အလောင်းအစား
Vol. 1 Ch. 12
စည်းစိမ်ဥစ္စာ...ချမ်းသာကြွယ်ဝမှု
ထိုအရာသည် ယဲ့ပိုင်ထံ၌ မည်သည့်အခါကမှ မချို့တဲ့ခဲ့ပေ။
သူအသက်ရှင်သည်မှာ ကြာမြင့်လှပြီဖြစ်သည်။
တစ်ချိန်တုံးကဆိုလျှင် ပန်ဂုကကောင်းကင်နှင့်မြေကြီကိုခွဲခြမ်း၍ လူသားများနှင့်နွီဝါးကိုဖန်တီးခြင်းအား သူတွေ့မြင်ဖူးပေသည်။
သူချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။သူအမှန်တကယ်အလိုရှိပါက ကမ္ဘာတစ်ခုလုံး၏ စည်းစိမ်ဥစ္စာအားလုံးကို ချက်ချင်းရရှိနိုင်ပေသည်။
ထို့ကြောင့် အစေခံဖြစ်သူများ၏စကားကို နားထောင်ပြီးနောက် ယဲ့ပိုင်သည် အလွန်များပြားသည့်ငွေကြေးပမာဏကို ကြားသိခဲ့ရသော်လည်း မအံ့သြခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူသည် အလွန်ပင်အေးဆေးတည်ငြိမ်နေခဲ့သည်။
ယဲ့ပိုင်သည် ထိုလူများ၏စကားကို တိတ်တဆိတ်နားထောင်ရင်း ပြတင်းပေါက်မှနေ၍ အပြင်သို့လှမ်းကြည့်လိုက်မိသည်။ယဲ့ပိုင်သည် တဖြည်းဖြည်းညှိုးနွမ်းနေသော မက်မွန်ပင်ကိုသတိထားမိလိုက်၍ သူ၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။သူသည် ရှန်းဝမ်စန်းဟူသော ကလေးအကြောင်းတွေးမိချိန်၌ မင်မင်းဆက်အကြောင်းကို မတွေးဘဲမနေနိုင်ခဲ့ပေ။
ထိုကလေးသည် သူ့နောက်သို့တကောက်ကောက်လိုက်ကာ ချမ်းသာသည့်တိုင်းပြည်အား တည်ထောင်ခဲ့သည်။
သူသည် အင်မော်တယ်တစ်ဦး၏ဒဏ္ဍာရီကို ဤကမ္ဘာ၌ချန်ရစ်ထားခဲ့သည်။
ဧည့်ခန်းအတွင်းရှိ လူ၉ယောက်သည် ရှန်းဝမ်စန်းနှင့်တူညီသော အတွေ့အကြုံပိုင်ဆိုင်သော်လည်း သူတို့သည် အဆုံးမရှိသော ချမ်းသာကြွယ်ဝမှုကို ထိန်းချုပ်ထားနိုင်ရုံသာရှိသည်။သူတို့သည် ရှန်းဝမ်စန်းနှင့်တူညီသော လူအမျိုးအစားများမဟုတ်ကြပေ။
ရှန်းဝမ်စန်း...
ထိုကောင်လေး၏ကံတရားက သနားစဖွယ်ပင်ဖြစ်သည်။အဆုံးသတ်တွင် သူသည်နှစ်ကာလ၏တိုက်စားမှုဒဏ်ကို တောင့်ခံနိုင်စွမ်းမရှိသော သာမန်သေမျိုးတစ်ယောက်သာဖြစ်သည်။သူသည် စည်းစိမ်ဥစ္စာနဲ့သြဇာအာဏာမည်မျှပိုင်ဆိုင်ပါစေ သေဆုံးချိန်၌ သူနှင့်အတူအခေါင်းတွင်းသို့ မထည့်နိုင်ခဲ့ပေ။
အတိတ်တစ်ချိန်က အင်မော်တယ်များဟုခေါ်တွင်သည့် နတ်ဘုရားများနှင့်ဗုဒ္ဓများသည်ပင်လျှင် အဆုံးမဲ့အချိန်မြစ်ထဲ နစ်မြုပ်ပျောက်ကွယ်သွားကာ ဘာမှမရှိခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ယဲ့ပိုင်၏အတွေးများသည် ရှေးခေတ်အချိန်ကာလများဆီသို့ တဖြည်းဖြည်းလွှင့်မျောသွားခဲ့တော့သည်။
...
