← Chapters

စစ်မှန်သော နဂါးပုံစံသို့ ပေါင်းစည်းခြင်း

Vol. 20 Ch. 287

စစ်မှန်သော နဂါးပုံစံသို့ ပေါင်းစည်းခြင်း

Vol. 20 Ch. 287

မုန့်ထျန်းရွှမ် အံ့ဩသွားပြီး သူ့ဒေါသမီးများ တောက်လောင်လာကာ မျက်နှာထားသည်လည်း ချက်ချင်းပင် မည်းမှောင်သွားတော့သည် ။

"ချင်းယန် ကျေးဇူးကန်းမနေပါနဲ့ ငါ မင်းကို လုံလုံလောက်လောက် မျက်နှာသာပေးထားပြီး အကျိုးကျေးဇူးတွေ အများကြီးပေးပြီးပြီ မင်း ငါ့ကို ငြင်းရဲသေးတာလား"

"ဟမ့် ကျွန့တော် ဘယ်နှစ်ကြိမ်ပဲပြောရပြောရ ဒါကိုပဲ ထပ်ပြောမယ်။"

ချင်းယန် အေးစက်စွာပြောပြီး လက်နှစ်ဖက်ကို ဖြန့်ကာ နောက်သို့ ဖြည်းဖြည်းချင်း ခြေတစ်လှမ်းဆုတ်လိုက်သည်။

"ခင်ဗျားဘာပြောပြော ကျွန်တော်တို့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက ခင်ဗျားလို ကြောင်သူတော်တွေနဲ့ ပေါင်းသင်းနေရတာကို မကြိုက်ဘူး! ကျွန်တော်က ကျန်းဟိုင်က.. တိုတိုပြောရရင် ခင်ဗျား ကျန်းဟိုင်ကို လုံးဝ ထိခွင့်မရှိဘူး!"

"မင်း! သေလမ်းရှာနေတာပဲ!"

ထိုအခိုက် မုန့်ထျန်းရွှမ်သည် ချင်းယန်ကို စေ့စေ့ကြည့်ရင်း ဒေါသထွက်သည်။

“မင်းရဲ့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက ဂြိုလ်သားတွေရဲ့ စွမ်းအားတွေကို တိုက်ထုတ်နိုင်မယ်လို့များ ထင်နေတာလား မင်းတို့ရဲ့ အားနည်းလှတဲ့ အင်အားနဲ့ဆို တွင်းနက်ကြီးနောက်က ဂြိုလ်သားတွေကို မပြောနဲ့ ငါမင်းကိုဒီမှာတင် သတ်ပစ်နိုင်တယ်ကွ!"

ဗုန်း!

သူ၏စကား ဆုံးသည်နှင့် ကြယ်စွမ်းအင်များ ပေါက်ကွဲသွားသည်။ ပတ်ဝန်းကျင်မြေပြင်သည် တဝုန်းဝုန်း အသံကြီးများဖြင့် ပြိုကျကာ အက်ကွဲကြောင်းများ ပျံ့နှံ့သွားပြီး မြေပြင်တစ်ခုလုံး အက်ကွဲမှုများနှင့် ပြည့်နှက်သွား၏။

"ဟူး... ကြည့်! ခင်ဗျားက အလျင်လိုနေပြန်ပြီ"

၎င်းကိုမြင်သော် ချင်းယန် သက်ပြင်းချလိုက်လေသည်။ သူသည် အသင့်ပြင်ထားပြီးသား အေးအေးဆေးဆေး ခြေတစ်လှမ်းအား နောက်ပြန်ဆုတ်ကာ သူ၏ "လောကအကွာအဝေး" စွမ်းရည်ကို အသက်သွင်းလိုက်ရာ မီတာတစ်ရာအကွာမှ ချက်ချင်း ဖျတ်ကနဲ လင်းလက်သွားသည်။

နောက်အခိုက်၌ ချင်းယန် တိုက်ခိုက်ရေးအကွာအဝေးကို ရှောင်ထားပြီးဖြစ်သည်။

"မဟာမိတ်ခေါင်းဆောင် စိတ်အေးအေးထားပါ... နာကျင်နေတဲ့နေရာကို မထိမိစေနဲ့ နောက်တစ်ခါ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားဦးမယ်"

ချင်းယန် အေးစက်စွာပြောပြီး တိုက်ခိုက်သူဘက်သို့ ပြန်လှည့်လိုက်သည်။

"ကျွန်တော် ဒီကို ရောက်လာမှတော့ ခင်ဗျားရဲ့ အရေခြုံ ဖိတ်ခေါ်မှုကို ဘယ်လိုလုပ် သတိမထားမိဘဲ နေပါ့မလဲဗျ"

"ဘာ!?"

