← Chapters

အခန်း (၂၄၄)

Vol. 25 Ch. 244

အခန်း (၂၄၄)

Vol. 25 Ch. 244

မတရားသဖြင့် ရယူထားသော ငွေတုံး တစ်သန်းကျော်ကို လူသိရှင်ကြား သိမ်းဆည်းလိုက်ပြီးနောက် ကွမ်ရှီးဘုရင်ခံ လော့ဝမ်၏ အခန်းကဏ္ဍသည် လုံးဝ ပြီးဆုံးသွားပြီ ဖြစ်သည်။ သူ့အတွက် လီ ၃၀၀၀ အဝေးသို့ ပြည်နှင်ဒဏ် ပေးခံရမည်မှာ သေချာသလောက် ဖြစ်နေပြီ။

ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံးမှ တပ်ရင်းမှူး ၃ ဦးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သို့သော် သူတို့ ဆက်လက်ပြီး ဘာလုပ်သင့်သနည်း။

ဧကရာဇ်မင်းမြတ်၏ အမိန့်တော် မပါဘဲ ပြည်နယ်ဘုရင်ခံ တစ်ဦးကို သူတို့ လုံးဝ ဖမ်းဆီး၍ မရနိုင်ပေ။ ထိုသို့ ပြုလုပ်ခြင်းသည် ပုန်ကန်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ သူ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်းကပင် ကြီးမားသော စွန့်စားမှုကြီး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ထိုအိမ်သည် ပုဂ္ဂလိက နေအိမ်ဖြစ်ပြီး အင်ပါယာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း မရှိပေ။

သို့သော် ကွမ်ရှီးဘုရင်ခံ ရာထူးသည် လော့ဝမ်၏ ရာထူးသက်သက် မဟုတ်ဘဲ အင်ပါယာ၏ တရားဝင် ရာထူးဖြစ်သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး အဆင့်လောက်ဖြင့် အမိန့်တော်မပါဘဲ ဒေသန္တရ အရာရှိကြီးတစ်ဦးကို မည်ကဲ့သို့ ဖမ်းဆီးနိုင်မည်နည်း။ ထိုသို့လုပ်လျှင် အရှေ့ဘက်ကွပ်ကဲရေးရုံးသည် အများပြည်သူ၏ ဝေဖန်ပြစ်တင်မှုကို အမှန်တကယ် ခံရပေလိမ့်မည်။

သို့သော် သူတို့ မဖမ်းဆီးဘဲ နေလိုက်လျှင် လော့ဝမ် ထွက်ပြေးသွားပါက မည်သို့ လုပ်မည်နည်း။

ကျုံးထိန်က ရုတ်တရက်ထ ပြောလိုက်သည်။ “အခု ဘုရင်ခံရုံးတော်ကို ဝိုင်းရံပိတ်ဆို့ထားတဲ့ အဓိကရုဏ်း ဖန်တီးသူ လူတစ်စု ရှိနေတယ်။ ပြည်နယ်ဘုရင်ခံရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထား ဖြစ်နေတယ်။ ကျွန်တော်တို့ အရှေ့ဘက်ကွပ်ကဲရေးရုံးမှာ အင်ပါယာ အရာရှိတွေကို ကာကွယ်ပေးရမယ့် တာဝန် ရှိတယ်”

ဝူချန်ချို၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ ငါတို့တွေ အရှေ့ဘက်ကွပ်ကဲရေးရုံးက စစ်သည်တွေကို ဦးဆောင်ပြီး ကွမ်ရှီးဘုရင်ခံ လော့ဝမ်ကို သွားရောက် ကာကွယ်ပေးကြတာပေါ့”

နောက်ဆက်တွဲ အဖြစ်အပျက်များက ရိုးရှင်းသွားပြီ ဖြစ်သည်။ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် ရာပေါင်းများစွာသည် ဘုရင်ခံရုံးတော်သို့ သွားရောက်ပြီး လော့ဝမ်ကို ထိန်းချုပ်ကာ ကာကွယ်ပေးခြင်း ခေါင်းစဉ်အောက်တွင် နေအိမ်အကျယ်ချုပ် ချထားလိုက်သည်။

