← Chapters

ခံနိုင်ရည်ရှိခြင်း

Vol. 2 Ch. 20

ခံနိုင်ရည်ရှိခြင်း

Vol. 2 Ch. 20

ရာသီဥတုက ကြည်လင်နေသော်လည်း ခွန်းလွန်တောင်ခြေတဝိုက်တွင် အအေးဒဏ်က လွှမ်းခြုံထားဆဲဖြစ်သည်။

လမ်းသွားလမ်းလာဟူ၍လည်း များများစားစားမရှိပေ။

ခရီးသွားများသည်ပင် အဝတ်အစားထူထူဝတ်ဆင်ကာ သူတို့၏ခန္ဓာကိုယ်များကိုနွေးထွေးအောင်ပြုလုပ်၍ အမြန်သွားလာနေကြသည်။

ယဲ့ပိုင်သည် ကားနောက်ဘက်တွင်ထိုင်နေရင်း ပြတင်းပေါက်ဖွင့်ရန် ခလုတ်ကိုညင်သာစွာနှိပ်လိုက်သည်။

ပြတင်းပေါက်မှတိုးဝင်လာသည့် လေအေးများသည် ယဲ့ပိုင်၏မျက်နှာနှင့်ယဲ့ပိုင်၏အဝတ်အစားများကို တိုးဝင်ရိုက်ခတ်လာခဲ့သည်။

သို့သော်လည်း ပါးလွှာသည့်ဝတ်စုံကိုဝတ်ဆင်ထားသည့် ယဲ့ပိုင်သည် အေးစက်မှုဒဏ်အား လုံးဝခံစားရပုံမပေါ်ပေ။

သို့သော်လည်း ခရီးသည်ထိုင်ခုံ၌ထိုင်နေသောဝမ်အန်းသည် လည်ပင်းကိုငုံ့ထားလိုက်ကာ ကားမောင်းနေသည့်ချန်းရှို့သည်လည်း အနည်းငယ်တုန်ခါသွားခဲ့သည်။

သို့သော်လည်း ယဲ့ပိုင်ကမူ စကားမပြောသဖြင့် သူတို့နှစ်ယောက်လုံးသည် တိတ်ဆိတ်မှုကိုချိုးဖျက်ရန် မဝံ့ရဲကြပေ။

တဖြည်းဖြည်းဖြင့် ကားတန်းကြီးသည် လူသူဆိတ်ညံရာတောင်တန်းမှ မောင်းထွက်လာနိုင်ခဲ့သည်။

ယဲ့ပိုင်၏မြင်ကွင်း၌ အဆောက်အဦးများထွက်ပေါ်လာချိန်၌ ယဲ့ပိုင်သည် ထိုမြင်ကွင်းကို ငြိမ်ငြိမ်လေးကြည့်ရင်း စကားမပြောခဲ့ပေ။

ထိုခံစားချက်သည် ယဲ့ပိုင်နှင့်အလွန်ရင်းနှီးနေခဲ့သည်။သူသည် အချိန်ကာလကြာမြင့်စွာ အသက်ရှင်နေထိုင်လာခဲ့၍ ဤကမ္ဘာပေါ်၌ သူမကြုံတွေ့ဖူးသည့် အသစ်အဆန်းအရာများကို စူးစမ်းလေ့လာလိုခဲ့သည်။ထို့ကြောင့် ရံဖန်ရံခါ၌ သူသည်ကမ္ဘာပတ်၍ လှည့်ပတ်ကြည့်ရှုနေခြင်းဖြစ်သည်။

သူသည် တံခါးပိတ်ကျင့်ကြံမှုတစ်ခုပြုလုပ်တိုင်း ပြင်ပလောကနှင့်ရာစုနှစ်တစ်ခုခန့် အဆက်အသွယ်ပြတ်သွားလေ့ရှိသည်။ယခုတစ်ကြိမ်လည်း အလားတူပင်ဖြစ်သည်။လွန်ခဲ့သောနှစ်ပေါင်း၈၀က သူထွက်ခွာသွားချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး စစ်ပွဲများဖြစ်ပွားနေဆဲဖြစ်သည်။ခွန်းလွန်တောင်တန်းသည်ပင် စစ်မြေပြင်တစ်ခုဖြစ်ခဲ့ကြောင်း သူမှတ်မိနေသေးသည်။ထိုအချိန်တွင် နေရာတိုင်း၌တိုက်ပွဲများ ဖြစ်ပွားနေခဲ့ကာ လူအများစုမှာမြေသား အိမ်များနှင့် သက်ကယ်အိမ်များ၌သာ နေထိုင်ကြရသည်။

