ဆရာနှင့်တပည့်တိုက်ပွဲ ... ။
Vol. 66 Ch. 783
“ ဟမ့် ... ဒါပဲလား။ ”
စုရီက လှောင်ပြောင်လိုက်သည်။ ဟောင်ယောင်းမျက်နှာပေါ်၌ ရှက်ဒေါသများ ပေါ်လာ၏။
ဤသည်မှာ အလိုအလျောက် တုံ့ပြန်မှုတစ်ခုပေပင်။ နှစ်များတစ်လျှောက် ဆရာသခင်၏ ပြိုင်ဘက်ကင်းပုံရိပ်အပေါ် ကြောက်ရွံ့မှု စွဲထင်နေခြင်းဖြစ်၏။
“ စုရွှမ်ကြွယ် ... ။ ”
ထို့ကြောင့် ဟောင်ယောင်းက သူ့ကြောက်စိတ်ကို ဖြေဖျောက်နိုင်စေရန် နာမည်တပ်ခေါ်လိုက်သည်။
“ အချိန်တွေပြောင်းသွားပြီ၊ မင်းက ဧကရာဇ်တွေရဲ့ဘုရင်လို့ တကယ်ထင်တုန်းလား ငါ့အမြင်မှာတော့ မင်းလိုနိမ့်ကျတဲ့ ပုရွက်ဆိတ် တစ်ကောင်က ရှေ့မှာ ဒူးထောက်သင့်ပြီ။ ”
စကားဆုံးသည်နှင့် ဟောင်ယောင်း၏ အင်္ကျီလက်များ ဖောင်းကြွလျက် ညာလက်ကို ဆန့်ထုတ်လာခဲ့သည်။
“ ဝုန်း ... ။ ”
နတ်မီးလျှံများ ကောင်းကင်ပေါ် ဖုံးလွှမ်းသွားကာ မီးလက်ဖဝါးအဖြစ် ပြောင်းလဲ သွားပြီး စုရီအပေါ် ပြုတ်ကျလာ၏။
တိတ်ဆိတ် ငြိမ်သက်နေသော ပတ်ဝန်းကျင်သည် ချက်ချင်း ပြိုကွဲသွားသည်။ မီးလက်ဖဝါးမှ ထွက်လာသော ဥပဒေစွမ်းအား များကြောင့် ပေထောင်ပေါင်းများစွာတိုင်အောင် လေဟာနယ်တုန်ခါနေချေပြီ၊။
စုရီမျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သားတစ်ယောက်၏ အကြောင်း သူ့အဖေထက် မည်သူမျှ ပိုမသိနိုင်ချေ။
ငယ်စဉ်ကတည်းက လေ့ကျင့် သင်ကြားပေးခဲ့သော ဆရာသခင်တစ်ယောက် အနေဖြင့် ဟောင်ယောင်း၏ ရည်ရွယ်ချက်ကို မြင်သည်။
“ ဟိတ် ... ။ ”
ထိုလက်ဖဝါးသည် အခြားသော ရွှမ်ယုဧကရာဇ်များထက် ပို၍သာလွန်နေ၏။ ယင်းကြောင့် ကောင်းကင်မိစ္ဆာဓားကိုထုတ်ကာ ပြန်လည် ခုတ်ပိုင်းလိုက်ရသည်။
“ ချွင် ... ။ ”
ဓားရောင်ခြည်များ ပေါက်ကွဲထွက်လာပြီး ပြန့်ကျဲသွား၏။ ကောင်းကင်မှ ဖန်တီးထားသော မီးလက်ဖဝါးသည်ဓားဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရတော့သည်။
“ ခရစ် ... ။ ”
“ ဘောင်း ... ။ ”
သို့သော် ခဏလေးအတွင်းမှာပင် ဓားရောင်ဝါသည် စက္ကူနှင့်ပြုလုပ်ထားသလို ကွဲအက်သွား၏။ စုရီမှ ရှောင်တိမ်းခြင်း မပြုဘဲ ချက်ချင်းပင် နောက်ထပ် ဓားချက်(၃၆)ချက်ကို ထုတ်ဖော်ပစ်လိုက်သည်။
“ ရွှပ် ... ရွှပ် ... ။ ”
ဓားချက်တိုင်းသည် နတ်သက်တံ့များကဲ့သို့ လက်ဖဝါးကြီးထံပြေးဝင်၏။ ယင်းသည် မီးလျှံ လက်ဖဝါးကြီး၏ အားနည်းချက်များပေပင်။
“ ဝုန်း ... ။ ”
အဆုံးဝင် မီးလက်ဖဝါးသည် ပြင်းစွာ တုန်ခါသွားပြီး စုရီခေါင်းအထက် သုံးပေအကွာ၌ ဟိန်းဟောက် ပေါက်ကွဲသွား၏။
“ ဆရာ ... မင်းကိုတစ်ချိန်က ဧကရာဇ်များရဲ့ဘုရင်အဖြစ် လေးစားထိုက် ပါပေတယ် ဒီခုခံမှုက မယုံနိုင်စရာပါပဲ ...
