← Chapters

ဝင်လာခဲ့

Vol. 1 Ch. 9

ဝင်လာခဲ့

Vol. 1 Ch. 9

သခင်သည် သခင်...ကျွန်သည် ကျွန်သာဖြစ်သည်။

နှစ်ပေါင်းထောင်သောင်းမက ကြာမြင့်သွားခဲ့ပြီဖြစ်သော်လည်း မည်သည့်အရာကပြောင်းလဲပါစေ ယဲ့ပိုင်၏အရေးပါမှုက အတူတူပင်ဖြစ်သည်။

သစ္စာဖောက်သူများ၏ တစ်ခုတည်းသောအဆုံးသတ်မှာ သေခြင်းတရားပင်ဖြစ်သည်။

"ထတော့ အန်းလေး...မင်းကအသက်၁၀၀နီးပါးရှိနေပြီ...ဘာလို့ခုထိကလေးဆန်နေရတာလဲ"

ယဲ့ပိုင်သည် မြေပေါ်၌ဒူးထောက်နေသောဝမ်အန်းကိုကြည့်၍ ခေါင်းခါမိလိုက်ကာ အသားတစ်ပိုင်းကိုတူဖြင့်ကောက်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ထို့နောက် ယဲ့ပိုင်က စကားဆက်ပြောလိုက်သည်။

"ကဲကဲ့...ငါတို့မြန်မြန်စားလိုက်ရအောင်...အပြင်ဘက်မှာလူတွေစောင့်နေကြတယ်...စားပြီးရင်သူတို့နဲ့တွေ့ရဦးမယ်"

"ဟုတ်ကဲ့...ဆရာ"

ထိုစကားကိုကြားချိန်၌ ဝမ်အန်း၏ခန္ဓာကိုယ်သည် အဆက်မပြတ်တုန်ယင်နေရာမှ တဖြည်းဖြည်းသက်သာကောင်းမွန်လာခဲ့သည်။

သူသည် ယဲ့ပိုင်၏စကားများနှင့်ပတ်သက်၍ လုံးဝသံသယမရှိပေ။

အပြင်ဘက်၌ လူအချို့ရောက်နေသည့်အတွက်ကြောင့် အနည်းဆုံးတော့ အချို့သောလူများသည် အချိန်မည်မျှကြာသွားပါစေ သစ္စာရှိနေဆဲဖြစ်ကြောင်း ပေါ်လွင်နေပေသည်။

ဝမ်အန်းသည် တဖန်ထိုင်ချလိုက်သော်လည်း ယခုအချိန်တွင် သူသည်အစာစားချင်စိတ် လုံးဝမရှိတော့ပေ။သူ၏စိတ်ထဲတွင် ယဲ့ပိုင်မှ ကျောက်မိသားစုနှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ဆောင်မယ့်အရာများ ၊ ယဲ့ပိုင်အားသစ္စာဖောက်ရန် ကြိုးပမ်းသူတို့၏ နောက်ဆက်တွဲဖြစ်ရပ်များ ၊ ဤကိစ္စများမှတဆင့် ကမ္ဘာကြီးတစ်ခုလုံးအား မည်မျှထိရိုက်ခတ်သွားနိုင်ကြောင်း စသည်တို့ကို တွေးတောနေမိသည်။

...

သက်ရှည်ဘုရားကျောင်း၏ အပြင်ဘက်တွင်...

အခြားသောမြင်ကွင်းတစ်ခုအား တွေ့မြင်ရမည်ဖြစ်သည်။

ကျောက်ခွန်သည် ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ချက်ချင်းပင်ကယ်ဆယ်ကာ ဆေးရုံသို့ပို့ဆောင်ခဲ့သည်။ထိုနေ့တွင် ကျောက်မိသားစုတစ်ခုလုံးက ဗြောင်းဆန်သွားခဲ့သည်။

ကျောက်မိသားစုဝင်တစ်ယောက်သည် အိမ်အပြင်သို့ထွက်လာပါက သက်တော်စောင့်များစွာ ခြံရံထားသည်ကိုတွေ့ရမည်ဖြစ်သည်။သူတို့သည် လွန်စွာသတိထားနေပုံရပြီး ရန်သူကြီးတစ်ယောက်ချည်းကပ်လာနေသကဲ့သို့ ဖြစ်နေခဲ့ရသည်။