ယဲ့ပိုင်သည် အတိတ်မှဖြစ်ရပ်များကို ပြန်လည်သတိရနေသည့်အချိန်တွင် ဧည့်ခန်းထဲ၌ထိုင်နေသော အဘိုးကြီး၉ယောက်လုံး ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။သူတို့သည် ယဲ့ပိုင်အားတည့်တည့်စိုက်မကြည့်ဝံ့ဘဲ သူတို့၏တင်ပါးများကို ထိုင်ခုံနှင့်မြဲမြံစွာကပ်ထားကာ ငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့ကြသည်။
အချိန်မည်မျှကြာသွားမှန်းမသိ...အခန်းတွင်းရှိလူတိုင်း စိတ်ကျဉ်းကျပ်နေသည့်အချိန်တွင်...
ယဲ့ပိုင်သည် ပြတင်းပေါက်အပြင်ဘက်ရှိ မက်မွန်ပင်အိုကြီးကိုကြည့်နေရာမှ သူ၏အကြည့်ကိုပြန်လည်ဆွဲယူလိုက်သည်။
ထိုအချိန်တွင် အခန်းတွင်းရှိလူများသည် စိုးရိမ်ထိတ်လန့်နေသည်ကိုမြင်၍ သူ၏ပါးစပ်ကအနည်းငယ်တွန့်ကွေးသွားကာ ညင်သာစွာပြောဆိုလိုက်သည်။
"မဆိုးဘူး..."
ထိုစကားလုံးကပင် ဤအဘိုးကြီးကိုးယောက်၏လုပ်ဆောင်ချက်ကို အကဲဖြတ်ခြင်းဟု မှတ်ယူနိုင်ပေသည်။
ဟူး...
သို့သော်လည်း ယဲ့ပိုင်၏စကားကိုကြားလိုက်ရချိန်တွင် အခန်းတွင်းရှိ အဘိုးကြီး၉ယောက်လုံး ဝမ်းသာအားရဖြစ်ကာ သက်ပြင်းချမိလိုက်ကြသည်။
ယဲ့ပိုင်၏မှတ်ချက်များသည် လွန်စွာရိုးရှင်းသော်လည်း သူတို့အားလုံး စာမေးပွဲအောင်မြင်သွားပြီဖြစ်ကြောင်း သိရှိလိုက်ကြသည်။သူတို့သည် နှစ်ပေါင်းများစွာကြာအောင် ပင်ပင်ပန်းပန်းကြိုးစားလုပ်ကိုင်ပြီးနောက် အဆုံးသတ်၌ ယဲ့ပိုင်အားစိတ်ပျက်စေခြင်းမရှိခဲ့ပေ။သူတို့၏ချမ်းသာကြွယ်ဝမှုက အနည်းငယ်ကွဲပြားသော်လည်း ထိုအရာများသည် သူတို့လုပ်ဆောင်ရာလုပ်ငန်းအလိုက် ခြားနားမှုရှိ၍ ထိုကွာဟချက်ကပြသနာမဟုတ်ပေ။
"အန်းလေး...မင်းကောဘယ်လိုလဲ"
ယဲ့ပိုင်က ဝမ်အန်းအား စိုက်ကြည့်၍မေးလိုက်သည်။
ထိုလူသည် ခွန်းလွန်တောင်မှ အင်မော်တယ်အကြီးအကဲဖြစ်သလို တရုတ်နိုင်ငံတွင်နေထိုင်သော သူ၏ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သည်။ဤအဘိုးကြီး၉ယောက်သည် အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရရှိခဲ့ပြီးနောက်တွင် ဝမ်အန်း၏အခြေအနေကလည်း ထိုထက်ပိုမိုဆိုးရွားနေမည်မဟုတ်ပေ။
"ဆရာ...လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဒီအစေခံအိုကြီးဟာ အချိန်အများစုကိုသက်ရှည်ဘုရားကျောင်းမှာ ကုန်ဆုံးခဲ့တယ်...ဒါပေမဲ့ကမ္ဘာတစ်ဝှမ်းက မြေအောက်လောကမှဆိုရင် ငါ့ရဲ့လွှမ်းမိုးနိုင်စွမ်းကရှိနေတုံးပဲ...ဒါပေမဲ့ သူတို့ကိုဂရုစိုက်တာမရှိသလောက်ကို ရှားပါးပါတယ်...ဒါကြောင့်သူတို့ကိုဖွံ့ဖြိုးတိုးတက်စေဖို့ ငါအားမစိုက်ခဲ့ဘူး...အခြေခံအားဖြင့်ဆိုရင် ရန်ပုံငွေစုဆောင်းနိုင်မှုက ဒေါ်လာ၁၅ထရီလီယံလောက်ပဲရှိတယ်"
