← Chapters

အမျက်ထွက်ခြင်း

Vol. 2 Ch. 19

အမျက်ထွက်ခြင်း

Vol. 2 Ch. 19

ခွန်းလွန်တောင်၏ ရှေးဟောင်းလမ်းမသည် လွန်စွာရှည်လျားခြင်းမရှိပေ။

မည်သို့ပင်ဆိုစေ ယဲ့ပိုင်က အလွန်နှေးကွေးစွာဖြင့် လမ်းလျှောက်နေခဲ့သည်။

ခရီးသွားများသည် သူနှင့်ဝမ်အန်းတို့၏အကြောင်းကို မှတ်ချက်ပေးကြသော်လည်း အမှန်တွင်မူသူတို့သည် ယဲ့ပိုင်ကိုသာ အာရုံစိုက်စောင့်ကြည့်နေကြခြင်းဖြစ်သည်။

ယဲ့ပိုင်၏အဝတ်အစားများက ထူးဆန်းနေသည်ဟု သူတို့ထင်မြင်ယူဆခဲ့ကြသည်။

ယဲ့ပိုင်၏အမြင်၌လည်း သူ၏လက်ရှိအဝတ်အစားများက လက်ရှိခေတ်ကာလနှင့် လွန်စွာကွာခြားနေကြောင်း ခံစားမိပေသည်။

သူနှင့်ဤပတ်ဝန်းကျင်ကြား ကမ္ဘာတစ်ခုခြားနေသကဲ့သို့ ထူးဆန်းသည့်ခံစားချက်က ယဲ့ပိုင်၏နှလုံးသားထဲ၌မွေးဖွားလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ယဲ့ပိုင်သည် သူကြုံတွေ့ခဲ့ဖူးသော အရည်အချင်းရှိသူတစ်ယောက်အား ပြန်လည်မတွေးမိဘဲမနေနိုင်တော့ပေ။ထိုအချိန်ကသူသည် ခွန်းလွန်တောင်သို့စတင်ရောက်ရှိပြီး သီးသန့်နေထိုင်ရန်မပြင်ဆင်မှီကာလဖြစ်သည်။

ယဲ့ပိုင်သည် ထိုနေ့ကရှေးဟောင်းဝတ်စုံကိုသာ ဝတ်ဆင်ထားခြင်းဖြစ်သည်။

ယဲ့ပိုင်သည် ခွန်းလွန်တောင်၏ ရှေးဟောင်းလမ်းမပေါ်၌ အရည်အချင်းရှိသူတစ်ဦးအား ရှာဖွေတွေ့ရှိခဲ့သည်။

ထို့နောက် သူတို့သည် ရှေးဟောင်းအဆောက်အဦးတစ်ခုထံသို့ အတူတကွရောက်ရှိလာခဲ့ကြသည်။

သူတို့နှစ်ယောက်သည် ရှေးဟောင်းအဆောက်အဦး၏ တစ်ဖက်တစ်ချက်စီ၌ ရှိနေခဲ့ကြသော်လည်း သူတို့ဝတ်ဆင်ထားသည့် အဝတ်အစားများသည် အနည်းငယ်ထူးဆန်းနေသည့်အတွက် ခဏလောက်အံ့သြတကြီး စိုက်ကြည့်နေခဲ့ကြသည်။

ထို့နောက်တွင် လူငယ်လေးသည် စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ယဲ့ပိုင်ကယူဆမိလိုက်သည့်အတွက် အမှတ်တမဲ့ကဗျာတစ်ပုဒ် ရေးမိလိုက်သည်။

တံတားပေါ်မှာရပ်ပြီး ရှုခင်းတွေကိုကြည့်နေတယ်...

ရှုခင်းကိုကြည့်နေကြတဲ့လူတွေက အပေါ်မှာရှိနေတဲ့မင်းကို တဖန်ပြန်ကြည့်နေကြတယ်...

တောက်ပတဲ့လရောင်က မင်းရဲ့တည်ရှိမှုကို ပိုပြီးတော့ထင်ပေါ်စေတယ်...

အခြားသူတွေရဲ့ အိပ်မက်တွေကို အလှဆင်ပေးလိုက်ပါတော့...

