← Chapters

ရှုခင်း

Vol. 2 Ch. 18

ရှုခင်း

Vol. 2 Ch. 18

ကောင်းကင်ပြာနှင့်တိမ်ဖြူများကိုနောက်ခံထား၍ ရွှေဝါရောင်နေမင်းက ဂုဏ်ယူဝင့်ကြွားစွာ ထွန်းလင်းတောက်ပနေခဲ့သည်။

နွေဦးအစောပိုင်းတွင် နေအပူချိန်သည် ပြင်းထန်ခြင်းမရှိသော်လည်း ဆန့်ကျင်ဘက်အနေဖြင့် အလွန်ပင်နူးညံ့သိမ်မွေ့နေခဲ့သည်။နှင်းပေါ်ကျရောက်နေသာ နေရောင်ခြည်က ပြိုးပြိုးပျက်ပျက်အလင်းရောင်ကို ထင်ဟပ်စေခဲ့သည်။

လူငယ်တစ်ယောက်နှင့် လူအိုကြီးတစ်ယောက်သည် နှင်းများပေါ်၌ ဖြည်းဖြည်းချင်း လျှောက်လာနေရင်း နှစ်ယောက်သား ဧည့်ခန်းထဲမှ ထွက်လာခဲ့သည်။

ဝမ်အန်းသည် သက်ရှည်ဘုရားကျောင်းတံခါးကို ဖွင့်လိုက်သည့်အချိန်တွင် အထူးရဲနှစ်ယောက်က တံခါးကိုစောင့်ကြပ်နေခဲ့သည်။သူတို့၏ပုခုံးပေါ်တွင် နှင်းများကျဆင်းနေသော်လည်း သူတို့သည် တုန်လှုပ်ခြင်းမရှိ တည်ငြိမ်စွာမတ်တပ်ရပ်နေကြဆဲဖြစ်သည်။

သို့သော်လည်း အထူးရဲနှစ်ယောက်သည် ယဲ့ပိုင်နှင့်ဝမ်အန်းတို့ကို တွေ့မြင်ပြီးနောက်တွင် သူတို့၏ခန္ဓာကိုယ်များတုန်ယင်သွားခဲ့ကာ နောက်သို့ခြေလှမ်းအနည်းသယ်ဆုတ်ပေးလိုက်ကြပြီး ပါးစပ်ကိုမဖွင့်ခဲ့ကြချေ။

သူတို့၏မျက်လုံးများ၌ အံ့သြမှုများပြည့်နှက်နေခဲ့သည်။

"အင်မော်တယ်အကြီးအကဲ...မင်းက"

အထူးရဲအရာရှိတစ်ယောက်က အားတင်း၍စကားပြောလိုက်သည်။

"သွားရအောင်...အနာဂတ်မှာ အသက်ရှည်မယ့်အခွင့်အလမ်းဆိုတာ ရှိလာမှာမဟုတ်တော့ဘူး"

ဝမ်အန်းသည် ထိုအစောင့်နှစ်ယောက်အား ကြည့်၍ပြောလိုက်သည်။ထိုလူနှစ်ယောက်သည် အံ့သြတကြီးဖြင့် မည့်သည့်မေးခွန်းကိုမေးချင်နေကြောင်း သူသိထားပေသည်။သို့သော်လည်း သူသည် ထိုနှစ်ယောက်အားစကားပြောခွင့်မပေးဘဲ သူ၏လက်ကိုဝှေ့ယမ်း၍ အေးအေးဆေးဆေးပြောလိုက်သည်။

"အင်မော်တယ်အကြီးအကဲ..."

"အ....""

အထူးရဲအရာရှိနှစ်ယောက်သည် စကားပြောလိုသေးသော်လည်း ဝမ်အန်းသည် ယဲ့ပိုင်နောက်သို့လိုက်သွားခဲ့ကာ ကျောက်တုံးလှေကားထစ်များမှ နောက်လှည့်မကြည့်ဘဲ ဆင်းသွားသည်ကိုတွေ့လိုက်ကြရသည်။

အထူးရဲအရာရှိနှစ်ယောက်သည် သူတို့နှစ်ဦး၏နောက်ကျောကိုကြည့်ရင်း အချိန်အတော်ကြာသည်ထိ အေးခဲနေခဲ့ကြသည်။

