← Chapters

အလောင်းအစား

Vol. 2 Ch. 30

အလောင်းအစား

Vol. 2 Ch. 30

ခြေသုံးချောင်းနဂါးစံအိမ်တော်ရှိ လျှို့ဝှက်အိမ်ငယ်အတွင်း၌...

ကျောက်ချန်စွင်သည် ဆိုဖာပေါ်၌ ထိုင်ချလိုက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျသွပုံရသည်။မူလက သူ၏ဆံပင်များသည် မီးခိုးရောင်နှင့်အဖြူရောင်ရောယှက်နေသော်လည်း ယခုအချိန်တွင် သူ့အဖေကဲ့သို့ပင် မီးခိုးရောင်အဖြစ်သို့ပြောင်းလဲသွားပြီး အသက်ဆယ်နှစ်ကျော်ခန့် အိုစာသွားပုံရပေသည်။

ကျောက်ပိုင်ရှန်သည် ယခုလိုထူးဆန်းသည့်စကားကိုပြောသည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း ညဏ်ကောင်းသည့်သူဆိုလျှင် ချက်ချင်းပင်တစ်စုံတစ်ခုအား တွေးမိမှာဖြစ်သည်။

ကျောက်ပိုင်ရှန်သည် ထိုပန်းချီကားကိုကြည့်ရင်း မကြာခဏဆိုသလိုပင် ထိုလူ ထိုလူဟု သူ၏ပါးစပ်မှနေ၍ ရေရွတ်ပြောဆိုလေ့ရှိသည်။

ယခုလက်ရှိအခြေအနေအရ ကျောက်ခွန်ပြောသည့် ထိုပုဂ္ဂိုလ်သည် ကျောက်ပိုင်ရှန်တမ်းတနေသူဖြစ်ကြောင်း သိနိုင်ပေသည်။

သို့သော်လည်း ဤအချက်အလက်က မယုံကြည်နိုင်စရာကောင်းလှပေသည်။

ဤကမ္ဘာပေါ်တွင် တစ်စုံတစ်ယောက်သည် ထိုမျှများပြားလှသည့်ကျွန်များကို တပြိုင်နက်တည်းစုစည်းနိုင်ကာ သူ၏ကျွန်တစ်ဦးတစ်ယောက်စီတိုင်းက ကမ္ဘာပေါ်ရှိထိပ်တန်းဖြစ်တည်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်လိမ့်မည်ဟု သူအမှန်တကယ်မျှော်လင့်ထားခြင်းမရှိခဲ့ပေ။

ထိုသည်မှာအမှန်ဆိုပါက ထိုလူသည် မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။

"အဖေ...ဒါတွေအကုန်လုံးက အမှန်ပဲလား"

အချိန်အတော်ကြာပြီးနောက်တွင်ပင် ကျောက်ချန်စွင်၏အသံသည် တဆတ်ဆတ်တုန်ခါနေခဲ့သည်။သူသည် တိတ်ဆိတ်နေသောလေထုအခြေအနေကို သတ္တိရှိရှိချိုးဖောက်ကာ တိုးညှင်းသောအသံဖြင့် မေးမြန်းလိုက်သည်။

"ငါမင်းကိုပြောပြဖို့ မရည်ရွယ်ထားတဲ့အရာတွေရှိတယ်...မင်းသာအဲအကြောင်းတွေပိုသိလေလေ မင်းသေဖို့ပိုမြန်လာလေပဲ...ဒါပေမဲ့ ဒီတစ်ခါတော့ ငါတို့နောက်ပြန်ဆုတ်ဖို့လမ်းမရှိတော့ဘူး...ခွန်းအာကအဲ့လူရဲ့ရှေ့ကိုတောင် ရောက်သွားခဲ့တာပဲ...ဒီတစ်ခါတော့ ငါတို့ကျောက်မိသားစုက ကျရှုံးမယ့်အခြေအနေကို ရောက်သွားခဲ့ပြီ...ခြေတစ်လှမ်းမှားရင် ထာဝရမှားယွင်းတာနဲ့အတူတူပဲ"

ကျောက်ပိုင်ရှန်၏လေသံတွင် အဆုံးမဲ့ဝမ်းနည်းကြေကွဲမှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"အဖေ...သူကတကယ်ပဲ စွမ်းအားကြီးတာလား"

