← Chapters

ကျေးဇူးပြုပြီး ဉာဏ်အလင်းပြပါ ဆရာ။

Vol. 66 Ch. 786

ကျေးဇူးပြုပြီး ဉာဏ်အလင်းပြပါ ဆရာ။

Vol. 66 Ch. 786

တတိယတပည့်ဖြစ်သော ဟော်ယောင်းအနေဖြင့် ကျောက်စိမ်းဘူးသီးငယ် အစွမ်းကို ကောင်းစွာသိရှိထား၏။

ဤသည်မှာ ဒဏ္ဍာရီလာ ဓားတစ်လက်ဖြစ်ပြီး အရိုင်းမြေကိုးပါးတွင် စွမ်းအားကြီးသတ္တဝါများကို တုန်လှုပ်စေသည့် ပြိုင်ဘက်ကင်း လက်နက်ပေပင်။

“ ဒီဓားဟာ ချင်းတျန်ဆိုတဲ့ ခွေးမလေးလက်ထဲ ရောက်သွားပြီလို့ ငါတို့တွေ ထင်ခဲ့ကြပေမယ့် … တစ်ချိန်လုံးခင်ဗျားဆီမှာ ပါသွားတာပဲ။ ”

“ ဝှစ် ... ။ ”

ဟော်ယောင်း မျက်နှာအမူအရာ မရေမရာဖြစ်လာကာ သွေးနီရောင် ကောင်းကင် ဓားဖြင့် စုရီကို ဦးစွာခုတ်ပိုင်းချလိုက်၏။

နတ်မီးလျှံများက မိုးရေစီးကြောင်းအလား စီးမျောသွားလေသည်။ သူ့ဒဏ်ရာများစွာသည် လုံးဝပျောက်ကင်းသွားခြင်း မရှိသေးသော်လည်း သူ ထုတ်လွှတ်လိုက်သော ဓားစွမ်းအားသည် လွှမ်းမိုးနိုင်နေဆဲဖြစ်၏။

“ ကလန် ... ။ ”

ရုတ်တရက် လူသူကင်းမဲ့ပြီး ပျက်စီးယိုယွင်းနေသော လွင်ပြင်အလယ်တွင် ဓားမြည်သံတစ်သံ ပဲ့တင်ထပ်သွားသည်။

၎င်းသည် တိုးညှင်းလွန်းသော်လည်း အလွန်အမင်းပြင်းပျသော အရှိန်အဝါတစ်ခု ပါရှိနေ၏။

တောင်နှင့် မြစ်များကိုတုန်လှုပ်စေကာ အရာအားလုံး ပြိုလဲတော့မည့်အလား ပြင်းစွာ တုန်ဟည်းကုန်သည်။

“ ဘာတွေဖြစ်နေတာလဲ။ ”

သွေးနီရောင်ကောင်းကင်ဓားဖြင့် ခုတ်ပိုင်းနေသော ဟော်ယောင်းနှလုံးသားသည် ပြင်းစွာတုန်ခါလျက် သူ့ဝိညာဉ်သည် ဖော်ပြ၍ မရသော ကြောက်ရွံ့မှုကို ခံစားလာရ၏။

ခန္ဓာကိုယ်တစ်ခုလုံး ရေခဲဂူထဲသို့ ပြုတ်ကျသွားသည့်အလား တောင့်တင်းပြီး အနည်းငယ် တုန့်ဆိုင်းသွားလေသည်။

“ ဘရူး ... ။ ”

တစ်ချိန်တည်းမှာပင် စုရီထံသို့ တိုးဝင်နေသော သွေးနီရောင်ကောင်းကင်ဓား သည်လည်း တုန်ခါရပ်တန့်သွား၏။

၎င်းမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း ရောင်ဝါသည် နားကွဲမတတ် ဟိန်းဟောက်ကာ တိုးလျပျောက်ကွယ်သွားသည်။ အညံ့ခံခြင်း မည်ချေပြီ။

