အဓိပတိမဟာမိတ်မှ စိန်ခေါ်၍ ဖောက်ခွဲ ကောင်းကင်ဂိုဏ်း ပြန်ပေါ်လာပြီ။
Vol. 20 Ch. 291
ချင်းယန် သူ၏လက်ဖဝါးပေါ်ရှိ သွေးလိုင်းများကို စိုက်ကြည့်နေခဲ့သည်။
လေးလေးနက်နက် တွေးကြည့်လျှင် သူ၏ သွေးလိုင်းကို အဆင့်မြှင့်တင်ပြီးနောက် သူ၏ကိုယ်ပွား နည်းပညာအပေါ် သူ၏ထိန်းချုပ်မှုသည်လည်း အလွန်ကောင်းမွန်လာသည်။
ဤသွေးသုံးလိုင်းသည် သူ၏ကိုယ်ပွားကို အတူတကွ ထိန်းထားပေးသော ကြိုးမျှင်များ ဖြစ်သည်။ ယခုမူ ၎င်းတို့ ကျိုးသွားပြီး မွေးထုတ်လိုက်သော မူလ အနေအထားမှလည်း လွဲသွားပြီ။ ဆိုလိုသည်မှာ တစ်ယောက်ယောက်က သူတို့ကို တိုက်ခိုက်ခဲ့ချေပြီ။
"အဓိပတိ မဟာမိတ်အဖွဲ့က လှုပ်ရှားနေပြီ"
ချင်းယန် သွေးစွမ်းအင်ကို ဆုပ်ကိုင်ထားပြီး စဉ်းစားနေမိသည်။ သူသည် ဖူတွန်ထဲမှ မတ်တတ်ထရပ်ကာ ဗီလာတစ်ဝိုက် အာရုံခံလိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်သည့်အခိုက် ရှဟဲနှင့် လီကျစ်ရွှမ်းတို့မှာ ၎င်းတို့၏ လေ့ကျင့်ရာ ထောင့်အသီးသီးတွင် ရှိနေကြောင်း အတည်ပြုခဲ့သည်။
ဤတော့မှ စိတ်သက်သာရာ ရသွားခဲ့၏။ သူတို့ အသက်ရှင်နေသေးသည်။
ကျေးဇူးတင်ရမည်မှာ ၎င်းတို့ ဖမ်းခေါ်သွားသည့် အရာများက အခမဲ့ကိုယ်ပွားများသာ ဖြစ်လေသည်။ ယခုကဲ့သို့ အဓိပတိမဟာမိတ်မှ ဝင်ရောက်စွက်ဖက်ပြီး လီကျစ်ရွှမ်းတို့ကို ပြန်ပေးဆွဲကာ မိမိကို ထွက်လာဖို့ အသုံးပြုပါက အကျိုးဆက်များမှာ တွေးကြည့်၍ပင် မရပေ။
ကံကောင်းသည်က သူ့ဘက်မှ ရှေ့တစ်လှမ်းစော၍ ကြိုတင်ပြင်ဆင်ထားခဲ့တာပင်။
*ဘိ ဘိ ဘိ!*
ထိုစဥ် သူ၏အိတ်ကပ်ထဲမှာ တယ်လီဖုန်း တုန်ခါသွားလေသည်။ ချင်းယန် ထုတ်ကြည့်လိုက်သောအခါ လူအိုလီ ခေါ်နေသည်အား တွေ့လိုက်ရ၏။ သူ မအံ့သြသွားဘဲ အဖြေခလုတ်ကို နှိပ်လိုက်သည်။
"ချင်း ချင်း... မိတ်ဆွေလေးချင်း တစ်ခုခုဖြစ်သွားပြီ!"
လူအိုလီ၏အသံသည် လိုင်း၏ အခြားတစ်ဖက်တွင် အလွန်အမင်း ထိတ်လန့်သွားကြောင်း သိသာ၏။ နောက်ခံဆူညံသံက သူ လှုပ်ရှားနေသကဲ့သို့ လေဟုန်းဟုန်း တောက်နေသည်။
"မဟာမဟာမိတ်က အခုပဲ တိုက်ခိုက်နေတယ်... ရွှမ်းရွှမ်း....."
