← Chapters

လူ ၃ယောက်

Vol. 2 Ch. 23

လူ ၃ယောက်

Vol. 2 Ch. 23

ခြေသုံးချောင်းနဂါးအိမ်တော်ရာထဲရှိ လျှို့ဝှက်အိမ်လေးအတွင်း၌...

ကျောက်ပိုင်ရှန်သည် ရွှေဝါရောင်ဝတ်စုံကိုဝတ်ဆင်ထားဆဲဖြစ်ကာ တံခါးဝကိုနောက်ကျောပို့ကာ နံရံပေါ်ရှိပန်းချီကားကို တိတ်တဆိတ်စိုက်ကြည့်နေဆဲဖြစ်သည်။

ထိုအချိန်တွင် လျှို့ဝှက်အိမ်ငယ်လေး၏ တံခါးကပွင့်လာခဲ့သည်။

ကျောက်ပိုင်ရှန်ကမူ မည်သည့်ထူးထူးခြားခြား အမူအရာမှမပြသခဲ့ပေ။သို့သော်လည်း ကျောက်ချန်စွင်၏နောက်မှ လိုက်ပါလာသည့်အဘိုးကြီးနှစ်ယောက်သည် ထိုနေရာသို့ရောက်ရှိသည်နှင့် ကျောက်ပိုင်ရှန်ကို တွေ့မြင်လိုက်ရသည့်အတွက် သူတို့၏ခန္ဓာကိုယ်များ တုန်ခါသွားခဲ့သည်။

လျှို့ဝှက်အိမ်ငယ်လေးအား တိတ်ဆိတ်မှုကသာ ကြီးစိုးခြယ်လှယ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် မျက်မှန်တပ်ထားသည့် လူအိုကြီးလျှိုသည် လေသံတိုးတိုးဖြင့် ပြောဆိုလိုက်သည်။

"ကျောက်ပိုင်ရှန်...မင်းကတော်တော်သတ္တိကောင်းတာပဲ"

"မင်းကခုလိုတွေတောင်လုပ်နေပြီလား...မင်းကစိတ်ချရတယ်လို့ထင်လို့လား"

ကျင်းရူဖန်ကလည်း အံ့သြတကြီးပြောဆိုလိုက်သည်။

ထိုစကားကိုကြားသောအခါတွင် ကျောက်ပိုင်ရှန်သည် သူ့ခေါင်းကိုဖြည်းညှင်းစွာ လှည့်ကြည့်မိလိုက်သည်။ယခုအချိန်တွင် သူ၏မျက်လုံးများသည် အေးစက်နေပြီး မည်သည့်ခံစားချက်ကိုမှ မဖော်ပြခဲ့ပေ။

"ချန်စွင်...မင်းအရင်ထွက်သွားလိုက်"

"ကောင်းပါပြီ...အဖေ"

ကျောက်ချန်စွင်သည် ထိုစကားကိုကြားသည်နှင့် တွန့်ဆုတ်မနေဘဲ ထွက်ခွာသွားခဲ့သည်။သူသည် ဤစကားဝိုင်း၏အကြောင်းအရာကို သိရှိရန်အရည်အချင်းမပြည့်မှီကြောင်း ကောင်းကောင်းနားလည်ထားပေသည်။

သူသည် လျှို့ဝှက်အိမ်ငယ်လေးတွင်းမှ ထွက်ခွာလာပြီးနောက်တွင် ပြင်ပမှဝင်ရောက်လာသူမရှိကြောင်း သေချာစစ်ဆေးပြီးမှ တံခါးကိုအလွယ်တကူပိတ်ဆို့လိုက်သည်။

ကျောက်ပိုင်ရှန်သည် ကျင်းရူဖန်အား ပထမဆုံးစိုက်ကြည့်လိုက်သည်။

ယနေ့တွင် ကျင်းရူဖန်သည် အနက်ရောင်စာကြည့်မျက်မှန်အား ဝတ်ဆင်ထားကာ ဆံပင်ဖြူများထူထပ်စွာပေါက်ရောက်နေသည့် သူ၏သွင်ပြင်သည် သာမန်လူအိုကြီးတစ်ယောက်လို တိမ်မြုပ်ပျောက်ကွယ်လုမတတ်ဖြစ်နေခဲ့သည်။သို့သော် ကျောက်ပိုင်ရှန်၏အမြင်၌ ကျင်းရူဖန်သည် အနက်ရောင်ထန်ဝတ်စုံအား ဝတ်ဆင်ထားကာ ခမ်းနားထည်ဝါသည့်ဟန်ပန်ကို ဖော်ဆောင်နေခဲ့သည်။သူသည် ကားလုပ်ငန်းကိုအဓိကလုပ်ကိုင်သော်လည်း သူ၏သွင်ပြင်မှာ အနုပညာလက်ရာများကို သဘောကျသည့် လူအိုကြီးတစ်ယောက်နှင့် ပိုတူနေခဲ့သည်။

