ချမ်းသာကြွယ်ဝမှု
Vol. 1 Ch. 11
တိတ်ဆိတ်ငြိမ်သက်ခြင်း...
ပတ်ဝန်းကျင်လေထုအား တိတ်ဆိတ်ခြင်းကသာ ကြီးစိုးနေခဲ့သည်၊
ဝမ်အန်းသည်ပင်လျှင် ရိုသေကိုင်းရှိုင်းသောအမူအရာဖြင့် မြေပြင်ပေါ်၌ဒူးထောက်နေခဲ့ကာ စကားမပြောဝံ့ပေ။
"အန်းလေး..."
ယဲ့ပိုင်က ပြောလိုက်သည်။
အဘိုးကြီး၉ယောက်သည် ယဲ့ပိုင်မှအမည်တပ်ပြောခံရမည်ကို စိုးရိမ်နေ၍ လွန်စွာတုန်လှုပ်နေခဲ့သည်။
ဝမ်အန်းက အနည်းငယ်တုန်လှုပ်သွားခဲ့သည်။
"ဆရာ...ကျနော်ဒီမှာရှိတယ်"
"အားလုံးဘာတွေဖြစ်နေကြတာလဲ...လက်ဖက်ရည်၁၃ခွက်လောက်ပြင်ဆင်လိုက်...ဒီလောက်ကြာမှတော့ လူတိုင်းရေငတ်နေလောက်ပြီပေါ့"
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားချိန်တွင် ဝမ်အန်း၏မျက်နှာပေါ်ရှိ မျက်ခုံးမွှေးများ အရူးအမူးလှုပ်ခါသွားခဲ့သည်။
သူ့ဘေးနားရှိ မြေပေါ်၌ဒူးထောက်နေသော အဘိုးကြီး၉ယောက်ကလည်း မျက်နှာများဖြူဖျော့သွားခဲ့ကြသည်။
ဤနေရာတွင် စုစုပေါင်းလူ၁၁ယောက်သာရှိပေသည်။ယဲ့ပိုင်သည်ကား လက်ဖက်ရည်သောက်နှင့်ပြီးဖြစ်သည်။
ယခုအခါ ယဲ့ပိုင်က လက်ဖက်ရည်၁၃ခွက်ပြင်ဆင်ရန် အမိန့်ပေးလိုက်ပေသည်။ထိုအရာသည် မည်သည်ကိုဆိုလိုသနည်း။
"နားလည်ပါပြီ ဆရာ"
ဝမ်အန်း၏လက်များသည် အနည်းငယ်တုန်ခါသွားခဲ့ပြီး ယဲ့ပိုင်၏အမိန့်အရ လက်ဖက်ရည်ခွက်များအား စတင်၍ပြင်ဆင်ခဲ့သည်။
အဘိုးကြီး၉ယောက်က လုံးဝငြိမ်သက်နေခဲ့သည်။
အချိန်၃မိနစ်ခန့်ကြာပြီးနောက် လက်ဖက်ရည်ကြမ်း၁၃ခွက်လုံးအား ကော်ဖီစားပွဲပေါ်သို့တင်လိုက်ချိန်တွင် ဧည့်ခန်းတစ်ခုလုံး လက်ဖက်ခြောက်အမွှေးနံ့များ ပျံ့နှံ့သွားခဲ့ကာ သွေးရနံ့အားထိန်းချုပ်ထားနိုင်လိုက်သည်။
"လက်ဖက်ရည်ကြမ်းရပြီ...မင်းတို့ကိုယ်တိုင်လာယူကြ"
ယဲ့ပိုင်က သူ့လက်ထဲမှလက်ဖက်ရည်ခွက်ကိုချ၍ ထိုသို့ပြောလိုက်သည်။
အခန်းတွင်းမှလူများသည် မည်သို့မှမလှုပ်ရှားဝံ့ကြပေ။အဆုံးသတ်တွင် အခန်းထဲရှိတစ်ယောက်က စိတ်မထိန်းနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။
လူအိုကြီးကူ၏မျက်လုံးများသည် သွေးကဲသို့ရဲရဲနီနေပြီး သူ၏မျက်နှာသည်ဖြူဖျော့နေကာ တုန်ခါနေသာလေသံဖြင့်ပြောလိုက်သည်။
