ခက်ခဲသော ရွေးချယ်မှု
Vol. 9 Ch. 88
မုန့်ဝမ်သည် စိတ်ဝင်တစား နားထောင်နေရင်း ရံဖန်ရံခါ ခေါင်းငြိမ့်ပြနေ၏။ သူမ၏ မျက်ဝန်းထဲတွင်လည်း ချီးကျူးရိပ်များ ပြည့်နှက်နေခဲ့လေသည်။
“စီရွှမ်အစ်ကိုက ဝိညာဉ်စွမ်းအင် စုဆောင်းခြင်းအဆင့်ပဉ္စမအဆင့်မှာတင် သတ္တမအဆင့် ရှိတဲ့သူတွေကို သတ်နိုင်ခဲ့တာလား”
“ဟုတ်တယ်၊ ငါ့အစ်ကို လေ့ကျင့်တဲ့ ဓားကျင့်စဉ်က...”
ထိုနေရာသို့ ရောက်သောအခါ ရှန်စီဟန်သည် စကားကို ရုတ်တရက် ရပ်လိုက်ပြီး ဝေဝါးစွာပင် “အတိုချုပ်ပြောရရင် ငါ့အစ်ကိုရဲ့ ဓားကျင့်စဉ်က တကယ်ကို အစွမ်းထက်တယ်ဆိုတာ သိထားရင် ရပြီ” ဟု ဆိုလိုက်ချေ၏။
မုန့်ဝမ်မှာ ပို၍ပင် တောင့်တမိသွားခဲ့ချေပြီ။ အခွင့်အရေးသာ ရခဲ့လျှင် ဤရှန်မိသားစု၏ ဓားကျင့်စဉ် လျှို့ဝှက်ချက်ကို မရရအောင် စုံစမ်းမည်ဟု စိတ်ပိုင်းဖြတ်လိုက်လေသည်။
အခြားတစ်ဖက်တွင်မူ ရှန်ရီသည် ရှန်စီရွှမ်ကို တဲအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် သူ၏ အမူအရာမှာ တည်ကြည်သွားခဲ့ချေ၏။
“စီရွှမ်၊ မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်အထိ တိုးတက်နေပြီလဲ”
“တတိယဦးလေးကို ပြောပြရရင်၊ ကျွန်တော်က တုံးအတာမလို့ အခုထိ ဝိညာဉ်စွမ်းအင် စုဆောင်းခြင်းအဆင့်မှာပဲ ရှိနေပါသေးတယ်...” ရှန်စီရွှမ်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ဆိုလိုက်လေသည်။
ရှန်ရီက လက်ယမ်းပြကာ ညင်သာသော လေသံဖြင့် “စီရွှမ်၊ မင်းက သဘာဝအတိုင်း ထက်မြက်ပြီး ကြိုးစားတဲ့သူပဲ၊ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ သိပ်မလိုတော့ပါဘူး။ အဲဒီ ကျန်းဝမ်အာ ဆိုတဲ့ မိန်းကလေးက မင်းရဲ့ ဓားနှလုံးသားကို သွေးဖို့အတွက် ရှာထားတဲ့သူ မဟုတ်လား”
ရှန်စီရွှမ်က ခဏတာ ဝေခွဲမရ ဖြစ်နေပြီးမှ ခေါင်းငြိမ့်ကာ “ဟုတ်ပါတယ်” ဟု ဝန်ခံလိုက်လေသည်။
“ဒါဆို အခု သူမအပေါ် မင်းရဲ့ ခံစားချက်က ဘယ်လိုရှိလဲ” ရှန်ရီက စိုးရိမ်ဟန်ဖြင့် မေးလိုက်လေသည်။
ရှန်စီရွှမ်မှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း တတိယဦးလေး၏ ဂရုစိုက်သော အကြည့်အောက်တွင် မုန့်ဝမ်အပေါ် ထားရှိသော သူ၏ ခံစားချက်ကို ဖွင့်ဟလိုက်လေတော့သည်။
