လွတ်လမ်းမရှိသော ရေကန်
Vol. 1 Ch. 10
"ဘာလို့ ဒီတောင်က ဒီလောက်ထိ လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေရတာလဲ"
"ဒါပေမယ့် ရှုခင်းကတော့ အတော်လေး ကောင်းတယ်"
မြေပြင်သို့ ဆင်းသက်ပြီးနောက် စုဝမ်ကျိုးက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။
တပည့်လက်ခံရန်အတွက် သူမ အလျင်လိုရန် မလိုပေ။ မည်သို့ပင်ဆိုစေကာမူ လူများသည် ဤနေရာ၌ ရှိနေပြီးသား ဖြစ်သလို ထွက်ပြေး၍လည်း မရနိုင်ချေ။
သူမသည် ပထမဆုံး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး သဲလွန်စများကို လေ့လာကာ လင်းဖုန်း၏ဆရာအကြောင်း နားလည်မှု ရယူရပေမည်။
ဥပမာအားဖြင့် အဆောက်အအုံများ တည်ဆောက်ထားသည့်ပုံစံက ပိုင်ရှင်၏ ပင်ကိုယ်စရိုက်ကို ဖော်ပြနိုင်သည်။
ထိုသို့မဟုတ်ပါက တချို့သော ဝင်္ကပါများ သို့မဟုတ် အဆောက်အအုံများမှတစ်ဆင့် ပိုင်ရှင်၏အင်အားကို ခွဲခြားသိမြင်နိုင်သည်။
ဤနည်းဖြင့် နောက်ပိုင်းဆွေးနွေးညှိနှိုင်းမှုများတွင် မမျှော်လင့်ထားသော ရှုပ်ထွေးမှုများ ကြုံတွေ့ရမည် မဟုတ်ဘဲ အရာအားလုံး ပို၍ချောမွေ့သွားပေလိမ့်မည်။
ဤသည်ကလည်း သူမသည် လင်းဖုန်းကို အလွန်တန်ဖိုးထားသောကြောင့်ပင်။
ထိုသို့မဟုတ်ပါက သာမန်လူမျိုးသည် မည်သည်ကြောင့် သူမ ထိုသို့လုပ်ရန် ထိုက်တန်မည်နည်း။ သူမသည် အကျိုးခံစားခွင့်များကို တွေဝေမနေဘဲ လင်းဖုန်း၏ဆရာကို ပေါ့ပေါ့ပါးပါး ပေးရပေမည်။ ထိုလူသည် လင်းဖုန်းအား သူမကို ပေးချင်သည် ဖြစ်စေ မပေးချင်သည် ဖြစ်စေ လက်ခံရမည်သာဖြစ်ပေ၏။
"ရှုခင်းကလွဲရင်... ဒီမှာ ကြည့်စရာ ဘာမှမရှိဘူး ထင်တယ်"
ပေါ့ပေါ့ပါးပါး လေ့လာပြီးနောက် စုဝမ်ကျိုးက မနေနိုင်ဘဲ ရေရွတ်လိုက်သည်။
"သူ့ရဲ့ဆရာက သာမန် ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်လောက်တယ်... ထူးထူးခြားခြား ဘာမှ မရှိပါဘူး"
"ကောင်းပြီလေ.. သူ့ဆီ တန်းသွားတာပေါ့"
"အဆင်မပြေရင် ဒီလိုပါရမီရှင် တပည့်မျိုးကို ရဖို့ အင်အားသုံးချင် သုံးရလိမ့်မယ်"
ဆုံးဖြတ်ချက် ချပြီးနောက် စုဝမ်ကျိုးသည် ကျုံးချင်၏ တိကျသောတည်နေရာကို ရှာဖွေရန် သူမ၏ နတ်ဘုရားစိတ်အာရုံကို အသုံးပြုရန် ဟန်ပြင်လိုက်၏။ ထိုအချိန်မှာပင် တခြားအရာတစ်ခုက သူမကို နက်ရှိုင်းစွာ ဆွဲဆောင်လိုက်သည်။
ဤသည်မှာ အလျားနှင့် အနံ နှစ်ဖာလုံထက် မပိုသော ရေကန်ငယ်လေးတစ်ခုပင်။
ရေကန်၏နံဘေးပတ်လည်တွင် ထူထပ်သော နှင်းများ စုပုံနေသည်။
