← Chapters

အဓိပတိမဟာမိတ်မှ လူသားမျိုးနွယ်၏ လျှို့ဝှက်သမိုင်း။

Vol. 20 Ch. 283

အဓိပတိမဟာမိတ်မှ လူသားမျိုးနွယ်၏ လျှို့ဝှက်သမိုင်း။

Vol. 20 Ch. 283

ချင်းယန်သည် မုန့်ထျန်းရွှမ်ဆီက ဇာတ်လမ်းကို စဥ်းစားရင်း သူ့မှတ်ဉာဏ်တွေထဲ ဝင်ရောက် ရှာဖွေနေခဲ့သည်။ စာကြည့်တိုက်မှာလည်း အနှီမှတ်တမ်းများက အကြာကြီး ပျောက်ကွယ်နေခဲ့တာကြောင့် အပိုင်းအစတစ်ခုတောင်မှ မရှိတော့ချေ။

တွင်းနက်ကြီးတစ်ခုသည် လူတိုင်း၏ ဦးခေါင်းထက်တွင် မြင့်မားစွာ ချိတ်ဆွဲထားလေသည်။

သို့သော် လူတိုင်းက ၎င်းကို ဘဝ၏တစ်စိတ်တစ်ပိုင်းဟုဟာ ယူဆကြပြီး ကြီးမားကျယ်ပြန့်သော သမိုင်းမှတ်တမ်းများကပင် လူတိုင်းကို လှည့်ဖြားခဲ့သည်။

တစ်စုံတစ်ယောက်မှ ထိုသမိုင်း၏ အစိတ်အပိုင်းကို ဖျက်စီးပစ်ခဲ့သလိုပင်။

"ဟမ့် မှတ်တမ်းမရှိတာ ပုံမှန်ပဲမဟုတ်ဘူးလား"

၎င်းကိုကြားတော့ မုန့်ထျန်းရွှမ် ပြုံးပြီး သူ့လက်အောက်မှ ကြယ်စွမ်းအင်ပြကွက်ကို ပြောင်းလိုက်သည်။ နောက်အခိုက်၌ ကြယ်ရောင်ကောင်းကင်ကြီး ပြောင်းလဲသွားကာ ကောင်းကင်အထက်တွင် တွင်းနက်ကိုးပေါက်အဖြစ် ပြောင်းလဲသွားလေ၏။

မရေမတွက်နိုင်သော ဥက္ကာပျံများကဲ့သို့ အလင်းတန်းများသည် ထိုအတွင်းမှ ထိုးထွက်လာပြီး ကြယ်တံခွန်ကဲ့သို့ အလင်းတန်းများကလည်း အနှီအလင်းတန်းများ နောက်သို့ လိုက်ကာ မြေပြင်ပေါ်သို့ ကြွေကျလာခဲ့သည့်အခိုက် တောင်တန်းများကို ကွဲအက်သွားစေခဲ့သည်။

"အဲဒီတုန်းက ကောင်းကင်ပေါ်က တွင်းနက်ကိုးခုက မတည်ငြိမ်ဘူး... အာကာသကို ဖြတ်ကျော်လာတဲ့ အားကောင်းမောင်းသန် ဂြိုလ်သားတွေက လုံး၀ ကြိုတင်ပြင်ဆင်တာ မရှိတော့ ကောင်းကင်တာအိုရဲ့ ကံကြမ္မာ နောက်ဆက်တွဲဒဏ်ကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခဲ့တယ်..."

မုန့်ထျန်းရွှမ်သည် ချင်းယန် နားလည်စေဖို့ အသေးစိတ် အချက်အလက်များကို ပြသရန် ကြယ်ရှုခင်းများထဲမှတစ်ခုကို ညွှန်ပြလိုက်သည်။

ဥက္ကာပျံ ရိုက်ခတ်ထားသည့်နေရာသည် ဘဲဥပုံသဏ္ဍာန်ဖြစ်သွားပြီး တောင်တန်းများအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်ကာ ပြိုကျလာသော အပျက်အစီးများကြောင့် နစ်မြုပ်သွားခဲ့သည်။

"သူတို့ရဲ့ သေလုမျောပါး အတွေ့အကြုံက သူတို့ကို နက်နက်ရှိုင်းရှိုင်း အိပ်မောကျသွားစေခဲ့တယ်၊ ငါတို့ ကမ္ဘာပေါ်က သတ္တဝါတွေက ဒီကံဆိုးမှုကနေ ကံကောင်းလို့ လွတ်သွားကြတာ... ဒီကြယ်တွေရဲ့ စွမ်းအားကို သုံးပြီး အရှိန်ပြင်းပြင်းနဲ့ တိုးတက်ဖို့ သိုင်းပညာ လေ့ကျင့်မှု လမ်းကြောင်းပေါ် ရောက်ဖို့ ဘိုးဘေးတွေက စတင်ခဲ့ကြတာ....အဲ့ကနေ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေကို စုပ်ယူနိုင်ခဲ့တာ"

"အဲ့လိုကိုး..."

