← Chapters

ညတစ်ည

Vol. 2 Ch. 17

ညတစ်ည

Vol. 2 Ch. 17

ခွန်းလွန်တောင်ခြေမှ လယ်ကွင်းအိမ်လေး၏ သီးသန့်ခန်းထဲ၌ စားပွဲဝိုင်းတစ်ခု ခင်းကျင်းထားပေသည်။

စားပွဲဝိုင်း၏အလယ်တွင် မီးသွေးမီးဖိုဖြင့်ပြင်ဆင်ထားသည့် ဟော့ပေါ့တစ်ခုရှိပေသည်။ထိုစားပွဲဝိုင်းပေါ်၌ လူဆယ်ယောက်ခန့် ဝိုင်း၍ထိုင်နေခဲ့သည်။

တောက်ပသောဆံပင်နှင့် အနက်ရောင်သားရေဖိနပ်အား ဝတ်ဆင်ထားသည့်လူငယ်တစ်ယောက်သည် ဝိုင်ဖြူတစ်ခွက်ကို လက်တစ်ဖက်ဖြင့်ကိုင်ဆောင်ကာ စကားပြောနေခဲ့သည်။

"ငါမင်းတို့ကိုပြောပြမယ်...ငါဒီနေ့အင်မော်တယ်အကြီးအကဲကို ငါ့ရဲ့မျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့တယ်...သူဟာတကယ့်ကိုအင်မော်တယ်အကြီးအကဲပီသပြီး ကြီးကျယ်ခမ်းနားတဲ့အော်ရာကို ထုတ်ဖော်အသုံးပြုနိုင်တယ်...အထူးသဖြင့် သူဝတ်ဆင်ထားတဲ့အဖြူရောင်ဝတ်ရုံက လူတိုင်းကိုကြီးစိုးခြယ်လှယ်နိုင်တဲ့ ခံစားချက်ကိုပေးစွမ်းနိုင်တယ်...ငါ့ရဲ့အမြင်အရဆိုရင် အင်မော်တယ်အကြီးအကဲဟာ အနည်းဆုံးအသက်၂၀၀ကျော်ပြီ"

သခင်လေးဝူက စိတ်လှုပ်ရှားနေသော လေသံဖြင့်ပြောလိုက်သည်။

စားပွဲဝိုင်းမှလူများက သခင်လေးဝူ၏စကားကို အလွန်စိတ်ဝင်စားနေကြသည်။

"ငါတကယ်ကို မနာလိုဖြစ်မိတယ်...သခင်လေးဝူကတော့ သခင်လေးဝူပါဘဲ...မင်းကခွန်းလွန်တောင်ကို ပထမဆုံးရောက်တာနဲ့ အင်မော်တယ်အကြီးအကဲကို တွေ့မြင်ခဲ့ရတယ်...ငါဆိုအဲ့ကိုရောက်တာအကြိမ်ပေါင်းမနည်းတော့ဘူးဆိုပေမဲ့ သက်ရှည်ဘုရားကျောင်းအနားကိုတောင် မကပ်နိုင်ခဲ့ဘူး...ငါ့အမြင်အရပြောရမယ်ဆိုရင် သခင်လေးဝူဟာ ဒီနှစ်မှာ ကံကြမ္မာကောင်းတစ်ခုကိုရနိုင်လိမ့်မယ်လို့ ငါအမြဲခံစားမိနေတယ်...တစ်နေ့ကျရင် အင်မော်တယ်အကြီးအကဲက သခင်လေးဝူကိုမျက်စိကျပြီးတော့ ကောင်းကင်ပေါ်တက်လှမ်းနိုင်အောင် ကူညီပေးလိမ့်မယ်လို့ ငါထင်တယ်"

အနက်ရောင်ချည်သားဖြင့် ပြုလုပ်ထားသည့်အင်္ကျီကို ဝတ်ဆင်ထားသည့်အမျိုးသားတစ်ယောက်က သူ၏ခန္ဓာကိုယ်ကိုတင်းတင်းကျပ်ကျပ်ကွေးလိုက်ရင်း ပြောလိုက်သည်။