ကျောက်ချန်စွင်က လက်မခံနိုင်သည့်လေသံဖြင့် မေးမြန်းလိုက်သည်။

ကျောက်ပိုင်ရှန်၏လေသံသည် အလွန်ပင်တိုးလျနေခဲ့သည်။

"ဟုတ်တယ်...သူကပြိုင်ဘက်ကင်းတဲ့လူတစ်ယောက်ပဲ...သူစကားတစ်ခွန်းပြောလိုက်တာနဲ့ လျှိုဇီယွမ်နဲ့ကျောက်ရူဖန်ဟာ ငါတို့ကျောက်မိသားစုနဲ့သဘောတူထားတာတွေကို ချိုးဖျက်လိုက်ပြီးတော့ ငါတို့ကျောက်မိသားစုကို ချက်ချင်းတိုက်ခိုက်လိမ့်မယ်...သူတို့ကနည်းနည်းလေးတောင်တုံ့ဆိုင်းနေမှာမဟုတ်ဘူး"

"မဖြစ်နိုင်ဘူး...အကြီးအကဲကျောက်နဲ့လျှိုတို့က အဖေ့ရဲ့သူငယ်ချင်းဟောင်းတွေပဲလေ...မင်းတို့ကနှစ်ပေါင်းများစွာကြာတဲ့အထိ လက်တွဲလာခဲ့တဲ့သူတွေပဲလေ...ခုအဖေပြောတဲ့လူက ပြန်မလာတာနှစ်ပေါင်း၈၀တောင်ရှိပြီ...သူတို့က အဲ့လူပြောတာကို နားထောင်စရာအကြောင်းမရှိဘူးလေ...ဟုတ်တယ်မလား"

ကျောက်ချန်စွင်သည် အဖေဖြစ်သူပြောသည့် အယူအဆကိုသဘောမတူနိုင်သည့်အတွက် ခေါင်းခါလိုက်သည်။

"အဲ့ဒါက အဲ့လူပြန်မလာတော့ဘူးလို့ သူတို့ထင်ထားကြလို့ပဲ"

ကျောက်ပိုင်ရှန်က ခေါင်းခါလိုက်မိသည်။

ဆိုဖာပေါ်၌ထိုင်နေသော သူ၏ခန္ဓာကိုယ်သည် တုန်လှုပ်ရန်အတွက်တောင် စွမ်းအားမရှိတော့ပေ။

သူ၏မျက်နှာတွင် သွေးရောင်ဟူ၍မတွေ့ရတော့ပဲ အချိန်မရွေးမီးစာဆီကုန်ခမ်းသွားနိုင်သော အဘိုးကြီးတယောက်သဖွယ် ဖြစ်နေခဲ့သည်။

သူ့ဘေးနားတွင်ထိုင်နေသော ကျောက်ချန်စွင်သည်လည်း ဖြူဖျော့သည့်မျက်နှာအမူအရာဖြင့် ငြိမ်သက်စွာထိုင်နေခဲ့သည်။

ကျောက်ချန်စွင်သည် ထိုသို့သောအရာများအား ယုံကြည်မှုမရှိသော်လည်း သူ၏အဖေဖြစ်သူသည် မည်သည့်အခါကမှ ယခုလိုလိမ်ညာမပြောဆိုတတ်ကြောင်း သူသိထားပေသည်။

ကျောက်ပိုင်ရှန်၏စကားများက အကြွင်းမဲ့ယုံကြည်ရသည်ကိုဆိုလျှင် မမှားပေ။

ထိုအခိုက်အတန့်တွင် လျှို့ဝှက်အိမ်ငယ်လေးသည် လုံးဝတိတ်ဆိတ်နေခဲ့သည်။

ကြောက်ရွံ့မှု၏အငွေ့အသက်ကသာ ထိုနေရာတဝိုက်၌ ဆက်လက်ကြီးစိုးနေခဲ့သည်။

"အဖေ...ငါမင်းကိုပြောစရာနောက်တစ်ခုရှိသေးတယ်..."

