ချိုးဖျက်ဝင်ရောက်ခြင်း
Vol. 1 Ch. 4
လွန်ခဲ့သောနှစ်ပေါင်း၈၀...
ခွန်းလွန်တောင်တန်း....
အသက်၂၀အရွယ် လူငယ်လေးတစ်ယောက်နှင့် ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်...
အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် လူငယ်လေးသည် တည်ငြိမ်အေးချမ်းသောသွင်ပြင်ရှိပြီး သူ၏မျက်လုံးများ၌ ထူးခြားဆန်းကြယ်သော အရိပ်အယောင်ရှိနေခဲ့သည်။
ဆယ်ကျော်သက်အရွယ်ကောင်လေးကမူ နူးညံ့သောမျက်နှာသွင်ပြင်ရှိပြီး ဆံပင်များရှုပ်ပွနေကာ သူ၏မျက်နှာ၌ မျက်ရည်များစီးကျနေခဲ့သည်။
"ဆရာ...မင်းတကယ်ထွက်သွားတော့မှာလား..."
ကောင်လေးသည် လူငယ်လေး၏ဘေးနား၌ရပ်နေရင်း သူ၏မျက်ရည်များကို အဆက်မပြတ်သုတ်နေခဲ့သည်။သူ၏လေသံတွင် ဝမ်းနည်းမှုနှင့်တွန့်ဆုတ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။
"ဟုတ်တယ်..."
လူငယ်က ခေါင်းညိတ်ပြလိုက်ရင်း အဖြေပေးလိုက်သည်။
"ဆရာ...ဘယ်တော့ပြန်လာမှာလဲ"
ကောင်လေးက မေးမြန်းလိုက်သည်။
"ငါမနက်ဖြန်ထွက်သွားတော့မယ်...ဘယ်တော့မှပြန်မလာတာလည်းဖြစ်နိုင်တယ်"
လူငယ်က ပြောလိုက်သည်။
"ဆရာ...မင်းကိုငါတို့အမြဲစောင့်နေမှာပါ...မင်းကငါ့ကိုလူကုန်ကူးသူတွေလက်ထဲကနေ ကယ်တင်ခဲ့တယ်...ငါ့မှာအဖေလည်းမရှိဘူး...အမေလည်းမရှိတော့ဘူး...မင်းကငါ့ကိုကယ်ခဲ့တဲ့အတွက် ငါရဲ့လက်ကျန်ဘဝတစ်ခုလုံးကို မင်းဆီအလုပ်အကျွေးပြုဖို့ငါကတိပေးထားပြီးပြီ"
"မင်းအဲလိုလုပ်စရာမလိုဘူး...ငါ့အတွက်ဒီနေရာကိုစောင့်ရှောက်ပေးထားရင်ရပြီ"
လူငယ်က ပြောလိုက်သည်။
"ဆရာ...အဲ့အတွက်စိတ်ပူနေစရာမလိုပါဘူး...မင်းချန်ထားခဲ့တဲ့ မက်မွန်ပင်ကြီးနဲ့ အားဟောင်ကိုငါသေချာဂရုစိုက်ပါမယ်"
ကောင်လေးက ငိုသံဖြင့်ပြောလိုက်သည်။
....
သက်ရှည်ဘုရားကျောင်းအတွင်း၌...
