ဆရာ၊ တပည့် ဘယ်တော့မှ သစ္စာဖောက်ဖို့ ဆန္ဒမရှိပါဘူး ... ။
Vol. 66 Ch. 787
ဟောင်ယောင်းတစ်ယောက် စုရီစကားကြောင့် မျက်နှာအမူအရာ ပြောင်းလဲ သွားကာ ရှက်ရွံ့မှု၊ ဒေါသနှင့် အငြိုးအတေးများ ပြည့်နှက်လာသည်။ အသက်ကို ပြင်းပြင်းရှူပြီး၊
“ ဆရာ၊ အရင်တုန်း တပည့်တွေကို ဂိုဏ်းထဲဝင်တဲ့နေမှာဒူးထောက်ပြီး ဂါရဝပြုရုံပဲ လိုအပ်တယ်လို့ ကိုယ်တိုင်ပြောခဲ့တယ် ...
... အဲဒီအချိန်ကစပြီး ဂိုဏ်းထဲက ဘယ်သူမှ ကောင်းကင်၊ မြေကြီး၊ တစ္ဆေသရဲတွေနဲ့ သူတို့ရဲ့ ဆရာတွေရှေ့မှာတောင် ဒူးထောက်စရာ မလိုတော့ဘူးလို့ ပြောခဲ့တာမဟုတ်လား ဒါဆို ဘာလို့တပည့်ကို ဒီလိုအရှက်ခွဲနေရတာလဲ။ ”
“ ငါက အရှက်ခွဲနေတာလား။ ”
စုရီမှ ခြေလှမ်းများရပ်သွားသည်။ ဤစည်းမျဉ်းများကို တစ်ချိန်က သူကိုယ်တိုင် ချမှတ်ထားခဲ့သည်မှာ အမှန်ပေပင်။
တပည့်အားလုံး ကြောက်ရွံ့မှုမရှိ၊ ရဲရင့်ပြီး လုံ့လဝီရိယရှိသော တာအိုနှလုံးသား ရှိစေရန် ရည်ရွယ်သည်။
သို့သော် ဟောင်ယောင်းမှ ထိုစည်းမျဉ်းများအကြောင်း ပြောဆိုနေခြင်းမှာ ရယ်စရာကောင်းချေ၏။
ဆရာသခင်ကို သစ္စာဖောက်သော တပည့်တစ်ယောက်သည် ဂိုဏ်းစည်းမျဉ်းများ အကြောင်း ပြောကြားနေသည်မှာ အကြီးများဆုံး စိတ်ပျက်စရာပေပင်။
“ ငါမင်းကို အရှက်ခွဲနေတာလား ... မင်းမှားနေပြီ ... ဒီနေ့ငါ့ဂိုဏ်းကို ငါကိုယ်တိုင် သန့်စင်ပြီး မထိုက်တန်တဲ့တပည့်တွေကို ဖျက်ဆီးပစ်မယ်။ ”
ထိုစကားသည် ဟော်ယောင်းကို ကျောရိုးတစ်လျှောက် အေးစက်စေတော့၏။ သူ့ဆရာ၏ စကားများတွင် ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်နိုင်သည်။
ထိုစဉ် စုရီသည် ဓားနှင့်ခုတ်လာချေပြီ။ လှုပ်ရှားမှုသည် နှေးကွေးနေပုံရသော်ငြားလည်း အမှန်တွင် မြန်ဆန်နေသည်။ ဟော်ယောင်းက တွန့်ဆုတ်ခြင်းမရှိတော့ဘဲ ပါးစပ်ဟလျက် တစ်စုံတစ်ရာ ထုတ်ယူလိုက်၏။
အလင်းတန်းတစ်ခု တောက်ပလာပြီး ကိုးလက်မသာရှည်သော အနက်ရောင်လွန်းပျံ တစ်လက် ထွက်ပေါ်လာချေပြီ။
ထိုရတနာပေါ်လာသည်နှင့် မှုန်ဝါးပြီး ထူးဆန်းသော အလင်းများ ကျဆင်းလာကာ ဟော်ယောင်းအပေါ် ဖုံးလွှမ်းသွားသည်။
“ မြန်မြန် ... ။ ”
၎င်းကို လှမ်းဆွဲလိုက်သည်နှင့် အနက်ရောင်လွန်းပျံသည် လေဟာနယ်အတွင်း အက်ကွဲကြောင်းဖြစ်ပေါ်စေလျက် သူ့ကို ဆွဲထုတ်သွား၏။
