← Chapters

စျာပန

Vol. 2 Ch. 22

စျာပန

Vol. 2 Ch. 22

သခင်လေးဝူသည် ယဲ့ပိုင်အားတွေ့မြင်လိုက်ရသည်နှင့် သူ၏ခန္ဓာကိုယ်က ချက်ချင်းတောင့်တင်းသွားခဲ့သည်။

မနေ့ညက သူသည်အရက်အလွန်အကျွံသောက်မိခဲ့ကာ ယခုထိတိုင်အောင် ခေါင်းကိုက်နေသေးသည်။သူသည် လက်ကိုဆန့်တန်းလိုက်ပြီးနောက် သူ၏ခေါင်းကိုပြင်းပြင်းထန်ထန်ပုတ်လိုက်ကာ သူ့အမြင်မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။ထို့နောက် သူ၏အမူအရာသည် စာအုပ်တစ်အုပ်ကို လှန်ကြည့်လိုက်ရသကဲ့သို့ ဝမ်းသာသွားခဲ့သည်။

"နေပါဦး...သူက အရမ်းထူးဆန်းတဲ့ရှေးဟောင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့လူငယ်လေးမဟုတ်ဘူးလား...မနေ့ကဆိုရင် ခွန်းလွန်တောင်ရဲ့ အင်မော်တယ်အကြီးအကဲက သူ့ကိုသက်ရှည်ဘုရားကျောင်းထဲ ကိုယ်တိုင်ကိုယ်ကျခေါ်ဆောင်သွားခဲ့တယ်...

ငါက တံခါးဝမှာနာရီပေါင်းများစွာစောင့်ဆိုင်းခဲ့တယ်...မင်းကအင်မော်တယ်အကြီးအကဲနဲ့ စကားတွေအများကြီးပြောခဲ့တယ်မဟုတ်လား...ငါကသူနဲ့သူငယ်ချင်းကောင်းတွေပဲ...မင်းတို့ကသာ ငါ့ကိုအပြစ်ပြုမိမယ်ဆိုရင် နောက်ဆက်တွဲအကျိုရလဒ်တွေက မင်းကိုင်တွယ်နိုင်တာထက် ပိုပြီးကျော်လွန်သွားလိမ့်မယ်"

သခင်လေးဝူသည် ယဲ့ပိုင်၏မျက်နှာကို ရှင်းရှင်းလင်းလင်းမှတ်မိသွားသည်နှင့် ပွင့်လင်းစွာပြောဆိုလိုက်သည်။

သူသည်ထိုသို့ပြောဆိုနေရင်း ယဲ့ပိုင်ကသူနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြောဆိုပေးစေလိုဟန်ဖြင့် မျက်စောင်းထိုးကာ အချက်ပေးလိုက်သည်။

"သခင်..."

ယဲ့ပိုင်၏ဘေးနားရှိဝမ်အန်း၏ ပါးစပ်ထောင့်စွန်းများက အနည်းငယ်လှုပ်ယမ်းသွားခဲ့ကာ တိုးတိုးလေးပြောလိုက်သည်။

"မေ့ထားလိုက်တော့..."

ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"ချန်းလေး...သခင်ပြောသလိုပဲလုပ်လိုက်"

ဝမ်အန်းသည် ချန်းရှို့အား ချက်ချင်းအမိန့်ပေးလိုက်သည်။

"နားလည်ပါပြီ"

ချန်းရှို့သည် ခေါင်းငုံ့၍ပြောလိုက်ကာ သူ၏လက်အောက်ငယ်သားများအား အမိန့်ပေးလိုက်သည်။

"ခေါင်းကိုမျက်နှာသုတ်ပဝါနဲ့ပတ်ထားတဲ့ ကောင်လေးကိုလွှတ်ထားလိုက်တော့...သူကအဆင်ပြေတယ်...ဟိုကတခြားဧည့်သည်တွေကိုပဲ ဟိုတယ်အပြင်ဘက်ကို ကောင်းကောင်းမွန်မွန်ပို့ဆောင်ပေးလိုက်

"နားလည်ပါပြီ..."

"နားလည်ပါပြီ..."

