အဓိကလမ်းကြောင်း
Vol. 2 Ch. 24
ရွှေရောင်ခေတ်ဟိုတယ်၏ သာမန်အဆင့်မှီ အခန်းတစ်ခုထဲတွင် သခင်လေးဝူသည် အဝတ်အစားပင်မဝတ်ဘဲ ကုတင်ပေါ်တွင်ထိုင်၍ ဖုန်းကိုအလောတကြီးခေါ်လိုက်သည်။
သူ့မျက်နှာပေါ်ရှိအမူအရာသည် အချိန်နှင့်အမျှပြောင်းလဲနေခဲ့သည်။
"အဖေ...နားထောင်...ဒါကအခွင့်ကောင်းတစ်ခုပဲ...အခွင့်ကောင်းတစ်ခုပဲ...အဖေက ကျောက်မိသားရဲ့လွှမ်းမိုးမှုအောက်က ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတာမလား...ဒီနေ့လေးတင်ပဲ ခွန်းလွန်တောင်ပေါ်မှာတွေ့ခဲ့တဲ့ အရမ်းစွမ်းအားကြီးမားတဲ့လူတစ်ယောက်ကို ထပ်ပြီးတွေ့ခဲ့ရတယ်...အဲ့လူကို ခွန်းလွန်တောင်က အင်မော်တယ်အကြီးအကဲကိုယ်တိုင် လက်ခံခဲ့တာကို ငါကိုယ်တိုင်မြင်တွေ့ခဲ့တယ်...လွန်ခဲ့တဲ့တစ်နာရီလောက်က အဲ့လူဟာ လူတွေအများကြီးခေါ်လာပြီး ကျောက်မိသားစုဖွင့်လှစ်ထားတဲ့ ကြယ်ငါးပွင့်ဟိုတယ်ထဲကို ပြသနာရှာဖို့ရောက်လာခဲ့တယ်...အဲ့လူက ငါ့ကိုသဘောကျသွားတာထင်တယ်...ငါကလွဲပြီးတော့ ဟိုတယ်ထဲကလူတွေအကုန်လုံးကို မောင်းထုတ်လိုက်တယ်"
ထိုစကားကိုပြောချိန်၌ သခင်လေးဝူ၏မျက်နှာသည် နီရဲနေခဲ့သည်။
"သားလေး...မင်းကိုလျော့သောက်ပါလို့ပြောနေတာ ဘယ်နှစ်ခါရှိနေပြီလဲ...မင်းကလုံးဝနားမထောင်ဘူး"
ဖုန်းထဲမှနေ၍ ပြစ်တင်စကားသံက ထွက်ပေါ်လာခဲ့သည်။
"ဖေဖေ...ငါပြောတာအမှန်ပဲ...ငါအရက်မသောက်ထားဘူး...မင်းငါ့ကိုယုံရမယ်...ခုချက်ချင်းတစ်စုံတစ်ယောက်ကို ဒီလွှတ်လိုက်သင့်တယ်"
သခင်လေးဝူက ယခုလိုအခွင့်ကောင်းကို လုံးဝလက်မလွတ်လိုခဲ့ပေ။
"မေ့လိုက်တော့ ငါမင်းနဲ့ဘယ်လိုစကားပြောရမယ်မှန်းမသိတော့ဘူး..
အင်မော်တယ်အကြီးအကဲက ဘယ်လိုလူလဲဆိုတာ မင်းသတိမထားမိဘူးလား...သူနဲ့ဆုံတွေ့ဖူးသူတိုင်းက ကောင်းကိုတက်လှမ်းနိုင်ကြတဲ့လူတွေချည်းပဲ...အဲလိုလူတစ်ယောက်က မင်းအပေါ်အမြင်ကောင်းရှိနိုင်မယ်ထင်လား"
ဖခင်ဖြစ်သူသည် ထိုသို့ဖုန်းပြောပြီးနောက်တွင် ချက်ချင်းပင်ဖုန်းချလိုက်တော့သည်။
"သေစမ်း..."
