← Chapters

သေခြင်းနှင့်ရှင်ခြင်း ဗုဒ္ဓတံဆိပ်အတွင်းမှ စိတ်ဆန္ဒ။

Vol. 66 Ch. 784

သေခြင်းနှင့်ရှင်ခြင်း ဗုဒ္ဓတံဆိပ်အတွင်းမှ စိတ်ဆန္ဒ။

Vol. 66 Ch. 784

ထို့နောက် ပြင်းထန်သော တိုက်ပွဲကြီး ပြန်လည်စတင်လိုက်သည်။ ယခင်တိုက်ပွဲထက် များစွာ ကြောက်မက်ဖွယ်ကောင်း၏။

ပြင်းပျသော ဓားမီးတောက်သည် ဧရာမနဂါးများကဲ့သို့ ကောင်းကင်နှင့်မြေကြီး အကြား ကခုန်လွင့်မျောနေသည်။ လေဟာနယ် ပြိုကျစေပြီး တောင်နှင့် မြစ်များ လောင်မြိုက်လာ၏။

ထိုကဲ့သို့စွမ်းအားသည် သာမန်ရွှမ်ယု ဧကရာဇ်တစ်ပါးကို အလွယ်တကူ ဒဏ်ရာရရှိ စေနိုင်သည်။

ဤကြမ်းတမ်းပြီး ပြင်းပျလွန်းသော ဓားရည်ရွယ်ချက်၏ ဖိနှိပ်မှုအောက်တွင် စုရီ၏ အခြေအနေသည် ပိုမိုဆိုးရွားလာ၏။

မျက်စိတမှိတ်အတွင်း ဒဏ်ရာရရှိကာ မျက်နှာဖြူဖျော့လာသည်။ သမိုင်းတစ်လျှောက် သူ့ဓားရေးသည် အံ့အားသင့်ဖွယ်ကောင်းလွန်း သော်လည်း ခွန်အားဖြင့်တိုက်ပွဲတွင် များစွာ နိမ့်ကျနေခဲ့သေး၏။

“ ကလန့် ... ။ ”

“ ဝုန်း ... ။ ”

ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားလာသည်။ စုရီ လက်ကောက်ဝတ်တွင် စူးရှနာကျင်သွားပြီး လက်များတုန်ရီလျက် အင်မော်တယ်တူ လွင့်စင်သွား၏။

“ အဟွတ် ... အဟွတ် ... ။ ”

သူကိုယ်တိုင်ပင် လွင့်ဝဲသွားကာ အဝတ်အစားများတွင် သွေးများစွာစွန်းထင်းကာ သွေးများချောင်းဆိုးသွားသည်။

“ ဟားဟားဟား ... ဆရာအရှက်ခွဲခံရတာ ဘယ်လိုခံစားရလဲ။ ”

ဟောင်ယောင်းမှ ရယ်မောလိုက်၏။ သူ့မျက်လုံးများ စိတ်အားထက်သန်မှုများဖြင့် အင်မော်တယ်တူကို ဆွဲယူလိုက်သည်။

“ ဘယ်လောက်တောင် ကောင်းမွန်တဲ့ မွေးရာပါနတ်ဘုရားရတနာလဲ ... အခုကစပြီး ဒီရတနာကို ဆရာ့အတွက် ငါ လုံခြုံအောင် သိမ်းဆည်းထားပေးမယ်။ ”

စကားဆုံးသည်နှင့် အင်မော်တယ်တူကို သိမ်းဆည်းလိုက်သည်။ ပြီးနောက် စုရီထံပြုံး၍ မော့ကြည့်ကာ၊

“ ဆရာ ... မင်းမှာ တခြားဝှက်ဖဲတွေ ရှိတယ်ဆိုတာ ငါသိတယ် ... မြန်မြန်ထုတ်သုံးဖို့ အကြံပေးပါရစေ မဟုတ်ရင် မင်းမှာနောက်ထပ် အခွင့်အရေး ရှိလာတော့မှာ မဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်၏။

ရောင်ဝါသည် ကြောက်မက်ဖွယ် ကောင်းသောမီးတောက်အဖြစ် ကောင်းကင် တခွင် ပြည့်လျှံသွား၏။

သူ့လက်ထဲမှ သွေးနီရောင် ကောင်းကင် ဓားသည် သွေးချောင်းစီးရန် တောင့်တနေသော ညည်းညူသံကဲ့သို့ အော်မြည်သံတိုးတိုး ထုတ်လွှတ်လာ၏။