အရာအားလုံးက တိတ်ဆိတ်နေခဲ့သည်။အလယ်၌ချထားသည့် သစ်သားကော်ဖီစားပွဲပေါ်၌ လက်ဖက်ရည်ငွေ့တလူလူထွက်နေသော ဖန်ခွက်တစ်လုံးသာရှိနေခဲ့သည်။အကယ်၍ ဤနေရာသို့ပညာရှင်တစ်ယောက်ရောက်လာမည်ဆိုပါက အလွန်ပင်တုန်လှုပ်သွားကြမည်ဖြစ်ကာ အချို့စိတ်ခံစားချက်ပြင်းထန်သူများဆိုလျှင် အော်ဟစ်ကျိန်ဆဲမိကြမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းသည် တရုတ်ပြည်စစ်ပွဲကာလမှ အသုံးပြုခဲ့သောဖန်ခွက်ဖြစ်နေသောကြောင့်ဖြစ်သည်။
ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံး၌ ရှေးဟောင်းနေရာများစွာကို တူးဖော်ပြီးနောက်တွင် ထိုသို့သောဖန်ခွက်တစ်ခုကိုသာ ရှာတွေ့ခဲ့သည်။၎င်းကိုတူးဖော်တွေ့ရှိချိန်တွင် တရုတ်နိုင်ငံ၏အကြီးအကဲက ချက်ချင်းပင်သိမ်းယူသွားခဲ့သည်။အဆုံးသတ်တွင် ၎င်းသည်တရုတ်နိုင်ငံအမျိုးသားပြတိုက်ထဲ၌ သိမ်းဆည်းပြသထားသည့် နိုင်ငံတော်၏အမျိုးသားရတနာ ၆၄ခုအနက် တစ်ခုဖြစ်လာခဲ့သည်။
ယခုအခါ ဒုတိယမြောက်ခွက်ကထွက်ပေါ်လာခဲ့သည်။ထိုခွက်သည်လည်း အက်ကွဲကြောင်းလုံးဝမရှိဘဲ နဂိုအတိုင်းကြည်လင်ပြတ်သားနေခဲ့ပြီး လက်ဖက်ရည်တည်ခင်းရန် အမှန်တကယ်အသုံးပြုခဲ့သည်။
ယဲ့ပိုင်သည် သစ်သားစားပွဲဘေး၌ထိုင်လိုက်ပြီး သူ၏လက်ချောင်းများကိုဆန့်ထုတ်လိုက်ကာ လက်ဖက်ရည်ခွက်ကိုလှမ်းယူလိုက်သည်။သူသည် လက်ဖက်ရည်ခွက်ကို ပါးစပ်ထောင့်နားကပ်ကာ ဖြည်းညှင်းစွာမှုတ်လိုက်ပြီး လက်ဖက်ရည်တစ်ငုံကိုသောက်သုံးလိုက်သည်။သူသည် လုပ်ဆောင်ချက်သည် အလွန်ပင်ရိုးရှင်းသော်လည်း ဖော်ပြ၍မရနိုင်သော မြင့်မြတ်မှုနှင့်ဂုဏ်ကျက်သရေပြည့်ဝမှုကို ခံစားရစေခဲ့သည်။
သူသည် ဤလက်ဖက်ရည်၏အရသာနှင့် အလွန်ရင်းနှီးပေသည်။
ထိုအခိုက်အတန့်တွင် ယဲ့ပိုင်၏အတွေးများသည် အတိတ်ကာလဆီပျံ့လွှင့်သွားခဲ့သည်။
တစ်ချိန်ကသူသည် ချင်ချန်ခရိုင်သို့ တစ်ကိုယ်တည်းခရီးထွက်ခွာလာချိန်တွင် တာအိုဝါဒအကြောင်းကို ဝိုင်းဖွဲ့ကာဆွေးနွေးနေကြသော ကောင်လေး၃ယောက်ကို တွေ့လိုက်ရသည်။
သူသည် စိတ်အားထက်သန်မှုအပြည့်ဖြင့် ထိုကောင်လေး၃ယောက်နှင့်အတူ တာအိုအကြောင်းကိုဆွေးနွေးခဲ့သည်။ထိုစကားဝိုင်းအပြီးတွင် ကောင်လေး၃ယောက်က အကျိုးကျေးဇူးများစွာရရှိခဲ့ပြီး ထိုကျေးဇူးကြွေးအား မည်သို့ပြန်ဆပ်ရမည်ကို မသိကြပေ။ထို့ကြောင့်သူတို့သည် အောက်ခြေမဲ့ချောက်ကမ်းပါးမှ ရှားပါးသော လက်ဖက်ရွက်ကိုခူးယူကာ ယဲ့ပိုင်ကိုပေးအပ်ခဲ့သည်။
