အာကာသနိယာမစွမ်းအင်က ကျယ်ပြောလှ၏
Vol. 20 Ch. 296
တလီတောင်တန်းကြီးများ အထက်ရှိ ဗဟိုတွင် ချင်းယန် နေရာယူထားသည်။ သူ၏ အဓိပတိကိုယ်ပွားများသည် အနီးပတ်ဝန်းကျင်ကို စောင့်ကြပ်လျက် ရှိ၏။ အာကာသနိယာမများ၏ စွမ်းအင်များမှာ လူတစ်ဦးစီတိုင်းထံမှ ထွက်ပေါ်လာသည်။
ဝုန်း
ထိုစဥ် မြင်နေရသော အာကာသလှိုင်းများ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ၎င်းတို့မှာ ရေကန်တစ်ခုပေါ် ကျလာသော ဆောင်းဦးမိုးကဲ့သို့ အဆက်မပြတ် အရွယ်အစား တိုးလာကာ ကွင်းပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့အပေါ် ဗဟိုပြုထားသော လှိုင်းလုံးများသည် တလီတောင်တန်းများ၏ ဤဧရိယာကို လျင်မြန်စွာ လွှမ်းခြုံပစ်လိုက်သည်။
နောက်အခိုက်၌ ကောင်းကင်ကြီး တစ်ခုလုံး မည်းမှောင်ကျသွားသည်။ မုန့်ထျန်းရွှမ် အပါအဝင် လူတိုင်းကို ထိုနိယာမနယ်မြေကြီးထဲသို့ ဆွဲသွင်းထား၏။
ယနေ့က တောက်ပပြီး နေသာသည့်နေ့ဆိုတာ ထင်ရှားပါသည်။
သို့တိုင် နေအလင်းရောင်သည် ထိုနယ်မြေကို ဖြတ်ကျော်သွားသည့် အခိုက်တွင် ပြင်းထန်စွာ ပုံပျက်သွားပြီး တံလျှပ်ကဲ့သို့ မြင်ကွင်းတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။ နယ်မြေ၏ အထက်တွင် မရေမတွက်နိုင်သောလူများ အထဲမှာ လျှောက်သွားနေသကဲ့သို့ပင်။ မြို့ပြအဆောက်အအုံများ၏ မြူခိုးများ လွင့်ပျံသွားကာ ကြီးကျယ်ခမ်းနားသော တလီတောင်တန်းများပေါ်မှ ဆင်းသက်လာသော ကောင်းကင်တစ်ခုအလား ပုံပေါ်နေသည်။
*ဗုန်း—*
ရှေးခေတ်က ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အနက်ရောင် မြူခိုးများသည်လည်း တုန်လှုပ်သွားသည်။ အာကာသနိယာမ စွမ်းအင်၏ သက်ရောက်မှုကို ခံစားလိုက်ရပြီးနောက် ၎င်းတို့သည် အမှန်တကယ်ပင် ငိုကြွေးမြည်တမ်းနေသည့်အလား အော်ဟစ်ကုန်၏။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"
အရှင်ကျိုထျန်းသည် ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အထိတ်တလန့် ဖြစ်သွားလေသည်။
ဤအရာသည် သားရဲနတ်အရှင် ကျန်ရစ်ခဲ့သော ကောင်းကင်ရုပ်တုကဲ့သို့ အရာတစ်ခုဖြစ်ပြီး တွင်းနက်၏ တစ်ဖက်ခြမ်းမှ ဆင်းသက်လာခဲ့သည်မှာလည်း အနှစ်တစ်ထောင် ကြာခဲ့ပြီ။ ကောင်းကင်အဓိပတိပင် ၎င်းကို တုန်လှုပ်သွားအောင် မစွမ်းဆောင်နိုင်ပေ။
ယခုမူ ဖောက်ခွဲကောင်းကင်ဂိုဏ်းထံက တိုက်ခိုက်ခြင်းကို ခံရပြီးနောက် တကယ် တုန်လှုပ်သွားလေရလား။
"ဒါက ဘယ်လိုဖြစ်တာလဲ?"
