← Chapters

တံခါးကို ချိုးဖျက်ရန် အင်အားစုများ ပူးပေါင်းခြင်း

Vol. 10 Ch. 97

တံခါးကို ချိုးဖျက်ရန် အင်အားစုများ ပူးပေါင်းခြင်း

Vol. 10 Ch. 97

"စီနီယာ့ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ ကိုယ့်အသက်ကိုကိုယ် တန်ဖိုးထားပါတယ်"

မုန့်ဝမ်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်။ သူမသည် ကြေးဝါတံခါးကြီးနှင့် အဝေးဆုံးနေရာကို ရွေးချယ်၍ ထိုင်ချလိုက်ရာ ၎င်းက ချွေယွီချန်ကို မျက်မှောင်ကြုတ်သွားစေတော့သည်။

"အစ်ကိုရှန်.. ဒီနေရာက သိပ်ပြီး ဝေးလွန်းမနေဘူးလား၊ ခဏနေ တံခါးကြီး ပွင့်သွားရင် ပထမဆုံးရမယ့် အခွင့်အရေးကို လက်လွတ်သွားမှာ စိုးရတယ်ဗျ"

"ဟုတ်လို့လား.. ကျွန်တော်ကတော့ ဒီနေရာလေးက အတော်ကောင်းတယ်လို့ ထင်တာပဲ"

ရှန်ယုက အနည်းငယ် ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ဆိုလိုက်သည်။ "အစ်ကိုချွေ သိတဲ့အတိုင်းပဲ၊ ကျွန်တော်က အမြင်ကျယ်အောင် လိုက်လာတာလေ၊ ဒီလို အဝေးမှာ နေမှ နောက်ပိုင်း ပြေးရလွှားရရင် ပိုလွယ်မှာပေါ့"

ချွေယွီချန် - ... သူ ရှန်ယုနှင့် အတူတူ ခရီးနှင်ခဲ့မိသည်ကို အနည်းငယ် နောင်တရသွားမိသည်။ ဓားကျင့်ကြံသူ တစ်ဦးဖြစ်ပြီးတော့ ဤမျှအထိ ကြောက်တတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အခွင့်အရေးက ရှေ့တည့်တည့်မှာ ရှိနေပါလျက် ဆုပ်ကိုင်ဖို့ မသိချေ။

သူ တကယ်ကို ဒေါသထွက်မိသည်။ ချွေယွီချန်သည် အခွင့်အရေးကို လုယူရန် ပိုမိုနီးကပ်သော နေရာတစ်ခုသို့ သွားချင်ခဲ့သည်။

သို့သော် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ရွှမ်ယင်ဂိုဏ်းမှ 'သွေးလက်ဝါး သားသတ်သမား'၊ ထာဝရရှင်သန်ခြင်းမဟာမိတ်မှ 'ရွှေဓား' ကျန်းထျန်းဖန်း၊ လေလွင့်ကျင့်ကြံသူမဟာမိတ်မှ ကျောက်ဝူကျီ.. တစ်ယောက်မှ သာမန်လူတွေ မဟုတ်ကြချေ။

သူ၏ ရန်သူဖြစ်သော ဝိညာဉ်ရိပ်ဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူရှဲ့ကပင် ဘေးမှနေ၍ ရန်လိုစွာ စောင့်ကြည့်နေပေသည်။ ချွေယွီချန်၏ ခြေလှမ်းများမှာ နေရာမှာပင် အမြစ်တွယ်သွားတော့သည်။

လက်ရှိ အခြေအနေတွင် သူသာ ရှန်ယုကို ထားခဲ့ပြီး ရှေ့သို့ တိုးသွားပါက ကျားတွင်းထဲဝင်သည့် သိုးသူငယ်ကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ခဏနေ တိုက်ပွဲများ ဖြစ်ပွားပါက သူပါ ထိခိုက်သွားနိုင်ချေ ရှိသည်။

