← Chapters

အခန်း (၂၄၃)

Vol. 25 Ch. 243

အခန်း (၂၄၃)

Vol. 25 Ch. 243

​စာမေးပွဲကြီးကြပ်သူ မိန်းမစိုးအိုကြီးဖြစ်သည့် ကြီးကြပ်ရေးမှူးချုပ်က စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“ကျောင်းအုပ်ကြီးဝမ် ၊ အချိန်က ၄၅ မိနစ်တောင် လိုပါသေးတယ်။ ခင်ဗျားက အဲဒီလောက်လေးတောင် မစောင့်နိုင်တော့ဘူးလား”

​ကြီးကြပ်ရေးမှူးချုပ်သည်လည်း စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်နေမိသည်။ ဘွဲ့ယူစာမေးပွဲကြီးက အလွန်အရေးကြီးသော်လည်း တုပိုင်သည် အချိန်မီ ရောက်မလာနိုင်ခဲ့ပေ။ ထိုကောင်လေးက ဘွဲ့ယူစာမေးပွဲကြီးကို အလေးမထားသည်လော။ ယခုလက်ရှိအချိန်တွင် သူ့အနေဖြင့် ထိုကောင်လေးအား ကူညီချင်သည်ဆိုလျှင်ပင် မကူညီနိုင် ဖြစ်နေရချေသည်။

​ကျောင်းအုပ်ကြီးအသစ်က ပြန်လည်ချေပလိုက်သည်။

“ဘိုးဘေးတို့ ၊ ဒီတုပိုင်က စာမေးပွဲခန်းမကို ဗြောင်ကျကျ လစ်လျူရှုထားပါတယ်။ သူ့ရဲ့ စာမေးပွဲဖြေဆိုခုံနဲ့ ထိုင်ခုံကို ဖယ်ရှားလိုက်သင့်ပြီ မဟုတ်လား”

​ချက်ချင်းပင် စာမေးပွဲကြီးကြပ်သူ မိန်းမစိုးအို ၃ ဦးသည် လက်ထောင်လိုက်ပြီး တုပိုင်၏ စာမေးပွဲဖြေဆိုခုံကို ဖယ်ရှားရန် သဘောတူလိုက်ကြသည်။ ကြီးကြပ်ရေးမှူးချုပ်နှင့် အခြား မိန်းမစိုးအိုတစ်ဦးက သဘောမတူကြပေ။ သို့သော် ၃ မဲ ၂ မဲ ဖြစ်သွားသဖြင့် တုပိုင်၏ စာမေးပွဲဖြေဆိုခုံကို စာမေးပွဲခန်းငယ်လေးထဲမှ ဖယ်ရှားပြီး အပြင်ဘက်သို့ သယ်ထုတ်လိုက်ကြတော့သည်။

​ထိုအချိန်မှာပင် ကျယ်လောင်သော မြင်းခွာသံများ ထွက်ပေါ်လာသည်။ တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးလျက် မိန်းမစိုးဂိုဏ်းအကယ်ဒမီထဲသို့ အလျင်အမြန် ဝင်ရောက်လာသည်။ သူသည် မြင်းပေါ်မှ ချက်ချင်း လှိမ့်ဆင်းလိုက်ပြီး စာမေးပွဲခန်းမထဲသို့ ပြေးဝင်လိုက်သည်။

​“ကျောင်းသား တုပိုင် ၊ ရောက်လာပါပြီ”

​ဤအချိန်တွင် အလွန်သန်မာသော တောရိုင်းမြင်းဘုရင်ကြီးပင်လျှင် မြေကြီးပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရက်များအတွင်း မြင်းဘုရင်ကြီးသည် လီပေါင်းထောင်ချီ ခရီးကို ရူးသွပ်မတတ် ဒုန်းစိုင်းနှင်ခဲ့ရပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကာ ခွန်အားများ လုံးဝ ကုန်ခမ်းနေပြီ ဖြစ်သည်။

​ဤအချိန်တွင် တုပိုင်၏ အခြေအနေသည် အလွန်တရာ စုတ်ပြတ်သတ်နေလေသည်။ သူ၏ ချောမောသော မျက်နှာလေး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ နေ့ရောညပါ လီပေါင်းထောင်ချီ ခရီးနှင်ခဲ့ရသဖြင့် သူသည် ၁၀ ကျင်းခန့် ပိန်ကျသွားပြီး ပိန်လှီကာ မတ်တပ်ရပ်နေရင်း တစ်ချိန်လုံး တုန်ယင်နေသည်။ အချိန်မရွေး လဲကျသွားနိုင်မည့်ပုံ ပေါက်နေသည်။