ဟော်ယောင်းရင်ထဲ မကောင်းသော နိမိတ်ကို ခံစားလိုက်ရကာ ဆုတ်ခွာရန်ပြင်စဉ် စုရီ၏ညာဘက်လက်တွင် ပုံမှန်မဟုတ်သော တံဆိပ်တစ်ခု ဖွဲ့စည်းနေသည်ကို မြင်လိုက်ရလေသည်။

“ လာခဲ့ ... ။ ”

“ ဘရူး ... ။ ”

ပြီးနောက် ထူးဆန်းသောဧကရာဇ်အမိန့် တစ်ခုသည် သွေးနီရောင်ကောင်းကင်ဓား‌ပေါ်၌ ရုတ်တရက်ပေါ်လာကာ အသိုက်ကိုပြန်လိုသည့် ပျံလွှားငှက်အလား ရုန်းကန်ပျံသန်းသွား၏။

“ ဝေါ့ ... ။ ”

ဟော်ယောင်းခမျာ သွေးအန်လျက် မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွားတော့ချေပြီ။ သူနှင့်ဓားကြား ဆက်သွယ်မှုအားလုံး ဖြတ်တောက်ခံလိုက်ရကာ သူ့ဝိညာဉ်တွင် တုံ့ပြန်မှုခံလိုက်ရ၏။

ဤသည်မှာ လွန်ခဲ့သောနှစ်ပေါင်းငါးရာက သူ့လက်ထဲရောက်ရှိလာခဲ့သည့် ဓားတစ်လက် ပေပင်။ တိုင်းပွဲတိုင်းတွင် သူနှင့်အတူရှိနေကာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလို ရင်းနှီး၏။

သို့သော် ချက်ချင်းပင် လုယူခံရကာ ဆက်သွယ်မှုအားလုံး လုံးဝဖြတ်တောက်ခြင်း ခံလိုက်ရချေပြီ။ လက်မခံနိုင်စရာပေပင်။

“ ဆရာ၊ မင်းဘယ်လို လုပ်လိုက်တာလဲ။ ”

“ ဟမ့် ... ငါပေးတဲ့ပစ္စည်းကိုသာ မင်းပိုင်နိုင်တယ်၊ ငါမပေးရင် ဘဘ်အရာကိုမှ မင်းမပိုင်ဘူး။ ”

စုရီက သွေးနီရောင်ကောင်းကင်ဓားကို ပေါ့ပေါ့တန်တန် သိမ်းဆည်းလိက် ပြန်ဖြေကာ ဟော်ယောင်းဆီ လျှောက်လှမ်းသွားလိုက်၏။

သူ့တွင်ဒဏ်ရာများရရှိထားပြီး ဝတ်ရုံ၌ သွေးများစွန်းထင်းနေသော်လည်း အမူအရာမှာ တစ်လျှောက်လုံး တည်ငြိမ်နေသည်။

သူချဉ်းကပ်လာသည်ကို မြင်ချိန်တွင် ဟောင်ယောင်းခမျာ ရင်ဘတ်ထဲ တင်းကျပ်သွား သလို ခံစားလိုက်ရပြီး၊

“ ဆရာ၊ ဘာပဲဖြစ်ဖြစ် မင်းက ဝိညာဉ် တာအိုနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါပဲ ... ငါ့အပေါ် အနိုင်ယူနိုင်မယ်မထင်နဲ့ ... ။”

-ဟု အော်ဟစ်လိုက်၏။

“ ရွှပ် ... ။ ”

ထို့နောက် သူ့ခန္ဓာကိုယ်၌ နတ်မီးလျှံများ တောက်လောင်လာစေပြီး လက်ချောင်းများကို ဓားကဲ့သို့ ခုတ်ချပစ်လိုက်သည်။

စုရီက ကျောက်စိမ်းဓားဘူးသီးကို ငရဲဘုံကိုးပါးဓားရောင်ဝါဖြင့် ပေါင်းစပ်လျက် လေထဲလှုပ်ခါလိုက်ပြန်သည်။

“ ကလန် ... ။ ”