ကျောက်ချန်စွင်သည် အချိန်အတော်ကြာတွေးတောပြီးနောက် မဝံ့မရဲလေသံဖြင့်ပြောလိုက်သည်။

"ရွှေခေတ်ဟိုတယ်ရဲ့မန်နေဂျာက မကြာသေးခင်ကသတင်းပို့ခဲ့တယ်...ရွှေခေတ်ဟိုတယ်မှာ ဝတ်စုံနက်အဖွဲ့တစ်ခုက ပြဿနာလာရှာခဲ့တယ်...အဲ့လူတွေဟာ ခွန်းလွန်တောင်ပေါ်ကနေဆင်းလာတဲ့ အဘိုးကြီးတစ်ယောက်နဲ့ လူငယ်တစ်ယောက်ကိုခေါ်ပြီး ရွှေခေတ်ဟိုတယ်ကိုရောက်လာခဲ့တာပဲ...ငါတို့လူတွေပြောပုံအရဆိုရင် အဘိုးကြီးက လူငယ်ကိုတော်တော်လေးစားရိုသေနေခဲ့တယ်"

ဟူး...

ထိုအခိုက်အတန့်တွင် လျှို့ဝှက်အိမ်ငယ်သည် အလွန်ပင်တိတ်ဆိတ်နေခဲ့ကာ အသက်ရှုသံကိုသာကြားနေရသည်။

"မသက်ဆိုင်တဲ့လူတွေအားလုံးကို ရွှေခေတ်ဟိုတယ်ကနေပြီး ဖယ်ရှားလိုက်တော့...စားပွဲထိုးတွေလောက်ကိုပဲ အဲ့ဒီမှာဆက်ပြီးဝန်ဆောင်မှုပေးခိုင်းလိုက်...ဘယ်သူ့ကိုမှထပ်ပြီး ပြဿနာမရှာစေနဲ့...ဒါ့အပြင် ချန်စွင် မင်းကိုယ်တိုင်သေချာပြင်ဆင်ထား...အသုဘအခမ်းအနားပြီးရင် ကိုယ်တိုင်အဲ့ကိုသွားဖို့လုပ်ထား"

ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင် ကျောက်ပိုင်ရှန်ကဖြည်းညှင်းစွာ ပြောလိုက်သည်။

"အဖေကော..."

ကျောက်ချန်စွင်၏မျက်လုံးများက အနည်းငယ်ဖျော့တော့သွားခဲ့သည်။

"သေပြီ..."

ကျောက်ပိုင်ရှန်က အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

"မင်းပြောသလိုပဲ...ငါ့ကိုသေပြီလို့မှတ်ထားလိုက်တော့...ဒါ့အပြင်အဲလူလိုချင်တာရှိရင် ငါတို့ကျောက်မိသားစုက အရာအားလုံးကိုပေးအပ်နိုင်တယ်...ဒီတစ်ခါက ငါတို့ကျောက်မိသားစုရဲ့အပြစ်ဘဲ"

"အဖေ...ကျနော်..."

ကျောက်ချန်စွင်သည် တစ်စုံတစ်ခုမှားယွင်းနေသကဲ့သို့ ခံစားလိုက်ရသည်။

ကျောက်ချန်စွင်သည် ဆိုဖာပေါ်၌ ဖြည်းညှင်းစွာလှဲချလိုက်ပြီး အားနည်းသည့်လေသံဖြင့်ပြောလိုက်သည်။

"ချန်စွင်...မင်းထွက်သွားလိုက်တော့...ငါဆုံးဖြတ်ချက်ချလိုက်ပြီ"

"ဟုတ်ကဲ့...အဖေ"

ကျောက်ချန်စွင်သည် ထပ်ပြီးစကားမပြောရဲတော့ပေ။

သူသည် ထိုသို့စကားပြောပြီးနောက်တွင် ဆိုဖာပေါ်မှ မတ်တပ်ထရပ်လိုက်သည်။ထိုအခိုက်အတန့်တွင် သူ၏ခြေထောက်များက အနည်းငယ်အားနည်းသွားသော်လည်း လေးလေးစားစားဖြင့် နောက်ပြန်ဆုတ်လာခဲ့သည်။

သို့သော်လည်း သူသည်လျှို့ဝှက်အိမ်တံခါးကို ညင်သာစွာပြန်ပိတ်လိုက်ပြီးနောက် သူ၏ခံစားချက်ကင်းမဲ့နေသောမျက်လုံးများ၌ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်အား ထုတ်ဖော်လာခဲ့သည်။

