← Chapters

သားရုဆယ်ကောင် အစီအရင်၊ စနစ်သတိပေးချက် ထပ်မံထွက်ပေါ်လာပြီ

Vol. 20 Ch. 293

သားရုဆယ်ကောင် အစီအရင်၊ စနစ်သတိပေးချက် ထပ်မံထွက်ပေါ်လာပြီ

Vol. 20 Ch. 293

မုန့်ထျန်းရွှမ် အတွေးထဲမှာ ပျောက်ကွယ်နေမိစဥ် သူ့နောက်မှ အေးစက်သော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဒီသုံးယောက်က ခုခံသေးလား ဆရာတူအစ်ကိုကြီး"

ထိုအသံက နက်မှောင်သော ကျီးကန်းတစ်ကောင်၏ အော်ဟစ်သံကဲ့သို့ ပြာပြီး မနှစ်မြို့ဖွယ် ကောင်းလှသည်။ သို့ပေမယ့် မုန့်ထျန်းရွှမ် လှည့်မကြည့်ပါ။ အဲဒီအစား သူက ရွံရှာသွားပုံဖြင့်။

"ဆရာတူညီလေး အနည်းဆုံးတော့ မင်းငါ့ကို တယ်လီစာနဲ့ သတိပေးလို့ မရဘူးလား။ မင်း အမြဲတမ်း ဒီလို ယုတ်မာတဲ့ ပုံစံနဲ့ ပြောနေမှာလား။"

အသံတိတ်သွားသည်နှင့်အမျှ မည်းနက်သော တိမ်တိုက်များ ပေါ်လာ၏။

"ဟမ် အဲဒါက ပြောင်းလို့မရဘူးလေ.."

အနက်ရောင် မြူခိုးများအတွင်းမှ အရှင်ကျိုထျန်းသည် သူ့ပုံစံကို ထုတ်ဖော်ပြီး မုန့်ထျန်းရွှမ်း၏နံဘေးသို့ ဖြည်းညှင်းစွာ လွင့်မျောလာသည်။

“ငါတို့ရဲ့ သားရဲနတ်အရှင်ဂိုဏ်းက ဒီအတွက် ပြင်ဆင်ရာမှာ ကုန်ကျစရိတ် မသက်သာခဲ့ဘူး။ သားရဲဆယ်ကောင် အစီအရင်အတွက် တန်ကြေးက အတော်လေး များတယ်... အဆင်မပြေရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ..."

"ဒါကို မင်းစိတ်ချလို့ရတယ်"

ဒါကိုကြားတော့ မုန့်ထျန်းရွှမ် တောင်ကုန်းပေါ်ကို လှမ်းတက်လိုက်ပြီး စကားဝင်ဖြတ်လိုက်၏။

"အဓိပတိ မဟာမိတ်အဖွဲ့ကလည်း မင်းအတွက် သေချာစီစဉ်ပေးမှာပါ။ မင်းက သားရဲ ၁၀ ကောင်အစီအရင်ကို ပံ့ပိုးပေးတယ်၊ ငါတို့က လူအင်အား ပေးတယ်၊ အဲဒါက အနိုင်ယူနိုင်တဲ့ အခြေအနေပဲ"

သူကပြောရင်း အရှင်ကျိုထျန်းဘက်သို့ စောင်းကြည့်လိုက်သည်။

"ဆရာတူညီလေး မင်းကော ဘယ်လိုလဲ မင်းရဲ့အစီအရင်က မပြည့်စုံတာကို ငါမှတ်မိပါသေးတယ်..."

"ဟမ့် ဆရာတူအစ်ကိုကြီး မင်းက ငါ့သားရဲနတ်အရှင် ဂိုဏ်းရဲ့ အမွေအနှစ်ကို မေးခွန်း ထုတ်နေတာလား"

အရှင်ကျိုထျန်း၏ မျက်နှာကြီး မည်းမှောင်သွားတော့သည်။ သူက လက်ဖဝါးကိုလှန်ပြီး အတွင်းရှိ ခင်းကျင်းမှုကို ကြည့်ကာ။

"သားရဲဆယ်ကောင် အစီအရင်က မပြည့်စုံပေမယ့် သားရဲနတ်အရှင် အထက်ဘုံကနေ ယူလာတဲ့ နတ်ရတနာတစ်ခု ဖြစ်နေတုန်းပဲ... ကောင်းကင်အဓိပတိ တစ်ယောက်ဝင်လာရင်တောင် သူ့ရဲ့ ပျက်စီးမှုက နည်းပါးမှာပဲ... အဓိပတိနယ်ပယ် တော်တော်များများကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တာထက်တောင် ပိုတယ်!"

