အဓိပတိမဟာမိတ်၏ ဝန်းရံမှု။ ကွဲပြားသော နည်းဗျူဟာ တစ်ခု။
Vol. 20 Ch. 289
ကျန်းဟိုင်မြို့ အပြင်ဘက်တွင်ရှိ တလီတောင်များသည် တောင်ဘက်သို့ ဆန့်တန်း သွယ်တန်းလျက်ရှိပေ၏။ ကျယ်ပြန့်သော ထင်းရှူးပင်များသည် တောင်ထိပ်များကို ဖြတ်ကျော်ကာ စိမ်းလန်းနေပြီး ပင်လယ်ရေများသည်လည်း ကမ်းပါးကို တဟုန်ထိုး ရိုခတ်နေကြသည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေကြသည်။
"ဘာပြောလဲ အစ်ကိုကြီး"
အရှင်ကျိုထျန်းသည် ဒေါသအမျက်ထွက်ပြီး နဖူးပေါ်ရှိ သွေးကြောများ ပေါက်ထွက်မတတ် ဖြစ်နေသည်။
“ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက တကယ် သဘောမတူခဲ့ဘူးမလား?
"ဒါက ငါနဲ့ ဘာဆိုင်လို့လဲ မဟာမိတ်ခေါင်းဆောင်!"
မုန့်ထျန်းရွှမ်သည် သူ၏လက်များကို လှန်လိုက်ပြီး ဂရုမစိုက်သလို ပြန်ပြောလေ၏။
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ စိတ်ထားတွေ ပေါ်လာတယ်။ သူတို့က ခေါင်းမာပြီး မခံမရပ်နိုင် ဖြစ်နေတာ သူတို့က တကယ့်မဟာမိတ် အဖွဲ့အစည်း မဟုတ်ဘူး မင်း သူတို့ကို လုံးဝ မဆွဲဆောင်နိုင်ဘူး!"
သူကပြောရင်း အရှင်ကျိုထျန်းကိုလည်း ကြည့်လိုက်သည်။
"အထူးသဖြင့် ချင်းယန်....သူက မင်းရဲ့သားရဲနတ်အရှင်ဂိုဏ်းကို ချေမှုန်းပစ်မယ်လို့ ကတိကဝတ်ပြုနေတာနော်.. မယုံနိုင်လောက်အောင် မာနကြီးတယ်"
အရှင်ကျိုထျန်း: "ဟမ့်... ငါတို့ သားရဲနတ်အရှင်ဂိုဏ်းကို ချေမှုန်းချင်ကြတဲ့ လူတွေမှ အများကြီးပဲ... မရေမတွက်နိုင်တဲ့လူတွေ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက ကြိုးစားခဲ့တာတောင် အားလုံး ပြာကျကုန်တာပဲလေ!"
အရှင်ကျိုထျန်းသည် အေးစက်စက် ပြောလျက် ခဏလောက် စဉ်းစားပြီးမှ မုန့်ထျန်းရွှမ်ဘက် ကြည့်လိုက်သည်။
"ကောင်းပြီ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက မပူးပေါင်းချင်မှတော့ အဲဒါက တူညီတဲ့ နိယာမပါပဲ- မင်းနဲ့ငါ ပေါင်းစည်းနိုင်မှာပါ... သွေးဝိညာဉ်အစီအရင်ကို ငါတို့ ကာကွယ်ထားသမျှ အရာအားလုံး ငြိမ်းချမ်းသွားမှာ..."
"တပ်ဖွဲ့ဝင်တွေကရော?"
မုန့်ထျန်းရွှမ်သည် ပတ်ဝန်းကျင်သို့ လှည့်ကြည့်လိုက်သည့် အခိုက် စိတ်မသက်မသာ ခံစားချက်တစ်ခု ဝင်လာသည်။ သူသည် အနီးပတ်ဝန်းကျင်ကို မိုင်ပေါင်းများစွာ စကန်ဖတ်ရန် သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး :"တပ်တွေ ပေါင်းဖို့က ပြဿနာမဟုတ်ပါဘူး ဒါပေမယ့် ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကို ပစ်မှတ်ထားချင်နေတဲ့ မင်းရဲ့ အစီအစဉ်က ဘာလဲ။"
"အစီအစဥ်တွေလား ချင်းယန်ကို တိုက်ရိုက်တိုက်ခိုက်ရုံပဲ"
"မဟုတ်ဘူး! မင်းရူးနေတာလား ညီလေး?"