ထိုလက်ဖက်ရွက်ကို တာအိုဆရာများကိုယ်တိုင် ဆွတ်ခူးခဲ့ကြပြီး ချန်ချန်တာအိုလက်ဖက်ရွက်ဟူ၍ နောက်ပိုင်းမျိုးဆက်များကို အမွေလက်ဆင့်ကမ်းပေးခဲ့သည်။
နောက်ထပ်နှစ်ပေါင်း မရေမတွက်နိုင်အောင်ကြာပြီးနောက်တွင် နောင်လာနောင်သားများက ထိုကောင်လေး၃ယောက်အား တာအို၃ပါးတစ်ဆူဟု ခေါ်တွင်ခဲ့ကြသည်။
ထိုသို့သောဖြစ်ရပ်ကို နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် အချိန်မြစ်ရေတွင်း၌နစ်မြုပ်ခဲ့ပြီဖြစ်ရာ ယဲ့ပိုင်မှလွဲ၍ အခြားမည်သူကမှသိရှိနိုင်ခြင်းမရှိပေ။
"လက်ဖက်ရည်က တကယ်အရသာရှိတယ်"
ယဲ့ပိုင်သည် သူ့ပါးစပ်ထဲရှိလက်ဖက်ရွက်၏ သင်းရနံ့ကိုခံစားရပြီးနောက် လက်တွေ့ဘဝသို့ပြန်ရောက်လာချိန်တွင် ထိုသို့ပေါ့ပေါ့ပါးပါးမှတ်ချက်ပေးကာ တိတ်ဆိတ်မှုအားချိုးဖောက်ခဲ့သည်။
"ငါ့အထင်ပြောရရင် ဒါကချင်ချန်တာအိုလက်ဖက်ရည်ဖြစ်ရမယ်...ဒါပေမဲ့ နောက်ပိုင်းမှာစစ်ပွဲတွေနဲ့ပရမ်းပတာဖြစ်ပြီးတော့ ဒီလက်ဖက်ရွက်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀လောက်ကတည်းက မျိုးသုန်းပျောက်ကွယ်သွားခဲ့ပြီ...မင်းကဒီလက်ဖက်ရွက်ကိုရအောင်ယူနိုင်တယ်ဆိုတော့ အထင်ကြီးလောက်စရာပဲ...အန်းလေး"
အန်းလေးသည် ထိုအဘိုးအို၏အမည်ပြောင်ဖြစ်ပေသည်။
သူ၏နာမည်အပြည့်အစုံမှာ ဝမ်အန်းဖြစ်ပြီး ယဲ့ပိုင်ကိုယ်တိုင်ထိုနာမည်အားပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဝမ်အန်းသည် သူ၏ခန္ဓာကိုယ်ကိုကွေးညွတ်၍ လေးလေးစားစားဦးညွတ်လိုက်သည်။
နှစ်ပေါင်း၈၀...
အချိန်မည်မျှကြာသွားသည့်တိုင်အောင် ထိုစဉ်ကအဖြစ်အပျက်များကို သူရှင်းရှင်းလင်းလင်းမှတ်မိနေသေးသည်။
ယခုအချိန်တွင် သူသည်လွန်စွာအသက်ကြီးရင့်နေပြီဖြစ်ကာ ဤဘဝတွင် ယဲ့ပိုင်အားမည်သည့်အခါမှ တွေ့ရတော့မည်မဟုတ်ဟု သူခံစားနေရပေသည်။
သို့သော်လည်း ကံတရား၏မျက်နှာသာပေးမှုကြောင့် နှစ်ပေါင်း၈၀ကြာပြီးနောက်တွင် ယဲ့ပိုင်သည် သူထွက်ခွာသွားစဉ်ကပုံစံအတိုင်း တဖန်ပြန်ရောက်လာခဲ့သည်။
ယခုအခါ ယဲ့ပိုင်၏အသံကိုကြားချိန်တွင် သူ၏တစ်ကိုယ်လုံးတုန်ခါသွားခဲ့ပြီး အတွေးများနေရာမှ ချက်ချင်းသတိပြန်ဝင်လာခဲ့သည်။
"ဒီလက်ဖက်ရည်ကို ဆရာစိတ်ကြိုက်သောက်သုံးနိုင်ပါတယ်...ငါ့မှာလက်ဖက်ရွက်အချို့ကျန်နေသေးတယ်...ဒါကိုမိသားစုကြီးတစ်ခုက ငါ့ကိုလက်ဆောင်ပေးခဲ့တာပဲ...သူတို့မိသားစုရဲ့ဘိုးဘေးတွေမှာ နှစ်ပေါင်းထောင်ချီပြီးတော့ လက်ဆင့်ကမ်းပေးခဲ့တဲ့ လက်ရာမြောက်ရှေးဟောင်းထုတ်ကုန်တွေရှိသေးတယ်...ငါကတော့ ဒီလက်ဖက်ရည်ရဲ့မူလအစကို တကယ်မသိဘူး"
"အိုး..."