ကျောက်ခွန်၏ ဖခင်ဖြစ်သူ ကျောက်ဒုံဟိုင်သည် ဝမ်အန်း၏လက်ချက်ကြောင့် ကျောက်ခွန်ဒဏ်ရာရရှိသွားသည်ကို သိရှိပြီးနောက်တွင် မည်သည့်ဖိအားဒဏ်ကိုမှဂရုမစိုက်တော့ဘဲ ဒေါသတကြီးအော်ဟစ်ခဲ့သည်။ခွန်းလွန်တောင်မှ အင်မော်တယ်အကြီးအကဲသည် ဂျူနီယာများကိုအနိုင်ကျင့်ခဲ့သောကြောင့် ကျောက်မိသားစုဖျက်ဆီးခံရလျှင်တောင်မှ လက်စားချေမည်ဖြစ်ကြောင်း ကြုံးဝါးသွားခဲ့သည်။

သခင်လေးဝူအပါအဝင် ထိုနေ့ကခွန်းလွန်တောင်၌ရှိနေခဲ့သူအားလုံးသည် သူတို့ရိုက်ကူးထားသည့် ဓာတ်ပုံမှတ်တမ်းအားလုံးကိုဖျက်ဆီးရန် အတင်းအကျပ်ဖိအားပေးခံခဲ့ရသည်။သူတို့မြင်တွေ့ခဲ့ရသည့် ခွန်းလွန်တောင်မှမြင်ကွင်းများအားလုံးကို သူတို့၏မှတ်ညဏ်တွင်း၌သာ ထာဝရသိမ်းဆည်းထားရတော့မည်ဖြစ်သည်။

သို့သော်လည်း ခွန်းလွန်တောင်မှ မတော်တဆဖြစ်ရပ်အပြီးတွင် ခွန်းလွန်တောင်တစ်ခုလုံးအား ပိတ်ဆို့ထားလိမ့်မည်ဟု မည်သူကမှမထင်ထားခဲ့ကြပေ။

တောင်ခြေ၏နေရာတိုင်းတွင် ရဲများကင်းလှည့်နေခဲ့ကြပေ။သူတို့သည် သေနတ်များကိုအဆင်သင့်ပြင်ဆင်ထားကြပြီး အနားသို့ချည်းကပ်လာသူတိုင်းကို ပစ်ခတ်ကြပေရာ မည်သူမှတောင်ပေါ်သို့ တက်ခွင့်မရကြပေ။

သက်ရှည်ဘုရားကျောင်း၏ တံခါးဝတွင် လူ၉ယောက်မတ်တပ်ရပ်နေကြသည်။

ထို၉ယောက်လုံးသည် အသက်အရွယ်ကြီးမြင့်နေကြပြီဖြစ်သည်။

၎င်းတို့အနက် အသက်အငယ်ဆုံးမှာ အသက်၉၀ခန့်ရှိမည်ဟုခန့်မှန်းရကာ အကြီးဆုံးမှာမူ အသက်မည်မှရှိကြောင်းအကဲမဖြတ်နိုင်သော်လည်း အနည်းဆုံး၁၂၀ခန့်ရှိမည်ဖြစ်သည်။

လူ၉ဦးအနက် အချို့သည် အနက်ရောင်ဝတ်စုံအားဝတ်ဆင်ထားကာ အချို့မှာတန်ဝတ်စုံကိုဝတ်ဆင်ထားပြီး အချို့မှာရှေးဟောင်းဝတ်စုံများ အချို့မှာတရုတ်ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားကြပေသည်။သူတို့အားလုံးသည် ကျောက်လှေကားထစ်များပေါ် မတ်တပ်ရပ်နေချိန်၌ မမြင်တွေ့နေသောအော်ရာများက သူတို့ထံမှထွက်ပေါ်လာခဲ့သည်။

ထိုအရာသည် သြဇာအာဏာ၏ပြယုဂ်ဖြစ်သလို လူအားလုံး၏အပေါ်၌ ရပ်တည်နိုင်သူများ၏ အမှတ်လက္ခဏာဖြစ်သည်။

သက်ရှည်ဘုရားကျောင်း၏တံခါးဝတွင် ဝမ်အန်းအားကာကွယ်စောင့်ရှောက်ပေးနေသော အထူးရဲအရာရှိများသည် လူအို၉ဦးကိုတွေ့မြင်ချိန်တွင် မျက်နှာများဖြူဖတ်ဖြူရော်ဖြစ်ကာ ဘေးထွက်၍ခေါင်းငုံ့လိုက်ကြရသည်။

