← Chapters

မိန်းမလှလေး၏ဒေါသ

Vol. 13 Ch. 145

မိန်းမလှလေး၏ဒေါသ

Vol. 13 Ch. 145

နတ်မိမယ်လေးက လည်လည်ဝယ်ဝယ် ရှိသူဖြစ်သည်။

သူက ခဏမျှစဉ်းစားလိုက်ပြီးနောက် မကျေနပ်ချက်များကို ဖုံးကွယ်ပြီး ချစ်စရာကောင်းစွာပြုံးလိုက်သည်။

ထို့နောက် ကြည်လင်သည့်လေသံလေးဖြင့်...

“မောင်ငယ်လေး... မြူခိုးမြက်ပင်တွေကိုစိတ်ဝင်စားတယ်ဆိုရင် ငါနဲ့ပူးပေါင်းရအောင်လေ ၊ ဒီလိုအန္တရယ်များတဲ့ မြူခိုးတိမ်တိုက်တောင်မှာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ပေးတော့ ပိုပြီးဘေးကင်းတာပေါ့”

ခုန်မင်က ရယ်မောလိုက်ပြီး...

“အစ်ကိုကြီးပြီးတော့ မောင်ငယ်လေးတော့ မလုပ်လိုက်ပါနဲ့ ၊ ကျွန်တော်က အစ်မကို ကာကွယ်ပေးဖို့ ဘာအစွမ်းအစမှ မရှိပါဘူး ၊ ကိုယ့်လမ်းကိုယ်သွားကြတာပဲ ကောင်းပါတယ် ၊ အစ်မနဲ့အရည်အချင်းနဲ့ဆိုရင် ‘အစ်ကိုကြီး’ လို့ တစ်ခွန်းခေါ်လိုက်တာနဲ့ ကူညီချင်တဲ့သူတွေ တန်းစီနေမှာ သေချာပါတယ်”

ပြောပြီးသည်နှင့် ခုန်မင်က တုံ့ဆိုင်းမနေတော့ဘဲ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားပြီး မြူခိုးများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

သူက နတ်မိမယ်လေး၏ အလှတရားနှင့် ညှို့ငင်နိုင်စွမ်းအပေါ် တစ်ချက်လေးပင် စိတ်လှုပ်ရှားဟန် မပြပေ။

ခုန်မင် ထိုမျှအထိ ပြတ်သားလိမ့်မည်ဟု နတ်မိမယ်လေး လုံးဝ ထင်မထားခဲ့ပေ။

သူမ စိတ်တိုလွန်းသဖြင့် နှုတ်ခမ်းလေးများကိုကိုက်ကာ ခြေတစ်ချက်ဆောင့်လိုက်ပြီး...

“နင်က မိန်းကလေးတစ်ယောက်ကို ဒီလိုမျိုး စော်ကားရဲတယ်ပေါ့လေ ၊ နင် နောင်တရစေရမယ်”

ထို့နောက် နတ်မိမယ်လေးက ရောင်စုံလိပ်ပြာလေးတစ်ကောင်နှယ် မြူခိုးများထဲသို့ ပျံသန်းဝင်ရောက်သွားပြီး ခုန်မင်နောက်သို့ အမီလိုက်သွားတော့သည်။

စောစောက “အစ်ကိုကြီး” ဟု အချိုသာဆုံး ခေါ်ဝေါ်ခဲ့သည့် မျောက်ဝံကိုယ်ရံတော်နှစ်ယောက်ကိုတော့ နတ်မိမယ်လေး အစအနမကျန်အောင် မေ့လျော့သွားခဲ့ပေပြီ။

နတ်မိမယ်လေးက ခုန်မင်နောက်သို့ လိုက်သွားသည်ကိုတွေ့သည်နှင့် ဦးချိုပါမြွေနဂါးနှင့် တိုက်ပွဲဝင်နေသည့် မျောက်ဝံကိုယ်ရံတော်နှစ်ယောက်သည်လည်း တိုက်ပွဲမှရုန်းထွက်ကာ သူမနောက်သို့လိုက်သွားရန် ကြိုးစားလိုက်ကြသည်။