သူစကားပြောနေချိန်တွင် ဟော့ပေါ့အိုးအတွင်းမှ အမဲသားတစ်ပိုင်းကိုယူဆောင်လိုက်ပြီး အပူချိန်ကိုပင် ဂရုမစိုက်တော့ဘဲ ပါးစပ်ထဲပစ်ထည့်လိုက်သည်။သူသည် အမဲသားကိုနှစ်ကြိမ်ခန့်ဝါးပြီးနောက် နာမည်ကြီးတရုတ်ဝိုင်တစ်ခွက်ကို မော့ချလိုက်သည်။ဤရက်များအတွင်း သူသည်သခင်လေးဝူ၏ကြွားလုံးကိုနားထောင်ရင်း အမဲသားများနှင့်ဝိုင်များကို နေ့တိုင်းသုံးဆောင်ခွင့်ရ၍ ပျော်ရွှင်ကျေနပ်နေခဲ့သည်။

"ဟားဟားဟား...ဒါပေါ့ဒါပေါ့...ငါဆိုတဲ့သခင်လေးဝူက ဘယ်သူမလို့လဲ...တကယ်လို့ကျောက်မိသားစုက တစ်ယောက်ယောက်ရောက်လာမယ်ဆိုရင်တောင် ငါ့ကိုမျက်နှာသာပေးရလိမ့်မယ်...တစ်နေ့တော့ အင်မော်တယ်အကြီးအကဲက ငါ့ကိုလူကိုယ်တိုင်လာတွေ့ရလိမ့်မယ်...လာကြညီလေးတို့ မင်းတို့လိုသောက်ဖော်သောက်ဖက်တွေနဲ့ အတူတူဆုံတွေ့ရဖို့ဆိုတာ တကယ်ရှားပါးတဲ့ဖြစ်ရပ်ပဲ...ဒီနေ့မင်းတို့အကုန်လုံးစိတ်ကြိုက်သောက်ကြစမ်း...အကုန်လုံးကိုငါဒကာခံမယ်"

"ကောင်းပြီ...ဒီဝိုင်တစ်ခွက်က သခင်လေးဝူအတွက်ပဲ..."

"သခင်လေးဝူ...မင်းကအနာဂတ်မှာ ငါ့ရဲ့ညီအစ်ကိုဖြစ်လိမ့်မယ်...မင်းသာငါ့ကိုအရှေ့ကသွားခိုင်းရင် ငါဘယ်တော့မှနောက်လှည့်မကြည့်ဘူး...မင်းကငါ့ကိုခွေးတစ်ကောင်ဖမ်းခိုင်းရင် ငါကဘယ်တော့မှကြောင်မဖမ်းဘူး...မင်းကငါ့ကိုအဝတ်ဗလာနဲ့နေခိုင်းရင် ငါအဝတ်လုံးဝမဝတ်တော့ဘူး"

"ဟားဟား..."

သီးသန့်ခန်းအတွင်းမှနေ၍ ရယ်မောသံများက ရံဖန်ရံခါထွက်ပေါ်လာခဲ့သည်။

စားပွဲပေါ်တွင် အမျိုးအစားစုံလင်သော သားရဲများ၏အသွင်အပြင်များကို ကွက်ကွက်ကွင်းကွင်း ပြတ်ပြတ်သားသားဖော်ပြထားပေသည်။

...

ခွန်းလွန်တောင်...သက်ရှည်ဘုရားကျောင်း...

ကျောက်ခွန်ကြောင့် ပျက်စီးသွားသည့် သစ်သားတံခါးကို ပြုပြင်ထားပြီးဖြစ်ကာ တံခါးဝ၌ အထူးရဲအရာရှိများကို ထပ်မံနေရာချထားခဲ့သည်။

တံခါးကို များစွာအားစိုက်ပြုပြင်ထားပြီးဖြစ်ရာ နဂိုကရှေးရိုးဆန်သောတံခါးသည် ယခုအခါတွင် အလွန်ပင်ခမ်းနားရှေးကျသည့် အသွင်အပြင်ကိုထုတ်ပြနေခဲ့သည်။

ခြံဝင်းအတွင်း၌...

