← Chapters

သတိပေးချက်.

Vol. 2 Ch. 27

သတိပေးချက်.

Vol. 2 Ch. 27

ရွှေခေတ်ဟိုတယ်...

ပြင်းထန်လှသည့်သွေးရနံ့က လေထုထဲ၌ အဆက်မပြတ်ပျံ့လွှင့်နေဆဲဖြစ်သည်။

ခန်းမထဲတွင် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားများက အေးစက်စက်အမူအရာဖြင့် ရပ်နေကြသည်။

အချို့သောသူများဆိုလျှင် သူတို့၏အဝတ်ပေါ်၌ သွေးများစွန်းထင်းနေကြပြီး အချို့သူများဆိုလျှင် မျက်နှာတစ်ခုလုံး သွေးများဖြင့်နီရဲနေသော်လည်း သူတို့၏မျက်နှာများပြင်းထန်စွာ ဒဏ်ရာရရှိထားလျှင်တောင်မှ မတ်တပ်ရပ်လိုက်ချိန်၌ လူအများကိုကြောက်ရွှံ့သွားအောင် လုပ်ဆောင်နိုင်ဆဲဖြစ်သည်။

အခြားတစ်ဖက်တွင် ဟိုတယ်အပြင်ဘက်ရှိ Qမြို့တော်မှလူများ၏အခြေအနေက ပိုမိုဆိုးရွားပေသည်။

သူတို့အားလုံးသည် မြေပေါ်လဲကျနေခဲ့ကြကာ အဆက်မပြတ်ငိုကြွေးနေခဲ့ကြသည်။

"နာတယ်...နာတယ်"

တစ်စုံတစ်ယောက်သည် သူ၏ပေါင်ကိုဆုပ်ကိုင်ထားပြီး သူ့မျက်နှာပေါ်ရှိကြွက်သားများက နာကျင်မှုကြောင့် တွန့်လိမ်နေခဲ့သည်။

"လောင်ဇူကို ချက်ချင်းဆေးရုံပို့လိုက်...လူယုတ်မာတွေ...ဒီကောင်တွေအကုန်လုံးက လေ့ကျင့်ရည်ပြည့်ဝနေတဲ့သူတွေပဲ...သူတို့အကုန်လုံးက နတ်ဆိုးတွေပဲ"

တစ်စုံတစ်ယောက်သည် သူ၏လက်မောင်းကိုဖုံးကွယ်ထားပြီး သူ့ခြေထောက်များက မြေပေါ်ဒူးထောက်လျက်သားရှိနေစဉ်တွင် သွေးနီရောင်မျက်လုံးများဖြင့် ဒေါသတကြီးဟိန်းဟောက်အော်ဟစ်လိုက်သည်။

"ရဲခေါ်လိုက်...ရဲတွေကိုခေါ်လိုက်...ဒီကောင်တွေကိုရဲတွေရှင်းပါစေ"

မြေပေါ်၌လဲလျောင်းနေသူများသည် အလွန်ပင်အားနည်းနေသော်လည်း သူ၏ပါးစပ်ထဲမှနေ၍ အလွန်ကျယ်လောင်သောအသံက ထွက်ပေါ်နေခဲ့သည်။

ယခင်က ဤလူများအား အကူအညီတောင်းခဲ့သည့် ရွှေခေတ်ဟိုတယ်မန်နေဂျာသည် ယခုအချိန်တွင် လူအုပ်ထဲ၌ ပျောက်ကွယ်နေခဲ့သည်။သူ၏မျက်နှာသည် ခရမ်းရောင်သို့ပြောင်းလဲနေပြီး ခန္ဓာကိုယ်က အဆက်မပြတ်တုန်ရီနေခဲ့ကာ မျက်လုံးများ၌ ကြောက်ရွှံ့နေသော အမူအရာများဖြစ်ပေါ်လာခဲ့သည်။

ဝမ်အန်းသည် အဆင့်မြင့်ဇိမ်ခံအခန်းမှထွက်လာပြီး ဟိုတယ်ဧည့်ခန်းဆီသို့ တန်းတန်းမတ်မတ်လျှောက်လာခဲ့သည်။သူသည် လက်ရှိအခြေအနေအား တွေ့မြင်ပြီးနောက်တွင် နဂိုကချွေးများဖြင့်စိုရွဲနေသော သူ၏ခန္ဓာကိုယ်သည် ယခုအချိန်၌ ပြန်လည်သက်သာကောင်းမွန်လာခဲ့သည်။