ဤတိုက်ပွဲတစ်လျှောက်လုံး ဟောင်ယောင်းသည် အလွန်မာနထောင်လွှား နေပုံရသော်လည်း သူသည် အလွန်သတိကြီးစွာ ထိန်းသိမ်းထားဆဲဖြစ်သည်။

သူ၏ နှစ်ပေါင်းများစွာ လေးစား အားကျခဲ့ရသော ဤဆရာနှင့်ဆက်ဆံရာတွင် ပေါ့လျော့စွာ မနေနိုင်ချေ။ မဟုတ်ပါက ရှုံးနိမ့်သွားမည်မှာ သေချာ၏။

“ ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းရဲ့ဓားပညာမှာ အားနည်းချက်တွေရှိတယ် ပင်းမိုနဲ့ ချင်းတျန်ထက် နိမ့်ကျရုံသာမကဘူး ရွှမ်းနင်ထက်တောင် နိမ့်ကျနေသေးတယ်။ ”

အဆုံးတွင် စုရီက စိတ်ပျက်လက်ပျက်အသွင်ဖြင့် မှတ်ချက်ပေး ပြောကြားလိုက်၏။

သူသည် ပြင်းထန်စွာဒဏ်ရာရရှိပြီး ဝတ်ရုံစတွင် သွေးများစွာ စွန်းနေသော်လည်း မထီမဲ့မြင်ပြုနေဆဲပေပင်။ ထိုစကားများသည် ဟောင်ယောင်နှလုံးသားကို ဓားတစ်လက်လို ထိုးဖောက်သွား၏။

တခြားတစ်ယောက်ယောက်က ထိုစကားများကိုပြောခဲ့သော် ဟောင်ယောင်းမှ လှောင်ပြောင်မိပေမည်။ ယခုမူ ထိုဆရာထံမှ မှတ်ချက်ဖြစ်သဖြင့် သူ့အတွက်တုန်လှုပ်ရ၏။

“ ဆရာ၊ မင်းက ငါဟာ အဲဒီကောင်လေး ရွှမ်းနင်လောက်တောင် အရည်အချင်းမရှိဘူးလို့ တကယ် ပြောနေတာလား ... ဟားဟားဟား၊ အဲဒါက အရမ်းရယ်စရာကောင်းတာပဲ။ ”

... မင်း ငါ့ကို ဆွပေးနေတာ ငါသိတယ် ငါ့ရဲ့တည်ငြိမ်မှုပျောက်ဆုံးခဲ့ရင် အားနည်းချက် တစ်ခု ပေါ်လာတဲ့အခါ ... အခွင့်ကောင်း ယူချင်နေတာ မဟုတ်လား။ ”

ထို့နောက် ဟောင်ယောင်းက အသက် ပြင်းပြင်းရှူကာ၊

“ ဒါပေမယ့် ဒီစကားကို ငါမှတ်ထားမယ် နောက်မှ ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းကိုယ်တိုင် ပြန်ယူခိုင်းမယ် ... ဟမ့်။ ”

စကားဆုံးသည်နှင့် ဒေါသတကြီး လှမ်းတက်လာကာ ခုတ်ပိုင်းချလိုက်တော့၏။ တောင်နှင့်မြစ်များ နိမ့်ဆင်းသွားကာ ဖိနှိပ်မှု စွမ်းအားက စုရီအပေါ် ပြိုကျလာသည်။

ဤသည်မှာ ရွှမ်ယုဧကရာဇ် ဖိအားပေပင်။ သာမန်ဝိညာဉ်တာအိုနယ်ပယ် ကျွမ်းကျင်သူများ ဝိညာဉ်ကိုအလွယ်တကူ ပျက်သုဉ်းနိုင်၏။

“ သွား ... ။ ”

စုရီက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ လေးထောင့်အနက်ရောင် တာအိုတံဆိပ်တစ်ခု ကောင်းကင်ပေါ် ပျံတက်လာ၏။

လွှမ်းမိုးပြီး တောက်ပလွန်းသော နတ်ဘုရားအလင်းရောင်များ ပေါက်ကွဲလာပြီး ကောင်းကင်နှင့်မြေကြီး တုန်ခါလာ၏။ ရှင်ခြင်းနှင့်သေခြင်း ဗုဒ္ဓတံဆိပ်။

