လမ်းခွဲခြင်း
Vol. 8 Ch. 80
ရှန်စီရွှမ် ပြောသည်မှာ အချက်ကျကြောင်း ဟုန်ပေါ် သိသော်လည်း ရှေ့ဆက်တိုးခြင်းမှာ ပို၍ကြီးမားသော စွန့်စားမှုဖြစ်ကြောင်းလည်း သူ နားလည်ထားချေ၏။ မည်သည့်ဂိုဏ်းဂဏမျှမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးအနေဖြင့် ယခုအဆင့်ထိရောက်အောင် ကြိုးစားခဲ့ရသည်မှာ မလွယ်ကူလှပေ။ အကယ်၍ ယခုနေရာတွင် အသက်ဆုံးရှုံးသွားခဲ့လျှင် အလွန်ပင် နှမြောစရာကောင်းလှချေပြီ။
ဟုန်ပေါ် တိတ်ဆိတ်နေစဉ်မှာပင် အဘိုးကြီးချီ က ဝင်ပြောလိုက်လေသည်။
“ညီလေးရှန်” အဘိုကြီးချီ သည် ရှန်စီရွှမ်ဘက်သို့လှည့်ကာ ဖားချင်သော အပြုံးများဖြင့် ဆိုလိုက်ချေ၏။
“ဒီအဘိုးကြီးက ကြောက်တတ်လို့ မဟုတ်ပါဘူး လျိုကွမ်းအိုင် က တကယ်ကို အန္တရာယ်ကြီးလွန်းလို့ပါ မင်းတို့ မသိသေးလို့ပါ ငါ့စီနီယာတစ်ယောက် ပြောဖူးတာကတော့...”
အဘိုကြီးချီ ၏ လေသံမှာ ထိတ်လန့်စရာပုံပြင်တစ်ပုဒ် ပြောတော့မည့်အလား လျှို့ဝှက်ဆန်းပြားနေပြီး အသံကို တမင်နှိမ့်၍ ပြောလိုက်လေသည်။
“အဲဒီ လျိုကွမ်းအိုင်ဟာ လပြည့်ညတိုင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အနီရောင်အလင်းတွေ ထွက်ပေါ်လေ့ရှိတယ် အဲဒါက အိုင်ခြေမှာ သွေးဆာနေတဲ့ မီးလျှံနဂါး တစ်ကောင် နေထိုင်နေလို့ပဲ
အဲဒီနဂါးဟာ ကြီးမားလွန်းပြီး သူ့ရဲ့အကြေးခွံတွေက သံမဏိထက်တောင် မာကျောသေးတဲ့အပြင် သူမှုတ်ထုတ်လိုက်တဲ့ မီးလျှံတွေက လူတစ်ယောက်ကို ခဏချင်း ပြာကျသွားစေနိုင်တာ တစ်ခါက အစွမ်းထက်တဲ့ ကျင့်ကြံသူအဖွဲ့တစ်ဖွဲ့ဟာ မယုံကြည်ဘဲ အိုင်ကို ဖြတ်ဖို့ ကြိုးစားခဲ့ကြတယ် ရလဒ်ကတော့...”