"ဆရာ...ခွန်းလွန်တောင်က မတော်တဆဖြစ်မှုအပြီးမှာ ဒီနေရာမှာဖြစ်ပျက်ခဲ့တဲ့သတင်းက ချက်ချင်းပျံ့နှံ့သွားခဲ့တယ်...ဒီအချိန်လောက်ဆို သူတို့ကဒီသတင်းကိုသိထားပြီးဖြစ်ပေမဲ့ ဒီကိုရောက်မလာခဲ့ဘူးဆိုမှတော့ သူတို့ရဲ့ရည်ရွယ်ချက်ကမကောင်းနိုင်တော့ဘူး...သူတို့၃ယောက်ကို အရေးယူဖို့လုပ်ဆောင်လိုက်ပါမယ်...ဆရာစိတ်မပူပါနဲ့"
လူအိုကြီးကူက ဦးဆောင်ပြောဆိုလာချိန်တွင် ကျန်လူများကလည်း နှုတ်ဆိတ်မနေဝံ့တော့ပေ။
"လူအိုကြီးကူပြောသလိုပဲ...ဒီမတော်တဆမှုအကြောင်းကို သူတို့အားလုံးသိထားပြီးဖြစ်မှာပါ...ဒီလူတွေက ဆရာပြန်လာမယ့်သတင်းကိုမသိထားရင်တောင်မှ လူအိုကြီးဝမ်က ဆရာထားခဲ့တဲ့ကိုယ်စားပြောခွင့်ရှိသူပဲ...သူတို့ဒီကိုမလာဘူးဆိုတာက ဆရာကိုမျက်နှာသာမပေးတာပဲ"
လူအိုကြီးခန်းသည် အံကိုတင်းတင်းကြိတ်လိုက်ကာ နီရဲသောမျက်နှာဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
"ဆရာ...ငါပြန်ရောက်လို့ရှိရင် သူတို့ကိုချက်ချင်းရှင်းပစ်မယ်"
လူအိုကြီးမာက အာမခံစကားဆိုလိုက်သည်။
ထိုအချိန်တွင် အခြားအဘိုးကြီးများကလည်း သူတို့၏ထင်မြင်ချက်ကို ဝင်ရောက်ပြောဆိုကြသည်။
လူတိုင်းက တစ်ယောက်တစ်ခွန်းပြောပြီးနောက် ယဲ့ပိုင်က သူ၏လက်ကိုပေါ့ပေါ့တန်တန်ဝှေ့ယမ်းလိုက်သည်။
"အဲ့ဒီကိစ္စတွေကို ငါကိုယ်တိုင်ကိုင်တွယ်သွားမယ်...ငါဒီကိုပြန်လာတယ်ဆိုတာ မင်းတို့ကိုတမင်လာတွေ့တာမဟုတ်ဘူး...ဒါပေမဲ့မင်းတို့ကိုယ်တိုင်ဒီရောက်လာမှတော့ ဘာလို့လက်ဖက်ရည်ကြမ်းကို မမြည်းစမ်းကြည့်ရမှာလဲ...ဒါကချင်ချန်တာအိုလက်ဖက်ခြောက်တွေလေ...ဒါတွေပျောက်ကွယ်နေတာအတော်ကြာပြီ...ဒီလက်ဖက်ရည်ကြမ်းက စိတ်ကိုတည်ငြိမ်စေတဲ့အာနိသင်ရှိတယ်"
"ဆရာ...ငါတို့"
အဘိုးကြီး၉ယောက်က တညီတညာတည်းပြောလိုက်ချိန်တွင် ဝမ်အန်းကဘေးသို့ရှောင်ဖယ်နေခဲ့သည်။
"လက်ဖက်ရည်ကြမ်းကိုသောက်..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးစကားတခွန်းသာ ပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့"
ထိုအချိန်တွင် အဘိုးကြီး၉ယောက်က မဝံ့မရဲလေသံဖြင့် အဖြေပေးလိုက်သည်။