ထားလိုက်ပါတော့.. အစ်ကိုရှန်နားမှာပဲ ကပ်နေပြီး တစ်ယောက်ကိုတစ်ယောက် ကူညီတာက ပိုကောင်းပါလိမ့်မည်။ ထို့ကြောင့် ချွေယွီချန်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ခိုင်မာသော အမူအရာဖြင့် ရှန်ယုဘေးတွင် ထိုင်ချလိုက်တော့သည်။

"အစ်ကိုရှန်က ဒီနေရာ ကောင်းတယ်လို့ ထင်မှတော့ ကျွန်တော်လည်း အစ်ကိုရှန်နဲ့ပဲ အတူတူ ရှေ့တိုးနောက်ဆုတ် လုပ်မှာပေါ့"

မုန့်ဝမ်က နူးညံ့စွာ ပြုံးလိုက်ပြီး စိတ်ထဲမှ ဆန်းကြယ်သော စီနီယာကို ဆက်လက် မေးမြန်းနေခဲ့သည်။

"စီနီယာ.. စီနီယာက ဆက်ခံသူ ရွေးနေတာလား၊ ဆက်ခံသူ ရွေးတဲ့ စံနှုန်းက ဘာလဲဆိုတာ အနည်းငယ်လောက် ပြောပြလို့ ရမလား"

မည်သည့် တုံ့ပြန်မှုမျှ မရရှိသော်လည်း မုန့်ဝမ်၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေသည်။

"စီနီယာ.. ကြေးဝါတံခါးကြီးပေါ်မှာ ရေးထားတဲ့ အရာတွေက ဘာတွေလဲဟင်၊ ကြည့်ရတာ အရမ်း စွမ်းအားကြီးပုံပဲ"

"စီနီယာ.. စီနီယာ.. ရှိနေသေးရဲ့လား"

နှမြောစရာကောင်းသည်မှာ ယခုတစ်ကြိမ်တွင် မုန့်ဝမ် မည်မျှပင် နှောင့်ယှက်စေကာမူ ထိုစီနီယာမှာ တည်ငြိမ်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မပေးတော့ချေ။ မတတ်နိုင်တော့သဖြင့် မုန့်ဝမ်လည်း ငြိမ်နေလိုက်ရတော့သည်။

သူမက ငြိမ်နေသော်လည်း အခြားသူများကမူ ငြိမ်မနေကြချေ။

"တာအိုရောင်းရင်းတို့.. ငါက ထာဝရရှင်သန်ခြင်းမဟာမိတ်က ကျန်းထျန်းဖန်း ပါ၊ အမည်ပြောင်ကတော့ 'ရွှေဓား' ပါ၊ ငါ တာအိုရောင်းရင်းတို့ နှစ်ယောက်ကို ငါတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်ပါတယ်၊ ငါတို့အားလုံး အကြံထုတ်ပြီး ဒီကြေးဝါတံခါးကြီးကို အတူတူ ချိုးဖျက်ကြရင် ဘယ်လိုလဲ"

ကျန်းထျန်းဖန်း၏ နောက်ကွယ်တွင် ရွှမ်ယင်ဂိုဏ်းမှ 'သွေးလက်ဝါး သားသတ်သမား' နှင့် လေလွင့်ကျင့်ကြံသူမဟာမိတ်မှ ကျောက်ဝူကျီ အပါအဝင် ဝါရင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အများအပြား ရှိနေသည်။

တစ်ဦးချင်းစီ၏ စွမ်းအားဖြင့် တံခါးကို မချိုးဖျက်နိုင်မှန်း သိသွားကြပြီးနောက် လူတိုင်း၏ အင်အားကို စုစည်း၍ တံခါးကို အတင်းအကျပ် ဖွင့်ရန် သဘောတူညီမှု ရရှိထားကြခြင်း ဖြစ်သည်။

