တုကူချိုး
Vol. 1 Ch. 495
ကျူးကော့ချင်းယွင် အသတ်ခံခဲ့ရသည့် အချိန်၌ ကျန်းရီက ကိစ္စတစ်ရပ်ကို သံသယရှိခဲ့သည်။ ထိုအဖြစ်အပျက်၏ နောက်ကွယ်တွင် ကြိုးကိုင်သည့်သူက သိုင်းခန်းမဖြစ်ရမည် ဟူ၍ပင်။ ရွှေယို့လန်က နေနက်မိစ္ဆာနှင့် အဖြစ်အပျက်ကို နတ်မိမယ်ကျီ လှုံ့ဆော်ခဲ့ခြင်းဟု ဆိုခဲ့သည်။
နတ်ဆိုးဧကရီ ထွက်သွားသည့် အချိန်၌ ကျန်းရီက သိုင်းခန်းမသည် တမလွန်လောကနှင့် အဆက်အသွယ် ရှိလားဟူ၍ သူမကို မေးခဲ့သည်။ သို့သော် နတ်ဆိုးဧကရီက ချွင်းချက်မရှိ ဖြေကြားခဲ့၏။ သိုင်းခန်းမသည် အလွန်ဂုဏ်ကျက်သရေရှိပြီး ထိုကဲ့သို့သော ညစ်ပတ်သည့် ကိစ္စရပ်များနှင့် ဆက်နွယ်မှု မရှိဟု ဆိုခဲ့၏။ ထို့ကြောင့် ကျန်းရီက ထပ်မံဇဝေဇဝါ ဖြစ်ခဲ့ကာ မသေချာမရေရာသည့် ကိစ္စများစွာ ပေါ်လာတော့သည်။
ယခုအချိန်တွင် အဝါရောင်ဝတ်စုံဖြင့် အမျိုးသမီးကို မြင်တွေ့ပြီးနောက် ကျန်းရီ၏ သံသယများ ပျောက်ကွယ်ကုန်၏။ နေနက်မိစ္ဆာနဲ့ ကျူးကော့ချင်းယွင်း၏ အသတ်ခံရမှု၊ မဟာရှတိုင်းပြည်ကို ပြည်ထောင်ငါးခု တိုက်ခိုက်ခြင်း၊ ကောင်းကင်ကြယ်တာရာမြို့ထဲရှိ အဆုံးအဖြတ် တိုက်ပွဲ၊ ထိုအဖြစ်အပျက်အားလုံးနှင့် ပတ်သက်ပြီး (၁၀၀)ရာခိုင်နှုန်း သူ သေချာသွားပြီဖြစ်သည်။
ဖြစ်ရပ်များနောက်ကွယ်၌ အားလုံးကို ထိန်းချုပ် ချုပ်ကိုင်နေသည့်သူက သိုင်းခန်းမပင် ဖြစ်သည်။
“ကျီထင်ယွီ..”
ကျန်းရီ၏ မျက်နှာက ပိုမိုရှုပ်ထွေးလာပြီးနောက်၊ တစ်ခါတုန်းက သူ စိတ်လှုပ်ရှားခဲ့ဖူးကာ သူ့ကို အကျိုးကျေးဇူးတစ်ခါပေးခဲ့ဖူးသည့် မိန်းကလေးကို စိုက်ကြည့်လိုက်သည်။ အဆုံးတွင်မူ သူမက ကျန်းယွီလျိုကို ရွေးချယ်ခဲ့ပြီး သူတို့ ရန်သူများ ဖြစ်လာခဲ့သည်။