“သူမက... ကျွန်တော့်အတွက် အရမ်း အရေးကြီးပါတယ်၊ ကျွန်တော် ကိုယ်တိုင် ဒဏ်ရာရရင် ခံနိုင်ပေမဲ့ သူမကိုတော့ အထိခိုက်မခံနိုင်ပါဘူး”
ထိုစကားကို ကြားသောအခါ ရှန်ရီမှာ စိတ်ဆိုးခြင်း မရှိသည့်အပြင် ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။
“ကောင်းတယ်၊ တကယ်ကို ကောင်းတယ်”
ရှန်ရီက ‘ကောင်းတယ်’ ဟု သုံးကြိမ်တိုင်တိုင် ပြောလိုက်ပြီးနောက် “စီရွှမ်၊ မင်း နောက်ဆုံးတော့ သတိဝင်လာပြီပဲ၊ ဒီလို အခြေအနေမျိုးဆိုရင် မင်း အခြေခံတည်ဆောက်ခြင်းအဆင့်ကို စတင်နိုင်ပြီ” ဟု ဆိုလိုက်ချေ၏။
ရှန်စီရွှမ်၏ စိတ်မှာ လှုပ်ရှားသွားပြီး တစ်ခုခုကို ခန့်မှန်းမိလိုက်ပုံ ရလေသည်။ “တတိယဦးလေး၊ ဘာကို ဆိုလိုတာလဲ...”
“အတိအကျပဲ” ရှန်ရီ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားခဲ့ချေ၏။ “ငါတို့ ရှန်မိသားစု ဓားကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်က ‘သံယောဇဉ်’ ဆိုတဲ့ စကားလုံးမှာ ရှိတာပဲ၊ မင်းအနေနဲ့ မေ့မရနိုင်တဲ့ အချစ်တစ်ခုကို အရင်ဆုံး ခံစားရမယ်၊ ပြီးတော့ အဲဒီ အချစ်ရဲ့ ထိပ်ဆုံးကို ရောက်တဲ့အချိန်မှာ...”
ရှန်ရီသည် ရှန်စီရွှမ်၏ နားနားသို့ ကပ်ကာ စကားအနည်းငယ်ကို တိုးတိုးလေး ပြောလိုက်ရာ ရှန်စီရွှမ်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားခဲ့ချေပြီ။
“တတိယဦးလေး၊ အခုပဲ လုပ်ရမှာလား...”
“စီရွှမ်၊ ဒါက မင်းအတွက် ရက်စက်တယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ မိသားစုအတွက်၊ မင်းရဲ့ အနာဂတ်အတွက် မင်း စွန့်လွှတ်အနစ်နာခံရမယ်” ရှန်ရီက လေးနက်သော လေသံဖြင့် ဆိုလိုက်လေသည်။ “အဲဒီတုန်းက မင်းရဲ့ တတိယဦးလေးလည်း ဒီလိုပဲ ကြုံခဲ့ရတာပဲ၊ မင်းရဲ့ နာကျင်မှုနဲ့ ရုန်းကန်ရမှုကို ဦးလေး နားလည်ပါတယ်”
ရှန်စီရွှမ်မှာ တိတ်ဆိတ်သွားခဲ့ချေပြီ။ သူ၏ စိတ်နှလုံးမှာ မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကဲ့သို့ လှုပ်ခတ်နေပြီး အချိန်အတော်ကြာသည်အထိ မတည်ငြိမ်နိုင်ဘဲ ဖြစ်နေခဲ့လေသည်။
သူသည် ဤလမ်းကို စတင် ရွေးချယ်ကတည်းက ယခုကဲ့သို့ စမ်းသပ်မှုကို ကြုံတွေ့ရမည်ဟု သိထားခဲ့ပြီးသား ဖြစ်ချေ၏။