ထို့နောက် သူတို့သည်တစ်ယောက်ပြီးတစ်ယောက်ရှေ့သို့တိုးလာကာ လက်ဖက်ရည်ခွက်ကိုကောက်ကိုင်လိုက်ပြီး လက်ဖက်ရည်ကြမ်းအပူချိန်မည်မျှရှိသည်ကိုပင် ဂရုမစိုက်တော့ဘဲ သောက်ချလိုက်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ဝမ်အန်းကလည်း လက်ဖက်ရည်ကြမ်းကို သောက်ချလိုက်သည်။
လက်ဖက်ရည်ကြမ်းသည် ခါးသက်ပြီး အလွန်အပူပြင်းနေခဲ့ပေရာ သူတို့သောက်ချလိုက်ချိန်တွင် ဗိုက်ကပူလောင်သွားခဲ့သည်။
သို့သော်လည်း လူတိုင်းကလက်ဖက်ရည်ကြမ်းကို သောက်လိုက်ချိန်တွင် ကော်ဖီစားပွဲပေါ်၌ လက်ဖက်ရည်ကြမ်း၃ခွက်ကျန်ရစ်ခဲ့သည်။
"အနှစ်ရှစ်ဆယ်...နှစ်ပေါင်းများစွာကြာအောင် မင်းတို့တွေပင်ပင်ပန်းပန်းအလုပ်ကြိုးစားခဲ့ကြတာပဲ...မင်းတို့ဘယ်လိုအောင်မြင်မှုတွေရခဲ့လဲ...ငါ့ကိုပြန်ပြောကြ"
လက်ဖက်ရည်ကြမ်းကို ကမန်းကတမ်းသောက်နေသော လူအိုအုပ်စုကိုကြည့်ရင်း ယဲ့ပိုင်သည် အမူအရာကင်းမဲ့စွာဖြင့် သူ၏လက်ကိုပေါ့ပေါ့ပါးပါးဆန့်တန်းလိုက်ပြီး ကော်ဖီစားပွဲကိုပုတ်လိုက်ရင်း လေသံတိုးတိုးဖြင့် မေးခွန်းထုတ်လိုက်သည်။
ယဲ့ပိုင်၏မေးခွန်းကိုကြားချိန်တွင် ထိုနေရာရှိလူတိုင်းသည် ရုတ်ချည်းပင်လေးနက်သောအမူအရာများကို ထုတ်ဖော်လိုက်သည်။
ထို့နောက် သူတို့၏ခန္ဓာကိုယ်ပေါ်၌ သာလွန်သူများ၏ အော်ရာများထွက်ပေါ်လာခဲ့သည်။
ဤအရာသည် ယဲ့ပိုင်၏စမ်းသပ်မှုဖြစ်ကြောင်း သူတို့သိထားပေသည်။လက်ရှိအခိုက်အတန့်တွင် သူတို့သည်လုံးဝမျက်နှာပျက်၍မရပေ။ထို့ပြင် သူတို့သည်ယဲ့ပိုင်အား လိမ်လည်ပြောဆို၍လည်းမရပေ။
ထိုအခိုက်အတန့်တွင် လူအိုကြီးခန်းက တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ထရပ်ကာ ရိုသေလေးစားသည့်လေသံဖြင့် ပြောလိုက်သည်။
"ဆရာ...အဲ့ဒီနှစ်တွေတုံးက မင်းထွက်သွားခဲ့တဲ့အချိန်တုံးကဆိုရင် ဆရာရဲ့သွန်သင်ဆုံးမချက်တွေအတိုင်း လိုက်နာဆောင်ရွက်ခဲ့ပြီးတော့ အစားအသောက်လုပ်ငန်းကိုစတင်ပြီးလုပ်ကိုင်ခဲ့တယ်...အစောပိုင်းမှာသေးငယ်တဲ့သရေစာတွေကနေ နောက်ပိုင်းမှာနိုင်ငံအတွင်း အကျော်ကြားဆုံးဟော်တယ်ကြီးတွေမှာ တည်ခင်းကျွေးမွေးနိုင်တဲ့ထိ တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့တယ်...