သူသည် စကားကို ခဏရပ်ကာ ရှန်စီရွှမ်၏ တုံ့ပြန်မှုကို အကဲခတ်လိုက်လေသည်။ ဘေးတွင်ရှိသော မုန့်ဝမ်၏ မျက်နှာလေးမှာ ကြောက်ရွံ့မှုကြောင့် ဖြူလျော့သွားသော်လည်း ရှန်စီရွှမ်ကမူ တည်ငြိမ်နေဆဲဖြစ်ပြီး “ရလဒ်က ဘာဖြစ်သွားလို့လဲ” ဟု အေးစက်စွာ မေးလိုက်ချေ၏။
“ရလဒ်ကတော့”အဘိုးကြီး ချီ သည် တံတွေးတစ်ချက် မြိုချလိုက်ပြီး အသံကို ပို၍နှိမ့်ကာ ပြောလိုက်လေသည်။
“သူတို့အားလုံး အသတ်ခံလိုက်ရပြီး အရိုးတစ်စတောင် မကျန်ခဲ့ပါဘူး”
ထိုစကားကို ကြားသောအခါ ရှန်စီရွှမ်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆိုလိုက်ချေ၏။
“အဘိုးကြီးချီ အရမ်း စိုးရိမ်မလွန်ပါနဲ့ ငါတို့ ဂရုတစိုက် သွားမယ်ဆိုရင် အဲဒီ မီးလျှံနဂါးနဲ့ ဆုံမှာ မဟုတ်ပါဘူး”
အဘိုးကြီးချီက ထပ်မံ နားချလိုသော်လည်း ဟုန်ပေါ်က ဘေးသို့ ဆွဲထုတ်သွားခဲ့လေသည်။
“ညီလေးရှန်က ဆုံးဖြတ်ပြီးပြီပဲ ငါတို့ ထပ်ပြောနေလည်း ထူးမှာ မဟုတ်တော့ဘူး” ဟုန်ပေါ်က တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်ပြီး “ငါတို့ ဘယ်လို ပြန်ကြမလဲဆိုတာပဲ စဉ်းစားကြစို့” ဟု ဆိုလိုက်ချေ၏။
အဘိုးကြီးချီ က သက်ပြင်းချကာ မတတ်နိုင်သည့်အဆုံး “ဒါပဲ လုပ်နိုင်တော့တာပေါ့ ဒီခေတ်မှာ ပိုက်ဆံရှာရတာ ခက်ပေမဲ့ အသက်က ပိုအရေးကြီးပါတယ်” ဟု ပြောလိုက်လေတော့သည်။
ဟုန်ပေါ်က ခေါင်းငြိမ့်ပြပြီး ရှန်စီရွှမ်ထံ သွားကာ လက်အုပ်ချီ နှုတ်ဆက်လိုက်လေသည်။
“ရှန်ညီလေး ငါနဲ့ အဘိုးကြီးချီ တို့ တိုင်ပင်ပြီးပြီ ငါတို့တော့ အပြင်ဘက်ကို အရင်ပြန်ပြီး အနားယူတော့မယ် မင်းတို့ကော ဘယ်လိုလဲ...”
ရှန်စီရွှမ်သည် ဟုန်ပေါ်၏ ဆိုလိုရင်းကို နားလည်သဖြင့် အတင်းအကျပ် မတားဆီးတော့ဘဲ လွယ်လင့်တကူပင် ခေါင်းငြိမ့်လိုက်ချေ၏။
“ဒါဆိုလည်း ဒီမှာတင် လမ်းခွဲကြတာပေါ့ နောက်မှ ပြန်ဆုံကြတာပေါ့”
ဟုန်ပေါ်နှင့် ကျင့်ကြံသူ ချီ တို့သည် စိတ်အေးသွားဟန်ဖြင့် ရှန်စီရွှမ်တို့အဖွဲ့ကို အလျင်အမြန် နှုတ်ဆက်ကာ လာခဲ့သောလမ်းအတိုင်း နောက်လှည့်မကြည့်ဘဲ ပြန်သွားကြလေတော့သည်။
ထိုသူနှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း ရှန်စီရွှမ်က မုန့်ဝမ်၏ ပုခုံးကို နှစ်သိမ့်သည့်အနေဖြင့် ပုတ်ပေးလိုက်လေသည်။
“မကြောက်ပါနဲ့ သူပြောသလောက် အန္တရာယ် မရှိပါဘူး သူတို့ မသွားဘူးဆိုတော့ ငါတို့ ၃ ယောက်ပဲ သွားကြတာပေါ့”