ထိုအခါ ချင်းယန်သည် ဝေလငါးတစ်ကောင် ကြယ်များကြား ကူးခတ်နေသည့်အလား ကြွေကျလာနေသော ကြယ်စွမ်းအင်များကြောင့် အရာခပ်သိမ်း ပြန်လည်ရှင်သန်ပြီး ရှင်သန်ကြီးထွားနေသော နေရာဆီသို့ လှည့်ကြည့်လိုက်သည်။ ထိုအခိုက်အတန့်၌ လောကီသတ္တဝါတို့သည် ၎င်းတို့၏ သာမန်အခြေအနေမှ လွတ်မြောက်သွားကြပါပြီ။

ထို့နောက် လူသားမျိုးနွယ်စုလည်း ကြီးပွားတိုးတက်လာခဲ့သည်။

"အဲဒီကာလမှာ လူသားတွေက မရေမတွက်နိုင်တဲ့ အစွမ်းထက် ပုဂ္ဂိုလ်တွေနဲ့ ထူးချွန်ထက်မြက်တဲ့ စွမ်းရည်ပိုင်ရှင်တွေကို မွေးထုတ်ခဲ့တယ်... ဒါပေမဲ့ နောက်ဆုံးမှာတော့ အဲဒီရွှေခေတ်က ခဏတာပါပဲ..."

မုန့်ထျန်းရွှမ် သက်ပြင်းချလိုက်ပြီး မျက်ခုံးတို့တွန့်ကာ ကြယ်ဖန်သားပြင်ဆီမှ သူ့လက်ကို ရုတ်သိမ်းလိုက်သည်။

"နောက်နှစ်ငါးရာအတွင်းမှာ ဒီတွင်းနက်ထဲက စွမ်းအားကြီးတွေ နောက်တစ်ကြိမ် ပြန်နိုးထလာလိမ့်မယ်.. အထွတ်အထိပ်ကိုရောက်တဲ့ စွမ်းအားတွေကို သူတို့နဲ့အတူ ယူဆောင်လာမယ် အိမ်မွေးလူသားမျိုးနွယ်ကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ပြီး စွမ်းအားကြီးတဲ့ အာဏာကို ထူထောင်လိမ့်မယ်... သူတို့က သားရဲတိရစ္ဆာန်တွေကို ပြုပြင်မွမ်းမံဖို့၊ တိရိစ္ဆာန်တွေကို ဉာဏ်ရည်ဉာဏ်သွေးနဲ့ ထောက်ပံ့ပေးဖို့၊ လူသားမျိုးနွယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက်ဖို့နဲ့ ငါတို့ကို သက်သက်မဲ့ သတ်ပစ်ဖို့အတွက် ကြယ်စွမ်းအင်တွေကို သုံးလာကြလိမ့်မယ်"

"?"

ဤသည်ကိုကြားသောအခါ ချင်းယန် အနည်းငယ် မျက်မှောင်ကြုတ်ပြီး :"ကျွန်တော်တို့လူသားမျိုးနွယ်ကို ဒီလိုအနိုင်ကျင့်ဖို့ ဘယ်ကနေ သတ္တိရလာတာလဲ ကျွန်တော်တို့မှာ ကျောရိုးမရှိဘူးလို့ တကယ်ထင်နေတာလား"

"ဟုတ်တယ် အဲဒီလူသားဘိုးဘေးတွေကလည်း မင်းလိုပဲ ထင်ခဲ့ကြတာ!"

မုန့်ထျန်းရွှမ်သည် သွားများကို အံကြိတ်ကာ လက်သီးများကို တင်းနေအောင် ဆုပ်ထားလိုက်သည်။

"ငါတို့ ခံနိုင်ရည်ရှိရမယ် တခြားသူတွေ လက်အောက်က ခွေးတွေ ဖြစ်လို့မရဘူး! ချင်ယန် မင်းသိလား... ဒီကမ္ဘာကြီးကို လှုပ်ခတ်စေတဲ့ စစ်ပွဲက သုံးနှစ်တောင် ကြာသွားတယ်.. ကမ္ဘာကြီးရဲ့ တောင်တန်း၊ မြစ်တွေက လမ်းပြောင်းသွားတယ်... မရေမတွက်နိုင်တဲ့ ကြယ်စစ်သည်တွေရဲ့ အလောင်းကောင်နဲ့ သွေးပင်လယ်တွေက ဒီကုန်းမြေကို ကြက်သွေးရောင် ပြောင်းစေခဲ့တယ်..."

