မင်းလိုသားရဲအတွက် စစ်မှန်တဲ့ စိတ်ပျက်အားငယ်မှုကို ခံစားခွင့်ပေးမယ်။
Vol. 66 Ch. 785
ဟော်ယောင်းသည် ဤပထမ လွတ်မြောက်သူကို မသိချေ။ ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကိုမူ ခံစားနိုင်သည်။
“ သွား ... ။ ”
ချက်ချင်းအင်္ကျီလက်ကို လှုပ်လိုက်ရာ နဂါးကိုးကောင်နတ်မီးအိမ်မှ တောက်ပလာပြီး ပြင်းပျသော ခရမ်းရောင်မီးတောက်များ တောက်လောင်လာသည်။
“ ဝှစ် ... ။ ”
အနက်ဝတ်အဘိုးကြီး၏ နဖူးတွင်လည်း အေးစက်သော အလင်းတန်းတစ်ခု ပေါ်လာပြီး ရုတ်တရက် လက်ဖဝါးဖြင့် ခုတ်ပိုင်းလာ၏။
ကောင်းကင်ဆန္ဒဥပဒေ ရောင်ဝါဖြင့် ပြည့်နှက်နေသော အနက်ရောင်ဓားအလင်း တစ်လက် ပြေးထွက်လာသည်။
“ ဟမ့် ... ။ ”
လွှမ်းမိုးလွန်းသော ခရမ်းရောင် နတ်မီးလျှံများသည် ချက်ချင်း နှစ်ခြမ်းကွဲသွား တော့၏။ တစ်ဖက်တွင် အနက်ရောင်ဓားသည် အရှိန်အဟုန် မလျော့ပါးဘဲ ဟော်ယောင်းထံ ဆက်လက်ပြေးဝင်လာသည်။
“ ပိတ်ဆို့ ... ။ ”
ထိုသို့ထိတ်လန့်ဖွယ်မြင်ကွင်းသည် ဟော်ယောင်း၏အမူအရာကို အလွန်တည်ငြိမ် သွားစေ၏။ ချက်ချင်း ကြေးဝါဒိုင်းတစ်ခု ပေါ်လာပြီး ဓားကိုခံယူလိုက်ရသည်။
“ ဒေါင် ... ။ ”
ကြေးဝါဒိုင်းမျက်နှာပြင်ပေါ်ရှိ သဘာဝတာအိုရူရ်များဖြင့် ဖွဲ့စည်းထားသော အဖြူအမည်း ငါးနှစ်ကောင်သည် တစ်ကောင် နှင့်တစ်ကောင် လိုက်ဖမ်းတော့၏။
“ ဘန်း ... ။ ”
ဤသည်မှာ မူလနတ်ဘုရား ယင်ယန်ဒိုင်းပေပင်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဟော်ယောင်း ခန္ဓာကိုယ် ပြင်းစွာယိမ်းထိုးသွား၏။
ဒိုင်းကိုင်ထားသော လက်ချောင်းများ ပျက်စီးလျက် သွေးများပွက်ပွက်ဆူသွားခဲ့သော် ငြားလည်း ဓားအလင်းကို အောင်မြင်စွာဖြင့် တားဆီးနိုင်လိုက်သည်။
အနက်ရောင်ဝတ် အဖိုးကြီးသည်ပင် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းလျက် အံ့အားသင့်သွားတော့၏။ သူ မမျှော်လင့် ထားသည်မှာ မြင်သာသည်။
“ မင်းလို ရွှမ်ယုအဆင့်ရဲ့ တစ်စုံတစ်ယောက်က ဒီလောက် မွေးရာပါ နတ်ဘုရားပစ္စည်းတွေ အများကြီးကို ပိုင်ဆိုင် ထားလိမ့်မယ်လို့ ငါမထင်ထားဘူး။ ”