​ထိုမျှမက သူ၏ မျက်လုံးများသည် ချိုင့်ဝင်နေပြီး သွေးကြောများ ယှက်သန်းနေကာ စိတ်စွမ်းအင် လုံးဝ ကုန်ခမ်းနေပုံ ပေါက်နေသည်။ လွန်ခဲ့သော ၁၀ ရက်ကျော်အတွင်း သူသည် ခေါက်တုံ့ခေါက်ပြန် လီ ၇၀၀၀ ၊ ၈၀၀၀ ခန့် ခရီးနှင်ခဲ့ရပြီး တစ်နေ့လျှင် ၄ နာရီထက်ပိုပြီး မအိပ်ခဲ့ရပေ။ ပင်ပန်းလွန်း၍ သေမသွားသည်ကပင် ကံကောင်းလှပြီ ဖြစ်သည်။ လေတိုက်ခံရသော သစ်ရွက်ခြောက်လေးလို ယိမ်းယိုင်နေသည့် ဤအခြေအနေမျိုးဖြင့် စာမေးပွဲဖြေဖို့ မပြောနှင့် ၊ မတ်တပ်ရပ်နိုင်ရုံပင် ကံကောင်းလှပြီ ဖြစ်သည်။

​မေးခွန်းကြီး ၃ ပုဒ် ပါဝင်သော တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲသည် ၁၀ နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ စာစီစာကုံး တစ်ပုဒ်ချင်းစီသည် ကြီးမားသော ကြိုးစားအားထုတ်မှုနှင့် တွေးခေါ်မှုများ လိုအပ်သည်။ စိတ်စွမ်းအင် အပြည့်ဖြင့် လာရောက်ဖြေဆိုလျှင်ပင် ပင်ပန်းနွမ်းနယ်သွားနိုင်သည်။ တုပိုင်၏ လက်ရှိ အခြေအနေမျိုးဖြင့် ဆိုလျှင် စာမေးပွဲခန်းထဲတွင်ပင် သေဆုံးသွားနိုင်ပေသည်။

​တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်တွင် အမှတ်ကောင်း ရဖို့ မပြောနှင့် ဤကဲ့သို့ အခြေအနေမျိုးဖြင့် မည်ကဲ့သို့ စာစီစာကုံးကောင်းတစ်ပုဒ်ကို ရေးနိုင်မည်နည်း။ စာကြောင်းတစ်ကြောင်းကို အဓိပ္ပာယ်ရှိအောင် ရေးသားရန်ပင် ခက်ခဲပေလိမ့်မည်။ သို့သော် ဤအချိန်တွင် စာမေးပွဲ စတင်ရန် နာရီဝက်လိုနေသေးသဖြင့် တုပိုင် ရောက်လာပြီ ဖြစ်ရာ သူ၏ စာမေးပွဲဖြေဆိုခွင့် အရည်အချင်းကို သဘာဝကျစွာပင် ပယ်ဖျက်၍ မရနိုင်တော့ပေ။

​ကျောင်းအုပ်ကြီးအသစ်က ပြောလိုက်သည်။

“တုပိုင်က စာမေးပွဲခန်းမကို မလေးမစား လုပ်ခဲ့တယ်။ သူ့ရဲ့ စာမေးပွဲဖြေဆိုခုံကို ဖယ်ရှားပြီးပြီ ဆိုတော့ ပြန်သယ်လာစရာ မလိုတော့ဘူး။ သူ့ကို အပြစ်ပေးတဲ့ အနေနဲ့ စာမေးပွဲခန်းငယ် အပြင်ဘက်မှာပဲ ဖြေဆိုခိုင်းလိုက်”

