← Chapters

သားရဲဆယ်ကောင်အစီအရင်ကို အသက်သွင်းပြီ

Vol. 20 Ch. 295

သားရဲဆယ်ကောင်အစီအရင်ကို အသက်သွင်းပြီ

Vol. 20 Ch. 295

ကောင်းကင်တခွင်တွင် ကြယ်ရောင်များ တောက်ပစွာ လင်းလက်သွားသည်။

မြေအဓိပတိမှ အဖွဲ့ဝင်များ ပေအကွာအဝေး တစ်ခုအထိ လွင့်စင်ကာ ပေါက်ကွဲသွားခဲ့သည်။ မိမိကိုယ်မိမိ ဖျက်ဆီးခြင်းဒဏ်ကို ခံခဲ့ရသော ဧရိယာအတွင်းရှိ အပင်များ လောင်ကျွမ်းခြင်း မရှိသော်လည်း ရုတ်ချည်း အရည်ပျော်သွားကာ ကြီးမားသော မီးတောင်ပေါက်များ ထွက်ပေါ်လာကုန်၏။

တိုက်ပွဲတွင် မကျွမ်းကျင်သော အဓိပတိများသည်လည်း ဒဏ်ရာများ ရရှိသွားခဲ့သည်။ ထို့အပြင် တိုက်ခိုက်မှုကို တားဆီးရန် အသုံးပြုခဲ့သော လက်နက်များလည်း ကျိုးပဲ့သွားလေ၏။

ဝုန်း!

ကောင်းကင်မှ ကြယ်ရောင်များ ထိုးကျလာပြီး ပြာမှုန်များ နေရာအနှံ့ ပြန့်ကျဲနေသည်။ ၎င်းတို့ကို ကြည့်လိုက်လျှင် နှင်းများ ထူထပ်စွာ ကျဆင်းနေသည့်အတိုင်းပင်။

ပတ်ဝန်းကျင်ရှိ အသံဗလံအားလုံး ရုတ်ချည်း နှုတ်ဆိတ်သွားခဲ့သည်။ အဓိပတိနယ်ပယ်မှ ကျန်အဖွဲ့ဝင်များသည် အချင်းချင်းကြည့်ကာ ဤရလဒ်ကြောင့် တုန်လှုပ်ချောက်ချားကာ မှင်တက်သွားကြသည်။

ပြတ်သားလွန်းတယ်!

မဆိုင်းမတွ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်လိုက်ကြသည်။ ရှဟဲနှင့် လီကျစ်ရွှမ်းတို့ အနည်းငယ်မျှပင် တုံ့ဆိုင်းနေခဲ့ပါက ၎င်းတို့၏ မဟာမိတ်များက ဝင်ရောက်စွက်ဖက်ကာ လူငယ်တို့ မိမိကိုယ်ကို ဖျက်ဆီးခြင်းများကို အတင်းအကြပ် ရပ်တန့်ကာ အသက်များစွာကို ကယ်တင်နိုင်လောက်၏။

သို့သော် ဖောက်ခွဲ ကောင်းကင်ဂိုဏ်းမှ ဤအဖွဲ့ဝင်များသည် စိတ်လှုပ်ရှားမှု သို့မဟုတ် တုံ့ဆိုင်းမှုမရှိဘဲ ကြယ်များ၏ စွမ်းအားလည်ပတ်မှုကို တိုက်ရိုက် အရှိန်မြှင့်ခဲ့သည်။ သူတို့ဟာ လူသားများနှင့်ပင် သိပ်မတူကြတော့ဘဲ စက်ရုပ်များအတိုင်းပင်။

"အရူးတွေ.…"

အရှင်ကျိုထျန်းလည်း လေးလေးနက်နက် တုန်လှုပ်ခြောက်ခြားသွားကာ ငြီးတွားလိုက်သည်။

သေခြင်းတရားကို အံတုသော စိတ်ဓာတ်ရှိနေလျှင် ဤကမ္ဘာကြီးတွင် အဘယ်အရာက ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကို တားဆီးနိုင်မည်နည်း။

…………

“တကယ်ကြီး သူတို့ကိုယ်သူတို့ ဖျက်ဆီးလိုက်တာပဲ…”

ကောင်းကင်ယံတွင်ရှိ လျိုဝူရွှမ်းသည် ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသောအခါ ထပ်တူထပ်မျှ အံသြသွားကာ လည်ချောင်းမှ တင်းကြပ်လာသည်။ သူ၏စိတ်ထဲရှိ စကားလုံးများက လည်ချောင်းထဲတွင်သာ နစ်မြုပ်နေခဲ့သည်။