ဒီနေရာမှာဆရာ့ရဲ့ဆုံးမသွန်သင်ချက်အတိုင်း ထုတ်လုပ်လိုက်တဲ့အစားအစာပစ္စည်းတွေပေါ်မှာ အန္တာရယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေကိုလုံးဝမထည့်ထားခဲ့ဘူး...ဒါကြောင့်ငါ့ရဲ့ကုန်ပစ္စည်းတွေက ကမ္ဘာတစ်ဝှမ်းစားသောက်ကုန်လုပ်ငန်းတွေမှာ ပျံ့နှံ့နေခဲ့ပြီ...ခုချိန်ကမ္ဘာတဝှမ်း စားသောက်ကုန်တွေတန်ဖိုးတိုးမြင့်လာတာကြောင့် ငါတို့ရဲ့ရှယ်ယာတွေ၊ငါတို့နဲ့ဆက်စပ်လုပ်ကိုင်ထားတဲ့ ကုမ္ပဏီတွေမှာထည့်ဝင်ထားတဲ့ ရှယ်ယာတွေကိုအစုလိုက်ရောင်းချသွားမယ်ဆိုရင် အနည်းဆုံးအမေရိကန်ဒေါ်လာ ၅ထရီလီယံလောက်တော့ တန်ကြေးရှိတယ်"
လူအိုကြီးခန်းက သူ၏လုပ်ငန်းအကြောင်းကို ရှင်းပြလိုက်သည်။
ဒေါ်လာထရီလီယံပေါင်းများစွာ...
ထိုကိန်းဂဏန်းကို အပြင်၌ဖော်ပြလိုက်မည်ဆိုပါက မရေမတွက်နိုင်သောလူများ ရူးသွပ်သွားကြမည်ဖြစ်သည်။ဒေါ်လာ၅ထရီလီယံသည် လွန်စွာများပြားသည့်ပမာဏဖြစ်သည်။လက်ရှိအချိန် ကမ္ဘာပေါ်၌ အချမ်းသာဆုံးဟုသတ်မှတ်ထားသည့် သူဌေးကြီး၏ပိုင်ဆိုင်မှုသည်ပင် ဒေါ်လာ၁၀၀ဘီလီယံခန့်သာရှိကြောင်း သိထားသင့်ပေသည်။
ထိုကိန်းဂဏန်းသည် မရေမတွက်နိုင်သောနိင်ငံများ၏ စုစုပေါင်းGDA(အသားတင်အမြတ်)ကိုပင် နင်းခြေနိုင်ပေသည်။အကယ်၍ သူသည် ပုဂ္လိုလ်ရေးဆိုင်ရာမေးခွန်းကို ပြန်လည်မဖြေကြားခဲ့ပါက သူ့ထံတွင်ဤမျှများပြားသော အရင်းအနှီးရှိလိမ့်မည်ဟု ကမ္ဘာပေါ်ရှိလူများက မယုံကြည်နိုင်ဖြစ်ကြမည်ဖြစ်သည်။
"နောက်လည်း ခုလိုရိုးရိုးရှင်းရှင်းလေးလုပ်"
ယဲ့ပိုင်သည် လူအိုကြီးခန်း၏စကားကိုနားထောင်ပြီးနောက် လုံးဝဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးလက်ဝှေ့ယမ်းပြလိုက်သည်။လူအိုကြီးခန်း၏အဖြေသည် သူ့အတွက်အမှန်တကယ်လိုချင်သည့်အဖြေမဟုတ်သော်လည်း လက်ရှိအခြေအနေအတွက် လွယ်ကူရိုးရှင်းသည့်အဖြေဖြစ်သည်။
"ဆရာ...ငါတို့ကူမိသားစုက စွမ်းအင်၊လျှပ်စီး၊ကျောက်မီးသွေးနဲ့ရေနံကိုတာဝန်ယူထားတယ်....ကမ္ဘာပေါ်ကစွမ်းအားသုံးစွဲတဲ့နေရာတိုင်းမှာ ငါတို့ကူမိသားစုရဲ့ခြေရာလက်ရာတွေအမြဲရှိတယ်...ခုချိန်ငါအများဆုံးစုတောင်းနိုင်တာက အမေရိကန်ဒေါ်လာ၁၅ထရီလီယံရှိတယ်"
လူအိုကြီးကူက ရှေ့တစ်လှမ်းတိုး၍ပြောလိုက်သည်။
"ဟူး..."