ကောင်းကင်ဂီတကဲ့သို့ ကြည်လင်သော အသံထွက်ပေါ်လာ၏။ သို့သော် ထိုအသံသည် ဟောင်ယောင်းနားထဲ ရောက်ရှိလာသောအခါ သူ့ဝိညာဉ်သည် မိုးကြိုးထိမှန်သလို ခံစားလိုက်ရ၏။

ဝေဒနာတစ်ခုက ကြယ်တာရာများကို မြင်ယောင်လာစေပြီး ပြင်းထန်စွာတုန်ခါလျက် အသိစိတ်အတွင်း ပျံ့ကားလာသည်။ အဆိုပါ နာကျင်မှုကြောင့် ချက်ချင်းတွန့်လိမ်သွာ၏။

“ ရွှပ် ... ။ ”

တုံ့ပြန်မှုတစ်ခု မပြုလုပ်နိုင်ခင်မှာပင် ကျောက်စိမ်းဓားဘူးသီးအတွင်းမှ အပြာရောင် ဓားအလင်းပေါ်လာပြီး ပြေးဝင်လာပြန်သည်။

“ မကောင်းတော့ဘူး ... ။ ”

ဟောင်ယောင်းတစ်ယောက် တုန်လှုပ်သွားကာ ချက်ချင်းရှောင်တိမ်းလိုက်၏။ သို့တိုင် အလုံးစုံ မလွတ်မြောက်ခဲ့ချေ။

“ ဘုတ် ... ။”

ဘယ်ဘက် လက်မောင်းတစ်ဖက် အေးခနဲခံစားလိုက်ရပြီး လက်မောက်အရင်းမှ ပြတ်ကျသွားတော့၏။

ထိုလက်သည် မြေပြင်ပေါ် မရောက်မီ ဓားရောင်ဝါများပေါက်ထွက်လာပြီး ပြာမှုန်များ အဖြစ် ပြောင်းလဲသွားလေသည်။

လေဟာနယ်သည်ပင် ပေတစ်ထောင် ရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု အဖြစ် အချိန်အတော်ကြာအောင် တည်ရှိ ကျစ်ရစ်နေခဲ့၏။

“ ဝှစ် ... ။ ”

မဝေးလှသောအရပ်တွင် ဟောင်ယောင်းပုံရိပ်သည် ရှုပ်ပွနေသောပုံစံဖြင့် ပြန်ပေါ်လာသည်။ အဆုံးတွင် သူသည်ထိုဓားကို လျှော့တွက်နေမိဆဲဖြစ်၏။

ဘယ်ဘက်လက်မောင်း၌ ထက်ရှသော ဓားရည်ရွယ်ချက်ကြောင့် စုတ်ပြတ်သွားကာ အသားများ မွှစာကျဲကုန်သည်။

“ ဟမ့် ... ။ ”

၎င်းကိုလျစ်လျူရှုလျက် ခန္ဓာကိုယ်အတွင်း ကျူးကျော်ဝင်ရောက်မည့် ဓားရည်ရွယ်ချက်ထံ ဖယ်ရှားရန် ဦးစွာကြိုးစားလိုက်ရ၏။

ဖန်ဆင်းခြင်းကိုးပါးဆေးလုံး၏ စွမ်းအားသည် ဒဏ်ရာများကို ကုသပေးနေဆဲ ဖြစ်သော်လည်း စုရီ၏ဓားရည်ရွယ်ချက်သည် ဟန့်တားထား၏။

“ သေစမ်း ... အဓိပ္ပါယ်မရှိဘူး ... မင်းရဲ့လက်ရှိအစွမ်းနဲ့ ဘယ်လိုများ စကြာဝဠာ နှလုံးသားလို မြင့်မြတ်တဲ့ရတနာရဲ့စွမ်းအားကို အသုံးချနိုင်ရတာလဲ။ ”

ဟောင်ယောင်းတစ်ယောက် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ဤဓားစွမ်းအားကို ရှေးယခင်က မြင်တွေ့ခဲ့ဖူးသည်။ အပြည့်အဝ ထုတ်ဖော်သော် ကောင်းကင်ကိုဖြိုခွင်းနိုင်ပြီး တောင်နှင့်မြစ်များ ကြေမွသွားစေနိုင်သည့် အဖျက်စွမ်းအားရှိ၏။