​ဤအပြစ်ပေးမှုသည် လွန်ကျူးသည်ဟု မဆိုနိုင်ပေ။ အခြား စည်းကမ်းကြီးသော ကျောင်းအုပ်ကြီးများ ဆိုလျှင်လည်း ဤအတိုင်း လုပ်ဆောင်ကြပေလိမ့်မည်။ လီဝမ်ဟွေ့သာ ကျောင်းအုပ်ကြီး ဖြစ်ခဲ့လျှင် ၊ အခြား ဖြေဆိုသူများသာ စာမေးပွဲခန်းမထဲသို့ ယခုမှ ဝင်ရောက်လာပြီး ကောင်းကင်နှင့် မြေကြီးကို ပူဇော်ရန် ၊ ဧကရာဇ်မင်းမြတ်ကို ဦးခိုက်ရန် ၊ မိန်းမစိုးဂိုဏ်း အာဇာနည်များကို ဂါရဝပြုရန် ပျက်ကွက်ခဲ့လျှင် လီဝမ်ဟွေ့အနေဖြင့် ထိုသူကို စာမေးပွဲခန်းမထဲမှ တိုက်ရိုက် မောင်းထုတ်ပစ်ပေလိမ့်မည်။

​ကျောင်းအုပ်ကြီးအသစ်သည် တုပိုင်ကို မကြိုက်သော်လည်း တမင်တကာ ဖိနှိပ်ရန် ရည်ရွယ်ချက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ကျောင်းအုပ်ကြီးအသစ်၏ အမြင်တွင် တုပိုင်သည် ဤဘွဲ့ယူစာမေးပွဲ၌ ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တုပိုင်သည် အမိုးအကာ ၊ နံရံများ မရှိသော စာမေးပွဲခန်းငယ် အပြင်ဘက်တွင် စာမေးပွဲ ဖြေဆိုရတော့မည် ဖြစ်သည်။ နေပူရှိန်ကို တိုက်ရိုက် ခံရမည် ဖြစ်ပြီး လူတစ်ယောက်ကို သေစေနိုင်လောက်သည်။ ထို့အပြင် မိုးမရွာစေရန်လည်း ဆုတောင်းရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် စာမေးပွဲအဖြေလွှာသည် စက္ကူပျော့ဖတ် ဖြစ်သွားမည် ဖြစ်ပြီး စာမေးပွဲတစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။

​ဖြေဆိုသူ အားလုံးသည် သူတို့၏ နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ တုပိုင်တစ်ယောက်တည်းသာ ကွင်းပြင်တွင် ထိုင်နေရပြီး ကျောင်းသားအများအပြားက သူ့ကို မျောက်တစ်ကောင်လို ကြည့်နေကြသည်။

​တုပိုင်သည် ထူးချွန်ပြောင်မြောက်ပြီး ကြီးကျယ်သော အောင်မြင်မှုများကို ရယူနိုင်ခဲ့သည်။ သို့သော် ဤကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီမှ ကျောင်းသားများက မည်သို့ သိရှိနိုင်မည်နည်း။ မင်းသမီး၏ နှုတ်ဆက်ပွဲတွင် ကဗျာရွတ်ပြိုင်ပွဲ၌ အနိုင်ရခဲ့ခြင်း ၊ လီချန်ချန်နှင့် မြင်းစီးပြိုင်ပွဲ ၊ ယန်ရှီပင် ထိုအကြောင်းများကို မသိရှိပေ။ ချန်ဖိန်အစား ဝင်ရောက်ဖြေဆိုပြီး ပြည်နယ်စာမေးပွဲတွင် ပထမဆု ရရှိခဲ့ခြင်း ၊ ရှားလုံရွှိုကို စစ်တပ်စေလွှတ်ပြီး လီမိသားစုကို တိုက်ခိုက်ရန် နားချနိုင်ခဲ့ခြင်း ၊ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်း စသည်တို့ကို လီဝမ်ဟွေ့နှင့် မင်းသမီးနင်းရွှဲ့မှလွဲ၍ အခြား မည်သူမျှ မသိရှိကြပေ။

​ထို့ကြောင့် ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီတွင် တုပိုင် ကျန်ရစ်ခဲ့သော တစ်ခုတည်းသော အထင်ကြီးစရာမှာ လွန်ခဲ့သော လအနည်းငယ်က ကျင်းပခဲ့သော တက္ကသိုလ်ကြီးသုံးခု၏ ပြိုင်ပွဲသာ ဖြစ်သည်။ ထိုနေရာများတွင် မည်မျှပင် တော်နေပါစေ ဤစာမေးပွဲခန်းထဲတွင်တော့ အသုံးမဝင်သည့် အရာများသာဖြစ်ပြီး ရမှတ်တစ်မှတ်ကိုပင် ရယူပေးနိုင်မည်မဟုတ်ချေ။ လူတိုင်း တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲ စတင်ရန် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