"အဘိုးကြီးကျင်း မတွေ့ရတာ အတော်ကြာပြီ"

ကျောက်ပိုင်ရှန်က အနည်းငယ်ခေါင်းညိတ်၍ ပြောလိုက်ပြီး လျှိုဇီယွမ်အား ထပ်မံ၍အကဲခတ်လိုက်သည်။

လျှိုဇီယွမ်၏အသွင်အပြင်သည် အလွန်ကြမ်းတမ်းနေဆဲဖြစ်သည်။သူသည် နက်မှောင်သော အသားအရည်၊အဖြူရောင်ဆံပင်များနှင့် ကျည်းမြောင်းသည့်မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားပေသည်။ရုတ်တရက်ဆိုပါက သူ၏ကြမ်းတမ်းသောအသွင်အပြင်ကြောင့် လျှိုဇီယွမ်ဟုခေါ်သောလူအိုကြီးသည် ဧရာမအဝတ်အထည်လုပ်ငန်းပိုင်ရှင်တစ်ယောက်ဖြစ်ကြောင်း သိသာရန်ခဲယဉ်းလှပေသည်။

"အဘိုးကြီးလျှို...ငါလုပ်ခဲ့တာကိုအပြစ်မတင်ဘူးမလား"

သူ၏အဖော်နှစ်ယောက်ကိုကြည့်ပြီးနောက်တွင် ကျောက်ပိုင်ရှန်က စကားအစပျိုးလိုက်သည်။

"မင်းရဲ့ကျောက်မိသားစုက သားမြေးမြစ်တွေကို ခွန်းလွန်တောင်ပေါ်ပြသနာရှာဖို့ စေလွှတ်လိုက်ပြီဆိုကတည်းက ပြန်လမ်းမဲ့လမ်းပေါ်ရောက်နေခဲ့ပြီး...အဘိုးကြီးကျောက် ငါတို့သုံးယောက်ဟာ ညီအစ်ကိုတွေလိုပဲ...မင်းအမှားတစ်ခုခုလုပ်မိခဲ့ရင်တောင်မှ ငါတို့ဟာညီအစ်ကိုတွေဖြစ်နေမှာပဲ"

လျှိုဇီယွမ်က ခေါင်းခါရင်းပြောလိုက်သည်။

လျှိုဇီယွမ်သည် စကားပြောနေစဉ်အတွင်း လျှို့ဝှက်အိမ်ငယ်လေးထဲရှိ ရွှေရောင်ဆိုဖာဆီသို့ သတိမထားမိလိုက်ဘဲ လျှောက်လာခဲ့မိသည်။

"မင်းမသေသေးဘူးဆိုတာငါသိတယ်...ဝမ်အန်းပြောတဲ့အတိုင်းသာဆိုရင် မင်းကအနည်းဆုံး ၃နှစ်အသက်ရှင်နိုင်သေးတယ်"

ကျင်းရူဖန်သည် ကျောက်ပိုင်ရှန်၏အနားသို့ ဖြေးဖြေးချင်းတိုးကပ်သွားရင်း ပြောလိုက်သည်။သူသည် ကျောက်ပိုင်ရှန်၏ပုခုံးနှစ်ဖက်ကို ပေါ့ပေါ့ပါးပါးဆုပ်ကိုင်ရင်း တုန်ယင်နေသည့်လေသံဖြင့်ပြောလိုက်သည်။

ထို့နောက်တွင် သူတို့၃ယောက်သည် တြိဂံပုံစံဖြင့် ထိုင်၍နေရာယူလိုက်ကြသည်။လျှို့ဝှက်အိမ်ငယ်တွင်းရှိ လေထုအခြေအနေသည် တဖန်ပြန်၍တည်ငြိမ်သွားခဲ့သည်။

ကျောက်ပိုင်ရှန်သည် စကားတစ်ခွန်းမှမဟသလို ကျင်းရူဖန်နှင့်လျှိဇီယွမ်တို့ကလည်း တိတ်တိတ်လေးထိုင်နေခဲ့ကြသည်။

တစ်နာရီကျော်ကြာပြီးနောက်တွင်...

"ဟူး..."