ရေကန်ထဲရှိ ရေသည် နောက်ကျိနေခြင်း သို့မဟုတ် အခြားအကြောင်းရင်း တစ်စုံတစ်ရာကြောင့် နက်မှောင်နေပြီး အောက်ခြေကို မမြင်ရချေ။
ထိုနက်မှောင်နေသော ရေကန်၏ အလယ်တည့်တည့်တွင် နှင်းကဲ့သို့ ဖြူဖွေးသော ကြာပန်းတစ်ပွင့် ပေါလောပေါ်နေသည်။
ထိုကြာပန်းတွင် ပွင့်ချပ်ကိုးလွှာရှိပြီး နက်မှောင်နေသော ရေကန်ရေပြင်၏ နောက်ခံတွင် လပြည့်ညမှ အဖြူရောင်လဝန်းကြီးနှင့် တူညီနေသည်။
စုဝမ်ကျိုး၏ အကြည့်သည် ဤအဖြူရောင် ကြာပန်းပွင့်ဆီသို့ နက်ရှိုင်းစွာ ရောက်ရှိသွားသည်။
ဆောင်းရာသီအလယ်တွင် ရေကန်အလယ်၌ အဖြူရောင် ကြာပန်းတစ်ပွင့် ပေါလောပေါ်နေခြင်းသည် အတော်လေး အံ့သြစရာကောင်းသော မြင်ကွင်းတစ်ခုပင်။
ထိုကြာပန်းတွင် ပုံမှန်မဟုတ်သော အရှိန်အဝါ မရှိဘဲ သာမန်အပင်တစ်ပင်ကဲ့သို့ ဖြစ်နေသည်။
သို့သော် စုဝမ်ကျိုးသည် ချက်ချင်းသဘောကျသွားပြီး မခူးဘဲ မနေနိုင် ဖြစ်သွားသည်။
သူမ မနေနိုင်ဘဲ ရေကန်ဆီသို့ လျှောက်သွားလိုက်သည်။ သူမ၏ ကျောက်စိမ်းကဲ့သို့ နူးညံချောမွတ်သော ခြေထောက်များကို ထူထပ်သိပ်သည်းသော စွမ်းအင်များဖြင့် ဖုံးအုပ်ထားပြီး ရေပြင်ပေါ်သို့ တိုက်ရိုက်နင်းလိုက်သည်။
သူမ၏ခြေချောင်းများ ရေနှင့် ထိလိုက်သည်နှင့် နက်မှောင်နေသော ရေကန်တစ်ခွင်တွင် လှိုင်းဂယက်များ ချက်ချင်းပျံ့နှံ့သွားသည်။
ထိုသို့ဖြင့် သူမသည် ရေကန်ထဲသို့ ဝင်ရောက်သွားပြီး ကြာပန်းပွင့်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။
သို့သော်...
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်ခုခု မှားယွင်းနေကြောင်း သူမ ခံစားလိုက်ရသည်။
ရေကန်တစ်ခုလုံးသည် အလျားနှင့် အနံ နှစ်ဖာလုံထက် မပိုဘဲ ကမ်းစပ်မှ ရေကန်အလယ်အထိ အကွာအဝေးမှာ တစ်ဖာလုံသာ ရှိသည်။ ကလေးတစ်ယောက်ပင်လျှင် ခြေလှမ်းဆယ်လှမ်းဖြင့် ရေကန်အလယ်သို့ ရောက်နိုင်ပေ၏။
သို့သော် သူမ ခြေလှမ်းအများအပြား လှမ်းသော်လည်း ကြာပန်းနှင့် နီးကပ်မလာပေ။ ဆန့်ကျင်ဘက်အနေဖြင့် အမြင်အားဖြင့် ကြာပန်းနှင့် သူမကြား အကွာအဝေးသည် ကမ်းစပ်မှ ကြည့်စဉ်ကနှင့် ကွာခြားခြင်းမရှိချေ။
"အမ် "
စုဝမ်ကျိုးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူမသည် ရေပြင်ကို သူမ၏ခြေထောက်ဖြင့် ထိလိုက်ရုံဖြင့် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး လေထဲသို့ မြောက်တက်သွားပြီး ကြာပန်းပွင့်ဆီသို့ ပျံသန်းသွားသည်။
သို့သော်...