ယခုအခါ ကျယ်ပြန့်သောကတ္တရာလမ်းမပေါ်၌ လမ်းမကြီးဘေးတွင် တည်ဆောက်ထားသော အဆောက်အဦးများရှိနေပေသည်။ယဲ့ပိုင်သည် ကားပြတင်းပေါက်မှတဆင့် လမ်းသွားလမ်းလာများ၏ ရယ်မောနေသောမျက်နှာများကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရကာ သက်ဝင်လှုပ်ရှားသည့်မြင်ကွင်းကို ဖော်ဆောင်နေခဲ့သည်။

လူမျိုးစုများအကြား အမှန်းတရားများ..ရူးသွပ်စွာသတ်ဖြတ်မှုများ...

ထိုအရာများသည် အချိန်ကာလကြာမြင့်လာသည်နှင့် တဖြည်းဖြည်းမေ့ပျောက်သွားကြမည်ဖြစ်သည်။

ယဲ့ပိုင်သည် အပြင်သို့လှမ်းကြည့်လိုက်သောအချိန်တွင် ပြုံးရွှင်စွာဖြင့် လမ်းမပေါ်သွားလာနေကြသူများကို တွေ့လိုက်ရသည်။ယဲ့ပိုင်သည် ထိုလူများကိုကြည့်ရင်း သူ၏စိတ်ထဲ၌ လွန်ခဲ့သောဆယ်စုနှစ်များက စစ်ပွဲကာလကို ပြန်လည်မြင်ယောင်လာခဲ့သည်။ထိုစဉ်က လမ်းများပေါ်တွင် နီမြန်းနေသည့်မျက်လုံးများနှင့် သနားစဖွယ်ကောင်းသည့်လူများကိုသာ တွေ့မြင်ရမည်ဖြစ်သည်။

ထိုအတွေးများက သူ၏စိတ်ထဲ၌ရောယှက်ရှုပ်ထွေးနေသည့်အတွက် ယဲ့ပိုင်သည် တိတ်ဆိတ်မှုအားဖြိုခွင်းကာ သူ၏စိတ်ခံစားချက်များအား ထုတ်ဖော်လိုက်သည်။

"အချိန်ကာလက အရာအားလုံးကို ပြောင်းလဲသွားစေနိုင်တယ်"

ယဲ့ပိုင်က လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

သို့သော်လည်း ဝမ်အန်းနှင့်ချန်းရှို့တို့နှစ်ယောက်လုံးက ရှင်းရှင်းလင်းလင်းပင် ကြားလိုက်ရသည်။

ထိုစကားများကိုကြားချိန်တွင် ဝမ်အန်း၏မျက်နှာကဖြူဖျော့သွားခဲ့သည်။သူသည် ယဲ့ပိုင်၏စကားများကို စေ့စေ့စပ်စပ်မသိလျှင်တောင်မှ အနည်းငယ်နားလည်ပေသည်။

ချန်းရှို့ကမူ ယဲ့ပိုင်၏စကားနှင့်ပတ်သက်၍ သူ့စိတ်ထဲ၌ တိတ်တဆိတ်ညည်းညူလိုက်သည်။

"အချိန်ကာလက အရာအားလုံးကိုပြောင်းလဲစေနိုင်တယ်တဲ့လား...ဒီကောင်လေးက စာပေနဲ့အနုပညာရှင်တစ်ယောက်ဖြစ်နေသေးတာလား...ငါဘာလို့အရင်ကသူ့လိုလူမျိုးကို မကြားဖူးရတာလဲ"

ကားသည် ဆက်လက်ရွေ့လျားနေကာ မည်သည့်စကားသံမှ ထပ်မကြားရတော့ပေ။

ခဏအကြာတွင် ကားသည်မြို့တွင်းသို့ ဝင်ရောက်လာခဲ့သည်။မြို့အဝင်ဝ၌ Qမြို့တော်မှကြိုဆိုပါ၏ဆိုသော ဆိုင်းဘုတ်အကြီးကြီးကို တပ်ဆင်ထားပေသည်။

