← Chapters

လီကျစ်ရွှမ်း၏ မိမိကိုယ်ကို ဖျက်ဆီးခြင်း

Vol. 20 Ch. 294

လီကျစ်ရွှမ်း၏ မိမိကိုယ်ကို ဖျက်ဆီးခြင်း

Vol. 20 Ch. 294

"သူတို့ကို တကယ် ဂရုမစိုက်ဘူးလား?"

တောင်ကုန်းပေါ်မှ မုန့်ထျန်းရွှမ် အံ့အားသင့်သွားပြီး နောက်ပြန်ဆုတ်သွားခဲ့သည်။ ချင်းယန်၏ စကားကိုကြားပြီးနောက် သူ့ခေါင်းကို မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရလေ၏။

သူ လုံးဝ အံသြသွားသည်။

ဤသို့ဆိုလျှင် ပြဿနာ တက်ချေပြီ။ သူတို့သည် ဤအစီအစဥ်တစ်ခုလုံးကို မူလက ကင်းတပ်အဖြစ် သတ်မှတ်ထားခဲ့သည်။

ယခုမူ ကယ်ဆယ်လိမ့်မည်ဟု ကတိပြုထားသော်လည်း တစ်ဖက်မှာ လီကျစ်ရွှမ်းနှင့် အခြားသူများ၏ အသက်ကို လုံးဝ ဂရုမစိုက်သလို ထိတ်လန့်မှုလည်း မပြလာခဲ့။

သို့ဖြစ်ပါက သူသည် ချင်းယန်ကို ဤထောင်ချောက်ထဲသို့ မည်သို့ ဆွဲဆောင်နိုင်တော့မည်နည်း။

သူ၏ကြိုးစားမှုအားလုံး အချည်းနှီးဖြစ်သွားမှာ မဟုတ်ပါလား။

မုန့်ထျန်းရွှမ်သည် ချင်းယန် သူ့ကို အထင်သေးနေသလားဟုပင် သံသယဖြစ်မိလာသည်။ မဟုတ်လျှင် ငယ်ရွယ်သော ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ၏ဂိုဏ်းတပည့်ဝင်ကို ကိုယ့်ကိုယ်ကို ဖျက်စီးဖို့ မည်သို့ ခွင့်ပြုနိုင်မည်နည်း။

'ဆရာတူအကိုကြီး ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တိုင်းကို ဂရုမစိုက်သင့်ဘူးလား'

ဒါကိုမြင်တော့ သူ့ဘေးက အရှင်ကျိုထျန်းလည်း စိတ်ပူစပြုလာ၏။

"ဒီချင်းမျိုးရိုး ကောင်လေးက ဘာလို့ ဒီလိုတုံ့ပြန်ရတာလဲ မင်းကတိပေးထားတာနဲ့ မတူဘူး! သားရဲဆယ်ကောင် အစီအရင်က ကုန်ကျစရိတ် ကြီးကြီးမားမားနဲ့ ပြင်ဆင်မှုတွေ လုပ်ထားရတာ ငါတို့ သားရဲနတ်အရှင်ဂိုဏ်းက အများကြီး ရင်းနှီးမြုပ်နှံထားတာ... ချင်းယန် လွတ်သွားရင် ငါတို့ ဘာလုပ်ကြမလဲ…'

သူစကားမဆုံးခင်၊

"စိတ်မပူပါနဲ့"

မုန့်ထျန်းရွှမ် မျက်မှောင်ကြုတ်ကာ ဖြည်းညှင်းစွာဖြင့် :"မင်းအတွက် လုံးဝ ပြဿနာမရှိစေရဘူးလို့ ငါအာမခံပါတယ်... ဒီချင်းမျိုးရိုး ကောင်လေးက ငါတို့ကို ခြောက်ဖို့ကြိုးစားနေတာ။... သူ ဟန်ဆောင်နေတာပဲ!'