ထိုကဗျာသည် အလွန်ပင်ရိုးရှင်းလှကာ ခွန်းလွန်တောင်၏ရှုခင်းများအကြောင်းကို ယဲ့ပိုင်ကပုံဖော်ကာ ရေးသားထားခြင်းဖြစ်ပေသည်။

အဆုံးသတ်တွင် ထိုလူငယ်လေးသည် ယဲ့ပိုင်၏ကဗျာကိုမှတ်တမ်းတင်ထားခဲ့ကာ အနာဂတ်တွင် အခွင့်အရေးရှိလာခဲ့မည်ဆိုပါက ထိုကဗျာအားပြီးပြည့်စုံအောင် လုပ်ဆောင်ရန်ဆန္ဒရှိခဲ့သည်။

သို့သော်လည်း ထိုအချိန်မှစတင်ကာ ယဲ့ပိုင်တစ်ယောက် ခွန်းလွန်တောင်ပေါ်၌ အထီးကျန်စွာနေထိုင်လာခဲ့တော့သည်။

နှစ်ပေါင်းအတော်ကြာပြီးနောက်တွင် ထိုအရည်အချင်းရှိသောလူငယ်လေးသည် မြေကြီးထဲရောက်ရှိနေလောက်ပေမည်။ကံမကောင်းစွာဖြင့် ယဲ့ပိုင်ကိုယ်တိုင်ကလည်း ထိုလူငယ်၏နာမည်ကို မသိရှိခဲ့ပေ။

...

ခွန်းလွန်တောင်ခြေ၌...

"သူဌေး...ဒီအချိန်ကြီးဘယ်သူ့ကိုလာတွေ့တာလဲ...ဒီကိစ္စအတွက် မင်းကိုယ်တိုင်ထွက်လာဖို့လိုအပ်လို့လား"

ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက်သည် စိတ်မထိန်းနိုင်တော့ဘဲ အေးစက်စက်မျက်နှာထားဖြင့်လူအား မေးမြန်းလိုက်သည်။

"မင်းတိုအားလုံးတိတ်ကြစမ်း...ခုလာနေတဲ့သူက မင်းတို့ဘယ်လိုမှမစော်ကားသင့်တဲ့လူတစ်ယောက်ပဲ...ခုဆိုရင်ငါတို့ရဲ့အဖွဲ့အစည်းဟာ အဲ့လူရဲ့လက်အောက်ကိုရောက်ရှိသွားပြီဆိုတာ မင်းတို့အားလုံးမှတ်ထားရမယ်..."

ထိုလူ၏မျက်နှာသည် တည်ကြည်လေးနက်နေဆဲဖြစ်ကာ ထိုစကားကိုပြောဆိုနေချိန်၌ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုအချို့ဖြတ်ပြေးသွားသည်ကို တွေ့မြင်ရပေသည်။

ဘေးနားရှိ ညီငယ်လေးများကလည်း သူဌေးဖြစ်သူ၏အမူအရာကိုကြည့်၍ တိတ်ဆိတ်သွားခဲ့ကာ မေးခွန်းထပ်မမေးရဲတော့ပေ။

သို့သော်လည်း သူတို့၏နှလုံးသားထဲ၌ အလွန်ပင်အံ့သြနေခဲ့ကြသည်။

သူတို့၏သူဌေးသည် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်နိုင်သူတစ်ယောက်ဖြစ်သည်။

အဖွဲ့အစည်းတစ်ခုလုံးကပင် သူတို့၏သူဌေးမည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိရှိထားကြပေသည်။

လူတိုင်းတိတ်ဆိတ်ငြိမ်သက်သွားကြချိန်တွင် ထိုလူ၏အော်ရာကအနည်းငယ်လှုပ်ခတ်သွားခဲ့သည်။သူ၏မြင်ကွင်းရှေ့တွင် လူငယ်လေးတစ်ဦးနှင့်အဘိုးကြီးတစ်ယောက် ထွက်ပေါ်လာခဲ့ပြီး သူ၏အကြည့်သည် အဘိုးကြီးဆိုသို့သာ ဦးတည်ကျရောက်လာခဲ့သည်။

ထိုအဘိုးကြီးသည် သာမန်အဝတ်အစားကိုသာဝတ်ဆင်ထားကာ သူ၏ခန္ဓာကိုယ်ကလည်း လေတိုက်လျှင်ပင်လဲကျတော့မတတ် အားနည်းနေခဲ့သည်။

