← Chapters

ဒါမှ မင်း လူဆိုးထိန်း အရာရှိတစ်ယောက်အဖြစ် တရားဝင်ဖြစ်သွားလိမ့်မယ်

Vol. 17 Ch. 191

ဒါမှ မင်း လူဆိုးထိန်း အရာရှိတစ်ယောက်အဖြစ် တရားဝင်ဖြစ်သွားလိမ့်မယ်

Vol. 17 Ch. 191

ဒါပေမယ့် မကြာခင်မှာဘဲ ရင်းနှီးတဲ့ ရနံ့တစ်ခုကို အနံ့ခံရရှိပြီး ကောင်ကလေးက ဟဲကျစ်ယန်ရဲ့ ခြေထောက်တစ်ဖက်ကို ချက်ချင်းဆိုသလို ပွေ့ဖက်လိုက်သည်။

ဟဲကျစ်ယန်က ကလေးလေးရဲ့ ခေါင်းကို ချစ်ခင်ယုယစွာ ပွတ်သပ်ပေးလိုက်သည်။”ထမင်းလုံးလေး အမေတို့ အရင်ပြန်သွားရအောင်၊ ခဏနေကြမှ ပွေ့ဖက်ချေ။“

ထမင်းလုံးလေးက နားလည်သလိုဘဲ။ သူသည် အနည်းငယ် တွန့်ဆုတ်နေသော်လည်း သူ့သခင်၏ ခြေထောက်များကို နာခံစွာ လွှတ်ပေးလိုက်ပါသေးသည်။

ကလေးလေးသည် မော့ကျိုးယွီနဲ့ ဟဲကျစ်ယန်တို့ နောက်မှ ခြေလှမ်းသေးသေးများဖြင့် စခန်းချရာသို့ ပျော်ရွှင်စွာ ပြန်လိုက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟဲကျစ်ယန်သည် နေရာလွတ် နယ်မြေထဲမှ အရက်ပြန်ဆွတ်ထားသော ဂွမ်းလုံးတစ်ချို့ ထုတ်ယူကာ သူမအပေါ် စင်သွားသော အနက်ရောင်သွေးများကို ရှင်းလင်းသုတ်သင်ပစ်လိုက်သည်။

မုန့်ဟွေ့နင်၏ အဆိုအရ သူက ချက်ချင်း ထွက်သွားဖို့ ရည်ရွယ်ချက် မရှိလောက်ပေ။

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သူ့ဆီကို လျှောက်သွားကြသည်။

ထိုအချိန်တွင် မုန့်‌ဟွေ့နင်နှင့် မော့ချူဟန်တို့သည် ပျော်ရွင်စွာ စကားစမြည် ပြောဆိုနေကြပြီး မော့ချူဟန်၏ လေသံကို အဝေးကပင် ကြားနေရသည်။

မော့ကျိုးယွီသည် ခြေလှမ်းအနည်းငယ် လှမ်းပြီး သူတို့နှစ်ယောက် ရှေ့သို့ ရောက်လာခဲ့သည်။

“ဘယ်အရာက အဋ္ဌမအစ်ကိုကို ဒီလောက်ပျော်အောင် လုပ်နိုင်တာလဲ။”

မော့ချူဟန်သည် မော့ကျိုးယွီ၏ အသံကို ကြားသောအခါ သူပထမဆုံး စဥ်းစားမိသည်မှာ သူ၏ ပဥ္စမအစ်ကိုကို အဆိပ်ဖြေခြင်း ကိစ္စကို အရင်ဆုံးတွေးလိုက်မိတာပင် ဖြစ်သည်။

မုန့်ဟွေ့နင်၏ အ‌ရှေ့မှာတော့ သူက မေးခွန်း သိပ်မထုတ်ရဲဘူး။

သို့သော် ပဥ္စမအစ်ကိုသည် အဆိပ်ကို အောင်မြင်စွာ ချေဖြတ်နိုင်ခဲ့ကြောင်း မော့ကျိုးယွီ၏ လေသံမှ ခန့်မှန်းနိုင်ဖို့ မခတ်ခဲပေ။

ဒါကိုတွေးရင်း မော့ချူဟန်၏ အပြုံးသည် အနည်းငယ် ကျယ်ပြန့်လာခဲ့သည်။

“နဝမညီလေး၊ အစ်ကိုကြီးမုန့်က ငါ့ကို အစိုးရရုံးမှာ အရာရှိလာလုပ်စေချင်တယ်လို့ ပြောတယ်။ ငါသဘောတူပြီးပြီ။ အိမ်မှာ မိသားစုကိစ္စ ပြေလည်ပြီးသွားရင် ငါအဲ့ဒီကို တိုက်ရိုက်သွားလိုက်မယ်။“

