← Chapters

သွားလေသူ ပြန်လာခြင်း

Vol. 9 Ch. 82

သွားလေသူ ပြန်လာခြင်း

Vol. 9 Ch. 82

နောက်တစ်နေ့ နံနက်စောစောတွင် ရှန်စီရွှမ်နှင့် အမျိုးသမီးနှစ်ဦးမှာ ပြင်ဆင်ပြီးကြသဖြင့် လျိုကွမ်းအိုင် ကို ဖြတ်ကျော်ကာ တစ်ဖက်ကမ်းရှိ အတွင်းပိုင်းသို့ ချီတက်ရန် ပြင်ဆင်နေခဲ့ကြသည်။

သို့သော်လည်း ဟုန်ပေါ်နှင့် အဘိုကြီးချီတို့မှာ လူရုပ်ပင်မပေါ်တော့ပဲ ယိုင်တိယိုင်တိုင်ဖြင့် သူတို့ရှေ့တွင် ပေါ်လာခဲ့၏။ သူတို့၏ အဝတ်အစားများမှာ စုတ်ပြတ်နေပြီး မျက်နှာတွင် ဖုန်မှုန့်များ ပေကျံလျက် အလွန်ပင် သနားစဖွယ် ဖြစ်နေသည်။

“ညီလေးရှန် ဘေးကင်းနေတာ တွေ့ရလို့ ဝမ်းသာပါတယ်” ဟုန်ပေါ်က အားယူကာ ပြုံးလိုက်သော်လည်း သူ၏ လေသံတွင် ခါးသီးမှုအချို့ ပါဝင်နေ၏။

“ငါတို့ ပြန်တဲ့လမ်းမှာ အဲဒီ လေပြေဝံပုလွေအုပ်နဲ့ ထပ်တိုးလို့ အကျပ်ရိုက်ပြီး ဒီဘက်ကိုပဲ ပြန်ပြေးလာခဲ့ရတာ ညီလေးရှန်အနေနဲ့ အရင်က ကိစ္စတွေကို ခွင့်လွှတ်ပေးပြီး ငါတို့ကို အဖွဲ့ထဲ ပြန်လက်ခံပေးဖို့ မျှော်လင့်ပါတယ်”

“ဟုတ်ပါတယ် ဟုတ်ပါတယ် ငါတို့ မြန်မြန်ပြေးခဲ့လို့ တော်သေးတာ မဟုတ်ရင်တော့ ဒုက္ခအကြီးအကျယ် ရောက်တော့မှာ” အဘိုကြီးချီ ကလည်း ပြုံးစိစိဖြင့် ခေါင်းငြိမ့်ကာ ထောက်ခံလိုက်လေသည်။

“စကားပုံရှိတာပဲ လူများတော့ အင်အားရှိတာပေါ့ ငါတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်ပေမဲ့ ကူညီပေးနိုင်တာတွေ ရှိမှာပါ ရှန်သခင်လေး ဘယ်လို ထင်ပါသလဲ”

ရှန်စီရွှမ်က ထိုသူနှစ်ဦးကို တည်ငြိမ်စွာ အကဲခတ်လိုက်လေသည်။ သူ၏ အကြည့်မှာ ဟုန်ပေါ်ထံတွင် ခဏတာ တန့်သွားပြီးနောက် အေးစက်စွာ မေးလိုက်သည်။

“ကျင့်ကြံသူ ဟုန် မင်းရဲ့ ဒဏ်ရာတွေက‌ေရာ”

“ဘာမှ မဟုတ်ပါဘူး အပေါ်ယံ ဒဏ်ရာတွေပါပဲ၊ ဘာမှ မဖြစ်ပါဘူး” ဟုန်ပေါ်က ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြလိုက်သော်လည်း သူ၏ မျက်ဝန်းထဲမှ ရိပ်ခနဲ ဖြစ်သွားသော အရိပ်အယောင်ကို ဖုံးကွယ်ထားလိုက်သည်။

“ငါ ဟုန်ပေါ်ဟာ ထျန်းဟန်တောင်တန်း မှာ ကျင်လည်ခဲ့တာ ကြာပြီ၊ ညီလေးရှန်အတွက် အသုံးဝင်မယ့် နေရာတွေ ရှိမှာပါ”

ရှန်စီရွှမ်က ဘာမှ ပြန်မပြောဘဲ သူတို့ကို ပြန်လက်ခံရန် ဝန်လေးနေပုံ ရ၏။ လေထုမှာ တင်းမာလာသည်ကို မြင်သောအခါ မုန့်ဝမ်က သနားစဖွယ် အမူအရာဖြင့် အခွင့်ကောင်းယူကာ ဝင်ပြောလိုက်လေသည်။