သူ့ဘေးနားရှိလူအိုကြီးခန်းသည် သူ၏ပါးစပ်ထဲသို့အေးစက်သောလေသံများ ရှုရှိုက်လိုက်ရင်း သူ၏မျက်နှာကအနည်းငယ်နီမြန်းသွားခဲ့သည်။
လူအိုကြီးမာသည် အေးဆေးတည်ငြိမ်သောအကြည့်ဖြင့် ရှေ့သို့တိုးလာခဲ့သော်လည်း သူ၏မျက်လုံးများအတွင်းရှိ ဂုဏ်ယူဝင့်ကြွားနေမှုကို ထိန်းချုပ်၍မရခဲ့ပေ။
"ဆရာ...လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ငါတို့မာမိသားစုဟာ သိပ္ပံနဲ့နည်းပညာဖွံ့ဖြိုးတိုးတက်စေဖို့ ကတိကဝတ်ပြုခဲ့ပြီးတော့ လက်ရှိအချိန်မှာ ငါတို့ရဲ့နည်းပညာဟာ ဆယ်နှစ်လောက်ခေတ်ရှေ့ပြေးနေခဲ့ပြီ...ငါတို့ဟာကမ္ဘာပေါ်က ဧရာမနည်းပညာကုမ္ပဏီတွေအားလုံးမှာ ရင်းနှီးမြုပ်နှံထားခဲ့ပြီး ငါတို့ရဲ့စုစုပေါင်းကြွယ်ဝချမ်းသာမှုက ဒေါ်လာ၂၂.၃ထရီလီယံရှိတယ်"
"ဆရာ...လီမိသားစုက ဆရာ့အတွက် ငွေကြေးလုပ်ငန်းကို ချုပ်ကိုင်ထားတယ်...အဓိကငွေချေးကုမ္ပဏီတွေနဲ့ဘဏ်လုပ်ငန်းအားလုံးမှာ ငါတို့ပူးပေါင်းပါဝင်ပတ်သက်ထားတယ်...ငါတို့သာရန်ပုံငွေတွေကို အရေးပေါ်စုဆောင်းလိုက်မယ်ဆိုရင် ဒေါ်လာ၃၃ထရီလီယံထိ ရရှိနိုင်တယ်"
ကမ္ဘာပေါ်ရှိ အဓိကဘဏ်လုပ်ငန်းစု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သော လီယုံဟွေ့က ပြောလိုက်သည်။
"ကျန့်မိသားစုက သတ္တုလုပ်ငန်းမှာပါဝင်လုပ်ကိုင်ထားပါတယ်...ငါတို့ရဲ့သတ္တုတွေဟာ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးဗဟိုချက်မှာ အဓိကအခန်းကဏ္ဍကနေပါဝင်နေပြီး သတ်မှတ်စည်းမျည်းတွေနဲ့အညီ ရန်ပုံငွေကိုစုဆောင်းမယ်ဆိုရင်တော့ ဒေါ်လာ၁၁ထရီလီယံကို ရရှိနိုင်တယ်"
ကျန့်မိသားစု၏ ကျန့်မင်တကပြောလိုက်သည်။
"ကျိုးမိသားစုက ရှေးဟောင်းပစ္စည်းလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ဆောင်ရွက်နေပြီးတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့လေလံအိမ်တွေမှာ အစုရှယ်ယာပေါင်း၁၂၀၀၀၀ကျော်ပိုင်ဆိုင်ထားတယ်...တစ်ချိန်တည်းမှာပဲ ငါတို့ဟာရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးကို အမြဲထိန်းချုပ်ထားနိုင်ခဲ့တယ်...မကြာသေးခင်ကာလက ရှေးဟောင်းပစ္စည်းရောင်းဝယ်ရေးစျေးကွက်အရတွက်ချက်လိုက်ရင် ကျိုးမိသားစုရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ၉ထရီလီယံရှိတယ်"
ကျိုးမိသားစု၏ ကျိုးဟုန်ကွမ်းက ပြောလိုက်သည်။