"ကျောက်မိသားစုမှာရှိတဲ့အရာအားလုံးဟာ ငါတို့ကြိုးစားအားထုတ်မှုရဲ့ရလဒ်တွေပဲ...ငါသေသွားမယ်ဆိုရင်တောင်မှ ဒီအရာတွေကို လွယ်လွယ်နဲ့မစွန့်လွှတ်တတ်ဘူး...ဒဏ္ဍာရီလာအင်မော်တယ်သခင်...မင်းကဘယ်လိုလူမျိုးလဲ...မင်းကဘယ်လောက်တောင်အစွမ်းထက်ပြီးသန်မာနေပါစေ ငါကတော့လုံးဝအရှုံးပေးသွားမှာမဟုတ်ဘူး...ငါ့အဖေကမင်းကိုကြောက်ပေမဲ့ ငါကတော့မင်းကိုလုံးဝမကြောက်ဘူး..."

သူ၏အသံသည် အလွန်တိုးလျနေသော်လည်း ထိုစကားကိုပြောပြီးနောက်တွင် ကျောက်ချန်စွင်၏ခြေထောက်များသည် ချက်ချင်းတောင့်တင်းသွားခဲ့ကာ တစ်ကိုယ်လုံးအေးစက်တုန်ရီသွားခဲ့သည်။

သို့သော်လည်း လျှို့ဝှက်အိမ်ငယ်မှ ထွက်ခွာသွားပြီးနောက်တွင် ထိုသို့ပြောလိုက်ခြင်းကပင် ကျောက်ချန်စွင်အား အေးစက်သောခံစားချက်ကို ရရှိစေခြင်းဖြစ်သည်။

ဆိုဖာပေါ်၌လဲလျောင်းနေသော ကျောက်ပိုင်ရှန်သည် သေလုမြောပါးဖြစ်နေရာမှ ပြန်ထထိုင်လိုက်သည်။

သူသည် မြေပေါ်ကျဆင်းနေသော ရွှေနဂါးချိုင်းထောက်ကို ကောက်ယူလိုက်ကာ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။

သူသည် ရွှေဝါရောင်ဂျာကင်အင်္ကျီအား ဝတ်ဆင်ထားဆဲဖြစ်သည်။

သူ၏မျက်လုံးများသည် နံရံပေါ်ချိတ်ဆွဲထားသော ပန်းချီကားကိုစိုက်ကြည့်နေဆဲဖြစ်သည်။သူသည် လက်ရှိပုံစံအတိုင်း ထိုင်နေရုံဖြင့်ပင် သူ့ခန္ဓာကိုယ်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။

"ချန်စွင်...မင်းငါ့ကိုမမုန်းဘူးလို့ ငါမျှော်လင့်ပါတယ်...မင်းကဒီကိစ္စအတွက် တာဝန်ခံရလိမ့်မယ်...ဒီနည်းနဲ့သာသခင်က ငါ့ကိုအသက်ရှင်သန်ခွင့်ပေးလိမ့်မယ်...ဒီလိုလုပ်ဆောင်မှသာ ငါတို့ကျောက်မိသားစု ဆက်လက်ရှင်သန်နိုင်ဖို့အတွက် အလောင်းအစားလုပ်ဖို့မျှော်လင့်ချက်ရှိလိမ့်မယ်...ငါတို့ကျောက်မိသားစု ဆက်လက်ရှင်သန်နိုင်ဖို့ ငါတို့ဘာမဆိုလုပ်ဆောင်ရလိမ့်မယ်"

ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများမှထွက်ပေါ်လာသည့် သတ်ဖြတ်လိုစိတ်သည် ကျောက်ချန်စွင်ထုတ်လွှတ်လိုက်သည်ထက် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း မခန့်မှန်းနိုင်ပေ။

ယခုအချိန်တွင် ကျောက်ပိုင်ရှန်သည် အသည်းအသန်တွက်ချက်နေခဲ့ပြီး သူ့နှလုံးသားထဲ၌ လွတ်မြောက်လိုစိတ်ရှိနေဆဲဖြစ်သည်။ကျောက်ချန်စွင်သည် သူသေဆုံးဟန်ဆောင်သည်ကို သိရှိထားသူဖြစ်ရာ ကျောက်ချန်စွင်ကိုပင် သူမျက်ခြေမပြတ်စောင့်ကြည့်တော့မည်ဖြစ်သည်။အကယ်၍ အဆုံးသတ်တွင် အခက်အခဲလွန်စွာကျရောက်လာပါက ယဲ့ပိုင်အားတောင်းပန်ရန်အတွက် သူကိုယ်တိုင်ကျောက်ပိုင်ရှန်ကို သတ်ဖြတ်ရမည်ဖြစ်သည်။

