← Chapters

သေမိန့်ချခြင်း

Vol. 1 Ch. 6

သေမိန့်ချခြင်း

Vol. 1 Ch. 6

ယဲ့ပိုင်သည် ကော်ဖီစားပွဲပေါ်ရှိ စစ်ပွဲကာလမှ သလင်းကျောက်ခွက်ကို ကောက်ယူ၍မော့ချလိုက်သည်။

သလင်းခွက်အတွင်း၌ မည်သည့်လက်ဖက်ရည်မှမရှိတော့သော်လည်း ယဲ့ပိုင်၏ပါးစပ်နှင့်ထိတွေ့ချိန်တွင် သလင်းခွက်ထဲ၌ လက်ဖက်ရည်များ မှော်ဆန်စွာဖြစ်ပေါ်လာခဲ့သည်။

ထို့နောက် လက်ဖက်ရည်တစ်ငုံကို သောက်လိုက်ပြီး ခွက်ကိုအောက်သို့ပြန်ချလိုက်သည်။

ကျောက်ခွန်၏နောက်မှ သက်တော်စောင့်များသည် မယုံကြည်နိုင်စွာဖြင့် သူတို့၏မျက်လုံးများကို အားရပါးရပွတ်သပ်လိုက်ကြသည်။

"မဖြစ်နိုင်ဘူး.."

"ဒီလူက တကယ်မိုက်တယ်ဟ..."

သက်တော်စောင့်များသည် သူတို့၏စိတ်ထဲ၌မယုံကြည်နိုင်စွာ ရေရွတ်လိုက်ကြသော်လည်း အပြင်ပန်းတွင်မူ ရက်စက်ကာ ကြမ်းကြုတ်ခက်ထန်နေဆဲဖြစ်သည်။

တစ်ဖက်တွင်မူ ဝမ်အန်းသည် မြေပြင်ပေါ်၌ဒူးထောက်နေဆဲဖြစ်သော်လည်း သူ၏မျက်လုံးများကသွေးရောင်လွှမ်းနေကာ ခန္ဓာကိုယ်မှနေ၍ သတ်ဖြတ်လိုစိတ်များ ထိန်းချုပ်မရအောင်ထွက်ပေါ်နေခဲ့သည်။

"ဘာတွေပဲဖြစ်လာဖြစ်လာ...အေးအေးဆေးဆေးပဲနေပါ"

သို့သော်လည်း သူကယဲ့ပိုင်၏စကားကို အတိအကျလိုက်နာနေဆဲဖြစ်သည်။

သို့သော်လည်း ကျောက်ခွန်ကမူ ထိုအချက်အားသတိထားမိဟန်မတူပေ။

"ဟေးအဘိုးကြီး...ငါ့အဘိုးကမင်းကိုကြောက်နေတယ်ဆိုရင်တောင်မှ ငါကမင်းကိုကြောက်နေမှာမဟုတ်ဘူး...မင်းကရှေ့ရေးကိုတွေးခေါ်နိုင်ပြီး နတ်ဘုရားတွေ၊တစ္ဆေတွေနဲ့ဆက်သွယ်နိုင်လို့ မင်းကိုလေးစားကောင်းလေးစားလိမ့်မယ်...ဒါပေမဲ့မင်းရဲ့အကူအညီကြောင့် သူချမ်းသာလာတယ်ဆိုတာ ငါလုံးဝမယုံဘူး..ဒါပေမဲ့အဘိုးကိုမျက်နှာသာပေးပြီးတော့ မင်းကိုအသက်ချမ်းသာခွင့်ပေးဖို့ ငါကတိပေးခဲ့တယ်...ဒါကအရမ်းစိတ်ဝင်စားစရာကောင်းနေပြီ...မင်းကဘာလို့ခုချိန်ထိ အဲလိုကိစ္စမျိုးကို ဖက်တွယ်ထားရတာလဲ"

