← Chapters

သွေးဝိညာဥ်အစီအရင်ကို အသက်သွင်းရင် အဲဒီ သတ္တဝါတွေ ဆင်းသက်လာမယ်

Vol. 20 Ch. 285

သွေးဝိညာဥ်အစီအရင်ကို အသက်သွင်းရင် အဲဒီ သတ္တဝါတွေ ဆင်းသက်လာမယ်

Vol. 20 Ch. 285

“သွေးဝိညာဉ်အစီအရင်?”

အနှီအမည်ကို ကြားလိုက်သောအခါ ချင်းယန် မျက်မှောင်ကြုတ်သွားပြီး ညကောင်းကင်ယံ အထက်ရှိ တွင်းနက်ကိုးလုံးကို မော့ကြည့်လိုက်သည်။

"ဒီအစီအရင်က အဲဒီတခြားကမ္ဘာက တန်ခိုးကြီး သတ္တဝါတွေက ချန်ထားခဲ့တာမလို့ သူ့ရဲ့ ထုတ်လွှင့်မှုလမ်းကြောင်းကလည်း သူတို့နဲ့ သက်ဆိုင်တယ်လို့ ဆိုလိုချင်တာလား။"

"မှန်တယ်"

မုန့်ထျန်းရွှမ်မှ ခေါင်းညိတ်ပြီး :"ကြယ်စွမ်းအားတွေရဲ့ မူလရင်းမြစ်က အဲဒီနေရာမှတော့ ငါတို့နေရာက အမြစ်မရှိတဲ့ ပဲစေ့တွေလိုပဲ မတည်ငြိမ်ဘူး။ သွေးဝိညာဉ်အစီအရင်က ဒါကို ဆက်ထိန်းသိမ်းဖို့ အဓိက သော့ချက်ပဲ... ဒါမရှိရင် အကာအကွယ်မပါဘဲ မျောနေတဲ့ ပဲအမြစ်တွေလိုပဲ ဖြတ်တောက်ခံလိုက်ရမှာ....ကမ္ဘာပေါ်က ကြယ်တွေရဲ့ စွမ်းအားတွေက သိပ်မကြာခင်မှာပဲ ပျောက်ကွယ်သွားလိမ့်မယ်"

"အဲ့လောက်တောင် လေးနက်လား"

ချင်းယန် အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်တင်လိုက်ပြီး မုန့်ထျန်းရွှမ်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို တွေးတောနေလေသည်။ သူ၏စိတ်ထဲမှလည်း အနည်းငယ် ထိတ်လန့်သွားသလိုပင် ခံစားလိုက်ရသည်။

ထိုအစီအရင်၏ အပြင်အဆင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ကျယ်ပြောလှပြီး အကန့်အသတ် မရှိပေ။ အစီအရင် ကြီးလေ ၎င်းကို ထိန်းသိမ်းရန် လိုအပ်သော စျေးနှုန်းကလည်း ပိုလေးလံလေပင်။ ထပ်ပေါင်းရလျှင် ဤသွေးဝိညာဥ် အစီအရင် ပိုလို့တောင် ဒေါသထွက်စရာ ကောင်းနေသေး၏။

ကမ္ဘာကြီး တစ်ခုလုံး၏ ကြီးမားသော ကြယ်စွမ်းအင်သည် ၎င်းကို ပြုပြင်ထိန်းသိမ်းရန်အတွက် အားကိုးနေရပြီး ကောင်းကင်ရှိ တွင်းနက်ကိုးပေါက်၏ တည်ငြိမ်မှုမှာကလည်း ၎င်းအပေါ်တွင်လည်း မူတည်လျက် ရှိသည်။

၎င်း၏ အတွင်းထဲမှ စားသုံးမှုသည် ဘယ်လောက် ကြောက်စရာကောင်းသော အတိုင်းအတာအထိ ရောက်နေလောက်သနည်။

"ဒီသွေးဝိညာဥ်အစီအရင်က မင်းတို့အဓိပတိမဟာမိတ် ကာကွယ်ထားရတဲ့ အကြောင်းပြချက်ပေါ့?"