မုန့်ထျန်းရွှမ်သည် အံကြိတ်ကာ အရှင်ကျိုထျန်းကို ငြိမ်သက်သွားအောင် လုပ်ပြီးနောက် ရှေးဟောင်း ထင်းရူးပင်အောက်ရှိ ရှဟဲနှင့် လီကျစ်ရွှမ်းတို့ကို လှည့်ကြည့်လိုက်သည်။ သူ့အတွေးများ တဟုန်ထိုး ပြေးတက်လာကာ အဖြေကို ချက်ချင်း တွေးလိုက်မိသည်။

ချင်းယန် အမှန်တကယ် ဂရုမစိုက်ဘူးလား ဆိုသည်အား စစ်ဆေးကြည့်ချင်၏။ ၎င်းကို ကိုယ်တိုင်စမ်းကြည့်ရုံဖြင့် သိပါလိမ့်မည်။

"ဂိုဏ်းချုပ်လေး ငါ့ကိုလှည့်စားဖို့ မကြိုးစားပါနဲ့!"

သူသည် ချင်းယန်ကိုကြည့်ကာ လက်ကိုလည်း မြှောက်ပြီး ထင်းရူးပင်ဘေးက လီကျစ်ရွှမ်းကို ညွှန်ပြရင်း :"ပြီးခဲ့တဲ့ အချိန်တုန်းက ကြယ်သိုင်းရဲအုပ်ကြီးက မင်းကိုဖမ်းတုန်းက မင်းရဲ့ညီမငယ်လေးက မင်းကိုကယ်တင်ဖို့သွားနေတာ...သူမက အန္တရာယ်အတွက် စွန့်စားပေးခဲ့တယ်... မင်းတကယ်ပဲ သူမကို ဖောက်ခွဲခိုင်းမှာလား?"

“…”

ချင်းယန် ထိုစကားကို ကြားသောအခါ နှုတ်ဆိတ်နေသော်လည်း သူ့အမူအရာမှာ အနည်းငယ် ပြောင်းသွားပြီး မုန့်ထျန်းရွှမ်မှ သူ့ကို စိတ်လှုပ်ရှားအောင် လုပ်နေမှန်း ထင်မြင်မိပါသည်။

"ကျုပ်တို့ရဲ့ ဖောက်ခွဲကောင်းကင်ဂိုဏ်းထဲ ဝင်ပြီးတာနဲ့ အသက်နဲ့သေဆုံးမှုပဲ ရှိတယ်၊ ဘယ်သူကမှ ကန့်သတ်မထားဘူး။ ခင်ဗျားကျုပ်ကိုခြိမ်းခြောက်ဖို့ သူတို့ကို သုံးနေရင်တောင် အလုပ်မဖြစ်ဘူး..."

"ဟမ့်! ခေါင်းမာတုန်းပေါ့!"

၎င်းကိုမြင်သော် မုန့်ထျန်းရွှမ်၏ အမူအရာက မှောင်သွားပြီး လီကျစ်ရွှမ်းကို လှည့်ကြည့်လိုက်လေသည်။

"ဒီခေါင်းမာတာကို မင်းဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ ကြည့်ရသေးတာပေါ့... မင်းရဲ့ညီမငယ်လေးရဲ့ငိုသံကို ကြားရင် မင်းအမှားကိုနားလည်နိုင်လိမ့်မယ် ထင်တယ်"

ရှေးဟောင်း ထင်းရှူးပင်အောက်ရှိ မြေအဓိပတိများသည် ၎င်းတို့၏မျက်ခုံးကို ပင့်တင်လိုက်ကြသည်။ ခေါင်းဆောင်၏ အာရုံခံစားမှုကို ရရှိပြီးနောက် သူတို့သည် ချက်ချင်း နားလည်သဘောပေါက်ကာ လီကျစ်ရွှမ်းနှင့် အခြားသူများ၏ မျက်နှာပေါ် သူတို့လက်ကို ညင်သာစွာ တင်လိုက်ကြသည်။

နောက်အခိုက်၌။

ဗုန်း!!