သွေးနီရောင်ကောင်းကင်ဓား၊ နဂါးကိုးကောင်နတ်မီးခွက်၊ မူလနတ်ဘုရား ယင်ယန်ဒိုင်းနှင့်၊ ငွေမီးတောက်ချပ်ဝတ် စသည့် မည်သည့် ရတနာမဆို ရှားပါးအဆင့်ဝင်၏။
ထိုရတနာတစ်ပါးသည်ပင် ဧကရာဇ်တစ်ပါးအတွက် တန်ဖိုးမဖြတ်နိုင်ချေ။ ယခုမူ ဟော်ယောင်းတစ်ယောက်တည်း၌ ရတနာလေးပါး ပိုင်ဆိုင်ထား၏။
“ အဘိုးကြီး၊ မင်းမသိတဲ့အရာတွေ အများကြီးရှိတယ် ပြီးတော့ မင်းလိုဆန္ဒဝိညာဉ် အပိုင်းအစတစ်ခုက တကယ်ပဲ ပြိုင်ဘက်ကင်း လုပ်ဆောင်နိုင်တယ်လို့ ထင်နေတာလား။ ”
ဟောင်ယောင်းက အော်ဟစ်လျက် မျက်လုံးများနီရဲကြမ်းတမ်းလာကာ သတ်ဖြတ် ချင်စိတ်များ ပြည့်နှက်လာတော့၏။
အဆုံးတွင် ဟောင်ယောင်းသည် နတ်လျှပ်စီးအလား အနက်ဝတ် အဖိုးကြီးထံသို့ ဦးတည်ပြေးဝင်လိုက်သည်။
တစ်ဆက်တည်းမှာပင် စုတ်ပြတ်နေသော ညာဘက်လက်ချောင်းများသည် နွေဦးရာသီတွင် ပွင့်လန်းလာနေသော ပန်းပွင့်များအလား အသစ်ပြန်ပေါက်လာ၏။
“ ဘရူး ... ။ ”
သွေးနီရောင်ကောင်းကင်ဓားက မြည်သံပြုလျက် နဂါးကိုးကောင်နတ်မီးအိမ် အလင်းနှင့် ယှက်သိုင်းလာသည်။
မီးမိစ္ဆာတစ်ကောင်ကဲ့သို့ စွမ်းအားသည် အံ့မခန်းဖြစ်နေပြီး ရက်စက်ကြမ်းကြုတ်သော အသွင်ဆောင်အပြည့်ရှိ၏။
သို့သော် အနက်ဝတ်အဖိုးကြီးသည် စိတ်မဝင်စားဘဲ ထူးဆန်းပြီး ခန့်မှန်းရခက်သော လျှို့ဝှက်နည်းစနစ်ကို ထုတ်လွှတ်ပြန်၏။
“ မစဉ်စားနဲ့ ... ။ ”
“ ဟိတ် ... ။ ”
“ ဝုန်း ... ။ ”
ခဏအတွင်းမှာပင် လေဟာနယ်အတွင်း အပေါက်များပြည့်နှက်လာပြီး ပြင်းထန်သော တိုက်ပွဲကြီး ပေါ်ပေါက်လာခဲ့သည်။
ဟော်ယောင်း၏ ကြမ်းကြုတ်သော မာနတရားသည် အနက်ဝတ်အဖိုးကြီးထံပါးမှ လျစ်လျူရှုသော အကြည့်များအောက်၌ သိသိသာသာ ပေါက်ကွဲလာသည်။
တိုက်ပွဲကြောင့် ကောင်းကင်တခွင် မှောင်မိုက်ပြီး လရောင်ခြည်များ မှုန်ဝါးကုန်၏။ တောင်နှင့်မြစ်များ ပြိုကျပျက်စီးကာ ညှိုးနွမ်းသွားခဲ့သည်။
ကောင်းကင်တခွင် တုန်ဟည်းလျက် ဟိန်းဟောက်သံများရောနှောပြီး မြေပြင်အနှံ့ လှိုင်းထသွားတော့၏။
စုရီမှ ဆုတ်ခွာသွားခြင်းမရှိချေ။ တိုက်ပွဲအပေါ် တည်ငြိမ်စွာ စောင့်ကြည့်နေ၏။ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းမရှိဘဲ အမူအရာ တည်ငြိမ်လွန်းနေသည်။
ပထမလွတ်မြောက်သူ၏ ဆန္ဒဝိညာဉ်မှ အသုံးပြုနေသော ကောင်းကင်ဆန္ဒဥပဒေတွင် အံ့မခန်းစွမ်းအားများရှိ၏။