အပြင်ဘက်ရှိ အဆောက်အဦးများကိုကြည့်ရင်း ယဲ့ပိုင်၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့သည်။

အတိတ်တချိန်က ဤနေရာကသည် ဆိတ်သုဉ်းနေသောမြေနေရာဖြစ်သော်လည်း ယခုမူ နေရာတိုင်း၌ အထပ်မြင့်အဆောက်အဦးများ ရှိလာခဲ့သည်။

ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ လွန်စွာမှမှော်ဆန်လှသော ပုံရိပ်တစ်ခုဖြစ်ပေါ်လာခဲ့သည်။မရေမတွင်နိုင်သောလူများသည် ဆိတ်သုဉ်းနေသောမြေနေရာပေါ်၌ အဆောက်အဦးများကို တစ်နေ့ပြီးတစ်နေ့ ကြိုးကြိုးစားစားတည်ဆောက်ခဲ့ကြသည်။ထို့နောက်တွင် ဤဆိတ်သုဉ်းသောမြေနေရာသည် မြို့တော်ကြီးတစ်ခုဖြစ်လာခဲ့သည်။

ကမ္ဘာကြီး၏အပြောင်းအလဲများက အမှန်ပင်ကြီးကျယ်လှပေသည်။

ယဲ့ပိုင်သည် ကမ္ဘာကြီး၏ပြောင်းလဲမှုများကို ခံစားနေသည့်အချိန်တွင် ကားသည် ဟိုတယ်ကြီးတစ်ခုရှေ့၌ ရပ်တန့်သွားခဲ့သည်။

အခြားသောကားများသည်လည်း ရွှေခေတ်ဟိုတယ်အဝင်ဝ၌ တစ်စီးပြီးတစ်စီးရပ်လိုက်ကြသည်။ထို့နောက် အေးစက်စက်အော်ရာကိုထုတ်လွှတ်နေသော ဝတ်စုံနက်ဝတ်အမျိုးသားအုပ်စုသည် ဟိုတယ်တံခါးထံပြေးဝင်သွားကြသည်။ထို့နောက်သူတို့သည် မျည်းကြောင်းနှစ်ခုသဖွယ် တစ်ဖက်တစ်ချက်စီ၌တန်းစီရင်း နှစ်မီတာကျယ်သော လမ်းတစ်ခုကိုပုံဖော်လိုက်ကြသည်။

ဟိုတယ်ထဲသို့ဝင်ရန် စီစဉ်ထားကြသည့် ဧည့်သည်အများစုသည်ကား ထိုပုံစံကိုတွေ့မြင်ကာ နောက်ပြန်ဆုတ်သွားကြသည်။

ယဲ့ပိုင်သည် ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ပြီး ထိုအခြေအနေနှင့်ပတ်သက်၍ တုံ့ပြန်မှုအနည်းငယ်ပင်မရှိခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဟိုတယ်တံခါးဝ၌စောင့်ကြပ်နေကြသော လုံခြုံရေးအစောင့်နှစ်ယောက်ကသာ ရုတ်တရက်ဖြစ်ပွားလာသည့် အခြေအနေကြောင့် ထိတ်လန့်တကြားဖြစ်ကာ ဟိုတယ်ထဲသို့ ဝင်ပြေးသွားခဲ့ကြသည်။

ထို့ပြင် လုံခြုံရေးအစောင့်တစ်ဦးသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးရာမှ ဖိနပ်တစ်ရံပင်ကျွတ်ကျန်ခဲ့ရသည်။

ယဲ့ပိုင်သည် ထိုမြင်ကွင်းကိုကြည့်၍ သူ၏ပါးစပ်ထောင့်စွန်းက အနည်းငယ်တွန့်ကွေးသွားခဲ့ရသည်။