သူမ ပြန်လည်ဆင်းသက်လိုက်ချိန်၌ သူမနှင့် ကြာပန်းသည် တူညီသော အကွာအဝေးတွင် ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမ အံ့အားသင့်၍ မဆုံးမီ ရေကန်၏ တစ်ဖက်ကမ်းကို မမြင်ရတော့ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုလိုက်ရာ တစ်ဖက်ကမ်းသာမက နောက်ဘက်နှင့် ဘေးနှစ်ဖက်ရှိ ကမ်းပါးများကိုလည်း မမြင်ရတော့ချေ။
သူမ မြင်ရသော်လည်း မထိတွေ့နိုင်သော အဖြူရောင် ကြာပန်းပွင့်မှလွဲ၍ ပင်လယ်ပြင်ပေါ်တွင် ရပ်နေသကဲ့သို့ မြင်ကွင်းတစ်ဆုံး ကျယ်ပြောလှသော အနက်ရောင်ရေပြင်ကြီးသာ ရှိတော့သည်။
"ထင်ယောင်ထင်မှား ဖြစ်တာလား"
"စိတ်ဝင်စားစရာပဲ"
ထိုအရာကို မြင်လိုက်ရချိန်၌ စုဝမ်ကျိုး၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး လှောင်ပြောင်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ရှင်တို့ရဲ့ ထင်ယောင်ထင်မှားဝင်္ကပါကို ကျွန်မ ဘယ်လို ဖျက်ဆီးမလဲဆိုတာ စောင့်ကြည့်လိုက်စမ်း..."
စုဝမ်ကျိုးသည် တည်ငြိမ်အေးဆေးစွာဖြင့် ရေပြင်ပေါ်တွင် ပလ္လင်ခွေထိုင်ကာ ငြိမ်သက်ခြင်း အခြေအနေသို့ ဝင်ရောက်လိုက်သည်။
သာမန် ထင်ယောင်ထင်မှားဖြစ်မှုများနှင့် ရင်ဆိုင်ရချိန်တွင် တည်ငြိမ်အေးချမ်းသော စိတ်ထားဖြင့် အနှောင့်အယှက်ကင်းစွာ နေလိုက်ရုံဖြင့် ထင်ယောင်ထင်မှားဖြစ်မှုသည် အလိုအလျောက် ပျက်စီးသွားပေလိမ့်မည်။
အချိန်တခဏကြာခန့် တည်ငြိမ်ခြင်း အခြေအနေသို့ ဝင်ရောက်ပြီးနောက် စုဝမ်ကျိုးသည် သူမ၏လှပသော မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
သူမ မျက်လုံးဖွင့်လိုက်လျှင် ထင်ယောင်ထင်မှား ဖြစ်မှုများ ပျက်စီးသွားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ထိုတောက်ပသော အဖြူရောင် ကြာပန်းပွင့်မှလွဲ၍ အဆုံးအစ မရှိသော ကျယ်ပြန့်သည့် အနက်ရောင်ရေပြင်ထဲတွင် သူမ ရှိနေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ဒါက တစ်ခုခု မှားနေတယ်"
စုဝမ်ကျိုး၏မျက်နှာထား အနည်းငယ်ပို၍ တည်ကြည်လေးနက်လာသည်။
"ထင်ယောင်ထင်မှားဖြစ်မှုကို ဒီလိုမျိုး ဖျက်ဆီးလို့ မရမှတော့... အကြမ်းဖက်တဲ့ နည်းလမ်းကို သုံးရတော့မှာပေါ့"
စုဝမ်ကျိုးသည် သူမ၏စွမ်းရည်အပေါ် သူမ အလွန်ယုံကြည်မှု ရှိသည်။
သူမသည် ငယ်ရွယ်သော်လည်း ချောင်ရှားတောင်ကြား၏ သမိုင်းတလျှောက်တွင် နံပါတ်တစ် လူငယ်ပါရမီရှင်ပင်။ လွန်ခဲ့သော တစ်နှစ်ကတည်းက သူမသည် လမင်းနက်နဲသိမ်မွေ့နယ်ပယ်၏ အရှင်တစ်ဦး ဖြစ်နေလေပြီ။
"ဟိုက်ယား...."