မက်မွန်ပင်ပေါ်တွင် ရွက်ဟောင်းများမရှိတော့ဘဲ စိမ်းလန်းသောအရွက်များက အစားထိုးဝင်ရောက်နေခဲ့သည်။

အရွယ်ရောက်ပြီးသောမက်မွန်ပင်သည် စိမ်းလန်းသောအရွက်များထွက်ပေါ်လာပြီးနောက် သာမန်မျက်စိဖြင့်မြင်နိုင်သည့်အရှိန်အဟုန်ဖြင့် ပန်းရောင်မက်မွန်ပွင့်များ ပွင့်ဖူးဝေဆာလာခဲ့သည်။ကောင်းကင်မှကျဆင်းလာသည့် ငန်းမွှေးကဲ့သို့ အဖြူရောင်နှင်းစက်များက ပန်းရောင်မက်မွန်ပွင့်များနှင့်ပေါင်းစပ်လိုက်ချိန်တွင် အလွန်ထူးခြားသည့်ရှုမျှော်ခင်းကို ဖန်တီးဖြစ်ပေါ်စေခဲ့သည်။

ယဲ့ပိုင်သည် သူ၏လက်နှစ်ဖက်ကို နောက်ကျောပိုက်၍ ဧည့်ခန်းအဝင်ဝ၌ရပ်နေကာ မက်မွန်ပင်ကြီးအား ငြိမ်သက်စွာစိုက်ကြည့်နေခဲ့သည်။

ထိုမက်မွန်ပွင့်များသည် အလွန်တောက်ပနေခဲ့ပြီး လေထုထဲ၌ ပန်းရနံ့သင်းသင်းလေးက မွှေးပျံ့နေခဲ့သည်။

သစ်ပင်အိုကြီးသည် နွေဦး၌တဖန်မွေးဖွားလာခဲ့သည်။အသက်ကြီးလာချိန်တွင် သစ်ပင်အိုကြီးသည် ဘဝ၏နောက်ဆုံးအချိန်၌ အစွမ်းကုန်ပွင့်လမ်းပြနေဟန်ရသည်။

"သခင်...ဒီအစေခံက မင်းအတွက်အဝတ်အစားတွေပြင်ဆင်ပေးထားပါတယ်...ရာသီဥတုကအရမ်းအေးနေတာဆိုတော့ အဝတ်အစားတွေဝတ်မလားသခင်ကြီး"

ဝမ်အန်းသည် ယဲ့ပိုင်၏နောက်ဘက်၌ရပ်နေပြီး တံခါးအပြင်သို့အမှတ်မထင်လှမ်းကြည့်မိလိုက်ချိန်တွင် အပြင်ဘက်၌ မက်မွန်ပင့်များပွင့်လန်းနေသည်ကို တွေ့လိုက်ရသည်။သူသည် လက်ထဲတွင် နူးညံ့သောဝတ်စုံကိုကိုင်ထားလျက် ယဲ့ပိုင်အားအံ့သြတကြီးလှမ်းကြည့်လိုက်သော်လည်း အပြုံးမပျက်ပဲ ရိုသေလေးစားစွာမေးမြန်းလိုက်သည်။

"မလိုဘူး..."

ယဲ့ပိုင်က မက်မွန်ပွင့်ကိုကြည့်ရင်း ပြန်ပြောလိုက်သည်။

ထိုပန်းပွင့်များသည် အစွန်ဖျားထိပွင့်လာသည့်အချိန်တွင် နှင်းပွင့်များနှင့်အတူ ခြံဝင်းအတွင်းသို့ကြွေကျလာခဲ့သည်။ခဏအကြာတွင် ခြံဝင်းတစ်ခုလုံးအား ပန်းရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းသွားခဲ့တော့သည်။

"သခင်ကြီး...လက်ဖက်ရည်ကြမ်းသုံးဆောင်ပါဦး"

နောက်ထပ်တစ်နာရီခန့်ကြာပြီးနောက် ကောင်းကင်သည်တဖြည်းဖြည်းမှိန်ဖျော့လာခဲ့သည်။ဝမ်အန်းသည် ဧည့်ခန်းဆီသို့လမ်းလျှောက်လာချိန်တွင် တံခါးဝ၌ရပ်နေဆဲဖြစ်သော ယဲ့ပိုင်အား သတိထားမိလိုက်သည်။ထို့ကြောင့် သစ်သားစားပွဲပေါ်ရှိ စစ်ပွဲကာလမှသလင်းခွက်ကို ဂရုတစိုက်ယူဆောင်ကာ လက်ဖက်ရည်ကြမ်းကိုဖြည့်လိုက်ရင်း ယဲ့ပိုင်ထံတိုးတိုးလေးပြောလိုက်သည်။

"ဟိုနားထားလိုက်..."