မုန့်ထျန်းရွှမ်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် အံ့အားသင့်သွားပြီး တိုက်ခိုက်တော့မည့် ဟန်အနေအထားအား ရပ်တန့်လိုက်သည်။ တစ်စုံတစ်ခုကို အာရုံခံမိလိုက်သလိုမျိုး ချာကနဲ လှည့်ကြည့်လိုက်၏။

ထိုအခိုက်။

ဗုန်း! ဗုန်း!

တောအုပ်များ၊ ဆည်းဆာနှင့် မြို့ရိုးများမှ ကြောက်မက်ဖွယ်ရာ ရောင်ဝါများ ထွက်ပေါ်လာသည်။ မြေအဓိပတိက ကျင့်ကြံသူများသည် မုန့်ထျန်းရွှမ်၏ တည်နေရာကို ဘက်ပေါင်းစုံမှ တိုက်ရိုက် သော့ခတ်ထားလိုက်ချေပြီ။

"ခင်ဗျားက ထောင်ချောက်တစ်ခု ချထားမှတော့ ကျွန်တော်ကရော တစ်ယောက်တည်း လာမယ်လို့ တကယ်ထင်နေတာလား"

ချင်းယန် အေးစက်စွာ ပြောနေစဥ် သူ၏အမူအရာသည်လည်း တည်ငြိမ်သွားသည် ။ သူသည် မကြာခင် ကောင်းကင်အဓိပတိသို့ တက်တော့မည်။ ထိုအချိန်ရောက်လျှင် သူသည် ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး ထိပ်တန်း ကျွမ်းကျင်သူ ဖြစ်လာမည်ဖြစ်ပြီး မုန့်ထျန်းရွှမ်ကို လုံးဝကြောက်နေမည်မဟုတ်။

"ကောင်းပြီ မင်းအနိုင်ရပါတယ်!"

၎င်းကိုမြင်လိုက်ရတော့ မုန့်ထျန်းရွှမ်၏ မျက်လုံးအရောင်တို့လည်း ဆိုးရွားသွားခဲ့သည်။

လက်ရှိမှာတော့ သူဟာ ပြင်းထန်လှသော ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီးခါစ ဖြစ်လေသည်။ အကယ်၍ ချင်းယန်သည် အဝေးသို့ တွန်းပို့ခံရပါက မခံမရပ်နိုင်သော မိမိကိုယ်မိမိ ဖျက်လိုဖျက်ဆီး တိုက်ခိုက်မှုကို လုပ်ဆောင်လိမ့်မည်။ ထို့ကြောင့် နောက်ဆုတ်ပေးဖို့ကလွဲလို့ သူ့၌ ရွေးချယ်စရာ မရှိတော့ပေ။

"ဒီတစ်ခါ မင်းငါ့ကို ငြင်းလိုက်တာကို တစ်နေ့ သေချာပေါက် နောင်တရလိမ့်မယ်!"

ထိုသို့ ပြောပြီးသည်နှင့် အဝေးကို လှည့်ထွက်ပြေးသွားလေ၏။

"ကျစ်! ကြောင်သူတော်ပဲ"

ချင်းယန် သူ့နှုတ်ခမ်းကို ကောက်ကွေးလိုက်ပြီး တစ်ဖက်လူ၏ နောက်ပြန်ဆုတ်သွားပုံကို ကြည့်ပြီးနောက် သူလည်း မြို့စွန်ကို ထွက်သွားခဲ့သည်။ အဓိပတိမဟာမိတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ကျားတစ်ကောင်ထံမှ အကူအညီ ရယူခြင်းနှင့် တူညီပါ၏။

………..

