← Chapters

ရွှမ်ယင်ဂိုဏ်းသို့ ပြန်လာခြင်း

Vol. 11 Ch. 105

ရွှမ်ယင်ဂိုဏ်းသို့ ပြန်လာခြင်း

Vol. 11 Ch. 105

မုန့်ဝမ်သည် အလေးအနက် စဉ်းစားနေမိသည်။ မိစ္ဆာကျင့်ကြံသူများသည် သာမန်ကျင့်ကြံသူများထက် ပိုမိုခက်ခဲသော ဘေးဒုက္ခများကို ရင်ဆိုင်ရလေ့ရှိကြောင်း သူမ ကြားဖူးသည်မှာ ကြာပြီဖြစ်သည်။

"မင်း တော်တော်များများ သိထားတာပဲ"

ရှန်ဇီရွှမ်ကို သတ်ပြီးနောက် သူမသည် အလားတူ ဝိညာဉ်လက်နက် တစ်ခု ရရှိခဲ့သလို နောက်ပိုင်းတွင် ကျောက်ဝေနှင့် အခြားလေလွင့်ကျင့်ကြံသူတစ်ဦးထံမှလည်း နောက်ထပ်နှစ်ခု ရရှိခဲ့သည်။

သို့သော် မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် ကောင်းကင်မိုးကြိုးမှာ သူမကိုသာ အဓိကပစ်မှတ်ထားဖွယ်ရှိရာ မိုးကြိုးဘေးဒုက္ခကို ခုခံနိုင်မည့် ရတနာများကို ပိုမိုစုဆောင်းထားခြင်းကသာ ပညာရှိရာရောက်ပေလိမ့်မည်။

"ဒါပေါ့"

နှလုံးစားပိုးကောင်၏ လေသံတွင် ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ပါဝင်နေသည်။

"ကျွန်တော်က နှစ်ပေါင်းသောင်းချီ အသက်ရှင်လာတဲ့ ရှေးဟောင်းဆန်းကြယ်ကျောက်တုံးပဲ၊ အချိန်အတော်များများ အိပ်ပျော်နေခဲ့တယ်ဆိုပေမဲ့ ကျွန်တော့်ရဲ့ အတွေ့အကြုံနဲ့ အမြင်ကတော့ ထက်မြက်နေတုန်းပဲဗျ"

"ဒါဆို ပြောစမ်း.. မိုးကြိုးဘေးဒုက္ခအပြင် မိစ္ဆာကျင့်ကြံသူတွေ အခြေခံတည်ဆောက်ခြင်းအဆင့် တက်လှမ်းချိန်မှာ ဘာဘေးဒုက္ခတွေနဲ့ ကြုံရဦးမှာလဲ"

"အများကြီးရှိတာပေါ့.. ဥပမာ ကိုယ်တွင်းမိစ္ဆာဘေးဒုက္ခ ၊ ကံကြမ္မာဘေးဒုက္ခ ၊ ဓာတ်ကြီးငါးပါးဘေးဒုက္ခ နဲ့ ရုပ်ခန္ဓာဘေးဒုက္ခ စတာတွေက အတွေ့ရအများဆုံးပဲ"

မုန့်ဝမ်သည် နှလုံးစားပိုးကောင် ပြောသမျှကို မှတ်သားထားလိုက်ပြီး ထိုဘေးဒုက္ခများ ကျရောက်မည့်အချိန်၊ ဖြစ်ပေါ်လာပုံနှင့် ခုခံကာကွယ်နည်းများကို အသေးစိတ် မေးမြန်းလိုက်ရာ အကြမ်းဖျင်းအားဖြင့် နားလည်သဘောပေါက်သွားတော့သည်။

"ကောင်းပြီ.. မင်းပြောသလိုပဲ ဘေးဒုက္ခတွေကို ခုခံဖို့ ပစ္စည်းအချို့ အရင်ရှာကြတာပေါ့"

မုန့်ဝမ်သည် သူမ၏ ကိုယ်ပွားကို သိုလှောင်အိတ် ထဲသို့ ပြန်ထည့်လိုက်ပြီး တောင်ခြေရှိ ထျန်းဟိန် လမ်းဆုံစခန်း ဆီသို့ လျှောက်လှမ်းခဲ့သည်။ နတ်ဘုရားဂူအတွင်း ရတနာရှာစဉ်က သူမ၏ကိုယ်ပွားမှာ သွေးလက်ဝါး သားသတ်သမားနှင့် ကျန်းထျန်းဖန်းတို့အပါအဝင် လူအများကို ရန်စခဲ့ရုံသာမက လူအများ၏ အကြည့်အောက်တွင် ဆန်းကြယ်ကျောက်တုံးကို လုယူခဲ့ခြင်းကြောင့် လူမြင်ကွင်းတွင် ပေါ်ထွက်ရန် မသင့်တော်ချေ။