ဝမ်အန်းက ခါးကိုကိုင်းလိုက်ပြီး ရိုးသားစွာပြန်ဖြေလိုက်သည်။
သို့သော်လည်း ဝမ်အန်း၏စကားကိုကြားပြီးနောက်တွင် အဘိုးအို၉ယောက်၏မျက်လုံးများသည် ချက်ချင်းပြူးကျယ်သွားကြပြီး သူတို့၏မျက်လုံးများ၌ ကြောက်ရွံ့မှုအရိပ်အယောင်များ လွှမ်းမိုးလာခဲ့သည်။
သူတို့၏အထောက်အထားဖြင့်ဆိုလျှင် သူတို့သည်အချက်အလက်များစွာကို ရယူနိုင်မည်ဖြစ်သည်။သို့ဖြစ်ရာ တစ်ခါက မြေအောက်လောက၌ လျှို့ဝှက်အင်အားကြီးပုဂ္လိုလ်တစ်ပါးရှိကြောင်း သူတို့နားစွန်နားဖျားကြားခဲ့ဖူးသည်။ထိုပုဂ္ဂိုလ်သည် မြေအောက်လောကတစ်ခုလုံးနီးပါးကို သူ၏ထိန်းချုပ်မှုအောက်၌ ချုပ်ကိုင်ထားနိုင်ခဲ့သည်။
သို့သော်လည်း သေချာခွဲခြမ်းစိတ်ဖြာပြီးနောက်တွင် ထိုအရာသည်အတုအယောင်ဆန်လွန်းကြောင်း သူတို့မှတ်ယူခဲ့ကြသည်။
ကမ္ဘာ့နိုင်ငံအသီးသီးမှ လူထုခေါင်းဆောင်များ၊သက်ဆိုင်ရာအဖွဲ့အစည်းများ၊လုပ်ကြံသတ်ဖြတ်ခြင်းအဖွဲ့အစည်းများ၊ဧရာမလျှိ့ဝှက်အင်အားစုများကို ထိန်းချုပ်နိုင်ရန်မှာ သာမန်လူများလုပ်နိုင်စွမ်းရှိသည့်အရာမဟုတ်ပေ။ထိုအဖွဲ့အစည်းများကြား ဆက်ဆံရေးသည် အလွန်ပင်ရှုပ်ထွေးလှပြီး မတူညီသောအဖွဲ့အစည်းပင်လျှင် မရေမတွက်နိုင်သောထိခိုက်သေဆုံးမှုများကို နေ့စဉ်ကြုံတွေ့ရလေ့ရှိသည်။
ယခုလေးတင် ဝမ်အန်းကသူ၏အကြောင်းကို ယဲ့ပိုင်ရှေ့၌ဖွင့်ပြောလာချိန်တွင် သူတို့သည်နောက်ကျောမှ ချွေးအေးများစီးကျလာခဲ့ပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့ကြသည်။
ဝမ်အန်းသည် ကောလဟာလများထဲမှ မြေအောက်လောက၏အုပ်စိုးရှင်ဖြစ်လိမ့်မည်ဟု သူတို့အိပ်မက်ပင် ထည့်မမက်ဖူးခဲ့ချေ။
သူတို့သည် ဝမ်အန်းနှင့်တန်းတူအနေအထား၌ရှိသည်ဟု ထင်မြင်ယူဆခဲ့ကြသော်လည်း သူ၏လည်ပင်းထက်၌ ချွန်ထက်သောဓားတစ်ချောင်းက အချိန်ပြည့်အုပ်မိုးထားကြောင်း သတိမပြုမိခဲ့ကြပေ။သူတို့သည် အလွန်ပင်ချမ်းသာကြွယ်ဝနေလျှင်တောင်မှ ဝမ်အန်း၏စကားတစ်ခွန်းက သူတို့၏အသက်ကိုအလွယ်တကူနှုတ်ယူနိုင်ပေသည်။
ကျောက်မိသားစု၊လျှိမိသားစုနှင့်ကျင်းမိသားစုတို့သည် ဤတစ်ကြိမ်တွင် မှားယွင်းသောရွေးချယ်မှုအား ပြုလုပ်မိခဲ့ကြဟန်ရသည်။
"အင်း..."