... ဒါပေမယ့် ကံမကောင်းစွာနဲ့ စစ်မှန်တဲ့ခွန်အားချင်း ရင်ဆိုင်ရတဲ့အခါမှာ ဒီလို ဝင့်ကြွားတဲ့ ဓားနည်းစနစ်က နောက်ဆုံးမှာ အသုံးမဝင်ပါဘူး။ ”
စုရီက ငြင်းဆိုခြင်း မပြုခဲ့ချေ။ အဆုံးမှာတော့ သူ့လက်ရှိကျင့်ကြံမှုသည် အရမ်း အားနည်းလွန်း၏။ ထိပ်တိုက်ရင်ဆိုင်မှုသည် မိုက်မဲရာကျပြီး အနိုင်ရရန် အခွင့်အလမ်း အလွန်နည်းပါးလေသည်။
ဟော်ယောင်းက လေထုအလယ် လှမ်းတက်လျက် ပြုံးရွှင်စွာဖြင့်၊
“ ဆရာခင်ဗျားမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်သိပါတယ် ဒါပေမယ့် ကျွန်တော်ဂရုမစိုက်ပါဘူး ပြီးတော့ ဆရာ့အတွက် အခြေအနေတွေကို ပြောင်းလဲဖို့ အခွင့်အရေး လုံးဝမပေးဘူး။ ”
-ဟုဆိုတော့သည်။ စကားမဆုံးခင် ရုတ်တရက် စုရီကို လက်သီးဖြင့် ထိုးချလာ၏။
“ ဘုန်း ... ။ ”
လက်သီးတစ်ချက်ဖြင့် တောင်နှင့်မြစ်များ တုန်လှုပ်ကုန်သည်။ ယင်နှင့်ယန်ပြောင်းပြန်လှန် ပစ်လိုက်သလို အရာအားလုံး ပြိုကျလာ၏။
ရွှမ်ယုဧကရာဇ်တိုင်းကို ချေမှုန်းရန် လုံလောက်သောလက်သီးပေပင်။ တစ်ဖက်တွင် ထိုလက်သီးကို ရင်ဆိုင်ရချိန်၌ စုရီမျက်လုံးတွင် လျစ်လျူရှုမှု အရိပ်အယောင်များရှိနေဆဲဖြစ်၏။
အနှစ်သာရ၊ စွမ်းအင်နှင့် ဝိညာဉ်ကို လောင်ကျွမ်းလျက် ခန္ဓာကိုယ်မှ ပြိုင်ဘက်ကင်း ဓားရည်ရွယ်ချက်တစ်ခု တဖြည်းဖြည်း မြင့်တက်လာသည်။
“ သွေးပေါက်ကွဲခြင်း ... ။ ”
ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော တားမြစ်နည်းစနစ်ဖြစ်သည်။ အသုံးပြုပြီးချိန်၌ လူတစ်ယောက်၏ ခွန်အားကို အချိန်တိုအတွင်း နှစ်ဆတိုးလာစေနိုင်၏။
ပြန်လည်မွေးဖွားပြီးနောက် ဤအခြေအနေမျိုးသို့ အတင်းအကျပ် တွန်းပို့ ခံရသည်မှာ ပထမဆုံးပေပင်။
သဘာဝအတိုင်း ထိုလျှို့ဝှက်နည်းစနစ်ကို ဘယ်တုန်းကမှလည်း အသုံးမပြုခဲ့ဖူးသည်မှာ သာမန်ဖြစ်၏။ ဤဟော်ယောင်းသည် အလွန် ကြောက်စရာကောင်းသော ပြိုင်ဘက်ဖြစ်၍သာ အသုံးပြုလိုက်ခြင်းဖြစ်သည်။
“ သွား ... ။ ”
စုရီက လက်ကောက်ဝတ်ကိုလှုပ်ခါပြီး ဓားကိုလွှဲထုတ်လိုက်သည်။ အစွမ်းထက်သော ဓားရောင်ဝါများက ဆူနာမီတစ်ခုအလား ပေါက်ကွဲထွက်လာ၏။
ဟောင်ယောင်း၏ လက်သီးအစွမ်းသည် ခြောက်သွေ့နေသော အရွက်များလို ကြေမွပြီး ဓားရောင်ဝါ၏ တိုက်စားခြင်းခံနေရသည်။
“ ဝုန်း ...။ ”
လက်သီးက သူ့ထံရောက်ရှိလာချိန်၌ စွမ်းအား(၉၀)ရာခိုင်နှုန်းခန့်ကို ပယ်ဖျက်ထားပြီး ဖြစ်လေသည်။ သို့တိုင် စုရီခန္ဓာကိုယ်သည် ပြင်းစွာယိမ်းနွဲ့လျက် သွေးများပွက်ပွက်ဆူ သွားတော့၏။