ဆယ်ရက်ကျော် ကြာသွားပြီဖြစ်သော်လည်း ထိုလူများမှာ လက်လျှော့ဦးမည်မဟုတ်ဘဲ ထျန်းဟိန်စခန်းတွင် လူလွှတ်၍ စောင့်ကြည့်နေလောက်သည်။ ကိုယ်ပွား၏ 'တူမ' တစ်ဦးအနေဖြင့် မုန့်ဝမ်သည် ကျင့်ကြံသူအုပ်စုရှေ့တွင် ခဏမျှ မျက်နှာပြခဲ့ဖူးသည်။ သို့သော် ထိုစဉ်က သူမသည် တင်းကွေ၊ တင်းကျဲ ညီအစ်ကိုနှစ်ဦးနှင့်အတူ ရှိနေခဲ့ခြင်းဖြစ်ပြီး သူမနှင့် ကိုယ်ပွား၏ ပတ်သက်မှုကို သိသောသူများအားလုံး သေဆုံးသွားကြပြီဖြစ်ရာ သူမ၏ လက်ရှိအခြေအနေမှာ ဘေးကင်းသည်ဟု ဆိုနိုင်သည်။ ၎င်းအပြင် ထျန်းဟိန်စခန်းသို့ နေ့စဉ် ကျင့်ကြံသူ သောင်းနှင့်ချီ ဝင်ထွက်နေကြပြီး စခန်း၏ စီမံခန့်ခွဲမှုမှာ ဟိန်ယွဲ့မြို့ထက် ပိုမိုပေါ့လျော့ပေသည်။

သို့သော် ဘေးကင်းစေရန်အတွက် သူမသည် အသွင်အနည်းငယ် ပြောင်းလဲလိုက်ပြီး ပြင်ပသို့ ပြသထားသော ကျင့်ကြံခြင်းအဆင့်ကို သူမ၏ အစစ်အမှန်အဆင့်သို့ ပြောင်းလဲလိုက်သည်။

"သခင်မက တကယ့်ကို ထက်မြက်တာပဲ။ သတိရှိခြင်းက ဘေးကင်းခြင်းရဲ့ အရင်းခံပါပဲ။ ကျွန်တော့်ရဲ့ အရင်သခင်က သတိမရှိခဲ့လို့ ရန်သူတွေရဲ့ အခွင့်ကောင်းယူတာ ခံလိုက်ရတာ"

မုန့်ဝမ်က အသွင်ပြောင်းပြီး စခန်းအတွင်းသို့ ချောမွေ့စွာ ရောနှောဝင်ရောက်သွားသည်ကို မြင်သောအခါ နှလုံးစားပိုးကောင်က မြှောက်ပင့်လိုက်သည်။

"စကားနည်းနည်းပြောပြီး ရတနာတွေကိုပဲ ရှာစမ်းပါ"

မုန့်ဝမ်သည် စခန်းအတွင်း လှည့်လည်သွားလာနေရာ ခရီးပန်းလာသော အခြားကျင့်ကြံသူများနှင့် မခြားနားဘဲ သာမန်ကာလျှံကာသာ ဖြစ်သည်။

"မလောပါနဲ့.. မိုးကြိုးဘေးဒုက္ခကို ခုခံနိုင်တဲ့ ရတနာတွေက ရှာရမလွယ်ပါဘူး။ ကျွန်တော် အရင်ဆုံး ခံစားချက်တွေကို အာရုံခံပြီး အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့ ပြင်ဆင်နေတဲ့ ကျင့်ကြံသူတွေကို စစ်ထုတ်လိုက်မယ်"

ပြောပြီးသည်နှင့် နှလုံးစားပိုးကောင်မှာ စတင်လှုပ်ရှားတော့သည်။ မုန့်ဝမ်ကမူ လမ်းမများပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်နေပြီး နှလုံးစားပိုးကောင်ကို ပစ်မှတ်ရှာဖွေခွင့် ပေးထားလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် နှလုံးစားပိုးကောင်က စိတ်လှုပ်ရှားစွာဖြင့် "ရှာတွေ့ပြီ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကျင့်ကြံသူ သုံးဦးကို ရှာတွေ့ပြီ" ဟု ဆိုလာသည်။