ယင်းသည် စတုတ္ထမြောက် အာဏာပါးကွက်သားဟုန်ယင်ထက် များစွာ သာလွန်လေသည်။
ဟော်ယောင်းသည်သာ မွေးရာပါ နတ်ဘုရားရတနာများ မပိုင်ဆိုင်ထားခဲ့သော် ဤသို့ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
သို့သော် တစ်ဖက်တွင် ဆန္ဒဝိညာဉ်၌ အားနည်းချက်များလည်း ရှိနေသေးသည်။ ၎င်းသည် အကန့်အသတ်ရှိပြီး ကြာရှည် မခံနိုင်ခြင်းဖြစ်၏။
“ ဝုန်း ... ။ ”
အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာကာ စွမ်းအင်လှိုင်းများအားလုံး အရပ်ရပ်သို့ ပြန့်ကားကုန်၏။
ဟော်ယောင်းတစ်ယောက် အလွန် ရက်စက်ကြမ်းကြုတ်စွာ တိုက်ပွဲဝင်သော်လည်း အနက်ဝတ်အဖိုးအိုနှင့် ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်း မရှိချေ။ လက်ရှိခွန်အားဖြင့် သူ့ပြိုင်ဘက်ကို အနိုင်ယူ၍မရနိုင်ကြောင်း သိရှိထားရာ အချိန်ဆွဲရန်ကြိုးစားနေ၏။
အနက်ဝတ် အဖိုးကြီးသည်လည်း ဟော်ယောင်းကို စိတ်ကြိုက်ပြုလုပ်ခွင့်မပေးဘဲ အစွမ်းထက်ဆုံးနည်းလမ်းများ အသုံးပြု၍ ချက်ချင်းဖျက်ဆီးရန်ကြိုးစားသည်။
မျက်စိတမှိတ်အတွင်း ဟော်ယောင်း တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရရှိလာခဲ့ပြီး သွေးများဖြင့် ရဲနေတော့သည်။
ဒဏ်ရာများသည် အသက်အန္တရာယ် ထိခိုက်စေခြင်းမရှိသော်လည်း သနားစဖွယ် ကောင်းချေ၏။
“ ဟမ့် ... မင်းရဲ့အစစ်အမှန် ခန္ဓာကိုယ်သာဆိုရင် ငါနည်းနည်းသတိထား နေရလိမ့်မယ် အခုတော့ ... မင်းရဲ့ ဆန္ဒဝိညာဉ် စွမ်းအားနဲ့ ငါ့ကိုဘာများလုပ်နိုင်မှာလဲ။ ”
ဟော်ယောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ရောင်ဝါများ မြင့်တက်လာပြီး တိုက်ပွဲအဟုန်ကို မြင့်တင်လိုက်၏။
ပြိုင်ဘက် အနက်ဝတ် အဖိုးကြီး၏ စွမ်းအားများ တဖြည်းဖြည်း အားနည်းလာ သည်ကို သူ ခံစားမိသည်။
“ သားရဲကောင် ... ငါ့ရဲ့အစစ်အမှန် ခန္ဓာကိုယ်သာဆိုရင်လည်း မင်းလိုအရိုင်းအစိုင်း အပေါ် သုံးကြိမ်ထက်ပိုပြီး လှုပ်ရှားဖို့တောင် မလိုပါဘူး။ ”
အနက်ဝတ်အဖိုးအို၏ မျက်လုံးထဲ အေးစက်သော အရိပ်အယောင်ပေါ်လာသည်။ အဆုံး၌တိုက်ပွဲကို လက်စသပ်ရန် အမိန့်တစ်ခု ရွတ်ဆိုကာ အင်္ကျီလက်ဝှေ့ယမ်းလိုက်၏။