မုန့်ထျန်းရွှမ်သည် အနှောင့်အယှက် ဖြစ်စရာများစွာကို ကြားလိုက်ရသည့်အတွက် မျက်နှာကြီး မည်းမှောင်သွားပြီး ချက်ချင်း နောက်ဆုတ်သွား၏။
"ဒီမဟာမိတ်ခေါင်းဆောင် တိုက်ခိုက်ပေးထားတာတောင် မလုံလောက်ဘူးလား... အဓိပတိ မဟာမိတ်အဖွဲ့ကို သေလမ်း ပို့ဖို့ စီစဉ်နေတာလား"
သူတို့၏ ရူးသွပ်မှုကို နောက်ဆုံးအကြိမ် တွေ့လိုက်ရပြီးကတည်းက မုန့်ထျန်းရွှမ် ထိုအန္တရာယ်ကို ဘယ်တော့မှ မခံစားချင်တော့ပါ။
"အစ်ကိုကြီး မင်းဘာတွေတွေးနေတာလဲ"
အရှင်ကျိုထျန်းသည် မုန့်ထျန်းရွှမ်ကို မထီမဲ့မြင် စိုက်ကြည့်ပြီးနောက် သူ့နောက်ကျောဘက်ကို လက်ပစ်လျက် ကမ်းပါးစွန်းသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
"မင်းလို ငါက တုံးနေမယ်လို့ မင်းထင်လား? ဒီကိုမလာခင်မှာ ငါ သေချာစုံစမ်းခဲ့တယ်။ ဒီဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ ခေါင်းဆောင်လူငယ်မှာ အထူးသဖြင့် ကျန်းဟိုင်မှ ဓားနတ်ဘုရား ဒုတိယတပည့် လီကျစ်ရွှမ်းအပြင်၊ သူငယ်ချင်းတွေ ရှိတယ်...."
……
အချိန်များ တဖြည်းဖြည်း ကုန်သွားခဲ့သည်။
ရက်အနည်းငယ်ကလည်း လျှပ်တပြက်အတွင်း ကုန်ဆုံးသွားလေ၏။
ဤရက်တိုလေးအတွင်း ချင်းယန်သည် နေ့တိုင်း သက်တောင့်သက်သာဖြင့် နေထိုင်ခဲ့သည်။
ဘာမှလုပ်စရာမရှိသဖြင့် သူသည် သူ၏စစ်မှန်သောနဂါးပုံစံကို အိမ်တွင် ထိုင်ရင်း ပုံဖော်ပေးနေကာ ရံဖန်ရံခါ ရှဟဲနှင့် လီကျစ်ရွှမ်းတို့၏ ကျင့်ကြံမှုပြဿနာအချို့ကို ဖြေရှင်းပေးလိုက်သည်။ ညနေခင်းရောက်လျှင် ဟော့ပေါ့သောက်ရင်း စည်းလုံးညီညွတ်ပြီး ပျော်ရွှင်စရာ ကောင်းသော အချိန်များကို အတူတူ ဖြတ်ကျော်ကြ၏။
ယခင် မငြိမ်မသက်မှုများ ပျောက်ဆုံးနေခဲ့သည်ကလည်း ကြာပါပြီ။
ထိုအချိန်တွင်…
ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ အတွင်း။
ကျမ်းဂန်အဆောက်အအုံ၌ လျိုဝူရွှမ်းသည် တုန်ခါနေသော ကုလားထိုင်ပေါ်တွင် ထိုင်ကာ ထန်းရွက်ပန်ကာဖြင့် သူ့ကိုယ်သူ ယပ်ခတ်ရင်း စာအုပ်များကို အေးအေးဆေးဆေး ကြည့်နေသည်။
ရုတ်တရက်။
ဗုန်း!
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး တံခါးများနှင့် ပြတင်းပေါက်များ တုန်ခါသွားလေသည်။ အဆောက်အအုံ အတွင်းရှိ စာအုပ်စင်များ အများအပြား မှောက်ကျကာ စာအုပ်များ ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲကုန်သဖြင့် အခန်းတစ်ခုလုံးကို ပရမ်းပတာအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဒါဘာလဲ?"