သခင်လေးဝူက သူ့နဖူးကိုဒေါသတကြီးပုတ်လိုက်ကာ စိတ်မထိန်းနိုင်တော့ဘဲ လေသံတိုးတိုးဖြင့်ကျိန်ဆဲလိုက်တော့သည်။
"ဒီကမ္ဘာကြီးကတော်တော်နားလည်ရခက်တာပဲ...လူတွေကကြွားလုံးထုတ်ကြပြီဆိုရင် အဲ့တာကမှန်တယ်လို့ယူဆကြပြီးတော့ အမှန်အတိုင်းပြောကြရင်တော့ ဘယ်သူကမှမယုံကြည်ကြတော့ဘူး"
...
ရွှေခေတ်ဟိုတယ် ၊ ဂိတ်အပြင်ဘက်၌...
ထိုအခိုက်အတန့်တွင် လူအုပ်စုကြီးသည် တံခါးဝ၌စုရုံးနေကြပြီဖြစ်သည်။ထိုလူများသည် ဓားများသို့မဟုတ် ဘေစ့်ဘောတုတ်တံများကို ကိုင်ဆောင်ထားခဲ့ပြီး သူတို့၏ခန္ဓာကိုယ်မှ အေးစက်စက်အော်ရာများက ထွက်ပေါ်နေခဲ့သည်။
ထိုလူများ၏နောက်တွင် ဝတ်စုံပြည့်ဝတ်ထားသည့် အမျိုးသားတစ်ယောက်သည် သူ၏နဖူး၌စီးကျနေသည့်ချွေးများကို အဆက်မပြတ်သုတ်နေခဲ့သည်။
ထိုလူ၏ဘေးတွင် အေးစက်စက်အမူအရာဖြင့် ဝတ်စုံနက်များစွာ ရပ်စောင့်နေခဲ့ကြသည်။
"လူတိုင်း မင်းတို့အားလုံးအမိန့်နာခံမှုရှိရမယ်...ဒီနေ့ မင်းတို့က ကျောက်မိသားစုအတွက် အလုပ်လုပ်နေကြတာပဲ...မစ္စတာကျောက်ကိုယ်တိုင်က အမိန့်ပေးထားတယ်...ဒီလူတွေက ပြဿနာလာရှာဝံ့မှတော့ ဘေးကင်းကင်းနဲ့ထွက်သွားဖို့ စိတ်ကူးနေလို့မရဘူး...ငါပြောတဲ့အဓိပ္ပါယ်ကို လူတိုင်းနားလည်ကြတယ်မလား"
ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် လူကအော်ဟစ်လိုက်သည်။ထိုလူသည် ရွှေရောင်ခေတ်ဟိုတယ်၏မန်နေဂျာဖြစ်ကာ သူ၏အသံက အနည်းငယ်တုန်ခါနေခဲ့သည်၊
ချန်းရှို့သည် သူ့လူများအား ဟိုတယ်တစ်ခုလုံးကို ရှင်းလင်းရေးလုပ်ဆောင်ခိုင်းချိန်တွင် မန်နေဂျာသည် အလွန်သူရဲဘောကြောင်ကာ နာခံမှုအပြည့်ရှိခဲ့ပေသည်။သို့သော်လည်း ကျောက်မိသားစုဘက်မှ လူများပို့ပေးလိုက်ချိန်တွင် သူ၏သဘောထားက လုံးဝပြောင်းလဲသွားခဲ့တော့သည်။