လက်အောက်ငယ်သားများက တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလိုက်ကြပြီး သခင်လေးဝူကို အလွတ်ပေးလိုက်ကြသည်။

ဟိုတယ်ဧည့်ခန်း၌ ရပ်နေသောသခင်လေးဝူသည် ဝမ်အန်းထံမှ အမိန့်လက်ခံထားသည့် ချန်းရှို့အားတချက်ကြည့်လိုက်ပြီးနောက် ထိုလူသည် ဝတ်စုံနက်များ၏ခေါင်းဆောင်ဖြစ်ကြောင်း ချက်ချင်းပင်တန်းသိလိုက်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ယဲ့ပိုင်၏နောက်၌ရပ်နေသော ဝမ်အန်းသည် သူ၏အော်ရာနှင့်ပုံပန်းသွင်ပြင်အားလုံးကို ပြောင်းလဲထားသည့်အတွက်ကြောင့် သခင်လေးဝူသည် အင်မော်တယ်အကြီးအကဲကို မမှတ်မိခဲ့ပေ။

ထိုသို့မဟုတ်ပါက ထိုကောင်သည် ရက်ပေါင်းများစွာကြာသည်ထိ အရှက်ရနေမှာဖြစ်သည်။

ဟိုတယ်အား ရှင်းလင်းရေးလုပ်ခြင်းက အလွန်ပင်မြန်ဆန်လှပေသည်။အမှန်တော့ ချန်းရှို့ခေါ်ဆောင်လာသည့် ထိူလူများသည် အလွန်ပင်အစွမ်းထက်လှပေသည်။

ဟိုတယ်မန်နေဂျာဖြစ်သူသည် ဟိုတယ်၌ ယဲ့ပိုင်ကိုယ်တိုင်အတွက် အကောင်းမွန်ဆုံးသောဇိမ်ခံအခန်းကို ပြင်ဆင်ပေးခဲ့သည့်အပြင် လူတိုင်းအတွက်လည်း အခန်းတစ်ခုစီစဉ်ပေးခဲ့သည်။ထို့နောက်တွင် သူသည်သန့်စင်ခန်းတစ်ခုထဲသို့ ဝင်ရောက်ရန်အခွင့်အရေးရှာကာ ကျောက်မိသားစုအား ဆက်သွယ်ခဲ့သည်။

...

Qမြို့တော် ၊ ကျောက်မိသားစု၏ အိမ်ခြံဝင်းအပြင်ဘက်၌ ဖာရာရီ ၊ လန်ဘော်ဂီနီ ၊ ပေါ်ရှေး စသည်ဖြင့်ဇိမ်ခံကားများစွာ ရပ်ထားကြောင်း တွေ့မြင်ရပေသည်။

သာမန်နေ့များ၌ဆိုပါက လူတော်တော်များများသည် ထိုနေရာသို့လာရောက်ကာ ထိုအဆင့်မြင့်ကားများကို ဓာတ်ပုံရိုက်ကြလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ယနေ့တွင် စံအိမ်တော်၏အဝင်ဝမှနေ၍ နှစ်ကီလိုမီတာအတွင်း၌ ရှိရှိသမျှလူအားလုံးကို ဝတ်စုံနက်ဝတ်အစောင့်များက နှင်ထုတ်ကာ ထိုနေရာတဝိုက်အား လုံခြုံရေးအပြည့်ယူထားလိုက်သည်။

ခြေသုံးချောင်း နဂါးစံအိမ်တော်၌...

လူပေါင်းများစွာ စုဝေးနေခဲ့ကြသည်။အကယ်၍ သာမန်လူများသာ ဤနေရာသို့ရောက်လာပါက အံ့သြမှင်သက်သွားကြမည်ဖြစ်သည်။

ခြေသုံးချောင်း နဂါးစံအိမ်တော်သို့ ဝင်ရောက်နိုင်သူများအားလုံးသည် ကြီးမားသည့်နောက်ခံကို ပိုင်ဆိုင်ထားပြီး သြဇာအာဏာကြီးမားသူများဖြစ်ကြသည်။

သို့သော်လည်း ယနေ့အခါထိုလူများအားလုံး စုဝေးနေခဲ့ကြပြီး အလွန်ပင်တိတ်ဆိတ်ငြိမ်သက်နေရာ ထူးဆန်းသည်ဟုဆိုနိုင်ပေသည်။

ခြေသုံးချောင်း နဂါးစံအိမ်တော်သို့ ထိုသို့သောလူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသော်လည်း သူတို့သည်စကားမပြောရုံသာမက သူတို့၏မျက်နှာအမူအရာများသည် အလွန်ပင်လေးနက်ကာ ဝမ်းနည်းကြေကွဲမှုအား ဖော်ပြနေသည်ကို တွေ့ရမည်ဖြစ်သည်။

ဧည့်ခန်းအတွင်း၌...