"မှန်တယ်"

ချင်းယန်၏ အတွေးများကို အာရုံခံသဖြင့် မုန့်ထျန်းရွှမ် အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

"ဂိုဏ်းချုပ်လေးလည်း ဒီအစီအရင်ကြီးရဲ့ တည်ငြိမ်မှုက ကောင်းကင်က တွင်းနက်တွေရဲ့ အခြေခံအုတ်မြစ်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ် ဆိုတာ မှန်းဆထားပြီးသား ဖြစ်မယ်ထင်ပါတယ်"

စကားပြောနေရာမှ ချင်းယန်၏ အနားကိုရောက်လာပြီး အသံကို လျှော့လိုက်သည်။

"အခုတော့ ဒီတွင်းနက်ကိုးတွင်း ပျောက်ဆုံးသွားတာက ကမ္ဘာမြေကြီး တစ်ခုလုံးအတွက် ဘာကိုဆိုလိုချင်သလဲ ဆိုတာ မင်းနားလည်လောက်ပြီ အစီအရင်ပြိုကျရင် ကြယ်စွမ်းအင်တွေ ပျောက်ကွယ်သွားမှာ... ကမ္ဘာကြီးတစ်ခုလုံးလည်း ပြိုလဲသွားလိမ့်မယ်"

ချင်းယန်၏ အတွေးများလည်း လေးနက်သွားကာ သူ့အမူအရာမှာ အနည်းငယ် ကြမ်းတမ်းလာသည်။ သူသည် အတွင်းစိတ်မှ သူတို့တွင် တူညီသော ဘုံရန်သူများ ရှိလာပြီဖြစ်ကြောင်း သဘောပေါက်လိုက်ပေ၏။

ဤကမ္ဘာကြီး၏ ဖွံ့ဖြိုးတိုးတက်မှု အနှစ်တစ်ထောင်သည် ကြယ်စွမ်းအင်များကို အားကိုးခဲ့ရသည်ပင်။ အကယ်၍ အစီအရင်ကြီး ပျက်စီးသွားလျှင် ထိုအောင်မြင်မှုများသည် လေထုထဲ၌ ကွယ်ပျောက်သွားပြီး တစ်ညအတွင်း ဗြောင်းဆန်သွားလိမ့်မည် ။

"ကောင်းပြီ ငါ့ရဲ့အခက်အခဲကို မင်းနားလည်ပြီလား ဒီမဟာမိတ်ခေါင်းဆောင်က မွေးရာပါ မကောင်းဆိုးဝါး မဟုတ်ပါဘူး..."

"ခဏနေဦး ကျွန်တော့်မှာ နောက်ထပ်မေးစရာ ရှိတယ်"

ချင်းယန်သည် သွေးဝိညာဥ်အစီအရင်၏ အစီအရင် ဆိုင်ရာ ပုံသဏ္ဌာန်ကို စိုက်ကြည့်ရင်း တွေးတောနေခဲ့သည်။ သူ၏ အတွင်းစိတ်လောကရှိ ဉာဏ်ရည်သည် သဲလွန်စများအား ချိတ်ဆက်စေပြီး ပိုမိုလေးနက်သော အတွေးအမြင်များကို ရရှိစေပါသည်။

ကမ္ဘာပေါ်တွင် အစီအရင် ပုံစံများစွာရှိသည်။

သို့သော် ၎င်းတို့အားလုံးသည် ဤနိယာမကို လိုက်နာကြရ၏။ ဥပမာ 'စွမ်းအင်ကြီးလေ၊ စားသုံးမှု ကြီးလေ' ဟူသည့် အချက်ပင်။

သို့ဆိုလျှင် ဤသွေးဝိညာဉ် အစ်အရင်ကို အဘယ်အရာက တည်တံ့စေခဲ့သနည်း။

သားရဲဒီရေလား?