မုန့်ထျန်းရွှမ် ထိုဇာတ်လမ်းကို ပြန်ပြောပြနေချိန်၌ ချင်းယန်၏ အမြင်အာရုံတို့ တောက်ပလာသည်။ ထိုဘုန်းကြီးခဲ့သော ခေတ်ကာလကို သူ၏မျက်လုံးထဲ၌ မြင်နေရသည့်အတိုင်းပင်။

သူ၏ဘိုးဘေးများသည် ဓားနှင့်လှံများကိုင်ဆောင်ကာ ကျူးကျော်ဝင်ရောက်လာသော ဂြိုလ်သားများကို တိုက်ထုတ်နေခဲ့ပြီး ကမ္ဘာကြီးပြိုလဲသွားမှု၊ ကြေကွဲဖွယ်ခမ်းနားမှုနှင့် ပျက်စီးဆုံးရှုံးမှု မြင်ကွင်းကို မြင်ယောင်ကြည့်နေမိ၏။

"အဲဒီအချိန်ကစပြီး လူသားတွေဘက်က ကြီးကြီးမားမား ပေးဆပ်ခဲ့ကြရတယ်။ မရေမတွက်နိုင်တဲ့ ဂိုဏ်းခေါင်းဆောင်တွေနဲ့ ဉာဏ်ကြီးရှင်တွေပေါ့... သူတို့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် တွင်းနက်ကြီးထဲက အကောင်တွေကို နောက်ဆုံးမှာ ဟန့်တားနိုင်ခဲ့တယ်"

မုန့်ထျန်းရွှမ် ဝမ်းနည်းပူဆွေးနေပုံရပြီး သူ၏ လည်ချောင်းများကပင် တဆတ်ဆတ် တုန်နေသည်။

“တိုက်ပွဲအပြီးမှာ ချမ်းသာကြွယ်ဝတဲ့ ရှေးခေတ်နိုင်ငံတွေ အများကြီး ထိခိုက်ပျက်စီးခဲ့တယ်... အဲဒါတွေကြောင့် လူ့ယဉ်ကျေးမှု မှတ်တမ်းတွေကလည်း ကွာဟချက်တစ်ခု ရှိလာခဲ့တာ..."

သူသည် ချင်းယန်ကို တစ်ချက်ကြည့်လိုက်ပြီး "မင်း အခု သမိုင်းဝင် မှတ်တမ်းတွေကို ရှာချင်ရင် ငါ့ရဲ့ ထိပ်တန်း မဟာမိတ်တွေအပြင်၊ ယဉ်ကျေးမှု တချို့ရဲ့ အပျက်အစီးတွေ၊ အဲဒီစစ်ပွဲကြီးရဲ့ ခြေရာတွေအောက်မှာ သွားရှာလို့ရတယ်"

"..."

ချင်းယန် အတွေးနက်နက်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ဤအချက်အလက် ပမာဏမှာ ရိုးရှင်းလွန်းလှ၏။ သူ၏ ဉာဏ်ရည်ဖြင့် ပေါ်လာသော ပြဿနာများကို ချေဖျက်ဖို့ အချိန်အများကြီးလိုမည် မထင်ပါ။

"ဒါဆို ခင်ဗျားဘာလို့ သတင်းမဖြန့်တာလဲ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့တဲ့ ဘိုးဘေးတွေရဲ့ လုပ်ရပ်တွေကို လူတိုင်းမှတ်မိနေဖို့ ထိုက်တန်တယ် မဟုတ်ဘူးလား"

"သတင်းဖြန့်ဖို့လား?"

ထိုအခါ မုန့်ထျန်းရွှမ် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။

“အဲဒီမှာ ပါ၀င်ခဲ့တဲ့အရာတွေက လွယ်လွယ်နဲ့ ထုတ်ဖော်လို့ရတာ မဟုတ်ဘူး”

"သေချာစဉ်းစားကြည့်ပါ ချင်းယန်... တွင်းနက်ကြီးရဲ့ အထက်ကမ္ဘာနဲ့ ကောင်းကင်ဘုံအထက်က တန်ခိုးရှင်တွေက ငါတို့လူသားတွေကို ရန်လိုမုန်းတီးတယ် အမှိုက်တွေလို့ သတ်မှတ်ထားကြတယ်... သတင်းတွေထွက်လာရင် ဘာဖြစ်သွားမလဲ"

"ခင်ဗျား ဆိုလိုတာ…"

ချင်းယန်၏ မျက်ခွံများ အနည်းငယ် လှုပ်ယမ်းသွားပြီး :"... တစ်ကမ္ဘာလုံး အထိတ်တလန့် ဖြစ်သွားမယ်ပေါ့?"