သို့သော် ဒေါသအမျက် ချောင်းချောင်းထွက်နေသော ဦးချိုပါမြွေနဂါးက သူတို့ကို ထိန်းချုပ်ထားပြီ ဖြစ်သည်။

သူတို့အနေဖြင့် နတ်မိမယ်လေးကို လိုက်ပါစောင့်ရှောက်ပေးရန်အသာထား ကိုယ့်အသက်ကိုပင် ဖက်နှင့်ထုပ်ထားရပြီ ဖြစ်၏။

နတ်မိမယ်လေး သူ့နောက်လိုက်လာမည်ဟု ခုန်မင်က ကြိုတင်ခန့်မှန်းထားပြီးသားပင်။

သူမကိုကာကွယ်ပေးမည့် မျောက်ဝံကိုယ်ရံတော်များ မရှိတော့လေရာ ဤမိန်းမပျိုက မည်သည့်လှည့်ကွက်များကို ထုတ်သုံးဦးမည်မသိပေ။

အမှန်တော့ ခုန်မင်၏ အပြုအမူများက နတ်မိမယ်လေးကို အံ့အားသင့်စေခဲ့သည်။

ဤကောင်လေးက သူမ၏အလှအပပေါ် တစ်စက်လေးပင် စိတ်လှုပ်ရှားဟန် မပြသည့်အပြင် တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်း ထွက်ခွာသွားခဲ့သည်။

ထိုသို့ ယောကျ်ား‌လေးတစ်ယောက်၏ မထီမဲ့မြင်ပြုခံရခြင်းက နတ်မိမယ်လေးကို ဒေါသထွက်စေပြီး မခံချက်စိတ်များလည်း ပြင်းထန်လာလေရာ နတ်မိမယ်လေးက ခုန်မင်နောက်သို့ မရမက လိုက်လာတော့၏။

အလိုက်ကန်းဆိုးမသိသည့် ထိုသို့သောလူစားမျိုးကို သူမအနေဖြင့် သေချာပေါက် သင်ခန်းစာပေးရန် လိုအပ်သည်။

ခုန်မင်ကတော့ ယောကျ်ားလေးများကို ကစားတတ်သည့် နတ်မိမယ်လေးကဲ့သို့ မိန်းကလေးမျိုးကို ကျီစယ်ချင်သောကြောင့် ထိုသို့ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် ခုန်မင်က တောင်ကုန်းတစ်ခုကိုဖြတ်ကျော်လာပြီး နတ်မိမယ်လေးကလည်း နောက်မှလိုက်ပါလာသည်။

တစ်နေရာအရောက်မှာတော့ ခုန်မင်က ရုတ်တရက် ခြေလှမ်းများရပ်တန့်လိုက်ပြီး လက်နှစ်ဖက်နောက်ပစ်ရန် နတ်မိမယ်လေးကို ရပ်စောင့်နေလိုက်သည်။

ခုန်မင် ထိုသို့ရပ်တန့်သွားမည်ဟု နတ်မိမယ်လေး မျှော်လင့်မထားခဲ့ပေ။

သူမက ခဏမျှအံ့အားသင့်သွားပြီးနောက် ချက်ချင်းပင် ခုန်မင့်ဘေးသို့ရောက်လာပြီး အေးစက်သောမျက်နှာထားဖြင့် စကားဆိုလိုက်သည်။

"ပြေးလေ... ဆက်ပြေးဦးလေ ၊ အခုကျတော့ ဘာဖြစ်လို့ ရပ်လိုက်တာလဲ"

ခုန်မင်က အေးဆေးစွာပြုံးလိုက်ရင်း...

“ပြေးတယ်... ဘယ်သူကပြေးလို့လဲ ၊ မြူခိုးမြက်ပင်တွေခူးပြီးပြီဆိုတော့ တခြားနေရာကို သွားရမှာပေါ့ ၊ ဘာလဲ... ခင်ဗျားရဲ့ ‘အစ်ကိုကြီး’ နှစ်ယောက် သားရဲနဲ့သတ်နေတာကို အူကြောင်ကြောင်နဲ့ ရပ်ကြည့်ပေးနေရမှာလား”

ထို့နောက် သူက တစ်ချက်စဉ်းစားလိုက်ပြီး...