ယခင် သားရဲဒီရေ သောင်းကျန်းမှုသည် ကုန်းမြေအနှံ့ ပြန့်ကျဲနေသော အလောင်းများ၊ သွေးပင်လယ်များ၊ မြေပြင်ပေါ်တွင် လွင့်မျောနေသည့် သွေးစများဖြင့် ရှုပ်ထွေးစေခဲ့သည်။ ထိုအတွေးများကြောင့် ချင်းယန် တွေးလေ ပိုကြောက်လာလေ ဖြစ်လာ၏။ သဲလွန်စများကို လိုက်ကြည့်ခြင်းအားဖြင့် ဤကိစ္စနှင့် ပတ်သတ်သော သော့ချက်ကို ဆုပ်ကိုင်ထားမိပြီ ဖြစ်ကြောင်း သဘောပေါက်လာသည်။

၎င်းကိုတွေးရင်း ချင်းယန်သည် သူ၏ရှေ့ရှိ မုန့်ထျန်းရွှမ်ကိုကြည့်ကာ သွယ်ဝိုက်စွာ စုံစမ်းလိုက်သည်။

"ကျွန်တော်က ဓားနတ်ဘုရားရဲ့ တပည့်တစ်ယောက်... အစီအရင် တီထွင်ဖန်တီးမှုပိုင်းမှာလည်း ကျွမ်းကျင်ပါတယ်။ ဒီလိုဖွဲ့စည်းမှုကြီးကို ထိန်းသိမ်းထားဖို့က တန်ကြေး အကြီးကြီးလိုအပ်တယ်ဆိုတာ သိတယ်... အစောပိုင်းက ပုံမှန်မဟုတ်တဲ့ သားရဲဒီရေက ဒါနဲ့ ဆက်စပ်နေတာလား"

"ဟမ်?"

သူ၏အသံဆုံးသော် မုန့်ထျန်းရွှမ်တစ်ယောက် အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများထဲမှ အံ့သြမှု အရိပ်အမြွက်တို့အား ထုတ်ပြဖို့ မထိန်းထားနိုင်ခဲ့။

"မင်းအဲဒါကိုတကယ် နားလည်သွားတာပဲ"

မူလကတော့ သူသည် ချင်းယန်ကို ထိုအကြောင်းအရာဆီ ရောက်အောင် ညင်သာစွာ လမ်းပြသွားရန် စီစဉ်ထားခဲ့သည်။ သို့သော် မထင်မှတ်ဘဲ ချင်းယန်မှာ ၎င်းကို အချိန်မီ မှန်းဆနိုင်သွားပြီ။ သူ၏စကားအဆုံးအထိ မပြောနိုင်မီတွင် ချင်းယန်မှ ထိုကိစ္စ၏ အဓိကအချက်ကို ဆုပ်ကိုင်ထားပြီးပြီ ဖြစ်သည်။

ဤထက်မြက်သော ထိုးထွင်းသိမြင်မှု တစ်ခုတည်းဖြင့် အစီအရင် ဖွဲ့စည်းမှုများအပေါ် သူ၏အနာဂတ် အောင်မြင်မှုများသည်လည်း မြင့်မားလာနိုင်ပါ၏။

"အားကောင်းသားပဲ... အထဲကို ကြည့်နိုင်ရင် ပိုကောင်းမယ်"

ယခုအချိန်၌ ချင်းယန်သည် ဘာကိုမျှ ဖုံးကွယ်မထားလိုတော့ပေ။

"သွေးဝိညာဉ်အစီအရင်က အရေးကြီးဆုံး ဖြစ်မှာပေါ့... ကမ္ဘာပေါ်က ကြယ်စစ်သည်တွေက အားလုံးက ရှင်သန်မှုအတွက် အဲဒါကို မှီခိုနေရတာ.. ခင်ဗျားတို့ရဲ့ အဓိပတိမဟာမိတ်က 'လူသားမျိုးနွယ်ရဲ့ အုပ်ထိန်းသူ' လို့ ပြတ်ပြတ်သားသား ပြောပြီး သားရဲဒီရေကို ဒီအတိုင်း လွှတ်ထားနိုင်မှာ မဟုတ်ပါဘူး..."