မော့ချူဟန်၏ ထင်မြင်ချက်တွင် သူသည် ရာဇဝတ်မှုခေါင်းဆောင် ဖြစ်ရန် အသင့်တော်ဆုံး ဖြစ်သည်။

ပထမဆုံးအနေနဲ့ မိသားစုအသုံးစရိတ် အတွက် လစာငွေကို အသုံးပြုနိုင်သည်။ ထို့အပြင် အိမ်တွင် ရာဇဝတ်မှုအရာရှိ တစ်ဦးရှိလျှင် အနည်းဆုံး မည်သူမှ ဒုက္ခမပေးဝံ့ပေ။

အရေးကြီးဆုံးကတော့ မော့ချူဟန်သည် သူဘယ်ကို သွားသွား အဆက်အသွယ်အချို့ရှိရန် လိုအပ်ကြောင်းနှင့် အရာရှိတစ်ဦးဖြစ်ခြင်းက သူ့အား အဆက်အသွယ် ပိုမိုရရှိစေရန် ကူညီပေးနိုင်သည်ဟု ခံစားရခြင်းဖြစ်သည်။

မော့ကျိုးယွီက ဒါကို မကန့်ကွက်ဘူး။ အဋ္ဌမအစ်ကိုသည် အမြဲ လှုပ်ရှား သက်ဝင်နေသော အကျင့်စရိုက်ရှိပြီး ငယ်စဥ်ကတည်းကပင် ဓား လက်နက်များနှင့် ကစားလေ့ ရှိကြောင်းကို သူကောင်းကောင်းသိသည်။

တစ်နေ့လုံး လယ်လုပ်ပြီး အမဲလိုက်ဖို့ အိမ်မှာ ကျန်ခဲ့မယ်ဆိုရင် ဒါက သူလိုချင်တဲ့ ဘဝ မဟုတ်ဘူးဆိုတာ သူယုံကြည်တယ်။

ထို့အပြင် ပြည်နှင်ဒဏ်ခံရသော စာရင်းတွင် အဋ္ဌမအစ်ကို မပါရှိခဲ့ပေ။ အကယ်၍ လက်ထောက်တရားသူကြီးမင်းချွေ့၏ မတရားမှုကြောင့်သာ မဟုတ်ပါက အဋ္ဌမအစ်ကို၏ အိမ်ထောင်စု စာရင်းတွင် ပြည်နှင်ဒဏ်ခံရသည့် အမှတ်အသားရှိရန် မလိုတော့ပေ။

ထို့‌ကြောင့် အဋ္ဌမအစ်ကိုသည် တရားဝင် အရာရှိဖြစ်ခြင်းနှင့် ပတ်သက်၍ ပြဿနာ မရှိပေ။

“မနက်ဖြန်ကျရင် အဋ္ဌမအစ်ကိုရဲ့ အိမ်ထောင်စုစာရင်းကို ပုံမှန် အခြေနေအဖြစ် ပြောင်းလဲလိုက်မယ်။ ဒါမှ မင်း လူဆိုးထိန်း အရာရှိတစ်ယောက်အဖြစ် တရားဝင်ဖြစ်သွားလိမ့်မယ်။“

မော့ချူဟန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြန်သည်။

“ကောင်းပြီ၊ ဒါဆို အစ်ကိုမုန့်ကိုဘဲ ဒုက္ခပေးရအုံးမယ်။“

အချိန်အတော်ကြာ စကားစမြည်ပြောပြီးနောက် မုန့်ဟွေ့နင်သည် နောက်ဆုံးတွင် ဟဲကျစ်ယန် ဘေးရှိ အဖြူအမည်းဘောလုံးလေး အကြောင်းကို မေးမြန်းရန် အချိန်ရခဲ့သည်။

“ဒါက ခယ်မလေးရဲ့ အိမ်မွေးတိရစ္ဆာန်လား။“

သူမ၏ အဖြူအမည်းဘောလုံးလေးအား စစ်ဆေးမေးမြန်းနေသည်ကို ဟဲကျစ်ယန်က မြင်သောအခါ အမြန်ကောက်ကိုင်လိုက်သည်။