ဧကရာဇ်မင်းမြတ်၏ အမိန့်တော် ရောက်လာသည်နှင့် သူ့ကို ချက်ချင်း ဖမ်းဆီးမည် ဖြစ်သည်။ ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ရွှီဂွမ်ချန်သည် စစ်သည် ရာပေါင်းများစွာကို ဦးဆောင်ကာ ကွမ်ရှီးဘုရင်ခံ လော့ဝမ်ကို ဖမ်းဆီးရန်... အင်း... မှားလို့... ကွမ်ရှီးဘုရင်ခံ လော့ဝမ်ကို ကာကွယ်ရန် ဘုရင်ခံရုံးတော်သို့ အမြန်ဆုံး သွားရောက်လေတော့သည်။

သို့သော် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်ရင်းမှူး ရွှီဂွမ်ချန်နှင့် စစ်သည် ရာပေါင်းများစွာ ကွမ်ရှီးဘုရင်ခံရုံးတော်သို့ ရောက်ရှိသွားချိန်တွင် လော့ဝမ် မရှိတော့ပေ။ ဤမြေခွေးအိုကြီးသည် တကယ်ကြီ ထွက်ပြသွားလေသည်။

ရွှီဂွမ်ချန်နှင့် အခြားသူများသည် ဒေါသထွက်သွားကြပြီး လော့ဝမ်ကို နေရာအနှံ့ ရှာဖွေရန် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် အများအပြားကို ချက်ချင်း စေလွှတ်လိုက်ကြသည်။

အထူးသဖြင့် အနောက်ဘက်သို့ ဦးတည်သော လမ်းကြောင်းများ ၊ လမ်းဆုံလမ်းခွတိုင်းကို ပိတ်ဆို့ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လော့ဝမ်သည် လီမိသားစု စော်ဘွားစီရင်စုသို့ ထွက်ပြေးရန် အလားအလာ အရှိဆုံး ဖြစ်သောကြောင့်ပင်။

သို့သော် ဤအဆင့်မြင့် ကွမ်ရှီးပြည်နယ်ဘုရင်ခံကြီးသည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ခြေရာလက်ရာမကျန် ပျောက်ဆုံးသွားလေသည်။

မီးနတ်ဘုရား စုန်းမကြီး လီဝမ်ဝမ်သည် တုပိုင်နှင့် တွေ့ဆုံပြီးနောက် လီမိသားစု စော်ဘွား ရုံးစိုက်ရာ ဝမ်ရှန်းမြို့သို့ အမြန်ဆုံး ပြန်လာခဲ့သည်။

ဤအချိန်တွင် ထိုနေရာရှိ ဒေသခံခေါင်းဆောင်များသည် ထိတ်လန့်တကြား ဖြစ်နေကြ၏။ လီမိသားစု တပည့်သားမြေးများ၏ မျက်နှာထားများ တည်ငြိမ်နေသော်လည်း လေးနက်မှု အရိပ်အယောင် အနည်းငယ် ရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ရှားလုံရွှို၏ လူ ၂ သောင်းကျော်သည် ဟုန်ဟယ်စီရင်စု တစ်ခုလုံးတွင် သောင်းကျန်းနေကြသည်။ လီမိသားစု စစ်တပ်က သူတို့ကို ဝိုင်းဝန်းပိတ်ဆို့ပြီး နှိမ်နင်းရန် ကြိုးစားနေသော်လည်း ဤလူရိုင်းစစ်သည်များသည် အလွန်လျင်မြန်လွန်းလှပြီး နေရာမရွေး ရွှေ့ပြောင်းတိုက်ခိုက်နိုင်သော တပ်ဖွဲ့အဖြစ် တိုက်ခိုက်နေကြသည်။

သူတို့ကို ဤအတိုင်း ဆက်လက် မီးရှို့ ၊ သတ်ဖြတ် ၊ လုယက်ခွင့် ပေးထားလျှင် ဟုန်ဟယ်စီရင်စု တစ်ခုလုံး၏ မူလချီစွမ်းအင် ဆိုးရွားစွာ ဆုံးရှုံးထိခိုက်သွားပေလိမ့်မည်။

လီဝမ်ဝမ်သည် လီရူဟိုင်၏ ဘေးတွင် ခေတ္တမျှ နေထိုင်ပြီးနောက် မီးနတ်ဘုရားဘာသာ စစ်တပ် ၃ ထောင်ကို ဦးဆောင်ကာ ရှားလုံရွှို၏ လူရိုင်းစစ်တပ်ကို ဝိုင်းဝန်းနှိမ်နင်းရန် ဟုန်ဟယ်စီရင်စုသို့ ထွက်ခွာသွားလေသည်။