"မှန်တယ် ချင်းယန် မင်း အခု ပိုပိုပြီး နားလည်လာပါပြီ! ငါတို့ ရပ်တည်နေရတဲ့ အကြောင်းရင်းက ဒီအခြေအနေကို တည်ငြိမ်အောင်လုပ်ဖို့ပဲ"

မုန့်ထျန်းရွှမ်သည် ပျက်စီးယိုယွင်းနေသော ကျန်းဟိုင်မြို့ရိုးကို ကျေနပ်စွာကြည့်ရင်း စကားဆက်လိုက်၏။

“လွန်ခဲ့တဲ့ ထောင်စုနှစ်တွေအတွင်းကတည်းက ငါတို့ကမ္ဘာက ကြယ်စစ်သည်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ သားရဲဒီရေ ပေါက်ဖွားလာတာတွေ၊ အိုမင်းခြင်း၊ ဖျားနာခြင်းနဲ့ သေဆုံးခြင်းလို သဘာဝဘေးအန္တရာယ်တွေက ဒီအစီအရင်ကြီးကို ထိန်းသိမ်းထားဖို့ တစ်ထောင့်တစ်နေရာက ပါဝင်နေရတာ..."

"ပထမအချက်က အဲဒါက ကောင်းကင်ဘုံရဲ့ နိယာမကို လိုက်နာတယ်... ဒုတိယအချက်က အဲဒီအစီအရင်ကို ထိန်းသိမ်းထားဖို့ သွေးနဲ့ ချီအာဟာရ လိုအပ်တယ်... မနှောင့်ယှက်မိရင် ဒီကမ္ဘာကြီးကို အချိန်အကြာကြီး ဆက်လက်လည်ပတ်နိုင်စေမယ့် အဆုံးစွန်သော နိယာမပဲ"

"မနှောင့်ယှက်ရင်?..."

စကားဆုံးသော် ချင်းယန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီး မုန့်ထျန်းရွှမ်ကို သံသယအရိပ်အမြွက်ဖြင့် ကြည့်လိုက်သည်။

"ဒီအကြံက ခင်ဗျားရဲ့ အကြံမဟုတ်ဘူးမလား။"

ဤမက်ခရိုရှုထောင့်မှ ကြည့်လျှင် ကောင်းကင်နှင့်မြေကြီး အတွင်းရှိ အရာအားလုံးကို သွေးဝိညာဥ်အစီအရင်သည် ကောက်ရိုးအလား ခွေးများအဖြစ် သဘောထားနေသည်။ ကမ္ဘာကြီး၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ရန် သွေးစတေးခြင်းက တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေ၏။

ဘယ်လိုပဲကြည့်ကြည့် မုန့်ထျန်းရွှမ်ကဲ့သို့ ကြောင်သူတော်ထံမှ ဖြစ်ပေါ်လာသော အကြံဉာဏ် ဟုတ်ပုံမရချေ။

"တကယ်တော့ ဒါက ငါတို့ဘိုးဘေးတွေရဲ့ ဆန္ဒ၊ အဓိပတိ မဟာမိတ်တွေကနေ ဆင်းသက်လာတဲ့ ဥပဒေတစ်ခုပဲ"