ယဲ့ပိုင်က လက်ဖက်ရည်ခွက်ကိုအောက်ချ၍ ရေရွတ်လိုက်သည်။
နှစ်ပေါင်းထောင်ချီကြာမြင့်ပြီးနောက်တွင် ဤလက်ဖက်ခြောက်အား ကမ္ဘာပေါ်ရှိ နောက်ဆုံးအသုတ်အဖြစ်မှတ်ယူနိုင်ပေသည်။
ချင်ချန်တာအိုလက်ဖက်ရည်သည် သူ့ကြောင့်ပင်အစပြုခဲ့ရာ ယခုအချိန်တွင် ထိုလက်ဖက်ရည်သည် သူ့ဆီသို့ပြန်လည်ရောက်ရှိခဲ့သည်။သံသရာခရီးလမ်းသည်ကား နားလည်ရန်အမှန်ပင်ခက်ခဲလှပေသည်။
"ဆရာ..."
ယဲ့ပိုင်၏လှုပ်ရှားမှုကို တွေ့မြင်လိုက်ရချိန်တွင် ဝမ်အန်းသည် ရုတ်တရက်တုန်လှုပ်သွားခဲ့ပြီး ခေါင်းကိုအောက်သို့ငုံ့ထားလိုက်သည်။သူထိုသို့ပြောလိုက်ချိန်တွင် ဝမ်အန်း၏မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။သူသာဆန္ဒရှိခဲ့မည်ဆိုပါက တောင်ဘက်ကောင်းကင်ကိုပင် လွှမ်းခြုံနိုင်စွမ်းရှိသော ဧရာမမိသားစုကြီးကို ကျွမ်းထိုးမောက်ခုံဖြစ်အောင် လုပ်ဆောင်ရန်ပြသနာမရှိပေ။
"ငါအဆင်ပြေတယ်...ဘာမှမဖြစ်ဘူး"
သူ၏အတွေးများကို သာမန်လူများနားမလည်နိုင်သည့်အတွက် ယဲ့ပိုင်ကခေါင်းယမ်းကာ ပြောလိုက်မိသည်။သူသည် ဝမ်အန်း၏သတ်ဖြတ်လိုစိတ်ကို ခံစားမိသည့်အတွက်ကြောင့် ချက်ချင်းပင်စကားလမ်းကြောင်းပြောင်း၍ ပြောဆိုခဲ့သည်။
"လက်ရှိကမ္ဘာအကြောင်းပြောကြရအောင်...ခုဆိုဘာတွေပြောင်းလဲသွားပြီလဲ"
"ဟုတ်ကဲ့ဆရာ...အကြောင်းစုံရှင်းပြပါမယ်"
ဝမ်အန်းသည် အသက်ကိုခပ်ပြင်းပြင်းရှုရှိက်ရင်း စကားစလိုက်သည်။
"ဆရာထွက်ခွာသွားပြီးတဲ့နောက် တရုတ်ပြည်မှာစစ်ပွဲတွေဖြစ်ပွားခဲ့ပြီး ချင်မင်းဆက်ရဲ့နောက်ဆုံးအုပ်စိုးသူက အုပ်ချုပ်မှုကိုစွန့်လွှတ်ခဲ့ရတယ်"
"အစောပိုင်းမှာ နိုင်ငံကြီး၈ခုက တရုတ်ကိုပူးပေါင်းတိုက်ခိုက်ပြီးတော့ အဆုံးမဲ့သယံဇာတတွေကို လုယူခဲ့ကြတယ်...တရုတ်ကအဲ့ထိုးစစ်ကို မတောင့်ခံနိုင်တော့တဲ့အတွက် တောင်ပေါ်ကနေဆင်းပြီး စစ်ပွဲကိုအဆုံးသတ်ဖို့အတွက် လှည့်ကွက်နည်းနည်းလောက်သုံးခဲ့ရတယ်"
"လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တယ်...နည်းပညာနဲ့ယဉ်ကျေးမှုပိုင်းဆိုင်ရာကလည်း အရင်ကထက်စာရင် အများကြီးတိုးတက်ပြောင်းလဲလာခဲ့တယ်...လူတွေရဲ့ဘဝတွေဟာလည်း တိုးတက်ပြောင်းလဲလာခဲ့ပေမဲ့ ခုထိတော့အောက်ခြေလူတန်းစားတွေက ဆင်းရဲငတ်မွတ်နေတုံးပဲ"