ထိုမိန်းကလေးသည် ပုလဲမှုန်အစည်းအရုံးဗိမ္မာန်ကို အသက်(၁၃)နှစ် အရွယ်တွင် ဦးစီးခဲ့ပြီး ပုလဲမှုန်အစည်းအရုံးဗိမ္မာန်ကို ကောင်းကင်တောင်ပံမြို့၌ အကောင်းဆုံး ကုန်သွယ်ရေး လုပ်ငန်းဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကောင်းကင်တောင်ပံမြို့မှ လူများကို အထင်သေးသည့် မိန်ကလေးတစ်ဦး ဖြစ်ကာ သူမသည် ဂုဏ်ယူဝင့်ကြွား မောက်မာထောင်လွှားပြီး နတ်ဆိုးကဲ့သို့ ဉာဏ်ရည်မျိုး ရှိသည်။ ကောင်းကင်တောင်ပံမြို့၏ လူငယ်သခင်လေးများ၊ သားရဲကျောင်းတော်တွင် တက်ရောက်နေသည့် သူများအပါအဝင် သူမ၏ လှည့်ပတ်ဆော့ကစား အသုံးချခြင်းကို ခံခဲ့ရသည်။ ငယ်ငယ်ရွယ်ရွယ်တည်းက ဧကရီတစ်ပါးဖြစ်ရန် ဆုံးဖြတ်ချက် ချခဲ့ပြီး ဖြစ်သည်။
ကောင်းကင်ဧကရာဇ်၏ အုတ်ဂူ၊ နဂါးတစ်သောင်း တောင်ကြားထဲတွင် သူမက အကောက်ကြံခဲ့ပြီး ကျန်းရီကို ဆိုးဆိုးဝါးဝါး အဆုံးသတ် ရခါနီး ဖြစ်စေခဲ့သည်။ ကံကောင်းသည်မှာ သူက ကောင်းကင်ဧကရာဇ်၏ အုတ်ဂူအစစ်အမှန်ထဲ ဝင်နိုင်ခဲ့ပြီး မီးဝိညာဉ်ပုလဲလုံးကို ရယူနိုင်ခဲ့ကာ ထိုနေရာမှ အောင်အောင်မြင်မြင် အသက်ရှင်လျက် ထွက်နိုင်ခဲ့၏။ ဝိညာဉ်သားရဲကျောင်းတော်သို့ အပြန်လမ်းတွင် ကျီထင်ယွီ ပျောက်ကွယ်သွားသည်။ ထိုစဉ်က ကျန်းရီက နောင်တရမိခဲ့သည်။ သူသည် နဂါးတစ်သောင်း တောင်ကြားထဲတွင် သူမကို မသတ်နိုင်ခဲ့သောကြောင့် နောက်ပိုင်းတွင် လက်စားချေရန် အခွင့်အရေးကို မရှာခဲ့တော့ပေ။ ထိုစဉ်က ကျီထင်ယွီသည် ချဲ့ကား ပြုလုပ်နေခြင်းဟုလည်း သူ ယုံကြည်ခဲ့သည်။
ယခု ကျီထင်ယွီ အဝေးသို့ ထွက်ပြေးသွားခြင်းက သူမကို သူသတ်မည်ကို ကြောက်သောကြောင့် မဟုတ်မှန်း သိလိုက်ရသည်။ ထိုအစား သူမက ဝိညာဉ်သားရဲတောင်တန်းတွင် နေရန် အကြောင်း မရှိတော့သောကြောင့် ဖြစ်သည်။ ကျောင်းတော်၌ နေနေခဲ့လျှင် ဧကရီဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပေ။
သူမသည် ရည်မှန်းချက် ကြီးသည့် မိန်းကလေး တစ်ဦးဖြစ်ပြီး ကျန်းရီ ဖိအားပေးတာ မခံလိုပေ။ သိုင်းခန်းမကို ဝင်ရောက်ပြီး အရင်းအမြစ်များကို အားထားတာ လျင်လျင်မြန်မြန် အဆင့်တက်ပြီး သိုင်းခန်းမ၏ နတ်မိမယ် ဖြစ်လာခဲ့သည်။