ကောင်းကင်ကိုးပါးနန်းတော်၏ ပထမလွတ်မြောက်သူ ကိုယ်တိုင်ဖန်တီးသော အမြင့်မြတ်ဆုံး ရတနာပေပင်။ စွမ်းအားသည် ကြောက်စရာကောင်းပြီး အကန့်အသတ်မဲ့၏။

“ ဝူးရှရ် ... ။ ”

အရေးအကြီးဆုံးမှာ ထိုရတနာတွင် ငရဲဘုံကိုးပါးဓားရောင်ဝါကြိုးမျှင်ကို တွန့်ဆုတ်မှု မရှိဘဲ ထည့်သွင်းအသုံးပြုခဲ့သည်။ တံဆိပ်သည် ရှေးဟောင်းနတ်တောင်ကြီး ကမ္ဘာမြေအပေါ် ဆင်းသက်လာသလိုပေပင်။

“ ဟမ့် ... ။ ”

ဟောင်ယောင်းက သွေးနီရောင် ကောင်းကင်ဓားကို လွှဲလျက် စုရီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားလိုက်သည်။

“ ဝုန်း ... ။ ”

သွေးနီရောင် ကောင်းကင်ဓားသည် ညည်းတွားသံပြုကာ ရောင်ဝါများပြိုကျလျက် ဟောင်ယောင်းတစ်ယောက် လေဟာနယ် အတွင်း ပြုတ်ကျသွား၏။

တံဆိပ်စွမ်းအားသည် အရမ်း ကြောက်စရာကောင်းပြီး ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံမှုဖြင့် မည်သို့ အသုံးပြုနိုင်သည်ကို နားမလည်နိုင်တော့ချေ။ မယုံနိုင်စရာ ပေပင်။

“ ဟမ့် ... ။ ”

ဟောင်ယောင်းခမျာ ဆက်တွေးရန် အချိန်မရှိချေ။ ရှင်ခြင်းနှင့် သေခြင်းတံဆိပ်မှာ ထပ်မံပြုတ်ကျလာပြီဖြစ်သည်။ ကိုယ်ဟန်ကို ချက်ချင်းထိန်းညှိလျက် မှန်တစ်ချပ်လို အက်ကွဲ လာနေသောလေဟာနယ်ထံ ဓားချက်များ တွန်းထုတ်လိုက်ရသည်။

“ သွား ... ။ ”

နှုတ်ခမ်းမှ သွေးစများကိုပင် မသုတ်နိုင်တော့ဘဲ နတ်မီးတောက်များ လောင်မြိုက်ထားရ၏။ ယင်းသည် မလုံလောက်သေးချေ။

ပါးစပ်ဟကာ ကြည်လင်သော ကြေးဝါရောင်မီးအိမ်ငယ်တစ်လုံးကို ထွေးထုတ် လိုက်၏။

မီးအိမ်ငယ်သည် လေထုအလယ် ရောက်ရှိလာချိန်တွင် တရွေ့ရွေ့ကြီးထွားလာပြီး ၎င်းမျက်နှာပြင်ပေါ်ရှိ နဂါးကိုးကောင်သည် ဦးခေါင်းများမော့လျက် ကောင်းကင်ပေါ် ဟိန်းဟောက်လိုက်ကြသည်။

မီးစာအတွင်းမှ တောက်ပသော ရွှေရောင်နတ်ဘုရားမီးတောက်များ ချက်ချင်း လောင်မြိုက်လာကာ ပတ်ဝန်းကျင်အမှောင်ကို ဖယ်ရှားလျက် နေ့ခင်းကဲ့သို့လင်းစေသည်။

“ နဂါးကိုးကောင် နတ်မီးအိမ်။ ”

စုရီမှ မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ နက်နဲမီးတောက် ကိုးပါးပါဝင်သော မီးအိမ်ဖြစ်၏။ ယခင်ဘဝ၌ သူ့ရတနာပေပင်။ မီးပွားတစ်ပွင့်တည်းဖြင့်ပင် တောင်နှင့် မြစ်များကို ပြာချနိုင်သည်။

“ သွား ... ။ ”

ဟောင်ယောင်း ဟိန်းဟောက်လိုက်၏။

“ ဝုန်း ... ။ ”