သူ အသံမထွက်နိုင်တော့ချေ။

လီကျစ်ရွှမ်းကို ကယ်တင်ရန် သူရောက်လာခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေမှာ သူ၏ မျှော်လင့်ချက်ထက် လုံးဝ ကျော်လွန်သွားပါပြီ။

အနီးနားတွင် မီးလောင်ကျွမ်းနေသော အမှတ်အသားများ ပျံ့နှံ့သွားကာ ပြာများက မိုးကဲ့သို့ ရွာချလာသည်။ နက်နဲသော မီးတောင်ပေါက်များသည် မြေကြီးနှင့် ကျောက်ဆောင်များထဲသို့ ပေါက်ကွဲဝင်သွားသွားကာ သက်ရှိများ၏ အရိပ်အယောင် အနည်းငယ်မျှပင် မရှိ။

ပြတ်ပြတ်သားသား ပြောရလျှင် လီကျစ်ရွှမ်းနှင့် အခြားလူများသည် သူ၏မျက်စိရှေ့တွင် ပျောက်ကွယ်သွားခဲ့ကြသည်။ လျိုဝူရွှမ်းသည် ပတ်ဝန်းကျင်ကို ကြည့်ပြီး အလွန် တုန်လှုပ်သွားလေ၏။

သူ၏ မှတ်ဥာဏ်ထဲ၌ ၎င်းတို့အားလုံးမှာ အလားအလာရှိသော လူငယ်များပင်။ သူတို့၏ ငယ်ရွယ်မှုသည် မှေးမှိန်မသွားဘဲ ပြီးပြည့်စုံသော ဘဝများ ရှိသင့်သည်။

အထူးသဖြင့် လီကျစ်ရွှမ်း နှင့် လီချင်းဟဲ တို့သည် ငယ်ရွယ်စဉ်ကတည်းက မွေးရာပါနယ်ပယ်သို့ ရောက်ရှိထားခဲ့ပြီး ထူးခြားသော အရည်အချင်းများ ရှိခဲ့ကြသည်။ အဓိပတိမဟာမိတ်တွင်ပင် ထိုကဲ့သို့သော အရည်အချင်းသည် အကောင်းဆုံးများထဲတွင် ပါဝင်ပါ၏။

လုံ့လရှိသော လေ့ကျင့်မှုရှိလျှင် ဂိုဏ်းဆရာနယ်ပယ် ရောက်ရန်မှာ ဧကန်မုချဖြစ်ပြီး အဓိပတိနယ်ပယ် အထိ ရောက်နိုင်ပေသည်။

ဒါပေမယ့် အခု…

အားလုံးသွားပြီ။

"မုန့်ထျန်းရွှမ်! မင်းက အရှက်မရှိ လူမိုက်!"

လျိုဝူရွှမ်း ဒါကို သည်းမခံနိုင်တော့ပေ။ သူသည် ကျန်းဟိုင်မြှားနတ်ဘုရား ကျဆုံးသွားသည့် မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း ပြန်သတိရသွားခဲ့၏။ ယခု လီကျစ်ရွှမ်းလည်း ကွယ်လွန်သွားပြီ။ ပါရမီရှင်များ အားလုံးလိုလိုပင် အဓိပတိမဟာမိတ်၏ လက်ချက်ကြောင့် သေကြေပျက်စီးခဲ့ကြသည်။

လျိုဝူရွှမ်း သူ၏ရင်ဘတ်ထဲက ဒေါသကို မထိန်းနိုင်တော့ချေ။ သူသည် တောင်ကုန်းပေါ်ရှိ မုန့်ထျန်းရွှမ်ကို စိုက်ကြည့်ကာ သတ်ပစ်ချင်လာသော ရည်ရွယ်ချက်များ တိုးလာသည်။

"ကျစ်! မင်းဘာပြောပြော ငါဂရုမစိုက်ဘူး"

မုန့်ထျန်းရွှမ်၏ မျက်လုံးများတွင် အေးစက်သော အရိပ်တစ်ခု လင်းလက်လာသည်။ သူက ချင်းယန်ကို မော့ကြည့်လိုက်ပြီး :"မင်း အခု ဘယ်လိုခံစားရလဲ ချင်းယန်"

ကောင်းကင်ကို ညွှန်ပြပြီး ပြာများကို သူ့လက်ပေါ်သို့ ကျရောက်စေခဲ့သည်။

"အခု ကောင်းကင်မှာ လွင့်မျောနေတဲ့သူတွေ အားလုံးက မင်းရဲ့ အငယ်တန်းညီမပဲ မဟုတ်ဘူး... မင်းရဲ့ ညီအစ်ကိုရှဟဲနဲ့ မင်းရဲ့ မိုက်မဲတဲ့ တပည့်လည်း ပါသေးတယ်...."