သူ၏ခနော်ခနဲ့ခန္ဓာကိုယ်ကလည်း ချက်ချင်းပင်အားအင်များဖြင့် ပြည့်ဝလာခဲ့သည်။

သူသည် ချန်းရှို့ဆီသို့ ဦးတည်လျှောက်လှမ်းလာချိန်တွင် အလွန်အစွမ်းထက်သည့် အော်ရာအငွေ့အသက်တစ်ခုက သူ့ခန္ဓာကိုယ်အနှံ့ ထွက်ပေါ်လာခဲ့သည်။

"သခင်ကြီး...ရောက်လာပြီလား...အပြင်ကပြဿနာတွေအားလုံးကို ဖြေရှင်းပြီးသွားပြီ...အဲ့ကောင်တွေကအရမ်းကိုအားနည်းလွန်းမယ်လို့ လုံးဝမထင်ထားမိဘူး...ငါတို့ညီအစ်ကိုအချို့ ဒဏ်ရာရသွားခဲ့ပေမဲ့...ဒီကောင်တွေလောက်ကတော့ မူစရာမလိုဘူး"

ချန်းရှို့သည် ဝမ်အန်းကိုတွေ့မြင်သောအခါတွင် ခေါင်းကိုအလျင်အမြန်ငုံ့ထားလိုက်သည်။သူ၏မျက်လုံးများ၌ လေးစားမှုအပြည့်ရှိနေသော်လည်း ထိုစကားကိုပြောချိန်၌ အနည်းငယ်မာနကြီးသယောင်ထင်မှတ်ရသည်။

သူလူမည်မျှယူဆောင်လာခဲ့သနည်း...

ငါးဆယ်တောင်မပြည့်ပေ...

အပြင်ဘက်ရှိလူများသည် ရာနှင့်ချီသော်လည်း နာရီဝက်မပြည့်မှီမှာပင် ထိုလူများအားလုံး မြေပေါ်မှောက်သွားခဲ့သည်။

ထို့ကြောင့် ဤအရာသည် အမှန်တကယ်ဂုဏ်ယူရမည့်အရာဖြစ်ကာ ဝမ်အန်းက သူ့အားတန်ဖိုးထားလိမ့်မည်ဟု သူခံစားမိပေသည်။

သို့သော်လည်း အချိန်အတော်ကြာသည်ထိ ခေါင်းငုံ့ကာစောင့်ဆိုင်းနေခဲ့သော်လည်း ဝမ်အန်းကစကားမပြောသည်ကို သတိထားမိလိုက်သည်။ထို့ကြောင့် သူသည် သတ္တိကိုစုစည်းလိုက်ကာ ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ဝမ်အန်းက အလွန်အေးစက်သောအကြည့်ဖြင့် သူ့အားစိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။

ချန်းရှို့သည် ထိုအကြည့်များအား သတိထားမိလိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး အေးစက်တုန်ရီသွားသလို ခံစားလိုက်ရသည်။

"ဆရာ...ကျနော်..."

ချန်းရှို့၏ အသံသည် အနည်းငယ်ချီတုံချတုံဖြစ်နေခဲ့သည်။

"အရမ်းကိုဆူညံလွန်းတယ်...ခုချိန်ကစပြီး အရာအားလုံးတိတ်ဆိတ်ငြိမ်သက်နေရမယ်...သခင်ရဲ့အနားယူမှုကို ဘယ်သူကမှနှောင့်ယှက်ခွင့်မပြုနိုင်ဘူး...အဲလိုမှမဟုတ်ရင် ငါ့ကိုအပြစ်မတင်ကြနဲ့"

ဝမ်အန်းက ပြောလိုက်သည်။

"နားလည်ပါပြီ...သခင်ကြီး"

ချန်းရှို့၏ခြေထောက်များက တုန်ခါသွားခဲ့ကာ ချက်ချင်းပင်သဘောတူလိုက်သည်။

ထိုအခိုက်အတန့်တွင် သူ့နှလုံးသားထဲ၌ လှိုင်းလေများ တဟုန်ထိုးခုန်တက်လာခဲ့သည်။

ယခင်ကဆိုလျှင် ဝမ်အန်းအတွက် ဤကဲ့သို့သောဆူညံမှုများသည် ဖြစ်လေ့ဖြစ်ထရှိသောကိစ္စရပ်များသာဖြစ်ကာ သူ့လိုကြီးကျယ်ခမ်းနားသူတစ်ယောက်ဖို့ တော်ရုံတန်ရုံတုံ့ပြန်တတ်သူတစ်ယောက်မဟုတ်သော်လည်း ယခုအချိန်တွင် သူသည်သိသိသာသာဒေါသထွက်နေပြီဖြစ်သည်။