သို့သော်လည်း အဘိုးကြီးကိုကြည့်နေသော သူ၏မျက်လုံးထဲ၌ လေးစားမှုနှင့်ကြောက်ရွံ့မှုတို့သာ ကြီးစိုးနေခဲ့သည်။

"မင်းတို့ဒီမှာစောင့်...ငါကိုယ်တိုင်သွားကြိုမယ်"

ထိုလူက သူ၏လက်အောက်ငယ်သားများကို အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

ထို့နောက်တွင် သူသည်ခြေထောက်များကို အလျင်အမြန်ရွေ့လျားလိုက်ကာ ဝမ်အန်းနှင့်ယဲ့ပိုင်တို့ဆီသို့ လျှောက်သွားခဲ့သည်။

လက်အောက်ငယ်သားများက သူတို့၏သူဌေးစောင့်ကြိုနေသည်မှာ ထိုလူအိုကြီးလားဟု စိတ်ထဲတွေးမိလိုက်ချိန်၌ ပို၍ပင်အံ့သြမှင်သက်သွားခဲ့ကြသည်။အဘိုးကြီး၏ပုံစံမှာ လယ်သမားတစ်ယောက်နှင့်ပိုတူပြီး ထိုလူနှစ်ယောက်လုံး၏ပုံစံသည် သိသိသာသာထင်ရှားနေခြင်းမျိုးမရှိပေ။

သူတို့၏စိတ်ထဲ၌ မဖြစ်နိုင်ဟုဆိုသည့်စကားကို အကြိမ်ကြိမ်ပြောနေမိချိန်တွင် သူတို့၏သူဌေးဖြစ်သူသည် အဘိုးကြီးရှေ့သို့ရောက်သည်နှင့် ခန္ဓာကိုယ်အား ၉၀ဒီဂရီစောင်းကာ ဦးညွတ်လိုက်သည်။

"သခင်ကြီး...ငါမင်းကိုလာရောက်ကြိုဆိုပါတယ်..."

သူ၏လေသံသည် အလွန်ပင်တိုးလျနေကာ အနိမ့်ဆုံးသောကိုယ်ဟန်ကို ထိန်းသိမ်းထားပေသည်။

"အဲ့လူကဘယ်သူလဲ..."

"မသိဘူး...ငါလည်းသူ့ကိုတစ်ခါမှမမြင်ဖူးဘူး...သူဌေးက သူ့အကြောင်းပြောတာ ငါတစ်ခါမှမမြင်ဖူးဘူး"

"သူက ငါတို့အဖွဲ့အစည်းရဲ့ တကယ့်သူဌေးပဲလား"

"အဲ့ဒါဆိုရင်တော့ မယုံနိုင်စရာပဲ"

ထိုမြင်ကွင်းကိုတွေ့ပြီးနောက်တွင် ကားပတ်ပတ်လည်ရှိလူတိုင်း မယုံကြည်နိုင်ဖွယ် တီးတိုးပြောဆိုမိလိုက်ကြသည်။

"မဆိုးဘူး..."

ဝမ်အန်းက ခေါင်းညိတ်ပြလိုက်သည်။သူသည် ထိုသို့ပြောပြီးနောက်တွင် သတိကြီးကြီးထားကာ ယဲ့ပိုင်ကိုကြည့်လိုက်ချိန်တွင် ယဲ့ပိုင်က မည်သို့မှမတုံ့ပြန်ကြောင်း တွေ့လိုက်ရသည်။ထို့ကြောင့် ဝမ်အန်းက ဆက်၍စကားပြောလိုက်သည်။

"မင်းကောင်းကောင်းလုပ်ခဲ့တာပဲ..."

"သခင်ကြီးရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်...သခင်ကြီးအတွက် အကောင်းဆုံးသောဟိုတယ်ကို ငါပြင်ဆင်ထားပြီးပါပြီ...ဒီတစ်ခေါက်ခွန်းလွန်တောင်ကဆင်းလာပြီးပြီဆိုရင် နောက်တစ်ခေါက်ပြန်မသွားတော့ဘူးမဟုတ်လား...အဖွဲ့အစည်းထဲက လူအိုကြီးတွေကဆရာ့ကိုသတိရနေကြတယ်...လောလောဆယ်အဖွဲ့အစည်းထဲမှာ ပဋိပက္ခအချို့ရှိနေတယ်ဆိုပေမဲ့ သခင်ကအေးအေးဆေးဆေးကိုင်တွယ်နိုင်မှာပါ..."