“ လာခဲ့ ... ။ ”
“ ဝူး ... ။ ”
ရှင်ခြင်းနှင့် သေခြင်းဗုဒ္ဓတံဆိပ်သည် ဟိန်းဟောက်ပြီး ပေတစ်သောင်းအမြင့်ရှိသော အနက်ရောင်မီးတောက်များဖြင့် လေထုအလယ် ပျံဝဲလာတော့၏။
ပတ်ဝန်းကျင်မြေပြင်သည် ပြင်းစွာ တုန်ယင်လျက် ကောင်းကင်ကြီးပြိုကျတော့မည့် အလား ထင်မှားလာစေသည်။
ဟော်ယောင်း၏ အကြည့်များခမျာ မှေးစင်းသွားကာ မျက်မှောင်ကြုတ်သွားသည်။ ဤလူအိုကြီးနှင့် အရဲစွန့်ပြီး လောင်းကစား လုပ်ရန် မစောင့်နိုင်တော့ချေ။
“ ပုရွက်ဆိတ်လေး မင်းပြောတာ မှန်တယ်၊ ငါက တကယ်ပဲဆန္ဒဝိညာဉ်ရဲ့ စွမ်းအားတစ်ခုပါ ဒီဆန္ဒဝိညာဉ်ကို ကနဦးရွှမ်ဟဲအဆင့်မှာ ချန်ထားခဲ့ပေမယ့် ... မင်းလိုလူကို ဆက်ဆံဖို့တော့ မခက်ပါဘူး။”
စကားဆုံးသည်နှင့် အနက်ဝတ် အဘိုးအိုသည် နတ်မီးတောက်များ လောင်ကျွမ်း သွားပြီး အလင်းရောင်အဖြစ် ပြောင်းလဲကာ တံဆိပ်ထဲပြေးဝင်သွားတော့သည်။
“ ရွှီး ... ။ ”
ရှင်ခြင်းနှင့် သေခြင်းဗုဒ္ဓတံဆိပ်သည် အဆုံးမရှိ အနက်ရောင် အလင်းရောင်ခြည်များ ထုတ်လွှတ်နေသည့် နေမင်းအဖြစ် ပြောင်းပြီး ဟောင်ယောင်းထံ ပြေးဝင်သွား၏။
“ လူယုတ်မာအဘိုးကြီး ... ။ ”
ဟောင်ယောင်းမှ မျက်နှာအမူအရာ ပြောင်းလဲသွားကာ တွန့်ဆုတ်ခြင်းမရှိတော့ဘဲ ချက်ချင်း ရှောင်တိမ်းလိုက်ရ၏။
“ ရွှပ် ... ရွှပ် ... ရွှပ်။ ”
တစ်ဆက်တည်းမှာပင် သွေးနီရောင် ကောင်းကင်ဓားကို မုန်တိုင်းတစ်စင်းလို လွှဲပြီး မီးတာအိုဥပဒေအလွှာ (၃၃ )လွှာတိတိ ဖန်တီးလိုက်သည်။
“ ဝုန်း ... ။ ”
ထို့နောက် နဂါးကိုးကောင် နတ်မီးအိမ် သည်လည်း ခရမ်းရောင်မီးလျှံများ ပေါက်ကွဲပြီး ကြီးမားသော ကြာပန်းတစ်ပွင့်အဖြစ် သူ့အပေါ် ဖုံးလွှမ်းပေးလာသည်။
သည့်ပြင် လွတ်လပ်နေသော ဘယ်ဘက်လက်ဖြင့်လည်း မူလနတ်ဘုရား ယင်ယန်ဒိုင်းကို အသက်သွင်းလိုက်၏။
သို့တိုင် မသက်မသာဖြစ်စေသဖြင့် ခန္ဓာကိုယ်ပေါ်ရှိ ငွေမီးတောက်ချပ်ဝတ်အတွင်းရှိ တာအိုရူရ်များထံ ဆက်သွယ်ထားခဲ့သည်။
အဆုံးတွင် လျှာကို ကိုက်လိုက်ပြီး သွေးနှင့်ချီကိုလောင်မြိုက်စေရာ သွေးမြူများ ချက်ချင်းပေါ်လာ၏။
“ မီးလျှံသွေးဓားဒိုမိန်း ... ။ ”