"မင်းတို့စိတ်မပူကြနဲ့...သူတို့ရဲ့လိုင်စင်နံပါတ်ပြားတွေကိုကြည့်လိုက်တော့ အဲ့လူတွေအကုန်လုံးက တခြားပြည်နယ်ကရောက်လာတဲ့သူတွေပဲ...သူတို့ရဲ့မျက်နှာတွေက ငါတစ်ခါမှတောင်မမြင်ဖူးတဲ့လူတွေပဲ...အဲ့ကောင်တွေက ရွှေခေတ်ဟိုတယ်က ဘယ်သူ့အပိုင်လဲဆိုတာ မသိလောက်သေးဘူး...သူတို့ကဒီမှာပြသနာလာရှာဝံ့ရင် အသက်ရှင်ရတာပင်ပန်းနေပြီလို့ အဓိပ္ပါယ်ရတယ်...ဒီကိစ္စပြီးသွားရင် ငါတို့အကုန်လုံးကောင်းကောင်းဆုချခံရလိမ့်မယ်"
ထိုထဲမှ ဝတ်စုံနက်ဝတ်များ၏ ခေါင်းဆောင်ဖြစ်ဟန်တူသည့်တစ်ယောက်က သူ၏ပါးစပ်ထောင့်၌ စီးကရက်တစ်လိပ်ကို ကိုက်ထားပြီး စီးကရက်အခိုးအငွေ့များအား မှုတ်ထုတ်လိုက်သည်။ထို့နောက်တွင် သူ၏မျက်လုံးများသည် လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှတောက်ပလာခဲ့ကာ ရက်စက်သောအော်ရာများ ထွက်ပေါ်လာခဲ့သည်။
"ဟုတ်တယ်...လူတိုင်းက မစ္စတာကျောက်ရဲ့အမိန့်ကိုနာခံပြီး ကောင်းကောင်းမွန်မွန်လုပ်ဆောင်နေကြတာပဲ"
မန်နေဂျာဖြစ်သူက ခေါင်းညိတ်၍ဦးညွတ်လိုက်သည်။
"ကောင်းပြီ...ပတ်ဝန်းကျင်ကိုရှင်းလင်းထားပြီးပြီလား...အပြင်ကနေပြီးတော့ အခြားအကြောင်းကြားချက်တွေရသေးလား...နောက်ထပ်မိနှစ်၂၀လောက်ကျင် ငါတို့လှုပ်ရှားကြမယ်"
ဝတ်စုံနက်ဝတ်တစ်ယောက်က စကားပြောစက်ဖြင့် အခြားသူများကိုမေးမြန်းလိုက်သည်။
"အစ်ကိုကြီး အကုန်လုံးအဆင်သင့်ဖြစ်နေပါပြီ..."
ဝေါ်ကီတော်ကီ၏ အခြားတစ်ဖက်မှနေ၍ အသံထွက်ပေါ်လာခဲ့သည်။
"ငါဒီနေ့ ကျောက်မိသားစုရဲ့စံအိမ်တော်ကိုသွားရအုံးမယ်...ဒီလိုကိစ္စအသေးလေးတွေကို ဂရုစိုက်ဖို့အချိန်အားမယ်ထင်နေလား...ဒီကောင်တွေအကုန်လုံးကိုရှင်းပစ်လိုက်တော့"
ဝေါ်ကီတော်ကီမှနေ၍ အလွန်မောက်မာသည့် အသံတစ်ခုထွက်ပေါ်လာခဲ့သည်။
"နားလည်ပါပြီ..."
ခေါင်းဆောင်ဖြစ်ဟန်တူသော တစ်ယောက်ကခေါင်းညိတ်လိုက်ကာ ဝေါ်ကီတော်ကီကိုပိတ်၍ အော်ဟစ်အမိန့်ပေးလိုက်သည်။
"ကောင်းပြီလေ...လူတိုင်းအဆင်သင့်ဖြစ်အောင်လုပ်ထားကြတော့...ဒီကောင်တွေက Qမြို့ကိုလာပြီးတော့ပြသနာရှာဝံ့တယ်ပေါ့...မစ္စတာကျောက်က အမိန့်မပေးရင်တောင်မှ သူတို့ကိုအလွတ်ပေးမှာမဟုတ်ဘူး..."