တိုက်ခိုက်မှုနှစ်ခုစလုံးကို စုရီမှ ပိတ်ဆို့နိုင်လိုက်သောကြောင့် ဟောင်ယောင်း မျက်လုံးများထဲတွင် ပြင်းစွာသော စိတ်လှုပ်ရှားမှုပေါ်လာသည်။
“ ဆရာ၊ ဒီတပည့်မှာ ခင်ဗျားနဲ့ ကစားဖို့ အချိန်မရှိဘူး။ ”
ထို့နောက် လေထဲခြေတစ်လှမ်း လှမ်းချလိုက်ပြီး ခုန်ဝင်တိုက်ခိုက်လိုက်တော့၏။ ပြိုင်ဘက်ကင်း မီးတာအိုဥပဒေစွမ်းအားသည် နတ်မီးတောက်အဖြစ် ပြောင်းလဲသွားပြီး ထူးကဲသောအစွမ်း ပေါ်လွင်စေသည်။
စုရီသည်လည်း လေးနက်စွာစွာဖြင့် ပြန်လည်တိုက်ခိုက်ရ၏။ ဤဟောင်ယောင်း ပြသနေသည့်စွမ်းအားသည် ပြင်းထန်ချေပြီ။
လှုပ်ရှားမှုတိုင်းသည် ကြီးမားသော စွမ်းအားများနှင့် ပြည့်နှက်နေကာ ကောင်းကင် နှင့်မြေကြီးကို အရည်ပျော်စေ၏။
ဟောင်ယောင်းအမြင်တွင်လည်း သူ့ဆရာသည် ဝိညာဉ်တာအိုနယ်ပယ်မျှသာ ဖြစ်သော်လည်း မပေါ့ဆဝံ့ချေ။ လျှော့တွက် မိသော် သေနိုင်၏။
များမကြာခင် စုရီအခြေအနေသည် ပို၍ပို၍နိမ့်ပါးလာကာ အန္တရာယ်များလာသည်။ လှိုင်းပုတ်ခံနေရသော လှေငယ်တစ်စင်းနှင့် တူချေ၏။ မည်သည့်အချိန်မဆို ပြိုလဲတော့မည့် အနေအထား ကျရောက်နေသည်။
လက်ရှိကျင့်ကြံမှု၌ စုရီ၏ခွန်အားသည် ရွှမ်ကျောက်ဧကရာဇ်များကို သတ်ပစ်နိုင်သည် အထိ လုံလောက်သော်လည်း ဟောင်ယောင်း ရှေ့၌ သွေးပေါက်ကွဲခြင်း နည်းစနစ်ကို သုံးထားရသည်။
သို့တိုင် လုံလောက်မှု မရှိသေးချေ။ ကျင့်ကြံမှုသည် များစွာနိမ့်ကျလွန်း၏။ အသက် အန္တရာယ်ရှိသော အားနည်းချက်ပေပင်။
ကြွယ်ဝသော တိုက်ခိုက်ရေး အတွေ့အကြုံနှင့် မရေမတွက်နိုင်သည့် လျှို့ဝှက် နည်းစနစ်များသည် ထိုအားနည်းချက်အပေါ် မပိတ်နိုင်ဖြစ်နေ၏။
အရေးအကြီးဆုံးမှာ ဟော်ယောင်းသည် တတိယတပည့်ဖြစ်သဖြင့် သူ့ တိုက်ပွဲဝင်ပုံစံကို ကောင်းကောင်းသိထားသည်။
ထို့ကြောင့် ဤတိုက်ပွဲသည် စုရီအတွက်အန္တရာယ်အရှိဆုံး တိုက်ပွဲတစ်ခု ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုချေ။
“ ဆရာ၊ မင်းရဲ့သွေးပေါက်ကွဲခြင်း နည်းစနစ်ဟာ မိနစ်သုံးဆယ်ပဲ ခံနိုင်ပါတယ် မင်းကိုယ်တိုင်က ကျင့်ကြံမှု အားနည်းလွန်းတဲ့ အတွက် ငါ့အပေါ် အသုံးမဝင်ပါဘူး။ ”
ဟော်ယောင်း၏ မာနထောင်လွှားပြီး ကျေနပ်အားရနေသော မှတ်ချက်ပေးသံသည် လေထဲအလယ်ပျံ့လွင့်နေသည်။
“ ဟား ဟား ဟား ... သစ်ပင်ကိုလှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ဆိုတာ ဘာကိုပြောတာလဲဆရာ။ ”
“ ..... ။ ”
“ ဟားဟားဟား ... ။ ”
“ ထန် ... ။ ”
“ ခရစ် ... ။ ”