ယခု ကျန်းရီက ကောင်းကင်ကြယ်တာရာမြို့ထဲရှိ သိုင်းခန်းမခွဲသခင် နှုတ်ဆက်တာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ပထမဆုံးနှုတ်ဆက်သည်က သိုင်းခန်းမမှုးနှင့် ဒုတိယက နတ်မိမယ်ကျီ ဖြစ်သည်။ ယင်းက မည်သည်ကို ဆိုလိုသနည်း။ ကျီထင်ယွီ၏ ရာထူးသည် အကြီးအကဲနှစ်ဦး အထက်တွင် ရှိပြီး သူမက သိုင်းခန်းမ၌ နံပါတ်နှစ် ဖြစ်ပေသည်။
အနှောင့်အယှက် အဟန့်အတားများ မရှိသည့် မိန်းမငယ်လေးတစ်ဦးက သူမ၏ ဉာဏ်ရည်ကိုသာ အားကိုးပြီး အမြင့်တက်ခဲ့ကာ လူပေါင်းများစွာ တစ်ဘဝလုံး မလုပ်ဆောင်နိုင်သည့် အရာကို ပြီးမြောက်အောင် လုပ်ဆောင်ရန် နှစ်နှစ်သာ အသုံးပြုခဲ့သည်။ ယခုအချိန်တွင် ရန်သူဖြစ်စေ၊ မိစ္ဆာဖြစ်စေ အရေးမကြီး ကျန်းရီက ကျီထင်ယွီကို လေးစားမိပေ၏။
“ဟား ဟား ကျန်းရီ ဒီလူအိုကြီးက တုကူချိုး၊ ငါတို့ ဒါ ပထမဆုံးတွေ့တာ ဆိုပေမဲ့ မင်းရဲ့အကြောင်းကို ကြားဖူးနေတာ ကြာပြီ စကားပြောကြရင် ဘယ်လိုလဲ”
နွေးထွေးသည့် အသံတစ်သံက ထွက်ပေါ်လာပြီး ကျန်းရီကို သူ၏ အာရုံနှစ်ဝင်မှုထဲမှ ဆွဲထုတ်လိုက်သည်။ သူ့အကြည့်က အဖွဲ့အတွင်းရှိ လူရွယ်ဆီသို့ ရောက်သွားသည်။ သိုင်းခန်းမ၏ ခန်းမခေါင်းဆောင် ဖြစ်ပေသည်။
သူက ကြည့်ကောင်းပြီး ကျက်သရေရှိသော လူရွယ်တစ်ဦး ဖြစ်သည်။ သူ၌ ကောင်းမွန်သည့် မုတ်ဆိတ်ပုံပန်းသွင်ပြင်ရှိပြီး တုကူရန်နှင့် ဆင်တူသည်။ အရပ်မရှည်သော်ငြား မဝပေ။ ကျန်းရီက သူ၏ အရှိန်အဝါကို ချက်ချင်းစစ်ဆေးကြည့်လိုက်ပြီး စိတ်ထဲ အံ့သြသွား၏။ သိုင်းခန်းမ၏ ခန်းမခေါင်းဆောင်သည် ဘာဂျာရာနယ်ပယ် အမြင့််ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ယခင်က နယ်မြေတစ်ခုလုံး၌ သူက အဆင့်သုံး သို့မဟုတ် အဆင့်လေးဟု ကောလာဟလ ရှိခဲ့သည်။ သို့သော် ထိုအရာက ပြက်လုံးတစ်ခုမျှသာ ဖြစ်နေပုံပေါ်သည်။ တုကူချိုး၏ ခွန်အားက လင်းဂိုဏ်း၏ ဘိုးဘေးထက် မလျော့ပေ။
ဘီး..
ကျန်းရီ၏ ခန္ဓာကိုယ်က ရင်ပြင်ဆီသို့ နေရာရွှေ့ပြောင်းသွားသည်။ သူက လက်တစ်ချက် ဝေ့ယမ်းပြီးနောက် အော်လိုက်၏။
“အားလုံး ပြန်ဆုတ်ပြီး အနောက်ဘက်မှာ တန်းစီ..”