သူမသည် ညင်သာစွာအော်ဟစ်လိုက်ပြီးနောက် ပေါများသော စွမ်းအင်များက သူမ၏ နူးညံချောမွေ့သောလက်ဝါး နံဘေးပတ်လည်တွင် လည်ပတ်နေသည်။
ထို့နောက် ကြီးမားသောစွမ်းအားဖြင့် ရေပြင်ပေါ်သို့ သူမ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
"ဝုန်း"
ရုတ်ချည်းဆိုသလိုပင် သူမ ရပ်နေသော ရေပြင်ပေါ်တွင် လှိုင်းလုံးကြီးများ မြင့်တက်လာပြီး လှိုင်းဂယက်များသည် မိုင်ပေါင်းများစွာအထိ ပျံ့နှံ့သွားသည်။
လမင်းနက်နဲသိမ်မွေ့နယ်ပယ်၏ အစွမ်းကုန်စွမ်းအားဖြင့်...
အလျားနှင့်အနံ နှစ်ဖာလုံသာ ရှိသော ရေကန်ငယ်လေး မပြောနှင့် ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုကြီးနေလျှင်ပင် အတွင်းမှရေများချက်ချင်းအငွေ့ပျံသွားနိုင်သည်။
အစွမ်းအထက်ဆုံး ဝင်္ကပါပင်လျှင် ထိုအရာ၏ အခြေခံကြားခံနယ် ပျက်စီးသွားပါက ဆက်လက်၍ တည်ရှိနိုင်မည် မဟုတ်ချေ။
သို့သော်...
ဝင်္ကပါ ပျက်စီးသွားမည့်အချိန်ကို သူမ ယုံကြည်မှုရှိရှိ စောင့်ဆိုင်းနေသော်လည်း အချိန်အတော်ကြာ ကုန်ဆုံးသွားသည်ကိုသာ တွေ့လိုက်ရသည်။
သူမ၏တိုက်ခိုက်မှုမှ အကျိုးသက်ရောက်မှုများ ငြိမ်သက်သွားသော်လည်း ဝင်္ကပါကို ဖျက်ဆီးနိုင်ခြင်း မရှိသေးချေ။
ပင်လယ်ကြီးသည် အရပ်မျက်နှာအဘက်ဘက်တွင် လုံးလုံးလျားလျား နက်မှောင်နေဆဲပင်။
"ဘာလဲ"
"ဒါဆို ဒီဝင်္ကပါကို ဖျက်ဆီးလို့ မရဘူးပေါ့"
စုဝမ်ကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး ယခင်က လှောင်ပြောင်သော အမူအယာ ပျောက်ကွယ်သွားသည်။
သူမ၏အကြည့်ကို သူမရှေ့ရှိ တစ်ခုတည်းသော ရည်ညွှန်းမှတ်ဖြစ်သည့် အဖြူရောင် ကြာပန်းပွင့်ဆီသို့ လှည့်လိုက်သည်။
ငါ မယုံဘူး...
သူမသည် ရေပြင်မှ လေထဲသို့ ပျံတက်လိုက်ပြီး လမင်းနက်နဲသိမ်မွေ့နယ်ပယ်တွင် ပိုင်ဆိုင်ထားသော အမြင့်ဆုံးအမြန်နှုန်းကို ထုတ်လွှတ်ကာ အဖြူရောင် ကြာပန်းပွင့်ဆီသို့ ပျံသန်းသွားသည်။
နေထွက်လာလိုက် နေဝင်သွားလိုက်နှင့်...