တဖြည်းဖြည်းဖြင့် ယဲ့ပိုင်တို့၏ပုံရိပ်များသည် အနက်ရောင်အစက်လေးများအဖြစ် ပြောင်းလဲသွားသည်ထိ သူတို့သည်တုံ့ပြန်မှုမပြုလုပ်နိုင်ခဲ့ပေ။

"မဟုတ်သေးဘူး...တစ်ခုခုတော့မှားနေပြီ...အင်မော်တယ်အကြီးအကဲက တောင်ပေါ်ကဆင်းသွားတာလား"

အထူးရဲအရာရှိတစ်ယောက်သည် အိပ်ပျော်နေသောသူ၏သူငယ်ချင်းများအား ထိုအကြောင်းကိုပြောပြရန် အပြေးအလွှားသွားရောက်နေခဲ့သည်။

"အဲ့ဒီကောင်လေးက မသေသွားဘူး..အဲ့ကောင်လေးက အင်မော်တယ်အကြီးအကဲရှေ့က တကယ်ကြီးလမ်းလျှောက်သွားတာလား...ဒီသတင်းကိုမြန်မြန်ဖြန့်ကြ"

သူ၏လက်ထဲတွင် ဂြိုလ်တုဖုန်းတစ်လုံးအား ကိုင်ဆောင်ထားသည့် အထူးရဲအရာရှိတစ်ယောက်က အော်ဟစ်လိုက်သည်။

အနားယူနေသော အထူးရဲအရာရှိများသည် ထိုရဲ၏အော်သံကြောင့်နိုးထလာခဲ့ကြပြီး သူတို့၏မျက်လုံးများ၌ ပင်ပန်းနွမ်းနယ်မှုနှင့်မပျော်မရွှင်ဖြစ်မှုတို့ ပြည့်နှက်နေခဲ့သည်။

သို့သော်လည်း အင်မော်တယ်အကြီးအကဲသည် ရှေးဟောင်းဝတ်စုံဝတ်ကောင်လေးနှင့်အတူ ထွက်ခွာသွားကြောင်း ကြားသိလိုက်ရပြီးနောက်တွင် သူတို့၏ပင်ပန်းနွမ်းနယ်မှုအားလုံး ပျောက်ကွယ်သွားခဲ့ကြသည်။

"အင်မော်တယ်အကြီးအကဲထွက်သွားတယ်ဆိုတော့ ငါတို့လည်းဒီမှာဆက်ရှိနေစရာ မလိုတော့ဘူးမလား"

"ဟုတ်တယ်...အဲလိုပဲဖြစ်ရမယ်..."

"သက်ရှည်ဘုရားကျောင်းက ဆက်လက်မတည်ရှိနိုင်တော့ဘူးလို့ သူပြောခဲ့တာလား"

"အမှန်ပဲ..."

"သူတခြား ဘာတွေပြောခဲ့သေးလဲ"

"ဘာမှဆက်မပြောတော့ဘူး..."

"ဒါကပွဲကြီးပွဲကောင်းပဲ...ဒါကလုံးဝကမ္ဘာကိုတုန်လှုပ်စေမယ့်ကိစ္စပဲ"

လက်ရှိအချိန်သည် အာရုဏ်ဦးကိုအနည်းငယ်သာကျော်လွန်သေးသော်လည်း မကြာခင် တိတ်ဆိတ်ငြိမ်သက်နေသော ခွန်းလွန်တောင်သည် ဆူညံပွက်လောရိုက်သွားခဲ့သည်။

စွမ်းအင်ပိရမစ်ထိပ်၌ရပ်တည်နေသော ကမ္ဘာတစ်ဝှမ်းမှ လူပုဂ္လိုလ်များသည်ပင် ခွန်းလွန်တောင်မှ အင်မော်တယ်အကြီးအကဲ ဆင်းသက်လာသည့်သတင်းကြောင်း အံ့သြသွားခဲ့ရသည်။

ထိုသတင်းအား ကြားသူတိုင်းသည် တုန်လှုပ်ခြောက်ခြားသွားခဲ့ကြသည်။

...

ခွန်းလွန်တောင်...ရှေးဟောင်းလမ်းမ...