ဤအခြေအနေကို မြင်သောအခါ ရှန်ယုနှင့် ချွေယွီချန်တို့မှာ ချက်ချင်း နားလည်သွားကြပြီး လိမ္မာပါးနပ်စွာ ခေါင်းညိတ်လိုက်ကြသည်။

"အစ်ကိုကျန်း.. ကျွန်တော်တို့ နှစ်ယောက်ဆီက လိုအပ်တာရှိရင် အမိန့်သာ ပေးပါ"

"အေးဆေးပါ.. ဟားဟားဟား.. ညီအစ်ကို နှစ်ယောက်က တကယ့်ကို ပွင့်လင်းတဲ့သူတွေပဲ"

ကျန်းထျန်းဖန်းက အားရပါးရ ရယ်မောလိုက်ပြီး သူတို့နှစ်ဦးကို လူအုပ်၏ နောက်ဆုံးမှ လိုက်ပါရန် ညွှန်ကြားလိုက်ကာ အခြားသူများကို ဆက်လက် စည်းရုံးရန် ထွက်ခွာသွားသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်စုက တံခါးကို ချိုးဖျက်ရန် ကြိုးစားနေစဉ်မှာပင် ကျောက်ဝေ ဦးဆောင်သော အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူတစ်စုမှာလည်း ထွက်ပေါက်ကို တက်ကြွစွာ ရှာဖွေနေကြသည်။

ကျောက်နံရံများပေါ်တွင် ရံဖန်ရံခါ ပေါ်လာတတ်သော ထူးဆန်းသော အက္ခရာများမှလွဲ၍ အခြား အန္တရာယ်ကြီးကြီးမားမားနှင့် မတွေ့ကြသေးချေ။

သို့သော်လည်း မုန့်ဝမ်သည် ထိုလူများနောက်သို့ လိုက်ပါရင်း ဂူပတ်ပတ်လည်ကို စစ်ဆေးကြည့်ရာ ပြဿနာတစ်ခုကို တွေ့ရှိလိုက်ရသည် - ဂူမှာ လုံးဝ ပိတ်လှောင်နေပြီး ထွက်ပေါက်ဟူ၍ လုံးဝ မရှိခြင်းပင် ဖြစ်သည်။

မဟုတ်ဘူး.. ထွက်ပေါက် ရှိကိုရှိရမည်၊ ဖြစ်နိုင်သည်မှာ သူတို့၏ ကျင့်စဉ်အဆင့် နိမ့်လွန်းသဖြင့် မမြင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် လူအများစုမှာ ၎င်းကို သတိမပြုမိကြဘဲ ထိတ်လန့်နေကြပြီ ဖြစ်သည်။

"ငါတို့ ဘာလုပ်ကြမလဲ၊ ဒီမှာ ပိတ်မိနေပြီ"

"ဒီဂူရဲ့ ပိုင်ရှင်က မိစ္ဆာကျင့်ကြံသူလို့ ငါ ကြားတယ်၊ မိစ္ဆာကျင့်ကြံသူက ငါ့ရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူပြီး သေသွားရမယ့် အဖြစ်မျိုးကိုတော့ အဖြစ်မခံနိုင်ဘူး"

"အစ်ကိုကျောက်.. တစ်ခုခု စဉ်းစားပေးပါဦး"

"မထိတ်လန့်ကြပါနဲ့"

ကျောက်ဝေ၏ မျက်လုံးထဲတွင် စိတ်ပျက်ရိပ်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ပြန်လည် တည်ငြိမ်သွားသည်။

"ဒါက သေဆုံးသွားတာ ကြာပြီဖြစ်တဲ့ မိစ္ဆာကျင့်ကြံသူရဲ့ ဂူတစ်ခုပဲလေ၊ မင်းတို့ ကြောက်နေတာ ကြည့်စမ်းပါဦး၊ ငါ ထင်တာတော့ ပြဿနာက ကျောက်နံရံပေါ်က ထူးဆန်းတဲ့ အက္ခရာတွေမှာ ရှိနေဖို့ များတယ်"