မုန့်ထျန်းရွှမ်သည် လက်နှစ်ဖက်ကိုဖြန့်ကာ ကောင်းကင်ယံက ချင်းယန်ကို ရိုင်းစိုင်းစွာ အော်ဟစ်ကာ :"ဂိုဏ်းချုပ်လေး အခု ငြိမ်ဟန်ဆောင်နေတာ ဘာမှ အသုံးမဝင်တော့ဘူး။ မင်းမြတ်နိုးတဲ့ အရာအားလုံးက ဒီမှာ ပျောက်ကွယ်သွားပြီ... မင်းအရမ်း ဝမ်းနည်းနေရမှာ မဟုတ်ဘူးလား"

"ဝမ်းနည်းစရာလား?"

သို့သော် ချင်းယန်သည် ထိုစကားကို ငြင်းဆိုလိုက်ပြီး သူ့လက်နှစ်ဖက်ကို ဖြန့်ကာ တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"အခုထိထိတ်လန့်နေသင့်တဲ့သူက ကျုပ်မဟုတ်ဘဲ ခင်ဗျား မဟုတ်ဘူးလား။ အခု ခင်ဗျားတို့မှာ ဓားစာခံတွေ မရှိတော့ဘူးဆိုတော့ ကျုပ်တို့ ဖောက်ခွဲကောင်းကင်ဂိုဏ်းကို ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ဘူး...ခင်ဗျားရဲ့လှည့်ကွက်တွေအားလုံးနဲ့ ခင်ဗျားဘာလုပ်နိုင်လဲ... ဒီကမ္ဘာကြီးက အကျယ်ကြီး ကျုပ်တို့ ကြိုက်သလို သွားလို့ရတယ်!"

စကားပြောရင်း အနီးရှိ အရှင်ကျိုထျန်းကို ကြည့်ကာ။

"ကျုပ်တို့ အခု ထွက်သွားရင် ခင်ဗျား ဂရုတစိုက် ချမှတ်ထားတဲ့ အစီအစဥ်တွေ အားလုံးက ဘာမှ အကျိုးမရှိတော့ဘူး မဟုတ်လား"

"ထွက်သွားချင်တယ်ပေါ့!?"

အရှင်ကျိုထျန်း ချက်ချင်းပင် အမျက်ဒေါသ ထွက်သွားသည်။

ဤအစီအစဥ်ကို ဝီရိယပါ စိုက်ထုတ်ထားခဲ့ရသည်။ အဓိပတိမဟာမိတ်သည် လူအရေအတွက်ကို ပံ့ပိုးပေးရုံသာမက သူ၏ သားရဲနတ်အရှင်ဂိုဏ်းလည်း လူသားနှင့် သိုးသွေး ပူဇော်သက္ကာများဖြင့် ဖြည့်စွက်ပေးခဲ့ရသည်။ ၎င်းတို့ဟာ သားရဲဆယ်ကောင်အစီအရင်ကို ဖန်တီးရန် ပေးဆပ်ထားရသည်များ ဖြစ်ပါ၏။

ချင်းယန်ကို ဤအတိုင်း လွှတ်ပေးလိုက်ရလျှင် ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မည်။

"မင်းဒီကို ရောက်လာမှတော့ ထွက်သွားဖို့ မစဥ်းစားနေနဲ့"

အရှင်ကျိုထျန်းသည် အစီအရင် ခင်းကျင်းမှုကို ချက်ချင်း အသက်သွင်းလိုက်လေသည်။

နောက်အခိုက်အတန့်၌။

ဗုန်း! ဗုန်း!

ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။

မဟာတလီတောင်တန်းများ တစ်လျှောက်တွင် ထင်ယောင်ထင်မှားအလား ရုပ်တုဆယ်ပါး ပေါ်ထွက်လာပြီး ၎င်းတို့ထံမှ ဟိန်းဟောက်ခြင်းနှင့် အူသံများ ထွက်ပေါ်လာသည်။ ၎င်းတို့ကြောင့် တောင်တန်းများ၏ နိယာမစွမ်းအင်များ နှောင့်ယှက်ခံရကာ ဖရိုဖရဲ ဖြစ်ကုန်တော့သည်။

"ဒါက…"

ချင်းယန်သည် ဤအရာကိုမြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး အပြင်းထန်ဆုံးသော လှုပ်ရှားမှု၏ ဦးတည်ရာဆီသို့ မျှော်ကြည့်လိုက်သည်။

တလီတောင်တန်းများ၏ အထက် ကောင်းကင်ယံ၌ ကြီးကျယ်ခမ်းနားပြီး ကြမ်းတမ်းသော အသွင်ဆောင်သည့် ရုပ်လုံးကြွရုပ်ကြွ ၁၀ ကောင်သည် နေကို ကာဆီး၍ ကောင်းကင်ကြီးကို ဖုံးအုပ်ထားလေသည်။ ချုံးချီ၊ တောက်တျယ်၊ ဟွမ့်သွမ့်စသည့် ရှေးခေတ် ရက်စက်ကြမ်းကြုတ်သော သားရဲများထံမှ ထင်ယောင်ထင်မှား ပုံရိပ်များ ဆင်းသက်လာသည်။

တောင်များအတွင်းရှိ မရေမတွက်နိုင်သော ကြယ်သားရဲများသည် ၎င်းတို့ရှေ့တွင် အလိုလို ဦးညွှတ်ကုန်ကြသည်။

သူတို့သည် ကောင်းကင်အထက်မှ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး မိုင်ပေါင်းများစွာကို လွှမ်းခြုံကာ တခဏချင်းတွင် ချင်းယန်နှင့် အခြားအဖွဲ့များကို တိုက်ရိုက် ထောင်ချောက်ဆင်ကာ စက်ဝိုင်းတစ်ခုအဖြစ် ပိတ်လှောင်လိုက်ပေ၏။

ထူထဲသော အနက်ရောင် မြူခိုးများက သူတို့ကို ဖုံးလွှမ်းနေသည်။ ၎င်းက ထောင်တစ်ခုအလားပင်။

"ပြီးပြီ!"

အရှင်ကျိုထျန်းသည် လက်ဝဲလက်ကို တံဆိပ်ခတ်ပြီး အစီအရင်ကို ကျေနပ်စွာ ကြည့်လိုက်သည်။ ယခုမှသာ သူ၏စိတ်သည် မယုံနိုင်လောက်အောင် ကြည်နူးလာခဲ့ကာ မုန့်ထျန်းရွှမ်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ ချင်းယန်နှင့် ဖောက်ခွဲကောင်းကင်ဂိုဏ်းက အထွဋ်အထိပ် အားလုံး အတွင်းထဲတွင် ပိတ်မိနေပါသည်။ သေချာသော သေခြင်းတရားက ရှောင်လွှဲ၍မရသလိုပင်။

အရှင်ကျိုထျန်း၏ အတွေးအမြင်အောက်၌ အစီအရင် အတွင်းမှ ရှေးခေတ် ရက်စက်ကြမ်းကြုတ်သော သားရဲများသည် ၎င်းတို့၏ ကြောက်စရာကောင်းသော စွမ်းအားကို ထုတ်လွှတ်နိုင်၏။ ဤမြေအဓိပတိက ကျင့်ကြံသူများ မပြောနှင့် မုန့်ထျန်းရွှမ်ကဲ့သို့သော ကောင်းကင်အဓိပတိပင်လျှင် ဖွဲ့စည်းမှုအတွင်းမှ တစ်ခါတည်း လွတ်မြောက်သွားရန် ခက်ခဲပေလိမ့်မည်။

"မဆိုးပါဘူး ထိမိလဲကျပြီး နောက်ဆုံးတော့ ပိုက်ထဲမှာ ငါးကြီးတစ်ကောင် ဖမ်းမိသွားတာပဲ"

မုန့်ထျန်းရွှမ် တော်တော်လေး ကျေနပ်သွားသည်။ သူသည် တောင်ကုန်းပေါ်တွင် လက်နှစ်ဖက်နောက်ပစ်၍ အစီအရင်အတွင်းက ချင်းယန်ကို စိုက်ကြည့်နေ၏။

"ဂိုဏ်းချုပ်လေး မင်းကို နောက်ဆုံးအခွင့်အရေး တစ်ခုပေးမယ် မင်း ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိနေသရွေ့ မင်းရဲ့ အတိတ်က အမှားတွေကို ခွင့်လွှတ်မယ် မင်းကိုဘေးကင်းကင်းနဲ့ ထွက်ခွာခွင့်ပြုမယ်။ ငါတို့အားလုံးက ယဉ်ကျေးတဲ့လူသားတွေပါ အနာဂတ်ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီလို အဆင်မပြေမှုတွေ မလိုအပ်ပါဘူး!"