သူသည် ယဲ့ပိုင်ကြောင့် ဤလူများကို ဒေါသအလွန်ထွက်နေခြင်းဖြစ်သည်။

"အဲ့ဒီကောင်လေးက ဘယ်သူလဲ...ဘာဖြစ်လို့သခင်ကြီးဝမ်က သူ့ကိုသခင်လို့ခေါ်ရတာလဲ...ဘာလို့သခင်ကြီးဝမ်က သူ့ကိုကြောက်ရတာလဲ"

ချန်းရှို့၏နှလုံးသားထဲတွင် အဆုံးမဲ့သံသယများဖြစ်ပေါ်လာသော်လည်း ဝမ်အန်း၏အေးစက်စက်အကြည့်ဖြင့် ရင်ဆိုင်ရချိန်တွင် သူသည်မည်သည့်စကားမှထပ်မပြောဝံ့တော့ပေ။

"ငါပြောတာရှင်းတယ်မလား..."

ဝမ်အန်းက ဆက်ပြောလိုက်သည်။

သူသည် ထိုသို့ပြောအပြီးတွင် ထိတ်လန့်တုန်လှုပ်ဖွယ်မြင်ကွင်းများပြည့်နှက်နေသော အပြင်ဘက်သို့တစ်ချက်လေးကြည့်ရှုရန် ရည်ရွယ်ချက်မရှိဘဲ အဆင့်မြင့်ဇိမ်ခံအခန်းသို့ ညွန်ကြားချက်ရယူရန် ချက်ချင်းပြန်သွားခဲ့သည်။

သို့သော်လည်း ခြေသုံးချောင်းနဂါးစံအိမ်တော်၌ ကွဲပြားသည့်အခြေအနေတစ်ခု ဖြစ်ပွားနေခဲ့သည်။

ထိုနေရာ၌ ငိုကြွေးမြည်တမ်းသံများ ထွက်ပေါ်လာလေ့ရှိကာ ဝမ်းနည်းကြေကွယ်ဖွယ်ခံစားချက်က အိမ်တော်တစ်ခုလုံးကိုပျံ့နှံ့နေခဲ့သည်။သို့ဖြစ်ရာ ကျောက်ပိုင်ရှန်ကွယ်လွန်သွားပြီဖြစ်ကြောင်း လူတိုင်းနီးပါး ထင်မြင်ယူဆနေကြသည်။

ကျောက်မိသားစုဝင်များသည် မဖော်ပြနိုင်သည့်ဝမ်းနည်းမှုကို ခံစားနေရသကဲ့သို့ သူတို့၏မျက်လုံးထောင့်၌ မျက်ရည်များစီးကျနေခဲ့သည်။

သို့သော်လည်း အိမ်၏အခန်းတစ်ခုတွင်း၌ ကျောက်ချန်စွင်သည် ဝမ်းနည်းပူဆွေးနေသည့်အမူအရာမရှိဘဲ ဒေါသအကြီးအကျယ်ထွက်နေခဲ့သည်။

"ဘာဖြစ်တာလဲ...ခုမှQမြို့တော်ကိုရောက်လာတဲ့လူတွေက ငါတို့လူတွေအကုန်လုံးကို ပြဿနာတက်စေခဲ့တာလား...ပြီးတော့သူတို့က ငါတို့လူတွေအားလုံးကို ဟိုတယ်ကနေကီလိုမီတာအတော်ဝေးဝေးထိ နှင်ထုတ်လိုက်ပြီးတဲ့နောက် အနီးအနားကလမ်းကြောင်းတွေကိုပါ ပိတ်ဆို့ထားလိုက်တဲ့အတွက်ကြောင့် ကားတွေရောလူတွေပါ ချည်းကပ်ခွင့်မရှိတော့ဘူးပေါ့"

"အမှန်ပဲ...မစ္စတာကျောက်...သူတို့က အရမ်းကိုသန်မာလွန်းတယ်...ငါတို့ကသူတို့ကိုအနိုင်မယူနိုင်ဘူး"

ဖုန်းထဲမှအသံက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာခဲ့သည်။

"ဒီနေ့ဘယ်နေ့လဲဆိုတာ မင်းသိလား..."