“ ဟမ့် ... ။ ”
ထို့ကြောင့် ကြောက်စရာကောင်းသော စုရီဓားချက်သည် ပစ်မှတ်ကိုလွဲချော်သွားခဲ့ကာ လေဟာနယ်အတွင်း ပျက်ပြယ်သွားချေပြီ။
သို့တိုင် စုရီက ဂရုမစိုက်တော့ဘဲ ကျောက်စိမ်းဘူးသီးအရွယ်အစားကို သုံးပေခန့် ရှည်ထွက်လာအောင် ပြောင်းလဲပြီး ချက်ချင်း ဝှေ့ယမ်းလိုက်သည်။
“ ကလန် ... ။ ”
“ ခရစ် ... ။ ”
တိုးဖျော့ဖျော့ ဓားအော်မြည်သံတစ်သံ ပဲ့တင်ထပ်သွားကာ ပေပေါင်းများစွာအကွာရှိ လေဟာနယ်ကြီး ရုတ်တရက်ပြိုကျလျက် ပုံရိပ်တစ်ရိပ် ထွက်ကျလာ၏။
ညာဘက်လက်တွင် နောက်ဆုံး ကောက်ရိုးမျှင်ကို ဆုပ်ကိုင်ထားသည့်အသွင်နှင့် ဟော်ယောင်းဖြစ်ချေပြီ။ လက်ထဲရှိအနက်ရောင် လွန်းပျံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထား၏။ ဆုံးရှုံးမှာ ကြောက်နေချေပြီ။
“ လာခဲ့ ... ။ ”
သို့တိုင် စုရီမှလက်လှမ်းပြီး ဆွဲယူလိုက်သောအခါ အနက်ရောင်လွန်းပျံသည် ဟောင်ယောင်းနှင့် ဆက်သွယ်မှု အတင်း ဖြတ်တောက်ကာ ပျံထွက်သွားသည်။
“ မင်း ... ဝေါ့ ... ။ ”
ဟောင်ယောင်းဝိညာဉ်သည် နောက်ထပ်တုံ့ပြန်မှုတစ်ခုကို ခံစားလိုက်ရပြီး အမြင်အာရုံများ မှောင်မိုက်သွားကာ သွေးအန် သွားတော့၏။
အနက်ရောင်လွန်းပျံသည် ဆုပ်ကိုင်ထားသည့် သူ့ညာလက်ချောင်းများကို ရက်စက်စွာ ဖြတ်တောက်သွားချေပြီ။
သွေးနှင့်အသားများသည် လေထဲပြန့်ကျဲလျက် အနက်ရောင်လွန်းပျံနှင့် အတူ လိုက်ပါသွား၏။
စုရီက သွေးမြူများအတွင်းမှ အနက်ရောက်လွန်းပျံကိုသာ ရွေးယူလျက် သိမ်းဆည်းလိုက်တော့သည်။
“ မဟုတ်ဘူး ... ။ ”
ထိုမြင်ကွင်းက ဟောင်ယောင်းကို ပြင်းစွာနာကျည်းစေသည်။ နားကွဲလုမတတ် အော်ဟစ်ပြီး မျက်လုံးမှ သွေးများစီးကျလာ၏။ သူ့တစ်ကိုယ်လုံး တုန်ရီနေချေပြီ။
“ ကောင်းကင်လွတ်မြောက်ရေး လွန်းပျံကိုတောင် အသုံးပြုနေပြီဆိုတော့ မင်းမှာ တခြားဝှက်ဖဲတွေ မရှိတော့ဘူးလို့ ထင်ရတယ်။”
စုရီက မှတ်ချက်ပေးကာ ရှေ့သို့လှမ်းတက်လိုက်၏။ ဤလွန်းပျံသည် အံ့ဖွယ်ကောင်းပြီး ခန့်မှန်းရခက်သော မွေးရာပါ နတ်ဘုရားရတနာဖြစ်သည်။
အာကာသတာအိုပါဝင်ပြီး ရွေ့လျားရာတွင်အထူးအသုံးပြု၏။ အာကာသ အတားအဆီးများကို သဘာဝအတိုင်း ဖောက်ထွက်နိုင်သည်။