တံဆိပ်ခတ်ထားသော ကန့်သတ်ချက်တို့ ပျောက်ကွယ်စပြုလာသည်။

အချုပ်အနှောင်သည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လာပြီး ကြယ်စွမ်းအင်များ လေထဲလွင့်မျောကာ ပျောက်ကွယ်သွားခဲ့၏။

၎င်းတို့ ပျောက်ကွယ်သွားသည်နှင့်အမျှ အစီအရင် ကန့်သတ်ချုပ်ချယ်မှုများမှ လွတ်မြောက်လာသော 'လီကျစ်ရွှမ်း' နှင့် တခြားသူများသည် သူတို့၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကြပြီး အသိစိတ်တို့ ပြန်လည် ရရှိလာကြသည်။ သူတို့ ဟိုဟိုဒီဒီ ကြည့်လိုက်သည်နှင့် ကောင်းကင်မှ ချင်းယန်ကို မြင်လိုက်ရသည်။

အခြေအနေက အလွန်ဆိုးရွားနေပါပြီ။

"ဟမ့် နိုးပြီလား"

ဤသည်ကိုမြင်သောအခါ မုန့်ထျန်းရွှမ်သည် လေထဲမှ အေးအေးဆေးဆေး လမ်းလျှောက်လာရင်း လက်နှစ်ဖက်နောက်ပစ်လိုက်သည်။ ထို့နောက် သူက ချင်းယန်၏စကားများကို ဒေါသသံဖြင့် ပြန်ပြောပြလေ၏။

"မင်း ဘယ်လိုခံစားရလဲ မင်းရဲ့ ဆရာတူအစ်ကိုက လူကယ်တင်ဖို့ မြို့ထဲကနေ အပြေးအလွှား ပြေးလာပါတယ် ဒါပေမဲ့ အခုသူရောက်လာတော့ ငါနဲ့ ငြင်းခုံနေတုန်းပဲ!"

'လီကျစ်ရွှမ်း' က နှုတ်ဆိတ်နေသည်။ သူတို့သုံးယောက်၏ အမူအရာများသည် မာနကြီးနေပြီး အားလုံးက သူတို့မေးစေ့များကို ဂုဏ်ယူစွာ ပင့်ထားကြလေသည်။

သူတို့ကို ချည်နှောင်ထားသော သံကြိုးများကို တစ်ဖက်ကလည်း လွတ်မြောက်အောင် ကြိုးစားရင်း သူတို့ခန္ဓာကိုယ်များကို လိမ်လိုက်ကြသည်။

"လက်လျှော့လိုက်! အသုံးမဝင်ဘူး။"

မုန့်ထျန်းရွှမ်သည် သူတို့ ရုန်းကန်နေသည့် ပုံစံများကို ကြည့်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။

"မင်းရဲ့ ခွန်အားနဲ့ ဒီကြယ်ကြိုးတွေကနေ မလွတ်မြောက်နိုင်ဘူး မင်းကို ကယ်တင်နိုင်တဲ့ လူက ကောင်းကင်က ချင်းယန်ပဲ..."

သို့သော် သူစကားမဆုံးခင်၊

"အိပ်မက်မက်လေ!"

'လီကျစ်ရွှမ်း' သည် သူမ၏ သွားများကို အံကြိတ်ကာ ဒေါသတကြီး တံတွေးထွေးလိုက်ရင်း သူ၏စကားကို ဝင်နှောင့်ယှက်လိုက်ကာ လုံးလုံးလျားလျား မကြောက်မရွံ့ ဖြစ်နေသည်။

"ကျွန်မတို့ ဆရာတူအစ်ကိုနဲ့ အဆက်အသွယ် ဖြတ်ပြီး သေသွားရရင်တောင် ရှင် သူ့ကို ဘယ်တော့မှ ခြိမ်းခြောက်နိုင်ခွင့် မပေးဘူး။ ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ အနေနဲ့ ကျွန်မတို့က ထိန်းချုပ်ခွင့်ပေးမယ် ထင်နေလား?"

"ဘာ?"