ချင်းယန် ထွက်သွားပြီး သိပ်မကြာခင်မှာပင် အင်ဂျင်စက်သံများ တစ်ညလုံး မြည်နေတော့သည်။ ကြယ်သိုင်းရဲစခန်းမှ နယ်ခြားစောင့်ရဲများ ရောက်ရှိလာခြင်းပင်။ ၎င်းတို့၏ အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် နှင့်အတူ သံချပ်ကာ ကင်းလှည့်ယာဉ်များလည်း လိုက်ပါလာကြသည်။

ဦးစီးချုပ်သည် ကားတံခါးကို ဖြည်းညှင်းစွာ ဖွင့်ကာ ထွက်သွားပြီး အခင်းဖြစ်ပွားရာ နေရာ၌ ရပ်၍ စစ်ဆင်ရေးများကို ညွှန်ကြားနေခဲ့သည်။ ညလေညှင်းသည် ထင်းရှူးတောကို ဖြတ်၍ လေကိုတိုက်ခတ်လာခဲ့ကာ သစ်ပင်များ၏ တရွတ်ရွတ် အသံတို့ကြားနေရသည်။

သို့ပေမယ့် အနှီနေရာကို အစည်းအဝေး လုပ်ခဲ့သူ နှစ်ဦးမှာ စွန့်လွတ်ခဲ့သဖြင့် မှောင်မိုက်နေသော တောအုပ်ထဲ၌ မြင်စရာလူမရှိ။

"ခေါင်းဆောင်ကြီး! သူတို့အားလုံး ထွက်သွားကြပါပြီ"

စကားပြောစက် ကိုင်ဆောင်ထားသော အရာရှိတစ်ဦး ချဉ်းကပ်လာသည်။

“အရှေ့တောင်ဘက်မှာ တပ်စွဲထားတဲ့ ညီအစ်ကိုတွေက ပစ်မှတ်တွေက အစည်းအဝေးပြီးသွားတော့ တစ်ယောက်က အရှေ့တောင်ဘက်ကို ဦးတည်ပြီး တစ်ယောက်က မြို့ဘက်ကို ပြန်သွားတယ်... နှစ်ဖက်ကွဲသွားတာကို အတည်ပြုပေးလိုက်တာပါ”

"အနီးနားမှာ ရုန်းကန်ထားတာ တိုက်ခိုက်တာတဲ့ လက္ခဏာမျိုးရှိလား။"

ဦးစီးချုပ်ကြီး၏ နှလုံးမှာတော့ သူ့လည်ချောင်းထဲသို့ ခုန်ဝင်သွားလုမတတ် ဖြစ်နေပြီ။

"ဒီကြယ်တွေရဲ့ စွမ်းအင်အတက်အကျကရော"

"သတင်းပို့ပါတယ်... အနီးနားကကြယ်တွေရဲ့ စွမ်းအင်အတက်အကျက ပုံမှန်ပါပဲ။ ဧရိယာတဝိုက်မှာ တပ်စွဲထားတဲ့ ရဲတပ်သားတွေရဲ့ အစီရင်ခံစာအရတော့ ဘာမှ ထူးထူးခြားခြား မတွေ့ခဲ့ရပါဘူး"

အဖွဲ့သားတစ်ဦး: "ညီအစ်ကိုတွေရဲ့ အဆိုအရဆို ဓားနတ်ဘုရားရဲ့ တပည့်အကြီးဆုံးက ဒဏ်ရာကင်းကင်းနဲ့ လွတ်မြောက်သွားခဲ့ပတယ် အဓိပတိ မဟာမိတ်ခေါင်းဆောင်ကတော့ အရမ်း စိတ်မကောင်းဖြစ်သွားပုံနဲ့ ထွက်သွားပါတယ်တဲ့"

"အဲဒီလိုလား?"

တင်ပြချက်ကိုကြားတော့ ဦးစီးချုပ်သည် ချင်းယန်ထိုင်ခဲ့သည့် ကျောက်တုံးကို တစ်ချက် လှမ်းကြည့်ရင်း စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ အစည်းအဝေးကို သူတစ်ယောက်တည်း သွားပြီး ထောင်ချောက်ထောင်သည့်သူကို တကယ် ခြောက်လွှတ်လိုက်လေသလား။

……….

တစ်ဖက်ရှိ ကီလိုမီတာများစွာ အကွာရှိ ဖုဟိုင်ဗီလာ လူနေရပ်ကွက်တွင်။

ချင်းယန်သည် တိတ်ဆိတ်သော လမ်း၏ တစ်ဖက်ခြမ်းသို့ ဆင်းသက်လာခဲ့သည်။ လရောင်အောက်တွင် အိမ်သို့ ပြန်လျှောက်သွားနေရင်း ဖြစ်ပျက်ခဲ့သမျှကိုလည်း တွေးတောနေသည်။