ရှန်စီဟန်က ကိုယ်လက်လှုပ်ရှားရင်း “ဒီလူတွေကို အစောကတည်းက ဖယ်ထုတ်ထားသင့်တာ ဒီလို တစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ လိုက်နေရတာ အလုပ်ရှုပ်စရာပဲ” ဟု ပြောလိုက်ချေ၏။
မုန့်ဝမ်က နာခံမှုရှိစွာ ခေါင်းငြိမ့်လိုက်သော်လည်း သူမ၏ စိတ်ထဲတွင် နိမိတ်တစ်ခုကို ခံစားနေရလေသည်။ ဟုန်ပေါ်နှင့် ကျင့်ကြံသူ ချီ တို့မှာ မကြာမီမှာပင် ပြန်လာနိုင်ချေ ရှိနေခဲ့ချေပြီ။
သူတို့ ၃ ဦး လျိုကွမ်းအိုင် အနီးသို့ ချဉ်းကပ်လာခဲ့ကြလေသည်။ အိုင်နှင့် ပိုနီးလာလေလေ ၎င်း၏ အလှတရားမှာ ပိုမို ပေါ်လွင်လာလေလေ ဖြစ်ချေ၏။ ၎င်းမှာ မြေပြင်တွင် မြှုပ်နှံထားသော ကြီးမားလှသည့် ကျောက်စိမ်းတုံးကြီးတစ်ခုနှင့် တူနေခဲ့ချေပြီ။
“တကယ် လှတာပဲ” မုန့်ဝမ်က မသိစိတ်ဖြင့် ရေရွတ်လိုက်မိလေသည်။
ရှန်စီဟန်က မျက်လုံး လှန်ပြလိုက်ချေ၏။ တကယ့် လူအပဲ၊ လှပတဲ့ နေရာတွေမှာ ပိုပြီး ကြီးမားတဲ့ အန္တရာယ်တွေ ပုန်းကွယ်နေတတ်တာကို မသိဘူးလား။ ဤ လျိုကွမ်းအိုင်မှာ မျက်နှာပြင်ပေါ်တွင် မြင်ရသကဲ့သို့ တည်ငြိမ်နေမည် မဟုတ်ကြောင်း သေချာလှပေသည်။
“သတိထားပါ”
ရှန်စီရွှမ်က မုန့်ဝမ်ကို လေသံတိုးတိုးဖြင့် သတိပေးလိုက်လေသည်။ “ဒီ လျိုကွမ်းအိုင်ဟာ တည်ငြိမ်နေသလို ထင်ရပေမဲ့ လျှို့ဝှက်ရေစီးကြောင်းတွေ ရှိနေတယ် အနည်းငယ် ပေါ့ဆရုံနဲ့ ပြန်မလာနိုင်တော့တဲ့အထိ ဖြစ်သွားနိုင်တယ်”
ထိုစကားကို ကြားသောအခါ မုန့်ဝမ်၏ အမူအရာမှာ တင်းမာသွားခဲ့ချေ၏။ သူမသည် စိတ်ကို စုစည်းကာ ရှန်စီရွှမ်၏ နောက်မှ ဂရုတစိုက် လိုက်ပါရင်း အိုင်ဆီသို့ လျှောက်လှမ်းသွားခဲ့လေသည်။
သူတို့ ၃ ဦး အိုင်ကမ်းနားသို့ ရောက်ခါနီးမှာပင် မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ချေပြီ။ တည်ငြိမ်နေသော အိုင်မျက်နှာပြင်မှာ ကြိုတင်သတိပေးချက်မရှိဘဲ ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ထပေါ်လာပြီး သူတို့ ၃ ဦးဆီသို့ ရေတံတိုင်းကြီးအလား ဒေါသတကြီး ဦးတည်လာခဲ့လေတော့သည်။
ရှန်စီရွှမ်၏ တုံ့ပြန်မှုမှာ အလွန်ပင် လျင်မြန်လှချေ၏။ သူ၏ ဘယ်ဘက်လက်ထဲတွင် လျှို့ဝှက်ကိုင်ဆောင်ထားသော ခေါက်ယပ်တောင်ကို ဖြန့်လိုက်ပြီး ဝိညာဉ်စွမ်းအင်များကို ထည့်သွင်းကာ ပြင်းထန်သော လေပြင်းတစ်ခုကို ယပ်ခတ်ထုတ်လိုက်ရာ ထိုလှိုင်းလုံးကြီးမှာ မရှုမလှ ကွဲအက်သွားခဲ့လေသည်။ ရေစက်များမှာ နေရာအနှံ့ စင်သွားပြီး သူတို့ ၃ ဦးလုံး ရေစိုသွားခဲ့ကြချေပြီ။