“စီရွှမ်အစ်ကို သူတို့ ကြည့်ရတာ အရမ်း သနားဖို့ ကောင်းပါတယ် သူတို့ကို အဖွဲ့ထဲ ပြန်လက်ခံပေးလိုက်ပါ ဦးလေးချီ ပြောတာလည်း မှန်ပါတယ် လူများတော့ ပိုပြီး အင်အားရှိတာပေါ့”

ထိုအခါမှ ရှန်စီရွှမ်က ခေါင်းငြိမ့်လိုက်ပြီး သဘောတူသည်လည်း မဟုတ်၊ ငြင်းပယ်သည်လည်း မဟုတ်ဘဲ .....

“နတ်သမီးကျန်းက ပြောမှတော့ မင်းတို့ နောက်က လိုက်ခဲ့ကြတာပေါ့”

ဟုန်ပေါ်နှင့် ကျင့်ကြံသူ ချီ တို့မှာ အလွန် ဝမ်းသာသွားကြပြီး “ကျေးဇူးတင်ပါတယ် ညီလေးရှန်” ဟု ဆိုကာ အရိုအသေ ပေးလိုက်ကြလေသည်။ ရှန်စီဟန်ကမူ ဘေးမှ ကြည့်နေရင်း အလွန်ပင် မကျေမနပ် ဖြစ်နေခဲ့သည်။

နတ်သမီးကျန်းက ဘာတွေ လုပ်နေတာလဲ၊ သူမကိုယ်တိုင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာတင် မကဘဲ အခုတော့ ဒီဆင်းရဲတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကိုပါ ခေါ်ချင်နေပြန်ပြီ မဟုတ်ပါလော။

သို့သော် အစ်ကိုဖြစ်သူက သဘောတူပြီး ဖြစ်သဖြင့် သူမ ဘာမှ မပြောတော့ဘဲ ကျင့်ကြံသူ ချီ ကို တစ်ချက် စူးစိုက်ကြည့်ကာ မျက်နှာ လွှဲလိုက်လေတော့သည်။

အဖွဲ့မှာ ပြန်လည် ထွက်ခွာခဲ့သော်လည်း လေထုမှာ ယခင်နှင့် မတူတော့ပေ။ အဖွဲ့၏ အဓိက ဦးဆောင်သူမှာ ရှန်စီရွှမ် ဖြစ်သွားပြီဖြစ်ကြောင်း ဟုန်ပေါ် ရိပ်မိလိုက်ချေ၏။

သို့သော် သူ ဘာမှ မတတ်နိုင်ပေ။ စိတ်ထဲမှ မကျေနပ်မှုကို ဖုံးကွယ်ထားရင်း ဤအထက်တန်းစား မိသားစုမှ သခင်လေးမှာ အိုင်ကို မည်သို့ ဖြတ်မည်ကို သိလိုသဖြင့် ရှန်စီရွှမ်၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါနေသည်။

ရလဒ်အနေဖြင့် ရှန်စီရွှမ်သည် လေသင်္ဘော တစ်စင်းကို ထုတ်ယူလိုက်ပြီး အားလုံးကို တင်ဆောင်ကာ လျိုကွမ်းအိုင်ကို အန္တရာယ်ကင်းကင်းဖြင့် အေးဆေးစွာ ဖြတ်ကျော်လိုက်လေသည်။

လေသင်္ဘောပေါ်မှ ဆင်းပြီးသောအခါ ဟုန်ပေါ်၏ စိတ်မှာ မတည်မငြိမ် ဖြစ်သွားခဲ့၏။ သူသည် အသက်ကို ပြင်းပြင်းရှူကာ စိတ်ကို ထိန်းလိုက်ရလေသည်။ ဤအထက်တန်းစား မိသားစု ကျင့်ကြံသူများ၏ ချမ်းသာကြွယ်ဝမှုမှာ အံ့မခန်းလှပေ။ လေသင်္ဘောပင် ရှိနေကြသဖြင့် လူချင်း နှိုင်းယှဉ်ကြည့်လျှင် ဒေါသထွက်စရာပင် ဖြစ်ချေ၏။ အဘိုးကြီးချီ ၏ ရှန်စီရွှမ်နှင့် မုန့်ဝမ်အပေါ် ထားရှိသော သဘောထားမှာလည်း ပို၍ ရိုသေကိုင်းရှိုင်းလာခဲ့လေသည်။

ရှန်စီရွှမ်သည် လေသင်္ဘောကို ပြန်သိမ်းလိုက်ပြီး ကျင့်ကြံခြင်းဂူ ရှိနိုင်မည့် နေရာသို့ အဖွဲ့ကို ဦးဆောင် ခေါ်သွားခဲ့လေသည်။