ကျောက်ချန်စွင်သည် အဖြူရောင်စျာပနာဝတ်စုံအား ဝတ်ဆင်ထားခဲ့ကာ သူ၏မျက်လုံးများသည်ရီဝေလျက်ရှိပြီး ဒူးထောက်နေသည်ကို တွေ့ရပေမည်။

သူ၏ဘေးနားတွင် ဝတ်စုံပြည့်ဝတ်အမျိုးသားတစ်ယောက်က လေးလေးစားစားမတ်တပ်ရပ်နေခဲ့သည်။

"အကြီးအကဲကျောက်က ခုလိုမျိုးရုတ်တရက်ထွက်ခွာသွားလိမ့်မယ်လို့ တကယ်ကိုမျှော်လင့်မထားခဲ့ဘူး...လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကပဲ ငါကိုယ်တိုင်သူနဲ့တွေ့ဆုံဖို့ ဒီကိုရောက်လာခဲ့တယ်...အဲ့ဒီအချိန်ထိ သူကလူကောင်းပကတိဖြစ်နေတာပဲ...ကံတရားရဲ့ဘုရားသခင်က တကယ်ပဲကျီစားတတ်တာပဲ...ဒါပေမဲ့မင်းရဲ့ဦးဆောင်မှုနဲ့သာဆိုရင် ကျောက်မိသားစုကဆက်လက်အောင်မြင်နေဦးမှာပါ မစ္စတာကျောက်"

ထိုလူ၏ဆံပင်များက အနည်းငယ်ရှုပ်ပွနေသော်လည်း သူသည်ရိုးရှင်းစွာမတ်တပ်ရပ်နေရုံဖြင့်ပင် သူ၏ခန္ဓာကိုယ်မှဂုဏ်ရှိန်ဂုဏ်ဝါထွန်းတောက်ခြင်း စိတ်လှုပ်ရှားခြင်းတို့ကို ခံစားရခြင်းမရှိပေ။ထို့အစား သူစကားပြောလိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်မှနေ၍ အမှန်ပင်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည့် ခံစားချက်ကိုပြသနေခဲ့ကာ သူ၏နှလုံးသားအနက်ရှိုင်းဆုံးတစ်နေရာမှ ထွက်ပေါ်လာသကဲ့သို့ ခံစားရစေသည်။

ထိုလူသည် Qမြို့တော်၏ခေါင်းဆောင်ဖြစ်ကာ Qမြို့တော်၏သြဇာအာဏာကြီးမားသည့် ပုဂ္လိုလ်လည်းဖြစ်သည်။

သို့သော်လည်း သူစကားပြောပြီးချိန်၌ပင် ကျောက်ချန်စွင်သည် သူ့အားနောက်လှည့်၍ပင် မကြည့်ခဲ့ပေ။

ထို့အစား သက်တော်စောင့်တစ်ယောက်က ဧည့်ခန်းတွင်းသို့ အမြန်လျှောက်ဝင်လာခဲ့ကာ တိုးတိုးလေးပြောလိုက်သည်။

"ခုလိုလာရောက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်...ဝတ်ပြုလို့ပြီးသွားရင်တော့ အပြင်ကိုထွက်ပေးဖို့တောင်းဆိုပါရစေ...အရမ်းအရေးကြီးတဲ့ဧည့်သည်တွေက မကြာခင်ဒီလာတော့မယ်"

"ကောင်းပြီလေ..."

ထိုလူ၏ပါးစပ်ထောင့်စွန်းက အနည်းငယ်တုန်ခါသွားကာ ခေါင်းညိတ်ပြလိုက်သည်။ထို့နောက်တွင်သူသည် ခေါင်းငုံ့ကာ လေးလေးစားစားနောက်ဆုတ်သွားခဲ့ပြီး အစမှအဆုံးတိုင်အောင် မကျေနပ်မှုကိုမဖော်ပြဝံ့ခဲ့ပေ။

ထိုလူသည် ဧည့်ခန်းထဲမှထွက်လာပြီးနောက် ဆံပင်ဖြူနေသော အဘိုးကြီးနှစ်ယောက်က ဧည့်ခန်းထဲဝင်လာကြသည်။