သို့သော် ဤရတနာကို အသုံးပြုရန် တန်ဖိုးတစ်ခု ပေးတောင်ရသည်။ ယင်းကြောင့် အသက်အန္တရာယ်ရှိသော အခြေအနေမှတပါး အသုံးပြုလေ့မရှိကြချေ။
ဆိုလိုသည်မှာ ဟောင်ယောင်းသည် တိုက်ပွဲဝင်ဆန္ဒကုန်ဆုံးသွားပြီး ထွက်ပြေးရန် ကြိုးစားနေခဲ့ခြင်းဖြစ်၏။ ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ချေ။ ရတနာကိုပင် လက်လွှတ် လိုက်ရချေပြီ။
“ ဆရာ၊ ဒါပေမယ့် ... ဒီအခြေအနေမှာ သွေးပေါက်ကွဲခြင်းကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်ဦးမှာလဲ။ ”
မြေပြင်ပေါ် ခွေးကျ ကျလာသော ဟောင်ယောင်သည် အံကြိတ်လျက် ရူးသွပ်ဟန် ပြသလာသည်။ ထို့နောက် စုရီကို အကဲခတ်ကာ၊
“ မင်းရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် စကြာဝဠာနှလုံးသားကို အတင်းအကျပ် အသုံးပြုတာက ပြင်းထန်တဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်လာနိုင်တယ် မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်၏။
စုရီမှ တုန့်ပြန်ခြင်း မပြုချေ။ သူ့ထံ လျှောက်လှမ်းနေမြဲဖြစ်၏။ ထို့ကြောင့် အသက် ပြင်းပြင်းရှူကာ၊
“ ဆရာ ... ငါ့အမြင်အရတော့ မင်းက အခုချိန်မှာ မင်းရဲ့အကန့်အသတ်ရောက်နေပြီ သိပ်ကြာကြာ မခံနိုင်တော့ပါဘူး ဟုတ်တယ် မဟုတ်လား ဟားဟားဟား။ ”
-ဟု ဆိုလျက် ကောက်ကျစ်စွာ ရယ်မောတော့သည်။
“ ဒါဆို ... မင်းကြိုးစားကြည့်နိုင်တယ်။ ”
စကားဆုံးသည်နှင့် စုရီမှ ဓားဖြင့် ခုတ်ချလိုက်သည်။ ဤဓားသည် ကောင်းကင်နှင့် မြေကြီးကို ပိုင်းခြားလိုက်သကဲ့သို့ ကြောက်လန့်ဖွယ်ပေပင်။
“ သေစမ်း ... ။ ”
ဟောင်ယောင်းတစ်ယောက် စုရီထံမှ သတ်ဖြတ်လိုစိတ်ကြောင့် ထိတ်လန့်လာပြီး အရိုးထိအောင် အေးစက်သွားသည်။
ဓားရည်ရွယ်ချက်များသည် အရပ်မျက်နှာအားလုံးကို လွှမ်းခြုံထားသဖြင့် ရှောင်လွှဲရန် နည်းလမ်းမရှိချေ။
ထိုသို့သော သေမင်းတမန် ခြိမ်းခြောက်မှုကြောင့် သူ့ခန္ဓာကိုယ်အပေါ် မီးလျှံများဖြင့်ထုပ်ပိုးလိုက်ရသည်။
“ ချိုးဖြတ် ...။ ”
မိုးကြိုးပစ်သံကြီးအလား အော်ဟစ်လျက် ပြင်းထန်ပြီး ဖျက်ဆီးနိုင်သည့် စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲလာကာ လက်သီးဖြင့် ထိုးချလိုက်တော့၏။
ပေသုံးထောင်အတွင်းရှိ တောင်နှင့်မြစ်များသည် ထိုအဖျက်စွမ်းအား၌ လောင်ကျွမ်းပြာကျကုန်သည်။