ထိုသို့ပြောပြောဆိုဆိုခြင့် ကျောက်ခွန်သည် ရှေ့သို့ခြေတစ်လှမ်းလှမ်းလာခဲ့သည်။

သူသည် ဧည့်ခန့်အတွင်း၌ မည်သို့ဖြစ်ပျက်နေသည်ကို လုံးဝသတိမထားမိသေးပေ။သူသည် ယဲ့ပိုင်၏ဆန့်ကျင်ဘက်၌ရှိသော ထိုင်ခုံအားဆွဲယူကာ ထိုင်ချလိုက်ပြီး သူ၏ခြေထောက်တစ်ဖက်ကိုမြှောက်၍ ခြေချိတ်ထိုင်လိုက်သည်။

ထို့နောက် ယဲ့ပိုင်အားမာနကြီးသည့် အကြည့်ဖြင့်စိုက်ကြည့်နေခဲ့သည်။

သက်တောင်စောင့်များသည် သူတို့၏ရင်ဘတ်များကို မသိမသာကော့ထားရင်း သက်တံ့များကဲ့သို့ ကျောက်ခွန်၏နောက်၌ရပ်နေခဲ့ကြသည်။ကျောက်ခွန်သာအမိန့်ပေးလိုက်ပါက ထိုသက်တော်စောင့်များက မဆိုင်းမတွလှုပ်ရှားကြတော့မည်ဖြစ်သည်။

ယဲ့ပိုင်သည် ကျောက်ခွန်အားလျစ်လျူရှုထားလိုက်ပြီး ဝမ်အန်းကိုတစ်ချက်လှမ်းကြည့်လိုက်သည်။

"ဆရာ...ကျနော်အလုပ်ကိုကောင်းကောင်းမလုပ်ဆောင်နိုင်ခဲ့ဘူး..ခွန်းလွန်တောင်ပေါ်မှာ နှစ်တွေအကြာကြီးနေထိုင်ခဲ့ပြီး အပြင်ကိုထွက်တာအရမ်းရှားတယ်...ငါ့ရဲ့စည်းစိမ်ဥစ္စာတွေကို တခြားသူတွေဆီလက်ဆင့်ကမ်းပေးပြီးတော့ အချုပ်အနှောင်တွေအများကြီးမထားခဲ့ဘူး"

ဝမ်အန်း၏မျက်လုံးများသည် သွေးရောင်လွှမ်းနေပြီး သူ၏အသံက တုန်ယင်နေခဲ့သည်။

"အင်း..."

ယဲ့ပိုင်သည် လေသံတိုးတိုးဖြင့်ညည်းညူလိုက်ပြီး စကားထပ်မပြောတော့ပေ။

ထို့နောက် သူ၏မျက်လုံးများကို ညင်သာစွာမှိတ်ထားလိုက်သည်။သူ့ရှေ့မှလူများသည် သူ့အတွက်ပုရွက်ဆိတ်များသဖွယ်ဖြစ်ကာ သူ၏လက်ဖြင့်သတ်ဖြတ်ရန်ပင် မထိုက်တန်ပေ။

သို့သော်လည်း ကျောက်ခွန်သည် ထိုစကားကိုကြားချိန်၌ မျက်ခုံးပင့်မိလိုက်သည်။သူသည် ယဲ့ပိုင်၏အပြုအမူကြောင့် အလွန်ပင်စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။

ဘန်း...

ထို့ကြောင့် သူသည်ကော်ဖီစားပွဲကို လက်ဝါးဖြင့်ရိုက်ချလိုက်ပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။

"အင်မော်တယ်ရူးရူးနေတဲ့အဘိုးကြီး...ခုချိန်ထိငတုံးလိုဟန်ဆောင်ပြီး ဘယ်ကလာမှန်းမသိတဲ့ကောင်လေးတစ်ယောက်ကို ဆရာ လို့ခေါ်နေတာလား...ငါတော်တော်စိတ်ရှုပ်ထွေးနေမိပြီ..."