"အဲဒါ အကောင်းဆုံးပဲ"

၎င်းကိုကြားသော် မုန့်ထျန်းရွှမ်လည်း အဝေးကို လှမ်းကြည့်လိုက်လေသည်။

သားရဲနတ်အရှင်။

တွင်းနက်၏ အထက်ပိုင်းနယ်ပယ်မှ ဆင်းသက်လာသော တန်ခိုးကြီးသော ပုဂ္ဂိုလ်သည် ထိုဂိုဏ်းကို တည်ထောင်သူဖြစ်ပြီး သူ၏ စွမ်းပကားကြောင့်လည်း ကျော်ကြားသည်။

ဤ "သားရဲဆယ်ကောင် အစီအရင်" သည် သူ၏သားစဉ်မြေးဆက်အတွက် ထားခဲ့သော အမွေအနှစ် ဖြစ်သည်။ ၎င်းအစီအရင်သည် လွန်ခဲ့သော နှစ်ပေါင်းငါးရာကျော်က စစ်ပွဲတွင် မပြည့်စုံဘဲ ပျက်စီးသွားသော်လည်း ၎င်းသည် နတ်လက်နက်များထဲ အဆင့်တစ်ခုတော့ ရှိသေးသည်။

မြေအဓိပတိများကို သတ်ဖြတ်ရန်မှာ လုံလောက်သည်ထက် ပိုလေ၏။ သို့သော် ရင်းထားရသည့် တစ်ခုစီတိုင်းဟာ ကုန်ကျစရိတ် ကြီးလှပါသည်။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက လာမယ်လို့ မင်းထင်လား အထူးသဖြင့် ချင်းယန်လို့ခေါ်တဲ့ အဲဒီကလေးက လိမ္မာပါးနပ်ပြီး လျှို့ဝှက်တတ်သူပဲ... အရင်က မင်းကိုတောင် ဆိုးဆိုးဝါးဝါး လှည့်စားခဲ့တာမလား"

"စိတ်ချပါ ဆရာတူညီလေး"

မုန့်ထျန်းရွှမ်မှ သူ၏လက်နှစ်ဖက်ကို နောက်ပစ်ရင်း အေးစက်စွာ အော်ဟစ်လိုက်သည်။

"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းရဲ့ စရိုက်နဲ့ဆို ဒီတစ်ခါ သူတို့ရဲ့ တပည့်တွေ ပြန်ပေးဆွဲခံရတာကို ရပ်ကြည့်မနေမှာ သေချာတယ်..."

ရုတ်တရက် နှစ်ယောက်လုံး တိတ်ဆိတ်သွားပြီး အရှေ့တောင်ဘက်သို့ မျှော်ကြည့်ကြသည်။

သစ်တောထဲမှ အရှိန်အဝါများ ထိုးတက်လာသည်။ ကြီးမားပြီး ဖိနှိပ်ချုပ်ချယ်နိုင်သော အသွင်အပြင်သည် အဝေးမှ တရိပ်ရိက် ထွက်ပေါ်လာချေပြီ။

ပြိုးပြိုးပြက်ပြက် ရှိသော ရွှေရောင်အလင်းတန်းများကြားတွင် တိမ်များသည် သွန်းလောင်းချနေသော နေရောင်ခြည်များအလားပင်။

ဗုန်း—

"ဘယ်လိုလဲ ညီလေး"

မုန့်ထျန်းရွှမ်၏ အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားသော်လည်း သူသည် တည်ငြိမ်သော အမူအရာဖြင့် အတင်းအကြပ် ပြောလိုက်သေး၏။

"သူတို့ အခုရောက်နေပြီ မဟုတ်ဘူးလား?"