ကားရပ်ပြီး သူ၏လက်အောက်ငယ်သားများ နေရာယူပြီးကြသည့်အချိန်တွင် ချန်းရှို့သည် အနည်းငယ်စိတ်မသက်မသာခံစားလိုက်ရသည်။ချန်းရှို့၏မျက်နှာသည် အနည်းငယ်ဖြူဖျော့နေသော်လည်း သတ္တိမွေးလိုက်ပြီး သူ့ဘေးနား၌ထိုင်နေသောဝမ်အန်းအား လေးလေးစားစားလေသံဖြင့်ပြောလိုက်သည်။

"သခင်ကြီး...ဒါ...ဒါက Qမြို့တော်မှာရှိတဲ့ အကျော်ကြားဆုံးဟိုတယ်တစ်ခုဖြစ်တဲ့ ရွှေခေတ်ဟိုတယ်ပါ"

"အင်း..."

ဝမ်အန်းသည် ယဲ့ပိုင်အားတစ်ချက်ကြည့်လိုက်ရာ ယဲ့ပိုင်သည် ဤကိစ္စနှင့်ပတ်သက်၍ တုံ့ပြန်ခြင်း သို့မဟုတ် ကန့်ကွက်ခြင်းမျိုးပြုလုပ်ခြင်းမရှိကြောင်း တွေ့ရှိပြီးနောက် သဘောတူလိုက်သည်။

"သခင်ကြီး...ကျနော်တံခါးဖွင့်ပေးမယ်"

ဝမ်အန်းကသဘောတူလိုက်သည်နှင့် ချန်းရှို့သည် အထိတ်တလန့်ဖြင့် ကားတံခါးကိုဖွင့်ကာ ကားပေါ်မှဆင်းလိုက်သည်။ထို့နောက်တွင် ဝမ်အန်းထိုင်နေသောနေရာဘက်သို့ ပြေးသွားကာ ခေါင်းငုံ့၍ ဝမ်အန်းအားတံခါးဖွင့်ပေးလိုက်သည်။ထို့နောက် ဝမ်အန်း၏ဦးခေါင်းကို ကားတံခါးဘောင်နှင့်မထိမိစေရန် လက်ကိုဆန့်တန်း၍ ကာပေးထားလိုက်သည်။

"ဘေးဖယ်လိုက်..."

သို့သော်လည်း ဝမ်အန်းသည် အလိုမကျသည့်အမူအရာဖြင့် သူ့အားကြောက်ရွံ့စွာကြည့်နေသော ချန်းရှို့၏အကြည့်များကို လျစ်လျူရှုလိုက်ကာ သူ့လက်ကိုတွန်းဖယ်လိုက်သည်။ထို့နောက် ကားပေါ်မှဆင်း၍ ယဲ့ပိုင်ရှိရာဘက်သို့ အမြန်လျှောက်သွားခဲ့သည်။

ဝမ်အန်းသည် ယဲ့ပိုင်၏နံဘေးတံခါးဆီသို့ လျှောက်လာခဲ့ပြီးနောက် သူ၏ခါးကိုအနည်းငယ်ကွေးလိုက်ကာ တံခါးကိုဖွင့်ပေးလိုက်သည်။

သူ၏လက်ရှိအပြုအမူသည် ချန်းရှို့ပြုလုပ်ခဲ့သည်နှင့်ယှဉ်ပါက များစွာပိုမိုလေးစားဖွယ်ဖြစ်ပေသည်။

"သခင်...ငါတို့ဒီမှာ တစ်ညလောက်တည်းကြရအောင်...ဒီပတ်ဝန်းကျင်က တကယ်မဆိုးဘူး"

ဝမ်အန်းက လေသံတိုးတိုးဖြင့်ပြောလိုက်သည်။

ထိုစကားကိုကြားချိန်တွင် ချန်းရှို့၏မျက်နှာကြွက်သွားများက ပြင်းထန်စွာတုန်ခါလာခဲ့သည်။

လက်ရှိအချိန်ထိတိုင်အောင် သူသည်များစွာသင်ယူခဲ့ပြီးဖြစ်သော်လည်း ယဲ့ပိုင်ထံ၌ မည်သည့်အထောက်အထားမျိုးရှိနေကြောင်း မသိသေးပေ။အနည်းဆုံး လက်ရှိအခြေအနေအရ ဝမ်အန်းသည် ယဲ့ပိုင်အား လွန်စွာလေးစားနေကြောင်း သူနားလည်ပေသည်။