"မှန်တယ်!"

ထောက်ခံပြီးနောက် မုန့်ထျန်းရွှမ်သည် သူ့ခေါင်းကို လှည့်ကာ အဝေးရှိ အလင်းရောင်မှိန်ပျပျတို့ ဖြာထွက်နေသော မြို့ကြီးကို ငေးကြည့်နေလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က အဲဒီစစ်ပွဲကြီးက အမှတ်ရစရာတွေ အများကြီးကို ဖျောက်ဖျက်ပစ်ခဲ့တယ် ဆိုတာ မင်းနားလည်ထားရမယ်... ငါတို့ရဲ့ လူမှုစနစ်က ကြယ်စွမ်းအင်ရဲ့ အခြေခံအုတ်မြစ်ပေါ်မှာ လုံးလုံးလျားလျား လည်ပတ်နေတာ... တစ်နည်းအားဖြင့် ငါတို့က ရန်သူတွေနဲ့ မဟာမိတ်လို ဖြစ်နေရတာ မဟုတ်ဘူးလား။"

သူပြောသည့်အတိုင်း သူ၏လက်ထဲမှ ကြယ်စွမ်းအင်ကို ထုတ်ပြလိုက်သည်။

"ကြယ်တွေရဲ့ စွမ်းအားက ကိုယ်ခံပညာရဲ့ အရင်းအမြစ်တင်မကဘူး မရေမတွက်နိုင်တဲ့ နိုင်ငံသားတွေရဲ့ အသက်သွေးကြောဆိုလည်း ဟုတ်တယ်... ဒီစွမ်းအားကို စတင် ဖြန့်ကျက်ပြီးကတည်းက လူသားတွေက ခွဲထွက်လို့ မရတော့ဘူး...."

ထိုစကားကို ကြားသောအခါ ချင်းယန်၏ အမူအရာမှာ အနည်းငယ် မှိန်းသွားခဲ့သည်။ တစ်ဆက်တည်း သတင်းကို ပိတ်ပင်ချင်သည့် အဓိပတိမဟာမိတ်၏ ရည်ရွယ်ချက်ကိုလည်း စတင်နားလည်လာခဲ့၏။

လူ၏ စိတ်နှလုံးမှာ မွေးရာပါ မတူညီကြချေ။ နိုင်ငံသားတိုင်းသည် ပြဿနာတစ်ခုကိုပင် မတူညီသော ရှုထောင့်မှ ရှုမြင်ကြပြီး ခုခံမှုနှင့် ထောက်ခံမှုဆီသို့ မလွှဲမရှောင်သာ သီးခြား ဦးတည်သွားကြသည်ချည်းပင်။ ကမ္ဘာပေါ်ရှိ လူသားတို့၏ မတူကွဲပြားမှုများမှာ မြို့ကြီးတစ်ခု ရုတ်တရက် အာဏာဆုံးရှုံးသွားသည့် အတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် ယခုအကြောင်းသာ သတင်းထွက်သွားခဲ့လျှင် အခြေအနေများက ဘယ်လောက်တောင် ဖရိုဖရဲလိုက်လေမလဲ မှန်းဆ၍ မရလောက်ချေ။

"တွင်းနက်ထဲက အစွမ်းထက်တဲ့ အကောင်တွေကို နှိမ်နှင်းပြီးရင် အခြေအနေက တိုးတက်လာမှာမလား"

၎င်းကို စဉ်းစားရင်း ချင်းယန်မှ ဆိုလိုက်သည်။

“နည်းနည်းလေး ထုတ်ဖော်မိတာက ပြဿနာမဖြစ်သင့်ဘူးမလား”

"ဟမ့် မင်းက ရိုးရိုးရှင်းရှင်းလေးပဲ စဉ်းစားနေတာကို"