သို့သော်လည်း ယခုခြေလှမ်းမှာ ဤမျှအထိ ခက်ခဲလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ တစ်ဖက်တွင် သူချစ်ရသော မိန်းကလေး ရှိနေပြီး အခြားတစ်ဖက်တွင်မူ မိသားစု၏ ဂုဏ်သိက္ခာနှင့် သူ၏ အနာဂတ် ရှိနေခဲ့ချေပြီ။ သူ ဘယ်လို ရွေးချယ်ရမည်နည်း။
ရှန်ရီသည် သူ၏ တူဖြစ်သူ၏ နာကျင်နေသော အမူအရာကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိလေသည်။ သူကိုယ်တိုင်လည်း ဤအရာအားလုံးကို ကြုံတွေ့ခဲ့ရသဖြင့် ခံစားချက်ကို နားလည်လှပေသည်။ မိသားစုဝင်အချို့မှာ ဤနာကျင်မှုကို မခံစားနိုင်ဘဲ ရူးသွပ်သွားခဲ့ကြရချေ၏။
ထို့ကြောင့် သူက ရှန်စီရွှမ်ကို အတင်းအကျပ် မတိုက်တွန်းဘဲ ပုခုံးကို ပုတ်ကာ ဖြည်းဖြည်းချင်း ဆိုလိုက်လေသည်။
“စီရွှမ်၊ မင်းချစ်ရတဲ့သူကို ငါတို့ ရှန်မိသားစုရဲ့ ဓားကျင့်စဉ်နဲ့ သတ်ပစ်လိုက်ခြင်းအားဖြင့် သာမန် အခြေခံတည်ဆောက်ခြင်းထက် ပိုပြီး မြင့်မားတဲ့ ‘သံယောဇဉ်မဲ့ လမ်းစဉ်’ ကို ရနိုင်လိမ့်မယ်၊ အခြေခံတည်ဆောက်ခြင်း ဆေးလုံးတောင် မလိုတော့ဘူး။
ဒီလမ်းစဉ်က နောင်တစ်ချိန် ကျင့်ကြံခြင်းမှာ ပိုပြီး လွယ်ကူစေသလို မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း တခြားသူတွေထက် အများကြီး သာလွန်နေလိမ့်မယ်...”
ရှန်စီရွှမ်သည် ရုတ်တရက် မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ရုန်းကန်မှုနှင့်အတူ... သွေးဆောင်ခံရမှု အချို့ လက်ခနဲ ပေါ်သွားသည်။
တဲအတွင်းမှာ တိတ်ဆိတ်နေခဲ့ပြီး သူ၏ ပြင်းထန်သော အသက်ရှူသံကိုသာ ကြားနေရလေသည်။ ရှန်စီရွှမ်၏ မျက်နှာမှာ ဖြူလျော့နေပြီး နှုတ်ခမ်းများမှာလည်း တုန်ယင်နေခဲ့ချေပြီ။ ဆုပ်ထားသော လက်သီးမှာလည်း အားနည်းလွန်းသဖြင့် ဖြူေဖျာ့နေခဲ့လေသည်။
တတိယဦးလေး၏ စကားများမှာ သူ၏ နားထဲတွင် ကျိန်စာတစ်ခုကဲ့သို့ ပဲ့တင်ထပ်နေခဲ့ချေ၏။ ‘မင်းချစ်ရတဲ့သူကို သတ်ပြီး သံယောဇဉ်မဲ့ လမ်းစဉ်ကို တည်ဆောက်ရမယ်’ ဟူသော စကားမှာ သူ့အတွက် သွေးဆောင်မှုလည်း ဖြစ်သလို ကြီးမားသော ထိတ်လန့်မှုကိုလည်း ဖြစ်စေခဲ့လေသည်။ သူသည် မုန့်ဝမ်ကို အမှန်တကယ် ချစ်မြတ်နိုးလှပေသည်။