“ဒါကို ပဥ္စမအစ်ကိုက ပေးထားတာ။ ညီမ အရမ်းကြိုက်တယ်။“

ဟဲကျစ်ယန်က ဒီလိုပြောတာကို မြင်တော့ မုန့်ဝေနင်က သိပ်အကောင်းမမြင်ပုံ မပေါ်ဘူး။

“ဒါက ဘာလေး ဆိုတာကို ခယ်မလေး သိလား။“

ဟဲကျစ်ယန်က မျက်ခုံးပင့်လိုက်သည်။ ”ဒါက သံစားသားရဲလေ။“

“ခယ်မလေး၊ စာအုပ်ထဲမှာ ရေးထားတဲ့ ပုံအရ သံစားသားရဲတွေရဲ့ သွားတွေက အရမ်းထက်မြက် အရမ်းချွန်တယ်။ အခု ချစ်ဖို့ကောင်းတယ်လို့ မင်း ထင်ကောင်းထင်နိုင်ပေမယ့် သူတို့ ကြီးပြင်းလာတဲ့အခါ လူတွေကို ထိခိုက်စေနိုင်လိမ့်မယ်။”

ဟဲကျစ်ယန်သည် ပန်ဒါများ၏ အလေ့အထနှင့် ပတ်သက်၍ တစ်စုံတစ်ခုကို တွေ့ရှိခဲ့သည်။

တိရစ္ဆာန်များသည် လူသားများကဲ့သို့ ခံစားချက်များ ရှိသည်။ငယ်ရွယ်စဥ်ကတည်းက သူတို့ကို ကောင်းမွန်စွာ ဆက်ဆံပြီး လမ်းပြပေးသမျှ ကာလပတ်လုံး ဘယ်အရာကိုမှ မပြောင်းလဲနိုင်ဘူး ဆိုတာ မရှိပါဘူး။

မုန့်ဟွေ့နင်သည် သူမ၏ ကောင်းကျိုးအတွက် ပြောပေးသည်ကို ဟဲကျစ်ယန်က သူမ၏ စိတ်ထဲတွင် သိနေပြီး သူမ မည်ကဲ့သို့ ပြန်လည်တုံ့ပြန်ရမည်ကိုလည်း တွေးနေမိသည်။

ထိုအချိန်တွင် မော့ကျိုးယွီက စကားပြောလာခဲ့သည်။

“အစ်ကိုမုန့် စိတ်မပူပါနဲ့။ ဒီမှာ ကျွန်တော်တို့ညီအစ်ကိုတွေလည်း အတူရှိတာမို့ ဒီလို အသေးအမွှား ကိစ္စက ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။“

မုန့်ဟွေ့နင်သည်လည်း ကိုယ်ခံပညာရှင် တစ်ဦး ဖြစ်သည်။ သူရဲ့ သိုင်းပညာ စွမ်းရည်က မော့ညီအစ်ကိုတွေလောက် မကောင်းမွန်ပေမယ့် သေချာစဥ်းစားကြည့်မယ့်ဆိုရင် သံစားသားရဲတစ်ကောင်ကို ကိုင်တွယ် ဖြေရှင်းဖို့ဆိုတာ သူ့အတွက် ပြဿနာကြီးတစ်ခုတော့ မဟုတ်ဘူး။

ထို့အပြင် မော့မိသားစုတွင် ကိုယ်ခံပညာ အားကောင်းသူ ( ၃ ) ဦး ရှိသဖြင့် ၎င်းအတွက် အမှန်တကယ် စိတ်ပူစရာ မလိုပါ။

“ဒါက အစ်ကို အရမ်း အတွေးလွန်သွားတာ ဖြစ်နိုင်တယ်။”

မုန့်ဟွေ့နင်က စကားပြောနေရင်းနဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးရဲ့ ခေါင်းလေးကို ပွတ်သပ်ဖို့ ကြံရွယ်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

မမျှော်လင့်ဘဲ ထမင်းလုံးလေးသည် မုန့်ဟွေ့နင် ပြောတာကို နားလည်နေပုံ ရသည်။ သူ့လက် ဆန့်တန်းလိုက်သည်ကို မြင်သောအခါ ပါးစပ်ကိုဖွင့်ပြီး ကိုက်လိုက်သည်။

ဒါကိုမြင်တော့ ဟဲကျစ်ယန်က လျင်မြန်စွာ တုံ့ပြန်ပြီး ထမင်းလုံးလေး မအောင်မြင်အောင် ခြေလှမ်း အနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။