ကျင်းရူဖန်သည် ပထမဆုံးအကြိမ်မတ်တပ်ရပ်လိုက်ကာ သက်ပြင်းအနည်းငယ်ချလိုက်ပြီးနောက်တွင် လှည့်ထွက်၍ လျှို့ဝှက်အိမ်ငယ်၏တံခါးဆီသို့ လျှောက်သွားခဲ့သည်။

လျှိုဇီယွမ်သည်လည်း ခေါင်းညိတ်ပြလိုက်ကာ ကျင်းရူဖန်နှင့်အတူ ဘေးချင်းကပ်ရပ် ထွက်ခွာသွားခဲ့သည်။

ကျောက်ပိုင်ရှန်သည်ကား ဆိုဖာပေါ်၌ထိုင်နေဆဲဖြစ်ကာ သူတို့နှစ်ယောက်ပြန်သွားသည်ကိုပင် လိုက်လံမပို့ဆောင်ခဲ့တော့ပေ။

သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ပါးစပ်ထောင့်စွန်း၌ ကျေနပ်နေသည့်အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူနားလည်လိုက်သည်...ထိုလူအိုကြီးနှစ်ယောက် စကားတစ်ခွန်းမှမပြောခြင်းက သူ၏အကြံအစည်ကို သူတို့နားလည်လက်ခံသွားပြီဟု ဆိုလိုခြင်းဖြစ်ပေသည်။

တစ်ချိန်တည်းမှာပင် သူတို့သာတစ်စုံတစ်ခုဖြစ်ပွားသွားခဲ့ပါက ကျောက်မိသားစု၏ သားစဉ်မြေးဆက်များကို ကာကွယ်ရန်အတွက် သူတို့၏ယခင်သဘောတူညီချက်ကိုလိုက်နာ၍ သူတို့၏သားသမီးများအပေါ် ဆက်ဆံရေးဖြတ်တောက်ပစ်မှာဖြစ်သည်။

လူအိုကြီးနှစ်ယောက်သည် လျှို့ဝှက်အိမ်ငယ်မှထွက်ခွာကာ တံခါးပိတ်လိုက်ချိန်မှသာ ကျောက်ပိုင်ရှန်က ဖြည်းညှင်းစွာထရပ်လိုက်တော့သည်။

ထိုအခိုက်အတန့်တွင် သူသည်အသက်ဆယ်နှစ်ခန့် ပြန်ငယ်သွားသလိုခံစားလိုက်ရသည်။

ကျောက်ပိုင်ရှန်သည် တံခါးဝ၌ရပ်ကာ လေးလေးနက်နက်ဦးညွတ်၍ စကားဆိုလိုက်သည်။

"ဒီဘဝအတွက်တော့ လုံလောက်ပါပြီ"

...

ရွှေခေတ်ဟိုတယ်...အဆင့်မြင့်ဇိမ်ခံအခန်း၌...

ကြယ်ငါးပွင့်ဟိုတယ်တစ်ခုအနေဖြင့် ဤနေရာရှိ ပစ္စည်းများအားလုံးကို အရည်အသွေးအကောင်းဆုံး ပစ္စည်းများဖြင့်အစားထိုးထားပေသည်။

သားရေဆိုဖာ...ပျော့ပျောင်းသောကုတင်ကြီး...ခမ်းနားသည့်အလှဆင်မှု...

နံရံပေါ်၌ဆိုလျှင် မူရင်းနှင့်အတုကိုပင်မခွဲခြားနိုင်လောက်အောင်ပင် ရေးဖွဲ့ထားသည့် အနုပညာအငွေ့အသက်များ ပြည့်နှက်နေသော လက်ရေးလှစာချွန်များ၊ပန်းချီကားများကို တွေ့ရပေမည်။ခွန်းလွန်တောင်ပေါ်ရှိ သက်တော်ရှည်ဘုရားကျောင်းနှင့်ယှည်လျှင်ပင် မည်သည့်နေရာကပို၍လှပကြောင်း ခွဲခြား၍မရနိုင်ပေ။

သာမန်လူများသာ ဤနေရာသို့ဝင်ရောက်လာပါက သူတို့သည် ပါးစပ်အဟောင်းသားဖြစ်ကာ ဇိမ်ခံအခန်းအားလှည့်ပတ် ကြည့်ရှုနေမိမည်ဖြစ်သည်။

သို့သော်လည်း ယဲ့ပိုင်ဝင်ရောက်လာပြီးနောက်တွင် သူသည်အခန်းအပြင်အဆင်အား ရိုးရိုးရှင်းရှင်းတစ်ချက်ကြည့်လိုက်ပြီးနောက် ဧည့်ခန်းရှိ ပြင်သစ်ပုံစံဒီဇိုင်းဖော်ထားသော ပြတင်းပေါက်ဆီသို့လျှောက်သွားကာ ရှုခင်းများကို တိတ်တဆိတ်ကြည့်နေခဲ့သည်။