"ပြီးတော့ကောင်လေး...ငါဘယ်သူလဲဆိုတာကိုမင်းသိလား...မင်းရဲ့အကြည့်တွေကို ဒီဦးလေးတကယ်မကြိုက်ဘူး....ခုချက်ချင်းဦးလေးရှေ့မှာ ဒူးထောက်ပြီးတောင်းပန်မယ်ဆိုရင် ဦးလေးကမင်းရဲ့ခွေးနဲ့တူတဲ့အသက်ကို ခွင့်လွှတ်ပေးမယ်"

"ဟုတ်တယ်...ဒူးထောက်ပြီးတောင်းပန်လိုက်"

"ဟမ့်...သခင်လေးကျောက်က မင်းကိုပြောနေတယ်လေ...မင်းကနားမကြားဟန်ဆောင်နေတာလား"

"သားလေး...စကားပြောစမ်း"

ကျောက်ခွန်၏နောက်ရှိ သက်တော်စောင့်များသည် ယဲ့ပိုင်အား အလွန်ရက်စက်သောအကြည့်များဖြင့် လှမ်းကြည့်လိုက်ကြပြီး လှမ်း၍အော်ဟစ်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် မြေပြင်ပေါ်၌ ဒူးထောက်နေသောဝမ်အန်းသည် ဖြည်းညှင်းစွာမတ်တပ်ထရပ်လိုက်သည်။

သူ၏အိုမင်းသောခန္ဓာကိုယ်ကလည်း အမျိုးအမည်မသိစွမ်းအားတို့ဖြင့် ပြည့်ဝလာပုံရသည်။

"ကျောက်ခွန်နဲ့မင်းတို့ကောင်တွေအားလုံး...ခုချက်ချင်းဆရာကြီးဆီလာပြီ ဒူးထောက်တောင်းပန်လိုက်...အဲ့ဒါတိုမင်းတို့ရဲ့အလောင်းတွေကို အကောင်းအတိုင်းထားပေးမယ်..."

ဝမ်အန်းက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။ထိုစကားကိုပြောချိန်တွင် သူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်လုံးဝထွက်ပေါ်နေခြင်းမရှိဘဲ သူ့အားကြည့်ရသည်မှာ သာမန်ထက်ပိုသောအဘိုးကြီးတစ်ယောက်နှင့် ဆင်တူနေခဲ့သည်။

သို့သော် လက်ရှိအချိန်၌ ဝမ်အန်းသည် လွန်စွာဒေါသထွက်နေပြီဖြစ်ကြောင်း ယဲ့ပိုင်ကကောင်းကောင်းနားလည်သဘောပေါက်လိုက်သည်။

ဝမ်အန်းသည် ခွန်းလွန်တောင်ပေါ်တွင် နှစ်ပေါင်း၈၀လောက် စောင့်ဆိုင်းခဲ့ရသည်။တစ်ချိန်ကဆိုလျှင် သူသည်ယဲ့ပိုင်၏ညွန်ကြားချက်ကိုလိုက်နာကာ သူ၏စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုကို နိုင်ငံတွင်းမှနေ၍ တစ်ကမ္ဘာလုံးအနှံ့ဖြန့်ကျက်နိုင်ခဲ့သည်။

အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူများသည် သူ့အားတွေ့မြင်ချိန်၌ ဒူးထောက်ကြရသည်ထိ လေနှင့်မိုးအားသူဆင့်ခေါ်နိုင်ခဲ့သည်။

သို့သော်လည်း ယခုနှစ်ပေါင်း၈၀ကြာသွားပြီးနောက်တွင် ယဲ့ပိုင်အားသူပြန်တွေ့ချိန်၌ လူငယ်မျိုးဆက်သစ်တစ်ယောက်က ယဲ့ပိုင်အားပြောင်ပြောင်တင်းတင်း ဆူပူကြိမ်းမောင်းခဲ့ပေရာ သူ၏မျက်နှာသည် ထားစရာနေရာမရှိတော့လောက်အောင်ပင် အရှက်ကွဲသွားရပြီဖြစ်သည်။