ထိုအခိုက်အတန့်တွင် ရွှေခေတ်ဟိုတယ်အပြင်ဘက်၌ လူများပြည့်ကျပ်နေခဲ့ကာ လေထုအခြေအနေက အေးစက်တင်းမာနေခဲ့သည်။
ဟိုတယ်ဧည့်ခန်းထဲတွင် ချန်းရှို့သည် အေးစက်တင်းမာသောအကြည့်ဖြင့် သူ၏လက်အောက်ငယ်သားများရှေ့၌ ရပ်နေခဲ့သည်။
ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် သူ၏လက်အောက်ငယ်သားများကလည်း အေးစက်စက်အော်ရာများကို ထုတ်လွှတ်နေခဲ့သည်။သူတို့သည် အပြင်ဘက်ရှိ လူစုလူဝေးကိုကြည့်လိုက်ရင်း ကြောက်ရွံ့နေခြင်းမရှိဘဲ သူတို့၏မျက်လုံးများ၌ အထင်သေးနေသည့် အရိပ်အယောင်ကိုပင် တွေ့နေရသည်။
"အားလုံးပဲ...ငါတို့ကဒီနေ့ဆရာကြီးကိုလာကြိုကြတာပဲ...ဒီကောင်တွေကခုထိ ဘာတွေဖြစ်နေသလဲဆိုတာကို နားမလည်ကြသေးဘူးနဲ့တူတယ်...တကယ်လို့အဲ့ကောင်တွေလှုပ်ရှားဝံ့ရင် ယဉ်ကျေးနေစရာမလိုဘူး...သူတို့ကိုမသေမရှင်ဖြစ်အောင် ရိုက်ပစ်ကြ...ဒီကောင်တွေက ဆရာကြီးရဲ့အနားယူမှုကိုနှောင့်ယှက်ဝံ့ရင် သေတာထက်တောင်အဖြစ်ပိုဆိုးရလိမ့်မယ်"
ချန်းရှို့က အမိန့်ပေးလိုက်သည်။
သူ၏စကားသည် ဝမ်အန်းကိုဦးတည်နေခြင်းမဟုတ်ဘဲ ယဲ့ပိုင်ကိုပြောနေခြင်းဖြစ်ကြောင်း ထိုကောင်လေးများမသိကြပေ။
ထိုလျှို့ဝှက်ဆန်းကြယ်ကာ နားမလည်နိုင်သော ဆယ်ကျော်သက်လေးသည် ဝမ်အန်းထက်ပင် အဆပေါင်းတစ်သောင်းကျော် ကြောက်စရာကောင်းသည်ဟု သူခံစားမိပေသည်။
"နားလည်ပါပြီ..."
ဧည့်ခန်းထဲရှိ ဝတ်စုံနက်များအားလုံးက ကြောက်ရွှံမှုမရှိဘဲ တညီတညာတည်း ပြောလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဝမ်အန်းသည် ဓာတ်လှေကားမှတဆင့် ဧည့်ခန်းဆီသို့ ရောက်ရှိလာခဲ့ကာ သူ၏ခြေလှမ်းများက အနည်းငယ်မြန်ဆန်နေခဲ့သည်။
ယနေ့တွင် သူ၏ခွင့်ပြုချက်မတောင်းခံဘဲ လုပ်ဆောင်မိသည့်အချို့လုပ်ရပ်များသည် ယဲ့ပိုင်အားအနည်းငယ်စိတ်မသက်မသာဖြစ်စေကြောင်း သူသိထားသော်လည်း သူသည်ကျောက်မိသားစု၏မောက်မာမှုကို သည်းမခံနိုင်ပေ။အထူးသဖြင့် ယနေ့တွင်ကျောက်မိသားစုသည် ကျောက်ပိုင်ရှန်အတွက် လူမြင်ကွင်း၌စျာပနတစ်ရပ် ကျင်းပနေကြောင်းသတင်းရထားပေသည်။မရေမတွက်နိုင်သော သြဇာအာဏာရှိပုဂ္ဂိုလ်များသည် ထိုစျာပနသို့တက်ရောက်ရန် ဖိတ်ကြားခံရပေသည်။
သို့သော်လည်း ထိုနေ့ကခွန်းလွန်တောင်သို့ရောက်လာခဲ့သည့် ဝမ်အန်းနှင့်အဘိုးကြီးများကို ဖိတ်ကြားခြင်းမပြုခဲ့ပေ။
သစ္စာဖောက်ခြင်း...ထိုအချက်ကသာ လက်ရှိပြဿနာကို အပြည့်အဝရှင်းပြနိုင်စွမ်းရှိပေသည်။
ယဲ့ပိုင်သည် ယခုတစ်ကြိမ်သာပြန်မလာခဲ့သေးပါက ဝမ်အန်းသည် Qမြို့တော်သို့သူ့လူများကိုစုစည်း၍ ကျောက်မိသားစုအား ကြီးကြီးမားမားပေးဆပ်ရအောင် လုပ်ဆောင်မည်ဖြစ်သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင် ယဲ့ပိုင်ကသူ့အားနားလည်မှုလွဲသွားသည်ဟု ခံစားမိသည့်အတွက်ကြောင့် သူအလွန်စိတ်မသက်မသာဖြစ်နေပြီး လမ်းလျှောက်ခြင်းသည်တောင်မှ အဆင်မပြေခဲ့ပေ။
သို့သော်လည်း ဧည့်ခန်းတွင်း၌ သူထွက်ပေါ်လာသည့်အချိန်တွင် ရွှေခေတ်ဟိုတယ်တစ်ခုလုံး အဝိုင်းခံလိုက်ရပြီဖြစ်ကြောင်း ချက်ချင်းနားလည်လိုက်သည်။ဟိုတယ်အပြင်ဘက်၌ ကျောက်မိသားစုမှလူများဝိုင်းရံထားကာ လေထုထဲ၌လည်း အေးစက်သောအငွေ့အသက်များ ပျံ့လွှင့်နေခဲ့သည်။
"သခင်ကြီး..."