“ ဝုန်း ... ။ ”
ပေါက်ကွဲမှုအပြီး ဓားရောင်ခြည်များ ပျောက်ကွယ်ကာ မီးလောင်နေသောမြေပြင်သာ မြင်လိုက်ရသည်။ အရာအားလုံး ဆိတ်သုဉ်း ကုန်၏။ ထိုစဉ် ပြင်းထန်သောချောင်းဆိုးသံ ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။
“ အဟွတ် ... အဟွတ် ... ။ ”
“ မသေဘူးလား ... ။ ”
စုရီက မျက်မှောင်ကြုတ်လိုက်သည်။ မြင်ကွင်းများ ကြည်လင်လာချိန်၌ မြေပြင်ပေါ် လဲကျနေသော ဟော်ယောင်းကို မြင်လိုက်ရ၏။
ခန္ဓာကိုယ်တစ်ဝက် ပျက်စီးနေပြီး ဖုန်မှုန့်များစွာနှင့် သွေးများရောထွေးနေခဲ့ကာ အလွန်အမင်း အားနည်းနေချေပြီ။
ရင်ဘတ်ပေါ်၌ ပင်ကူအိမ်သဖွယ် အက်ကွဲနေသော ကလေးလက်ဖဝါးအရွယ် ကျောက်စိမ်းဆွဲသီးတစ်ကုံးရှိနေ၏။
ပုံမှန်အားဖြင့် ဂရုမစိုက်သော စုရီအကြည့်များတွင် ဝမ်းနည်းမှုအရိပ်အယောင် ပေါ်လာတော့သည်။ ဤကျောက်စိမ်းဆွဲသီးကို တည်ငြိမ်သောနှလုံးသားဟု အမည်ပေးထား၏။
ဟောင်ယောင်း ဧကရာဇ်အဆင့် မရောက်ရှိခင် အတွင်းစိတ်ရှိ မကျေနပ်မှုများကို ဖြတ်တောက်နိုင်အောင် ကျင့်ကြံမှုအပေါ် ထိုစဉ်က ဖိနှိပ်ပေးထားခဲ့၏။
တစ်ဆက်တည်းမှာပင် ဤရတနာ ကျောက်စိမ်းဆွဲသီးကိုလည်း ဟောင်ယောင်းထံ ပေးအပ်ထားခဲ့သည်။
ရွှမ်ဟဲအဆင့် ဘီလူးတစ်ကောင်သည်ပင် ဤဆွဲသီးကြောင့် ဟောင်ယောင်၏အသက်ကို ယူနိုင်မည် မဟုတ်ကြောင်းနှစ်သိမ့်ခဲ့၏။
“ မင်းလို ... ယုတ်ညံ့တဲ့သားရဲကို ဒီလိုရတနာမျိုးပေးခဲ့မိတာ ဖြုန်းတီးမှုပါပဲ။ ”
စုရီက သက်ပြင်းချလိုက်သည်။
“ ဟားဟားဟား ... ဆရာ အောင်နိုင်သူက ဘုရင်၊ ရှုံးနိမ့်သူကဓားပြပဲ ဒါကြောင့် မင်းငါ့ကို ကြိုက်သလို ဆက်ဆံနိုင်ပါတယ် ဒါပေမယ့် ငါသေရင်တောင် နောင်တရမှာ မဟုတ်ဘူး။ ”
ထိုအသံသည် ပြတ်သားမှုဖြင့် ရူးသွပ်မှုများကြား တိုးညှင်းနေချေပြီ။ စုရီသည် ယခင်အတိုင်း တည်ငြိမ်နေဆဲဖြစ်၏။
“ ငါမင်းကို မေးခွန်းတစ်ခုမေးမယ် မင်းငယ်ဘဝကနေအရွယ်ရောက်တဲ့ အချိန်အထိ ငါမင်းအပေါ် မတရားဆက်ဆံဖူးလား။ ”
ထိုမေးခွန်းကြောင့် ဟော်ယောင်းခမျာ ရှုပ်ထွေးသွားဟန် တွေဝေသွားသည်။ သို့သော် များမကြာခင် လှောင်ပြုံးဖြင့် ခေါင်းခါကာ၊
“ ဆရာ ... ဒါတွေကို မင်းမေးနေတာ ဘာအဓိပ္ပာယ်လဲ ဆရာ့တပည့်နောင်တတွေနဲ့ ပြည့်နှက်ပြီး ငိုကြွေးနေတာမြင်ချင်လို့လား ...