အကွာအဝေး တစ်ခုတွင် လူအရိပ်များ ပေါ်လာပြီး ၎င်းတို့ရောက်ရှိနေသည့် လေထုကို ဖြတ်ဖောက်သွားခဲ့သည်။ တိမ်ပင်လယ်ကို ထိုးဖောက် ရွှေရထားစီးလာသလို ကောင်းကင်တစ်ဝက်လောက်မှာ မီးတောက်များဖြင့် တောက်လောင်နေသည်။ အရိပ်များသည် အနက်ရောင်ဝတ်ရုံနှင့် ကြက်သွေးရောင် အ၀တ်များကို ၀တ်ဆင်ထားပြီး နတ်ဘုရားများကဲ့သို့ တောက်ပနေသည်။

ဤသည်ကို မြင်သော် အရှင်ကျိုထျန်းသည် လူအရေအတွက်ကို တိတ်တိတ်လေး ရေတွက်မိ၏။ တစ်ဆက်တည်း ခက်ခက်ခဲခဲ တံတွေး မျိုချရင်း ဦးရေပြားပင် ချက်ချင်း ယားယံလာသည်။

အဓိပတိနယ်ပယ် တစ်ဒါဇင်ပြည့် ရောက်ရှိလာပါပြီ။ ယခု မြင်တွေ့ရသော ဖိနှိပ်ချုပ်ချယ်နိုင်သည့် အရိပ်အယောင်ဟာ အဝေးကနေ သူမြင်ခဲ့ရသည်နှင့် လုံးဝကို ကွဲပြားသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော ညှဉ်းပန်းနှိပ်စက်မှု ရောင်ဝါသည် သူ့အပေါ်သို့ ဆင်းသက်လာသည်။

ထိုအချိန်တွင် မုန့်ထျန်းရွှမ်၏ ဤကဲ့သို့သော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိခဲ့မှုသည် အမှန်တကယ် အံ့ဖွယ်ပင်။ ထိုအခိုက် အရှင်ကျိုထျန်း သူ့လက်ဖဝါးထဲကို ငုံ့ကြည့်၏။ လေးနက်သော ခင်းကျင်းမှု၏ ထင်ယောင်ထင်မှား ပုံရိပ်သည် သူ့လက်ချောင်းများကြား သေးငယ်သော နေရာတစ်ခုအတွင်း လွင့်ပျံသွားနေသည်ကို မြင်ခါမှ ချက်ချင်းပင် ပို၍ သက်တောင့်သက်သာ ခံစားခဲ့ရသည်။

အစီအရင် ရှိနေသရွေ့ အခြေအနေသည် သူ၏ချုပ်ကိုင်မှုအောက်တွင် ရှိနေလိမ့်မည်။

ဖောက်ခွဲကောင်းကင်ဂိုဏ်းသည် မည်မျှပင် အစွမ်းထက်စေကာမူ သားရဲဆယ်ကောင် အစီအရင်ကြီးထဲသို့ ရောက်သွားပါက သူတို့သည် သူထင်ထညးသည့် အရေအတွက်ထက် ကျော်လွန်သွားလျှင်ပင် အားလုံး ပျက်စီးသွားပေလိမ့်မည်။

"လာစမ်းပါ! ဖောက်ခွဲ ကောင်းကင်ဂိုဏ်းက လူတွေကို မျက်လုံး ဖွင့်ပေးလိုက်ရအောင်"

အရှင်ကျိုထျန်းသည် အဝေးမှ ချဉ်းကပ်လာသော ချင်းယန်ကို စူးစိုက်ကြည့်ကာ လက်ထဲရှိ ကြယ်စွမ်းအင်များကို ဖိကိုင်ထားလေသည်။ ၎င်းမှာ "အထက်ဘုံမှ ရတနာတစ်ပါးဖြစ်သော နတ်အရှင်တစ်ပါး၏ ဖိအား" ဖြစ်ပေသည်။

ထို့အပြင် သူ့ရင်ထဲမှာလည်း အတွေးများ လှိုင်းထနေ၏။ တစ်ဖက်ရှိ ရွှေရောင်အလင်းတန်းများသည် ဒီရေများ တဟုန်ထိုးတက်လာသကဲ့သို့ပင် ကောင်းကင်ယံ၌ နီးကပ်လာချေပြီ။

၎င်းတို့သည် ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ အထွဋ်အမြတ်ဖြစ်သော ရွှေကျောက်စိမ်းရောင် ၀တ်စုံကို ၀တ်ဆင်ထားကြသည်။ ၎င်းတို့ ရောက်လာသောအခါ ကောင်းကင်ကြီးသည် တောက်ပသော အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး တိမ်တိုက်များအထက်က မြင့်မားသော သူ၏ရုပ်သွင်သည် ကောင်းကင်နန်းတော်တစ်ခုလို ပွင့်နေပုံရသည်။

………….