“ဒါနဲ့ စကားမစပ်... ခင်ဗျားရဲ့ 'အစ်ကိုကြီး' တွေကို ဘာလို့ ပစ်ထားခဲ့တာလဲ ၊ အနည်းဆုံးတော့ သူတို့ကိုကူညီပြီး တိုက်ခိုက်ပေးသင့်တာ မဟုတ်ဘူးလား”

ခုန်မင့်မျက်နှာထက်မှ အပြုံးကိုကြည့်ရင်း နတ်မိမယ်လေး အလွန်ပင် အမြင်ကပ်သွားမိသည်။

နတ်မိမယ်လေးက ငယ်စဉ်ကပင် ထူးချွန်ထက်မြက်သည့် ပါရမီရှင်တစ်ယောက်ဖြစ်လေရာ ပြာလွင်တောင်ပံမျိုးနွယ်စုတွင် မင်းသမီးတစ်ပါးပမာ ဆက်ဆံခံရသူ ဖြစ်သည်။

သူမ၏ဘဝတစ်လျှောက်လုံး အရာရာချောမွေ့အဆင်ပြေခဲ့ပြီး အသေးအမွှားအတားအဆီးလေးများပင် မကြုံခဲ့ဖူးချေ။

အရွယ်ရောက်လာပြန်တော့ သူ၏ ပြိုင်ဘက်ကင်းအလှတရားကြောင့် တောရိုင်းဒေသ လူငယ်များကြား ထင်ရှားကျော်ကြားသူ ဖြစ်သည်။

သူမ သွားလေရာတိုင်းတွင် ကြယ်တစ်ပွင့်ပမာ အလေးပေးခံရပြီး သူမကို သဘောကျနှစ်သက်သူများလည်း ဝိုင်းဝိုင်းလည်လျှက် ရှိသည်။

ထို့ကြောင့် နတ်မိမယ်လေးက ယောကျ်ားလေးများကို သူမ၏ ကစားစရာသက်သက်အဖြစ်သာ သဘောထားလေသည်။

ဟုတ်ပေ၏။

ပြာလွင်တောင်ပံမျိုးနွယ်စု၏ ဘိုးစဉ်ဘောင်ဆက် လှည့်ကွက်များကိုအသုံးချပြီး တောရိုင်းဒေသတွင် သူမစိတ်ကြိုက် ခြယ်လှယ်နိုင်ခဲ့သည်ပဲ ဖြစ်သည်။

သူမ အလိုရှိပါက တောရိုင်းဒေသမျိုးနွယ်စုများမှ မည်သည့်ပါရမီရှင်လူငယ်မဆို သူမခြေရင်းဝပ်ဆင်းကာ သစ္စာရှိအစေခံများ ဖြစ်လာကြစမြဲပင်။

မည်သည့်ယောကျ်ားလေးမှ သူမကို လျစ်လျူရှုခဲ့ခြင်းမရှိပေ။

သို့သော် ယနေ့ ခုန်မင်၏လုပ်ရပ်ကတော့ သူမဘဝတွင် တစ်ခါမှ မကြုံတွေ့ဖူးသေးသည့် အရှုံးတရားကို ခံစားရစေသည်။

ဤသို့သောအခြေအနေတွင် ခုန်မင်ကို သင်ခန်းစာကောင်းကောင်းပေးပြီး သူမ၏ဂုဏ်သိက္ခာကို ပြန်မဆယ်နိုင်ပါက နတ်မိမယ်လေးအနေဖြင့် မည်သို့မှ သည်းခံနိုင်မည် မဟုတ်ပေ။

နတ်မိမယ်လေး၏ လှပသောမျက်နှာလေးက အေးစက်တင်းမာနေပြီး နှုတ်ခမ်းလေးများစူလိုက်ရင်း...