အရှင်ကျိုထျန်းခမျာ သံသယစိတ်များနှင့် ပြည့်နှက်နေ၏။ သူ့စိတ်ထဲ၌ ဤနယ်မြေအကြောင်း လိုက်လံရှာဖွေကြည့်သော်လည်း ၎င်းနှင့်ပတ်သက်သည့် ဘာတစ်ခုမျှ မရှိနေချေ။ သို့နှင့် နောက်ဆုံးတော့ ဖြစ်နိုင်ချေတစ်ခုကိုသာ တွေးနိုင်ခဲ့သည်။
"ဒါက တွင်းနက်နောက်ကွယ်က ကျွမ်းကျင်သူတစ်ယောက်ရဲ့ အမွေများလား။"
"ဆရာတူညီလေး"
ထိုအချိန်တွင် မုန့်ထျန်းရွှမ်သည် ဘေးမှအော်ကာ အနီးနားရှိ နေရာကွက်လပ်ကို လှည့်ကြည့်လိုက်သည်။ သူ့အမူအရာက လေးနက်ပြီး သူ့မျက်နှာက အလွန် ရုပ်ပျက်လာ၏။
“ဒီနယ်မြေက ထူးဆန်းတယ်၊ နိယာမတွေကလည်း ထပ်နေတာ သူတို့ ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ ပူးပေါင်းဖွဲ့စည်းပုံပဲ။ တကယ်လို့ ငါတို့ အမြန်ဆုံး မဖောက်ထွက်ရင် ကောင်းကင်အဓိပတိတောင် သည်းမခံနိုင်ဘူး... ငါတို့သေမှာသေချာတယ်။ ငါတို့ အချိန်ဖြုန်းလို့ မဖြစ်တော့ဘူး!"
သူ့စကားက နှိုးဆော်သံပင်။
"စိတ်ပျက်စရာပဲ!"
ဖြစ်ပျက်ခဲ့သည်များကို သိပြီးနောက် အရှင်ကျိုထျန်းလည်း သူ့ပေါင်ကို ရိုက်ချလိုက်ပြီး မျက်နှာကြီး မည်းမှောင်သွားသည်။
"ဒီဖောက်ခွဲ ကောင်းကင်ဂိုဏ်းက အဖွဲ့ဝင်တွေအားလုံး ရူးနေကြတာပဲ! အာကာသနယ်မြေနဲ့ သားရဲဆယ်ယောက် အစီအရင်ကို ထိပ်တိုက်ရင်ဆိုင်မယ်ပေါ့? ဘာကိုအောင်မြင်ဖို့ ကြိုးစားနေကြတာလဲ။ လူတိုင်း ကြယ်စစွမ်းအင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေကြတာလေ..ဒီလိုလုပ်နေတာက အဆိပ်ရှိတဲ့ အင်းဆက်ပိုးမွှားတွေကို မွေးနေတာနဲ့ ဘာကွာခြားတော့မှာလဲ ရန်သူ ရှစ်ရာကို သတ်ဖို့ ကိုယ့်လူအယောက် တစ်ထောင်ကို ဆုံးရှုံးခံမလို့လား”
"အဝေးကြီးကို ကြိုမတွေးနဲ့။ ဒီအစီအရင်ကို အရင်ဖျက်စီးရအောင်။"
မုန့်ထျန်းရွှမ်သည် သူ့လက်ကို အနီးနားရှိ ကြယ်စွမ်းအင် အတားအဆီးဆီသို့ တွန်းတင်လိုက်ပြီး အရှင်ကျိုထျန်းကိုလည်း သတိပေးလိုက်သည်။
"ငါတို့ ဒီနေရာက ထွက်သွားရင် ဖောက်ခွဲကောင်းကင်ဂိုဏ်းရဲ့ အာကာသနိယာမ နယ်မြေက ဘယ်လောက်ပဲ အားကောင်းနေပါစေ၊ ကြိုးစားအားထုတ်မှုကို ဖြုန်းတီးနေရုံပဲ ဖြစ်သွားလိမ့်မယ်!"
"ကောင်းပြီ!"