"ဘယ်မှာလဲ"

"တစ်ယောက်က အရှေ့တောင်ဘက်မှာ ဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှင်၊ နောက်တစ်ယောက်က အဖွဲ့တစ်ခုထဲမှာ ရောနေတယ်၊ နောက်ဆုံးတစ်ယောက်ကတော့ သခင်မရဲ့ ညာဘက်က ဆိုင်ထဲမှာ.. အခုပဲ ထွက်လာနေပြီ"

"သူက စခန်းထဲကနေ ထွက်သွားမယ့်ပုံပဲ။ မြန်မြန်.. သူ့နောက်ကို လိုက်" နှလုံးစားပိုးကောင်၏ လေသံမှာ ပိုမိုစိတ်လှုပ်ရှားလာသည်။

မုန့်ဝမ်သည် ညာဘက်သို့ အသာအယာ ဝေ့ကြည့်လိုက်ပြီး စခန်းအပြင်ဘက်သို့ လျှောက်ထွက်ခဲ့သည်။ စခန်းမှ ထွက်ခွာပြီးနောက် ထိုသူသည် ထျန်းဟိန်တောင်တန်းဆီသို့ အလျင်အမြန် ဦးတည်သွားပြီး တောအုပ်အတွင်း ပျောက်ကွယ်သွားသည်။

နှလုံးစားပိုးကောင် ရှိနေသဖြင့် မုန့်ဝမ်မှာ လူပျောက်သွားမည်ကို မစိုးရိမ်ပေ။ သူမသည် အကွာအဝေးတစ်ခုမှ လိုက်ပါသွားပြီး ထိုသူမှာ လူသူဝေးရာသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သေချာမှ ကိုယ်ပွားကို ထုတ်လွှတ်ကာ လိုက်လံတိုက်ခိုက်စေလိုက်သည်။

အခြေခံတည်ဆောက်ခြင်း ၃ ဆင့်မြောက် ကိုယ်ပွားအတွက် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် မရောက်သေးသော ကျင့်ကြံသူတစ်ဦးကို အလစ်အငိုက်တိုက်ခိုက်ခြင်းမှာ ခဲတစ်လုံးနှင့် ငှက်ပစ်သလိုပင် လွယ်ကူလှသည်။ လက်ဖက်ရည်တစ်ခွက်စာပင် မကြာမီမှာပင် ကိုယ်ပွားမှာ တာဝန်ကျေပွန်သွားပြီး အထောက်အထားများ ဖျောက်ဖျက်ရန် အလောင်းကိုပါ ဖျက်ဆီးပစ်လိုက်သည်။

"အရမ်းမြန်လွန်းတာပဲ ခံစားချက်တွေကိုတောင် ကောင်းကောင်း မမြည်းစမ်းလိုက်ရဘူး" နှလုံးစားပိုးကောင်က မကျေမနပ် ညည်းညူလိုက်သည်။

"နောက်တစ်ခါကျရင်တော့ မင်းကိုပါ ပါဝင်ခွင့်ပေးမယ်"

မုန့်ဝမ်သည် ရရှိလာသော သိုလှောင်အိတ်ကို မွှေနှောက်ရှာဖွေလိုက်သည်။ ကံဆိုးစွာဖြင့် ထိုကျင့်ကြံသူမှာ အလွန်ပင် ဆင်းရဲလှသည်။ သူ၏အိတ်ထဲတွင် အခြေခံတည်ဆောက်ခြင်းဆေး တစ်လုံးနှင့် အလတ်စား ဝိညာဉ်လက်နက်တစ်ခုမှလွဲ၍ ဟိုတစ်စ ဒီတစ်စ ဆေးပင်အချို့နှင့် ဆေးလုံးအချို့သာ ရှိသည်။

"ငမွဲကောင်" ၎င်းကို မြင်သောအခါ နှလုံးစားပိုးကောင်က တံတွေးထွေးကာ မုန့်ဝမ်ကို အကြံပေးပြန်သည်။ "ဒါ ကျွန်တော့်ရဲ့ အမှားပါ။ ဒီလေလွင့်ကျင့်ကြံသူတွေဆီမှာ ဘာမှ ကောင်းကောင်းမွန်မွန် မရှိပါဘူး။ စခန်းထဲက ဝိညာဉ်ရတနာနန်းဆောင် ကိုပဲ ဓားပြတိုက်လိုက်ရအောင်လား"