ထိုလူအိုကိုးယောက်၏ အထောက်အထားသည် လွန်စွာကြောက်စရာကောင်းကြောင်း သူတို့ကောင်းကောင်းသိထားကြပေသည်။

သူတို့အားလုံးသည် အင်မော်တယ်အကြီးအကဲနှင့် တူညီသောအဆင့်အတန်း၌ရှိကြသည်။

သူတို့တစ်ယောက်ချင်းစီတိုင်းသည် တစ်ကမ္ဘာလုံးအား တုန်လှုပ်ခြောက်ခြားစေနိုင်သည့် ဖြစ်တည်မှုများဖြစ်ကြသည်။

သို့သော်လည်း ထိုလူ၉ယောက်က ဘုရားကျောင်းရှေ့၌ငြိမ်သက်စွာရပ်နေခဲ့သည်။

သူတို့သည် စကားလုံးဝမပြောခဲ့ကြပေ။သူတို့၏အကြည့်များသည် သက်ရှည်ဘုရားကျောင်း၏တံခါးကိုလှမ်းကြည့်လိုက်ရာ ခြံဝင်းအတွင်းရှိအခြေအနေအချို့ကို တွေ့မြင်လိုက်ရသည်။

တစ်စုံတစ်ယောက်သည် ကျောက်ခွန်၏လက်ချက်ကြောင့် တစ်ဝက်တစ်ပျက်ပျက်စီးနေသော သစ်သားတံခါးကိုကြည့်ရင်း အနည်းငယ်မျက်မှောင်ကြုတ်မိလိုက်သည်။

ဆယ်မိနစ်...မိနစ်နှစ်ဆယ်...တစ်နာရီကျော်...

ထိုကာလအတွင်း ခွန်းလွန်တောင်ပေါ်ရှိ တောရိုင်းတိရစ္ဆာန်တို့၏အော်သံနှင့် တောအုပ်အတွင်းမှ ငှက်များအော်ဟစ်သံကိုသာ ရံဖန်ရံခါကြားရပေသည်။

သို့သော်လည်း ထိုသို့ရံဖန်ရံခါကြားရသည့်အသံများကပင် ဤတိတ်ဆိတ်နေသောပတ်ဝန်းကျင်အား ပိုမိုထူးဆန်းသွားစေခဲ့သည်။

"ဟင်း..."

အဆုံးသတ်တွင် ထိုလူအိုများသည် တစ်နာရီကျော်ခန့်ရပ်စောင့်နေရပြီးနောက် သည်းခံနိုင်ပုံမရတော့ပေ။ထိုထဲမှ တန်ဝတ်စုံအားဝတ်ဆင်ထားသည့် အဘိုးအိုသည် ဖြည်းညှင်းစွာဖြင့်သက်ပြင်းတစ်ချက်ချလိုက်ကာ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

"လူအိုကြီးဝမ်က တော်တော်ဒေါသထွက်နေပုံရတယ်...ကျောက်မိသားစုကကောင်လေးက တော်တော်လွန်သွားတာပဲ"

သက်ရှည်ဘုရားကျောင်း၏ တံခါးဝ၌ရှိနေသော အထူးရဲတစ်ယောက်သည် ထိုစကားကိုကြား၍ သူ၏ပါးစပ်ကအနည်းငယ်လှုပ်ယမ်းသွားခဲ့သည်။

ထိုရဲသည် အဘိုးအိုအား တစ်ချက်လှမ်းကြည့်လိုက်ပြီး ချက်ချင်းပင်အကြည့်လွဲလိုက်တော့သည်။ထိုအဘိုးအိုသည် ကူမိသားစု၏စစ်မှန်သောခေါင်းဆောင်ဖြစ်သော ကူချင့်လွင်ဖြစ်ကြောင်း သူကောင်းစွာသိထားပေသည်။ထိုပုဂ္လိုလ်သည် လွန်ခဲ့သောနှစ်ပေါင်း၈၀ခန့်က အမည်မသိစည်းစိမ်ချမ်းသာများကို ရရှိခဲ့သည်။ယခုလိုနှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက်တွင် ဖွံ့ဖြိုးတိုးတက်နေသော စွမ်းအင်လုပ်ငန်းသို့ ဝင်ရောက်လုပ်ကိုင်ကာ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။ဤသို့ဖြင့် ယနေ့အချိန်သို့ရောက်လာချိန်တွင် ကမ္ဘာပေါ်ရှိစွမ်းအင်လုပ်ငန်းစုတိုင်း၌ သူ၏လက်ရာခြေရာများ မကင်းတော့ပေ။