သို့သော် သံယောဇဉ်မဲ့ လမ်းစဉ် ဆိုသည်မှာလည်း သူ အစဉ်တစိုက် ရှာဖွေနေသော အရာပင် ဖြစ်၏။
ရှန်ရီသည် ရှန်စီရွှမ်၏ နာကျင်စွာ ရုန်းကန်နေမှုကို ကြည့်ကာ စိတ်မကောင်း ဖြစ်မိလေသည်။
ဤလမ်းစဉ်က မည်မျှ ရက်စက်သည်ကို သူ သိလှပေသည်၊ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်လည်း တစ်ချိန်က သူချစ်ရသော မိန်းကလေးကို ကိုယ်တိုင် သတ်ခဲ့ရခြင်းကြောင့် ဖြစ်သည်။
“စီရွှမ်” ရှန်ရီ၏ အသံမှာ အနည်းငယ် အက်ရှနေခဲ့လေသည်။ “မင်း ချက်ချင်း ဆုံးဖြတ်ဖို့ မလိုပါဘူး၊ မင်းမှာ စဉ်းစားဖို့ အချိန်ရှိပါသေးတယ်”
ရှန်ရီက သူ၏ ပုခုံးကို ထပ်မံ ပုတ်လိုက်ရင်း “ဒီတစ်ခါ ရှေးဟောင်းကျင့်ကြံသူရဲ့ ဂူပွင့်မှာက အန္တရာယ်တွေ ရှိနေသလို ကြီးမားတဲ့ အခွင့်အရေးတွေလည်း ရှိနေတယ်၊ ငါတို့ ကျန်းဝမ်အာ ကို အထဲ ခေါ်သွားမယ်၊ ပြီးတော့ သင့်တော်တဲ့ အချိန်ကျရင်...” သူက စကားကို ဆက်မပြောတော့ဘဲ ရပ်လိုက်သော်လည်း ရှန်စီရွှမ်ကမူ ဆိုလိုရင်းကို နားလည်လိုက်ချေပြီဖြစ်၏။
“တတိယဦးလေး၊ ကျွန်တော်...” ရှန်စီရွှမ်က တစ်ခုခု ပြောရန် ပြင်သော်လည်း မည်သို့ ပြောရမည်ကို မသိဘဲ ဖြစ်နေခဲ့လေသည်။
“သွားတော့ စီရွှမ်” ရှန်ရီ၏ လေသံမှာ မငြင်းဆန်ဝံ့သော အာဏာများ ပါဝင်နေခဲ့ချေ၏။ “မိသားစုအတွက်၊ မင်းရဲ့ အနာဂတ်အတွက် မင်း ရွေးချယ်မှု တစ်ခု လုပ်ရလိမ့်မယ်။ သတိရပါ၊ မင်းက ရှန်မိသားစုရဲ့ မျှော်လင့်ချက်ပဲ၊ ကိုယ်ရေးကိုယ်တာ သံယောဇဉ်တွေကြားမှာ မင်း ပိတ်မိမနေသင့်ဘူး”
ရှန်စီရွှမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မတ်တပ်ရပ်ကာ ရှန်ရီကို အရိုအသေ ပေးလိုက်လေသည်။
“စီရွှမ် နားလည်ပါပြီ၊ တတိယဦးလေးရဲ့ မျှော်လင့်ချက်တွေကို စိတ်မပျက်စေရပါဘူး”
ထိုသို့ပြောပြီးနောက် သူသည် တဲအပြင်ဘက်သို့ ထွက်လာခဲ့လေသည်။
သူ၏ ကျောပြင်မှာ အထီးကျန်ဆန်နေခဲ့ချေပြီ။ ရှန်ရီသည် သူ၏တူ ထွက်သွားသည်ကို ကြည့်ကာ နောင်တရခြင်း၊ တွန့်ဆုတ်ခြင်းနှင့်အတူ ပြတ်သားခြင်းများ ရောထွေးနေသော အမူအရာဖြင့် ကျန်ရစ်ခဲ့လေသည်။