​ရုတ်တရက် ယန်ရှီက ပြောလိုက်သည်။

“ကျောင်းသား တုပိုင် ၊ မင်းက တကယ်ကိုဉာဏ်များတာပဲ။ မင်း ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းအောင် ၊ စုတ်ပြတ်သတ်နေအောင် တမင်တကာ လုပ်လာတာမလား။ ဒါမှ မင်း ဘွဲ့ယူစာမေးပွဲမှာ နောက်ဆုံးအဆင့် ရသွားရင်တောင် လူတွေက မင်းအပြစ် မဟုတ်ဘူးလို့ ထင်ကြမှာလေ။ ငါ မင်းကို မေးစရာ တစ်ခုပဲ ရှိတယ်။ ငါတို့ရဲ့ အရင်က လောင်းကြေး အတည်ပဲလား။ မင်းနဲ့ ငါကြားမှာ ဘွဲ့ယူစာမေးပွဲ အမှတ်နဲ့ ဆုံးဖြတ်မယ် ၊ ရှုံးတဲ့သူက ကျင်ကြီးကျင်ငယ်သယ်ရတဲ့ မိန်းမစိုး ဖြစ်ကြေးလေ”

​တုပိုင်က အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်သည်။

“ဒါပေါ့ အတည်ပဲ”

​“အတည်ဆိုရင် ပြီးတာပါပဲ” ယန်ရှီက ဆက်ပြောသည်။

“အဲဒီနေ့တုန်းက မင်းက ဘဝင်မြင့်ပြီး ငါ့ကို မင်းခြေထောက် ဆေးခိုင်းခဲ့တယ်နော်။ ဒီတော့ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ် စာမေးပွဲရလဒ် ထွက်လာပြီးလို့ မင်း ဒီဘာသာရပ်မှာ ရှုံးသွားရင် ငါ မင်းဆီကနေ တခြားဟာ မတောင်းဆိုတော့ပါဘူး။ ကျောင်းသားတွေ အားလုံးရှေ့မှာ မင်း ငါ့ခြေထောက်ကို ဆေးပေးမယ် ဆိုရင်ရော ဘယ်လိုလဲ”

​ကျောင်းအုပ်ကြီးအသစ်နှင့် မိန်းမစိုးဂိုဏ်းအကယ်ဒမီတို့သည် လီဝမ်ဟွေ့ ရာထူးပြန်ရခြင်းကို မသိကြသေးပေ။ မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းသားများ၏ အမြင်တွင် လီဝမ်ဟွေ့ ကျဆုံးသွားပြီဟု ထင်မှတ်နေကြသဖြင့် တုပိုင်သည် ကျောထောက်နောက်ခံ မရှိတော့ဘဲ လမ်းဘေးခွေးတစ်ကောင်လို ဖြစ်နေပြီဟု ယူဆကာ ကြိုက်သလို အနိုင်ကျင့်နိုင်သည်ဟု တွေးထင်နေကြသည်။

​စာမေးပွဲကြီးကြပ်သူ မိန်းမစိုးအိုကြီးဖြစ်သည့် ကြီးကြပ်ရေးမှူးချုပ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ကျောင်းအုပ်ကြီး ၊ ဒါတွေက ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီရဲ့ ကျောင်းသားတွေလား”

​ကျောင်းအုပ်ကြီးအသစ် တားဆီးရန် ပြင်လိုက်စဉ်မှာပင် တုပိုင်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။

“ကောင်းပြီလေ။ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်မှာ ငါ မင်းကို ရှုံးခဲ့ရင် မင်းခြေထောက်ကို ဆေးပေးမယ်။ အကယ်၍ ငါက နိုင်ခဲ့ရင်တော့ ငါ့ခြေထောက်ကို မင်း ဆေးပေးစရာ မလိုဘူး။ ငါ့ဘာသာ ဆေးမယ်။ ဒါပေမယ့် ခြေဆေးရေနဲ့ မင်းကို ပက်မယ်ဆိုရင်ရော ဘယ်လိုလဲ”