ထိုအတွေးသည် လွန်စွာရူးသွပ်သော်လည်း...ထိုအရာကပင် ကျောက်ပိုင်ရှန်စီစဉ်ထားသောဂိမ်း၏ သော့ချက်တစ်ခုပင်ဖြစ်သည်။

...

ရွှေခေတ်ဟိုတယ်ရှိ အဆင့်မြင့်ဇိမ်ခံအခန်း၌...

ယဲ့ပိုင်သည် ပြတင်းပေါက်ရှေ့တွင်ရပ်နေဆဲပင်ဖြစ်သည်။ထိုအခိုက်အတန့်တွင် ကောင်းကင်သည် တဖြည်းဖြည်းအမှောင်ကျလာကာ မြို့ပြကြီး၏ နီယွန်မီးတိုင်များက မှိတ်တုတ်မှိတ်တုတ်ဖြင့် အဆက်မပြတ်တောက်ပလာပြီး Qမြို့တော်အားအလင်းပေးနေခဲ့သည်။ယဲ့ပိုင်၏မြင်ကွင်းမှတဆင့် သူမြင်တွေ့ရသည့်ရှုခင်းသည် အလွန်ပင်ဆွဲဆောင်မှုရှိလှပေသည်။

သို့သော်လည်း ယခုအချိန်တွင်မူ...

ယဲ့ပိုင်သည် ရှုခင်းကိုငြိမ်သက်စွာကြည့်နေရင်း သူ၏မျက်လုံးထောင့်စွန်းများက အနည်းငယ်တုန်ခါသွားခဲ့သော်လည်း ချက်ချင်းပြန်လည်ငြိမ်သက်သွားခဲ့သည်။

ဝမ်အန်းသည် ယဲ့ပိုင်၏နောက်ကွယ်၌ အမြဲလိုလိုလေးလေးစားစား ရပ်တည်နေဆဲဖြစ်သည်။

"အရင်တုံးကဆိုရင် ညအချိန်ရောက်လာတိုင်း တစ်ကမ္ဘာလုံးအမှောင်ကျသွားလေ့ရှိတယ်...ဒါပေမဲ့ခုတော့မတူတော့ဘူး...ညအချိန်မှာတောင် အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်...အချိန်ရဲ့တိုးတက်မှုက တကယ့်ကိုမယုံကြည်နိုင်စရာပဲ"

ယဲ့ပိုင်က ထပ်ပြောလိုက်ပြန်သည်။သူပြောလိုက်သောစကားသည် မည်သည့်အဓိပ္ပါယ်ကိုဖော်ဆောင်မှန်း မသိရပေ။

"သခင်...မကြာသေးခင်နှစ်တွေတုံးက အပြောင်းအလဲတွေက တကယ့်ကိုကြီးကျယ်ခမ်းနားပြီး နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကလည်း မြန်ဆန်လွန်းခဲ့တယ်...ဒါပေမဲ့ အချိန်တွေဘယ်လောက်ပဲပြောင်းလဲသွားပါစေ ကမ္ဘာကြီးကမင်းလက်ထဲမှာ အမြဲရှိနေမှာပါသခင်..."

ဝမ်အန်း၏အသံက လေးနက်တည်ကြည်နေခဲ့သည်။

"တကယ်လား..."

ယဲ့ပိုင်၏အသံက ချက်ချင်းပင်မှုန်ဝါးသွားခဲ့သည်။

ဝမ်အန်းသည် ယဲ့ပိုင်၏စကားကိုကြားလိုက်သည့်အချိန်တွင် သူ၏မျက်လုံးများ၌ ကြောက်ရွံ့နေသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ယဲ့ပိုင်ကစကားတစ်ခွန်းကိုပြောလိုက်သည်။

"ဇီယွမ်နဲ့ ရူဖန်ကိုပြောလိုက်...ငါပြန်လာပြီလို့"

Thank For Reading.

All Chapters