"ရောက်ပြီ"

ချင်းယန်သည် လမ်းကို ဦးဆောင်လာခဲ့ပြီး သူ့အနောက်က တခြားသူမျာကို ရပ်ခိုင်းလိုက်စေဖို့ သူ၏ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ပေးလိုက်သည်။ မုန့်ထျန်းရွှမ်၏အရိပ်ကို သူမြင်နေရပြီ ဖြစ်သည်။

ထိုအခိုက်။

တင်း!!

စနစ်၏ သတိပေးချက် ရုတ်တရက် ထွက်ပေါ်လာသည်။

"သတိပြုပါ! host!"

"နတ်အရှင်နယ်ပယ်ရဲ့ ရန်လိုတဲ့ စွမ်းအားကို ရှာတွေ့ထားပါတယ် host ကျေးဇူးပြုပြီး ချက်ချင်း ထွက်သွားပါ... ဒီနေရာမှာ မနေပါနဲ့"

"ဟင်?"

အရေးပေါ် စနစ်သတိပေးချက်သည် သတိပေးခြင်းမရှိဘဲ သူ့နားထဲတွင် ရုတ်ချည်း ထွက်ပေါ်လာသည်။ ချင်းယန် အံ့အားသင့်သွားသောကြောင့် ခဏတဖြုတ် မတုံ့ပြန်နိုင်ဘဲ ဖြစ်သွားသည်။

ဘာတွေဖြစ်နေတာလဲ!?

နောက်ထပ် စနစ်သတိပေးချက် ထွက်ပေါ်လာတာလား?

"ခဏနေဦး..."

ချင်းယန်လည်း ထိုအရာကို မြင်သောအခါ မျက်မှောင်ကြုတ်ကာ အခင်းဖြစ်ပွားရာနေရာတစ်ဝိုက် လှည့်ကြည့်ကာ အရင်းအမြစ်ကို ရှာဖွေကြည့်လေသည်။ ပြီးသည်နှင့် နောက်ဆုံးတွင်တော့ မုန့်ထျန်းရွှမ် အနားရှိ ဧရိယာကို စိုက်ကြည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော အရှင်ကျိုထျန်း ထိုနေရာ၌ ရပ်နေ၏။ အနက်ရောင် မြူခိုးများက သူ့ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသဖြင့် သူ၏ရုပ်သဏ္ဍာန်အမှန်ကို ပိုင်းခြား၍မရပေ။ သူ၏ ရောင်ဝါမှာ နားမလည်နိုင်လောက်အောင် ဆန်းကြယ်လှသည်။

"နောက်ထပ် နတ်အရှင်လား??"

ချင်းယန် တိတ်တဆိတ် ဝမ်းသာအားရ တွေးနေမိသွားသည်။ စုဆောင်းရမည့် နောက်ထပ်ဆုကြေးငွေ ရပြီ။

'အားတင်းထား!'

ချင်းယန်သည် သူ၏ အတွင်းစိတ်ထဲမှ စိတ်အားထက်သန်မှုကို မျိုသိပ်ထားလိုက်သည်။ အခြေအနေက မသေချာသေးသည့်အတွက် သူမျက်နှာကို တည့်တည့်မတ်မတ် ထားပြီး လူတိုင်းကို ရှေ့ကို ဖြည်းညင်းစွာ ပျံသန်းသွားခဲ့၏။

*ဝူး!*

တလီတောင်တန်းကြီးများမှ လျှို့ဝှက်ထားသော အခြားအဓိပတိနယ်ပယ်များ ပေါ်လာပြီး စုရုံးလာသည်။ တစ်ဆက်တည်း ကောင်းကင်တွင် တစ်စုနှင့် မြေပြင်ပေါ်ရှိ တစ်စုကြား တင်းမာသော ရန်စမှုအငွေ့အသက်များ ဖြစ်ပေါ်လာခဲ့သည်။ လေထုလည်း ချက်ချင်း အေးခဲသွား၏။

ဤအခိုက်အတန့်တွင် အာကာသနိယာမများ တွန့်လိမ်ကာ လေထုထဲတွင် မမြင်နိုင်သော လှိုင်းဂယက်များ ပျံ့သွားသည်။ လေထုထဲ၌ ဖိနှိပ်ချုပ်ချယ်ထားသော စွမ်းအားများ ပြည်လျှံလျက်ရှိပေသည်။

"လူကြီးမင်းတို့ ဘယ်လိုနေလဲ"

မုန့်ထျန်းရွှမ်က တိတ်ဆိတ်မှုကို အရင်ဆုံး ချိုးဖျက်လိုက်ပြီး :"မင်းတို့အားလုံး ချိန်ထားတဲ့နေရာကို အရောက်လာကြသားပဲ"

"ဟမ့်!"