မုန့်ထျန်းရွှမ် ခေါင်းယမ်းလိုက်ရင်း :“တွင်းနက်တွေကို ကျွမ်းကျင်သူတွေက နှိမ်နင်းခဲ့ပေမယ့် သူတို့ဖန်တီးခဲ့တဲ့ အစီအရင်တွေကတော့ ရှင်သန်ကျန်ရစ်ခဲ့တယ်...မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် အမွေဆက်ခံခဲ့တာ ဒီနေ့ခေတ် သားရဲနတ်အရှင်ဂိုဏ်း ဖွံ့ဖြိုးလာတဲ့အထိပဲ.. ပြီးတော့ ငါတို့ရဲ့ အဓိပတိမဟာမိတ်အဖွဲ့ကို ငါတို့လူသား ဘိုးဘေးတွေက အဲ့ဂြိုလ်သားတွေကို တွန်းလှန်ဖို့ အရန်အစီအစဉ်အဖြစ် ဖွဲ့ခဲ့တာ"

"ခင်ဗျားတို့ရဲ့ အဓိပတိမဟာမိတ်... က အရန်အစီအစဉ်တစ်ခုလား"

ထိုစကားကို ကြားသောအခါ ချင်းယန်၏အမူအရာက အနည်းငယ် ထူးဆန်းသွားသည်။ သူသည် သူ့ဘေးနားရှိ မုန့်ထျန်းရွှမ်ကို ငုံ့ကြည့်လိုက်ပြီး ထိုဘိုးဘေးများ၏ စွန့်လွှတ်အနစ်နာခံမှုကို တွေးကြည့်ကာ ရုတ်တရတ် သနားသွားသည်။

မရေမတွက်နိုင်သော အခက်အခဲများနှင့် မရေမတွက်နိုင်သော အရည်အချင်း ရှိသူများကို စုဆောင်းပြီးနောက် နောက်ဆုံးတွင် ၎င်းတို့သည် အဓိပတိမဟာမိတ် ကဲ့သို့သော အဖွဲ့အစည်းတစ်ခုကို ဖန်တီးခဲ့ကြ၏။

ဆွေစဉ်မျိုးဆက် အမွေဆက်ခံခဲ့သော ကောင်းမွန်လှသည့် အမွေအနှစ်တစ်ခုပင်တည်း။ အဘယ်မဟာမိတ် အဖွဲ့ခေါင်းဆောင်က လူကြီးလူကောင်း မဟုတ်ခဲ့ရာမှ ယခုလိုအထိ ဖြစ်သွားခဲ့လေသနည်း။

အရာအားလုံးမှာ မုန့်ထျန်းရွှမ်တို့ မျိုးဆက်များဆီအထိ စီးဆင်းသွားပြီးမှ အရေခြုံ လူဆိုးများ ဖြစ်လာကြပုံပင်။

"ခင်ဗျားရဲ့ အဓိပတိမဟာမိတ် အတွက် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်"

ချင်းယန်သည် ခေါင်းတယမ်းယမ်း လုပ်ရင်း မုန့်ထျန်းရွှမ်အား လှောင်ပြောင်သောလေသံဖြင့် ဆိုလိုက်သည်။

"ဟိုတုန်းက ဘိုးဘေးတွေက တစ်ယောက်ပြီး တယောက် စတေးခဲ့ကြတယ်... ခင်ဗျားလက်ထက်ရောက်မှ ဘယ်လိုဖြစ်ကုန်တာလဲ"

"ခင်ဗျားက ကျွန်တော်တို့ ဖောက်ခွဲကောင်းကင်ဂိုဏ်းကို နားမလည်နိုင်လောက်အောင် အနိုင်ကျင့်ရုံတင်မကဘူး ကျွန်တော့်လို အငယ်တန်းကို အနိုင်ကျင့်ဖို့လည်း သိတယ်။ ခင်ဗျားတို့ အဓိပတိမဟာမိတ်ရဲ့ အမွေကို ခွေးတွေများ စားသွားတားလား။"

"မင်း! ငါ့ရဲ့ အဓိပတိမဟာမိတ်ကို စော်ကားခွင့် မပေးဘူးကွ!!"

မုန့်ထျန်းရွှမ်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားလေပြီး ပါးစပ်ကိုဖွင့်ကာ ပြန်လည် ချေပလိုက်ချင်သော်လည်း ခဏမျှစဉ်းစားပြီးနောက်တွင် ပြန်မချေပတော့ဘဲ သက်ပြင်းလေးသာ ချလိုက်လေ၏။

"ဂိုဏ်းချုပ်လေးချင်း... ငါ့မှာ ရွေးချယ်စရာ မရှိဘူး! ငါတို့ ဒီလိုမှ မလုပ်ရင် ကမ္ဘာမြေကြီးတစ်ခုလုံး ပျက်စီးသွားမှာ!!"

All Chapters