ကူမိသားစုသည် စူပါမိသားစုတစ်ခုဖြစ်ပြီး သူ၏ပိုင်ဆိုင်မှုနှင့်စွမ်းအားတို့သည် ကျောက်မိသားစုထက် လုံးဝအားမနည်းကြောင်း သေချာပေသည်။

သို့သော်လည်း ယခုအခါတွင် လူအိုကြီးကူသည် ခွန်းလွန်တောင်သို့ကိုယ်တိုင်ရောက်လာပြီး အအေးဒဏ်ကိုကြံ့ကြံ့ခံကာ တံခါးအပြင်ဘက်၌ အချိန်အတော်ကြာငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့သည်။

"ဆရာကြီးမထွက်သွားခင် ငါတို့အကုန်လုံးကိုလက်တွဲလုပ်ကိုင်ပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ သတိပေးသွားတယ်...ပြီးတော့ငါတို့အချင်းချင်းကြား အငြင်းပွားမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် မတူညီတဲ့လုပ်ငန်းစုတွေကို လုပ်ကိုင်ဖို့ပြောသွားခဲ့တယ်...ဒါပေမဲ့ ကျောက်မိသားစုကခုလိုမျိုးလုပ်ဆောင်လာလိမ့်မယ်လို့ ငါဘယ်တုံးကမှမမျှော်လင့်ထားခဲ့ဘူး...ဒီကိစ္စကနည်းနည်းတော့ပြသနာရှိတယ်...ငါသာလူအိုကြီးဝမ်ဆိုရင် ကျောက်မိသားစုရဲ့ပြဿနာကိုမဖြေရှင်းနိုင်မချင်း တံခါးပိတ်ထားမှာပဲ"

ဆံပင်ဖြူနှင့်ခပ်လျှိလျှိမျက်နှာထားရှိသည့် အနက်ရောင်ဝတ်စုံဝတ်အဘိုးအိုက တိုးတိုးလေးပြောလိုက်သော်လည်း သူ၏အသံက လူတိုင်း၏နားထဲ၌ ရှင်းရှင်းလင်းလင်းကြားနေခဲ့ရသည်။

အထူးရဲအရာရှိတစ်ယောက်သည် ထိုစကားကိုကြားသောအခါတွင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက်တုန်ခါသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာလျှို့ဝှက်ချက်တစ်ခုအား ရှာဖွေတွေ့ရှိသွားသည်ဟု ခံစားမိလိုက်သည်။

သူတို့၉ယောက်လုံးမှာ ဆရာကြီးတစ်ယောက်ရှိနေတာလား...

သူတို့အားလုံးက အဲဆရာကြီးအတွက် အလုပ်လုပ်ပေးနေကြတာလား...

အဲလိုသာဆိုရင် သူတို့ရဲ့သခင်က ဘယ်သူဖြစ်မလဲ...သူ့ရဲ့ချမ်းသာကြွယ်ဝမှုက ဘယ်လောက်ထိရှိနိုင်တာလဲ...

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုပြောသည့်စကားနှင့်ပတ်သက်၍ သူမည်သို့မှယုံမှားသံသယဖြစ်ခြင်းမရှိပေ။ထိုအဘိုးအိုသည် ယနေ့အခါတွင် ရေပန်းအစားဆုံးနည်းပညာကုမ္ပဏီပိုင်ရှင် သူဌေးကြီး မာထန့်ယွမ်ဖြစ်နေ၍ဖြစ်သည်။သူ၏အသားတင်ချမ်းသာကြွယ်ဝမှုသည် ဒေါ်လာထရီလီယံနှင့်ချီပြီး ကမ္ဘာပေါ်ရှိနည်းပညာကုမ္ပဏီပေါင်းများစွာက သူနှင့်အတူလက်တွဲလုပ်ကိုင်ကြသည့် သတင်းများမကြာခဏထွက်ပေါ်လာလေ့ရှိသည်။