... မစဉ်းစားပါနဲ့ ... ငါကိုယ်တိုင် ဒီလမ်းကိုရွေးချယ်ခဲ့တာမို့ ... ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။ ”
-ဟု တုန့်ပြန်လာ၏။
“ မင်းသေရမယ်ဆိုတာ သိထားပါ ... နောင်တရလာလည်း မင်းအတွက်အချည်းနှီးပဲ ဘာလို့လဲဆိုတော့ ငါမင်းကိုနောင်တရ စေချင်တာ မဟုတ်ဘူး ... မင်းက နောင်တရ ဖို့တောင် မထိုက်တန်လို့ပဲ။ ”
သူ့ဆရာစကားကြောင့် ဟော်ယောင်း မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ပါးစပ်ပိတ် သွားတော့သည်။ ထိုအချိန်တွင် စုရီက ချက်ချင်း မလှုပ်ရှားသေးဘဲ အဝေးသို့လှမ်းကြည့်ကာ၊
“ ဟော်ယောင်းကို ငါဘာလုပ်သင့်တယ်လို့ မင်းထင်လဲ။ ”
-ဟု မေးခွန်းထုတ်လိုက်၏။
ထိုအမူအရာကြောင့် ဟော်ယောင်းမှ ခေါင်းမော့ကြည့်၏။ အဝေးတစ်နေရာတွင် ဆံပင်ဖြူဖြူ လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာလေသည်။
“ ဆဋ္ဌမမြောက် ညီလေး … ။ ”
ဟော်ယောင်းမှ အံ့အားသင့်လျက်၊
“ မင်း … မင်း … မြေအောက်ကမ္ဘာသင်္ချိုင်းကို ဘယ်လို ရောက်လာတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ယီလောင်က ပြန်မဖြေချေ။ သူ့ကို လျစ်လျူရှုထားကာ လေထုအလယ်လှမ်းကာ စုရီရှေ့သို့ တည့်တည့်ဆင်းသက်လိုက်၏။ ထို့နောက် အသက်ပြင်းပြင်းရှူကာ ဦးညွှတ်ပြီး၊
“ တပည့်ယီလောင်က ဆရာ့ကို နှုတ်ဆက်ပါတယ်။ ”
-ဟု အရိုအသေပေးလေသည်။
မကြာသေးခင်က ဤနေရာသို့ ရောက်ရှိလာကာ စုရီနှင့် ဟောင်ယောင်းတို့၏ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့် နေခဲ့ခြင်းဖြစ်၏။
ထို့ကြောင့် သူ့မျက်နှာအမူအရာသည် အလွန်ရှုပ်ထွေးနေခဲ့ပြီး ဖုံးကွယ်မထားသော ဝမ်းမြောက်မှုများဖြင့် ရောနှောနေ၏။
“ ငါ့မေးခွန်းကို အရင်ဖြေပါ။ ”
စုရီက ထပ်မေးသည်။
“ ဆရာ၊ တတိယအစ်ကိုကို မေးခွန်းနည်းနည်းလောက် မေးလို့ရမလား။ ”
ထိုအရာ စုရီကို စိတ်ပျက်သွားစေ၏။ ယီလောင်တစ်ယောက် အနည်းငယ် တုန်ခါသွား ချေပြီ။
“ မင်းက ဒီကိစ္စရဲ့အမှန်တရားကို မြင်ခဲ့ရပြီးပြီ ဒါပေမယ့် အခုထိ မင်းဆုံးဖြတ်ချက် မချနိုင်သေးဘူး ... ။ ”
“ ဆရာ ... တတိယအစ်ကိုက ... ဒီလိုသစ္စာဖောက်တဲ့ လုပ်ရပ်မျိုးလုပ်လိမ့်မယ်လို့ ငါတကယ် မထင်ထားလို့ပါ။ ”
ယီလောင်မှ ချက်ချင်း ရှင်းပြ၏။ တစ်ဆက်တည်းမှာပင် ဝမ်းနည်းသောအမူအရာ ထင်ဟပ်လာသည်။ ထို့နောက် ပြတ်ပြတ် သားသား ခေါင်းညိတ်ကာ၊
“ မှန်ပါတယ် တတိယအစ်ကိုလို သစ္စာဖောက်တစ်ယောက်ကို ချက်ချင်း ဖယ်ရှား ပစ်ရပါမယ်ဆရာ၊ ကျေးဇူးပြုပြီး ဒီတပည့်ကို မိစ္ဆာအတွက် သတ်ခွင့်ပေးပါ။ ”
-ဟု တောင်းဆိုလိုက်၏။ သို့သော် စုရီက လက်ဝှေ့ယမ်းပြီး၊
“ မင်း ... အရမ်းရှုပ်ထွေးနေပြီ ... ဒီလိုအချိန်မှာ ဟောင်ယောင်းကိုသတ်ရင် မင်းရဲ့ အတွင်းစိတ်ထဲမှာ ပြဿနာတွေရှိလာနိုင်တယ် ...