ယဲ့ပိုင်က စကားအများကြီးမပြောဖြစ်တော့ပေ။

ယခုအချိန်တွင် ခြံဝင်းအတွင်းရှိ မက်မွန်ပင်မှ ပွင့်ဖူးများအားလုံးကြွေကျနေခဲ့ပြီဖြစ်သည်။

အားဟိုင်၏သင်္ချိုင်းဂူအား နှင်းပွှင့်အလွှာများနှင့်မက်မွန်ပွင့်အလွှာများက ဖုံးအုပ်ထားခဲ့ပြီး လေထုထဲရှိ ပန်းရနံ့ကလည်း တဖြည်းဖြည်းပိုမိုအားနည်းလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်နှစ်နာရီကြာမြင့်သွားခဲ့သည်။ကောင်းကင်သည် အုံ့မှိုင်းနေပြီဖြစ်သော်လည်း ခွန်းလွန်တောင်၌ နှင်းများကထူထပ်စွာကျရောက်နေမြဲဖြစ်သည်။

ထိုအချိန်တွင် သစ်သားစားပွဲပေါ်ရှိ လက်ဖက်ရည်ကြမ်းက အကြိမ်ကြိမ်အခါခါအေးစက်နေပြီဖြစ်သည်။ထိုသို့အေးစက်လာတိုင်း ဝမ်အန်းသည် လက်ဖက်ရည်ကြမ်းကိုမြေပေါ်သွန်ချကာ အသစ်ပြန်ဖြည့်ပေးခဲ့သည်။

ဝမ်အန်းသည် ထိုသို့၁၆ကြိမ်တိတိပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဝမ်အန်းသည် ကောလဟာရများအရ အင်မော်တယ်ဟုယူဆခံရသော်လည်း သူသည်အသက်ကြီးပြီဖြစ်သည်။

သူ၏အမည်သည် ယဲ့ပိုင်အား အားကိုးအားထားပြုသည့် အလင်းတန်းတစ်ခုမျှသာဖြစ်ပေသည်။

ရာသီဥတုက အေးစက်နေခဲ့သည်။

ဝမ်အန်းသည် မီးဖိုအနီး၌ ယဲ့ပိုင်အတွက်ရေနွေးတည်နေခဲ့သည်။မီးဖိုတွင်းရှိ ထင်းများလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့်အနီရောင်မီးတောက်သည် နွေးထွေးသောအပူချိန်ကိုပေးစွမ်းနေရာ ဝမ်အန်းသည်ကုလားထိုင်ပေါ်၌ အမှတ်တမဲ့အိပ်ပျော်သွားခဲ့သည်။

ယဲ့ပိုင်သည်ကား ဧည့်ခန်းအဝင်ဝ၌ ရပ်နေဆဲဖြစ်သည်။ထိုတစ်ညတာသည် လူအချို့အတွက် အလွန်ကြာမြင့်ကောင်းကြာမြင့်နိုင်သော်လည်း ယဲ့ပိုင်အတွက်မူ လျှပ်တပြက်သာဖြစ်သည်။

...

"ဘုန်းးး..."

နောက်တစ်နေ့တွင် ခွန်းလွန်တောင်ရှိ သက်ရှည်ဘုရားကျောင်းဝင်းအတွင်း၌ တစ်စုံတစ်ရာပြိုကျလာသကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မီးဖိုအနီး၌ အိပ်ပျော်နေသောဝမ်အန်းသည် ထိုအသံအားကြားလိုက်ချိန်တွင် ရုတ်တရက်လန့်နိုးလာခဲ့သည်။သူသည် မျက်လုံးအားဖွင့်လိုက်သည်နှင့် စူးရှတောက်ပသည့်အလင်းတန်းများက သူ့မျက်လုံးကိုကြိမ်းသွားစေခဲ့သည်။ကောင်းကင်သည်တောက်ပနေကာ မည်သည့်အချိန်သို့ရောက်နေမှန်းမသိရပေ။မီးဖိုအတွင်းရှိထင်းများကလည်း အနက်ရောင်မီးသွေးပုံသဏ္ဍာန်ဖြစ်ပေါ်နေခဲ့သည်။