​“အဓိပ္ပာယ်မရှိလိုက်တာ။ ဒါ ဘယ်လို အပြုအမူမျိုးလဲ”

ကြီးကြပ်ရေးမှူးချုပ် ဒေါသထွက်သွားသည်။ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေး ဘွဲ့ယူစာမေးပွဲကြီး၏ မွန်မြတ်တဲ့ အချိန်မျိုးတွင် ဤကဲ့သို့ ရိုင်းစိုင်းသည့် လောင်းကစားမျိုး လုပ်ခြင်းသည် တကယ်ကိုပင် ရိုင်းစိုင်းရာရောက်သည်။ ချက်ချင်းပင် ကြီးကြပ်ရေးမှူးချုပ်၏ တုပိုင်အပေါ် အထင်ကြီးမှု သိသိသာသာ ကျဆင်းသွားသည်။ ဤကဲ့သို့ အမူအကျင့်မျိုးဖြင့် လီဝမ်ဟွေ့၏ မွေးစားသား မဖြစ်သင့်ဟု သူထင်သွားသည်။

​တကယ်တော့ ဤဘိုးဘေးကြီးက အရာရာကို အလေးအနက်ထားလွန်းနေခြင်း ဖြစ်သည်။ မိန်းမစိုးဂိုဏ်း၏ ဘွဲ့ယူစာမေးပွဲက လေးနက်သော်လည်း ဧကရာဇ်မင်းမြတ် စာမေးပွဲတော့ မဟုတ်ပေ။ ကျောင်းသားအချင်းချင်း သီးသန့် လောင်းကြေးထပ်ခြင်းသည် စာမေးပွဲ၏ မျှတမှုကို မထိခိုက်သရွေ့ စာမေးပွဲကြီးကြပ်သူ မိန်းမစိုးအိုကြီးများအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် မလိုပေ။

​“သဘောတူတယ်ကွာ” ယန်ရှီက ပြောလိုက်သည်။

​“တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်မှာ ငါနိုင်ရင် မင်း ငါ့ခြေထောက်ကို ဆေးပေးရမယ့်အပြင် ငါက ခြေဆေးရေနဲ့ မင်းမျက်နှာကို ပက်ပစ်မယ်”

​“သဘောတူတယ်” တုပိုင်က ပြောလိုက်သည်။

​“ကဲ ၊ အားလုံး ပါးစပ်ပိတ်ကြတော့” ကျောင်းအုပ်ကြီးအသစ်က အော်ဟစ်လိုက်သည်။ ထန်ယန်ကမူ ပို၍ပင် အထင်သေးသွားသည်။

​တုပိုင်၏ ပေါ့ပျက်ပျက်နိုင်လွန်းသော အပြုအမူများနှင့် လူသိရှင်ကြား ရိုင်းစိုင်းစွာ လောင်းကြေးထပ်ခဲ့မှုများကြောင့် လူအများ၏ အမြင်တွင် သူသည် မိန်းမစိုးဂိုဏ်းခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်ရန် အရည်အချင်းမရှိသူ တစ်ယောက်အဖြစ်သာ ထင်မှတ်နေကြသည်။ ဤအခြေအနေသည် အမှန်တကယ်ပင် အဓိပ္ပာယ်မရှိလှပေ။

​နာရီဝက်ခန့် ကြာမြင့်ပြီးနောက်တွင် မင်္ဂလာအချိန်အခါ ကျရောက်လာသည်နှင့်အမျှ ဒေါင်ဟူသော ခေါင်းလောင်းသံကြီး ကျယ်လောင်စွာ မြည်ဟည်းသွားပြီး ကွမ်ရှီးမိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲ ၊ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။

​ကြီးကြပ်ရေးမှူးချုပ် ငါးဦးသည် မေးခွန်းစာရွက်များကို ပူးပေါင်းဖွင့်ဖောက်ကာ အမြန်ဆုံး ဝေငှလိုက်ကြသည်။ ဤသည်မှာ တုပိုင်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်ဖြစ်သလို သူ၏ စစ်မှန်သော အရည်အချင်းကို ထုတ်ဖော်ပြသရမည့် အချိန်အခါလည်း ဖြစ်ပေသည်။