မုန့်ထျန်းရွှမ်၏ ကိုယ်ရည်ကိုယ်သွေးကို သုံးသပ်ကြည့်လျှင် မိမိ သည်တစ်ခေါက် သူ့ကို ငြင်းပယ်ခဲ့သည်မို့ သေချာပေါက် လွှတ်ထားပေးမှာ မဟုတ်ချေ။ အခုချိန်ကစပြီး အပြင်သွားသောအခါ သတိထားရလိမ့်မည်။

အတွေးနယ်ထဲ ပတ်ပြေးနေစဥ် ရုတ်တရတ် သူ၏အိတ်ကပ်က တုန်ခါသွားခဲ့သည်။ ချင်းယန် သူ့ဖုန်းကို ထုတ်ကြည့်လိုက်ရာ မကြာသေးမီက ရောက်ထားသော မက်ဆေ့ချ်တစ်ခုကို တွေ့လိုက်ရသည် ။

[ရှောင်ပိုင် : သခင် ဘယ်သွားတာလဲ။ ဘာလို့ဒီလောက်ကြာသွားတာလဲ။ ဘယ်တော့ပြန်လာမှာလဲ ဒီနတ်သမီးက ညစာစားဖို့ အိမ်မှာစောင့်နေတယ်။]

၎င်းဘေးတွင် ကာတွန်းပုံ အဖြူရောင်မြေခွေး အီမိုဂျီတစ်ခုကို ပူးတွဲထား ပို့ထားလေသည်။

"ဒီမိုက်မဲတဲ့ မြေခွေးလေးက အင်တာနက်ကို စူးစမ်းလေ့လာတဲ့ နေရာမှာတော့ ပိုတော်လာသားပဲ"

ချင်းယန် ရယ်မောလိုက်သည်။ ထိုဖုန်းနံပါတ်ကို ခေါ်ဆိုခါနီးတွင် မဖတ်ရသေးသော မက်ဆေ့ချ်များစွာကို သတိပြုမိကာ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

[လီကျစ်ရွှမ်း : ဆရာအစ်ကို ဟိုမှာ အဆင်ပြေရဲ့လား? ညီမလာဖို့ လိုလား။]

ထို့အပြင် အခြားသတင်းစကားများလည်း ပြန့်ကျဲနေပါသည်။

လီကျစ်ရွှမ်း သာမက ရှဟဲနှင့် လီချင်းဟဲတို့ထံမှလည်း မက်ဆေ့ခ်ျများစွာ ရောက်ထားသည်။

ရှဟဲသည် အခြေအနေကို မေးမြန်းနေစဉ် ကျန်းဟိုင်မြို့ နယ်နိမိတ်တစ်လျှောက်ရှိ ရဲအုပ်ကြီး၏ ဘေးကင်းရာ နေရာများကို ပြောပြကာ တိုက်ပွဲမအောင်မြင်ပါက ချင်းယန်တစ်ယောက် ဘေးလွတ်ရာသို့ ထွက်ပြေးသင့်ကြောင်း ညွှန်ပြထားလေ၏။

ထိုအချိန်တွင် လီချင်းဟဲသည် လီမိသားစု၏ အစီအရင်မှူးကို ခေါ်ပြီး ချင်းယန်ကို မြို့ရိုးဆီသို့ ပြေးလာရန် ညွှန်ကြားထားခဲ့သည်။ မြို့တော်၏ အကာအကွယ်ခင်းကျင်းမှုကို အသက်သွင်းပြီးသည်နှင့် မုန့်ထျန်းရွှမ် အချိန်အတော်ကြာမှ ဝင်လာနိုင်လိမ့်မည် ဖြစ်သည်။

စက္ကန့်တိုင်း ရေတွက်ထား၏။ ကီလိုမီတာပေါင်းများစွာ အကွာအဝေးကို တယ်လီပို့ဖို့ ထိပ်တန်းနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်အတွက် တစ်စက္ကန့်ကတင် လုံလောက်ပါသည်။

“…”

ညချမ်း လေနုအေးက အနည်းငယ် အေးမြသွားသည်။ ချင်းယန်သည် နှုတ်ခွန်းဆက်စကားများကို ဖတ်ပြရင်း ရင်တွင်း၌ နွေးထွေးသော အလင်းရောင်ကို ခံစားရင်း စာသားမက်ဆေ့ချ်ကို တစ်ခုပြီးတစ်ခု လှန်ကြည့်လိုက်သည်။