ထို့ကြောင့်သူသည် ကျောက်ခွန်အားလုံးဝသည်းမခံနိုင်တော့ပေ။နဂါးတစ်ကောင်တွင် ပြောင်းပြန်အကြေးခွံတစ်ခုရှိပြီး ထိုအရာကိုထိမိပါက လူတိုင်းသေဆုံးကြရမည်ဖြစ်သည်။

သို့သော်လည်း ဝမ်အန်း၏ဒေါသသည် ထိုလူများအမြင်၌ ဟာသတစ်ခုထက် မပိုခဲ့ပေ။

"ဟားဟား..."

သက်တော်စောင့်တစ်ယောက်သည် ဟာသတစ်ခုအားကြားလိုက်ရသည့်အတိုင်း အားရကျေနပ်စွာဖြင့် ရယ်မောလိုက်သည်။

"ငါတို့က သူ့ကိုဒူးထောက်တောင်းပန်ရမှာလား..."

"အဘိုးကြီး...မင်းကိုယ်မင်းတကယ့်အင်မော်တယ်တစ်ယောက်လို ထင်နေတာတော့မဟုတ်ဘူးမလား"

"မင်းရဲ့သတ္တိကိုတော့ ငါတကယ်လေးစားမိတယ်...ငါကမင်းရဲ့လည်ပင်းကိုလက်တစ်ဖက်တည်းနဲ့ လိမ်ချိုးလို့ရတယ်ဆိုတာကိုမင်းသိရဲ့လား...မင်းကအသက်ကြီးနေပြီ...ထပ်ပြီးဟန်ဆောင်မနေနဲ့တော့ ဘာလို့အရမ်းကြီးကြီးကျယ်မြင့်မြတ်သလို ဟန်ဆောင်နေရတာလဲ...ဘာအင်မော်တယ်တွေလဲ သွားစမ်းပါ..."

ထို့ပြင် သူတို့အားလက်ညိုးထိုးရင်း လှောင်ပြောင်ပြောဆိုနေသည့် သက်တော်စောင့်တစ်ယောက်လည်း ရှိနေသေးသည်။

"အခု ၂၁ရာစုကိုရောက်နေပြီ...ငါတို့ရောက်နေတာတရုတ်ဖြစ်ပြီး စွမ်းအားနဲ့သြဇာအာဏာက အဓိကဖြစ်တယ်...မင်းကတချို့လူတွေကိုမသိဘူးဆိုမှတော့ မင်းကိုယ်မင်းအရမ်းတော်တယ်လို့ခံစားနေရမှာပေါ့...မင်းကိုသေစေချင်နေတဲ့သူဘယ်လောက်ရှိနေလဲဆိုတာ မင်းမသိသေးဘူးမလား...မင်းသေသွားပြီဆိုရင် လူတချို့က ကြီးကျယ်တဲ့စည်းစိမ်ဥစ္စာကိုခံစားရလိမ့်မယ်"

ကျောက်ခွန်၏ပါးစပ်ထောင့်စွန်းက တဖြည်းဖြည်းကော့တက်လာခဲ့သည်။သူ၏အမြင်တွင် သူကနောက်ဆုံးအနိုင်ရရှိခဲ့သူဖြစ်သည်။

"မင်းကတကယ်သေချင်နေတာပဲ..."

ဝမ်အန်းက ဒေါသတကြီး ရယ်မောလိုက်သည်။

"အန်းလေး..."