**--**--**--**--**--**--**--**

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ စာမေးပွဲခန်းမထဲတွင် စိတ်ချရစေရန်အတွက် တုပိုင်သည် သူ၏ စိတ်စွမ်းအင်ကို စုစည်းပြီး အိပ်မက်နယ်ပယ်ထဲသို့ ဝင်ရောက်ကာ မင်မင်းဆက် ဝမ်လီခေတ်တွင် နန်းတွင်းစာမေးပွဲ ပထမဆုရရှိခဲ့သော ကျောက်ပင်ကျုံး၏ဧကရာဇ်တစ်ပါး၏ နိုင်ငံရေးနှင့် နှလုံးသားကို မေးမြန်းခြင်းစာစီစာကုံးကို ရှာဖွေလိုက်သည်။

ထပ်ခါထပ်ခါ ရွတ်ဆိုပြီးနောက် တုပိုင် မျက်လုံးဖွင့်ကာ နိုးထလာပြီး လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာသည်။ ချက်ချင်းပင် သူ၏ စာရေးသားမှုသည် နတ်ဘုရားတစ်ပါး လမ်းညွှန်ပြသနေသကဲ့သို့ ချောမွေ့သွားတော့သည်။

သူသည် ဆုန်မင်းဆက် ဧကရာဇ်ဟွေကျုံး၏ ရွှေမျှင်သွယ် လက်ရေးမူကို အသုံးပြုဆဲဖြစ်ပြီး စုတ်တံသည် စာရွက်ပေါ်တွင် ပျံသန်းနေသည်။ အနည်းငယ်သော ပြုပြင်မွမ်းမံမှုများဖြင့် သူသည် စာလုံးရေ တစ်ထောင်ရှိသော မူဝါဒရေးရာ စာစီစာကုံးကို စာရွက်ပေါ်သို့ တခမ်းတနား ကူးယူရေးသားလိုက်သည်။

တစ်ထိုင်တည်းနှင့် နာရီဝက်ပင် မကြာလိုက်ဘဲ သူသည် ဤလက်ရာမြောက် စာစီစာကုံး တစ်ပုဒ်လုံးကို ကူးယူပြီးစီးသွားခဲ့သည်။ အင်း မှားလို့ မှားလို့ သူ ရေးသားပြီးစီးသွားခဲ့သည်။

ဤအရာသည် အခြားသော ဖြေဆိုသူများအတွက် လုံးဝ မဖြစ်နိုင်သော ကိစ္စဖြစ်သည်။ မူဝါဒရေးရာ စာစီစာကုံးများသည် စိတ်စွမ်းအား အစိုက်ထုတ်ရဆုံးနှင့် အလွန် ပင်ပန်းခက်ခဲသော အရာဖြစ်သည်။ အနည်းဆုံး တစ်နာရီ၊ နှစ်နာရီခန့် စဉ်းစားချင့်ချိန်ခြင်း မပြုဘဲ ကောင်းမွန်သော စာစီစာကုံးတစ်ပုဒ် ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။

ထို့အပြင် ပြည်နယ်အဆင့် ဧကရာဇ်မင်းမြတ်စာမေးပွဲများနှင့် နှိုင်းယှဉ်လျှင် မိန်းမစိုးဂိုဏ်း ဘွဲ့ယူစာမေးပွဲ၏ တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်သည် အချိန်များစွာ ပိုတိုတောင်းသည်။

ထို့ကြောင့် မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲအတွက် စာစီစာကုံးများသည် ဧကရာဇ်မင်းမြတ် စာမေးပွဲများထက် များစွာ နိမ့်ကျလေ့ရှိသည်။

သို့သော် ယခုနှစ်တွင်မူ မတူညီတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုနှစ်တွင် ကွမ်တုံပြည်နယ်စာမေးပွဲမှ ကျူရန်ဘွဲ့ရထားသူ ထန်ယန် ပါဝင်နေသောကြောင့် ဖြစ်သည်။

စာမေးပွဲ စတင်သည်မှာ မကြာသေးသော်လည်း စာမေးပွဲစစ်ဆေးသူ အများအပြားသည် ထန်ယန်၏ စာစီစာကုံးကို ဖတ်ရှုရန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြပြီ ဖြစ်သည်။