ကျန်းရမ်ထူ၊ ကျန့်ရီမင်နှင့် ကျန်သူများက တလေးတစားနှင့် အော်လိုက်ပြီးနောက် သူတို့တပ်ဖွဲ့ကို နောက်ဆုတ်ရန် ထိန်းချုပ်လိုက်သည်။ သူတို့၏ မဟာမိတ်တပ်ဖွဲ့များက အရှေ့ဘက်တွင် စုဝေးနေ၏။ လူများစွာက တုကူချိုးကို စိတ်ပူပန်စွာ ကြည့်ပြီး စိတ်မအေးနိုင် ဖြစ်နေကြသည်။ သူတို့၏ ကံကြမ္မာသည် သိုင်းခန်းမမှ ထိုလူလေးဦး၏ လက်ထဲတွင် ရှိမှန်း သူတို့ သိပေ၏။
“ကျန်းရီ ဒီနေရာက ဆူလွန်းတယ်၊ သိုင်းခန်းမထဲ သွားရင်ရော ဘယ်လိုလဲ”
တုကူချိုးက ခပ်ရေးရေး ပြုံးလိုက်၏။ သူက ကျန်းရီကို ခေါင်းတစ်ချက် ညိတ်ပြပြီးနောက် ကျီထင်ယွီကို သိုင်းခန်းမထဲ ခေါ်သွားတော့သည်။
လင်းရွှယ်နှင့် စစ်သူကြီးလုံတို့က မျက်ခုံးပင့်မိသွားကြကာ ဝေခွဲမရ ဖြစ်သွားသည်။ တုကူချိုး ရောက်လာချိန်၌ သူက အလွန် ဖော်ရွေတတ်ပုံပေါ်သည်။ သူသည် ကျန်းရီကို သတ်မည့်အစား ငြိမ်းချမ်းရေးအတွက် ပြောရန် ဤနေရာသို့ ရောက်လာသည်လော။
ဝှစ်..
ငွေပန်းပွင့်အဘွားအိုနှင့် ယာ့ဇီသားရဲက ဆင်းလာပြီး ကျန်းရီကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်သည်။ ကျန်းရီက အမိန့်ပေးခဲ့လျှင် ထိုလူနှစ်ဦးက အနည်းငယ်လေးတောင် စိုးရိမ်ကြောင့်ကြ ပူပန်မှု မရှိဘဲ သိုင်းခန်းမကို မြေပြင်ပေါ် ပြားပြားဝပ်သွားအောင် ပြုလုပ်လိုက်မှာပဲ ဖြစ်သည်။
ကျန်းရီက လက်ကာပြလိုက်ပြီး သိုင်းခန်းမဆီ ချက်ချင်း လျှောက်သွားလိုက်၏။ တံခါးဝ၌ ငွေပန်းပွင့်အဘွားအိုသည် သူ့နောက်လိုက်ပြီး အထဲသို့ ဝင်ရန် ပြင်ဆင်နေတာကို သူ သတိပြုမိလိုက်သည်။ မျက်နှာထားက လေးနက်တည်ကြည်ကာ ပြောလိုက်သည်။
“မင်းတို့ နှစ်ယောက် အပြင်မှာ စောင့်နေ၊ ကျုပ်ရဲ့အမိန့်မရဘဲ ဘယ်သူမှ ဝင်ခွင့် မရှိဘူး”
“အမ်..”
ငွေပန်းပွင့်အဘွားအို၊ လုစစ်သူကြီးနှင့် ကျန်သည့်သူများက အံ့သြသွားကြသည်။ ကျန်းရီ၏ အကျင့်စရိုက်က အမြဲတမ်း ခေါင်းမာနေကျ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူက နာခံနေသည်လော။ သူသည် သိုင်းခန်းမနှင့် ညှိနှိုင်းရန် အမှန်တကယ် ပြင်ဆင်ထားသည်လော။
ကျန်းရီသည် နာခံနေခြင်းမှာ ကျီထင်ယွီ၏ အကြည့်ထဲမှ သတင်းစကားအချို့ ရရှိပြီးသောကြောင့် ဖြစ်သည်။ ကျန်းရှောင်နူနှင့် ကျန်သည့်သူများက အဖမ်းခံထားရပြီး သူတို့ကို သိုင်းခန်းမက ဖမ်းထားတာပဲ ဖြစ်သည်။
လင်းဂိုဏ်း၏ ဘိုးဘေးသည် ကျန်းရှောင်နူကို လမ်းစပျောက်သွားပြီး သူမကို အချိန်အတော်ကြာ ရှာခဲ့သော်ငြား သူတို့ရှိသည့်နေရာကို မတွေ့ခဲ့ပေ။ အင်အားစုငါးစုကလည်း ကျန်းရီ ကြိမ်းမောင်းတာ ခံခဲ့ရသောကြောင့် သူတို့ထံ ကျန်းရှောင်နူ ရှိနေခဲ့လျှင် သူတို့ လွှတ်ပေးမှာပဲ ဖြစ်သည်။ ထို့ကြောင့် တစ်ခုတည်းသော ဖြေရှင်းချက်က ကျန်းရှောင်နူသည် သိုင်းခန်းမ၏ လက်ထဲတွင် ရှိနေတာပဲ ဖြစ်သည်။ သိုင်းခန်းမ၌သာ ကျန်းရှောင်နူနှင့် ကျန်သည့်သူများကို အပြည့်အဝ ပျောက်ကွယ်သွားအောင် လုပ်နိုင်သည့်စွမ်းရည် အပြည့်အဝ အရည်အချင်း ရှိတာ ဖြစ်သည်။