“ရှင်က မြူခိုးမြက်ပင်တွေအကြောင်း ပြောရဲသေးတယ်လား ၊ အဲဒီအပင်တွေကို ကျွန်မ အရင်ရှာတွေ့တာလေ ၊ နောက်မှ ရှင်က ကြားဖြတ်လုယူသွားတာ ၊ ယောကျ်ားလေးဖြစ်ပြီး နုနုနယ်နယ် မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်တာ မရှက်ဘူးလား”

ဤမိန်းမပျိုက မွေးရာပါ ညှို့ငင်နိုင်စွမ်းရှိသူဟု ဆိုနိုင်သည်။

ခုန်မင်ကို ဒေါသတကြီး ပြောဆိုနေသည့်တိုင် သူမ၏အမူအရာလေးများက အလွန်ပင်ချစ်စရာကောင်းနေပြီး ယောကျ်ားလေးတိုင်းကို ရင်ခုန်အောင်ပြုစားလျှက် ရှိသည်။

သို့ပေသိ ခုန်မင်ကတော့ တစ်ချက်လေးပင် စိတ်မလှုပ်ရှားခဲ့ပေ။

သူက အသာအယာ ရယ်မောလိုက်ပြီး...

“ကျုပ်တို့ရောက်နေတာ ဖီးနစ်ကျဆုံးတောင်ကြားရဲ့ စမ်းသပ်ပွဲခရီးစဉ်နော် ၊ နွေရာသီ အပန်းဖြေခရီးထွက်နေတာမဟုတ်ဘူး ၊ ဆိုတော့... မိန်းကလေးကျင့်ကြံသူတွေကို သီးသန့်အခွင့်အရေး ပေးထားတာရှိလို့လား”

သူက ဆက်ပြောလိုက်သည်။

“စောစောက ကျုပ်ရဲ့လုပ်ရပ်ကို မကျေနပ်ဘူးဆိုရင်... ဟိုရှေ့မှာ မြူခိုးမြက်ပင်တစ်ခင်းရှိသေးတယ် ၊ အဲဒါကို ကျုပ်အရင်တွေ့တာနော်... ဒါပေမဲ့ ခင်ဗျား အစွမ်းအစရှိရင် လုပြီးခူးလို့ရတယ်”

နတ်မိမယ်လေးက မျက်မှောင်လေးကျုံ့ကာ ခြေတစ်ချက်ဆောင့်လိုက်ရင်း...

“ရှင်က တကယ် လူတောမတိုးတဲ့ကောင်ပဲ ၊ ရှင့်လိုလူတစ်ယောက်ရှိနေတာ အမျိုးသားထုတစ်ခုလုံးအတွက် သိက္ခာကျစရာပဲ”

ပြောပြီးသည်နှင့် သူမက ပေါ့ပါးစွာ ခြေလှမ်းလိုက်ပြီး ခုန်မင်ဘေးမှ ဖြတ်ကျော်ပျံသန်းက အရှေ့ဆီမှ မြက်ခင်းဆီသို့ ထွက်ခွာသွားတော့သည်။

ခုန်မင်၏ သိုလှောင်ရတနာက မည်မျှကြီးမားကြောင်း နတ်မိမယ်လေး မသိပေ။

အကယ်၍ စောစောကလိုပင် မြေလှန်ပြီး မြက်ပင်အားလုံးယူသွားပါက သူမအနေဖြင့် တစ်ပင်မှရတာ့မည် မဟုတ်ပေ။ သူမအနေဖြင့် ခုန်မင်ထက်အရင် မြက်ပင်များကိုဆွတ်ခူးနိုင်မှသာ တန်ရုံကျပေမည်။

သို့သော် ခုန်မင်က သူမကို ပြုံးလျှက်ကြည့်နေပြီး တားဆီးရန်မကြိုးစားခဲ့ပေ။

နတ်မိမယ်လေး စိတ်ထဲမှကြိတ်ပြီး ဝမ်းသာသွားသည်။

သူမ၏ ပရိယာယ်ဆန်သည့် အပြစ်တင်စကားများက အနည်းနှင့်အများ အာနိသင် ရှိပုံရသည်။

ဤကောင်လေး သူမကို မတားဆီးတော့ပေ။ ယောကျ်ားလေးများ၏ နားလည်ရခက်သော မာနကြောင့် ဖြစ်ဟန်တူသည်။