ဤလောကထဲ ရောက်လာကတည်းက သူ့မှာ ဆွေမျိုးများ မရှိသော်လည်း နောက်ဆုံးတော့ ၎င်းတို့နှင့် တွေ့ခဲ့၏။ ကမ္ဘာကြီးက အလွန်ကျယ်ပြောလှသည်။ သူတစ်ယောက်တည်း မဟုတ်ချေ။

ချင်းယန်သည် ကြယ်ရောင်စုံသော ကောင်းကင်အောက်တွင် ရပ်နေပြီး အပေါ်မှ တွင်းနက်ကိုးလုံးကို မော့ကြည့်လိုက်သည်။ ကျယ်ပြောလှသော ကောင်းကင်ကြီးသည် အပေါ်ထပ်သို့ လွင့်စင်သွားကာ သူ၏ရုပ်သွင်သည် လွင့်မျောနေသည့် အရာဝတ္ထုတစ်ခုကဲ့သို့ သေးငယ်သွားစေသည်။

"တစ်နေ့တော့ ဒီအန္တရာယ်တွေကို ငါဖြေရှင်းရမယ်!"

…

ခဏအကြာ

အရုဏ်တက်ချိန် နီးလာပြီ။

ခြံဝင်းထဲ ပြန်ရောက်သောအခါ ချင်းယန်သည် တံခါးနှင့် ပြတင်းပေါက်များကို ရှောင်ပိုင်အား ပိတ်ခိုင်းလိုက်သည်။ ထို့နောက် ခြံထဲကို တိုက်ရိုက်သွားကာ အဖြူသန့်သန့် ၀တ်ရုံကို ပြောင်းဝတ်၌ မြေကြီးပေါ်၌ ထိုင်ချလိုက်၏။

အေးမြသော လရောင်အောက်တွင် နေနှင့်လတို့သည် ကောင်းကင်တွင် အတူတူ ထွန်းလင်းတောက်ပလျက် ရှိပေသည်။

အရှေ့ဘက်ကောင်းကင်သည် တဖြည်းဖြည်း တောက်ပလာကာ ဖြူဖျော့သွားသည်။ ချင်းယန်ဟာ ကျင့်ကြံနေစဥ်၌ ဘုန်းကြီးတစ်ပါးကဲ့သို့ ငြိမ်သက်နေပြီး တည်ကြည်သော ဉာဏ်အလင်းထဲ နှစ်မြုပ်နေခဲ့သည်။

ယခုအခါတွင် သူ၏နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ၊ စစ်မှန်သော နဂါးပုံစံသည်လည်း ပြီးစီးလုနီးနေပြီ ဖြစ်သည်။

“သိပ်မလိုတော့ဘူး ”

စစ်မှန်သော နဂါးခန္ဓာပုံစံကို ဆက်လက် ပုံဖော်နေခဲ့သည်။

သူ့စိတ်ထဲ၌မူ သမင်ချိုများ၊ လင်းယုန်ခြေသည်းများ၊ ငါးအကြေးခွံများပါသော ရွှေနဂါးကြီးသည် သက်ရှိထင်ရှား လွတ်လွတ်လပ်လပ် သွားလာနေပါပြီ။ ၎င်း၏ကြီးကျယ်ခမ်းနားသော ကိုယ်ထည်သည် တိမ်များနှင့် အခိုးအငွေ့များကို ဖောက်ထွင်းဝင်ရောက်ကာ ၎င်း၏နီညိုရောင် ရွှေရောင် အကြေးခွံများက ထွက်သက်ဝင်သက်ဖြင့် အဖွင့်အပိတ်များသဖွယ် လှုပ်ရှားနေသည်။ မျက်လုံးများက တောက်လောင်နေသည့် မီးရှူးမီးပန်းများကဲ့သို့ ခံ့ညားထည်ဝါပြီး ရင်သပ်ရှုမောဖွယ် အသွင်အတိုင်းပင်။

ဆယ်ရက်အတွင်း မြေအဓိပတိ၏ နိမိတ်ကို ဖြတ်ကျော်၍ ကောင်းကင်အဓိပတိသို့ အောင်အောင်မြင်မြင် တက်နိုင်တော့မည်။ စစ်မှန်သော နဂါးခန္ဓာပုံစံ ခိုင်မာလာသောအခါ သူ၏အနေအထားသည် ဤလောကရှိ တည်ရှိမှု၏ အထွတ်အထိပ်သို့ တက်သွားပေလိမ့်မည်။

ထိုအချိန်တွင် အရေးမပါသော မုန့်ထျန်းရွှမ်ကိုလည်း အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပါလား။

All Chapters