ကြီးမားကျယ်ပြန့်သည် နှင်းထုကြီးက ဖြူဖွေးတောက်ပနေခဲ့သည်။ယဲ့ပိုင်သည် ရှေးဟောင်းဝတ်စုံရှည်အား ဝတ်ဆင်ထားဆဲဖြစ်ကာ အနက်ရောင်ဆံပင်ရှည်အား နောက်ကျော၌ချထားပေသည်။

ဝမ်အန်းသည်က အလွန်ရိုးစင်းသည့် အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားခဲ့ကာ သူ၏မျက်နှာအား အရေးကြောင်းများက လွှမ်းခြုံထားခဲ့သည်။သူ၏လက်ရှိသွင်ပြင်သည် အလွန်ပင်ရိုးစင်းနေခဲ့ကာ အလွန်နာမည်ကျော်ကြားသည့် အင်မော်တယ်အကြီးအကဲသည် ဤအဘိုးအိုဖြစ်ကြောင်း မည်သူကမှချိတ်ဆက်သိရှိနိုင်မည်မဟုတ်ပေ။ထိုအဘိုးကြီးသည် ယဲ့ပိုင်၏အစေခံတစ်ယောက်ဟုသာ လူတိုင်းယူဆကြမည်ဖြစ်သည်။

"သခင်...ဒီအစေခံအိုကြီးက အကုန်လုံးစီစဉ်ပြီးပါပြီ...ငါတို့တောင်ခြေကိုရောက်တာနဲ့ ငါတို့ကိုကားတစ်စီးလာကြိုလိမ့်မယ်...ဒါပေမဲ့ ငါတို့ဘယ်သွားကြမလဲ"

ယဲ့ပိုင်သည် အချိန်အတော်ကြာသည်ထိ တိတ်ဆိတ်ငြိမ်သက်နေသည့်အတွက် သူ့နောက်သို့အကြာကြီးလိုက်လာသည့်ဝမ်အန်းက နောက်ဆုံးတွင်မေးမြန်းလိုက်သည်။

"ငါဟာ အချိန်တစ်ခုကြာတိုင်း လူထုအမြင်က လုံးဝပျောက်ကွယ်သွားလေ့ရှိတယ်...ဒါကြောင့် ငါကအတိုင်းအတာတစ်ခုအထိ ကမ္ဘာကြီးနဲ့လုံးဝဝေးကွာသွားခဲ့တယ်...ဒါကြောင့် ကမ္ဘာကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လို့ တောင်အောက်ဆင်းပြီးလမ်းလျှောက်ရလိမ့်မယ်...ခုလက်ရှိကမ္ဘာကြီးကဘယ်လိုအခြေအနေလဲ တချက်ကြည့်ရအောင်"

ယဲ့ပိုင်သည် မပြောစဖူး ရှည်လျားစွာစကားပြောခဲ့သည်။

သူ၏စကားကို နားထောင်ပြီးနောက် ဝမ်အန်းသည် ချက်ချင်းနားလည်သွားခဲ့သည်။

ယဲ့ပိုင်သည် အင်မော်တယ်ဖြစ်သည်။သူသည် တစ်ချိန်လုံးအသက်ရှင်သန်နေမည်ဖြစ်ရာ အတိတ်သမိုင်း၌ခြေရာများစွာ ချန်ထားရစ်ရန်လွယ်ကူပေသည်။

သူသည် ရံဖန်ရံခါ၌ပျောက်ကွယ်သွားတတ်သလို အခြားနေရာတစ်ခု၌လည်း နေထိုင်လျက်ရှိသည်။

သို့သော်လည်း ဝမ်အန်းနားမလည်နိုင်သည့် အရာတစ်ခုရှိနေပေသည်။ယဲ့ပိုင်သည် မယုံနိုင်စရာကောင်းလောက်အောင် အရည်အချင်းများစွာ ပိုင်ဆိုင်ထားကြောင်း သိသာထင်ရှားပေသည်။ထိုသို့ဆိုလျှင် သူ၏အသွင်အပြင်အား အဘယ်ကြောင့်မပြောင်းလဲရသနည်း။သူသည် သေမျိုးတို့၏လောက၌ ထာဝရအသက်ရှင်ရပ်တည်နိုင်ခြင်းကြောင့် ဖြစ်နိုင်သလား။

"နားလည်ပါပြီ သခင်..."