ရုတ်တရက် ဟော်ယောင်းမှ စောင်းငဲ့ကာ လက်ညှိုးဖြင့်လှမ်းထိုးသည်။ သတ္ထုရိုက်သံနှင့် အတူ ကောင်းကင်မိစ္ဆာဓားခမျာ ပြင်းစွာ ညည်းတွားသွားတော့၏။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
တစ်ဆက်တည်းမှာပင် အက်ကွဲကြောင်းများ ပေါ်လာကာ စုရီတစ်ယောက် ပေပေါင်းများစွာ ဆုတ်ခွာလိုက်ရသည်။ မျက်နှာဖြူဖျော့လျက် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။ ဒဏ်ရာရရှိသွားချေပြီ။
“ ဟားဟားဟား ... ။ ”
ထို့ကြောင့် ဟောင်ယောင်းသည် ပို၍စိတ်လှုပ်ရှားလာပြီးနောက် ကျေနပ်စွာဖြင့် ရယ်မောတော့သည်။
“ ဆရာ၊ ဒီတပည့် တစ်နေ့မှာ ဆရာ့ကို ဒီလိုမျိုးအနိုင်ကျင့်ခွင့် ရနိုင်လိမ့်မယ်လို့ တစ်ခါမှ မတွေးထားဖူးဘူး ... ဟား ဟား ဟား။ ”
စုရီမှ နှုတ်ခန်းကသွေးကို မသုတ်ချေ။ ဝမ်းနည်းခြင်းမရှိ၊ ပျော်ရွှင်ခြင်းမရှိသော မျက်နှာ အမူအရာဖြင့် ပြန်ကြည့်သည်။
သူ့ဘဝတွင် ပြင်းထန်သောတိုက်ပွဲများနှင့် မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ရပြီး သေ-ရှင် တိုက်ပွဲများ အကြိမ်ကြိမ်ဆင်နွှဲဖူး၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် ထူးထွေ ကြောက်လန့်နေစရာ မရှိချေ။ ကောင်ကင်မိစ္ဆာဓား ပြန်သိမ်းလိုက်ကာ အင်မော်တယ်တူထုတ်ယူပြီး ဟော်ယောင်းထံ လှံကဲ့သို့ထိုးသွင်းပစ်၏။
“ ဟမ့် ... ။ ”
ဟော်ယောင်းတစ်ယောက် ဥက္ကာပျံအလားမီးတောက်နေသော လက်သီးဖြင့် ပြန်လည်ထိုးနှက်လာချေပြီ။
ထို့နောက်တွင် ဆရာနှင့်တပည့် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ်လာတော့၏။ ဤတစ်ကြိမ်တွင် အင်မော်တယ်တူသည် ထာဝရအမှောင်ည တာအိုစွမ်းအားများဖြင့် မီးတာအိုဥပဒေကို ချေဖျက်လေသည်။
“ ဝုန်း ... ။ ”
များမကြာခင် အလင်းနှင့်အမှောင်ကြား ဟောင်ယောင်း၏ပုံရိပ်သည် ယိမ်းယိုင်သွားကာ လက်သီးအစွမ်းပျက်ပြယ်လျက် ခြေလှမ်းများ အနည်းငယ် ဆုတ်ခွာသွားတော့၏။
“ ဟမ့် ... ။ ”
ခန္ဓာကိုယ်အနှံ့ တောက်လောင်နေသော မီးတာအိုဥပဒေစွမ်းအားများ ပြိုကျလုမတတ် ယိမ်းထိုးကုန်သဖြင့် မျက်ဝန်းများသည် အင်မော်တယ်တူထံ စိုက်ကြည့်လိုက်၏။
“ ဟား ဟား ဟား ... ။ ”
အနည်းငယ် ရှုပ်ထွေးသွားသော်လည်း ဟော်ယောင်းတစ်ယောက် အံ့သြခြင်းမရှိချေ။ သူ့ကိုယ်သူဟန်ချက်ထိန်းပြီး ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ ဆရာ ... ဒီရတနာက ဆရာရဲ့ ဝှက်ဖဲတစ်ချပ်လား တကယ်အစွမ်းထက်တယ် ကံမကောင်းစွာနဲ့ပဲ ... ဒီရတနာရဲ့အစွမ်းကို ထုတ်ယူဖို့ ဆရာရဲ့ကျင့်ကြံမှုက ...