ဝမ်အန်းသည် သူ၏ခြေထောက်နှစ်ဖက်ကို မြေကြီးပေါ်ချ၍ တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်သည်။

ထို့နောက်သူသည် အသင့်ပြင်ထားသည့်ဝတ်စုံကို လက်နှစ်ဖက်ဖြင့်တင်းကျပ်စွာဆုပ်ကိုင်ကာ ဧည့်ခန်းတွင်းသို့ လျင်မြန်စွာပြေးဝင်သွားခဲ့သည်။ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်သည်လည်း အပျက်အစီးအချို့နှင့်အကြိမ်ပေါင်းများစွာတိုက်မိကာ အနည်းငယ်တုန်ခါသွားသော်လည်း သူ၏အရှိန်ကလျော့ကျသွားခြင်းမရှိပေ။

ဟူး...

ဧည့်ခန်းသို့ရောက်ရှိချိန်တွင် ယဲ့ပိုင်သည်လက်ကိုပိုက်ကာ တံခါးဝ၌ရပ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၍ အသက်ရှုမဝတော့ပေ။

ထို့ကြောင့်သူသည် ရိုသေစွာဦးညွတ်လိုက်ကာ ယဲ့ပိုင်၏နောက်၌ရပ်နေလိုက်သည်။သို့သော်လည်း သူ၏မျက်လုံးများက စူးစမ်းလိုစိတ်အပြည့်ဖြင့် ခြံဝင်းထဲသို့ကြည့်လိုက်မိသည်။

ခြံဝင်းတစ်ခုလုံးသည် ယခုအချိန်၌သပ်သပ်ရပ်ရပ်ဖြစ်နေခဲ့သည်။သို့သော်လည်း မူလကထောက်ဖြင့်ထောက်ကန်ထားသော မက်မွန်ပင်သည်မြေပေါ်လဲကျနေခဲ့ပြီး ၎င်း၏အကိုင်းအခက်များကလည်း ညိုးနွမ်းကာကျိုးပဲ့နေပုံရပေသည်။

ထို့ပြင် မက်မွန်ပင်၏အကိုင်းအခက်တစ်ခုသည် အားဟောင်၏အုတ်ဂူပေါ်သို့ မတော်တဆကျရောက်နေခဲ့ကာ အုတ်ဂူအားဖြိုချပစ်လိုက်သည်။

ထိုမြင်ကွင်းကိုကြည့်ပြီး ဝမ်အန်းသည် ဝမ်းနည်းပူဆွေးသွားခဲ့ကာ သူ၏ပါးစပ်ကိုဖွင့်၍ စကားပြောရန်ပြင်ဆင်လိုက်သည်။

သို့သော်လည်း သူစကားပြောခါနီးသည့်အချိန်တွင် မနေ့က မြေပြင်ပေါ်၌ မက်မွန်ပွင့်ချပ်များနှင့်ပြည့်နှက်နေသည့် လှပသောရှုခင်းကိုတွေးမိလိုက်သောကြောင့် သူ၏ပါးစပ်ထောင့်စွန်း၌ အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"အိပ်ရာထပြီလား...တောင်ပေါ်ကဆင်းကြည့်ရအောင်"

ယဲ့ပိုင်၏အသံက တိုးညှင်းစွာဖြင့်ထွက်ပေါ်လာခဲ့သည်။

သူ၏စကားသည် အပိုအလိုမရှိ ရှင်းလင်းတိကျကာ ထူးခြားမှုမရှိပေ။

"နားလည်ပါပြီ ဆရာ..."

ဝမ်အန်းသည် ထိုသို့စကားပြောပြီးနောက် ဧည့်ခန်းနံရံကိုပြန်ကြည့်လိုက်သည်။နံရံပေါ်တွင် အဖိုးတန်လက်ရေးလှပန်းချီများချိတ်ဆွဲထားကာ အနီးပတ်ဝန်းကျင်ရှိစားပွဲခုံများ၌လည်း ရှေးဟောင်းပစ္စည်းများဖြင့် ပြည့်နှက်နေခဲ့သည်။သို့သော်လည်း ယခုအချိန်တွင်မူ သူသည်ထိုပစ္စည်းများအား စွဲလန်းနေခြင်းမရှိကြောင်း ရှာဖွေတွေ့ရှိလိုက်သည်။

All Chapters