သို့နှင့် အနီးနားရှိ နယ်မြေအတားအဆီးကို တိုက်ခိုက်ဖို့ ကြယ်စွမ်းအင်နှစ်ခုကို တစ်ပြိုင်နက် ထုတ်လွှတ်လိုက်တော့သည်။
နောက်အခိုက်၌။
မုန့်ထျန်းရွှမ်သည် သူ့လက်ဖဝါးကို ဖိချလိုက်ရာ ကြီးမားသော တောင်ထိပ်မှ ကြီးမားသော လက်တစ်ချောင်း ပေါ်ထွက်လာပြီး ၎င်း၏ အားကောင်းကာ ခံ့ညားလှသည့် ရောင်ဝါကို ထုတ်လွှတ်လိုက်ပေ၏။ ထိုအချိန်တွင် မြူမှုန်မည်းများက အရှင်ကျိုထျန်း၏ဘက်ခြမ်းမှ ပြန့်နှံ့သွားကာ ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အသီးအရွက်များ ညှိုးနွမ်းကာ အေးစက်သော သေမင်း၏ အငွေ့အသက်များ ကျဆင်းလာသည်။
လုံးဝ ခြားနားသော ကြယ်စွမ်းအင်နှစ်ခု ဆုံစည်းကာ တစ်ခုတည်းသော စွမ်းအင် ဖြစ်လာသည်။
ဗုန်း!
နှစ်ယောက်သား ကောင်းကင်အတားအဆီးကို အတူတူ တိုက်ခိုက်လိုက်ကြသည်။ တိုက်ခိုက်မှုကလည်း ကြီးမားလှပါ၏။
သို့သော် အသုံးမဝင်ပေ။ အတားအဆီးကို မည်ကဲ့သို့ ဗုံးကြဲနေပါစေ၊ ကြယ်စွမ်းအင်များ မည်မျှပင် သွန်ချနေပါစေ၊ ၎င်းသည် ပင်လယ်ထဲသို့ ထိုးကျသွားသော ရွှံ့စေးနွားတစ်ကောင်ကဲ့သို့သာ ဖြစ်နေသည်။ မျဉ်းကြောင်းကို ဖြတ်ပြီးသည်နှင့် သူတို့မျက်စိရှေ့မှာတင် အားလုံးပျောက်ကွယ်သွားခဲ့၏။
မိုင်ထောင်ချီဝေးဝေးအထိ ပေါက်ကွဲသံကြီးများ လှိုင်းခတ်သွားသည်။
ဗုန်း!
ကောင်းကင်အထက်မှာ အေးစက်လှသော ရောင်ဝါများက တဖျပ်ဖျပ်တောက်ပနေပြီး လက်ဝါးစွမ်းအင် နှစ်ခု တိမ်များကြား လွင့်စင်သွားကာ နောက်ဆုံးတော့ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့သည်။
အတားအဆီးကို ဖြတ်ကျော်ပြီးနောက် အလွန်ကြီးမားသော စွမ်းအားပင်လျှင် အဆက်မပြတ် ပြန့်ကျဲသွားလေ၏။ လက်ဝါးကြီးများက တဖြည်းဖြည်း သေးငယ်ကာ လုံးဝ ပျောက်ကွယ်သွားကြသည်။
မုန့်ထျန်းရွှမ်၏ အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သူနှင့် အရှင်ကျိုထျန်းတို့သည် အကြည့်ချင်းဖလှယ်ကြပြီး နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် ထိတ်လန့်သွားကြသည်။ ယခုလိုဖြစ်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ကြချေ။
ကောင်းကင်ယံက ဖောက်ခွဲ ကောင်းကင်ဂိုဏ်း၏ မြေအဓိပတိကို မျှော်ကြည့်လိုက်စဥ် ထိတ်လန့်ကြောက်ရွံ့မှုတို့က သူတို့၏နှလုံးသားထဲသို့ စိမ့်ဝင်လာတော့သည်။
ဤသည်မှာ အဓိပတိ တစ်ဒါဇင်ကျော် ပေါင်းစပ်ဖွဲ့စည်းခြင်း ဖြစ်လေ၏။ ပါဝင်သည့် စွမ်းအားသည် ရိုးရှင်းသော ကျင့်ကြံသူ အရေအတွက်ထက် ကျော်လွန်ပါပြီ။
အာကာသနိယာမသည် ပုံသဏ္ဌာန်ကင်းမဲ့နေပြီး ယခုအခါ အတွင်းရှိ နိယာမများသည် ဝရုန်းသုန်းကား ဖြစ်နေကာ အာကာသမုန်တိုင်းတစ်ခုအလညး အလွန်အန္တရာယ် မြင့်မားသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဖောက်ခွဲကောင်းကင်ဂိုဏ်းက လူတိုင်း! ငါ့အမိန့်ကို နားထောင်ကြ..."