မျက်စိတစ်မှိတ်အတွင်း နှစ်ရက် ကုန်ဆုံးသွားသည်။
စုဝမ်ကျိုးသည် သူမ၏ သွယ်လျပြီး နူးညံ့သော ခန္ဓာကိုယ်ဖြင့် ရေပြင်ပေါ်တွင် မတ်တတ်ရပ်နေသည်။ သူမ၏ လှပသောမျက်နှာလေးသည် လှပနေဆဲ ဖြစ်သော်လည်း သူမ၏မျက်နှာပေါ်မှ မောပန်းနွမ်းနယ်မှုနှင့် စိတ်ဓာတ်ကျနေမှုများကို ဖုံးကွယ်မထားနိုင်ချေ။
လွန်ခဲ့သော နှစ်ရက်က သူမ၏တည်ငြိမ်အေးဆေးမှုများ ပျောက်ကွယ်သွားလေပြီ။
ထိုအစား ထိတ်လန့်သည့် အရိပ်အယောင်များ သူမ၏မျက်လုံးများတွင် ရံဖန်ရံခါ ဖြတ်ပြေးသွားသည်။
သူမသည် အဖြူရောင်ကြာပန်းပွင့်ဆီသို့ အမြင့်ဆုံးအမြန်နှုန်းဖြင့် နှစ်ရက်ကြာ ပျံသန်းခဲ့သော်လည်း ရေကန်ငယ်လေးထဲမှ ထွက်ခွာနိုင်ခြင်း မရှိသေးချေ။
အဖြူရောင် ကြာပန်းပွင့်ကိုလည်း ထိတွေ့နိုင်ခြင်း မရှိဘဲ သူမနှင့်တစ်ပေအကွာတွင် အမြဲတစေ ရှိနေသည်။
"ဒါက ဘယ်လို ဝင်္ကပါမျိုးလဲ"
စုဝမ်ကျိုးက အံ့တင်းတင်းကြိတ်လိုက်သည်။
သူမ မည်သို့ပြုလုပ်ပါစေ ထွက်သွား၍မရဟူသော အားကိုးရာမဲ့ ခံစားချက်က သူမကို မသိစိတ်မှ စိုးရိမ်ပူပန်လာစေသည်။
သူမသည် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို အသုံးပြုပြီး ဂိုဏ်းကို အကူအညီတောင်းရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပေ၏။
ထိုအချိန်မှာပင် သူမ၏ခြေထောက်အောက်ရှိ ရေထဲတွင် တစ်စုံတစ်ရာ လှုပ်ရှားနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူမ အလိုအလျောက် ပျံသန်းလိုက်သည်။
ပေတစ်ထောင်အမြင့်သို့ ရောက်ရှိပြီး ရေပြင်ကို ငုံ့ကြည့်လိုက်ချိန်၌ အံ့အားသင့်မှုကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားသည်။
အကြောင်းအရင်းမှာ ရေထဲတွင် ကြီးမားသော သားရဲကြီးတစ်ကောင် ကူးခတ်နေသောကြောင့်ပင်။
ထိုသားရဲသည် ပေတစ်သောင်းခန့် ရှည်လျားကာ အနီရောင်ဖြစ်ပြီး ပုံသဏ္ဍာန်သည် မသဲကွဲဘဲ ရှင်းလင်းမှုမရှိချေ။ နဂါးနှင့်လုန်နဂါးသားရဲ နှစ်မျိုးလုံးနှင့် တူညီနေပြီး ရေထဲတွင် ဖြည်းညှင်းစွာ ကူးခတ်နေသည်။
ထိုသားရဲ သွားလာနေစဉ် ရေမျက်နှာပြင်သည် ဖြည်းညှင်းစွာ ကွဲအက်သွားပြီး ကွေးညွတ်နေသော ကျောပြင် ထွက်ပေါ်လာသည်။ သူမ အပေါ်စီးမှ ကြည့်လိုက်ချိန်၌ ဤသည်မှာ မိုင်ဆယ်ချီ ရှည်လျားသော တောင်တန်းတစ်ခုနှင့် တူညီနေသည်။
ထိုသားရဲ၏ ကြီးမားသော အရွယ်အစားသည် စုဝမ်ကျိုးကို အကြောက်ဆုံး ဖြစ်စေသည် မဟုတ်ချေ။
သူမကို အမှန်တကယ် ကြောက်လန့်စေသည့်အရာမှာ ထိုကြီးမားသော သားရဲကြီးထံမှ ထွက်ပေါ်လာသော အရှိန်အဝါပင်။
ထိုအရှိန်အဝါသည် သူမကို ဦးတည်ထားခြင်း မဟုတ်ဘဲ မရည်ရွယ်ဘဲ ထွက်လာသော အငွေ့အသက်မျှသာဖြစ်သည်။
သို့သော် ဤမရည်ရွယ်ဘဲ ထွက်လာသော အရှိန်အဝါကပင် စုဝမ်ကျိုး၏ကျောရိုးတလျှောက် စိမ့်တက်သွားစေသည်။ ထိုသားရဲ၏ အသက်ရှူသံ တစ်ချက်ကပင် သူမ၏စိတ်ဝိညာဉ်ကို ပျောက်ကွယ်သွားစေနိုင်ကြောင်း သူမ သံသယ မရှိတော့ချေ။
တစ်ချိန်တည်းမှာပင် သူမသည် ကြောက်မက်ဖွယ်ကောင်းသော ဖြစ်နိုင်ခြေတစ်ခုကိုလည်း စဉ်းစားမိလိုက်သည်။
Thank For Reading.