သူစကားမဆုံးခင် လျိုဝူရွှမ်းမှာ မနေနိုင်တော့ဘဲ :"မုန့်ထျန်းရွှမ်! မင်းက ကြောင်သူတော်လူမိုက်ပဲ!"

သူပြောရင်း အရှင်ကျိုထျန်းကို လက်ညှိုးထိုး၍။

"မဟာမိတ်အဖွဲ့ထဲမှာ ငါ့အကြောင်း ကောလာဟလတွေ ဖြန့်နေပြီးတော့ အခု မင်းက သားရဲနတ်အရှင်ဂိုဏ်းနဲ့တောင် ပူးပေါင်းထားပြီ လုံးဝ အရှက်မရှိဘူး!"

"ဟမ့် မင်းက ငါ့ကို အတင်းဖိအားပေးခဲ့တာပဲ မဟုတ်ဘူးလား"

မုန့်ထျန်းရွှမ် ခေါင်းယမ်းလိုက်ပြီး သူ့ကို လျစ်လျူရှုကာ လီကျစ်ရွှမ်းနှင့် အခြားသစ်ပင်ပင်စည်တွင် ချိတ်ထားသော အခြားသူများကို ညွှန်ပြလိုက်သည်။

"ဂိုဏ်းချုပ်လေး မင်းအဲဒီတုန်းက မငြင်းခဲ့ဘူးဆိုရင် ငါဘာလို့ ဒီလောက်အသည်းအသန် လုပ်နေမှာလဲ ပူးပေါင်းဆောင်ရွက်မှုက အရာအားလုံးကို ဦးဆောင်သွားသင့်တယ်... ငါတို့ ဒီနေ့ ဒီအခက်အခဲကို ကြုံစရာတောင် မလိုဘူး!"

သူစကားပြောနေစဉ် လက်ဖဝါးကို ရှဟဲဆီသို့ မြှောက်လိုက်သည် ။

“မင်းကို နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ်။ ပူးပေါင်းဆောင်ရွက်မလား ဒါမှမဟုတ် မင်းတို့ဂိုဏ်းတပည့်တွေကို အနစ်နာခံခိုင်းမလား မင်းရဲ့ရွေးချယ်မှုပဲ”

"ခင်ဗျား ကျွန်တော့်ကို ခြိမ်းခြောက်နေတာလား"

ချင်းယန်၏ အမူအရာမှာ ငြိမ်သက်နေဆဲ။ "အဲဒါဆိုရင် ခင်ဗျားတော်တော်မှားနေပြီ"

"ဘာ?"

ထိုစကားကိုကြားတော့ မုန့်ထျန်းရွှမ်နှင့် အရှင်ကျိုထျန်းတို့ အံ့အားသင့်သွားလေသည်။ ဤတုံ့ပြန်မှုသည် သူတို့မျှော်လင့်ထားသည့် အရာနှင့် အဘယ်ကြောင့် ကွာခြားနေရသနည်း။

တစ်ခုခုမှားနေသလိုပင်။

"သူတို့အားလုံးက ကျွန်တော့်ရဲ့ ဂိုဏ်းအဖွဲ့ဝင်တွေ မှန်တယ်... သူတို့ ပူးပေါင်းလိုက်တဲ့အခါတုန်းက ဘယ်လို အကြောင်းပြချက်အတွက်မဆို သေဖို့ ပြင်ဆင်ခဲ့ကြပြီးသား... အချိန်မရွေး ကိုယ့်ကိုယ်ကို ဖျက်ဆီးဖို့ အသင့်ဖြစ်နေပြီးသား.... ကျန်းဟိုင်အတွက် ကိုယ့်ကိုယ်ကို စတေးလိုက်တာက သေထိုက်တယ်!"

စကားများဆုံးသော် အခန်းလည်း တိတ်ဆိတ်သွားခဲ့သည်။

"???"

မုန့်ထျန်းရွှမ် အေးခဲသွားပြီး လုံးဝကို အံ့သြသွားသည်။

ဖောက်ခွဲကောင်းကင်ဂိုဏ်းကတွင် ပါဝင်ခြင်းက သေရန်ပြင်ဆင်ထားပြီးသားဟု ဆိုလိုပါသလား။

အားလုံး ရူးနေကြပြီလား?!

All Chapters