နဂါးကိုးကောင် နတ်မီးအိမ်မှ နေကဲ့သို့ တောက်ပသော ခရမ်းရောင်မီးတောက်များဖြင့် ရှင်ခြင်းနှင့် သေခြင်းဗုဒ္ဓတံဆိပ်အပေါ် အရည်ဖျော်ရန် ကြိုးစားတော့၏။

“ ဝရူး ... ။ ”

ချက်ချင်းပင် ကောင်းကင်နှင့်မြေကြီး ပြိုကျသွားသည်။ နတ်မီးတောက်များက တံဆိပ် အပေါ် အဆက်မပြတ် ဖိနှိပ်ထားပြီး ရတနာကို တင်းကြပ်စွာချုပ်နှောင်၏။ ကျဆင်းလာသော မီးပွားများသည် ပတ်ဝန်းကျင်ရှိ တောင်နှင့် မြစ်များကို ပြာအဖြစ်ပြောင်းစေသည်။

“ လာခဲ့ ... ။ ”

ဟောင်ယောင်း၏ ဆံပင်များ မီး‌တောက်လောင်လျက်ဖြင့် လက်မြှောက်ကာ လေထဲလှမ်းဆွဲလိုက်သည်။ လေထုအလယ် မမြင်နိုင်သော လက်တစ်စုံဖြင့် ဖမ်းဆုပ်လိုက် သကဲ့သို့ တံဆိပ်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေတော့၏။

“ ဝေါ့ ... ။ ”

အကျိုးဆက်အနေဖြင့် စုရီတစ်ယောက် တုန်ရင်သွားပြီး သွေးများအန်ထုတ်လိုက်သည်။ ဟောင်ယောင်းမှ ကျယ်လောင်စွာ ရယ်မောလျက်၊

“ ဟားဟားဟား ... ဆရာ၊ မင်းအရမ်း ဒေါသထွက်ပြီး သွေးအန်တာလား ဒီရတနာက ခင်ဗျားလက်ထဲရောက်နေတာ နှမြောစရာပါ ... ဝက်တွေရှေ့မှာ ပုလဲတစ်လုံးချထားသလိုပဲ၊ ...

... အဖိုးတန် အရင်းအမြစ်တစ်ခုကို အလဟဿဖြုန်းတီးနေတာမို့ ခင်ဗျားတပည့်က လုံခြုံအောင်သိမ်းထားပေးပါ့မယ်။ ”

“ ဝူး ... ။ ”

သို့သော် သူ့စကားမဆုံးခင်မှာပင် ပေပေါင်းများစွာအကွာရှိ ရှင်ခြင်းနှင့်သေခြင်း ဗုဒ္ဓတံဆိပ်သည် နားကွဲမတတ်အော်မြည်ကာ ချုပ်နှောင်မှုအတွင်းမှ ရုန်းထွက်တော့၏။

“ အသက်ဝင် ... ။ ”

ဟော်ယောင်းမှ အတင်းအပျက် ဆွဲယူလိုက်သည်။ ထိုမြင်ကွင်းကြောင့် စုရီက အေးစက်သော အရိပ်အယောင် ဖြစ်ပေါ်လာကာ ငရဲဘုံကိုးပါးဓားကြိုးမျှင်ကို ဖောက်ကွဲပစ်၏။

“ ရွှီ ... ။ ”

ရှင်ခြင်းနှင့် သေခြင်း ဗုဒ္ဓတံဆိပ်ရှိ ဓားရောင်ဝါသည် ကြောက်မက်ဖွယ်အရှိန်ဖြင့် ပေါက်ကွဲကာ တံဆိပ်သည် ဟောင်ယောင်းထံ လျင်မြန်စွာပြေးဝင်တော့သည်။

“ ဝုန်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဟောင်ယောင်းခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလျက် အရေပြားအက်ကွဲကာ သွေးများပန်းထွက်လာခဲ့၏။

မီးခိုးငွေ့များဖုံးလွှမ်းနေပြီး ဆံပင်များ ဖရိုဖရဲဖြစ်လာကာ အလွန်စိတ်ဆင်းရဲစရာပုံမျိုး ပေါက်နေခဲ့ချေပြီ။ သို့သော် စုရီမှ မျက်မှောင်ကြုတ်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ထိုမျှသော အရေးကြီးသည့်အချိန်တွင် ရှင်ခြင်းနှင့် သေခြင်း ဗုဒ္ဓတံဆိပ်ကို ကြေးဝါချပ်ဝတ်တစ်ထည်မှ ပိတ်ဆို့ထားခြင်းကြောင့်ဖြစ်၏။