“အကိုစီရွှမ် ဒါ ဘာဖြစ်တာလဲ”
မုန့်ဝမ်မှာ ထိတ်လန့်နေခဲ့ချေ၏။ ရှန်စီရွှမ်သာ အချိန်မီ မလှုပ်ရှားခဲ့လျှင် သူမမှာ ထိုလှိုင်းလုံးကြီးနှင့်အတူ အိုင်ထဲသို့ ပါသွားခဲ့ရမည်မှာ သေချာပေသည်။ ရှန်စီရွှမ်၏ မျက်နှာမှာ တည်ကြည်နေခဲ့ချေပြီ။ လှုပ်ခတ်နေသော အိုင်မျက်နှာပြင်ကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
“ဒီ လျိုကွမ်းအိုင်ဟာ သတင်းတွေထဲကထက် ပိုပြီး အန္တရာယ်ရှိပုံပဲ”
ရှန်စီဟန်မှာလည်း ထိတ်လန့်တုန်လှုပ်နေခဲ့ချေ၏။ သူမသည် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး ထိုနှောင့်ယှက်မှု၏ အရင်းအမြစ်ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို စူးစူးစိုက်စိုက် ကြည့်လိုက်လေသည်။
“အစ်ကို သတိထား”
ရှန်စီဟန်က ရုတ်တရက် သတိပေးလိုက်ပြီး လက်ဖြင့် အစီအရင် တစ်ခုကို လျင်မြန်စွာ ဖော်ဆောင်လိုက်လေသည်။ ဝိညာဉ်စွမ်းအင်တန်းတစ်ခု ထွက်ပေါ်လာပြီး ရှန်စီရွှမ်၏ နောက်ဘက် မလှမ်းမကမ်းရှိ ကျောက်တောင်ကို ထိမှန်သွားခဲ့ချေ၏။
ကျောက်တောင်မှာ ပေါက်ကွဲသွားပြီး အက်ကြောင်းထဲမှ မည်းမှောင်သော အရိပ်တစ်ခု ထွက်ပေါ်လာကာ ရှန်စီရွှမ်၏ မျက်နှာဆီသို့ တိုက်ရိုက် ခုန်အုပ်လိုက်လေတော့သည်။ ရှန်စီရွှမ်မှာ အဆင်သင့်ရှိနေပြီးသား ဖြစ်သဖြင့် ကိုယ်ကို တိမ်းစောင်းကာ ရှောင်လိုက်ပြီး ညာဘက်လက်မှ ဝိညာဉ်ဓားဖြင့် ထိုအရိပ်၏ အရေးပါသော နေရာကို ဓားစွမ်းအင်ဖြင့် တိုက်ခိုက်လိုက်လေသည်။
ထိုအရိပ်မှာ စူးစူးဝါးဝါး အော်ဟစ်ကာ အလျင်အမြန် ဆုတ်ခွာသွားပြီး လှိုင်းလုံးများကြားထဲတွင် ပျောက်ကွယ်သွားခဲ့လေတော့သည်။
“အဲဒါ ဘာကြီးလဲ” မုန့်ဝမ်မှာ ကြောက်လန့်တကြားဖြင့် ရှန်စီရွှမ်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားခဲ့ချေ၏။
ရှန်စီရွှမ်က အိုင်မျက်နှာပြင်ကို ကြည့်ရင်း ခေါင်းခါပြကာ လေးနက်သော အသံဖြင့် ဆိုလိုက်လေသည်။
“ငါလည်း သေချာ မသိဘူး ဒါပေမဲ့ သေချာတာကတော့ ဒီအိုင်ထဲမှာ ရှိနေတဲ့ အရာဟာ ရန်လိုတတ်တဲ့ အရာပဲ”
