိုဏ်း တစ်ခုလုံး စစ်မီးတွေ ဝိုင်းဝိုင်းလည်သွားခဲ့သည်။

အဲဒီနောက်မှာတော့ လုချန်းကျီနဲ့ ထျန်းယန်ရှန်းတို့ အပြန်အလှန် တိုက်ခိုက်ကြလို့ နှစ်ဖက်စလုံးက ဂုဏ်ထူးဆောင်တပည့်တွေ အတုံးအရုံး သေဆုံးခဲ့ရသည်။

နောက်ဆုံးမှာတော့ မိုရှောင်းရှောင်း အပြစ်ရှိကြောင်း အတည်ပြုခံရပြီး တောင် တောင်ထိပ် က လူတိုင်းရဲ့ ပစ်မှတ် ဖြစ်လာခဲ့သည်။ ထန်ထျန်းက ကြီးမားတဲ့ သွေးချောင်းစီးမှုကို တားဆီးပေးခဲ့ပေမဲ့ သေဆုံးမှုကတော့ အလွန်များပြားခဲ့သည်။

​အခုတော့ မုန်တိုင်းက ငြိမ်သက်သွားပြီ။

​ချင်းယွဲ့ဂိုဏ်းရဲ့ အပြင်ဘက်မှာ အင်အားအကြီးဆုံး ဖြစ်တဲ့ တုမိသားစု၊ ကွမ်းမိသားစုတွေက အကုန်ပျက်စီးသွားပြီး အောက်ခြေအဆင့်ကို ရောက်သွားကြသည်။

ချန်စစ်ရို ရဲ့ ချန်မိသားစုကိုတော့ မိုရှောင်းရှောင်းက သိမ်းပိုက်လိုက်လို့ ခေတ္တချန်ထားလိုက်ဦး။

အရှေ့တောင်ထိပ်က ကျင်းမိသားစုဆိုရင်လည်း ကြောက်လန့်တုန်ရီနေပြီး စစ်မီးမကူးအောင် အများကြီး ပေးဆပ်ခဲ့ရလို့ အင်အားတွေ ချည့်နဲ့ကုန်သည်။

တန်းယွမ် ကုန်သွယ်ရေးအသင်းဆိုရင်လည်း ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။

​ဆိုလိုတာက... ဂိုဏ်းရဲ့ အပြင်ဘက်မှာ ဂိုဏ်းရဲ့ အနာဂတ်ကို အဟန့်အတား ဖြစ်စေမယ့် ဘယ်အင်အားစုမှ မကျန်တော့ပေ ။

​ဂိုဏ်းရဲ့ အတွင်းပိုင်းကို ပြန်ကြည့်ရင်လည်း ဂုဏ်ထူးဆောင်တပည့် တစ်ဝက်နီးပါး သေဆုံးသွားခဲ့ရသည်။

အထူးသဖြင့် အလယ်အလတ်နဲ့ အထက်တန်းအဆင့် ဂုဏ်ထူးဆောင်တပည့်တွေဖြစ်တဲ့ အနောက်တောင်ထိပ်နဲ့ မြောက်တောင်ထိပ်က လူတွေ အကုန်သေကုန်သည်။ ပင်မတောင်ထိပ်နဲ့ တောင် တောင်ထိပ်က လူတစ်ဝက်လောက် သေသည်။ အမြဲတမ်း ပုန်းလျှိုးကွယ်လျှိုးနေတဲ့ အရှေ့တောင်ထိပ်တောင် ပါဝင်ပတ်သက်ခဲ့ရပြီး အများကြီး ဆုံးရှုံးခဲ့ရသည်။

​ဂုဏ်ထူးဆောင်တပည့် အမြောက်အမြား သေဆုံးသွားတာက... သူတို့ လက်ကိုင်ထားတဲ့ အာဏာတွေ အများကြီး ပြန်လည်လွတ်မြောက်သွားတာကို ဆိုလိုပေသည် ။

ချင်းယွဲ့ဂိုဏ်းက အဲဒီနေရာလွတ်တွေကို ချက်ချင်း လူစားထိုးပြီး သူတို့ ထုတ်ပေးထားတဲ့ အာဏာတွေကို ပြန်လည်သိမ်းပိုက်လိုက်၏။

ကျန်နေတဲ့ ဂုဏ်ထူးဆောင်တပည့်တွေကတော့ ကြောက်လန့်ပြီး ငြိမ်ဝပ်ပိပြား သွားကြပြီ။

အရင်က ဂိုဏ်းအတွင်းမှာ ရှိခဲ့တဲ့ ပုပ်သိုးနေတဲ့ အလေ့အကျင့်တွေကလည်း အခုဆိုရင် သိသိသာသာ ကောင်းမွန်သွားခဲ့ပြီ။

ရလဒ်အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင်...