ထို့ကြောင့် ရွှမ်ယုဧကရာဇ်သည်ပင် ဤဓားကိုကိုင်ဆွဲရန် ခက်ခဲနေလိမ့်မည်ဟု ဆရာသခင်မှ ပြောကြားဖူးသည်။

ယခုမူ ဆရာသခင်သည် ဝိညာဉ်တာအိုနယ်ပယ်ဖြင့် ဤဓားစွမ်းအားကို ထုတ်လွှတ်နေ၏။ မယုံနိုင်စရာပေပင်။

“ ဒီလောကမှာ မင်းလို ယုတ်ညံတဲ့ သားရဲတစ်ကောင်တွေ မသိနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ”

စုရီက လျစ်လျူရှုကာပြန်ဖြေ၏။ ထို့နောက် လေထဲလှမ်းတက်ပြီး လက်ထဲရှိမှုန်ပျပျဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

“ ဝှစ် ... ။ ”

အရပ်ဆယ်မျက်နှာကို ဖြတ်ကျော်ပြီး အမြင့်ဆုံးသောကောင်းကင်နှင့် အနက်ရှိုင်းဆုံး ငရဲထံ ထိုးဖောက်နိုင်သည့် ဓားချက်ပေပင်။

“ ချွင် ... ။ ”

ခဏအတွင်းမှာပင် ကမ္ဘာကြီးတစ်ခုလုံး ဓားအရိပ်များဖြင့် ပြည့်နှက်သွားပြီး မြည်သံများ ဆူညံလာတော့၏။

ထိုဓားချက်နှင့် ရင်ဆိုင်ရသောအခါတွင် မာနကြီးလွန်းသည့် ဟောင်ယောင်းသည်ပင် မျက်လုံးပြူးသွားခဲ့သည်။

နာကျင်မှုဒဏ်ရာများအပေါ် လျစ်လျူရှုလျက် ကျင့်ကြံမှုကိုအတင်းအကြပ် အသက်သွင်းကာ နတ်မီးလျှံများဖြင့် သူ့အပေါ် သိုင်းခြုံကာကွယ်လိုက်၏။

“ ချိုးဖြတ် ... ။ ”

အဆုံး၌ ကျယ်လောင်စွာဟောက်ပြီး နဂါးကိုးကောင် နတ်မီးအိမ် စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်လေသည်။

“ ဝူး ... ။ ”

ခရမ်းရောင်နတ်မီးလျှံများသည် နဂါးကိုးကောင်အဖြစ် ချက်ချင်းပြောင်းလဲကာ မီးနဂါးများအဖြစ် ဖျက်ဆီးနိုင်စွမ်းများ ထုတ်လွှတ်လာ၏။

“ ဟမ့် ... ။ ”

သို့သော် ထိုဓားအလင်း ဆင်းသက်လာသောအခါ ကောင်းကင်တခွင် ပြည့်နှက်နေသည့် မီးနဂါးကိုးကောင်သည် အလွယ်တကူ ပြိုလဲသွားခဲ့သည်။

ချက်ချင်း နဂါးကိုးကောင် နတ်မီးအိမ်ပေါ်တွင် ယခင်သွေးနီရောင် ကောင်းကင်ဓားနှင့် အလားသဏ္ဍာန်တူသော ဧကရာဇ်အမိန့်ပုံစံတစ်ခု ပေါ်လာ၏။

“ အား ... ။ ”

ထို့နောက်တွင် ဟောင်ယောင်း၏ ဝိညာဉ်သည် ပြင်းထန်သောနာကျင်မှုများဖြင့် ဖြတ်တောက်ခံလိုက်ရကာ နတ်မီးအိမ်နှင့် အဆက်အသွယ် ပြတ်သွားသည်။

“ ဝှစ် ... ။ ”