ဤသည်မှာ ဟော်ယောင်း၏မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်ပြီး သွေးနှင့်ချီပေးဆပ် ဖန်တီးရချေသည်။ ပြိုင်ဘက်ကင်း မီးတာအို ဥပဒေဒိုမိန်းတစ်ခုဖြစ်၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ဗုဒ္ဓတံဆိပ်သည် အနက်ရောင်နေမင်းနှင့် ဦးစွာတိုက်မိသွား၏။ ပေါက်ကွဲသံကြီး ကောင်းကင်နှင့် မြေကြီးကြား ပြင်းစွာတုန်ခါသွားသည်။
“ ဝုန်း ... ။ ”
“ ဘောင်း ... ဘောင်း ... ဘောင်း။ ”
သည့်နောက် နဂါးကိုးကောင်နတ်မီးအိမ်မှ ဖွဲ့စည်းထားသော ခရမ်းရောင်မီးကြာပန်းသည် အတင်းအကျပ် ချိုးဖြတ်ခံလိုက်ရ၏။
“ ခရစ် ... ။ ”
တစ်ဆက်တည်းမှာပင် ဓားနံရံ(၃၃)ခုနှင့်၊ မူလနတ်မီးတောက် ယင်ယန်ဒိုင်းကျိုးပဲ့သွားကာ ဘယ်ဘက်လက်တစ်ခုလုံး ကြေမွလျက်ဖြင့် သွေးများ ပက်ဖြန်းသွားသည်။
“ ဝုန်း ... ။ ”
ယင်းသည် အဆုံး မဟုတ်သေးချေ။ ဗုဒ္ဓတံဆိပ်သည် မီးလျှံသွေးဓားဒိုမိန်းအတွင်းသို့ ဝင်ရောက်လာကာ ဟောင်ယောင်းရင်ဘတ်ကို ထိမှန်သွားတော့၏။
ဟောင်ယောင်းတစ်ယောက် တောင်တန်းကြီးတစ်လုံးဖြင့် ရိုက်နှက်ခံလိုက် ရသကဲ့သို့ လွင့်စင်သွားချေပြီ။
သူ့ခန္ဓာကိုယ်ရှိ မီးတာအိုဥပဒေ အတားအဆီးအလွှာများ ပေါက်ကွဲသွားကုန်ကာ ငွေမီးတောက်သံချပ်အသက်ဝင်လျက် ရင်ဘတ် တဝိုက် အရိုးများ ကျိုးကြေကုန်သည်။
“ ဘုန်း ... ။ ”
ဒွါရခုနစ်ပါးမှလည်း သွေးများ စီးကျကာ မျက်နှာတပြင်လုံး သေမင်းတမန် ဖြူဖျော့လျက် အဆုံးတွင် မြေကြီးပေါ် ပြုတ်ကျပြီး ဖုန်မှုန့်များ ထောင်းထောင်းထသွားတော့၏။
တစ်ဖက်တွင် ထိုသို့ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်လွန်းသော ဗုဒ္ဓတံဆိပ်သည် ပြင်းစွာတုန်ခါသွားပြီး အလင်းများ မှေးမှိန်သွားချေပြီ။
ပထမလွတ်မြောက်သူသည် သူ့ဆန္ဒဝိညာဉ်ကို လောင်ကျွမ်းစေခဲ့သော်လည်း ဟောင်ယောင်းကို မသတ်နိုင်ခဲ့ချေ။
တိုက်ပွဲမြေပြင်သည် မီးတောက်ပေါက်ကြီးအလား မီးခိုးနှင့်ဖုန်မှုန့်များ တလူလူထွက်နေပြီး ပျက်စီးသွား၏။
“ ဟားဟားဟား ... ။ ”
ရုတ်တရက် ထိုမီးတောင်ပေါက်ကြီး အတွင်းမှ ဟောင်ယောင်း၏ ရယ်သံများမှာ ပဲ့တင်ထပ်လာခဲ့သည်။
“ ဆရာ၊ မင်းရဲ့ဝှက်ဖဲက တကယ့်ကို ကြောက်စရာကောင်းလွန်းပါတယ် ဒါပေမယ့် ဘယ်လောက်တောင် ...