သူမသည် စိတ်ဆိုးဟန်ဆောင်ကာ ထမင်းလုံးလေးကို ဆူပူကြိမ်းမောင်းလိုက်သည်။

“ထမင်းလုံးလေး၊ နင် တစ်ယောက်ယောက်ကို ထပ်ကိုက်မယ်ဆိုရင် ငါနင့်ကို မလိုချင်တော့ဘူးနော်။”

ထမင်းလုံးလေးသည် သူ့သခင်ကို မျက်လုံးဝိုင်းကြီးများနဲ့ စိုက်ကြည့်ကာ အလွန်စိတ်မကောင်းဖြစ်သွားပုံ ရသည်။

ထမင်းဆုတ်လေး၏ သနားစရာကောင်းတဲ့ အကြည့်ကို မြင်လိုက်ရသော် ဟဲကျစ်ယန်၏ နှလုံးသားတစ်ခုလုံး အရည်ပျော်သွားခဲ့သည်။

အပြင်လူများပါ ရှိနေသဖြင့် သူမသည် အလွန်အကျွံ အလိုလိုက်မှုကို မပြသနိုင်သောကြောင့် မျက်မှောင်ကျုံ့၍သာ ဆက်ကြည့်နေခဲ့သည်။

သူ့သခင်က သူ့ကို မချော့တာကိုမြင်တော့ ထမင်းဆုတ်လေးက သူမရဲ့ ပခုံးပေါ်မှာ ဝမ်းနည်းပူဆွေးစွာ မှောက်လျက် မုန့်ဟွေ့နင်ကို ထပ်မကြည့်‌တော့ပေ။

ဒီလုပ်ရပ်က လူကြီးတွေကို ကျယ်လောင်စွာ ရယ်မောစေခဲ့သည်။

လူအနည်းငယ်၏ ရယ်မောသံကြောင့် အကြီးဆုံးမရီးသည် အမြန်ပြေးလာပြီး အားလုံးကို ထမင်းစားဖို့ လှမ်းခေါ်ခဲ့သည်။

ယခုအချိန်တွင် မုန့်ဟွေ့နင်မှ ပြန်သွားဖို့ကို မပြောသေးတာကြောင့် သူက အိမ်ပြန်ဖို့ ရည်ရွယ်ချက် မရှိကြောင်း သိသာထင်ရှားသည်။ ထုံးစံအတိုင်း သူနဲ့ အရာရှိများကို ညစာ အတူစားရန် ခေါ်လိုက်တာက သဘာဝကျပါသည်။

ချက်ပြုတ်နေတဲ့ မရီးတွေက ဒါကို သတိထားမိပြီးသား ဖြစ်လို့ ဒီနေ့ညစာက ခါတိုင်းထက် ပိုပြီး အရသာရှိရှိ ပြင်ဆင်ထားပေးသည်။

ဟဲကျစ်ယန် အ‌စောပိုင်းက ဝယ်ယူခဲ့သော ပါဝင်ပစ္စည်းများ အပြင် ယနေ့ တောင်ပေါ်တွင် ပဥ္စမအစ်ကိုမှ အမဲလိုက်ရရှိလာသည့် သမင်တစ်ကောင်လည်း ပါရှိသေးသည်။

မော့မိသားစုသည် မြို့တော်တွင် ရှိစဥ် အရသာ ကောင်းမွန်သော ဟင်းလျာမျိုးစုံကိုလည်း မြည်းစမ်းကြည့်ခဲ့ဘူးသည်။

သူတို့ရဲ့ ဟင်းချက်လက်ရာက ဟဲကျစ်ယန်လောက် မကောင်းမွန်သော်လည်း သမင်သားနဲ့ ဖတ်ထုပ်ကို ရိုးရိုးရှင်းရှင်း ပြုလုပ်ပေးခဲ့သည်။

အမြည်းစားစရာ အနည်းငယ်ဖြင့် ယနေ့ ညစာသည် အရသာရှိသည်ဟု ဖော်ပြနိုင်ပါသည်။

အစားအသောက်ကို ကောင်းမွန်စွာ ပြင်ဆင်ထားသော်လည်း စားသောက်မှု ပတ်ဝန်းကျင်မှာ ရှုပ်ထွေးနေသည်။

ဒီနေ့ ခြံမငှားနိုင်လို့ ညဖက် တဲထဲမှာ ဆက်အိပ်ရရုံသာမက အပြင်မှာဘဲ စားသောက်ရပေသည်။

စားပွဲ၊ ကုလားထိုင်၊ ခုံတန်းလျားများ သို့မဟုတ် ခွေးခြေများ မပါရှိပေ။ ပြည်နှင်ဒဏ်ပေးခံရသည့် လမ်းခရီးမှာ ကဲ့သို့ ဆီစိမ်အဝတ်ပေါ်တွင် အရသာရှိသော အစားအစာမျိုးစုံကို တည်ခင်းဧည့်ခံထားရသည်။