ရှန်စီရွှမ်သည် တဲအပြင်သို့ ရောက်သောအခါ စိတ်များမှာ ရှုပ်ထွေးနေခဲ့ချေပြီ။ မလှမ်းမကမ်းရှိ အခြားတဲတစ်ခုကို ကြည့်ရင်း သူ၏ နှလုံးသားမှာ နာကျင်စွာ ရုန်းကန်နေခဲ့လေသည်။
“ဝမ်အာ၊ ငါ ဘယ်လို ရွေးချယ်ရမလဲ”
ရှန်စီရွှမ်သည် တဲအပြင်တွင် အချိန်အတော်ကြာ လမ်းလျှောက်နေပြီးနောက် နောက်ဆုံးတွင် သတ္တိမွေးကာ မုန့်ဝမ်၏ တဲဆီသို့ လျှောက်သွားခဲ့လေသည်။
“ဝမ်အာ၊ ငါ ဝင်ခဲ့လို့ ရမလား” သူ၏ အသံမှာ တုန်ယင်နေခဲ့ချေ၏။
“ဝင်ခဲ့ပါ”
မုန့်ဝမ်၏ အသံမှာ အမြဲတမ်းကဲ့သို့ပင် နူးညံ့နေခဲ့သော်လည်း ထိုအသံက ရှန်စီရွှမ်၏ စိတ်ကို ပို၍ လေးလံသွားစေခဲ့လေသည်။ သူသည် တဲအကာကို မလိုက်သောအခါ တရားထိုင်နေသော မုန့်ဝမ်ကို တွေ့ရလေသည်။ သူမက မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမ၏ ကြည်လင်သော အကြည့်များက ရှန်စီရွှမ်ထံသို့ ရောက်ရှိသွားခဲ့ချေ၏။
“အစ်ကိုစီရွှမ်၊ မျက်နှာက မကောင်းဘူးပဲ၊ တစ်ခုခု အဆင်မပြေတာ ရှိလို့လား” မုန့်ဝမ်က စိုးရိမ်တကြီး မေးလိုက်လေသည်။
ရှန်စီရွှမ်က အတင်းအဓမ္မ ပြုံးပြကာ သူမ၏ ဘေးတွင် ထိုင်လိုက်ပြီး စကားစရန် တွန့်ဆုတ်နေခဲ့လေသည်။ သူသည် ရင်းနှီးနေသော ထိုမျက်နှာလေးကို ကြည့်ရင်း ခံစားချက်မျိုးစုံ ရောထွေးနေခဲ့ချေ၏။
“ဝမ်အာ...” သူ၏ အသံမှာ အက်ရှနေပြီး နာကျင်ရိပ်များ ပါဝင်နေခဲ့လေသည်။ “ငါ...”
သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး မုန့်ဝမ်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။ သူမကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းထားချင်သကဲ့သို့ပင်။ မုန့်ဝမ်မှာ မမျှော်လင့်ဘဲ အဖက်ခံလိုက်ရသဖြင့် ထိတ်လန့်သွားခဲ့၏။ သူမက အလိုအလျောက် တွန်းထုတ်ရန် ကြိုးစားသော်လည်း သူက ပို၍ တင်းကျပ်စွာ ဖက်ထားလေသည်။
“အစ်ကိုစီရွှမ်၊ နာတယ်...” မုန့်ဝမ်က ထိတ်လန့်တကြားဖြင့် ရုန်းကန်လိုက်လေသည်။
“ဝမ်အာ၊ ငါ့ကို ဒီအတိုင်း ဖက်ထားခွင့်ပေးပါ၊ မင်းကို ဆုံးရှုံးရမှာ ငါ အရမ်း ကြောက်တယ်...” ရှန်စီရွှမ်၏ အသံမှာ စိတ်ပျက်အားငယ်မှုများနှင့်အတူ ထွက်ပေါ်လာခဲ့၏။ “ဝမ်အာ၊ ငါ မင်းကို... ရမလား”
မုန့်ဝမ်မှာ မျက်ခုံးပင့်လိုက်မိချေ၏။ ဒီရှန်စီရွှမ်တစ်ယောက် ဘာတွေ ဖြစ်နေပေသည်လော။