မုန့်ထျန်းရွှမ်သည် ဘာကိုမျှ ဖုံးကွယ်ဖို့ မကြိုးစားနေတော့ဘဲ ခေါင်းညိတ်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ အနှစ်ငါးရာလောက်က စစ်ပွဲကြီးအပြီးမှာ ငါတို့ ဘိုးဘေးတွေက ကြယ်တွေရဲ့ စွမ်းအားတွေက ပြင်းထန်လာပေမယ့် သဘာဝဘေးအန္တရာယ်တွေကနေ ကြီးကြီးမားမား ဖြစ်မလာအောင် ကြိုးစားခဲ့ကြတယ်... ဒါပေမဲ့ မွေးရာပါနဲ့ ဂိုဏ်းဆရာ နယ်ပယ်တွေရဲ့ ပေါင်းစပ်ခွန်အားနဲ့ လူတွေရဲ့ စည်းလုံးညီညွတ်တဲ့ဆန္ဒကြောင့် အခက်အခဲတွေကို ကောင်းကောင်းခံနိုင်ရည်ရှိခဲ့တယ်... အသေအပျောက် ရှိရင်တောင်မှ အကျိုးဆက်က နည်းနည်းပဲရှိမှာ... ငါတို့လူသားမျိုးနွယ်ရဲ့ သမိုင်းရေစီးကြောင်းကလည်း ဘယ်တော့မှ မပျက်စီးစေရဘူး"

သူပြောသည့်အတိုင်း ရုတ်တရက် အကြောင်းအရာ ပြောင်းသွားသည်။

"အဓိပတိနယ်ပယ်ကို တက်နိုင်ရင်ပေါ့? ဘာကြောင့်လဲ သိလား"

"ဘာလို့လဲ?"

ချင်းယန်သည် မေးခွန်းနှင့်အတူ မျက်ခုံးပင့်လိုက်သော်လည်း အနည်းငယ် နားလည်နေပါပြီ။ ကြယ်စစ်သည်များသည် အဓိပတိနယ်ပယ်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် နိယာမစွမ်းအင်ဖြင့် ကောင်းကင်ဖြစ်စဉ်များကို လှည့်စားနိုင်သည်။

လက်တစ်ချောင်းတည်းဖြင့် သားရဲ ဒီရေကို ချေဖျက်နိုင်သည်။ သို့သော် မဆင်မခြင် လုပ်ရပ်မှာ နောက်အခိုက်အတန့်တွင် ကြည်နူးစရာဟု မခံစားရလောက်ချေ။

နောက်ဆက်တွဲ အကျိုးဆက်များသည်လည်း အဆုံးမရှိနိုင်ပေ။ ဖြောင့်မတ်ခြင်း နှင့် ဆိုးယုတ်သော နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များက ဝင်ရောက်စွက်ဖက်ပါက ကမ္ဘာကြီးဟာ မလွဲမသွေ ပျက်သုဉ်းသွားပေလိမ့်မည် ။

“သက်ရှိကမ္ဘာကို မထိခိုက်အောင် တားဆီးဖို့မလား…”

ချင်းယန် သူ၏စိတ်ထဲမှ သံသယများကို ဖွင့်ထုတ်လိုက်သည်။

“အတိအကျပဲ”

မုန့်ထျန်းရွှမ် ခေါင်းညိတ်သဘောတူလိုက်သည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာက ဒီတိုက်ပွဲအပြီးမှာ ဖြောင့်မတ်သည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ငါတို့အားလုံး နားလည်သဘောပေါက်ခဲ့တာ တစ်ခုရှိတယ်.. ကောင်းကင်နဲ့ လူသားကြားက စစ်ပွဲရဲ့ နယ်ပယ်က ကျယ်ပြန့်လွန်းတယ်... သားရဲနတ်ဆိုးဂိုဏ်းဝင်တွေတောင်မှ အားသာချက် အားနည်းချက်တွေကို နားလည်တယ်"