တုယွမ်ချင်း ကိစ္စမှာ အကျိုးအမြတ် အများဆုံး ရရှိသူဟာ လုချန်းကျီ မဟုတ်သလို ဘယ်ဂုဏ်ထူးဆောင်တပည့်မှလည်း မဟုတ်ပေ။

​အဲဒါက... ချင်းယွဲ့ဂိုဏ်း ကိုယ်တိုင်ပင်

​ထန်ထျန်း၏ တုံ့ပြန်မှုကို ကြည့်ကာ မိုရှောင်းရှောင်းက အေးဆေးစွာ ပြော လိုက်၏။ "ရှင် ခန့်မှန်းမိသွားပြီ ထင်တယ်။"

​ထန်ထျန်းသည် လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံတည်းဖြင့် သောက်လိုက်၏။

ထို့နောက် သက်ပြင်းရှည်ကြီးကို ချလိုက်ကာ "ဒါက... 'အလုပ်ပြီးတော့ နွားသတ်' တဲ့ ကိစ္စပဲ မဟုတ်လား။"

​ဂုဏ်ထူးဆောင်တပည့်တွေဟာ ဂိုဏ်းရဲ့ လျင်မြန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ငွေကြေးအင်အား အမြောက်အမြား ထောက်ပံ့ပေးခဲ့ကြသည်။

သူတို့သာ မရှိရင် ချင်းယွဲ့ဂိုဏ်းဟာ ဆယ်စုနှစ်အတွင်းမှာ ဒီလောက်အထိ ကြီးထွားလာဖို့ မလွယ်ပေ ။

ဒါပေမဲ့ ဂိုဏ်းရဲ့ ဦးတည်ချက်က ပြောင်းလဲဖို့ လိုအပ်လာတဲ့အခါမှာတော့ သူတို့ဟာ ပထမဆုံး ရှင်းလင်းခံရမယ့် ပစ်မှတ်တွေ ဖြစ်လာခဲ့ကြသည်။

​ထန်ထျန်းက မဟာအကြီးအကဲနှင့် ပထမဆုံး တွေ့စဉ်က ပြောခဲ့သော စကားကို သတိရသွားမိ၏။

"ဂိုဏ်းရဲ့ ဉီးတည်ချက် တွေက တဖြည်းဖြည်း ဆိုးရွားလာပြီ။"

"သေချာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတယ်"

​ထန်ထျန်းက ထိုစဉ်က မဟာအကြီးအကဲ ဆိုလိုသော ပြုပြင်ပြောင်းလဲမှုမှာ ဂုဏ်ထူးဆောင်တပည့်များနှင့် သန့်စင်သော တပည့် များအကြားရှိ ရှုပ်ထွေးမှုအချို့ကိုသာ ရည်ရွယ်သည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုအေးအေးဆေးဆေး ပြောခဲ့သော စကားတစ်ခွန်းက ဤမျှကြီးမားသော သက်ရောက်မှု ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

​ဆုံးဖြတ်ချက်တစ်ခုက လူပေါင်း တစ်သန်းနီးပါးကို လအနည်းငယ်အတွင်း အသက်ဆုံးရှုံးစေခဲ့ပြီး ချင်းယွဲ့ဂိုဏ်း၏ အတွင်းအပြင်ကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။

ဤသည်မှာ... အာဏာက ပေးစွမ်းနိုင်သော စွမ်းအားပေလော

ပို၍ ထူးခြားသည်မှာ ချင်းယွဲ့ဂိုဏ်းက အစမှအဆုံးအထိ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိခဲ့သလို သူတို့၏ တိုက်ခိုက်ရေးအင်အားကိုပင် အသုံးမပြုခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့သော ပရိယာယ်နှင့် စွမ်းအားမှာ ထန်ထျန်းကိုပင် အံ့အားသင့်စေခဲ့သည်။

အာဏာအတွက်ကြောင့် လူများစွာ ဘာကြောင့် ရူးသွပ်နေကြသလဲဆိုသည်မှာ မဆန်းတော့ပေ။

၎င်းမှာ လူတစ်ဦးကို စွဲလမ်းစေနိုင်သော စွမ်းအားမျိုး ဖြစ်ပေသည်။

​"အလုပ်ပြီးလို့ နွားသတ်တယ်ဆိုရင်ရော ဘာဖြစ်လဲ"