သူ၏စိတ်အစဥ်တို့မှာ အလွန်ရှုပ်နေသဖြင့် သူ့စကားများက မဆုံးနိုင်တော့ဘဲ အလွန်သာ တုန်လှုပ်နေတော့သည်။
"လူကြီးလီ... စိတ်အေးအေးထားပါ မထိတ်လန့်ပါနဲ့ ဖြည်းဖြည်းပြောပါ"
အေးအေးဆေးဆေး စကားပြောပြီးနောက် ဖုန်း၏အခြားတစ်ဖက်ရှိ အဘိုးကြီးလီသည် အသက်ရှုကြပ်နေသည့်ကြားမှ လီကျစ်ရွှမ်း အဖမ်းခံလိုက်ရပုံကို ပြန်လည်ပြောပြပြီး အနက်ရောင်ဝတ်ရုံနှင့် လူ၏အသွင်အပြင်နှင့် ကြံ့ခိုင်မှုအကြောင်း အပြည့်အစုံကို ပြန်ပြောပြခဲ့သည်။
"ခင်ဗျားမြင်တာမမှားတာ သေချာလား? သူမျက်နှာဖုံးတပ်ထားလား"
ချင်းယန်သည် အဓိက အချက်အလက်ကို ဖမ်းမိပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အဓိပတိမဟာမိတ်၏ အဖွဲ့ဝင်အများစုသည် ဂုဏ်သိက္ခာရှိသော ဂိုဏ်းဝင်များဖြစ်သည်။ ခရီးသွားသည့်အခါ သူတို့၏ မျက်နှာအစစ်ကို အမြဲပြတတ်သည်ပင်။ မျက်နှာဖုံးကွယ်ထားသည့် လူက ရှားပါးလှသည်။
သို့ပေမယ့် မျက်နှာဖုံးစွပ်ထားသည့် လူတစ်ယောက်ဟူသော ဖော်ပြချက်မှာမူ သားရဲနတ်အရှင်ဂိုဏ်းနှင့် အလွန်တူပေ၏။
ပူးပေါင်းသွားပြီလား။
အတွေးပျောက်ပြီးနောက် ချင်းယန်သည် လူအိုလီကို တုံ့ပြန်လိုက်၏။
"ကောင်းပြီ ကျွန်တော်နားလည်ပါတယ်... လူအိုလီ ခင်ဗျားတို့အားလုံး ခင်ဗျားတို့ရဲ့ကိုယ်ပိုင်လုံခြုံရေးကို ဦးစားပေးသင့်တယ်။ ကျန်တာကို ကျွန်တော် ကိုင်တွယ်ထားလိုက်ပါမယ်"
ဖုန်းချပြီးနောက် ခဏအကြာတွင် ဦးစီးချုပ်ဆီက ဖုန်းခေါ်သံကို လက်ခံလိုက်သည်။ တစ်ဖက်မှ ရှဟဲ၏ ပြန်ပေးဆွဲခံရမှုအား အသိပေးလာပြီး အထူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်ကြောင်း ပြောပြလာသည်။
ခဏအကြာတွင် လီတောက်မင်ကလည်း လီချင်းဟဲ စာကြည့်တိုက်မှ ပျောက်ဆုံးသွားသည်ကို ပြောလာပြန်သည်။
"စိတ်မပူပါနဲ့ အားလုံးပဲ!" ချင်းယန် သူ၏ ဇာတ်ညွှန်းအတိုင်း ကျွမ်းကျင်စွာ ပခုံးတွန့်ကာ :"ဒါကို ဂိုဏ်းကလူကြီးတွေကို အကြောင်းကြားလိုက်မယ်။ သတင်းတစ်ခုခုရရင် ချက်ချင်း အကြောင်းကြားပါ့မယ်"
နောက်ဆုံး သူတို့ဘက်က စိတ်ချသွားအောင် စီမံထားပေးပြီးမှ ဖုန်းချလိုက်ရသည်။
"ဟူး နောက်ဆုံးတော့ ပြီးသွားပြီ"
ချင်းယန် တစ်ကိုယ်တည်း သက်ပြင်းချလိုက်သည်။
၎င်းတို့ ရည်ရွယ်ချက်များက ရှင်းပါ၏။ လီကျစ်ရွှမ်းနှင့် အခြားသူတို့ကို ပြန်ပေးဆွဲထားသောကြောင့် သူထွက်လာအောင် လုပ်နေကြောင်း ထင်ရှားလေသည်။ သူ့ကို ဆွဲဆောင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြသောကြောင့် သေချာပေါက် ထောင်ချောက်တစ်ခုတော့ ဆင်ထားလိမ့်မည်။
နောက်ပိုင်းတွင် အဓိပတိနယ်ပယ်က ပုဂ္ဂိုလ်တစ်ဦးသည် ထောင်ချောက်တစ်ခုကို ဆင်ရန်ပင် ရောက်လာနိုင်၏။
"ရန်သူကို ထောင်ချောက်ထဲ ဖိတ်ခေါ်တဲ့နည်းပဲ"
ဤအချက်ကို တွေးကြည့်ပြီးနောက် ချင်းယန် အလျင်လိုမနေတော့ချေ။ သူသည် အပြင်ဘက်က ခြံဝင်းထဲသို့ လျောင်းထိုင်ခုံကို ရွှေ့ကာ ထိုနေရာတွင် အနားယူလိုက်သည်။ သူ နေကြာစေ့များကို စားနေစဉ် ရှောင်ပိုင်မှ အချိုရည်များကိုပင် ပြင်ဆင်ပေးနေခဲ့သည်။
တစ်ဖက်ရှိ မုန်တိုင်းကို လှမ်းကြည့်ရင်း မတုန်မလှုပ်သာ။
……
……
နာရီဝက်ကြာသော်။
ဗုန်း!