"လက်ရှိခေတ်မှာဆိုရင် အမေရိကန်က အင်အားအကြီးဆုံးနိုင်ငံအဖြစ်သတ်မှတ်နိုင်တယ်...အဲ့နောက်မှာရုရှားကဒုတိယဖြစ်ပြီးတော့ တရုတ်ကိုတတိယလို့သတ်မှတ်နိုင်တယ်"
"အစောပိုင်းမှာ ဆရာညွန်ကြားတဲ့အတိုင်း လုပ်ဆောင်ခဲ့တဲ့လူအိုကြီးတွေက စစ်ပွဲမှာရှင်သန်နိုင်ခဲ့ပြီးတော့ ကျန်ရစ်တဲ့စည်းစိမ်ဥစ္စာတွေကို အားကိုးပြီး နယ်ပယ်ကဏ္ဍအသီးသီးမှာ အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တယ်...ဒါပေမဲ့သူတို့ရဲ့အောင်မြင်မှုတွေက ဆရာကြီးကြောင့်ရလာခဲ့တာပဲ...သူတို့အကုန်လုံးကိုဆရာကြီးအမိန့်ပေးနိုင်တယ်...သူတို့အားလုံးကိုဒီခေါ်လိုက်မယ်"
ထိုအကြောင်းကိုပြောချိန်တွင် ဝမ်အန်း၏မျက်လုံးများက အနည်းငယ်မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားခဲ့သည်။
သို့သော်လည်း ယဲ့ပိုင်ကမူ သူ၏ပုံစုံအမှန်အား ရှင်းရှင်းလင်းလင်းပင်တွေ့မြင်နိုင်ပေသည်။
ယဲ့ပိုင်သည် နှစ်ပေါင်း၉၀၀၀၀ ကျော်ရှင်သန်လာခဲ့ပြီးနောက် မရေအတွက်နိုင်သော လူများကိုတွေ့ဆုံဖူးပေသည်။
အချိန်မြစ်ကြီးအတွင်း နှစ်ပေါင်းများစွာဖြတ်သန်းပြီးနောက်တွင် သူ့အားသစ္စာဖောက်ဝံ့သူ မရှိခဲ့ခြင်းမဟုတ်ပေ။
အခက်ခဲဆုံးအခြေအနေတွင် အခြားသူများကို အကူအညီပေးခဲ့သော်လည်း သူတို့ကြီးပွားတိုးတက်လာပြီးနောက်တွင် လောဘဇောကသူ့တို့အားရူးမိုက်စေခဲ့သည်။သူတို့၏မျက်လုံးများတွင် အေးစက်သောအရိပ်အယောင်က လွှမ်းခြုံလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုရန်ငြင်းဆန်လာခဲ့ကြသည်။
ဝမ်အန်းအမှတ်မမှားလျှင် ယဲ့ပိုင်ပျောက်ကွယ်သွားပြီး နှစ်ပေါင်း၈၀အတွင်း ထိုကဲ့သို့လူအချို့ထွက်ပေါ်လာခဲ့ပေသည်။
သို့သော်လည်း ယခုအချိန်၌ ယဲ့ပိုင်ကထိုအကြောင်းကို မဖော်ပြခဲ့ပေ။
သူသည် ချင်ချန်တာအိုလက်ဖက်ရည်အား သောက်ရင်း ငြိမ်သက်စွာ နားထောင်လိုက်ရသည်။သို့သော်လည်း မကြာမှီအချိန်အတွင်း သစ္စာဖောက်များသည် ကြီးလေးသောအဖိုးအခကိုပေးဆပ်ရန် ပြင်ဆင်ထားသင့်ပေသည်။