တစ်ဆက်တည်းမှာပင် မွေးရာပါနတ်ဘုရား ပစ္စည်းသည် မီးတောက်အဖြစ်သို့ ပြောင်းလဲပြီး စုရီလက်ဖဝါးထဲ ကျရောက်သွား၏။

အလားတူ မြင်ကွင်းကြောင့် ဟောင်ယောင်းသည် ဒေါသတကြီး မျက်လုံးများ ပြူးကျယ်ကာ ထိတ်လန့်သွားလေသည်။

သို့သော် သူ့တွင် စဉ်းစားချိန်မရှိချေ။ မရေမတွက်နိုင်သော ဓားအရိပ်များသည်သူ့ထံ ကျရောက်လာပြန်ပြီဖြစ်၏။

“ အသက်ဝင် ... ။ ”

ထို့ကြောင့် မူလနတ်ဘုရား ယင်ယန်ဒိုင်းကို အသက်သွင်းလျက် ကျရောက်လာသောဓားရိပ် အပေါ် ခံယူလိုက်သည်။

အဖြူအမည်း ငါးနှစ်ကောင်သည် အချင်းချင်းချိတ်ဆက်လျက် ယင်ယန်သင်္ကေတ အဖြစ် လည်ပတ်လာ၏။

“ ဝှစ် ... ။”

“ ‌ဘောင်း ... ။ ”

သို့သော် ဤတစ်ကြိမ်၌ အလင်းဒိုင်းသည် လုံးဝထိရောက်မှုမရှိတော့ဘဲ ပူဖောင်းတစ်လုံး အလား ပေါက်ကွဲသွားတော့သည်။

အကျိုးဆက်အနေဖြင့်လည်း ဟောင်ယောင်း၏ပုံရိပ်သည် မြားတစ်စင်းကဲ့သို့ နောက်ပြန်လွင့်သွားချေပြီ။

“ ဝှစ် ... ။ ”

သူ့လက်ထဲရှိ မူလနတ်ဘုရား ယင်ယန်ဒိုင်းပေါ်တွင် ထူးဆန်းသောအမိန့်ပုံစံ ပေါ်လာပြီး ပျံထွက်သွားကာ စုရီလက်ဖဝါးထဲ ကျရောက်သွားပြန်၏။

“ ဝေါ့ ... ။ ”

ဟောင်ယောင်းတစ်ယောက် ပြန်ပြီး မတ်တပ်မရပ်နိုင်ခင် သွေးအန်ချလိုက်ရသည်။ သွေးနီရောင် ကောင်းကင်ဓား၊ နဂါးကိုးကောင် နတ်မီးအိမ်နှင့် မူလနတ်ဘုရား ယင်ယန်ဒိုင်းကို ဆက်တိုက် ဆုံးရှုံးသွားရချေပြီ။

ထိုတုံ့ပြန်မှုသည် သူ့နှလုံးသားကို ဖဲ့ယူလိုက်သည့်အလား ပြင်းစွာသောနာကျင်မှု ခံစားရစေ၏။ အသက်အန္တရာယ် မရှိသော်လည်း သူ့ဝိညာဉ်ကို ထိခိုက်စေသည်။

ဖန်ဆင်းခြင်းကိုးပါးဆေးပြားနှင့် ကုသထားသောနေရာများမှာ ပြန်၍ကွဲလာပြီး အရိုးများမြင်လာရ၏။

ချောမောလှပသော မျက်နှာသည်လည်း ဖြူဖျော့နေ၏။ ထောင်လွှားပြီး လွှမ်းမိုးလိုသော အပြုအမူများနေရာတွင် တုန်လှုပ်မှုများစွာ အစားထိုးလာ၏။

“ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

ဒေါသနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေချေပြီ။ မျက်နှာရှုံ့မဲ့ကာ ရင်ဘတ် မို့မောက်လျက် ဖရိုဖရဲနှင့် ရူးသွပ်လိုသော အငွေ့အသက်များ ထုတ်လွှတ်နေ၏။