လျိုဝူရွှမ်း အနည်းငယ် မျက်မှောင်ကြုတ်ပြီး ချက်ချင်းထကာ ကျမ်းဂန်အဆောက်အအုံထဲမှ အမြန်ထွက်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် မရင်းနှီးသော လေသံများစွာ ရုတ်တရက် ပြင်းထန်စွာ ချဉ်းကပ်လာကုန်၏။ ၎င်းမှာ လူသတ်ချင်နေသော ရောင်ဝါများဖြင့် ကျမ်းဂန်အဆောက်အအုံဆီသို့ တိုက်ရိုက် ဦးတည်လာနေခြင်းပင်။
သူသည် အဆောက်အအုံထဲမှ ထွက်ခွာပြီးနောက် ခမ်းနားထည်ဝါသော ၀တ်စုံကို ၀တ်ဆင်ထားသော၊ အကျွမ်းတဝင်ရှိသော လှံများနှင့် ဓားများကို ကိုင်ဆောင်ကာ ကောင်းကင်တွင် ပျံဝဲနေသည်ကို တွေ့လိုက်ရသည်။
သူတို့အားလုံးသည် အဓိပတိနယ်ပယ် ကျင့်ကြံသူများပင်။
"မင်းတို့ဘာလို့ ဒီကိုရောက်နေကြတာလဲ"
လျိုဝူရွှမ်းလည်း မျက်မှောင်ကြုတ်ထားရာမှ အမူအရာက လေးနက်သွားသည်။ သူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူ့အား ဝိုင်းရံထားသည်ကို သတိပြုမိလိုက်သည်။ ဤလူများထဲတွင် ထင်ရှားသော မဟာမိတ် အဖွဲ့ဝင်များ ပါရှိလေ၏။
"လူကြီးမင်းတို့ ဒီလိုအရမ်းရက်စက်ဖို့ တကယ်လိုအပ်လို့လား"
သူ၏စကားက ယဉ်ကျေးပုံရသော်လည်း အနက်ရောင်လေးသည်တော့ သူ၏နောက်ကျောကို ဖြတ်ပြီး မြှားကိုခေါက်ကာ တိုက်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်သည်။
"ငါတို့အတိတ်က ဆက်ဆံရေးကို ထောက်ပြီး ငါ့ကို ဘာလို့ မလွှတ်ပေးတာလဲ"
"ပါးစပ်ပိတ်ထား! သစ္စာဖောက်! မင်းက ငါတို့လွှတ်ပေးပါစေလို့ ဘယ်သတ္တိနဲ့ အကြံထုတ်ရဲတာလဲ"
အဓိပတိ နောက်တစ်ယောက်သည်လည်း လေးကိုင်ကို ဆွဲထုတ်ကာ လေးကြိုးကို ဆွဲ၍ လျိုဝူရွှမ်း၏ ဦးခေါင်းခွံဆီကို မြှားတစ်စင်း ချိန်ရွယ်ထားလိုက်သည်။ သူက အံကြိတ်သံကြီးဖြင့် : "မဟာမိတ်ခေါင်းဆောင်က ငါတို့ကို ကိုယ်တိုင်လာဖို့ ညွှန်ကြားထားပြီးသား။ မင်း ဒီတောင်ပေါ်ကနေ ထွက်သွားရဲရင် သေလိမ့်မယ်!"
သူပြောပြီးသည်နှင့်တပြိုင်နက် အခြားသူများကလည်း မိမိတို့၏ လက်နက်တို့ကို အသင့်ပြင်ထားလိုက်သည်။ သူတို့၏ သတ်ပစ်ချင်နေသော ရည်ရွယ်ချက်မှာ ထင်ထင်ရှားရှားပင်။
"မင်းတို့ကို မုန့်ထျန်းရွှမ်က ဘာပြောလိုက်တာလဲ သူငါ့ကို သီးသန့်ထပ်ပြီး အပြစ်ပေးတာလား"
လျိုဝူရွှမ်း တိုးတိုးလေး မေးလိုက်သည်။
"အဓိပတိမဟာမိတ်ကို သစ္စာဖောက်မှု၊ ပြင်ပလူများနှင့် ပူးပေါင်းကြံစည်မှု... စွဲချက်တွေက ရေတွက်နေစရာတောင် မလိုဘူး..." အပေါ်စီးမှ အသံထွက်လာပြီး မဟာမိတ်ဟောင်းမှ လျိုဝူရွှမ်းကို ငုံ့ကြည့်ကာ :"မင်းကိုယ်မင်း ကာကွယ်ဖို့ ဘာပြောစရာရှိသေးလဲ"
"ကာကွယ်ရမယ်? အဲဒီစကားတွေကို ကြောင်သူတော်တွေပဲ ပြောတတ်တာ!"