ယဲ့ပိုင်ကမူ လုံးဝအံ့သြခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါးညည်းညူလိုက်သည်။
"ခုတလော ငါပြန်လာပြီဆိုတဲ့အကြောင်းကို အခြားသူတွေကိုမပြောနဲ့အုံး...ငါကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်နေတာ နှစ်ပေါင်း၈၀လောက်ရှိပြီ...ငါကမ္ဘာကြီးကိုစူးစမ်းချင်သေးတယ်...ကျောက်မိသားစု၊လျှိုမိသားစု၊ကျင်းမိသားစုတို့ကို အကြောင်းကြားနေစရာမလိုဘူး...တုံ့ပြန်မှုလည်းလုပ်စရာမလိုဘူး...အခွင့်အရေးရရင် ငါကိုယ်တိုင်သူတို့ကိုသွားတွေ့လိုက်မယ်"
ယဲ့ပိုင်သည် စကားဆက်ပြောနေရင်း သူ၏အသံကတဖြည်းဖြည်းတိုးဝင်သွားခဲ့သည်။
"ဆရာ...ငါဒီကိုမလာခင် ကျောက်မိသားစုက ကျောက်ပိုင်ရှန်ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ကြားခဲ့ရတယ်...ကျောက်မိသားစုရဲ့ဒုတိယမျိုးဆက်နဲ့တတိယမျိုးဆက်က ဆရာ့ရဲ့အကြောင်းကိုမသိကြသေးဘူး...ဒါကြောင့် ကျနော်ကိုယ်တိုင် ကျောက်မိသားစုကိုပြဿနာတက်အောင်လုပ်လို့ရတယ်...ကျောက်ပိုင်ရှန်မရှိတော့တဲ့နောက်မှာ အပြင်လူတစ်ယောက်လက်ထဲ အဲ့လောက်များတဲ့ကြွယ်ဝမှုတွေရှိနေတာ မကောင်းဘူးလေ...ငါတို့အမွေဆက်ခံမယ့်သူကို ရွေးချယ်သင့်လား"
ခန်းရှစ်ရှန်းသည် အနည်းငယ်တုန်လှုပ်နေသည့်လေသံဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။သို့သော်သူ၏မျက်လုံးများ၌ မမြင်တွေ့နိုင်သည့်အလင်းရောင်တစ်ခု ရှိနေခဲ့သည်။
"ဟုတ်တယ်...ကျောက်မိသားစုက ကျိန်းသေပေါက်ပေးဆပ်ရမယ်"
ပိုင်ဇီဖန်း၏မျက်လုံးများတွင် အေးစက်သည့်သတ်ဖြတ်လိုစိတ်များ လွှမ်းခြုံရင်း ဝင်ပြောလိုက်သည်။
သူ၏ပုံစံအရ ယဲ့ပိုင်ကအမိန့်ပေးနေသရွေ့ သူ၏လုံခြုံရေးကုမ္ပဏီမှလူများအား ကျောက်မိသားစုနေအိမ်ထဲသို့ခေါ်သွားကာ သတ်ဖြတ်မှုပြုလုပ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
"ဆရာ...ဒီကိစ္စကို ကျနော်ဂရုစိုက်ပေးပါရစေ...ကျောက်မိသားစုကအိမ်ခြံမြေလုပ်ငန်းကို အဓိကထားလုပ်ကိုင်ခဲ့ပြီး ဒီနှစ်တွေအတွင်းမှာ အမှားအယွင်းလုံးဝမရှိခဲ့ဘူး...ဒါပေမဲ့ သူတို့မသိတာတစ်ခုက ငါ့ရဲ့နည်းပညာကုမ္ပဏီက လမ်းကြောင်းတချို့ကနေပြီး သူတို့ရဲ့အချက်အလက်တွေကိုရယူထားနိုင်တယ်ဆိုတာပဲ...အဲ့ဒီထဲကတရားမဝင်အချက်အလက်အချို့က နိုင်ငံတော်ကနေအရေးယူဖို့လုံလောက်တယ်"
မာထန်းယွန်က ဝင်ရောက်အကြံပေးလိုက်သည်။
အခြားသူများကလည်း အငြိမ်မနေဘဲ ကျောက်မိသားစုအား စတင်စွပ်စွဲခဲ့ကြသည်။
သို့သော်လည်း ယဲ့ပိုင်ကမူ လေထဲပျံ့လွှင့်နေသော ချင်ချန်တာအိုလက်ဖက်ရည်၏ မွှေးရနံ့ကိုခံစားရင်း အေးအေးဆေးဆေးထိုင်နေခဲ့သည်။
"မင်းတို့ပြီးကြပြီလား..."