ရှန်စီဟန်က တည်ကြည်သော မျက်နှာထားဖြင့် ခေါင်းငြိမ့်ပြလိုက်ချေ၏။ စောစောက အရိပ်မှာ အလွန်ပင် လျင်မြန်ပြီး အေးစက်သော အရှိန်အဟါဝါ ရှိနေသဖြင့် သာမန် ရေသတ္တဝါ မဟုတ်ကြောင်း သေချာလှပေသည်။
“အစ်ကိုစီရွှမ် အခု ငါတို့ ဘာဆက်လုပ်ကြမလဲ” မုန့်ဝမ်က စိုးရိမ်တကြီး မေးလိုက်လေသည်။
ရှန်စီရွှမ်က ခဏတာ စဉ်းစားပြီးနောက် ကောင်းကင်ကို ကြည့်ကာ ဆိုလိုက်လေသည်။
“မှောင်တော့မယ် ဆက်သွားဖို့ မသင့်တော်တော့ဘူး ဒီည ဒီမှာပဲ အနားယူပြီး အားအင်ပြန်ဖြည့်ကြစို့ မနက်ဖြန် မနက်ကျမှ လျိုကွမ်းအိုင်ကို ဖြတ်ကြတာပေါ့”
မုန့်ဝမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ချေ၏။ ကျောက်ဆောင်တွေများတဲ့ ကမ်းခြေနဲ့ အဆုံးမရှိတဲ့ အိုင်ပြင်ကြီးကလွဲလို့ ဘာမှမရှိသဖြင့် သူမ၏ အမူအရာမှာ ပို၍ မအီမသာ ဖြစ်လာခဲ့ချေသည်။
“ဒီမှာလား ရေမိစ္ဆာနဲ့ အရမ်းနီးမနေဘူးလား အကယ်၍ ညလယ်ခေါင်မှာ သူတို့ ထွက်လာပြီး ငါတို့ကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ”
“မစိုးရိမ်ပါနဲ့ အဲဒီရေမိစ္ဆာက ရေထဲမှာ ပုန်းနေရင်တော့ ငါ ဘာမှ မလုပ်နိုင်ပေမဲ့ ကုန်းပေါ်တက်လာရင်တော့ ငါ ကိုင်တွယ်နိုင်ပါတယ်”
ရှန်စီရွှမ်က မုန့်ဝမ်ကို နှစ်သိမ့်ပေးလိုက်ပြီး ရှန်စီဟန်ကို တစ်ခုခု စောင့်ဆိုင်းနေသကဲ့သို့ ကြည့်လိုက်လေသည်။
ရှန်စီဟန်က မလိုလားဟန်ဖြင့် နှုတ်ခမ်းဆူလိုက်ပြီး သူမ၏ သိုလှောင်အိတ် ထဲမှ လက်ရာမြောက်ပြီး သေးငယ်သော သစ်သားအိမ်လေးတစ်ခုကို ထုတ်ကာ မြေပြင်ပေါ်သို့ ညင်သာစွာ ချလိုက်လေသည်။ ထိုသစ်သားအိမ်လေးမှာ လေနှင့်အတူ ကြီးထွားလာပြီး ခဏချင်းမှာပင် ကျယ်ဝန်းကာ သက်သောင့်သက်သာရှိသော နေအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
ဒါက နတ်သမီးကျန်း အတွက်တော့ တကယ်ကို အဆင်ပြေစေမှာပဲ။
ရှန်စီဟန်သည် စိတ်ကို အလျင်အမြန် ပြင်ဆင်လိုက်ပြီး သစ်သားအိမ်ထဲသို့ လျှောက်ဝင်သွားကာ တင်းမာနေသော မျက်နှာမှာ ပြန်လည် လျော့ပါးသွားခဲ့ချေ၏။
“ဒီခရီးက ငါ့ကို တကယ် ပင်ပန်းစေတယ် ကောင်းကောင်းတောင် မနားရသေးဘူး” ရှန်စီဟန်က တိုင်တောသလို ပြောလိုက်လေသည်။
“အစကတည်းက အဲဒီဆင်းရဲတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေနဲ့ အဖွဲ့မဖွဲ့ပါနဲ့လို့ ပြောသားပဲ တကယ်ပဲ ငါ့ကို ဒီလောက်အထိ အပြင်မှာ ဒုက္ခခံစေတယ် ဒီလိုကောင်းတဲ့ ပစ္စည်းကိုတောင် အလကား ဖြုန်းတီးပစ်ရသလိုပဲ...”