သူ့စိတ်ထဲ၌ သံသယစိတ်များစွာရှိနေသော်လည်း ဝမ်အန်းသည် ထပ်မံ၍မမေးမြန်းဝံ့တော့ပေ။ယဲ့ပိုင်ထံတွင် ကိုယ်ပိုင်အကြံညဏ်များနှင့် အစီအစဉ်များရှိနေနိုင်ကြောင်း သူခံစားမိသည့်အတွက်ကြောင့် သူသည်ရိုးရိုးရှင်းရှင်းပင်ခေါင်းညိတ်လိုက်ကာ လေးလေးစားစား တုံ့ပြန်လိုက်သည်။

နှင်းများထူထပ်စွာကျဆင်းပြီးနောက် ခွန်းလွန်တောင်၏တောင်တက်လမ်းအား အဖြူရောင်နှင်းများက ဖုံးလွှမ်းထားပေသည်။

သို့သော်လည်း ယဲ့ပိုင်နှင့်ဝမ်အန်းတို့သည် တောင်အောက်သို့ဆင်းသက်လာပြီး လမ်းတစ်ဝက်သို့ရောက်သောအခါတွင် ခရီးသည်များတဖြည်းဖြည်းတိုးလာကြောင်း ရှာဖွေတွေ့ရှိလိုက်ရသည်။

ထိုခရီးသွားများသည် လမ်းချော်မည်ကိုစိုးရိမ်သောကြောင့် နှေးနှေးကွေးကွေးဖြင့် သတိထားကာသွားလာနေခဲ့ကြသည်။

သို့သော်လည်း သူတို့အားလုံး၏မျက်နှာပေါ်၌ အရေးတကြီးအမူအရာများဖြစ်ပေါ်နေကြသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ထိုခရီးသွားများသည် သူတို့၏အိမ်တွင်းရေးကိစ္စများအကြောင်းကို အမြဲလိုလိုပြောလေ့ရှိကြသော်လည်း ယနေ့သူတို့ပြောဆိုဆွေးနွေးကြသည့် ကိစ္စများသည် အင်မော်တယ်အကြီးအကဲနှင့် ခွဲခွာ၍မရခဲ့ပေ။

"သက်ရှည်ဘုရားကျောင်းရဲ့တံခါးကို ကျောက်မိသားစုကကောင်လေးတစ်ယောက်က ဖျက်ဆီးလိုက်တယ်လို့ငါသတင်းရထားတယ်...အဲလိုဆိုရင် အင်မော်တယ်အကြီးအကဲက ဒေါသထွက်သွားမှာမဟုတ်လား"

ထူထဲသောအညိုရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် အဒေါ်ကြီးတစ်ယောက်သည် အအေးဒဏ်ကိုသက်သာစေရန် သူမ၏လက်နှစ်ဖက်ကို ပွတ်သပ်ရင်းပြောလိုက်သည်။

"အဲ့ဒါဘာမှားလို့လဲ...အင်မော်တယ်အကြီးအကဲကဘယ်လိုလူမျိုးလဲ...မနေ့ကပဲခွန်းလွန်တောင်ကိုချိတ်ပိတ်ထားပြီး နေရာတိုင်းမှာ ဝတ်စုံပြည့်ဝတ်ထားတဲ့အစောင့်တွေရှိနေကြတယ်...သူတို့အားလုံးက တောင်ပေါ်ချဉ်းကပ်လာသူမှန်သမျှကို သတ်ဖြတ်ပစ်ဖို့ဆုံးဖြတ်ထားပုံရတယ်"

ထိုမိန်းမကြီးနံဘေးရှိ တုတ်ကောက်ကိုင်အဘိုးကြီးတစ်ယောက်က ပြောလိုက်သည်။

"ဟုတ်လား...မဟုတ်ဘူးလားဆိုတာ မင်းကိုယ်တိုင်သွားကြည့်သင့်တယ်...အင်မော်တယ်အကြီးအကဲက ဒီနေ့ပြန်လည်ထွက်ပေါ်လာလိမ့်မယ်"

လမ်းတလျှောက်လုံးတွင် ယဲ့ပိုင်နှင့်ဝမ်အန်းတို့သည် ထိုသို့သောဆွေးနွေးမှုများစွာကို ကြားနေခဲ့ကြရသည်။

ထိုခရီးသွားများသည် သူတိုဆွေးနွေးနေကြစဉ်အတွင်း အင်မော်တယ်အကြီးအကဲက သူတို့၏နံဘေးမှ တိတ်တဆိတ်ကျော်ဖြတ်သွားကြောင်း မသိခဲ့ကြပေ။