ထိုလူ၏အမည်မှာ ချန်းရှို့ဖြစ်ပြီး စကားပြောဆိုနေသည့်အချိန်တွင် သူ၏အသံသည်အနည်းငယ်မြန်ဆန်နေခဲ့သည်။

ထို့နောက်တွင် ချန်းရှို့က မေးခွန်းထုတ်လိုက်သည်။

"ဒါကဘယ်သူလဲ..."

ချန်းရှို့က ထိုသို့မေးခွန်းထုတ်ပြီးပြီးချင်း သူ၏ရိုကျိုးသောအသွင်အပြင်သည် ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့ကာ အေးစက်သည့်အော်ရာအချို့က သူ၏ခန္ဓာကိုယ်၌စုစည်းလာခဲ့သည်။ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့်အကြည့်ဖြင့် ယဲ့ပိုင်အားစိုက်ကြည့်လိုက်သည်။

သို့သော်လည်း ချန်းရှို့၏အတွေးကမကြာမှီ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။နောက်ထပ်ဆက်ဖြစ်လာသည့် ကိစ္စများအား သူမည်သည့်အခါမှ မေ့လျော့တော့မည်မဟုတ်ပေ။

ဝမ်အန်းသည် သူ၏အိုမင်းသောခန္ဓာကိုယ်ဖြင့် ယဲ့ပိုင်အားလှည့်၍ ဦးညွတ်လိုက်သည်။

"သခင်...ဒီလူကငါတို့ကိုလာခေါ်တာပါ...ဒီနေ့တောင်ပေါ်ကဆင်းဖို့အတွက် သူအကုန်လုံးစီစဉ်ပြီးသွားပါပြီ"

ဘာ...သခင်...

ချန်းရှို့က သူနားကြားလွဲမှားသွားသည်ဟု ချက်ချင်းခံစားမိလိုက်သည်။သို့သော်လည်း ဝမ်အန်း၏ရိုကျိုးသောသွင်ပြင်ကို တွေ့မြင်လိုက်သည့်အချိန်တွင် သူ၏ခေါင်းထဲ၌ဗလာဖြစ်သွားခဲ့ကာ လောကကြီးပြောင်းပြန်လှန်သကဲ့သို့ ခံစားလိုက်ရသည်။

ယနေ့တွင် သူ၏ယခင်သိရှိထားသော အသိညဏ်များသည် အသုံးမဝင်တော့သကဲ့သို့ သူခံစားမိလိုက်သည်။

"အင်း..."

ယဲ့ပိုင်သည် ချန်းရှို့အား အမှတ်မထင်စိုက်ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်ကာ သဘောတူလိုက်သည်။

"ချန်းလေး...ငါတို့ကိုလမ်းပြ"

ဝမ်အန်းသည် ဤကိစ္စကိုရှင်းပြရန် စိတ်ဝင်စားပုံမရဘဲ ပေါ့ပေါ့တန်တန်ပြောလိုက်သည်။

"ဒီလမ်းပါ သခင်ကြီး..."

ချန်းရှို့၏လက်ရှိဖြစ်ရပ်နှင့်ပတ်သက်၍ လွန်စွာအံ့သြမှင်သက်နေသော်လည်း ခေါင်းညိတ်၍လမ်းပြလိုက်သည်။

သူ့ထံတွင် မရေမတွက်နိုင်သောမေးခွန်းများရှိနေသော်လည်း လက်ရှိအချိန်သည် မေးခွန်းမေးရန်အချိန်ကောင်းမဟုတ်ကြောင်း သူနားလည်ထားပေသည်။

သို့သော်လည်း သူသတိဝင်လာသည့်အချိန်တွင် ယဲ့ပိုင်သည်ရှေ့သို့ရောက်နှင့်နေပြီဖြစ်ကြောင်း သူတွေ့ရှိလိုက်ရသည်။