နှစ်ကာလများကုန်လွန်သွားသလို ခေတ်များလည်းအလီလီကုန်ဆုံးသွားခဲ့ရသည်။

စားသောက်ခြင်းက ယဲ့ပိုင်၏ထာဝရဝါသနာတစ်ခုပင်ဖြစ်သည်။သို့သော်လည်း အဆုံးမဲ့နှစ်များအတွင်း မတူညီကွဲပြားသည့် ရှုမျှော်ခင်းများကလည်း သူ၏ရှားရှားပါးပါးစိတ်ဝင်စားမှုဖြစ်ပေသည်။

ဇိမ်ခံအခန်း၏ အလင်းဝင်ရောက်မှုရှုထောင့်သည် အလွန်ပင်ကောင်းမွန်ကာ မြောက်မှတောင်သို့မျက်မှာမူထားပြီး ကြမ်းခင်းကိုအနည်းငယ်မြင့်တင်ထားပေသည်။

ယဲ့ပိုင်လက်ရှိရပ်နေသောနေရာမှ Qမြို့တော်တစ်ခုလုံး၏ မြင်ကွင်းကို တွေ့မြင်နေရပေသည်။

ကြီးကျယ်ခမ်းနားသော အဆောက်အဦးများ ၊ ချော့မွေ့သည့်လမ်းမများ...

နေ့ခင်းဘက်အချိန်၌ရှိနေသော်လည်း နီယွန်မီးဆိုင်းများ ဖွင့်ထားပေရာ အလင်းအချို့အား မှိတ်တုတ်မှိတ်တုတ် တွေ့မြင်နေရသည်။

ဝမ်အန်းသည်လည်း အခန်းထဲသို့ဝင်လာပြီး ယဲ့ပိုင်၏နောက်၌ လေးလေးစားစားရပ်နေလိုက်သည်။

"သခင်...ဒီတစ်ခါတော့ အစေခံအိုကြီးရဲ့တစ်ကိုယ်ကောင်းဆန်မှုကို ခွင့်လွှတ်ပေးပါ...Qမြို့တော်မှာ ကျောက်မိသားစုရဲ့အခြေစိုက်နေရာပဲ...မနေ့ကသူတို့ဟာ ခွင့်မလွှတ်နိုင်စရာ လုပ်ရပ်တစ်ခုကို လုပ်ဆောင်ခဲ့တယ်...ငါတို့ဒီအတိုင်းလွှတ်ပေးထားလိုက်ရင် သူတို့ပိုပြီးအတင့်ရဲသွားလိမ့်မယ်...ခုနေလေးတင်ပဲ ချန်းရို့ကို အကုန်ပြင်ဆင်ခိုင်းထားလိုက်ပြီ...ခုချိန်မှာ Qမြို့တော်ကိုဝိုင်းရံဖို့အတွက် အင်အားတွေစုစည်းထားပြီးလိုက်ပြီ...သခင့်ရဲ့လက်တွေကိုအစွန်းအထင်းခံစရာမလိုတော့ဘူး...ဒီအစေခံအိုကြီးက ကျောက်မိသားစုကို ချက်ချင်းဖျက်ဆီးပစ်လိုက်မယ်"

အချိန်အတော်ကြာပြီးနောက်တွင် ဝမ်အန်းကအားတင်း၍ စကားပြောလိုက်သည်။

ဝမ်အန်း၏အသံမှိန်ဖျော့သွားပြီးနောက်တွင် ဇိမ်ခံအခန်းက လုံးဝတိတ်ဆိတ်သွားခဲ့သည်။

ယဲ့ပိုင်က သူ့အားလျစ်လျူရှုကာ အပြင်ဘက်ရှိရှုခင်းများကို ကြည့်ရှုနေဆဲဖြစ်သည်။

"သခင်..."