မိုရှောင်းရှောင်းက ခေါင်းခါလျက် ပြော သည်။ "သမိုင်း ကတည်းက လူသား(သေမျိုး) လောကမှာရော အင်မော်တယ် လောကမှာရော... တိုင်းပြည်တစ်ခု တည်ထောင်ပြီးတိုင်းမှာ အောင်ပွဲရ စစ်သူကြီးတွေကို အသုတ်လိုက် သတ်ပစ်ခဲ့ကြတာပဲ။"

"ဂုဏ်ထူးဆောင်တပည့်ဆိုတာ ဘာလဲ သူတို့လက်ထဲက ပစ္စည်း တစ်ခုမျှသာပဲ။"

"အသုံးလိုတုန်း သုံးမယ်၊ အန္တရာယ်ဖြစ်လာပြီဆိုရင်တော့ ရှင်းလင်းခံရဖို့က အနှေးနဲ့အမြန်ပဲ။"

​ထန်ထျန်း စကားမပြောဘဲ တိတ်ဆိတ်စွာ သက်ပြင်းချလိုက်မိသည်။

ဤကဲ့သို့သော ဂိမ်းမျိုးကို သူ မကစားနိုင်သလို ကစားရန်လည်း စိတ်မဝင်စားပေ။

သူက သူ့ အစွမ်းကို တည်ငြိမ်စွာ မြှင့်တင်ရင်း အထွတ်အထိပ်သို့သာ တက်လှမ်းလိုသူ ဖြစ်၏။

​ထန်ထျန်း၏ တုံ့ပြန်မှုကို ကြည့်ကာ မိုရှောင်းရှောင်းက ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့၊ သူတို့ရဲ့ ရည်ရွယ်ချက်က အောင်မြင်သွားပြီ။"

"အထက်ပိုင်းက လူတွေလည်း သူတို့ လိုချင်တာ ရသွားပုံရတယ်။"

"ဒါကြောင့် ရှင့် အစီအစဉ်အတိုင်းပဲ ရှင် ဆက်လုပ်သွားလို့ ရပါတယ်။"

"ပြီးတော့ ဂိုဏ်းက ရှင့်အပေါ် ထားတဲ့ အမြင်က တကယ်ကို ကောင်းတယ်။ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။"

"လက်ရှိ အချိန် တွေအရ ဆိုရင် ရှင်က ဂိုဏ်းအတွက် အသင့်တော်ဆုံး ပါရမီရှင် တစ်ယောက်ပဲ။ အကယ်၍ ရှင်သာ ဂုဏ်ထူးဆောင်တပည့် မဟုတ်ခဲ့ရင် ရှင့်ကို ဂိုဏ်းရဲ့ လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး သေချာ ပျိုးထောင်ပေးနေလောက်ပြီ။"

​ထန်ထျန်းက ပုခုံးတွန့်ပြလိုက်၏။

သူက အမြဲတစေ ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများအတွင်း၌သာ လုပ်ဆောင်ခဲ့ပြီး မည်သည့် ကျော်လွန်မှုမျှ မလုပ်ခဲ့ချေ။

ထို့ပြင် စနစ် ကြောင့် သူက ဂိုဏ်းတည်ဆောက်ရေးအတွက်လည်း အင်တိုက်အားတိုက် ထောက်ခံပေးခဲ့သဖြင့် ကိုယ်ကျိုးမဖက်သူ တစ်ဦးအဖြစ် မြင်နေကြခြင်း ဖြစ်သည်။

ပုံမှန်ဂိုဏ်းတစ်ခုအနေဖြင့် သူ့ကဲ့သို့သောသူကို စတေးခံ ကိရိယာအဖြစ် သုံးလိမ့်မည် မဟုတ်ပေ။

​"ငါ ကတော့ နည်းနည်း စိတ်မကောင်းဖြစ်မိလို့ပါ"

ထန်ထျန်းက သက်ပြင်းချရင်း ပြော သည်။ "ဘာပဲဖြစ်ဖြစ် ငါ ကလည်း ဂုဏ်ထူးဆောင်တပည့် အုပ်စုထဲကပဲ မဟုတ်လား။"

သူက သူနှင့် အုပ်စုတူသူများ ပျက်စီးသွားခြင်းအပေါ် ခံစားချက် အနည်းငယ်တော့ ရှိနေပေသည်။

​မိုရှောင်းရှောင်းက "ရှင် အဲဒီလို ခံစားရတာက သဘာဝကျပါတယ်။"

"ဒါပေမဲ့ အတွေ့အကြုံ များလာရင်တော့ ဒါတွေက ဘာမှ မဟုတ်တော့ဘူး။ ဒီကမ္ဘာမှာ အကြောင်းပြချက် မရှိဘဲ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေက အများကြီးပဲ။"