​တုပိုင် မေးခွန်းလွှာကို ဖွင့်ကြည့်လိုက်ရာ မူဝါဒရေးရာ စာစီစာကုံး ၊ ရှစ်ပိုဒ်ဖွဲ့ စာစီစာကုံးနှင့် ကဗျာ ၊ စကားပြေဟူ၍ အပိုင်းသုံးပိုင်း ပါဝင်ပြီး စုစုပေါင်း ရမှတ် ၁၅၀ သတ်မှတ်ထားသည်။ အံ့သြစရာကောင်းသည်မှာ မူဝါဒရေးရာ စာစီစာကုံးအတွက် ရမှတ် ၇၀ အထိ ပေးထားခြင်းဖြစ်ပြီး ယခင်နှစ်များနှင့် မတူညီဘဲ ပြည်နယ်အဆင့် ဧကရာဇ်မင်းမြတ်စာမေးပွဲ ပုံစံနှင့် ဆင်တူနေခြင်းပင် ဖြစ်သည်။

​ပထမဆုံး မေးခွန်းဖြစ်သည့် မူဝါဒရေးရာ စာစီစာကုံး ခေါင်းစဉ်ကို မြင်လိုက်ရသည့်အခါ တုပိုင် ချက်ချင်းပင် ပြုံးလိုက်မိသည်။ ကောင်းကင်ဘုံက သူ့ကို တစ်ကိုယ်တော် ဆရာကြီး ဖြစ်စေချင်နေသည်လား ၊ သို့မဟုတ် သူ၏ ကံတရားကပင် အလွန်ကောင်းမွန်နေခြင်းလား မပြောတတ်ပေ။ သို့သော် ဤကံကောင်းမှုသည် တိုက်ဆိုင်မှုသက်သက်တော့ မဟုတ်ပေ။ မိန်းမစိုးဂိုဏ်း၏ ဘွဲ့ယူစာမေးပွဲ စာစီစာကုံးများသည် အမြဲတမ်းလိုလို ဧကရာဇ်မင်းမြတ်နှင့် ပတ်သက်နေလေ့ ရှိသောကြောင့် ဖြစ်သည်။

​“ဧကရာဇ်တစ်ပါး၏ နိုင်ငံရေးနှင့် နှလုံးသားကို မေးမြန်းခြင်း”

​ဤခေါင်းစဉ်ကို ဖြေဆိုရန်အတွက် တုပိုင်အနေဖြင့် အိပ်မက်စနစ်ထဲသို့ ဝင်ရောက်ကြည့်ရှုရန်ပင် မလိုအပ်တော့ပေ။ ၁၇ ရာစုဝန်းကျင် မင်မင်းဆက် ဝမ်လီနန်းသက် ၂၆ နှစ်တွင် အသက် ၂၅ နှစ်အရွယ်ဖြင့် ကျွမ့်ယွမ်ဘွဲ့ (ပထမဆု) ရရှိခဲ့သော ဉာဏ်ကြီးရှင် ကျောက်ပင်ကျုံး၏ လက်ရာမြောက် စာစီစာကုံးသည် ဤခေါင်းစဉ်နှင့် ထပ်တူကျနေသောကြောင့် ဖြစ်သည်။

​ကျောက်ပင်ကျုံး၏ စာစီစာကုံးသည် ထန်ပေါ်ဟူ၏ လက်ရာထက်ပင် သာလွန်ပြောင်မြောက်လှပြီး သမိုင်းတွင် ထင်ရှားသည်။ ထိုကဲ့သို့သော ထိပ်တန်းအဆင့် စာစီစာကုံးတစ်ပုဒ်ကို ဤကဲ့သို့သော ဘွဲ့ယူစာမေးပွဲအဆင့်တွင် ထုတ်သုံးလိုက်ခြင်းသည် ကြက်သတ်ရာတွင် နွားသတ်ဓားကို သုံးလိုက်သကဲ့သို့ ဖြစ်နေသည်။ ပြိုင်ဘက်ဖြစ်သူ ထန်ယန်သည် ကွမ်တုံပြည်နယ်စာမေးပွဲတွင် ကျူရန်ဘွဲ့ ရရှိထားသူဖြစ်စေဦးတော့ ၊ ဤစာစီစာကုံး၏ ရှေ့မှောက်တွင်မူ ထန်ယန်သည် ချက်ချင်းပင် ရှုံးနိမ့်သွားရန်သာ ရှိတော့သည်။

​အပိုင်း ၂၄၃ ပြီး။

All Chapters