"ဝိညာဉ်ရတနာနန်းဆောင်မှာ ရတနာတွေ အများကြီး ရှိတာပဲ၊ သေချာပေါက် အသုံးဝင်တာတွေ ပါမှာပါ"

"ဝိညာဉ်ရတနာနန်းဆောင်ကို ဓားပြတိုက်ရမယ် ငါ့အထင်တော့ မင်းကို လေလံရုံမှာ သွားရောင်းလိုက်တာက ပိုကောင်းမယ် ထင်တယ်။ မင်းလို ရှေးဟောင်းဆန်းကြယ်ကျောက်တုံးကို စိတ်ဝင်စားတဲ့လူတွေ အများကြီး ရှိမှာပဲ၊ ဈေးကောင်းလည်း ရမှာ သေချာတယ်" မုန့်ဝမ်က ပြုံး၍ ပြောလိုက်သည်။

နှလုံးစားပိုးကောင်မှာ ထိတ်လန့်သွားပြီး တုန်ရီနေတော့သည်။ "သခင်မ ကျွန်တော် မှားပါပြီ ကျွန်တော့်ကို မရောင်းပါနဲ့.... ကျွန်တော် သုတေသန အလုပ်မခံချင်ပါဘူး"

မုန့်ဝမ်သည် ထိုနေရာတွင် ခဏမျှ အလေးအနက် စဉ်းစားပြီးနောက် အခြေအနေကို သိရှိနိုင်ရန် ရွှမ်ယင်ဂိုဏ်း သို့ အရင်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ ရွှမ်ယင်ဂိုဏ်းမှာ မိစ္ဆာကျင့်ကြံသူ ရှစ်သောင်းကျော်ရှိသော တကယ့်မိစ္ဆာဂိုဏ်းကြီး ဖြစ်သည်။ ဤဘက်တွင် အသိဆုံးလူဆိုလျှင် ရွှမ်ယင်ဂိုဏ်းနှင့် အခြားမိစ္ဆာဂိုဏ်းတစ်ခုဖြစ်သော မျောလွင့်နန်းဆောင် တို့သာ ရှိပေလိမ့်မည်။

ဆုံးဖြတ်ချက်ချပြီးနောက် မုန့်ဝမ်သည် မတွန့်ဆုတ်တော့ဘဲ သူမ၏ လေသင်္ဘော ကို ထုတ်ကာ ရွှမ်ယင်ဂိုဏ်းဆီသို့ ဦးတည်ထွက်ခွာခဲ့သည်။ ငါးရက်အကြာတွင် မုန့်ဝမ်သည် လေသ‌ေင်္ဘာကို စောစောသိမ်းကာ ရွှမ်ယင်ဂိုဏ်း၏ တောင်တံခါးသို့ ရောက်ရှိလာပြီး သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေပြသည့် သစ်သားတံဆိပ်ပြားကို ဝင်ပေါက်ရှိ ကျောက်တုံးကြီးပေါ်တွင် တင်လိုက်သည်။ ကျောက်တုံးပေါ်မှ အလင်းရောင် ထွက်ပေါ်လာပြီး တောင်တံခါးမှာ ပွင့်သွားတော့သည်။ မုန့်ဝမ်သည် တံဆိပ်ပြားကို ပြန်ယူကာ ရွှမ်ယင်ဂိုဏ်းအတွင်းသို့ ချောမွေ့စွာ ဝင်ရောက်ခဲ့သည်။

"ဟူး.. အားကောင်းလိုက်တဲ့ ခံစားချက်ရနံ့တွေ.. ကြောက်ရွံ့မှု၊ လောဘ၊ ပြီးတော့ တောင့်တမှုတွေ... ကျွန်တော် တိတ်တဆိတ် နည်းနည်းလောက် စုပ်ယူလို့ ရမလား" နှလုံးစားပိုးကောင်မှာ တံတွေးများ ယိုကျမတတ် ဖြစ်နေသည်။ "သခင်မ စိတ်မပူပါနဲ့၊ ကျွန်တော်က ခိုးစားတဲ့နေရာမှာ ဆရာကျပါတယ်။ ကျွန်တော် ခိုးစားနေတာကို ဘယ်သူမှ သိမှာ မဟုတ်ပါဘူး"

"မလုပ်နဲ့၊ မင်းသာ ခိုးစားရဲရင် မင်းကို ငါ အစိတ်ပေါင်း တစ်ရာ့ရှစ်ဆယ် အစိတ်စိတ်အမွှာမွှာ လှီးပစ်မယ်" မုန့်ဝမ်က သနားညှာတာမှုမရှိဘဲ ပြောလိုက်သည်။