"ယန်မိသားစုက ဆေးဝါးထုတ်လုပ်ရေးမှာ အဓိကပါဝင်ဆောင်ရွက်နေပြီးတော့ ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ အဓိကဆေးရုံတွေနဲ့ နီးနီးကပ်ကပ်လုပ်ကိုင်နေပါတယ်...စုဆောင်းနိင်တဲ့ရန်ပုံငွေက ၈ထရီလီယံဒေါ်လာရှိပါတယ်"
ယန်မိသားစု၏ ယန်ယွမ်ကျန်းကပြောလိုက်သည်။
"ပိုင်မိသားစုက လုံခြုံရေးလုပ်ငန်းကို လုပ်ကိုင်နေပါတယ်...ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ အဓိကလုံခြုံရေးကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်နိုင်ပြီးတော့ လူသန်းပေါင်းများစွာကို အချိန်မရွေးစုဆောင်းနိုင်ပါတယ်...ပိုင်ဆိုင်မှုကတော့ ဒေါ်လာ၃ထရီလီယံရှိပါတယ်"
ပိုင်မိသားစု၏ ပိုင်ဇီဖန်းကပြောလိုက်သည်။
"ရှမိသားစုကတော့ ဖျော်ဖြေရေးနယ်ပယ်မှာ အဓိကလုပ်ကိုင်ပါတယ်...ရုပ်ရှင်၊တေးဂီတအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့ ဖျော်ဖြေရေးလုပ်ငန်းစုတွေ နာမည်ကြီးကြယ်ပွင့်တွေနဲ့ ဖက်စပ်လုပ်ကိုင်လျက်ရှိပါတယ်...စုဆောင်းထားတဲ့ရန်ပုံငွေအနေနဲ့ ဒေါ်လာ၆ထရီလီယံရှိပါတယ်"
ရှမိသားစု၏ ရှမိုရန်ကပြောလိုက်သည်။
ယဲ့ပိုင်သည် အဘိုးကြီး၉ယောက်၏စကားကို ငြိမ်သက်စွာနားထောင်နေသော်လည်း ပြန်မဖြေခဲ့ပေ။
အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွားပြီးနောက်တွင် အဘိုးကြီး၉ယောက်၏ နဖူးပေါ်၌အေးစက်သောချွေးများ စီးကျလာခဲ့သည်။သူတို့အတွက် ယဲ့ပိုင်၏အတွေးများက အလွန်ပင်မှန်းဆရခက်ပေသည်။ထိုသို့ကိန်းဂဏန်းများ ဆက်တိုက်ပေါက်ကြားလာပြီးနောက်တွင် သူတို့ဆရာဖြစ်သူ၏ကြွယ်ဝချမ်းသာမှုသညိ မည်မျှထိရှိကြောင်း သူတို့အားလုံးနားလည်သဘောပေါက်သွားကြသည်။
ထိုငွေကြေးပမာဏသည် ကမ္ဘာကြီးတစ်ခုလုံးကို လုံးဝရှုပ်ထွေးသွားစေနိုင်ကာ ကမ္ဘာကြီးတစ်ခုလုံးအား မူလကနဦးအစသို့ပင် ပြန်လည်ရောက်ရှိသွားနိုင်သည်။
ဒူဘိုင်းမှ ရေနံသူဌေးများသည် ဆရာဖြစ်သူ၏ရှေ့တွင် ပြောပြရန်မထိုက်တန်သည့် ပုရွက်ဆိတ်များဖြစ်ကြသည်။
ယနေ့တွင် ဤနေရာသို့ရောက်မလာသူ ၃ယောက်ရှိပေသည်။
ကျောက်မိသားစုမှ ကျောက်ပိုင်ရှန်သည် အိမ်ခြံမြေတာဝန်ခံဖြစ်သည်။
လျှိမိသားစု၏ လျှိဇီယွမ်သည် အဝတ်အစားကို တာဝန်ယူပေသည်။
ကျင်းမိသားစု၏ ကျင်းရူဖန်သည် ကားစျေးကွက်ကိုတာဝန်ယူသော ဧရာမပုဂ္လိုလ်တစ်ယောက်ဖြစ်သည်။