"အဲဒါကြောင့် ငါတို့ အဓိပတိနယ်ပယ်က ကျင့်ကြံသူတွေက သေခြင်းတရားကို ဝင်ရောက်မစွက်ဖက်ဖို့ စာချုပ်ကို အတိအကျ ချုပ်ဆိုထားခဲ့တာ... ဒါက ချိန်ခွင်လျှာ ကျိုးပျက်တာကနေလည်း ကာကွယ်နိုင်မယ် မဟုတ်ရင် ဆိုးရွားတဲ့ သံသရာကြီး ဖြစ်လာလိမ့်မယ်။ စာချုပ်ကို ချိုးဖောက်ရင် အဓိပတိနယ်ပယ်တွေ အချင်းချင်း အဆုံးမဲ့ သတ်ဖြတ်ကြလိမ့်မယ်... အဲဒီကနေ လွန်ခဲ့တဲ့ နှစ်ငါးရာက အခုခေတ်လူတွေ မကြုံစဖူး စစ်ပွဲကြီးကလည်း အလိုလို ပြန်ဖြစ်လာမယ်...ငါတို့ရဲ့ မျိုးဆက်နဲ့ ကမ္ဘာကြီးလည်း ပျက်စီးသွားလိမ့်မယ်"

စကားဆုံးသောအခိုက် မုန့်ထျန်းရွှမ်၏ မျက်လုံးများ မှိန်သွားခဲ့သည်။

"ဘယ်သူကမှ ထာဝရကာလပတ်လုံး အပြစ်သား မဖြစ်ချင်ပါဘူး"

ချင်းယန်: "ဒါပေမယ့် လုံးဝ ဝင်မစွက်ဖက်ဘူး ဆိုရင်လည်း မသင့်တော်ဘူးမလား"

ချင်းယန် သူ၏မေးစေ့ကို တခဏလောက် ပွတ်သပ်ရင်း စဉ်းစားနေခဲ့သည်။

"တွင်းနက်ထဲက လူတွေ ချန်ထားခဲ့တဲ့ သွေးဝိညာဥ်အစီအရင်ကို လွတ်လွတ်လပ်လပ် စီးဆင်းခွင့်ပေးရင် အစီအရင် လည်ပတ်တဲ့ အကြိမ်ရေလည်း ပိုများလာလိမ့်မယ်... အဲဒါက အဲဒီဂြိုလ်သားမျိုးနွယ်တွေရဲ့ လက်ထဲကို ရောက်သွားမှာ မဟုတ်ဘူးလား"

"မှန်တယ် ဒါပေမယ့် ဒီကိစ္စအတွက် မင်း စိတ်ချနိုင်ပါတယ် ဒီခေါင်းဆောင်ငါက ပြောထားတဲ့အတိုင်း အဓိပတိမဟာမိတ်ဘက်က ချိန်ခွင်လျှာကို ကာကွယ်ထားမှာပါ.... သားရဲနတ်အရှင်ဂိုဏ်း အလိုအလျောက် သတ်ဖြတ်နေချိန်မှာ ဘေးထွက်ရပ်နေမှာ မဟုတ်ပါဘူး"

"သွေးဝိညာဥ်အစီအရင်ကို အပြည့်အ၀ ဖွင့်ထားရင် ဘာဖြစ်သွားမှာလဲ"

ချင်းယန်သည် ကောင်းကင်အထက်ရှိ မှောင်မိုက် အရိပ်မဲ့ တွင်းနက်ကြီးကို ကြည့်လိုက်သည်။ ထိုစဥ် မုန့်ထျန်းရွှမ်၏ ရှင်းပြချက်ကိုလည်း သူ့နားထဲတွင် ဖျတ်ခနဲ ကြားလိုက်ရသည် ။

"သွေးဝိညာဉ်အစီအရင် ပွင့်လာတာနဲ့ တွင်းနက်ကြီးလည်း အပြည့် ပွင့်လာလိမ့်မယ်... တခြားကမ္ဘာက အဲဒီမျိုးနွယ်စုတွေ ဒီကမ္ဘာထဲ ဆင်းလာကြလိမ့်မယ်!"

All Chapters