"ကျောက်မိသားစုက အိမ်ခြံမြေအရင်းအမြစ်တွေကို ထိန်းချုပ်ထားတယ်...နှစ်တွေကြာလာတာနဲ့အမျှ သူတို့ဟာငွေဖြူငွေမည်းအမြှောက်အများနဲ့ တရားမဝင်တဲ့လုပ်ရပ်တွေကို မရေမတွက်နိုင်အောင် လုပ်ဆောင်ခဲ့တယ်...ဒါကသူတို့အတွက်ပုံမှန်ပါဘဲ...ဒါပေမဲ့သူတို့ရဲ့ဂျူနီယာတွေကို ခုလိုလုပ်ခွင့်မပေးလိုက်သင့်ဘူး"

လူအိုကြီးခန်းက ဝင်ပြောလိုက်သည်။သူသည် စားသောက်လုပ်ငန်းပိုင်းတွင် သူဌေးကြီးတစ်ယောက်ဖြစ်ကာ မည်သူကမှသူနှင့်ယှည်ပြိုင်နိုင်စွမ်းမရှိပေ။

တစ်ကမ္ဘာလုံးရှိ စူပါမားကတ်များတွင် အစားအသောက်ဝယ်ယူဖူးသူတိုင်းသည် လူအိုကြီးခန်း၏ဖောက်သည်များ ဖြစ်ကြသည်ဆိုလျှင် ထိုအရာသည်ချဲ့ကားပြောဆိုနေခြင်းမရှိပေ။

"ဒါကပုံမှန်ပဲလား..."

ကူချင့်လွင်၏မျက်နှာသည် ချက်ချင်းပင်မည်းမှောင်သွားခဲ့သည်။

"ဘာကိုပုံမှန်မဖြစ်ရမှာလဲ လူအိုကြီးကူ...ငါတို့အားလုံးဟာအစကတည်းက ဆရာကြီးရဲ့ကျေးဇူးကိုရရှိပြီးတော့ ဒီနေ့ဒီလိုအခြေအနေမျိုးရောက်လာတာလည်း ဆရာကြီးရဲ့အကူအညီကြောင့်ပဲ...ဒါပေမဲ့ အဲ့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း၈၀ကဆိုတာကိုမေ့မထားကြနဲ့...ငါတို့ဒီလိုနေရာကိုရောက်ရှိဖို့ဆိုတာ ငါတို့ရဲ့နေ့ညမပြတ် ကြိုးစားအားထုတ်မှုတွေကြောင့်ပဲ...ဒီလိုအခြေအနေမှာ ကျောက်မိသားစုက ခုလိုပြသနာမျိုးကိုဖန်တီးခဲ့တာ နားမလည်နိုင်လောက်တဲ့ကိစ္စတော့မဟုတ်ဘူး"

လူအိုကြီးခန်းက မသိမသာပြန်ပြောလိုက်သည်။

သူတို့နှစ်ဦးကြား စကားစမြည်ပြောဆိုနေချိန်တွင် ထိုနေရာတဝိုက်၌ အေးစက်သောအငွေ့အသက်များ ပျံ့နှံ့သွားခဲ့သည်။

"မင်းလည်းသစ္စာဖောက်ချင်နေတာလား..."

"အဲ့ဒီစကားကမင်းပြောတာလေ...ငါပြောတာမဟုတ်ဘူး"

"မင်း..."

လူအိုကြီးကူနှင့် လူအိုကြီးခန်းတို့သည် သူတို့၏ဒေါသကိုဖွင့်ထုတ်ကာ အချင်းချင်းရန်စလာကြသည်။ထိုအချိန်တွင် အနီးအနားရှိအခြားလူအိုကြီး၇ယောက်က နှုတ်ဆိတ်နေခဲ့ကြသည်။

သို့သော်လည်း ထိုနေရာရှိလေထုအခြေအနေက လုံးဝအေးစက်တင်းမာနေခဲ့သည်။

"အထဲဝင်ခဲ့..."

ထိုအချိန်တွင် သက်ရှည်ဘုရားကျောင်းမှနေ၍ ပေါ့ပေါ့ပါးပါးဖြင့် အေးစက်သောအသံတစ်ခုထွက်ပေါ်လာခဲ့သည်။

လူအိုကြီးကူနှင့်လူအိုကြီးခန်းတို့သည် ဆယ်စုနှစ်များစွာကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထိုလေသံနှင့်လုံးဝရင်းနှီးနေသည့်အတွက်ကြောင့် လွန်စွာမှအံ့သြတုန်လှုပ်သွားခဲ့ကြသည်။

တခြားလူအိုကြီး၇ယောက်သည်လည်း ခြေထောက်များမလှုပ်ရှားနိုင်တော့ဘဲ တုန်ရီနေခဲ့ကြသည်။

All Chapters