ဖုဟိုင်ဗီလာရပ်ဝန်း ဧရိယာအထက်ရှိ ကောင်းကင်သည် မှောင်မိုက်နေပြီး ကောင်းကင်နှင့် မြေကြီးတခွင်လုံး ကျယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ တိမ်တိုက်များကြားတွင် ပုံရိပ်တစ်ခု ပေါ်လာပြီး အမြင့်ဆုံးဖြစ်ခြင်း၏ ရောင်ဝါအား ဗီလာတစ်ခုလုံးအပေါ် လွှမ်းခြုံထားလေသည်။
"ချင်းယန်!"
နောက်အခိုက်၌ အနက်ရောင်ဝတ်ရုံဖြင့် အဓိပတိနယ်ပယ်သည် ဗီလာအထက်ကို အပေါ်စီးမှ ငုံ့ကြည့်လျက် ပေါ်ထွက်လာသည်။
“ဒါက ဘာအဓိပ္ပာယ်လဲ မိတ်ဆွေ”
ချင်းယန်သည် လျောင်းခုံမှထလိုက်သည်။ ပြီးနောက် အနက်ရောင်ဝတ်ရုံရှင်ကို မော့ကြည့်ကာ ပျင်းရိစွာ သမ်းလိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို ခက်ခဲအောင် ထပ်လုပ်ဖို့ပဲ လာခဲ့တာလား"
"ဟမ့် မင်းက ခေါင်းမာနေတုန်းပဲ!"
ဤသတင်းကို လာပို့သော အဓိပတိနယ်ပယ်၏ မျက်လုံးများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်လာသည်။
"မင်း ဒီလုပ်ရပ်ကို ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်လဲဆိုတာ ငါကြည့်ချင်ပါတယ်! မင်းရဲ့သူငယ်ချင်းတွေ အားလုံး ငါတို့ အဓိပတိမဟာမိတ်တွေရဲ့ လက်ထဲမှာ ရှိတယ်... လီကျစ်ရွှမ်း၊ လီချင်းဟဲ.... ရှဟဲ!..."
ချင်းယန်ကို ဝမ်းနည်းနေမလား ဆန်းစစ်နေရင်း ထိုအမည်များကို ဖြည်းညှင်းစွာ ရွတ်ပြနေခဲ့သည်။
"မနက်ဖြန်နေ့လည်မှာ မင်းနဲ့ မဟာမိတ်ခေါင်းဆောင်တို့ တွေ့ဆုံဖို့ သဘောတူထားတဲ့ နေရာကို မဟာမိတ်ခေါင်းဆောင်က လာခဲ့ဖို့ အကြောင်းကြားခိုင်းလိုက်တယ်..."
"မင်းတို့ရဲ့ အဓိပတိ မဟာမိတ်က တော်တော် ရွံစရာကောင်းတာပဲ"
ချင်းယန် အံ့အားသင့်သွားဟန်ဖြင့် :"ပြန်ပေးဆွဲဖို့တောင် ကြိုးစားနေကြတယ်??"