ရှန်စီရွှမ် အဘယ်ကြောင့် ဤလမ်းကို ရွေးချယ်ရသနည်းဟု ဟုန်ပေါ်နှင့် ကျင့်ကြံသူ ချီ တို့ မသိကြသော်လည်း သူတို့သည် ပါးနပ်စွာဖြင့် ဘာမှ မမေးဘဲ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့လေသည်။

အဖွဲ့သည် တောင်တန်းရှိ မိစ္ဆာသားရဲများကို ဂရုတစိုက် ရှောင်ရှားရင်း တောင်နှင့် မြစ်များကို ဖြတ်ကျော်ကာ ၃ ရက်တိုင်တိုင် ပင်ပန်းစွာ ခရီးနှင်ခဲ့ပြီးနောက် ရည်မှန်းထားသည့် တိတ်ဆိတ်လှသော ချိုင့်ဝှမ်းနက်ကြီးတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။

ချိုင့်ဝှမ်းတစ်ခုလုံးမှာ ထူထပ်သော မြူနှင်းများ ဖုံးလွှမ်းနေပြီး အောက်ခြေမှ မိစ္ဆာသားရဲများ၏ ဟိန်းသံများမှာ တိုးညှင်းစွာ ထွက်ပေါ်နေသဖြင့် ကြက်သီးထဖွယ် ကောင်းနေသည်။

အားလုံးက ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်ကြရာ ချိုင့်ဝှမ်းအောက်ခြေသို့ ဦးတည်နေသော လျှို့ဝှက်လမ်းကလေးတစ်ခု ရှိသည့် မတ်စောက်သော ကျောက်ဆောင်ကြီးတစ်ခုကို တွေ့လိုက်ရလေသည်။

“ကျင့်ကြံသူ ဟုန် မင်းက ဒီဒေသကို ပိုသိတာပဲ အဲဒီလမ်းကလေးက ဘယ်ကို ဦးတည်နေလဲဆိုတာ သိလား” ရှန်စီရွှမ်က ဟုန်ပေါ်ဘက်သို့ လှည့်ကာ တည်ငြိမ်စွာ မေးလိုက်လေသည်။

ဟုန်ပေါ်၏ စိတ်မှာ တင်းမာသွားပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရလေသည်။

သူသည် ထိုလျှို့ဝှက်လမ်းကို လှမ်းကြည့်လိုက်ရာ အောက်ခြေမှာ မြင်ကွင်း မရှင်းဘဲ မှောင်မည်းနေပြီး လူတို့ကို ဝါးမြိုတော့မည့် ကြီးမားသော ပါးစပ်ကြီးတစ်ခုကဲ့သို့ ရှိနေသဖြင့် ကြောက်ရွံ့စရာ ကောင်းနေသည်။

ဟုန်ပေါ်သည် အကြည့်ကို လွှဲလိုက်ရင်း စကားကို ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။

“ဒါက... ဒီလမ်းက သွားရလာရ ခက်ခဲပြီး တစ်နှစ်ပတ်လုံး မြူတွေ ဆိုင်းနေတာ ငါလည်း တစ်ခါမှ မရောက်ဖူးတော့ ဘယ်ကို ဦးတည်နေလဲ မသိဘူး”

ထိုရှင်းပြချက်ကို ကြားသောအခါ ရှန်စီရွှမ်က ဟုန်ပေါ်ကို တစ်ချက် ပြုံးကြည့်လိုက်ပြီး မငြင်းပယ်နိုင်သော လေသံဖြင့် အမိန့်ပေးလိုက်လေသည်။

“ဒါဆိုရင်တော့ ကျင့်ကြံသူ ဟုန်ပဲ ရှေ့ကနေ သွားပြီး လမ်းကင်းထောက်ပေးပါဦး”

ဟုန်ပေါ်သည် စိတ်ထဲမှ ချက်ချင်းပင် ကျိန်ဆဲလိုက်လေတော့သည်။ ရှန်စီရွှမ်သည် သူ့ကို လမ်းပြအဖြစ် အသုံးချနေခြင်းဖြစ်ကြောင်း သိသော်လည်း အတိအလင်း မငြင်းရဲပေ။ သူသည် မျက်လုံးကို ကစားလိုက်ပြီး အကြံတစ်ခု ရသွားခဲ့ချေ၏။