ပထမဆုံး မူဝါဒရေးရာ စာစီစာကုံးကို ဖြေဆိုပြီးနောက် တုပိုင်သည် တိုင်းပြည်ဆိုင်ရာ စာပေလေ့လာရေးဘာသာရပ်၏ ဒုတိယမေးခွန်းကို ကြည့်လိုက်သည်။

ဤအရာသည် စာအုပ်ကြီးလေးအုပ်ဆိုင်ရာ မေးခွန်းဖြစ်ပြီး ခေါင်းစဉ်မှာ ကွန်ဖြူးရှပ်က ဆိုသည် လူတစ်ယောက်သည် မေတ္တာတရားနှင့် ပြည့်စုံရန် စိတ်ဆုံးဖြတ်ထားလျှင် ထိုသူ၌ မကောင်းမှုဟူသည် ရှိလိမ့်မည် မဟုတ်ဟူ၍ ဖြစ်သည်။

ခုနလေးတင် ဖြေဆိုသူ အများအပြား တိတ်တဆိတ် ဝမ်းသာအားရ ဖြစ်သွားကြသည်ကို သူ ကြားလိုက်ရသည်။ ဖြစ်နိုင်သည်မှာ ဤမေးခွန်းကြောင့် ဖြစ်ပေလိမ့်မည်။

ဤလူများသည် တကယ်ကို ငယ်ရွယ်လွန်းကြသေးသည်။ ဤမျှ ရင်းနှီးကျွမ်းဝင်သော ခေါင်းစဉ်ကို တွေ့ရသောကြောင့် သူတို့ ဝမ်းသာနေကြသည်။ သို့သော် အမှတ်အကောင်းဆုံး ရထားသူ အနည်းစုကမူ မျက်မှောင်ကြုတ်လိုက်ကြသည်။

ဤသည်မှာ တကယ့်ကို သာမန်ကာလျှံကာ ရိုးအီနေသော စာအုပ်ကြီးလေးအုပ်ဆိုင်ရာ မေးခွန်းမျိုး ဖြစ်သည်။

သို့သော် ထိုအချက်ကြောင့်ပင် ဤကဲ့သို့သော စာစီစာကုံးမျိုးကို ထူးခြားပြောင်မြောက်အောင် ရေးသားရန် အခက်ခဲဆုံး ဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် ဤခေါင်းစဉ်နှင့် ပတ်သက်ပြီး ခေတ်ပြိုင် စာစီစာကုံးများသည်လည်း သာမန်သာ ဖြစ်နေပြီး လူတိုင်း ရေးဖူးနေကြသော ခေါင်းစဉ်မျိုး ဖြစ်နေသောကြောင့် ဖြစ်သည်။

တုပိုင် စိတ်ထဲတွင် လှောင်ပြုံး ပြုံးလိုက်သည်။ ဤကဲ့သို့သော မေးခွန်းမျိုးနှင့် အမှတ်မြင့်မြင့် ရချင်တယ်လော။ ဤငတုံးတစ်သိုက် နေ့ခင်းကြောင်တောင် အိပ်မက်မက်နေကြခြင်းဖြစ်သည်ဟု တုပိုင်စိတ်ထဲမှ လှောင်ပြောင်လိုက်သည်​။ တုပိုင်တစ်ယောက် သူသည် သူများစာစီစာကုံးကို ကူးချထားကြောင်းကို မေ့သွားပုံရသည်။

ဤမျှ တိုတောင်းသော အချိန်အတွင်း ၊ မရေမတွက်နိုင်အောင် ရေးသားခဲ့ဖူးပြီးသား ခေါင်းစဉ်တစ်ခုအပေါ် ကောင်းမွန်သော စာစီစာကုံးတစ်ပုဒ် ထွက်လာအောင် ရေးနိုင်ရန်မှာပင် အတော်လေး ခက်ခဲနေပြီ ဖြစ်သည်။

သို့သော် တုပိုင်အတွက်မူ ဤကဲ့သို့ သာမန်ခေါင်းစဉ်မျိုးသည် ကြီးမားသော အားသာချက် တစ်ခု ဖြစ်နေသည်။ အကြောင်းရင်းမှာ ဤခေါင်းစဉ်သည် မင်မင်းဆက် ဧကရာဇ်မင်းမြတ် စာမေးပွဲများတွင် သေချာပေါက် ပါဝင်ခဲ့ဖူးပြီး တစ်ကြိမ်မက ပါဝင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။