ထိုအချိန်တွင် ချင်းယန်၏အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ အသံလှိုင်းသည် မိုးခြိမ်းသံ သို့မဟုတ် လှိုင်းလုံးကြီးများကဲ့သို့ ကျယ်လောင်စွာ တုန်ခါနေပြီး လူတိုင်း၏နားကို ရှင်းရှင်းလင်းလင်း ရောက်ရှိသွားလေသည်။
"ဒီနေ့ သွေးထွက်သံယို တိုက်ပွဲဖြစ်မယ်! ငါတို့တပည့်တွေအတွက် ဒီခေါင်းနှစ်လုံးကို ယူရမယ်!"
"ကောင်းပြီ!"
လျိုဝူရွှမ်းသည်ပင် ထိုစကားကို ကြားလိုက်ရသည်နှင့် ရင်ခုန်စိတ်လှုပ်ရှားသွားသည်။ ထို့ကြောင့် သူက ချင်းယန်၏ခေါ်ဆိုမှုကို ပထမဆုံးတုံ့ပြန်သူ ဖြစ်လာ၏။
နောက်ဆုံးတော့ ဒီရက်ကို ရောက်လာခဲ့ပြီ။
သူသည် ဖောက်ခွဲကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်လာချိန်မှစ၍ ပိုကြီးသော ကောင်းမှုများအတွက် မိမိကိုယ်ကို စတေးရန်၊ ဘုန်းကြီးသောသေခြင်းကို အသေခံရန်၊ သူ၏အတိတ်အမှားများအတွက် ဖြေဖျောက်ရန် စိတ်ကူးထားပြီးသား ဖြစ်သည်။
"ဖောက်ခွဲ ကောင်းကင်ဂိုဏ်းအတွက်!"
လျိုဝူရွှမ်း စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး ချင်းယန်ကို လှမ်းကြည့်ကာ ဂိုဏ်းခေါင်းဆောင်၏ အမိန့်ကို ရယူရန် ပြင်ဆင်နေကာ ရှေ့သို့ ခြေလှမ်းများစွာ လှမ်းလိုက်သည်။
သို့ပေမယ့် နောက်တစ်စက္ကန့်၌…
ဝုန်း!
အစီအရင် နယ်မြေက ဝုန်းခနဲ တုန်သွားသည်။
လောကကြီးသည် သူ့မျက်စိရှေ့၌ လှည့်ပတ်သွားကာ သူ၏ပထမခြေသည် နယ်မြေအတွင်းမှ ထွက်သွားပြီး သူ၏ဒုတိယခြေလှမ်းသည် နယ်မြေ အကွာအဝေး၏ အပြင်ဘက်တွင် ရှိနေပြီ ဖြစ်သည်။
မဟာတလီတောင်တန်းများ၏ အေးစက်သော လေများ သူ့မျက်နှာကို ဖြတ်ကျော်သွားသည်။
"..."
လျိုဝူရွှမ်း အေးခဲသွားပြီး သူ့ချွေးပေါက်များလည်း အေးစက်သွားသည်။ ရုတ်တရက် လွတ်သွားသော နေရာကို ပတ်ကြည့်ရင်း သူ့မျက်နှာမှာ မေးခွန်းအမှတ်အသားများ အပြည့်ဖြင့်။
သူ လုံးဝ အံသြသွားရသည်။
? ? ?
အားလုံး ဘယ်ရောက်သွားတာလဲ?
"သူတို့က ငါ့ကို ဖယ်ထုတ်လိုက်တာလား"
လျိုဝူရွှမ်းသည် မဟူရာလေးကို ကိုင်လိုက်ပြီး ဘယ်ညာကြည့်လိုက်၏။ နောက်ဆုံးတွင် သူသည် နယ်မြေ အတွင်းက အခြေအနေကို လှမ်းကြည့်လိုက်ရာ အထဲမှာ အားလုံးရှိနေသည်အား တွေ့လိုက်ရလေသည်။
သူကိုယ်တိုင်သာ ချင်းယန်ထံမှ အပြင်သို့ ကန်ထုတ်ခံလိုက်ရခြင်းပင်။
"..."
လျိုဝူရွှမ်း အံ့ဩသွားသည်။
ဒါဘာကိုဆိုလိုတာပါလဲ?
ဖောက်ခွဲကောင်းကင်ဂိုဏ်းက တစ်ခုလုံး တိုက်ခိုက်နေချိန်မှာ သူတို့က ငါ့ကို ခွဲထုတ်ခဲ့တာလား။ ငါက စစ်မှန်တဲ့ အဖွဲ့ဝင် မဟုတ်လို့လား?"