ဖန့်မိသားစုနှင့် ရှဲ့မိသားစုတို့သည် မော့ကျိုးယွီက ခရိုင်တရားသူကြီးနှင့်အတူ ပြန်လာသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ခရိုင်တရားသူကြီးသည် မော့မိသားစုနှင့် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်းကိုလည်း သူတို့က အတည်ပြုနိုင်ခဲ့သည်။

ဒီလို ရည်ရွယ်ချက်နဲ့ သူတို့အိမ်မှာ ဟင်းအမယ် တချို့ကို ချက်ပြုတ်ပြီး ခရိုင်တရားသူကြီးထံ ဟင်းပို့ပေးခဲ့သည်။

ယခု အချိန်တွင် ဧည့်ခံရန် လူအများရှိနေသဖြင့် မော့မိသားစုမှ အမျိုးသမီးများ ပြင်ဆင်ပေးသည့် အစားအစာသည် လူတိုင်းအတွက် မလုံလောက်သောကြောင့် မိသားစု အကြီးအကဲ ရှဲ့ထျန်ဟိုင်နှင့် ဖန့်ချွမ်ကျိုးတို့ကိုသာ ညစာအတူ စားဖို့ ဖိတ်ကြားခဲ့နိုင်သည်။

မုန့်ဟွေ့နင်သည် မော့မိသားစုနှင့် အတူရောက်လာသော အခြားမိသားစု ( ၂ ) စု ရှိကြောင်းကိုလည်း သိရှိပေသည်။ သူတို့အားလုံးသည် မော့မိသားစုအပေါ် သစ္စာစောင့်သိသောကြောင့် သူသည် ရှဲ့ထျန်ဟိုင်နဲ့ ဖန့်ချွမ်ကျိုးတို့ အပေါ် သူ့သဘောထားက အလွန်ကြင်နာသည်။

အခုအချိန်မှာတော့ မရီးတွေက ဟဲကျစ်ယန်ထံမှ ဟင်းချက်စွမ်းရည် အချို့ကို သင်ယူတက်မြောက်ပြီး ဖြစ်သဖြင့် သူတို့ ချက်ပြုတ်တဲ့ အစားအစာတွေက အရမ်းအရသာရှိသည်။

မုန့်ဟွေ့နင်သည် အရမ်းအရသာရှိသော အစားအစာများကို စားနေစဥ်တွင် ဒီဟင်းချက် လက်ရာများကို စွဲလမ်းသွားနေပြီ ဖြစ်သည်။

အခု သူ ဒီကို ‌ရောက်လာပြီဆို ကတည်းက သူတို့ရဲ့ အိမ်ယာ ပြဿနာကို ဒီနေ့ည မပြန်ခင်မှာ တစ်ခါထဲ ဖြေရှင်းပေးရမယ်။

မုန့်ဟွေ့နင်သည် စားသောက်ပြီးနောက် မတ်တပ်ထရပ်ပြီး အရာရှိအနည်းငယ်ကို ရွာသို့ခေါ်သွားသည်။

သူသည် အရာရှိများကို မောင်းထုစေပြီး ရှီလင်ကျွေးရွာမှ ရွာသူရွာသားများ အားလုံးကို စုဝေးဖို့ စေခိုင်းလိုက်သည်။

ရွာသူရွာသားများသည် အပြင်မှ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ခရိုင်တရားသူကြီး ထွက်သွားလား မထွက်သွားသေးဘူးလား ဆိုတာကို သိချင်နေကြသည်။

အရာရှိများက မောင်းထုပြီး ရွာလယ်တွင် စုရုံးရန် ခေါ်သံကို ကြားသော်အခါ ကျောက်မိသားစုနဲ့ ကျိုးမိသားစုများသည် ဖြစ်ပျက်သွားသည်ကို သိလိုသဖြင့် ပျားများကဲ့သို့ စုစည်းရန် သတ်မှတ်ထားသည့် နေရာသို့ အပြေးအလွှား ‌ရောက်ရှိလာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ထိုနေရာနှင့် အနီးဆုံး ဖြစ်သော ချွေ့မိသားစုဝင်များသည် တစ်ယောက်ပြီး တစ်ယောက် ‌ရောက်ရှိလာနေကြသည်။

All Chapters