စိတ်စွမ်းအင်ကို အသုံးပြုပြီး တုပိုင်သည် အိပ်မက်နယ်ပယ်ထဲသို့ နောက်ထပ်တစ်ကြိမ် ဝင်ရောက်လိုက်သည်။ တကယ်တမ်းတွင် ဤအဆင့်ရောက်နေပြီ ဖြစ်ရာ အိပ်မက်နယ်ပယ်ဟု ခေါ်ဆိုခြင်းက လုံးဝ မှန်ကန်မှု မရှိတော့ပေ။ သူ၏ စိတ်စွမ်းအင် ပိုမို တိုးတက်လာပြီ ဖြစ်သဖြင့် ဤသည်ကို နက်ရှိုင်းသော တရားထိုင်ခြင်းဟု ခေါ်ဆိုသင့်သည်။

အတိုင်းအဆမဲ့ စာကြည့်တိုက်ကြီးသဖွယ် ရင်းနှီးနေသော ထိုမြင်ကွင်းသည် နောက်ထပ်တစ်ကြိမ် ပေါ်လာသည်။ အတွင်းထဲတွင် သိမ်းဆည်းထားသည်များမှာ မူလကမ္ဘာမြေမှ ဧကရာဇ်မင်းမြတ် စာမေးပွဲများ၏ အောင်မြင်သော အဖြေလွှာများသာ ဖြစ်သည်။

ခေတ်ကာလ တူညီမှုရှိသောကြောင့် တုပိုင်သည် ၁၇ ရာစု မင်မင်းဆက်၏ ဧကရာဇ်မင်းမြတ် စာမေးပွဲများကို နောက်ထပ်တစ်ကြိမ် ရှာဖွေလိုက်သည်။ ပြီးခဲ့သည့်အကြိမ်က ရှာဖွေရခက်ခဲပြီး စိတ်ပျက်စရာကောင်းသော ပြည်နယ်စာမေးပွဲနှင့် မတူဘဲ တုပိုင်သည် အိပ်မက်အချိန် နာရီဝက်အောက်သာ အသုံးပြုပြီး ဤဧကရာဇ်မင်းမြတ် စာမေးပွဲ ခေါင်းစဉ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

မကြာမီ သူ နောက်ထပ်တစ်ပုဒ်ကို ရှာတွေ့ပြန်သည်။ ပြီးတော့ နောက်ထပ်တစ်ပုဒ်။ နောက်တစ်ဆင့် အနေဖြင့် အဖြေကို ရွေးချယ်ရတော့မည်။

ဧကရာဇ်ကျန့်တယ် လက်ထက်က အမတ်ချုပ်ကြီး လီတုန်းယန်၏ ပြည်နယ်စာမေးပွဲ စာစီစာကုံးကို ရွေးချယ်မည်လော။ သို့မဟုတ် ဧကရာဇ်ကျားကျင်း လက်ထက်က အမတ်ချုပ်ကြီး ယန်ထင်းဟယ်၏ စီရင်စုစာမေးပွဲ စာစီစာကုံးကို ရွေးချယ်မည်လော။

ဆက်လက် ကြည့်ရှုလိုက်ရာ ဧကရာဇ်ထျန်ချီ၏ ဆရာ စွန်းချန်ကျုံးလည်း ရှိနေသေးသည်။ သူသည်လည်း စူပါဘိုးဘေးကြီးတစ်ဦး ဖြစ်ပြီး နန်းတွင်းစာမေးပွဲတွင် ဒုတိယဆု (ပန်းယန်) ရရှိခဲ့သူ ၊ ဆိုလိုသည်မှာ တစ်နိုင်ငံလုံးတွင် ဒုတိယအတော်ဆုံး ပညာရှင် ဖြစ်ခဲ့သူ ဖြစ်သည်။