၃နာရီခန့်ကြာမြင့်ပြီးနောက် ယဲ့ပိုင်ကအဖြေမပေးသေးသည့်အတွက် ဝမ်အန်း၏အဝတ်အစားများသည် အေးစက်သောချွေးများဖြင့် စိုရွဲနေခဲ့သည်၊

ယခုတစ်ကြိမ်တွင်မူ ယဲ့ပိုင်သည် ဖြည်းညှင်းစွာဖြင့် ဝမ်အန်းအားလှည့်ကြည့်၍ စိတ်ရှုပ်ထွေးစေမည့် မေးခွန်းတစ်ခုကိုမေးမြန်းလိုက်သည်။

"အန်းလေး...လူသားနဲ့ကမ္ဘာတစ်ခုကြားမှာ ဘယ်အရာပိုကြီးတယ်လို့ မင်းထင်လဲ"

ဝမ်အန်းက အနည်းငယ်အံ့သြသွားခဲ့သည်။

သို့သော်လည်း ခဏလောက်စဉ်းစားအပြီးတွင် ဝမ်အန်းက အဖြေပေးလိုက်သည်။

"ကမ္ဘာကြီးက အရမ်းကြီးကျယ်လွန်းတယ်...လူသားတွေအများကြီးကလည်း မှီတင်းနေထိုင်ကြတယ်...ဒီအစေခံအိုကြီးရဲ့အမြင်မှာ လူသားတွေကသနားစရာကောင်းလောက်အောင်ကို သေးငယ်လွန်းတယ်"

"အိုး...ဒါပေမဲ့ မင်းရဲ့အတွေးနဲ့မတူတဲ့လူတွေရှိသေးတယ်"

ယဲ့ပိုင်က တိုးတိုးလေးညည်းညူလိုက်သည်။

ယဲ့ပိုင်၏စကားကို နားထောင်ပြီးနောက်တွင် သူ၏မျက်နှာသည် ဖြူဖျော့သွားခဲ့ကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။

"ဒီအစေခံရဲ့စကားမှားသွားပါတယ်...ကျေးဇူးပြုပြီးအပြစ်ပေးပါ သခင်လေး"

ဝမ်အန်း၏လေသံသည် ကြောက်ရွံ့မှုကြောင့် တုန်ခါနေခဲ့ကာ မည်သည့်မလေးစားမှုကိုမှ မပြသဝံ့ပေ။

"ဒီတစ်ခါတော့ ကမ္ဘာသစ်ကြီးကို ကောင်းကောင်းမွန်မွန်လေ့လာချင်တယ်...မင်းရဲ့သတိထားတွေးခေါ်မှုတွေကို ခဏလောက်ဘေးဖယ်ထားလိုက်...အပြင်မှာပြဿနာလေးအချို့ဖြစ်ရင်တောင် မင်းဖြေရှင်းနိုင်မှာပါ"

ယဲ့ပိုင်သည် ထိုသို့ပြောအပြီးတွင် သူ၏လက်ကိုဝှေ့ယမ်းလိုက်ကာ ပြင်သစ်ဒီဇိုင်းပုံစံ ပြတင်းပေါက်ရှေ့သို့ပြန်လှည့်လိုက်သည်။သူသည် တစ်ချိန်ကသူနှင့်ရင်းနှီးကျွမ်းဝင်နေသော်လည်း ယခုအခါအသစ်တဖန်ဖြစ်တည်နေသည့် မြို့တော်အားကြည့်ရှုနေမိသည်။

"နားလည်ပါပြီ သခင်လေး"

အပြင်၌ ပြဿနာလေးအချို့ရှိနေကြောင်း သတင်းကြားလိုက်ရပြီးနောက် ဝမ်အန်းသည်သံသယစိတ်မရှိတော့ပေ။

ထို့နောက် သူ၏တုန်ယင်နေသော ခန္ဓာကိုယ်အားဖြည်းညှင်းစွာမတင်ကာ ဇိမ်ခံအခန်းအပြင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။

ဝမ်အန်းသည် အခန်းပြင်သို့ထွက်ခွာသွားပြီးနောက် တံခါးကိုပိတ်ဆို့လိုက်ပြီးနောက် ပြတင်းပေါက်ရှေ့၌ရပ်နေသောယဲ့ပိုင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် သက်ပြင်းချ၍ ရေရွတ်မိလိုက်သည်။

"ဒီနေ့မင်းတို့၃ယောက်လုံး ဒီရောက်လာကြတာပဲ"

အကယ်၍ ကျင်းရူဖန်၊ကျောက်ပိုင်ရှန်နှင့်လျှိုဇီယွမ်တို့သာ ယဲ့ပိုင်၏စကားကိုကြားပါက အံ့သြသွားကြမည်ဖြစ်သည်။

သူတို့၏အစီအစဉ်သည် အဖက်ဖက်မှပြီးပြည့်စုံသည်ဟု ထင်မြင်ယူဆထားကြသော်လည်း အရာအားလုံးသည် ယဲ့ပိုင်၏အကြွင်းမဲ့ထိန်းချုပ်မှုအောက်၌ ရှိနေလိမ့်မည်ဟု သူတို့လုံးဝတွေးမိထားကြမည်မဟုတ်ပေ။

All Chapters