သူသည် ဝမ်အန်းအတွက် ကားတံခါးကိုဖွင့်ပေးခဲ့သော်လည်း ယဲ့ပိုင်၏တံခါးကို ဖွင့်မပေးခဲ့သည့်အတွက် ဝမ်အန်းစိတ်ဆိုးသွားခြင်းဖြစ်သည်။

"သခင်ကြီး...တောင်ပေါ်ကနေပြီး ဒီနေရာထိကားစီးလာရတာငြီးငွေ့နေပြီလား...ဒီနေ့တော့ သက်တောင့်သက်သာအနားယူလိုက်ပါ...နောက်နေ့တွေ အခြားနေရာတွေကိုလိုက်ပြပါမယ်"

ချန်းရှို့က ကားအနားသို့ကပ်လာ၍ အကြံပေးလိုက်သည်။ထိုအချိန်တွင် ဝမ်အန်းသည် သူ၏အသံကိုအနည်းငယ်မြင့်၍ ယဲ့ပိုင်ကိုအော်ပြောလိုက်သည်။

သခင်...

ဝမ်အန်း၏အသံကြောင့် ယဲ့ပိုင်သည် သတိပြန်ဝင်လာခဲ့ကာ သူ၏အကြည့်များက ဝမ်အန်းဆီသို့ကျရောက်လာခဲ့သည်။သူ၏အကြည့်များသည် ခံစားချက်တစ်စုံတစ်ရာမရှိဘဲ အေးစက်နေခဲ့သည်။

တစ်စက္ကန့်...နှစ်စက္ကန့်...

ဝမ်အန်း၏နဖူးပေါ်၌ အေးစက်သောချွေးများ စီးကျလာခဲ့သော်လည်း ခါးကိုကွေးထားသည့် အနေအထား၌ရှိနေဆဲပင်ဖြစ်သည်။

သို့သော်လည်း ကားထဲ၌ထိုင်နေသော ယဲ့ပိုင်သည် ကားပေါ်မှဆင်းရန် အစီအစဉ်ရှိပုံမရပေ။

ချန်းရှို့သည် သူ၏စကားကိုမည်သူကမှ အလေးမထားကြသည့်အတွက်ကြောင့် အနည်းငယ်ရှက်ရွှံ့သွားခဲ့သည်။သို့သော်လည်း သူသည်ဝမ်အန်း၏ ထူးဆန်းသောသွင်ပြင်ကို သတိထားမိပြီးနောက်တွင် ညဏ်ရှိရှိဖြင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ခွာလိုက်သည်။သူသည် ဤထူးဆန်းသောနေရာ၌ ကပ်၍မနေဝံ့ပေ။

"ဝမ်အန်း...မင်းကသတိမကောင်းတော့ဘူးပဲ"

ငါးစက္ကန့်ကြာပြီးနောက်တွင် ယဲ့ပိုင်က စကားတခွန်းပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ဝမ်အန်း၏ခြေထောက်များသည် ပျော့ခွေကျသွားပြီး မြေကြီးပေါ်သို့ ချက်ချင်းဒူးထောက်လုနီးပါးဖြစ်သွားခဲ့သည်။

သို့သော်လည်း သူသည်မြေကြီးနှင့်ဒူးထိတွေ့ရန် တဝက်တပျက်ခန့်အလိုတွင် သူ၏ဒူးခေါင်းအား ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုက ပင့်တင်ထားကြောင်း သတိထားမိလိုက်သည်။သူသည် မည်မျှပင်ကြိုးစားပါစေ ဒူးမထောက်နိုင်တော့ပေ။

Qမြို့တော်သည် ကျောက်မိသားစု၏ စွမ်းအားများစုစည်းရာနေရာဖြစ်သည်။

ကျောက်မိသားစုသည် အိမ်ခြံမြေကိုအဓိကလုပ်ကိုင်ပေရာ ရွှေရောင်ခေတ်ဟိုတယ်သည် သူတို့ခန့်မှန်းစရာမလိုလောက်အောင်ပင် ကျောက်မိသားစု၏ပိုင်ဆိုင်မှုဖြစ်ကြောင်း သိသာပေသည်။

All Chapters