“ထားလိုက်ပါတော့... ဒီကောင်လေးရှေ့သိက္ခာကျတာ ဘာအရေးလဲ ၊ သိက္ခာဆိုတာ ရွှေ ၊ ငွေ ၊ မြူခိုးမြက်ပင်တွေနဲ့ လဲလို့ရတာမှ မဟုတ်တာ ၊ ရှေ့က မြူခိုးမြက်ပင်တွေကမှ တကယ်အကျိုးအမြတ်ရှိတာ”

အတွေးနှင့်အတူ နတ်မိမယ်လေး မြူခိုးမြက်ခင်းဆီသို့ လျှင်မြန်စွာ ထွက်ခွာသွားသည်။

သို့သော် သူမက မြက်ပင်တစ်ပင်ကို လှမ်းခူးလိုက်စဉ်မှာပင် အပြာရောင်အလင်းတန်းတစ်ခု လက်ခနဲထွက်ပေါ်လာပြီး မြက်ပင်များကြားမှ ရောင်စုံတောင်ပံပါသော မြွေပျံတစ်ကောင် ပျံသန်းထွက်ပေါ်လာသည်။

ထိုမြွေပျံက နတ်မိမယ်လေးဆီသို့ လျှင်မြန်စွာ ရောက်ရှိလာပြီး ရောင်စုံမြူခိုးများမှုတ်ထုတ်ကာ တိုက်ခိုက်လိုက်လေတော့၏။

ထိုမြွေပျံမှမှုတ်ထုတ်လိုက်သည့် ရောင်စုံမြူခိုးများက အလွန်ထင်ရှားပြီး ဆွဲဆောင်မှုရှိသည့်တိုင် အဆိပ်ပြင်းပုံရသည်။

နတ်မိမယ်လေး ထိတ်လန့်သွားပြီး တစ်ချက်အော်ဟစ်ရင်း နောက်သို့ဆုတ်ကာ ရှောင်းတိမ်းလိုက်သည်။

သို့သော် ရောင်စုံမြွေပျံ တစ်ချက်ပင် လက်မလျှော့ဘဲ တောင်ပံခတ်ရင်း သူမနောက်သို့ ကပ်လျှက် လိုက်ပါလာသည်။

မြွေက အလွန်တရာ ကြီးမားခြင်းမရှိသော်လည်း သူ့ထံမှထွက်ပေါ်နေသည့် ဒြပ်စင်စွမ်းအားလှုင်းလုံးများကတော့ အလွန်ပြင်းထန်သည်။

ကြည့်ရသည်မှာ အဆင့်(၄) မှော်ဝင်သားရဲ ဖြစ်ရပေမည်။

အဆိပ်ရှိသော အဆင့်(၄) မှော်ဝင်သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရသည်က လွယ်ကူသည်မဟုတ်လေရာ နတ်မိမယ်လေးက နှောင်းပိုင်းအဆင့် ဒြပ်စင်စွမ်းအားဆရာသခင် တစ်ဦးဖြစ်သော်လည်း အနည်းငယ်မျှ ပေါ့ဆရန် မဝံ့ရဲပေ။

မိန်းမပျို၏ခန္ဓာကိုယ်မှ တောက်ပသည့် အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ရောင်စုံမြွေပျံအား ပြင်းထန်စွာ ပြန်လည်တိုက်ခိုက်လိုက်သည်။

ခုန်မင်ကတော့ လက်နှစ်ဖက်နောက်ပစ်ရင်း မြင်ကွင်းကို အေးဆေးစွာကြည့်နေပြီးမှ မြူခိုးမြက်ပင်များရှိရာသို့ လမ်းလျှောက်သွားပြီး ယခင်နည်းလမ်းအတိုင်းပင် မြက်ပင်များအားလုံးကို တိုရီယာလက်စွပ်အတွင်းသို့ တစ်ခါတည်း သိမ်းဆည်းလိုက်သည်။