ထိုအဘိုးကြီးနှစ်ယောက် ဝင်ရောက်လာပြီးနောက်တွင် ကျောက်ချန်စွင်သည် ချက်ချင်းထလာခဲ့ကာ တံခါးကိုကိုယ်တိုင်ပိတ်ချလိုက်တော့သည်။စျာပနသို့ ဝတ်ပြုရန်လာရောက်သူတိုင်းသည် အပြင်ဘက်၌စောင့်ဆိုင်းနေကြရသည်။

ထွက်ခွာသွားသည့်ခေါင်းဆောင်သည် ထိုအဘိုးအိုနှစ်ယောက်အား သတိထားမိလိုက်ကာ ရင်းနှီးသလိုခံစားလိုက်ရသော်လည်း များစွာမစဉ်းစားတော့ဘဲ ခေါင်းငုံ့လျက်သားအရှိန်မြင့်ကာ ခြံဝင်းဆီသို့ လျှောက်သွားခဲ့သည်။

သူ၏အဆင့်အတန်းသည် အလွန်ပင်မြင့်မားသော်လည်း အကြီးအကဲကျောက်၏စျာပနပွဲတွင်မူ သူသည်ဘာကောင်မှမဟုတ်ကြောင်း သူကောင်းကောင်းသိနေပေသည်။

အဘိုးကြီးနှစ်ယောက်လုံးသည် သာမန်လိုဝတ်စားထားကြသော်လည်း သူတို့၏မျက်လုံးများကမူ ညဏ်ပညာအမြော်အမြင်နှင့် ပြည့်ဝနေခဲ့သည်။

သူတို့သည် ယခုလိုမတ်တပ်ရပ်နေရုံဖြင့်ပင် သူတို့၏ခန္ဓာကိုယ်မှနေ၍ သာမန်ထက်သာလွန်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပေသည်။

"အကြီးအကဲလျှို၊ အကြီးအကဲကျင်း...မင်းတို့ဒီရောက်လာပြီဘဲ...အဖေဆုံးပါးသွားတဲ့အတွက် အကြီးဆုံးသားတစ်ယောက်အနေနဲ့ ကိုယ်တိုင်လာမကြိုနိုင်ဘဲ ဒုတိယအကိုကိုပဲ ငါ့ကိုယ်စားစေလွှတ်လိုက်ရတာ စိတ်မရှိဖို့မျှော်လင့်ပါတယ်..."

ကျောက်ချန်စွင်သည် မတ်တပ်ထရပ်လိုက်ပြီးနောက် အဘိုးကြီးနှစ်ယောက်ကိုကြည့်ကာ ယဉ်ယဉ်ကျေးကျေးစကားဆိုလိုက်သည်။

"ချန်စွင်...လူအိုကြီးကျောက်က တကယ်သေသွားတာလား"

အဘိုးကြီးနှစ်ယောက်အနက် မျက်မှန်တပ်ထားသည့်အဘိုးကြီးသည် လမ်းလျှောက်လာစဉ်ကပင် သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေခဲ့သည်။သူသည် ဧည့်ခန်းမကိုတစ်ချက်ကြည့်လိုက်ပြီးနောက်တွင် သူ၏လေသံသည် ယခုထိတိုင်အောင် ဤကိစ္စကိုမယုံကြည်နိုင်ဖြစ်နေသကဲ့သို့ အနည်းငယ်တုန်ခါနေခဲ့သည်။

"ငါတို့က ဒီနေရာကိုစျာပနာတက်ဖို့ ရောက်လာတာမဟုတ်ဘူး"

သို့သော်လည်း ညဏ်အမြော်အမြင်ပြည့်ဝသည့် အခြားအဘိုးကြီးတစ်ယောက်က ကျောက်ချန်စွင်ကို စိုက်ကြည့်ရင်းပြောလိုက်သည်။

ကျောက်ချန်စွင်က လေးလေးစားစားပင် မတ်တပ်ရပ်နေခဲ့သော်လည်း သူ၏နဖူးနှင့်နောက်ကျော၌ ချွေးအေးများစီးကျလာခဲ့သည်။

ထိုအဘိုးကြီးနှစ်ယောက်ထံမှ ထွက်ပေါ်လာသည့်ဖိအားသည် သူ့အဖေထက်ပင် ပို၍များပြားပေသည်။

"အဘိုးလျှို၊အဘိုးကျင်း...ဒီနေရာမှာစကားပြောဖို့အဆင်မပြေဘူး...ငါမင်းတို့ကိုသီးသန့်နေရာတစ်ခုဆီ အရင်ဆုံးခေါ်သွားပေးလိုက်မယ်...အဲ့ဒီနေရာကိုရောက်ရင် အဖြေတွေအားလုံးပေါ်လာလိမ့်မယ်"