သိုင်းခန်းမက စကားပြောချင်သောကြောင့် သူတို့ အရင်ဆုံး စကားပြောပြီး အဆင်မပြေ ဖြစ်ချိန်မှ ထပ်မံ ဆုံးဖြတ်မည် ဖြစ်သည်။
ကျန်းရီက သိုင်းခန်းမထဲသို့ ဝင်သွားလိုက်သည်။ ကောင်းကင်ကြယ်တာရာမြို့၏ သိုင်းခန်းမခွဲက ပိုကြီးမားပြီး ကြီးမားသည့် ခန်းမတစ်ခု ရှိပေသည်။ သိုင်းခန်းမ၏ အတွင်းပိုင်းက အပြည့်အဝ ရှင်းလင်းနေပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ဦးက လေးလေးစားစား စောင့်ဆိုင်းနေပြီး ကျန်းရီ ဝင်လာသည့်အချိန်၌ သူမက လေးလေးစားစား ပြောလိုက်သည်။
“ကိုယ်စားအုပ်ချုပ်သူ ဒီလမ်း ကျေးဇူးပြုပြီး..”
ကျန်းရီသည် ထိုအမျိုးသမီးနောက်ကို လိုက်ပြီး စင်္ကြံဘက်ကို လျှောက်သွားကာ လှပသည့် အခန်းထဲ ဝင်သွားလိုက်သည်။ အခန်းက ကြီးမားပြီး အကြီးအကဲ နှစ်ဦးနှင့် ကျီထင်ယွီက ဘယ်ဘက်တွင် ထိုင်နေကာ တုကူချိုးက အလယ်တွင် ထိုင်နေ၏။ ကျန်းရီထိုင်ရန်အတွက် သီးသန့် ပြင်ဆင်ပေးထားသော ခြင်္သေ့ကုလားထိုင်လည်း ရှိပေသည်။
“ဟား ဟား ဟား မင်းက နှစ်တစ်သောင်းမှာ တစ်ယောက် ပေါ်လာတဲ့ ဒီနယ်မြေရဲ့ နံပါတ်တစ် ထူးချွန်သူဆိုတာ အံ့သြစရာ မရှိဘူးပဲ၊ ဒီလိုသတ္တိမျိုးက လေးစားလောက်ပါပေရဲ့၊ ကျန်းရီ ကျေးဇူးပြုပြီး ထိုင်ပါ”
သူသည် ကျန်းရီ ဝင်လာတာကို မြင်သည့် အချိန်၌ တုကူချိုးက ကြိုဆိုရန် မတ်တတ်ထရပ်ရာ ကျီထင်ယွီနှင့် ကျန်သည့်သူများကလည်း ထရပ်လိုက်သည်။
ကျန်းရီက အနည်းငယ် ပြုံးပြီးနောက် ကုလားထိုင်ဆီသို့ လျှောက်သွားကာ ထိုင်လိုက်၏။ တုကူချိုးက လက်ကာပြပြီးနောက် ကျန်သည့်သူများကိုလည်း ထိုင်ခိုင်းလိုက်တော့သည်။ သူထိုင်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။
“ခန်းမသခင်ယွီ ကိုယ်စားအုပ်ချုပ်သူကျန်းကို လက်ဖက်ရည် ဧည့်ခံလိုက်”
မိန်းမလှလေးက အစေခံဆီမှ လက်ဖက်ရည်ခွက်ကို ယူပြီး ကျန်းရီအား ပေးလိုက်၏။ သူမက အရိုအသေပေးပြီးနောက် ခွက်ကို ရှေ့သို့ ချပေးကာ နောက်ပြန်ဆုတ်သွားသည်။ ကျန်းရီက လက်ဖက်ရည် သောက်ချင်စိတ် မရှိပေ။ အဆိပ်ခတ်ထားမှာကိုလည်း စိုးရိမ်မိ၏။ ခဏအကြာတွင် သူ့အကြည့်က တုကူချိုးဆီ ရောက်သွားပြီး မေးလိုက်သည်။
“နတ်ဆိုးဧကရီ မထွက်သွားခင်တုန်းက သိုင်းခန်းမက ဂုဏ်သရေရှိပြီး သေးနုပ်နုံဖျင်းတဲ့ ကိစ္စရပ်တွေ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလို့ ပြောခဲ့တယ် သိုင်းခန်းမသခင်ကလည်း ဘက်မလိုက်တတ်တဲ့ သတ္တိရှိတဲ့ သူရဲကောင်းတစ်ယောက်လို့ ကြားထားတယ် ဒီနေ့ ဒါတွေအားလုံး ဟာသတစ်ခုပဲ ဆိုတာ သိလိုက်ရတယ်”
ဝှစ် ဝှစ် ဝှစ်..