ချန်းရှို့သည် ဝမ်အန်းကိုတွေ့မြင်ချိန်တွင် သူ၏မျက်လုံးများတောက်ပလာကာ အမြန်ပြေးလာခဲ့လိုက်သည်။
ဝမ်အန်း၏မျက်နှာသည် အနည်းငယ်ညိုးငယ်နေကာ ချန်းရှို့ကို မေးမြန်းလိုက်သည်။
"ဘာကိစ္စရှိလို့လဲ..."
"ဒီဟိုတယ်က အရမ်းကိုနာမည်ကြီးပြီးတော့ ကျောက်မိသားစုရဲ့ပိုင်ဆိုင်မှုတစ်ခုပဲ...ဒါကြောင့်ဟိုတယ်ကိုရှင်းလင်းရေးလုပ်ချိန်မှာ သဘောထားကွဲလွဲမှုအချို့တော့ မလွဲမသေဖြစ်လာမှာပဲ...လက်ရှိအခြေအနေကတော့ ဟိုတယ်မန်နေဂျာကြောင့် ဖြစ်ရတာပဲ...သူကအခြေအနေကိုမသိဘဲ လူတစ်စုကိုခေါ်လာတယ်ဆိုတော့ ဒီနေ့တိုက်ခိုက်ရတော့မယ်ဆိုတာ သိသာနေပြီ...ငါတို့က မလိုလားအပ်တဲ့ပြသနာတွေကိုရှောင်ရှားဖို့အတွက် ကျောက်မိသားစုကို ဆက်သွယ်လိုက်ရမလား"
ချန်းရှို့က ပုခုံးတွန့်ကာ အမှန်အတိုင်းဝန်ခံလိုက်သော်လည်း သူ၏စကား၌ ဖုံးကွယ်ထားသည့် အဓိပ္ပါယ်အချို့ပါဝင်နေခဲ့သည်။
"ခွန်းလွန်တောင်မှာ ဘာဖြစ်ခဲ့လဲ မင်းသိတယ်မလား"
ဝမ်အန်းသည် ချန်းရှို့ကိုကြည့်ရင်း အနည်းငယ်အေးစက်စက်လေသံဖြင့် မေးမြန်းလိုက်သည်။
"ဆရာ...ကျနော်ကဟာသလုပ်လိုက်တာပါ...ဟိုတယ်ကိုရောက်လာတဲ့ လူမှန်သမျှကို ချက်ချင်းရှင်းလင်းပေးမယ်...စိတ်ပူစရာမလိုပါဘူး...အပြင်ကကောင်တွေအားလုံးက လူသစ်သာသာပဲရှိတာပါ...ဒါပေမဲ့ ငါတို့တကယ်တိုက်ခိုက်ကြရင် ဆရာကြီးတောင်ပေါ်ကဆင်းလာတဲ့သတင်းက ပျံ့နှံ့သွားနိုင်တယ်...အဲ့အချိန်ကျရင် မရေမတွက်နိုင်တဲ့လူတွေက Qမြို့တော်ဆီအပြေးအလွှားရောက်လာကြလိမ့်မယ်...ဒါကိုအဓိကလမ်းကြောင်းလို့ခေါ်ရမလား"
ချန်းရှို့က ထိုသို့ပြောလာချိန်တွင် သူ၏မျက်လုံး၌ မောက်မာသည့်အငွေ့အသက်များက လွှမ်းခြုံထားခဲ့သည်။
အဓိကလမ်းကြောင်း....
ဝမ်အန်း၏တည်ရှိမှုကို သိရှိထားသည့်လူအနည်းစုထဲမှ တစ်ယောက်အနေဖြင့် ထိုအဘိုးကြီး၏စွမ်းအားသည် မည်မျှထိတ်လန့်စရာကောင်းကြောင်း ချန်းရှို့တစ်ယောက် လေးလေးနက်နက်နားလည်ပေသည်။