ကျောက်ချန်စွင်သည် တိုက်ရိုက်ရှင်းပြခြင်းမရှိဘဲ ထိုသို့သာပြန်ဖြေလိုက်သည်။

ထိုစကားကိုနားထောင်ပြီးနောက် အဘိုးကြီးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့နှစ်ယောက်လုံးသည် လိမ္မာပါးနပ်ကြပေရာ ချက်ချင်းပင်နားလည်သွားခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် ကျောက်ချန်စွင်၏ဆဲလ်ဖုန်းက ရုတ်တရက်ထမြည်လာခဲ့သည်။

ကျောက်ချန်စွင်သည် ဖုန်းမကိုင်လိုသော်လည်း အဘိုးကြီးတစ်ယောက်က ဝင်ပြောလိုက်သည်။

"ဖုန်းအရင်ကိုင်လိုက်..."

ကျောက်ချန်စွင်သည် သူ့အဖေဖြစ်သူနှင့်အဆင့်အတန်းတူသော ထိုအဘိုးကြီးများ၏စကားကို ငြင်းဆန်းရန်သတ္တိမရှိခဲ့ပေ။

ထို့ကြောင့်သူ့ဖုန်းကိုထုတ်လိုက်ပြီး ခေါ်ဆိုသူ၏အမည်ကိုကြည့်လိုက်ရာ ရွှေရောင်ခေတ်ဟိုတယ်၏ မန်နေဂျာဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ကျောက်ချန်စွင်၏မျက်နှာသည် ရုတ်တရက်မှုန်မှိုင်းလာကာ ဖုန်းကိုင်လိုက်သည်။

"မင်းသာ ကျိုးကြောင်းဆီလျော်တဲ့ဖြေရှင်းချက်ကိုမပေးနိုင်ရင် မင်းမနက်ဖြန်အထုပ်ထုပ်ပြီး ထွက်သွားဖို့ပြင်ထား"

ဖုန်းကိုင်ထားသော မန်နေဂျာသည် ကျောက်ချန်စွင်၏လေသံကြောင့် ရုတ်တရက်အံ့သြသွားသော်လည်း အလွန်စိုးရိမ်နေသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။

"မစ္စကျောက် အဆင်မပြေတော့ဘူး...တစ်စုံတစ်ယောက်က ငါတို့ရဲ့ဟော်တယ်ကို လာပြီးတော့ပြဿနာရှာနေကြတယ်...သူတို့ကမြေအောက်အဖွဲ့အစည်းကလူတွေပဲ...ခွန်းလွန်တောင်ကလာတဲ့သူတွေထင်တယ်...သူတို့ရဲ့သူဌေးက လူငယ်လေးတစ်ယောက်ပဲ...ဟုတ်တယ်အဲ့လူငယ်လေးဘေးနားမှာ အစေခံအိုကြီးတစ်ယောက်လည်းရှိတယ်....သူတို့မှာသေနတ်တွေလည်းပါပုံရတယ်"

"ဘယ်သူက အဲ့ဒါကိုဂရုစိုက်မှာမလို့တဲ့...ဒါကQမြို့တော်ပဲ...ငါတို့ကျောက်မိသားစုရဲ့နယ်မြေပဲ...သူတို့ကဘယ်လိုလုပ်ပြီးပြဿနာရှာဝံ့တာလဲ...သူတို့ကငါတို့ကိုတောင်မှခွင့်ပြုချက်မတောင်းခဲ့ဘူး...ဒါဘာအဓိပ္ပါယ်လဲဆိုတာနားလည်လား..."

ယခုလိုအချိန်တွင် ဖုန်းခေါ်ဆိုခံရသောကြောင့် အတော်လေးဒေါသထွက်သွားခဲ့သည်။သူသည် ဒေါသတကြီးအော်ဟစ်ပြောဆိုလိုက်ပြီးနောက် ဖုန်းကိုချက်ချင်းချလိုက်သည်။ထို့နောက်တွင် အဘိုးကြီးနှစ်ယောက်နှင့်အတူ လျှို့ဝှက်အခန်းများစွာကိုဖွင့်ကာ စံအိမ်တော်၏ လျှို့ဝှက်အိမ်လေးဆီသို့ သွားရောက်ခဲ့ကြသည်။

All Chapters