ကျောက်ဝေ၏ စကားမှာ လူအများ၏ စိတ်ကို ထိမှန်သွားသည်။

"အစ်ကိုကျောက် ပြောတာ မှန်တယ်၊ အဲဒီအက္ခရာတွေက လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအင်ကို ခဏချင်း စုပ်ယူနိုင်တာပဲ၊ သေချာပေါက် ပြဿနာ ရှိရမယ်"

"ငါလည်း အဲဒီအတိုင်းပဲ ထင်တယ်၊ ဒါပေမဲ့ အဓိကက အဲဒီအရာတွေက တီကောင်တွေလို တွန့်လိမ်နေတော့ ဘာမှန်းကို နားမလည်တာပဲ"

"ငါ့အထင်တော့ အဲဒါတွေက ပျောက်ကွယ်သွားတဲ့ ရှေးဟောင်းစာပေတွေ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဘာအတွက် သုံးလဲဆိုတာတော့ မသိဘူး"

၎င်းကို ကြားသောအခါ မုန့်ဝမ်သည် တွေးတောနေမိသည်။ ကျောက်နံရံတိုင်းတွင် အက္ခရာများ ရှိနေသည်မဟုတ်ဘဲ ဂူတစ်ခုလုံး ပတ်ကြည့်ရာတွင် စုစုပေါင်း နေရာ ဆယ်ခုကျော်ခန့်တွင်သာ အက္ခရာများ ရှိပေသည်။

အချို့ အက္ခရာများမှာ ဆင်တူသော်လည်း အချို့နေရာများတွင်မူ သိသိသာသာ ကွဲပြားခြားနားနေသည်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။

ကွဲပြားသော အက္ခရာများက ကွဲပြားသော အကျိုးသက်ရောက်မှုများ ရှိနေတာလား။ မုန့်ဝမ် တွေးမိသကဲ့သို့ အခြားသူများလည်း တွေးမိကြပေလိမ့်မည်။

ကျောက်ဝေက ရုတ်တရက် အကြံပြုလိုက်သည်။ "အားလုံးပဲ.. ငါတို့ နောက်တစ်ခေါက် ထပ်ပတ်ကြည့်ပြီး အဲဒီအက္ခရာတွေကို အသေအချာ လေ့လာကြရင် မကောင်းဘူးလား"

ကျောက်ဝေ၏ စကားကို လူအများက ထောက်ခံကြသည်။ မုန့်ဝမ်သည် လူအုပ်အတွင်း ရောနှောကာ မူလနေရာသို့ ပြန်သွားပြီး နံရံပေါ်ရှိ အက္ခရာများကို စစ်ဆေးကြည့်လိုက်သည်။

အကယ်၍ ဤဂူအတွင်း၌ အခြားနေရာများနှင့် မတူသော အရာ ရှိလျှင် ၎င်းမှာ ရှေးဟောင်းစာပေနှင့် ဆင်တူသော ဤအက္ခရာများသာ ဖြစ်ပေသည်။ ထို့ကြောင့် ဤနေရာမှ ထွက်ခွာရန် သော့ချက်မှာ ဤအရာများအတွင်း၌သာ ရှိနေဖို့ များပေသည်။

"တာအိုရောင်းရင်းရှန်.. ခင်ဗျားတို့ မိသားစုက ပညာရှင်တွေ များတယ်လို့ ကြားတယ်၊ ခင်ဗျား တစ်ခုခု သတိထားမိလား"

တင့်ကွီက အသံတိုးတိုးဖြင့် မေးလိုက်သည်။ မုန့်ဝမ်က လေးနက်သော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။ "ကျွန်မ ဖတ်ဖူးသမျှ ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီလို အက္ခရာမျိုး တစ်ခါမှ မမြင်ဖူးဘူး"