... နှမြောစရာကောင်းလိုက်လဲ အဲဒီလူအိုကြီးက ဆရာ့တပည့်ကို မသတ်နိုင်ဘူး ဆရာ့တပည့်အတွက် ဂုဏ်ယူသင့်တယ် ... ဟားဟားဟား။ ”
စကားဆုံးသည်နှင့် ဟောင်ယောင်း၏ ပုံရိပ်သည် ထိုအက်ကြောင်းအတွင်းမှ ဝုန်းခနဲ ပျံထွက်လာတော့၏။
အဝတ်အစားများ စုတ်ပြဲနေပြီး ဆံပင်ရှည်များပွထနေကာ ရင်ဘတ်ကြီးတွင် ထိတ်လန့်စရာ အပေါက်ကြီးတစ်ခု ဖြစ်နေ၏။
ထိုအသွင်သည် ငရဲမှထွက်လာသော မိစ္ဆာတစ်ကောင်ကဲ့သို့ထင်ရစေ၏။ သွေးနီရောင် မျက်လုံးများဖြင့် စုရီကိုစိုက်ကြည့်ကာ၊
“ လုပ်ပါ ... ကျန်တဲ့ဝှက်ဖဲတွေ ထုတ်ပါဦး။ ”
-ဟု ဖိတ်ခေါ်လေသည်။
ထိုအသံသည် ကောင်းကင်နှင့် မြေကြီးကြား ပဲ့တင်ထပ်နေစဉ် ခန္ဓာကိုယ်အပေါ် ကိုးပါးသော ရောင်စဉ်များ သိုင်းခြုံလာ၏။
အဆုံး၌ ကြောက်စရာကောင်းသော ဒဏ်ရာများသည် မြင်သာလွန်းသော အရှိန်ဖြင့် သိသိသာသာ ပျောက်ကင်းသွားချေပြီ။ မယုံနိုင်စရာဖြစ်၏။
စုရီက မျက်မှောင်ကြုတ်သွား၏။ ဤသည်မှာ ယခင်ဘဝတွင် ဆေးဖက်ဝင်အပင် ထောင်ပေါင်းများစွာနှင့် သန့်စင်ထားခဲ့သည့် ဖန်ဆင်းခြင်းကိုးပါး ဖြစ်သည်။
ပထမတန်းစား နတ်ဘုရားအဆင့် ဆေးပြားဖြစ်ပြီး ဆေးတစ်ပြားရရှိရန် ရာစုနှစ် တစ်ခုကြာ ဖော်စပ်ခဲ့ရသည်။ ၎င်းဆေးပြားသည် သေလွန်သူများကို အသက်ပြန်ရှင်စေနိုင်သော အံ့ဖွယ်အစွမ်းမျိုးရှိ၏။
“ ကောင်းပြီ၊ မင်းလိုယုတ်ညံ့လွန်းတဲ့ သားရဲမျိုးကို စိတ်ပျက်အားငယ်မှုဆိုတာ ဘာလဲ ခံစားကြည့်ခွင့်ပေးမယ်။ ”
အဆုံးတွင် စုရီ၏ဂရုမစိုက်သော မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်တစ်ခု ရုတ်ချည်းပေါက်လာခဲ့သည်။
“ ဝှစ် ... ။ ”
အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်နှင့် သုံးလက်မအရွယ် ကျောက်စိမ်းဘူးသီးတစ်လုံး ပေါ်လာ၏။
ထိုမြင်ကွင်းကြောင့် ဟော်ယောင်း၏ ရယ်မောနေမှုများ ရုတ်တရက် ရပ်တန့်သွားပြီး ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်တော့သည့် အကြည့်တစ်ခု ပေါ်လာခဲ့ချေပြီ။
“ ဟမ့် ... စကြာဝဠာနှလုံးသား။ ”
***