​ထန်ထျန်း ခေါင်းညိတ်ပြကာ "ဒါဆို... မင်း သူတို့ကို ဆက်ပြီး ရင်ဆိုင်သွားဦးမှာလား"

​မိုရှောင်းရှောင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် "ရင်ဆိုင်ရမှာပေါ့၊ ကျွန်မ က အလကား အရှုံးခံမယ့်သူ မဟုတ်ဘူး။"

"ကျွန်မ ကို အသုံးချခဲ့မှတော့ သူတို့ တစ်ခုခု ပြန်ပေးဆပ်ရလိမ့်မယ်။"

"ဒါပေမဲ့ ချင်းယွဲ့ဂိုဏ်းဘက်ကနေတော့ ကျွန်မ မလှုပ်ရှားတော့ဘူး၊ ဝူဒင်နန်းတော်ဘက် ရောက်မှပဲ ပြန်ပြီး စာရင်းရှင်းရမယ်။"

"နောက်ပြီး ကျွန်မရဲ့ စုံစမ်းမှုက အကြမ်းဖျင်းပဲ သိရသေးတယ်၊ တစ်စုံတစ်ယောက်က အတင်းအကျပ် တားဆီးခဲ့လို့လေ။"

"တကယ်တမ်း ဘယ်သူက ဒီဇာတ်လမ်းကို နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့သလဲဆိုတာကတော့ အခုထိ ပုစ္ဆာတစ်ပုဒ်ပဲ။"

"အကယ်၍ ရှင် တိကျတဲ့ သဲလွန်စတစ်ခုခု ရှာတွေ့ခဲ့ရင် ကျွန်မကို သေချာပေါက် အသိပေးပါ။ ကျွန်မရဲ့ ရန်သူက တကယ်တမ်း ဘယ်သူလဲဆိုတာ ကျွန်မ သိချင်လို့။"

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

မိုရှောင်းရှောင်း မပြောလျှင်ပင် သူ ဆက်လက် စုံစမ်းသွားမည် ဖြစ်၏။

အစပိုင်းတွင် တစ်ဖက်လူက သူ့ကိုပါ ဆွဲထည့်ရန် ကြံစည်ခဲ့သည်ကို သူ မမေ့သေးပေ။

​ထို့နောက် နှစ်ဦးစလုံးက အခြားသော ကိစ္စရပ်များကို ပြောဆိုကြကာ တောင် တောင်ထိပ် ကို လွှဲပြောင်းပေးအပ်ရန် စတင်ကြတော့သည်။

​မိုရှောင်းရှောင်းက သူမ၏ စီနီယာ လူယုံအများစုကို ခေါ်ဆောင်သွားမည် ဖြစ်သော်လည်း ထန်ထျန်းကို ကူညီရန်အတွက် အချို့ကို ချန်ထားခဲ့မည် ဖြစ်၏။

ယင်ကျဲ့က ထိုအုပ်စု၏ တာဝန်ခံ ဖြစ်လာမည် ဖြစ်သည်။

ထန်ထျန်းကလည်း လီဟုန်ကို ခေါ်လိုက်ပြီး ယင်ကျဲ့နှင့် ဆက်သွယ်ကာ တောင် တောင်ထိပ်နှင့် မိုရှောင်းရှောင်း၏ အတွင်းအပြင် အင်အားစုအားလုံးကို လွှဲပြောင်းရယူရန် ညွှန်ကြားလိုက်သည်။

​လန်ယွီ ညီအစ်မကိုမူ ထန်ထျန်းက ဆဌမတောင်ထိပ် ကို စီမံခန့်ခွဲရန် တာဝန်ပေးရန် စဉ်းစားထား၏။

၎င်းမှာ သူတို့အတွက် လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပေလိမ့်မည်။

​နေ့တစ်ဝက် ကြာပြီးနောက် ထန်ထျန်းနှင့် မိုရှောင်းရှောင်းတို့က အရာအားလုံးကို စီစဉ်ပြီးသွားခဲ့ကြသည်။

မိုကျွင်းကလည်း ဝူဒင်နန်းတော်သို့ ရောက်သောအခါ ထန်ထျန်းအတွက် စဦး ကိစ္စရပ်များကို စီစဉ်ပေးထားမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။

​ထို့နောက် မိုရှောင်းရှောင်းနှင့် မိုကျွင်းတို့က နှုတ်ဆက်၍ ထွက်သွားကြလေတော့သည်။

All Chapters