အချိန်အတော်ကြာပြီးနောက် လူတစ်ဦးစီသည် စကားတစ်ခွန်းစီပြောပြီးကြသည့်အခါ ယဲ့ပိုင်ကစတင်ပြောလာခဲ့သည်။လက်ရှိအချိန်၌ ယဲ့ပိုင်၏လေသံက အနည်းငယ်အေးစက်တင်းမာနေခဲ့သည်။
ထိုအသံကိုကြားပြီးနောက် အခန်းထဲရှိလူတိုင်း၏ခန္ဓာကိုယ်သည် ပြင်းထန်စွာတုန်ခါသွားခဲ့ကာ ခေါင်းငုံ့၍စကားဆက်မပြောရဲကြတော့ပေ။
"ပိုင်ရှန်...ငါကိုယ်တိုင်သူ့ကိုကြည့်ရှုစောင့်ရှောက်ရင်း အဲ့ကောင်လေးကကြီးပြင်းလာခဲ့တာပဲ...နှစ်တွေဒီလောက်ကြာသွားတာတောင် သူကခုထိမပြောင်းလဲသေးဘူး...သူကတွက်ချက်ရတာကိုအရမ်းကြိုက်နေတုံးပဲ...ကျောက်မိသားစုအရေးမှာ မင်းတို့ဝင်မပါကြနဲ့...အချိန်ကျလာတဲ့အခါ ငါကိုယ်တိုင်ပိုင်ရှန်ကို လူကိုယ်တိုင်သွားတွေ့မယ်...သူ့ရဲ့ဟင်းချက်ကျွမ်းကျင်မှုက ခုထိရှိနေသေးလားကြည့်ရတာပေါ့"
ဧည့်ခန်းထဲရှိလေထုက အလွန်ပင်တိတ်ဆိတ်နေခဲ့သည်။ယဲ့ပိုင်သည် တစ်ချိန်က သူမာဇီယွမ်အတွက် ရေးဆွဲပေးခဲ့သော ရှုမျှော်ခင်းပန်းချီကိုကြည့်ရင်း တိုးတိုးလေးရေရွတ်လိုက်သည်။
ထိုစကားကို ကြားပြီးနောက်တွင် ဝမ်အန်းသည်အလွန်ကြောက်လန့်သွားခဲ့ကာ သူ၏မျက်လုံးများ၌ရှုပ်ထွေးမှုအချို့ ဖြစ်ပေါ်လာခဲ့သည်။
ကျန်အဘိုးကြီး၉ယောက်ကလည်း တုန်လှုပ်သွားခဲ့သည်။
"ကျောက်ပိုင်ရှန်...သူတကယ်မသေသေးဘူးလား...သူကသေချင်ယောင်ဆောင်နေပြီးတော့ သူ့ရဲ့မျိုးဆက်သစ်လေးတွေကို ခွန်းလွန်တောင်ကိုလာခိုင်းပြီး အကဲစမ်းခိုင်းတာပေါ့...သူတကယ်အဲလိုလုပ်ရဲတာလား"
ကူချင့်လွမ်သည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ သူ၏လေသံ၌ ဒေါသများပြည့်နှက်နေခဲ့သည်။
ယဲ့ပိုင်က ခေါင်းခါယမ်းရင်းပြောလိုက်သည်။
"ဖြစ်နိုင်တာတစ်ခုကတော့ ပိုင်ရှန်ကအလောင်းအစားလုပ်ချင်နေတာပဲ...သူကငါဒီမှာမရှိဘူးလို့ လောင်းကြေးထပ်ချင်တာဖြစ်ရမယ်...အန်းလေးက အသက်တော်တော်ကြီးနေပြီ...ဒါကြောင့်သူကကျောက်မိသားစုရဲ့အနာဂတ်အတွက် အလောင်းအစားလုပ်လိုက်တာပဲ...ကမ္ဘာပေါ်ကလူတော်တော်များများက လောင်းကစားလုပ်ရတာကိုသဘောကျတယ်...ဘယ်လိုလူမျိုးကမဆို ဒီကိစ္စနဲ့မကင်းလွတ်နိုင်ဘူး"
ထိုစကားများအဆုံးတွင် ဝမ်အန်း၏ခြေထောက်များက ချက်ချင်းပင်တုန်ရီသွားခဲ့သည်။
ထို့နောက်လူတိုင်းလိုလိုပင် ထိုင်ခုံပေါ်မှဆင်းကာ မြေကြီးပေါ်ဒူးထောက်ထားလိုက်ကြသည်။