မုန့်ထျန်းရွှမ် အံ့အားသင့်သွားပြီး သူ၏ကမ္ဘာမြင်ကွင်းလည်း ယိမ်းယိုင်သွားကာ သူအစီအစဥ် ချထားသည်များကို သူ့ဘာသာ မေးခွန်းထုတ်လာမိတော့သည်။

ဒီစကားတွေက ချင်းယန် ပြောတဲ့စကားနဲ့ ဘာလို့ တူနေတာလဲ။

သေခြင်းတရားကို အလျှော့မပေးဘူး... တကယ်ကို အလျှော့မပေးဘူးလား။

မဟုတ်ဘူး! လုံးဝ မှားတယ်။

ဒါ ငါကြားချင်တဲ့ အဖြေမဟုတ်ဘူး!

မုန့်ထျန်းရွှမ်၏ မျှော်လင့်ချက်များ အရဆိုလျှင် ၎င်းတို့သည် အော်ဟစ်အကူအညီ တောင်းသင့်၏။ သို့မဟုတ် ချင်းယန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာကာ တိုက်ပွဲတွင် သူ၏တိုးတက်မှုကို အဟန့်အတား ဖြစ်စေရမည်။

သို့ပေမယ့် အဆက်အသွယ် ဖြတ်ရန် တက်ကြွနေခြင်းက ဘယ်လိုဖြစ်ရလေသနည်း။

"ဟမ့် ဆရာတူအစ်ကိုကြီး သူတို့ကို ကြည့်စမ်း!"

ထိုအချိန်၌ သူ့ဘေးမှ အရှင်ကျိုထျန်းသည် ရုတ်တရက် အမူအရာပြောင်းကာ မုန့်ထျန်းရွှမ်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ လီကျစ်ရွှမ်း၏ ဦးတည်ရာဆီသို့ ညွှန်ပြလိုက်လေသည်။

မုန့်ထျန်းရွှမ်လည်း သူညွှန်ပြနေရာ ဘက်ကို ကြည့်လိုက်သည်။

ရှေးဟောင်း ထင်းရူးပင်အောက်မှာတော့ ကြယ်စွမ်းအင်များသည် ဟန်ချက်မညီတော့ဘဲ ပုံပျက်နေသည်။ အရှင်ကျိုထျန်းအနေဖြင့် သူ၏ကျင့်ကြံမှုသည် လေးနက်ပြီး လောက၏ အပြောင်းအလဲများကို သာမန် အဓိပတိများထက် ပိုမိုရှင်းလင်းစွာ မြင်နိုင်စေသည်။

နောက်အခိုက်၌ ကြယ်ရောင်များ တောက်ပလာကာ အေးစိမ့်စိမ့် လေများ တိုက်ခတ်သွားလေသည်။

နေဝင်ချိန်တွင် လူငယ်များသည် ပြတ်ပြတ်သားသား၊ စိတ်အားထက်သန်သော လောင်းကစားတစ်ခုကို ပြုလုပ်လိုက်ကြပေပြီ။

"မကောင်းတော့ဘူး!"

၎င်းကို မြင်လိုက်ရသော် မုန့်ထျန်းရွှမ်၏ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားတော့၏။ ဤပုံမှန်မဟုတ်သော လေထုကို အာရုံခံပြီးသည်နှင့် ခြေတစ်လှမ်း တစ်ဝက် နောက်ပြန်ဆုတ်သွားခဲ့သည်။

မိမိကိုယ်ကို ဖျက်ဆီးခြင်း ?!

လွန်ခဲ့သည့် ရက်ပိုင်းကပင် သူသည် ထိုပေါက်ကွဲမှုမှ လွတ်မြောက်ခဲ့ပြီး မသန်စွမ်း ဖြစ်လုနီးနီးမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ယခုလည်း ရင်းနှီးပြီးသား မြင်ကွင်းတစ်ခု ထပ်ပြီး မြင်နေရပြန်ပြီ။ မုန့်ထျန်းရွှမ် အေးခဲသွားကာ သူ့မျက်နှာက ပြာသွားသည်။ မိမိကိုယ်ကို ဖျက်ဆီးခြင်း စွမ်းအားထံမှ လွှမ်းမိုးခံရမည်ကို ကြောက်ရွံ့ခြင်းသည် သူ့စိတ်ထဲ တစ်ဖန် ပြန်ဝင်လာသည်။

"သူတို့ရဲ့ကြယ်စွမ်းအင်ကို မြန်မြန်ပိတ်!!"