ထို့နောက် သူက ပြုံးရင်းပင် နတ်မိမယ်လေးကို လှမ်းကြည့်လိုက်သည်။

“မိန်းကလေးနဲ့ နာမည်က ဘယ်လိုခေါ်ပါသလဲ ၊ တကယ့်ကို ရဲရင့်တဲ့ သူရဲကောင်းမလေးပါပဲ ၊ ကျုပ် အေးအေးဆေးဆေး မြက်ပင်တွေခူးယူနိုင်အောင် သားရဲကို တိုက်ခိုက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ၊ ဒီကအစ်မက တခါတလေကျတော့လည်း အခုလိုမျိုး ကာကွယ်ပေးတတ်သားပဲနော်”

ပြောပြီးသည်နှင့် ခုန်မင်က အေးဆေးစွာပင် နေရာမှ ထွက်ခွာသွားတော့သည်။

ထူးဆန်းသည်မှာ ရောင်စုံမြွေပျံက ခုန်မင်ကို လုံးဝအရေးမစိုက်ဘဲ နတ်မိမယ်လေးကိုသာ အငြိုးတကြီး ဆက်လက်တိုက်ခိုက်နေခြင်းပင်။

နတ်မိမယ်လေးက ငတုံးမဟုတ်ပေ။

ခုန်မင် လှည့်စားသည်ကို ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူမက ခုန်မင်ကို ပြစ်တင်ဆဲဆိုလိုက်ချင်သော်လည်း ရောင်စုံမြွေပျံက အဆက်မပြတ်တိုက်ခိုက်နေသဖြင့် သူမမှာ ဆဲဖို့နေနေသာသာ အသက်ပင်မရှူနိုင်ခဲ့ပေ။

ထို့ကြောင့် ခုန်မင် အေးအေးဆေးဆေး ထွက်ခွာသွားသည်ကိုသာ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရတော့သည်။

သူမရင်ထဲ နောင်တများဖြင့် ပြည့်နက်နေသည်။

“ငါ ဘာလို့ ဒီလောက် စိတ်လိုက်မာန်ပါ လုပ်မိရတာလဲ ၊ အခုတော့ သူ့လက်ထဲ အကြီးအကျယ် ကျရှုံးသွားရပြီ”

အတွေးနှင့်အတူ စိတ်ပျက်လက်ပျက်လည်း ခံစားနေရသည်။

နတ်မိမယ်လေးမှာ ခုန်မင်ကို ဒေါသထွက်လွန်းသဖြင့် အချက်တစ်ချက်ကို လုံးဝ မေ့လျော့နေခဲ့သည်။

ထိုအချက်မှာ သူမရင်ဆိုင်နေရသည့် ရောင်စုံမြွေပျံမှာ အဆင့်(၄)မှော်ဝင်သားရဲဖြစ်ပြီး ထူးဆန်းသော “အနံ့ခံသားရဲ” တစ်ကောင် ဖြစ်နေခြင်းပင်။

ထိုအချက်မှာ သူရင်ဆိုင်ရသည့်သတ္တဝါမှာ အလွန်ထူးဆန်းသည့် အဆင့်(၄) မှော်ဝင်သားရဲ ဖြစ်သော “အနံ့ခံသားရဲ” ဖြစ်သည်ဆိုသော အချက်ပင်။

ထို အနံ့ခံသားရဲဟုခေါ်သော မြွေပျံမျိုးက မွေးရာပါ ပြင်းထန်သည့်အဆိပ်ရှိပြီး မည်သည့်ဒြပ်စင်စွမ်းအားကျင့်ကြံသူမဆို သူ၏အဆိပ်ကို ခုခံနိုင်စွမ်း မရှိကြပေ။

ထို့ပြင် ထိုသားရဲ၏ သဘာဝက အနံ့အမျိုးမျိုးကို အလွန်အမင်း အာရုံခံနိုင်စွမ်းရှိပြီး မွှေးကြိုင်သည့်အရာမှန်သမျှကို ဝါးမျိုဖျက်ဆီးရသည်ကို နှစ်သက်၏။

သူ မှုတ်ထုတ်လိုက်သည့် ရောင်စုံမြူခိုးများမှာ မွှေးရနံ့ပေါင်းတစ်ထောင်ကို ဝါးမျိုစုစည်းပြီးမှ ဖြစ်ပေါ်လာသော သေစေနိုင်သည့် အဆိပ်ငွေ့များ ဖြစ်ပေသည်

All Chapters