အကြီးအကဲလုနှင့် အကြီးအကဲကျန်း၏ မျက်နှာထားက ပြောင်းလဲသွားပြီး ဒေါသထွက်သွားသည်။ သူတို့၏ အရှိန်အဝါများက ပေါက်ကွဲထွက်လာပြီး နှစ်ယောက်လုံးက ထရပ်လိုက်၏။ ဆန့်ကျင်ဘက် အနေဖြင့် တုကူချိုး၏ အကြည့်က မပြောင်းမလဲ ရှိနေသေးသည်။ သူက အကြီးအကဲ နှစ်ယောက်ကို ထိုင်ခိုင်းပြီးနောက် ကျန်းရီဘက်လှည့်ကာ ပြောလိုက်တော့သည်။
“ကျန်းရီ ဒီကိစ္စတွေကို ဘာကြောင့် ပြောတာလဲ”
ကျန်းရီက သုန်မှုန်သည့် အမူအရာ ရှိနေပြီး သူ့တစ်ကိုယ်လုံးက ဒေါသကြောင့် တုန်ယင်နေစဉ် နှုတ်ခမ်းက အနည်းငယ် ကွေးတက်သွား၏။ သူက လှောင်ပြောင်ကာ ပြောလိုက်သည်။
“မင်းတို့အားလုံးက ကျုပ်ကို သတ်ဖို့ အကြိမ်ပေါင်းများစွာ စီစဉ်ခဲ့တယ်၊ ကျုပ် တစ်ခါမှ စောဒက မတက်ခဲ့ဘူး။ ကျောင်းအုပ်ကျူးကော့ကို သတ်နိုင်ရင် ဒါက မင်းတို့ရဲ့ အရည်အချင်းပဲ မင်းတို့ လုပ်ကြံတာပဲ ဖြစ်ဖြစ် မင်းတို့ ပြောင်ပြောင်တင်းတင်း တိုက်ခိုက်တာပဲ ဖြစ်ဖြစ် မင်းတို့ ငါ့ကို သတ်နိုင်ရင်လည်း ငါ လက်ခံတယ် ဒါပေမဲ့ မင်းတို့က ငါ့ရဲ့ချစ်သူ၊ ငါ့အစေခံနဲ့ ငါ့အဘိုး ငါ့ ညီအစ်ကိုတွေ အားလုံးကို ပြန်ပေးဆွဲသွားပြီးတော့ ငါ့ကို အကြပ်ကိုင်မလို့ မဟုတ်လား၊ ဒါက ကျုပ် ကျန်းရီကို မင်းတို့အပေါ် ရင်ထဲကနေ ရှုပ်ချ အထင်သေးစိတ် ဖြစ်စေတယ်၊ လက်စားချေတာက မိသားစုဝင်တွေ မပါသင့်ဘူး။ သိုင်းခန်းမခေါင်းဆောင် တုကူချိုးက ဒီသဘောတရားကို နားမလည်ဘူးလို့တော့ မပြောနဲ့နော်”
***