“ဦးလေးချီ မင်းက အတွေ့အကြုံ ရှိတာပဲ မင်းပဲ အရင်သွားပြီး လမ်းကင်းထောက်ပေးလိုက်ပါလား” ဟုန်ပေါ်က အဘိုးကြီးချီ ဘက်သို့ လှည့်ကာ ရိုးသားဟန်ဆောင်သော အပြုံးဖြင့် ပြောလိုက်လေသည်။

ထိုစကားကို ကြားသောအခါ အဘိုးကြီး ချီ မှာ ဝိညာဉ်ပင် လွင့်မတတ် ထိတ်လန့်သွားပြီး လက်ယမ်းကာ ငြင်းလိုက်လေသည်။

“ကျင့်ကြံသူ ဟုန် မင်းကလည်း နောက်နေပြန်ပြီ ငါ့ရဲ့ အဆင့်နိမ့် ကျင့်ကြံခြင်းနဲ့ မင်းကို ဘယ်လို ယှဉ်နိုင်ပါ့မလဲ မင်းပဲ သွားပါ၊ မင်း ဘေးကင်းကင်းနဲ့ ပြန်လာမှာကို ငါ ယုံကြည်ပါတယ်”

“ဦးလေးချီ မင်းကတော့...” ဟုန်ပေါ်က ဒေါသတကြီးဖြင့် သွားကြိတ်လိုက်ရင်း တစ်ခုခု ပြောရန် ပြင်သော်လည်း ရှန်စီရွှမ်၏ အေးစက်သော နှာမှုတ်သံကြောင့် ရပ်သွားကာ

“တော်တော့ ကျင့်ကြံသူ ဟုန်ပဲ လမ်းသွားကြည့်လိုက် မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့ပါ” ရှန်စီရွှမ်၏ လေသံမှာ အေးစက်ပြီး ပြတ်သားလှချေ၏။

ဟုန်ပေါ်သည် မတတ်နိုင်သည့်အဆုံး လက်ခံလိုက်ရတော့သည်။စိတ်ထဲမှ ကြောက်ရွံ့မှုကို နှိမ်နင်းကာ သိုလှောင်အိတ်ထဲမှ အကာအကွယ် ဝိညာဉ်လက်နက်တစ်ခုကို ထုတ်ယူပြီး ထိုလမ်းကလေးဆီသို့ ဂရုတစိုက် လျှောက်သွားခဲ့လေသည်။

ရှန်စီဟန်သည် ဟုန်ပေါ် ထွက်ခွာသွားသည်ကို ကြည့်ရင်း ရွံရှာသော အကြည့်ဖြင့် အစ်ကိုဖြစ်သူကို တိုးတိုးလေး မေးလိုက်လေသည်။

“အစ်ကို ဒီလူကို ဘာလို့ လမ်းရှာဖို့လွှတ်လိုက်တာလဲ သူ တစ်ခုခု လုပ်ရင် ဘယ်လိုလုပ်မလဲ”

“မစိုးရိမ်ပါနဲ့ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး” ရှန်စီရွှမ်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ဟုန်ပေါ်ကို အလေးမထားဟန် ပြလိုက်လေသည်။

ဟုန်ပေါ်သည် ကျောက်ဆောင်အောက်ခြေသို့ ဂရုတစိုက် လျှောက်သွားခဲ့လေသည်။ ခြေတစ်လှမ်း လှမ်းတိုင်း သူ၏ စိတ်မှာ ပို၍ လေးလံလာခဲ့ချေ၏။

အောက်ခြေမှာ မှောင်မည်းနေသဖြင့် မိမိ၏ လက်ကိုပင် မမြင်ရဘဲ လေတိုးသံများနှင့် မိစ္ဆာသားရဲများ၏ ဟိန်းသံများကြောင့် စိုးရိမ်ထိတ်လန့်မှုမှာ ပို၍ တိုးလာခဲ့ချေ၏။

အချိန် မည်မျှ ကြာသွားသည် မသိသော်လည်း ဟုန်ပေါ်သည် လမ်း၏ အဆုံးသို့ ရောက်ရှိသွားခဲ့ချေပြီဖြစ်၏။

သူသည် ဂရုတစိုက်ဖြင့် ရှေ့ကို ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ဆွံ့အသွားခဲ့ရပြီး ခြေဖျားမှ ခေါင်းဖျားအထိ အေးစက်သွားသည်။

ရှန်စီရွှမ်နှင့် ကျန်ရှိသူများမှာ ကျောက်ဆောင်အနားတွင် ရပ်နေရင်း ဟုန်ပေါ် ပြန်လာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ကြလေသည်။ အချိန်များမှာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့ချေပြီ။ မျက်တောင်တစ်ခတ်အတွင်း တစ်နာရီခန့် ကြာသွားသော်လည်း ဟုန်ပေါ်၏ အရိပ်အယောင်ပင် မတွေ့ရသေးပေ။