ဤနေရာတွင် ပိတ်မိနေသဖြင့် အခြားသူများ ထိတ်လန့်နေနိုင်သော်လည်း မုန့်ဝမ်ကတော့ တကယ်ကို မကြောက်ချေ။ ပထမအချက်အနေဖြင့် သူတို့ အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူများ ဤနေရာတွင် ပိတ်မိနေခြင်းမှာ ထိုဆန်းကြယ်သော အသံရှင်၏ လက်ချက်ဖြစ်ဖို့ များကြောင်း သူမ သိရှိထားသည်။

ဒုတိယအချက်အနေဖြင့် သူမတွင် အခြေခံတည်ဆောက်ခြင်းအဆင့် ရုပ်သေးကိုယ်ပွား အရန်ရှိနေခြင်းကြောင့် ဖြစ်သည်။ တကယ်လို့ ထွက်မရခဲ့လျှင်တောင် ထိုကိုယ်ပွားက အပြင်ကိစ္စများကို ဖြေရှင်းပြီးချိန်တွင် သူမကို တိတ်တဆိတ် လာရှာနိုင်ပေသည်။

ဘေးပတ်လည်ရှိ အခြေခံစွမ်းအင်အဆင့် ကျင့်ကြံသူများကိုမူ ကျောက်ဝေက သူမ၏ အသက်အန္တရာယ်ကို မခြိမ်းခြောက်သရွေ့ လက်ရှိတွင် ထားထားဦးမည်ဖြစ်သည်။

ဖြစ်နိုင်သည်မှာ သူတို့က မတော်တဆ ထွက်ပေါက်တစ်ခုခုကို ရှာတွေ့သွားနိုင်သည် မဟုတ်ပါလား။

တစ်ဦးမှာ ခဏကြာ စူးစမ်းကြည့်ပြီး ဘာမှ မသိရသဖြင့် စက္ကူနှင့် ကလောင်ကို ထုတ်ယူကာ နံရံပေါ်မှ အက္ခရာများကို ကူးယူရန် ပြင်လိုက်သည်။

စာလုံး အနည်းငယ် ရေးပြီးချိန်မှာပင် ထိုသူသည် မျက်နှာတွင် နာကျင်မှုများဖြင့် ဖုံးလွှမ်းသွားပြီး မျက်လုံးကို အုပ်လိုက်ရတော့သည်။

"အား.. ငါ့မျက်လုံးတွေ"

တစ်ချက်ကြည့်ရုံနှင့် သတိမပြုမိသော်လည်း အသေအချာ စစ်ဆေးကြည့်လိုက်သောအခါ ထိုအက္ခရာများမှာ အမှန်တကယ် လှုပ်ရှားနေကြောင်း လူတိုင်း သတိပြုမိသွားကြသည်။

ထိုအက္ခရာများကို အကြာကြီး စိုက်ကြည့်မိပါက မျက်လုံးများ ကန်းသွားနိုင်သည့် ခံစားချက်မျိုးကို ပေးစွမ်းနေပေသည်။ ထို့ကြောင့် ကူးယူသည့် နည်းလမ်းမှာ မဖြစ်နိုင်တော့ချေ။

"ကူးလို့ မရမှတော့ ထားလိုက်ပါတော့"

ကျောက်ဝေ၏ မျက်လုံးထဲတွင် မကောင်းသော အရိပ်တစ်ခု ဖြတ်ပြေးသွားပြီးနောက် လူအုပ်ထဲမှ တစ်စုံတစ်ဦးကို လှည့်ကြည့်လိုက်သည်။

"အစ်ကိုချန်.. ဒီနံရံက အက္ခရာတွေကြောင့် ဝိညာဉ်စွမ်းအင် စုပ်ယူခံလိုက်ရတဲ့သူက ခင်ဗျားရဲ့ ဂျူနီယာညီမလေး မဟုတ်လား"

All Chapters