"ဂိုဏ်းချုပ်လေး မင်းဘာတွေစီစဉ်နေတာလဲ"
နယ်မြေအပြင်ဘက်မှ လျိုဝူရွှမ်း မထိန်းနိုင်တော့ဘဲ ကောင်းကင်ကို အော်ပြောလိုက်တော့သည်။
"ကျုပ်ကို ဘာလို့ ထုတ်လိုက်တာလဲ!? အတူတကွ လက်တွဲပြီး အတူတူ နောက်ဆုတ်မယ်။ အတူနေထိုင်ပြီး အတူသေဖို့ ပြောထားတဲ့ ကတိက ဘာဖြစ်သွားတာလဲ။"
သို့သော် သူပြောပြီးသည့်နောက်တွင်ပင် နယ်မြေအတွင်းမှ တုံ့ပြန်မှု မရှိခဲ့ပေ။ ၎င်းကို မြင်တော့ စိတ်တိုပြီး စိတ်မရှည်ဖြစ်လာသော လျိုဝူရွှမ်းသည် အဖြေကို မစောင့်နေတော့ဘဲ နယ်မြေထဲသို့ ချက်ချင်း ပြန်ဝင်ချင်ပေမယ့် သူ ခြေတစ်လှမ်း တစ်ဝက်သာသာ လျှောက်လိုက်ရသည်။
ဝုန်း!
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အစောကနေရာကိုသာ ပြန်ရောက်လာသည်။
အသုံးမဝင်ပေ။
သူ လှည့်ပြီး ပြန်ဝင်သွားပြန်သည်။
သို့သော် တစ်ဖက်က ပြန်လွှတ်လိုက်ပြန်၏။
သူ့ရှေ့တွင် ဘာတစ်ခုမှ ရှင်းရှင်းလင်းလင်း မရှိသော်လည်း သူဖြတ်မကူးနိုင်သော မမြင်နိုင်သော ချောက်တစ်ခုရှိနေသကဲ့သို့ ခံစားလာရသည်။
အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း အကြိမ်ကြိမ် ရှုံးနိမ့်နေသောကြောင့် လျိုဝူရွှမ်း၏နှလုံးသည်လည်း အောက်ဆုံးအထိ နစ်မြုပ်သွားခဲ့သည်။
အာကာသနိယာမများသည် မူရင်းအတိုင်း နက်နဲရာ ယခုအခါတွင် အတွင်းမှ ထိပ်တန်း ထိပ်တန်း တစ်ဒါဇင်ကျော်၏ ပံ့ပိုးကူညီမှုလည်း ထည့်ပေါင်းထားသောကြောင့် ကြီးမားသော ကြယ်စွမ်းအင် သမုဒ္ဒရာကြီးသည် သူ၏ ဖြတ်ကျော်နိုင်စွမ်း ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
'ဒီအတားအဆီးက ချိုးဖျက်လို့ မရဘူး။'
“မဖြစ်ဘူး…”
အေးစက်သော ချွေးများ လျိုဝူရွှမ်း၏ နဖူးပေါ်သို့ စီးကျလာသည်။ သူသည် သူ၏လက်ကို မြှောက်လိုက်ပြီး နောက်ထပ်တိုက်ခိုက်မှုအတွက် ပြင်ဆင်ရန် ကြယ်စွမ်းအင်များကို စုဆောင်းလိုက်သည်။
"ခင်ဗျားရဲ့စွမ်းအင်ကို မဖြုန်းတီးပါနဲ့ အကြီးအကဲလျိုဝူရွှမ်း... "
ထိုအခိုက် ချင်းယန်၏ အသံသည် နယ်မြေအတွင်းမှ ထွက်ပေါ်လာပြီး တည်ငြိမ်ဆဲ ဖြစ်သော်လည်း ပြတ်သားစွာ ဆုံးဖြတ်ထားသည့် အရိပ်အမြွက်ကို သယ်ဆောင်လာသည်။ လျိုဝူရွှမ်းလည်း ခေတ္တရပ်လိုက်ပြီး အသံ၏ ဦးတည်ရာဆီသို့ မော့ကြည့်လိုက်သည်။
ကွဲအက်နေသော အာကာသနိယာမ နယ်မြေအတွင်း၌ ချင်းယန်ကို အရိပ်အယောင်မျှသာ မြင်နိုင်သည်။