မည်သို့ပင်ဆိုစေ ဖြတ်သွားဖြတ်လာ ခရီးသွားအများစုက သူတို့နှစ်ယောက်အား စူးစမ်းကြည့်ရှုခဲ့ကြသည်။

ယဲ့ပိုင်သည် ရှေးဟောင်းဝတ်စုံကိုဝတ်ဆင်ထားကာ ဝမ်အန်းက ချည်သားအင်္ကျီကိုဝတ်ဆင်ထားပေသည်။

ယဲ့ပိုင်သည် သူ၏မျက်နှာပေါ်တွင် မည်သည့်အမူအရာမှရှိမနေဘဲ သူ၏လက်နှစ်ဖက်ကိုနောက်ကျောပိုက်ကာ ရှေ့မှလျှောက်သွားနေခဲ့ပြီး ဝမ်အန်းသည်ကား သူ၏အိုမင်းသောခန္ဓာကိုယ်ဖြင့် နောက်မှလိုက်ပါလာခဲ့သည်။

ပတ်ဝန်းကျင်၌ကျဆင်းနေသော အဖြူရောင်နှင်းစက်များအောက်၌ ယဲ့ပိုင်တို့နှစ်ယောက်အား လှပသည့်ရှုခင်းတစ်ခုကဲ့သို့ ခရီးသွားများအားလုံး မှတ်ယူခဲ့ကြသည်။

"ဒီလိုလူငယ်လေးတစ်ယောက်ဟာ လောကီကိုငြင်းပယ်ပြီးတော့ ငြိမ်းချမ်းမှုကိုရယူနိုင်ဖို့ ခွန်းလွန်တောင်မှ တာအိုဝါဒကိုလာရောက်လေ့လာတာ နှမြောစရာပဲ...တာအိုဘုန်းကြီးတစ်ပါးဖြစ်ရတာ ဘယ်လိုကောင်းကျိုးမျိုးရှိလို့လဲ...ငါတကယ်နားမလည်နိုင်ဘူး...သူကအင်မော်တယ်အကြီးအကဲကို တွေ့ဆုံခွင့်ရဖို့ကြိုးစားနေတာလား"

ယဲ့ပိုင်နှင့်ဝမ်အန်းတို့ ဝေးကွာသွားသည့်အခါမှသာ တစ်စုံတစ်ယောက်က စကားစမြည်ပြောဆိုရင်း ခေါင်းခါယမ်းမိလိုက်သည်။

"ဒီလူငယ်လေးမှာ အစေခံအိုကြီးတစ်ယောက်ရှိနေတာပဲ...ဒီကောင်လေးက ရိုးရှင်းပုံမရဘူး"

လူအချို့ကလည်း ခန့်မှန်းပြောဆိုခဲ့ကြသည်။

"ဒီအဘိုးကြီးကိုကြည့်ရတာ နည်းနည်းတော့ရင်းနှီးနေတယ်လို့ခံစားနေရတယ်...ငါဘယ်နေရာမှာတွေ့ဖူးတာပါလဲ"

အခြားသူများက မျက်မှောင်ကြုတ်ကာ အတွေးများနေခဲ့ကြသည်။

...

လူအိုကြီးတစ်ယောက်နှင့် လူငယ်တစ်ယောက်တို့သည် တောင်တစ်ဝက်သို့ ရောက်ရှိလာသည့်အခါတွင် ခွန်းလွန်တောင်ခြေ၌ အနက်ရောင်ကားများက တန်းစီ၍ရောက်ရှိလာကြသည်။

နက်မှောင်သောအသားရည်ရှိသည့် အေးစက်ခက်ထန်သောမျက်နှာထားဖြင့် အမျိုးသားတစ်ယောက်သည် အနက်ရောင်ကားတစ်စီးတွင်း၌ ရှိနေခဲ့သည်။

သို့သော်လည်း သူ၏စိတ်နှလုံးသည်ကား ယခုအချိန်၌ မုန်တိုင်းတစ်ခုလိုဖြစ်နေခဲ့သည်။

"သခင်ကြီး တောင်ပေါ်ကနေဆင်းလာခဲ့ပြီ...ဒီနေ့ကစပြီးတော့ မြေအောက်ကမ္ဘာကြီးတစ်ခုလုံး လှိုင်းထန်ပြီး မငြိမ်မသက်ဖြစ်လာတော့မယ်"

All Chapters