လျိုဝူရွှမ်း အေးစက်စွာ ပြန်ပြောလိုက်သည်။ သူ၏မျက်နှာသည် ညိုမှိုင်းနေပြီး မနှစ်မြို့ဖွယ် အရာတစ်ခုအား တွေ့နေရသည့်အလား ဖြစ်လာကာ သူ့မျက်ခုံးများကြားတွင် ရန်လိုမှုအရိပ်အမြွက်ပင် ပြသလာသည်။ သူသည် ၎င်းတို့ကို ရင်ဆိုင်ရန် သူ၏ မဟူရာလေးကို ဆွဲလိုက်သည်။
"ပြောင်မြောက်တဲ့ စွပ်စွဲချက်ပဲ ဘာအကြောင်းပြချက်နဲ့မဆို ရောက်လာဦးမှာ ဆိုမှတော့ ဘာလို့ တွန့်ဆုတ်နေရမှာလဲ"
……….
"သွားပြီ ရွှမ်းရွှမ်း... အဓိပတိမဟာမိတ်က အကြီးအကဲလျိုဝူရွှမ်းကို ထပ်ပြီး ဒုက္ခပေးနေပြီ !"
ထန်ဖုန်းအလွှာတွင် လူအိုလီနှင့် လီကျစ်ရွှမ်းတို့ စင်္ကြံတစ်လျှောက်တွင် အရူးအမူး ပြေးလွှားနေကြ၏။ ကြမ်းပြင်ပေါ်တွင် ကွဲအက်နေသော မှန်များ ပြန့်ကျဲနေပြီး အပြင်မှနေရောင်များလည်း ဖြာကျနေသည်။
မြင်ကွင်းမှာ အင်မတန် ဖရိုဖရဲ ဖြစ်နေသည်။
"..."
လီကျစ်ရွှမ်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလူတွေ မဟာမိတ်အဖွဲ့မှာ အေးအေးဆေးဆေး နေလို့မရဘူးလား...?"
ရုတ်တရက် နှစ်ယောက်သား ရပ်တန့်ကာ ရှေ့သွားလမ်းကို မျှော်ကြည့်ကာ တစ်ခုခုမှားနေပြီဟု သိလိုက်ကြသည်။ ယုတ္တိနည်းအရတော့ အခုထိ လမ်းလျှောက်ပြီးလျှင် အောက်ထပ်ကို ရောက်နေသင့်ပြီ ဆိုသော်လည်း အရှေ့က စင်္ကြံဟာ တစ္ဆေဝင်္ကပါထဲမှာ ပိတ်မိနေသလိုမျိုး ဆက်ပြီး ရှည်လျားနေဆဲ။
ဘယ်လမ်းကိုပဲ လျှောက်သွားပါစေ အောက်ထပ်ဆင်းနိုင်မည့် လမ်းကို ရှာမတွေ့ပေ။
"မကောင်းတော့ဘူး တစ်ယောက်ယောက် ရှိနေပြီ"
၎င်းကိုမြင်လိုက်ရသည်နှင့် လူအိုလီ၏အမူအရာက သိသိသာသာ ပြောင်းလဲသွားလေသည်။ သူသည် လီကျစ်ရွှမ်းကို ကာကွယ်ရန် သူ၏ဓားကို အမြန် မြှောက်လိုက်သည်။ ထိုအခိုက် အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦးသည် ကြွေအဖြူရောင် အော်ပရာမျက်နှာဖုံးကို ၀တ်ဆင်လျက် စင်္ကြံအဆုံးတွင် ပေါ်ထွက်လာ၏။ ၎င်းသည် ဝမ်းနည်းပူဆွေးနေသော အကြည့်ဖြင့် မျက်နှာပျက်နေကာ ကြောက်မက်ဖွယ်ကောင်းသော သားရဲပုံစံများဖြင့် တန်ဆာဆင်ထားသော ဝတ်ရုံကိုလည်း ၀တ်ဆင်ထားသေးသည်။
"လီကျစ်ရွှမ်း..."