သူ၏ ရှင်းလင်းသော အသံသည် ဖွဲ့စည်းမှုအတွင်း ပဲ့တင်ထပ်သွားသည်။ သူတို့အမြင်မှာတော့ အခြေအနေက ဆုံးဖြတ်ပြီးသား ဖြစ်နေချေပြီ။ ယခု ချင်းယန်တို့သည် ကြီးမားသော အစီအရင် ဖွဲ့စည်းမှုအတွင်း ပိတ်မိနေခဲ့ပြီ ဖြစ်ပါ၏။

"သဘောမတူရင် ဘာဖြစ်မှာလဲ"

ချင်းယန်သည် ဖွဲ့စည်းမှုအတွင်း၌ မြေအဓိပတိများကို ဦးဆောင်ကာ တည်တည်ငြိမ်ငြိမ်နှင့် ရပ်နေ၏။ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ထင်ယောင်ထင်မှားဖြစ်စေသော အသွင်အပြင်များကို သူ့အကြည့်များက လွှမ်းခြုံသွားပြီး “ကိုယ့်ကိုကိုယ် ဖျက်ဆီးရင် အစီအရင်ကို ဖြတ်ကျော်နိုင်မလား” ဟု တွေးတောကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဟဲ... မင်း အိပ်မက်မက်နေတာပဲ ချင်းယန် ကိုယ့်ကိုယ်ကို ဖျက်ဆီးတာကလည်း အသုံးမဝင်ဘူး!"

သူ၏ရည်ရွယ်ချက်များကို မှန်းဆမိသောကြောင့် မုန့်ထျန်းရွှမ်၏ အမူအရာက အေးခဲသွားသည်။ လီကျစ်ရွှမ်းကိုယ်တိုင် ပျက်စီးသွားသော နေရာလွတ်ကို ကြည့်ဖို့ သူ့ခေါင်းကို လှည့်လိုက်ကာ။

"ငါတို့ အဆင်သင့် မပြင်ထားဘူးလို့ ထင်နေလား"

နံဘေးမှ အရှင်ကျိုထျန်းသည် ရှေ့သို့ လှမ်း၍ ခေါင်းညိတ် သဘောတူလိုက်၏။

"အကြီးတန်းအစ်ကို ပြောတာ မှန်တယ်။ တွင်းနက်ရဲ့ တစ်ဖက်ကမ်းက သားရဲဆယ်ယောက်နဲ့ ဖန်တီးထားတဲ့ ဒီအစီအရင်က မင်းတကယ်ပဲ ကိုယ့်ကိုယ်ကို ဖျက်စီးဖို့ ရည်ရွယ်ထားရင်တောင် အသေအပျောက်တွေပဲ တိုးလာလိမ့်မယ်။ အခု မင်းရှေ့မှာ လမ်းနှစ်လမ်းပဲရှိတယ်... ပူပေါင်းမလား သေမလား?"

စကားဆုံးသော် အစီအရင် ဖွဲ့စည်းမှုအတွင်း တိတ်ဆိတ်သွားသည်။

"လူကြီးမင်းတို့ ကျုပ်တို့ ဖောက်ခွဲ ကောင်းကင်ဂိုဏ်းကရော ကြိုတင်ပြင်ဆင်မှုတွေ မရှိထားဘူးလို့ တကယ်ထင်နေတာလား"

ခဏအကြာတွင် ချင်းယန်၏အသံသည် သားရဲဆယ်ကောင် အစီအရင် အတွင်းမှ ပဲ့တင်ထပ်သွားသည်။ သူ့အနောက်ရှိ မြေအဓိပတိ တစ်ဒါဇင်ကျော်သည် ရှေ့သို့ တိုးလာကာ သူ၏တည်ရှိမှုကို ပွင့်ပွင့်လင်းလင်း စောင့်ကြပ်နေလေသည်။

*ဝုန်း-*

လှိုင်းလုံးကြီးများ ပြန့်ကျဲသွားသည်။

ကြောက်မက်ဖွယ်ကောင်းသော အာကာသနိယာမ စွမ်းအင်များ ထွက်ပေါ်လာပြီး ၎င်းတို့ထံမှ အပြင်သို့ လျင်မြန်စွာ ကျယ်ပြန့်လာသည်။ အနှီဧရိယာအတွင်းမှ လေထုသည်လည်သ ကွဲကြေနေသော မှန်တစ်ချပ်အလား အက်ကွဲသွားတော့၏။

All Chapters