ဤသည်မှာ သာမန်ခေါင်းစဉ်များ၏ အားသာချက်ပင်။ စူပါဘိုးဘေးကြီး အများအပြားထဲမှ လွယ်ကူစွာ ရွေးချယ်နိုင်ပြီး ရာစုနှစ်ချီအောင် ရှာဖွေတာတောင် တစ်ပုဒ်မှ ရှာမတွေ့နိုင်သော ခက်ခဲသည့် စာမေးပွဲမေးခွန်းများနှင့် မတူညီပေ။ သာမန်လူများအတွက်မူ ဤကဲ့သို့ မကြာခဏ မေးလေ့ရှိသော ခေါင်းစဉ်မျိုးကို ထူးခြားပြောင်မြောက်အောင် ရေးသားရန်မှာ သေချာပေါက် မလွယ်ကူပေ။

သို့သော် လီတုန်းယန် ဖြစ်စေ ၊ စွန်းချန်ကျုံး ဖြစ်စေ ၊ ယန်ထင်းဟယ် ဖြစ်စေ သူတို့အားလုံးသည် ရာစုနှစ်တစ်ခုအတွင်း တွေ့ရခဲသော ဉာဏ်ကြီးရှင်များ ဖြစ်ကြသည်။

သူတို့သည် ဉာဏ်ကြီးရှင်များထဲမှ ဉာဏ်ကြီးရှင်များ ဖြစ်ကြသည်။ သာမန်ခေါင်းစဉ် ဖြစ်နေလျှင်ပင် သူတို့ရေးသားသော စာစီစာကုံးများသည် သေချာပေါက် တောက်ပနေမည် ဖြစ်ပြီး လူတိုင်း၏ လေးစားအားကျသော ရေရွတ်သံများကို ထွက်ပေါ်လာစေလိမ့်မည်။

ထို့အပြင် မိန်းမစိုးဂိုဏ်းအကယ်ဒမီ ဘွဲ့ယူစာမေးပွဲ အဆင့်မျိုးတွင် ဤကဲ့သို့သော စာစီစာကုံးမျိုးသည် နျူကလီးယားအဆင့် ဗုံးတစ်လုံး ဖြစ်ပြီး အခြားသော ဖြေဆိုသူများကို ဖုန်မှုန့်အဖြစ် ပြောင်းလဲပစ်ရန် လုံလောက်သည်။

ထန်ယန်သည် အလွန် ထူးချွန်ကောင်း ထူးချွန်ပေလိမ့်မည်။ သို့သော် ဤစူပါဘိုးဘေးကြီးများ၏ ရှေ့မှောက်တွင်မူ သူသည် လုံးဝ ယှဉ်ပြိုင်ဘက် မဟုတ်တော့ပေ။

အနည်းငယ် တုံ့ဆိုင်းပြီးနောက် တုပိုင်သည် ဧကရာဇ်ထျန်ချီ၏ ဆရာ စွန်းချန်ကျုံး၏ စာစီစာကုံးကို ရွေးချယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဤစာစီစာကုံးသည် ပြုပြင်မွမ်းမံမှု အနည်းငယ်သာ ပြုလုပ်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ ထို့အပြင် အသုံးအနှုန်းများသည် ပိုမို စိတ်ဓာတ်တက်ကြွဖွယ် ကောင်းပြီး ဤစာမေးပွဲစစ်ဆေးသူ မိန်းမစိုးများ၏ အရသာနှင့် လုံးဝ ကိုက်ညီမှု ရှိသည်။

ရှစ်ပိုဒ်ဖွဲ့ စာစီစာကုံး ပုံစံသည် နှိုင်းယှဉ်ချက်အရ တိုတောင်းပြီး ပုံမှန်အားဖြင့် စာလုံးရေ တစ်ထောင်အောက်သာ ရှိသဖြင့် မူဝါဒရေးရာ စာစီစာကုံးနှင့် နှိုင်းယှဉ်၍ မရပေ။

ထို့ကြောင့် တုပိုင်၏ ရွှေမျှင်သွယ် လက်ရေးမူသည် နောက်ထပ်တစ်ကြိမ် လွတ်လပ်စွာ စီးဆင်းသွားပြီး တစ်ဆက်တည်း ပြီးဆုံးသွားသည်။ ကမ္ဘာ့အဆင့်မီ ရှစ်ပိုဒ်ဖွဲ့ စာစီစာကုံးတစ်ပုဒ်သည် စာရွက်ပေါ်သို့ ခုန်ဆင်းသွားလေတော့သည်။

အပိုင်း ၂၄၄ ပြီး။

All Chapters