ကျောက်ချန်စွင်၏အသံက ပိုမိုခက်ထန်အေးစက်လာခဲ့သည်။

"ကျနော်သိပါတယ်...ဒီနေ့ကကျောက်မိသားစုရဲ့ စျာပနာနေ့ပါ"

"ဒါဆိုရင် ဒါကဘာကိုဆိုလိုချင်တာလဲဆိုတာ မင်းသိလား"

ကျောက်ချန်စွင်သည် သူ၏မျက်လုံးများကို မှိတ်ထားလိုက်ပြီး သူ၏မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များက အဆုံးစွန်ထိပြည့်နှက်နေခဲ့သည်။

"ငါတို့ဟိုတယ်မှာ ပြဿနာရှာနေတဲ့ကောင်တွေက ကျောက်မိသားစုကို လုံးဝမျက်နှာသာမပေးဘူး...သူတို့ကငါတို့ကိုဒုက္ခပေးချင်နေတာပဲ...ဒါပေမဲ့ မစ္စတာကျောက်...ငါ့မှာသတင်းအချို့တော့ရှိတယ်...ပြောလို့အဆင်ပြေမလားတော့မသိဘူး"

ဖုန်းထဲမှလူက အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။

"ပြော..."

"မစ္စတာကျောက်...အဲလူတွေကိုကြည့်ရတာ အဘိုးကြီးတစ်ယောက်နဲ့အတူတူ ခွန်းလွန်တောင်ကနေ ရောက်ရှိလာပုံရတယ်...ခုဆိုရင် အင်မော်တယ်အကြီးအကဲက ခွန်းလွန်တောင်ပေါ်ကနေဆင်းလာတဲ့သတင်းဟာ နေရာတိုင်းကိုပျံ့နှံ့နေခဲ့ပြီ...အဲ့အဘိုးကြီးက အင်မော်တယ်အကြီးအကဲလို့မထင်ဘူးလား..."

ဖုန်းတစ်ဖက်မှလူက ထိုစကားကိုပြောနေချိန်တွင် သူ၏လေသံ၌ ကြောက်ရွံ့စိတ်တို့လွှမ်းမိုးနေကြောင်း သိသာပေသည်။

အင်မော်တယ်အကြီးအကဲသည် အစစ်အမှန်အင်မော်တယ်ဖြစ်ကြောင်း ထွက်ပေါ်လာသည့်ကောလဟာလများကို လူတစ်ဝက်လောက်က မယုံကြည်ကြပေ။သို့သော်လည်း အင်မော်တယ်အကြီးအကဲသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းအောင် အစွမ်းထက်လှသည်မှာ ကျန်လူများငြင်းဆန်၍မရနိုင်သည့်အရာဖြစ်သည်။

"ဘာဖြစ်တာလဲ..."

ခြေသုံးချောင်းနဂါးစံအိမ်တော်၌ မူလကဒေါသအကြီးအကျယ်ထွက်နေသော ကျောက်ချန်စွင်သည် ထိုစကားကိုကြားသောအခါတွင် ချက်ချင်းဆိုသလိုပင် ဒေါသထွက်နေသည့်စိတ်များ ပျောက်ကွယ်သွားခဲ့ကာ သူ၏မျက်လုံးများ၌ ကြောက်ရွံ့စိတ်အနည်းငယ်ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ်အကြီးအကဲက တောင်ပေါ်ကဆင်းလာတာလား...ဘာလို့ဒီသတင်းက ခုမှထွက်လာရတာလဲ...

တကယ်လို့ အဲ့အဘိုးကြီးကသာ အင်မော်တယ်အကြီးအကဲဖြစ်နေလို့ရှိရင် ရွှေခေတ်ဟိုတယ်ကိုသွားပြီး ပြဿနာနည်းနည်းရှာတာက ပုံမှန်ဘဲ...ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် သူကဘာလို့တောင်ပေါ်ကဆင်းဆင်းချင်း ကျောက်မိသားစုစံအိမ်ကို ချက်ချင်းမလာရတာလဲ...သူကဘာလို့အဲလိုလုပ်ရတာလဲ...

ကျောက်ချန်စွင်၏စိတ်ထဲတွင် မရေမတွက်နိုင်သည့် သံသယစိတ်များ ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။သို့သော်လည်း သူ၏ဦးနှောက်ကိုအစွမ်းကုန် ဖောက်ထုတ်၍စဉ်းစားလျှင်တောင်မှ လက်ရှိအခြေအနေအား စဉ်းစား၍မရပေ။

"မစ္စတာကျောက်...ငါသေချာမှန်းဆလို့မရရင်တောင်မှ အဲ့ဒီအဘိုးကြီးရဲ့ဓာတ်ပုံအချို့ကို ကင်မရာကနေရိုက်ကူးထားနိုင်လိုက်တယ်...ငါအဲ့ဓာတ်ပုံတွေကို သေချာပို့ပေးမယ်"