ဟောင်ယောင်းခမျာ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းမှ လွတ်မြောက်သွားလေသည်။ ကြေးဝါချပ်ဝတ်သည် ငွေရောင်တာအိုရူရ်များ အသက်ဝင်လျက် ဟောင်ယောင်းပတ်လည်တွင် အလင်းစက်ဝန်းအဖြစ် ဖန်တီးပေးထား၏။

“ ငွေမီးလျှံ ကောင်းကင်ချပ်ဝတ်။ ”

ဤသည်မှာ နဂါးကိုးကောင် နတ်မီးအိမ်ကဲ့သို့ပင် သူ စုဆောင်းထားခဲ့သော ရတနာတစ်ခုဖြစ်သည်။ အလွန်မာကျောသည့် ခုခံကာကွယ်နိုင်စွမ်းများရှိ၏။

ရွှမ်ယုဧကရာဇ်တစ်ပါး၏ ခွန်အား အပြည့်ဖြင့် တိုက်ခိုက်မှုများကို အလွယ်တကူ ပျက်ပြယ်သွားစေနိုင်မည်။

“ သေစမ်း ... ။ ”

ဟောင်ယောင်းခမျာ မျက်နှာတပြင်လုံး ပြာနှမ်းသွားပြီး မျက်ဝန်းများ၌ အေးစက်စက် အရိပ်အမြွက်များပေါ်လာ၏။ သူ့လက်ထဲတွင် မှိန်ဖျော့နေသော ရှင်ခြင်းနှင့်သေခြင်းတံဆိပ်ကို ဆုပ်ကိုင်ထား၏။

“ ဆရာ၊ မင်းဒီလိုရုန်းကန်နေတာ ဘာအသုံးဝင်မှာလဲ ဒီတံဆိပ်ကဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါ နှိမ်နင်းနိုင်ပြီမြင်လား။ ”

“ ခရစ် ... ။ ”

စကားဆုံးသည်နှင့် ရှင်ခြင်းနှင့် သေခြင်း ဗုဒ္ဓတံဆိပ်ကို သိမ်းဆည်းရန် လုပ်နေလေသည်။ ထိုစဉ် တံဆိပ်ထဲရှိ ငြိမ်သက်နေသော စွမ်းအား တစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

“ ဝုန်း ... ။ ”

“ မကောင်းတော့ဘူး။ ”

မမျှော်လင့်ထားသော အဖြစ်အပျက်က ဟောင်ယောင်းကို လုံးဝအံ့အားသင့်သွားစေ၏။ တံဆိပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် လက်ချောင်းများ စုတ်ပြတ်သွားချေပြီ။

ဟောင်ယောင်းတစ်ယောက် အလျင်အမြန်ဆုတ်ခွာလိုက်၏။ အနက်ရောင် ဝတ်ရုံနှင့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အဖိုးကြီး တစ်ယောက် လေထဲဖြစ်ပေါ်လာသည်။

သူ ထွက်ပေါ်လာချိန်တွင် ကြောက်စရာကောင်းသည့် ဖိအားတစ်ခု ဆင်းသက်လာသည်။ ဆုတ်ခွာသွားနေသော ဟော်ယောင်းပင် နှလုံးသားတုန်ခါသွား၏။

“ ဘယ်လောက်တောင် အစွမ်းထက်တဲ့ စိတ်ဆန္ဒစွမ်းအားလဲ ... ဒီအဘိုးကြီးမှာ ဘယ်လို ကျင့်ကြံမှုအဆင့်ရှိလဲ။ ”

စုရီတစ်ယောက် အဘိုးအိုကိုကြည့်ကာ မျက်ဝန်းများမှေးစင်းသွားလေသည်။ ရှင်ခြင်းနှင့် သေခြင်းဗုဒ္ဓတံဆိပ်အတွင်း အစွမ်းထက်သော ဆန္ဒတစ်ခုရှိနေသည်ကို ခံစားနိုင်ပြီးဖြစ်၏။

၎င်းသည် ကောင်းကင်ကိုးပါးနန်းတော်၏ ပထမလွတ်မြောက်သူချန်ထားခဲ့သော ဝိညာဉ် အပိုင်းအစဖြစ်လေသည်။

***

All Chapters