နှလုံးစားပိုးကောင်မှာ ထိတ်လန့်သွားပြီး တံတွေးများကို ပြန်မျိုချကာ ပါးစပ်ကို တင်းတင်းပိတ်ထားလိုက်တော့သည်။ "သခင်မ စိတ်ချပါ၊ ကျွန်တော် လုံးဝ မခိုးစားပါဘူး အခုကစပြီး သခင်မ စားခိုင်းတာကိုပဲ စားပါ့မယ်"

နှလုံးစားပိုးကောင် လိမ္မာသွားသည်ကို မြင်ရမှ မုန့်ဝမ်၏ နှုတ်ခမ်းများ အသာအယာ တွန့်သွားပြီး တပည့်များ နေထိုင်ရာ အရပ်သို့ လျှောက်သွားခဲ့သည်။ ၎င်းသည် ယနေ့ ခိုးစားရဲလျှင် မနက်ဖြန် ခိုးနားထောင်ရဲလာပေလိမ့်မည်။ ထိုကဲ့သို့သော အကျင့်ဆိုးများ ရှိလာပါက အနာဂတ်တွင် သူမအတွက် ပြဿနာများ သေချာပေါက် ယူဆောင်လာနိုင်သည်။ ထို့ကြောင့် ထိုအန္တရာယ်ကို အစကတည်းက အမြစ်ဖြတ်ထားရမည် မဟုတ်ပါလား။

ရွှယ်လျန်ကျိ နှင့် ပတ်သက်၍မူ.. မုန့်ဝမ်သည် ဂိုဏ်းသို့ အပြန်လမ်းတွင် ရွှမ်ယင်ဂိုဏ်း၌ ချန်ထားခဲ့သော သူမ၏ ရုပ်သေးကိုယ်ပွား 'ဇီလင်' နှင့် လျှို့ဝှက်နည်းလမ်းဖြင့် ဆက်သွယ်ထားပြီး ဖြစ်သည်။ ဂိုဏ်းငါးဂိုဏ်းညီလာခံ တာဝန် ပျက်ကွက်မှုကြောင့် ရွှယ်လျန်ကျိ သည် ဂိုဏ်းတာဝန်အသစ်တစ်ခုကို လက်ခံကာ လွန်ခဲ့သော တစ်လကျော်ကတည်းက အပြင်သို့ ထွက်သွားခဲ့ကြောင်း ဇီလင်ထံမှ သိရှိခဲ့ရသည်။ ထို့ကြောင့် အနည်းဆုံးတော့ ရွှယ်လျန်ကျိ ပြန်မလာမချင်း သူမ၏ အခြေအနေမှာ ဘေးကင်းနေဦးမည် ဖြစ်သည်။

မုန့်ဝမ်၏ ပြန်ရောက်လာမှုက တပည့်အချို့၏ အာရုံစိုက်မှုနှင့် ပြောဆိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။

"ဟေး.. ကြည့်စမ်း၊ အဲဒါ စီနီယာအစ်မ မုန့် မဟုတ်လား လအနည်းငယ်အတွင်းမှာပဲ သူမရဲ့ ကျင့်ကြံခြင်းက ဒီလောက်အထိ တိုးတက်လာတာလား"

"သူမက ဂိုဏ်းငါးဂိုဏ်းညီလာခံကို သွားခဲ့တယ် မဟုတ်လား။ အဲဒီမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့လို့ ဂိုဏ်းကို လူအနည်းငယ်ပဲ ပြန်ရောက်လာကြတယ်လို့ ကြားတယ်"

ဂိုဏ်းသို့ အသစ်ရောက်လာသော တပည့်အချို့မှာမူ မုန့်ဝမ်က မည်သူမှန်း မသိသဖြင့် သတင်းများကို စူးစမ်းနားထောင်နေကြသည်။ မုန့်ဝမ်သည် ထိုဆူညံသံများကို ကြားရသောအခါ အကွာအဝေးတစ်ခုမှ ဂိုဏ်းသားအချို့ကို ကြည့်ပြီး သူမကိုယ်သူမ သဘောထားကြီးသည်ဟု ယူဆထားသော အပြုံးတစ်ခုကို ပြလိုက်သည်။

အချိန်အတော်ကြာသွားပြီဖြစ်ရာ သူမသည် သူမ၏ ချစ်လှစွာသော ဂိုဏ်းသားများကို အလွန်ပင် လွမ်းဆွတ်နေမိသည် ဖြစ်သည်။

All Chapters