သို့သော်လည်း ယဲ့ပိုင်၏အသံက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ဒေါသပေါက်ကွဲလုမတတ်ဖြစ်နေသော ဝမ်အန်းသည် သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်ကာ ချက်ချင်းရပ်တန့်လိုက်သည်။ထို့နောက်သူသည် နောက်ထပ်မလှုပ်ရှားရဲတော့ဘဲ ယဲ့ပိုင်ကို လေးလေးစားစား ကြည့်နေခဲ့သည်။

ကျောက်ခွန်နှင့်သက်တော်စောင့်များသည် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။

သို့သော်လည်း ယဲ့ပိုင်က သူတို့အားတုံ့ပြန်ရန် အခွင့်အရေးမပေးခဲ့ပေ။

"ကျောက်မိသားစုကကျောက်ခွန်...ငါအမှတ်မမှားဘူးဆိုရင် မင်းရဲ့အဘိုးကကျောက်ပိုင်ရှန်ဖြစ်ရမယ်...တစ်လကြာပြီးရင် သူ့အသက်ကိုတစ်ယောက်ယောက်က လာယူလိမ့်မယ်လို့ သူ့ကိုပြန်ပြောလိုက်"

ယဲ့ပိုင်၏လေသံသည် အနည်းငယ်မျှပင် အနှောင့်အယှက်ဖြစ်ခြင်းမရှိဘဲ တည်ငြိမ်နေခဲ့သည်။

ဝမ်အန်းသည် ယဲ့ပိုင်၏စကားကိုကြားပြီးနောက်တွင် တစ်စုံတစ်ခုကိုတွေးတောနေသကဲ့သို့ သူ၏ဘေးနား၌ရပ်နေခဲ့သည်။

သို့သော်လည်း ကျောက်ခွန်ကမူ ထိုစကားကိုနားထောင်ပြီးနောက် လက်ရှိအခြေအနေကို သတိမထားမိဘဲ ဒေါသတကြီးရယ်မောလိုက်သည်။

"ဟားဟားဟား...ငါ့အဘိုးကကျောက်ပိုင်ရှန်ဆိုတာအမှန်ဘဲ...ဒါပေမဲ့ကံမကောင်းတာက သူသေသွားပြီးတဲ့နောက်မှာ ကျောက်မိသားစုကို ငါ့အဖေကပဲအုပ်ချုပ်တော့မှာဖြစ်တယ်...ကောင်လေး မင်းကခုချိန်ထိဘယ်လိုအခြေအနေလဲဆိုတာ နားမလည်သေးဘူးလား...မနေ့ကသာမင်းဒီလိုစကားပြောခဲ့ရင် မင်းကို ရိုးရိုးရှင်းရှင်းသေခွင့်ပေးနိုင်ပေမဲ့ ခုတော့မင်းအသားကိုခုတ်ထစ်ပြီး ခွေးကျွေးဖို့လုပ်တော့မယ်"

ကျောက်ခွန်သည် ထိုင်ခုံပေါ်မှထရပ်လိုက်ကာ သူ၏လက်ညိုးကို ယဲ့ပိုင်ဆီသို့ဆန့်တန်း၍ အမိန့်ပေးလိုက်သည်။

ကျောက်ခွန်၏နောက်ကွယ်မှ သက်တော်စောင့်များသည် ကျောက်ခွန်၏ဆိုလိုရင်းကို ချက်ချင်းနားလည်သွားကြ၍ ယဲ့ပိုင်ထံသို့အရှိန်အဟုန်ပြင်းစွာပြေးဝင်သွားခဲ့ကြသည်။

ကျောက်မိသားစု၏နောက်ခံကြောင့် သူတို့သည်အကြောက်အလန့်လုံးဝမရှိကြပေ။

သို့သော်လည်း သက်တော်စောင့်များအနက်တစ်ယောက်သည် ယဲ့ပိုင်ထံသို့ပြေးလာခဲ့ကာ ယဲ့ပိုင်၏လည်ပင်းကိုဖမ်းဆုပ်ရန်အတွက် သူ၏လက်ကိုဒေါသတကြီးဆန့်ထုတ်လိုက်ချိန်တွင် မတော်တဆမှုတစ်ခုဖြစ်သွားခဲ့သည်။

All Chapters