အရှင်ကျိုထျန်းသည် အနီးနားရှိ မြေအဓိပတိများအား အမိန့်ပေးလိုက်တော့၏။

“မြန်မြန်! ”

အကောင်းဆုံး အစီအစဥ်များမှာတောင် အားနည်းချက်များက ရှိနိုင်သေးသည်။

ယခု လီကျစ်ရွှမ်း နှင့် အခြားသူများသည် ဓားစာခံများ ဖြစ်ကြပြီး ဖောက်ခွဲကောင်းကင်ဂိုဏ်းနှင့် ၎င်းတို့၏ ထိပ်တိုက်ရင်ဆိုင်မှုတွင်လည်း အလျှော့အတင်း လုပ်နေကြသည်။ အကယ်၍ ၎င်းတို့သာ မိမိကိုယ်ကို ဖျက်ဆီးပစ်ပါက ချင်းယန်နှင့် သူ၏အဖွဲ့အပေါ် အဟန့်အတား သက်ရောက်မှုမှာ သေချာပေါက် အားနည်းသွားမည်ဖြစ်သည်။

လီကျစ်ရွှမ်းတို့ သေဆုံးသွားလျှင် ဖောက်ခွဲကောင်းကင်ဂိုဏ်းက အပေါ် ၎င်းတို့၏ သြဇာအာဏာလည်း ဆုံးရှုံးသွားမည်။

သူ ဒေါသတကြီး အော်ဟစ်လိုက်သည်နှင့် ဧရိယာကို စောင့်ကြပ်နေသော ထိပ်တန်းကျင့်ကြံသူ အများအပြားက လျင်မြန်စွာ တုံ့ပြန်ခဲ့ကြပြီး လီကျစ်ရွှမ်းတို့၏ ကြယ်စွမ်းအင်များ ပေါက်ကွဲထွက်လာမည့် အရေးအား ချက်ချင်းပင် ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ၎င်းတို့သည် စက္ကန့်များအနည်းငယ်မျှ နောက်ကျသွားသေး၏။

အနည်းငယ်မျှသော ကွာခြားချက်ကလေးသည် ကြီးမားသော အမှားကို ဆိုလိုပေသည်။

ဗုန်း!

များပြားလှသော ကြယ်စွမ်းအားများ ပေါက်ကွဲထွက်လာ၏။

မီးတောက်ကြီးတစ်ခု ကောင်းကင်သို့ ပျံတက်သွားကာ သူတို့၏ ခန္ဓာကိုယ်များ ကွဲအက်သွားလာသည်။ ကြယ်စွမ်းအင်များသည်လည်း သူတို့၏ ခန္ဓာကိုယ်မှ လွတ်မြောက်သွားကုန်သည်။

တခဏအတွင်းမှာပင် ရှေးဟောင်း ထင်းရူးပင်ပေါ်သို့ တောက်လောင်နေသော နေရောင် ကျရောက်သကဲ့သို့ပင် အရာအားလုံး လင်းထိန်သွားချေသည်။ ပြင်းပြင်းထန်ထန် ပူလောင်သော နေရောင်ခြည်နှင့် ယှဉ်နိုင်သော ပြင်းထန်သော အပူရှိန်ကြီးသည် ဝုန်းဟူသော အသံနက်ကြီးဖြင့် ပေါက်ကွဲထွက်ကာ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်လာ၏။ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများလည်း လက်နှစ်ဖက်ဖြင့် အသီးသီး ကာထားရသည်။ နောက်ဆက်တွဲ စွမ်းအားကြောင့် တချို့မှာ ချက်ချင်း ဒဏ်ရာရသွားကြသည်။

All Chapters