ဝမ်အန်းက နောက်ထပ်စကားများစွာထပ်ပြောခဲ့သည်။
သူသည် ကမ္ဘာပေါ်ရှိ လက်ရှိအင်အားကြီးနိုင်ငံများ၏အခြေအနေ ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ၊ အခြားသောကြီးကျယ်ခမ်းနားသည့် ထူးဆန်းသောအရာများကို ပြောပြခဲ့သည်။
ဝမ်အန်းသည် ယဲ့ပိုင်သင်ကြားပေးခဲ့သော နည်းလမ်းအချို့ကိုအားကိုးကာ ခွန်းလွန်တောင်၏ အင်မော်တယ်အကြီးအကဲဖြစ်လာစေရန် လုပ်ဆောင်နိုင်ခဲ့သည်။
နှစ်နာရီကြာစကားဝိုင်းအပြီးတွင် ချင်ချန်တာအိုလက်ဖက်ရည်ကလည်း တစ်အိုးပြီးတစ်အိုးကုန်ဆုံးသွားခဲ့သည်။
"ကောင်းပြီ..."
ယဲ့ပိုင်သည် လက်ဖက်ရည်ခွက်ကိုအောက်ချထားလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။ဝမ်အန်းကမူ သူ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ယဲ့ပိုင်ကမကျေနပ်မည်ကို စိုးရိမ်နေသည့်အလား ယဲ့ပိုင်အားထိတ်လန့်စွာ အကဲခတ်နေခဲ့သည်။
ဝမ်အန်းသည် ယဲ့ပိုင်ပြောမယ့်စကားကို စိတ်မရှည်စွာစောင့်ဆိုင်းနေသည့်အချိန်တွင်...
ဝုန်း...
သက်ရှည်ဘုရားကျောင်း၏တံခါးဝ၌ ကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်လာကာ တံခါးတစ်ခုလုံးပျက်စီးသွားခဲ့သည်။
ထို့နောက်တွင် အနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ကြမ်းတမ်းခက်ထန်သောအမျိုးသားတစ်စုသည် အထူးရဲများကိုတွန်းထုတ်ကာ မရေမတွက်နိုင်သောခရီးသွားများရှေ့၌ မောက်မာစွာလုပ်ဆောင်ခဲ့သည်။
"ငါကိုယ်တိုင်လုပ်စရာမလိုဘူး...ပြသနာကဒီရောက်လာပြီ"
ထိုင်ခုံပေါ်၌ထိုင်နေသောယဲ့ပိုင်သည် ထိုအသံကိုကြားလိုက်ချိန်တွင် ခေါင်းကိုအနည်းငယ်ခါယမ်းလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
သို့သော် ဝမ်အန်း၏မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များ ထိန်းမရအောင်ထွက်ပေါ်လာခဲ့သည်။သို့သော်လည်း ယဲ့ပိုင်၏စကားကိုကြားချိန်၌ သူ၏မျက်နှာသည်ဖြူဖျော့သွားကာ မြေပြင်ပေါ်သို့ဒူးထောက်လိုက်သည်။