"ဟမ့် ချင်းယန် ပြဿနာတွေက ဒီအထိတောင်ရောက်နေပြီ မင်းမှာ ရွေးချယ်စရာ မရှိဘူး"
အနက်ရောင်ဝတ်ရုံနှင့် ထိုအဓိပတိသည် တိမ်များကြားတွင် လွင့်မျောကာ ချင်းယန်ကို ငုံ့ကြည့်ရင်း အသံပိုအေးစက်လာသည်။
"မနက်ဖြန်နေ့လည်မှာ မင်းမလာရင် ငါတို့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့ မင်းသူငယ်ချင်းတွေရဲ့အလောင်းကို ကောက်ဖို့ပဲ ပြင်ထားလိုက်တော့!"
ထိုစကားများ ပြောပြီးနောက်မှ အနက်ရောင်ဝတ်ရုံရှင် အဓိပတိသည် ကျေနပ်အားရသည်ဟု ခံစားလိုက်ရပြီး ထွက်ခွာသွားခဲ့သည်။ ထွက်သွားပုံမှာ ခြေတစ်လှမ်းလောက် နောက်ကျသွားမည်ကို အလွန် ကြောက်နေသည့်အလား။
………..
"ကျစ်!... သွားတာကလည်း မြန်လိုက်တာ!"
ချင်းယန်သည် ထိုအဓိပတိ၏ စိတ်ပျက်အားငယ်နေသော ရုပ်သွင်ကို အဝေးကြီး၌ ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်ပြီး သက်ပြင်းချမိလေသည်။ ထောင့်စွန်း၌ သူပြင်ဆင်ထားသော သွေးကိုယ်ပွားကို မသုံးလိုက်ရသည့်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိ၏။
၎င်းက မက်ဆေ့ချ်မျှသာ ဖြစ်သည်။ အဓိက ပစ်မှတ်ဆီ မရောက်နိုင်ပါက အသုံးမဝင်ပေ။
"ဆရာတူအစ်ကို?"
ထိုအချိန်တွင် လီကျစ်ရွှမ်း၏အသံ အနောက်မှ ထွက်ပေါ်လာသည်။ ချင်းယန် လှည့်ကြည့်လိုက်တော့ လီကျစ်ရွှမ်းနှင့် အခြားလူများ တံခါးထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဆူပူသံက ကျယ်လောင်လွန်းသဖြင့် အတွင်းမှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနိုင်လေသည်။
"ပြီးပြီ လောင်ချင်း! ဒါ မင်းရည်ရွယ်ထားတာလား"
ရှဟဲသည် တုန်တုန်ယင်ယင်ဖြင့် မေးလိုက်ရင်း သူ့ဖုန်းကို ထုတ်ကာ ခေတ်စားနေသော အကြောင်းအရာများကို ဖွင့်ကြည့်လိုက်သည်။
"မင်း ကျွန်တော်တို့ကို အထူးလေ့ကျင့်မှုတွေ လုပ်ခိုင်းနေပြီးတော့ ဖောက်ခွဲကောင်းကင်ဂိုဏ်းက အကြီးတန်းတစ်ယောက်ကို ငါတို့နေရာ ယူခိုင်းထားတာလား"
ထိုစကားကို ပြောပြီးသည့်အခိုက် လီကျစ်ရွှမ်းနှင့် လီချင်းဟဲတို့လည်း မျက်မှောင်ကြုတ်သွားပြီး ချင်းယန်ကိုကြည့်ရင်း စိုးရိမ်စိတ်များ တိုးလာခဲ့သည်။
"ကောင်းပြီ ငါ့စကားကို နားထောင်ပြီး ဒီကနေ မရွေ့ကြနဲ့ ဂိုဏ်းချုပ်က ကျန်းဟိုင်မှာ မငြိမ်မသက်ဖြစ်မယ့် ကြိုတင်သတိပေးချက်တစ်ခု သတင်းပေးထားတယ်... အခု တကယ်ဖြစ်နေပြီထင်တယ်"
သူစကားပြောနေစဉ် ခြံဝင်းအတွင်းရှိ ကြယ်ကျောက်တုံးကို ညွှန်ပြလိုက်သည်။
"ဒီဖွဲ့စည်းမှုကို လည်ပတ်နေရင် မင်းတို့ရဲ့ ရောင်ဝါကို ဖုံးကွယ်ပေးထားနိုင်တယ်။ ထိပ်တန်း ကျွမ်းကျင်သူတစ်ယောက် ရောက်လာရင်တောင်မှ အခန်းတွင်းကို နက်နက်နဲနဲ မစွန့်စားသရွေ့ မင်းတို့ရဲ့ လမ်းကြောင်းတွေကို သူတို့ လုံးဝ ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
"လောင်ချင်း မင်း အရမ်း တွေးတတ်တာပဲ"
ရှဟဲသည် ကြယ်ကျောက်တုံးကြီးကို ကြည့်ကာ နှလုံးခုန်သွားသည်။
"ဒါပေမယ့်...အကိုကြီး..."