အဝေးရှိ စုရီက ထိုမြင်ကွင်းထံ အေးအေးဆေးဆေး ဆက်လျှောက်သွားသည်။ သူ့ညာဘက်လက်ထဲရှိဓားသည် ထူးဆန်းပြီး လှပသောအရိပ်တစ်ခုအဖြစ် ပြသနေ၏။

“ ဝှစ် ... ။ ”

လျှောက်လှမ်းနေလျက်ဖြင့် စကားတစ်ခွန်းမျှမပြောဘဲ ဘယ်ဘက်လက်ကို လေထဲဆုပ်ကိုင်လိုက်သည်။ ဟောင်ယောင်း ခန္ဓာကိုယ်ပေါ်မှ ငွေမီးတောက်ချပ်ဝတ်သည် အလင်းများပေါက်ကွဲထွက်လာပြီး အမိန့်တစ်ခု ပေါ်လွင်လာ၏။

“ မလုပ်နဲ့ ... ဒါ ငါ့ဟာ။ ”

ဟောင်ယောင်းက ဒေါသတကြီး အော်ဟစ်ကာ ငွေမီးတောက်ချပ်ဝတ်အင်္ကျီကို ချက်ချင်နှိမ်နင်းရန် ကြိုးစားတော့သည်။

သို့သော် အားလုံး အချည်းနှီးပေပင်။ ဧကရာဇ်အမိန့်ပုံစံ တောက်ပလာသည်နှင့်အမျှ ခန္ဓာကိုယ်မှ လွတ်မြောက်သွားပြီး လက်ဖဝါး အရွယ် ငွေရောင်အလင်းတန်းအဖြစ် စုရီလက်ဖဝါးထဲ ကျရောက်သွားသည်။

“ ဆရာ ... မင်းဘယ်လို ... ဘယ်လိုလုပ်ခဲ့တာလဲ။ ”

ဟောင်ယောင်း၏ မျက်လုံးများက သွေးများဖြင့်ရဲရဲနီလာပြီး ချဉ်းကပ်လာနေသည့် စုရီကိုငေးကြည့်နေတော့၏။

“ အဟွတ် ... ဟွတ်။ ”

ရုတ်တရက် ပြင်းစွာချောင်းဆိုးလိုက်ပြီး နှုတ်ခမ်းမှ သွေးများစီးကျလာကာ ခန္ဓာကိုယ် ကုန်းကွသွားလေသည်။

ပထမလွတ်မြောက်သူနှင့် တိုက်ပွဲပဋိပက္ခသည် သူ့အပေါ်ပြင်းစွာသော ဒဏ်ရာများရစေခဲ့၏။ ဒဏ်ရာများ အပြည့်အဝ ပျောက်ကင်းမသွားမီတွင် စုရီ၏အကြိမ်ကြိမ် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ယင်းကြောင့် စိတ်အခြေအနေသည် ပြိုလဲတော့မည့်အလား စိုးရိမ်ပူပန်မှု၊ ဒေါသနှင့် ကြောက်ရွံ့မှုများ ရောနှောလာခဲ့၏။

“ မင်းသိချင်လား ... ။ ”

ထိုအမူအရာကို စုရီမှ စောင့်ကြည့်နေပြီးနောက် မေးမြန်းလိုက်သည်။ ဟော်ယောင်းက အံကြိတ်လျက် ချက်ချင်း ပြန်မော့ကြည့်၏။

“ ကျေးဇူးပြုပြီး အလင်းပြပါ ဆရာ။ ”

“ ငါက မင်းရဲ့ဆရာ မဟုတ်တော့ပေမယ့် မင်းသာဒူးထောက်ရင် မင်းရဲ့ သံသယတွေကို ဖြေရှင်းပေးဖို့ဆန္ဒရှိတယ်။ ”

ဟော်ယောင်းတစ်ယောက် မျက်နှာ တစ်ပြင်လုံးနီရဲသွားချေပြီ။ ကောင်းကင်လှိုဏ်ဂူ တပည့်များအတွက် ဤသို့သောစကားများသည် ကြီးစွာသောစော်ကားမှုသာ ဖြစ်လေသည်။

***

All Chapters