"ကောင်းပြီ...ခုပို့လိုက်"

ကျောက်ချန်စွင်သည် ထိုသို့ပြောပြီးသည်နှင့် ချက်ချင်းပင်ဖုန်းချလိုက်တော့သည်။

ဤကိစ္စသည် အလွန်ကြီးမားသည့်အတွက် ကျောက်ပိုင်ရှန်အား ချက်ချင်းပြောပြရမည်ဖြစ်သည်။

မကြာမှီ ဓာတ်ပုံများက ရောက်ရှိလာခဲ့သည်။ကျောက်ချန်စွင်သည် ထိုဓာတ်ပုံအား အချိန်အတော်ကြာစိုက်ကြည့်နေခဲ့သည်။ဓာတ်ပုံထဲရှိအဘိုးအိုသည် သူနှင့်အလွန်ရင်းနှီးနေသည်ဟု ခံစားမိသော်လည်း ထိုအဘိုးအို၏ဝတ်စားဆင်ယင်ပုံက သာမန်မျှသာဖြစ်ကာ သြဇာအာဏာကြီးမားသူတို့၏ ဟန်ပန်အမူအရာလုံးဝမရှိပေ။သူသည် ခွန်းလွန်တောင်သို့ရောက်ရှိစဉ်က ထိုအဘိုးအိုကိုတွေ့ဖူးသော်လည်း လက်ရှိပုံစံနှင့်လုံးဝကွဲပြားပေသည်။

သို့သော်လည်း ထိုဓာတ်ပုံအား စက္ကန့်အတော်ကြာ စိုက်ကြည့်ပြီးနောက်တွင် အဘယ်ကြောင့် သူ၏နှလုံးက ပြင်းပြင်းထန်ထန်ခုန်လာကြောင်း သူကိုယ်တိုင်ပင်မသိရှိခဲ့ပေ။

သို့ဖြစ်ရာ အလွန်အမင်းစိုးရိမ်သည့်ခံစားချက်က သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့သည်။

"မဟုတ်သေးဘူး...အဖေ့ဆီချက်ချင်းသတင်းပို့ရမယ်"

ကျောက်ချန်စွင်သည် သူ၏ခြေလှမ်းများကို လျှို့ဝှက်အိမ်ငယ်လေးဆီသို့ ဦးတည်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

တူ...တူ...

သို့သော်လည်း ထိုအချိန်၌ သူ၏လက်ကိုင်ဖုန်းက အသံထပ်မြည်လာခဲ့သည်။

ယခုလိုအရေးကြီးသည့်အချိန်မျိုးတွင် ကျောက်ချန်စွင်သည် ဖုန်းချလိုက်ချင်သော်လည်း ဖုန်းခေါ်လာသူမှာ ကျောက်ခွန်အားကုသပေးနေသည့် ဆရာဝန်ဖြစ်ကြောင်း သိရှိပြီးနောက်တွင် မျက်မှောင်ကြုတ်ကာ ဖုန်းဖြေဆိုမယ့်ခလုတ်ကို နှိပ်လိုက်သည်။

"ဘာတွေထူးလဲ..."

ကျောက်ချန်စွင်၏ အသံကအေးစက်နေခဲ့သည်။

"မစ္စတာကျောက်...သတင်းကောင်းပဲ...မင်းကိုပြောစရာရှိတယ်...သခင်လေးကျောက်က ပြန်လည်သက်သာလာခဲ့ပြီ...ငါတို့ကအကောင်းဆုံးကုသမှုတွေပေးခဲ့ပြီးတဲ့နောက်မှာ သခင်လေးကျောက်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေအားလုံးကို ပြန်လည်သက်သာကောင်းမွန်လာခဲ့ပြီ...ဒါပေမဲ့ သူကစိတ်ကူးယဉ်ဆန်တဲ့စကားအချို့ကိုပြောနေသေးတယ်...သူကခု မစ္စတာကျောက်ကိုဖုန်းပြောချင်တယ်လို့ပြောတယ်"

ဖုန်းပြောနေသည့် ဆရာဝန်၏စကားမဆုံးခင် အခြားအသံတစ်ခုက အစားဝင်ရောက်လာခဲ့သည်။

"အဖေ....ငါကောင်လေးတစ်ယောက်ကိုတွေ့ခဲ့တယ်..."

ကျောက်ခွန်၏အသံသည် အလွန်ပင်တုန်ယင်နေခဲ့ကာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

All Chapters