လီကျစ်ရွှမ်း ပါးစပ်ကိုဖွင့်ပြီး တစ်ခုခု ထပ်ပြောချင်မိသည်။ အပြင်၌ သူမတို့ ဆရာတူဦးလေးများက သူမတို့အစား စွန့်စားနေကြ၏။ သို့သော် ယခုတော့ တစ်ခုခုဖြစ်နေပြီ။ သူမသည် ဤနေရာတွင် အထူးလေ့ကျင့်မှုကို ခံစားနေပြီး ဘာမှမတတ်နိုင်ပေ။ သူမသည် ထိုကိစ္စအတွက် ကြောက်မက်နေမိသည်။
"ကောင်းပြီ ညီမလေး ငါပြောတာ နားထောင်ပါ"
ချင်းယန်သည် သူမ၏ အတွေးများကို မြင်လိုက်ရပြီး ဒေါသတကြီး ဆူပူကြိမ်းမောင်းတော့သည်။
"ဒီအခြေအနေက အရမ်းပြင်းထန်တယ်။ မင်းသွားရင် ဘယ်လိုအကျိုးရှိမှာလဲ။ ဂိုဏ်းဆရာနယ်ပယ် အဆင့် မတက်ဘဲ သူတို့အမြင်မှာ ပုရွက်ဆိတ်တစ်ကောင်နဲ့ မတူဘူးလား"
“ညီမ…”
လီကျစ်ရွှမ်း နှုတ်ခမ်းကို ဖွဖွကိုက်ရင်း ခေါင်းကို ငုံ့ကာ ငြိမ်သွားသည်။
"ဟုတ်တယ် ရွှမ်းရွှမ်း... ဆရာပြောတာမှန်ပါတယ်။"
လီချင်းဟဲကလည်း သူမကို ဆွဲဆောင်ရန် ရှေ့တိုးလာသည်–
“ဒီမှာပဲနေစမ်းပါ အကြီးတန်းဦးလေးတွေနဲ့ အဒေါ်တွေက ငါတို့ကိုကာကွယ်ဖို့ သူတို့ကိုယ်သူတို့ အယောင်ဆောင်ပြီး စတေးခဲ့ကြတာ။ နင် သွားမယ်ဆိုရင် သူတို့ကို ဖော်ထုတ်ပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှု အားလုံးကို အလဟသ ဖြစ်အောင် လုပ်မိမှာ”
"အွန်း...."
ချင်းယန် :"ကောင်းပြီ မင်းတို့အခန်းကိုပြန်သွားပြီး မင်းရဲ့ အထူးလေ့ကျင့်မှုကို ဆက်လုပ်ကြ.. အဲဒါ မင်းတို့ကူညီနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ"
ခဏအကြာတွင် ခြံဝင်းထဲ တိတ်ဆိတ်သွားခဲ့သည်။ သူတို့ကို ဖယ်ထုတ်ပြီးနောက် ချင်းယန်သည် သူ၏ညာလက်မှ ကြယ်လက်စွပ်ကို ချွတ်ကာ သူ့နောက်လိုက်နေသော ရှောင်ပိုင်ထံသို့ လွှင့်ပစ်လိုက်သည်။
"ဟမ်?"
ရှောင်ပိုင်သည် ကြယ်လက်စွပ်ကိုယူကာ ခေါင်းလေးစောင်းကြည့်နေ၏။ ထို့နောက် ချင်းယန်ကို ပြူးကျယ်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ။
"သခင် ဒီနတ်သမီးကို ဘာပေးတာလဲ"
"မီးဖိုချောင်သွားပြီး ဒီဂိုဏ်းချုပ်အတွက် အကောင်းဆုံး သွေးအာဟာရ ဟင်းပွဲတွေ ပြင်ဆင်ပေး"
ချင်းယန်သည် အဝေးမှ ပျောက်ကွယ်သွားသော သတင်းပို့သူဆီသို့ စူးစိုက်ကြည့်လိုက်သည်။
"ပြီးရင် ဖောက်ခွဲ ကောင်းကင်ဂိုဏ်း လှုပ်ရှားတော့မယ်။"