... ငါ မင်းကို အခွင့်အရေးပေးမယ် အခုကစပြီး ဟောင်ယောင်းကို စောင့်ကြည့်ပါ သူ့ကိုမြေအောက်ကမ္ဘာသင်္ချိုင်းကနေ ထွက်ခွင့် မပေးနဲ့ သူနဲ့အတူလာတဲ့ လူတွေကိုလည်း ထွက်သွားခွင့်မပေးနဲ့။ ”
“ ဆရာ၊ မင်းဘာကို ဆိုလိုနေတာလဲ။ ”
စုရီစကားကို နားမလည်သဖြင့် ဟောင်ယောင်းမှ မမေးဘဲ မနေနိုင်တော့ချေ။ စုရီက သူ့ထံ ပြန်ကြည့်ပြီး၊
“ မင်းလို ယုတ်ညံ့တဲ့သားရဲကို သတ်ဖို့ ဒီလိုပြင်ပရတနာတွေသုံးလိုက်ရင် နောက်ဆုံးမှာ ငါ့အတွက် မသက်မသာဖြစ်စေလိမ့်မယ် ...
... ဒါကြောင့် ငါ့လက်နဲ့မင်းကိုသတ်မယ် မသတ်ခင်မှာ ယီလောကို အမှန်တရားအတွက် နားလည်လာအောင် အခွင့်အရေးပေးနေတာ။ ”
-ဟု ပြောကြားလိုက်၏။ ဟောင်ယောင်းခမျာ မယုံကြည်နိုင်ဟန်ဖြင့်၊
“ ဆရာ... မင်းရဲ့တပည့်ကို အခုသတ်ဖို့ တကယ် မရည်ရွယ်ဘူးလား။ ”
-ဟု ပြန်မေး၏။
စုရီက မဖြေတော့ချေ။ လျစ်လျူရှုပြီး ယီလောထံလှည့်ကြည့်ကာ၊
“ ဒါစမ်းသပ်မှုတစ်ခုပဲ မင်းလည်း ဟောင်ယောင်းနဲ့အတူ ထွက်ပြေးဖို့ပဲ ဖြစ်ဖြစ် ငါ့ကိုတိုက်ခိုက်ဖို့ဖြစ်ဖြစ် ကြိုးစားနိုင်တယ် ...
... ဒါမှမဟုတ် ငါပြောတဲ့အတိုင်းလုပ်ဖို့ ရွေးချယ်နိုင်တယ် အားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်။ ”
-ဟု ပြောကြားလိုက်သည်။
ယီလောတစ်ယောက် မျက်နှာ ချက်ချင်း ပြောင်းသွား၏။ ဆရာသည် သူ့ကို ရွေးချယ်မှု ပေးနေခြင်း ဖြစ်ချေသည်။
“ စိတ်မရှိပါနဲ့ ... ငါမင်းတို့ကို လုံးဝယုံကြည်ဖို့ မဝံ့တော့ဘူး တစ်ကြိမ်တစ်ခါ မှားရင် ပြဿနာမရှိပေမယ့် နှစ်ကြိမ်ဆိုရင် ငါညံ့ဖျင်းရာကျမယ် ... ။ ”
စုရီက ဝမ်းနည်းကြေကွဲမှုအပြည့်ဖြင့် ပြောကြားလိုက်သည်။ တစ်ချိန်က ဧကရာဇ်များ ဘုရင်သည် ဤမျှကူကယ်ရာမဲ့နေသည်ကို ယီလောင်မှ လုံးဝမမြင်ဖူးချေ။
မျက်ဝန်းများအတွင်း စိတ်ပျက်နေသော ခံစားချက်များကို မြင်နိုင်သည်။ ထိုအမူအရာကို စိုက်ကြည့်လျက် ယီလော၏နှလုံးသားသည် နာကျင်မှုများခံစားလာရသည်။ အဆုံး၌ သက်ပြင်းချလိုက်ကာ၊
“ ဆရာ၊ တပည့်ယီလော့ ... သစ္စာဖောက်ဖို့ဆန္ဒမရှိပါဘူး အရင်ကလည်း ဒီလိုပဲ ... နောင်လည်း ဒီလိုပါပဲ မင်းအတွက် သက်သေပြပါ့မယ်။ ”
-ဟု ကတိပေးလိုက်တော့သည်။ ဤစကားများသည် သူ့ဆရာစိတ်နှလုံးအပေါ် သက်သာရာရစေရန် ရည်ရွယ်၏။ သို့သော်။
***