ထိုသူစိမ်းသည် ကြီးကျယ်ခမ်းနားသော သူ့အကြည့်များကို လီကျစ်ရွှမ်းထံသို့ ဖြည်းညှင်းစွာ စိုက်ကြည့်လာရင်း သူ၏လက်နှစ်ဖက်ကို ဖွင့်လိုက်သည်။
"မဟာမိတ်ခေါင်းဆောင် ဟောကိန်းထုတ်ခဲ့သလိုပဲကိုး... ဒီလမ်းကြောင်းက မင်းရဲ့ မလွှဲမရှောင်သာ ကြုံတွေ့ရမယ့် လမ်းကြောင်းပဲ... ငါမင်းကို ဒီမှာစောင့်နေတာကြာပြီ။"
အေးစက်လှသော အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း စင်္ကြံတစ်လျှောက်တွင် ပြတ်ပြတ်သားသား ပဲ့တင်ထပ်နေပါ၏။
"စောင့်နေတာ ကြာပြီ ဟုတ်လား?"
လူအိုလီ၏မျက်နှာသည် တင်းမာသွားကာ ရေခဲဂူထဲသို့ ရောက်သွားသလိုမျိုး အေးစက်စက် အငွေ့အသက်များ သူ့အား ဖြတ်ပြေးသွားလေသည်။ သူ လီကျစ်ရွှမ်းကို ပြန်လှည့် ကြည့်လိုက်သည့်အခိုက် ရုတ်တရတ် အအေးဓာတ်က သူ့ဆီ ပြေးဝင်လာပြီး သူ့တစ်ကိုယ်လုံး ယားယံလာတော့၏။
သူ့စိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးတစ်ခုလည်း ပေါ်လာခဲ့သည်။ ယခု အချိန်တွင် သူမှားမှန်းသိလိုက်ပါပြီ။
ပြီးတော့ တော်တော်မှားတာ။
ဤတိုက်ပွဲသည် အစကတည်းက လျိုဝူရွှမ်း အတွက်ချည်း မဟုတ်ပေ။ အနောက်ဖက်တွင် ဝိုင်းရံထားသည်က အယောင်ပြနေခြင်းသာ ဖြစ်ပြီး စင်္ကြံမှာ ချောင်းမြောင်းနေသည်ကသာ တကယ့်ရည်ရွယ်ချက်ပင်။
ကွဲပြားသော နည်းဗျူဟာတစ်ခု။
ယခုအခါ၌ သူသည် သူနှင့် ဆန့်ကျင်ဘက်ဖြစ်သော အဓိပတိနယ်ပယ်ရှေ့၌ ပုရွက်ဆိတ်တစ်ကောင်နှင့်သာ တူ၏။
"ပြေး! ရွှမ်းရွှမ်း!"
လူအိုလီသည် အေးစက်သော ချွေးများဖြင့် လက်ထဲမှ ဓားရှည်ဖြင့် ပြေးဝင်သွားကာ အချိန်ဆွဲထားနိုင်ရန် ကြိုးစားလိုကိသည်။
သို့ပေမယ့် နောက်ကျသွားချေပြီ။
နောက်အခိုက်အတန့်တွင် အနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသည် ခြေတစ်လှမ်းသာ လှမ်းပြီး ဖျတ်ကနဲ ပေတစ်ရာအထိ ရောက်သွားသည်။ ထိုလူက ချက်ချင်းပင် လီကျစ်ရွှမ်းအနားသို့ ရောက်ရှိလာကာ သူမ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။
ဝုန်း!
ဤအခိုက်အတန့်တွင် လူအိုလီသည် တုံ့ပြန်ရန်အချိန်ပင် မရလိုက်ချေ။ သူ၏မျက်နှာပေါ်မှ ဖြတ်ပြေးသွားသည့် လေနုအေးကိုသာ ခံစားလိုက်ရသည်။ တစ်ဖန် ပြန်လှည့်ကြည့်လိုက်သောအခါတွင် လူသားတစ်ယောက်မျှ မရှိသော တိတ်ဆိတ်သော စင်္ကြံပေါ်တွင် သူတစ်ယောက်တည်း ရပ်နေမိသည်ကိုသာ တွေ့လိုက်ရလေ၏။