ကျင့်ကြံသူ ချီ မှာ စတင်၍ ဂယောက်ဂယက် ဖြစ်လာခဲ့ချေ၏။ သူသည် လက်နှစ်ဖက်ကို ပွတ်ရင်း မျက်မှောင်ကြုတ်ကာ တတွတ်တွတ် ပြောနေခဲ့လေသည်။

“သူ ဘာလို့ ပြန်မလာသေးတာလဲ တစ်ခုခု ဖြစ်သွားတာများလား” သူ၏ အသံမှာ စိုးရိမ်မှုများကြောင့် တုန်ယင်နေခဲ့ချေ၏။

မုန့်ဝမ်မှာလည်း အနည်းငယ် စိုးရိမ်လာခဲ့ချေ၏။ သူမသည် ကောင်းကင်ကို ကြည့်လိုက်၊ ရှန်စီရွှမ်ကို ကြည့်လိုက်ဖြင့် “စီရွှမ်အစ်ကို ငါတို့ အောက်ကို ဆင်းကြည့်ကြမလား” ဟု မေးလိုက်လေသည်။

“မလောပါနဲ့ဦး ခဏလောက် ထပ်စောင့်ကြည့်ကြတာပေါ့” ရှန်စီရွှမ်က မြူနှင်းများကို ဖောက်ထွင်းမြင်နိုင်မည့်အလား ချိုင့်ဝှမ်းအောက်ခြေသို့ တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့သည်။

အချိန်များမှာ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားခဲ့ချေပြီ။ နေမှာ မြင့်တက်လာပြီး သူတို့ ၃ ဦး၏ အရိပ်များမှာ ရှည်လျားလာခဲ့၏။ အဘိုးကြီးချီ မှာမူ ပူပြင်းလှသော အိုးထဲမှ ပုရွက်ဆိတ်ကဲ့သို့ ဂယောက်ဂယက် ဖြစ်နေပြီး “သွားပြီ သွားပြီ” ဟု တတွတ်တွတ် ပြောနေခဲ့သည်။

မုန့်ဝမ်သည် ရှန်စီရွှမ်၏ လက်ကို စိုးရိမ်တကြီး ဆုပ်ကိုင်ထားခဲ့ပြီး ရှန်စီဟန်မှာလည်း စတင်၍ မအီမသာ ဖြစ်လာခဲ့သည်။ ရှန်စီရွှမ် တစ်ဦးတည်းသာ တည်ငြိမ်နေ‌သည်။။

နောက်ထပ် နာရီဝက်ခန့် ကုန်ဆုံးသွားသော်လည်း အောက်ခြေမှ မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ သတင်းပို့သစ်သားပြားမှလည်း မည်သည့် သတင်းမျှ ရောက်မလာခဲ့ပေ။

“သွားကြစို့ အောက်ကို ဆင်းကြည့်ကြတာပေါ့” ရှန်စီရွှမ်က နောက်ဆုံးတွင် ပြောလိုက်ပြီး မုန့်ဝမ်ကို နှစ်သိမ့်သည့်အနေဖြင့် ေြပာလိုက်၏။

မုန့်ဝမ်က ခေါင်းကို အပြင်းအထန် ညိမ့်ပြလိုက်ပြီး “အစ်ကိုစီရွှမ် ရှိနေရင် ကျွန်မ မကြောက်ပါဘူး” ဟု အားယူကာ ပြုံးပြလိုက်သည်။

သူတို့ ၃ ဦးမှာ ရှေ့သို့ လှမ်းတက်လိုက်ကြပြီး ထူထပ်သော မြူနှင်းများကို ဖြတ်ကာ ကျောက်ဆောင်အောက်ခြေသို့ ဆင်းခဲ့ကြလေသည်။

သူတို့ မြေပြင်ပေါ်သို့ ရောက်သည်နှင့် အေးစက်စိုစွတ်သော အငွေ့အသက်များမှာ ကြက်သီးထဖွယ် ရိုက်ခတ်လာနေသည်။

“ဟွတ်... ဟွတ်...” အဘိုးကြီးချီ က ပြင်းထန်စွာ ချောင်းဆိုးလိုက်လေသည်။ သူသည် နှာခေါင်းနှင့် ပါးစပ်ကို ပိတ်လိုက်ရင်း မျက်နှာ ပျက်သွားကာ.........

“မကောင်းတော့ဘူး ဒါတွေက သာမန်မြူတွေ မဟုတ်ဘူး အဆိပ်ငွေ့တွေပဲ”

All Chapters