... အလှမ်းဝေးသေးတယ် ... ပြီးတော့ ဒီရတနာကို အတင်းအကျပ်အသုံးပြုခြင်းက သွေးပေါက်ကွဲခြင်းကို ပိုမိုကုန်ဆုံးစေမယ် မဟုတ်လား။ ”
စုရီက တုန့်ပြန်ခြင်းမပြုချေ။ လျစ်လျူရှုလျက် အင်မော်တယ်တူကို ဓားကဲ့သို့ ကိုင်ဆောင်ကာ လှမ်းတက်လိုက်၏။
အင်မော်တယ်တူသည် ညလူအတွက် အမြင့်မြတ်ဆုံးသောရတနာဖြစ်ပြီး အမှောင်ည စွမ်းအားများပါရှိနေသည့် မွေးရာပါနတ်ဘုရား ရတနာဖြစ်သည်။
“ ထွက်လာခဲ့ ... ။ ”
“ ချွင် ... ။ ”
ဟော်ယောင်းက သူ့အင်္ကျီလက်ကို လှုပ်ခါလျက် သွေးနီရောင်ကောင်းကင်ဟူသည့် အမည်ရေးထွင်းထားသည့် ဓားတစ်လက် ဆင့်ခေါ်လိုက်သည်။
ဓားသွားသည် တောက်ပပြီး ကြည်လင်နေသည်။ ၎င်းဓားရောင်ဝါသည်ပင် ပေတစ်ထောင်အမြင့်သို့ ထိုးတက်နေ၏။
“ ချီရှောင်ဓား ... ။ ”
စုရီတစ်ယောက် ရှုပ်ထွေးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။ ဤဓားသည် ယခင်ဘဝ အဖိုးတန်ဆုံးပိုင်ဆိုင်မှုများထဲမှ တစ်ခုဖြစ်ပြီး ကောင်းကင်လှိုဏ်ဂူအတွင်း သိမ်းဆည်းထားခဲ့သည်။
နှလုံးသားထဲမှ သားရဲဆန်သော ရက်စက်ကြမ်းကြုတ်မှုများ ငြိမ်းသတ်ပြီးချိန်၌ ပေးအပ်မည်ဟု ဟောင်ယောင်းထံ ကတိပေး ခဲ့ဖူးသည်။ ယခုမူ ဟောင်ယောင်းက ထိုရတနာကို သိမ်းပိုက်လိုက်ပုံရ၏။
“ ဝုန်း ... ။ ”
ဓားကိုင်လျက် ဟောင်ယောင်း၏ အရှိန်အဝါသည် ချက်ချင်းလွှမ်းမိုးပြီး ပြင်းထန် လာတော့သည်။
၎င်းဓားဖြင့် သာမန် တုန့်ပြန်မှု တစ်ခုသည်ပင် အင်မော်တယ်တူ၏အစွမ်းကို ချက်ချင်း ပျက်ပြယ်သွားစေ၏။
“ ဟားဟားဟား ... ဆရာ၊ မင်းတပည့်ရဲ့ဓားတာအိုကို ဒီနေ့ပြပါရစေ။ ”
ထို့နောက် မြေပြင်တုန်ခါလျက် ပြင်းပျသောဓားရည်ရွယ်ချက်များ ထုတ်ပြကာ စုရီထံ ပြေးဝင်ခုတ်ပိုင်းလာတော့၏။
***