ထို့နောက်တွင် ချန်းရှို့သည် ယဲ့ပိုင်နှင့်ဝမ်အန်းတို့အား သူကိုယ်တိုင်ပင် ကားပေါ်သို့တင်ဆောင်၍ စတင်ထွက်ခွာခဲ့သည်။

အခြားသူများက လက်ရှိဖြစ်ပျက်နေသောအခြေအနေကို နားမလည်ကြသေးပေ။သူတို့၏သူဌေးသည် အဘယ်ကြောင့်လူကိုယ်တိုင်လာရောက်၍ အဘိုးကြီးတစ်ယောက်နှင့်ထူးဆန်းသည့်ကောင်လေးတစ်ယောက်ကို လာရောက်ကြိုဆိုရသနည်း...အဘယ်ကြောင့် သူဌေး၏မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်နေရသနည်း...

သူတို့၏ခေါင်းထဲ၌ မေးခွန်းများစွာရှိနေသော်လည်း အနည်းဆုံးယနေ့အဖြေသိရရန် အခွင့်အလမ်းရှိမည်မဟုတ်တော့ပေ။

များမကြာမှီတွင် ခွန်းလွန်တောင်ခြေ၌ရပ်ထားသည့်ကားများအားလုံး စတင်ထွက်ခွာလာခဲ့ကြသည်။

ချန်းရှို့ကိုယ်တိုင်မောင်းလာသည့်ကားသည် အလယ်တွင်ရှိနေကာ အခြားသောကားများက ရှေ့နှင့်နောက်မှလိုက်ပါ၍ အကာအကွယ်ပေးနေကြသည်။

ဝမ်အန်းသည် ချန်းရှို့၏နံဘေးထိုင်ခုံ၌ လိုက်ပါလာခဲ့ပြီး ယဲ့ပိုင်ကနောက်မှထိုင်၍ လိုက်ပါလာခဲ့သည်။

ကားသည် နှင်းထုဖုံးလွှမ်းနေသောလမ်းမပေါ်၌ ဖြည်းညှင်းစွာမောင်းနှင်နေချိန်၌ ချန်းရှို့သည် ယဲ့ပိုင်အားနောက်ကြည့်မှန်မှတဆင့် ရံဖန်ရံခါကြည့်နေခဲ့သည်။

သူသည် ယဲ့ပိုင်အားပို၍သတိထားလေလေ ပိုမိုကြောက်ရွံ့လာလေဖြစ်သည်။

ထူးထူးဆန်းဆန်းဝတ်စားထားသော ထိုလူငယ်၏မျက်လုံးများသည် တည်ငြိမ်လွန်းလှပေသည်။သူသည် ဇိမ်ခံကားများစွာနှင့်အေးစက်သောအမူအရာရှိသည့် လူများစွာကိုတွေ့မြင်နေရသည်တိုင်အောင် မည်သည့်အရာကိုမှဂရုမစိုက်သကဲ့သို့ အမှုမဲ့အမှတ်မဲ့ရှိနေခဲ့သည်။

ထိုလူငယ်သည် ရိုးရိုးလေးထိုင်နေသည်တောင်မှ ကြောက်မက်ဖွယ်ကောင်းသည့် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းက သူ့အပေါ်ကျရောက်နေခဲ့သည်။ထိုအခိုက်အတန့်တွင် ချန်းရှို့၏နောက်ကျောသည် အေးစက်သောချွေးများဖြင့် ချက်ချင်းပင်စိုရွဲသွားခဲ့သည်။

"ဒီကောင်လေးကတကယ်မလွယ်ဘူး...ပထမတစ်ခါကြည့်မိရုံနဲ့တင် သာမန်လူမဟုတ်ဘူးဆိုတာ သိသာတာပဲ"

ချန်းရှို့သည် စတီယာရင်ကိုပြန်၍အာရုံစိုက်လိုက်ပြီး စိတ်ထဲ၌ တိတ်တိတ်လေးတွေးတောနေမိသည်။ထို့နောက်တွင် သူသည်နောက်ကြည့်မှန်မှ၍ အဝေးတစ်နေရာသို့သာ လှမ်းကြည့်လိုက်ပြီး ယဲ့ပိုင်အားဆက်မကြည့်ဝံ့တော့ပေ။

All Chapters