ရှန်စီရွှမ်က မတတ်နိုင်သလို ခေါင်းခါလိုက်ချေ၏။ ဒီညီမလေးကတော့ တကယ်ကို...
မုန့်ဝမ်က သူမရှေ့မှ သစ်သားအိမ်လေးကို အံ့သြတကြီး ကြည့်လိုက်ပြီးနောက် ရှန်စီရွှမ်ကို အကဲခတ်လိုက်လေသည်။ ရှန်စီရွှမ်က မုန့်ဝမ်ကို လာပါဦးဟူသော ပုံစံဖြင့် ဖိတ်ခေါ်လိုက်ချေ၏။
“ညီမလေးဝမ်အာ ဒီခရီးမှာ အများကြီး ဒုက္ခခံခဲ့ရပြီပဲ အထဲကို ကြွပါဦး”
ခွင့်ပြုချက် ရလိုက်သဖြင့် မုန့်ဝမ်သည် စိတ်လှုပ်ရှားစွာဖြင့် သစ်သားအိမ်ထဲသို့ လှမ်းဝင်လိုက်လေသည်။ သစ်သားအိမ် အတွင်းပိုင်းမှာ မကြီးမားလှသော်လည်း သေသေသပ်သပ် ပြင်ဆင်ထားခဲ့ချေ၏။ စားပွဲနိမ့်တစ်ခု၊ တရားထိုင်သည့် အခင်းအချို့နှင့် ထောင့်တစ်နေရာတွင် မွှေးရနံ့များ ထွက်ပေါ်နေသည့် ဝိညာဉ်ပန်းအိုးတစ်လုံး ရှိနေခဲ့ချေ၏။
ရှန်စီဟန်က စားပွဲနိမ့်ထံ လျှောက်သွားပြီး လက်ကို ခပ်ဖွဖွ လှုပ်လိုက်ရာ လက်ရာမြောက်သော လက်ဖက်ရည် အသုံးအဆောင်များ ပေါ်လာခဲ့ချေပြီ။ ထို့နောက် သိုလှောင်အိတ်ထဲမှ ဝိညာဉ်လက်ဖက်ရည် အိုးတစ်လုံးကို ထုတ်ကာ ကျွမ်းကျင်စွာ နှပ်လိုက်လေသည်။
“ညီမလေးဝမ်အာ ထိုင်ပါဦး”
ရှန်စီရွှမ်က မုန့်ဝမ်ကို စားပွဲနိမ့်တွင် ထိုင်ရန် ဖိတ်ခေါ်လိုက်လေသည်။ “ဒီသစ်သားအိမ်ဟာ ရိုးရှင်းသလို ထင်ရပေမဲ့ အကာအကွယ်နဲ့ သတိပေး အစီအရင် တွေ ပါဝင်ပါတယ် ညီမလေးဝမ်အာ အနေနဲ့ အားမနာပါနဲ့”
“အစ်ကိုစီရွှမ်ကလည်း အရမ်း အားနာစရာကောင်းအောင် ပြောနေပြန်ပြီ ခရီးသွားနေတဲ့အချိန်မှာ လေဒဏ် မိုးဒဏ် ကာကွယ်ပေးနိုင်တဲ့ နေရာရှိတာတင် ကျေနပ်စရာ ကောင်းနေပါပြီ ဘယ်လိုလုပ် အားနာစရာ ရှိမှာလဲ” ဟု ပြောလိုက်သည်။