← Chapters

အခန်း (၂၅၁)

Vol. 26 Ch. 251

အခန်း (၂၅၁)

Vol. 26 Ch. 251

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၅၁

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် ကွမ်ရှီးပြည်နယ်၏ မြေမျက်နှာပြင်ထက်မှ ပျောက်ကွယ်သွားပုံ ရ၏။

ကွမ်ကျိုးမြို့ ၊ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံးအတွင်းတွင် ဖြစ်သည်။ အနာဂတ် အမတ်ချုပ်ကြီးနေရာအတွက် လျာထားခြင်းခံရသည့် တာ့နင်အင်ပါယာ၏ အရပ်ဘက်အရာရှိကြီးများအနက် တစ်ဦးဖြစ်သော ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းသည် သူ့ရှေ့တွင် ဒူးထောက်နေသော လူကို ကြည့်လိုက်၏။

လော့ဝမ်သည် မိမိအိမ်တော် ဝင်ရောက်စီးနင်းခံရကြောင်း သိရှိပြီးနောက် နာရီဝက်ခန့် ကြောင်အမ်းသွားခဲ့ပြီး ပြတ်သားစွာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။ သူသည် အခြားသူများ ထင်ကြေးပေးထားသကဲ့သို့ လီမိသားစု စော်ဘွားစီရင်စုသို့ ထွက်ပြေးခဲ့ခြင်း မဟုတ်ဘဲ ကွမ်ကျိုးစီရင်စုသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်နှင့် ပြည်နယ်ဘုရင်ခံတို့သည် သဘောထားကွဲလွဲလေ့ ရှိကြသည်။ အပေါ်ယံတွင် လော့ဝမ်နှင့် ကောင်းထင်းတို့သည် တူညီပုံရပြီး သူတို့ကြားတွင် မည်သည့် ဆက်ဆံရေးမျှ မရှိသလောက်ပင်။ ထို့အပြင် ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ် ကောင်းထင်းသည် ရေကြောင်းကုန်သွယ်ရေး ၊ အရှေ့တောင်ပိုင်း ပင်လယ်နှင့် ကွမ်တုံနှင့် ဟိုင်နန် ဒေသ စစ်ဘက်ဆိုင်ရာ ကာကွယ်ရေးတို့ကို အာရုံစိုက်ထားသည်။

သို့သော် ထိုသို့ဖြစ်နေသည့်တိုင် ကွမ်ရှီးဘုရင်ခံ လော့ဝမ်သည် ကောင်းထင်းအပေါ် မကျေနပ်ကြောင်း လူသိရှင်ကြား ထပ်ခါတလဲလဲ ပြောဆိုခဲ့ဖူးပြီး ၊ ကွမ်ရှီးပြည်နယ်၏ ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်လွန်းသည်ဟု ခံစားခဲ့ရသည်။ သို့သော် ဤအရာသည် သူတို့နှစ်ဦးကြားမှ သရုပ်ဆောင်မှု တစ်ခုသာ ဖြစ်ကြောင်း မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

လော့ဝမ်နှင့် ကောင်းထင်းတို့ကြားတွင် အလွန် ရှုပ်ထွေးသော ဆက်ဆံရေး ရှိပြီး ၊ အထူးသဖြင့် အကျိုးစီးပွားနှင့် ပတ်သက်လျှင် ဖြစ်သည်။ ကွမ်ရှီးပြည်နယ်မှ နှစ်စဉ်ရရှိသော ငွေတုံး သန်းပေါင်းများစွာသော ကုန်သွယ်ရေး အမြတ်ငွေများအနက် သုံးပုံတစ်ပုံခန့်ကို ဤ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်က လျှို့ဝှက်စွာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ဤကောင်းထင်းသည် ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်သာမက တာ့နင်အင်ပါယာ၏ မြို့စားအဆင့်ရှိသူလည်း ဖြစ်သည်။ တာ့နင်အင်ပါယာတွင် အရပ်ဘက်အရာရှိ နည်းပါးစုသာ မြို့စားဘွဲ့ ရရှိကြပြီး ၊ သူတို့သည် ဘိုးဘေးများထံမှ အမွေဆက်ခံခြင်း သို့မဟုတ် စစ်ဘက်ဆိုင်ရာ စွမ်းဆောင်ရည်ကြောင့် ပေးအပ်ခြင်း ခံရသူများ ဖြစ်ကြသည်။

သို့သော် ကောင်းထင်းသည် မြို့စားနှင့် မှူးမတ်မျိုးရွယ်မှ ဆင်းသက်လာသော်လည်း နယ်စားဘွဲ့ကို သူ့ညီအတွက်စွန့်လွှတ်ခဲ့ပြီး နန်းတွင်းစာမေးပွဲမှတစ်ဆင့် အရာရှိလမ်းကြောင်းကို လျှောက်လှမ်းခဲ့သည်။ လွန်ခဲ့သော သုံးနှစ်က ရွှမ်တာ ဘုရင်ခံချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် စစ်ဘက်ဆိုင်ရာ ကုသိုလ်ကောင်းမှုများ ရရှိခဲ့ပြီး ၊ မြင့်မြတ်သော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သောကြောင့် အင်ပါယာ မြို့စားအဖြစ် ချီးမြှင့်ခံခဲ့ရသည်။

သူ့တွင် အခြားသော ဝိသေသတစ်ခု ရှိသေးသည် ၊ ထိုသည်မှာ ကမ္ဘာ့အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင် ဖန်းမိသားစု၏ သမက် ဖြစ်ခြင်းပင်။ သူသည် ယခုနှစ်မှ အသက် ၅၅ နှစ်သာ ရှိသေးပြီး ၊ မမျှော်လင့်ထားသော ကိစ္စရပ်များ မရှိခဲ့လျှင် နှစ်အနည်းငယ်အတွင်း တာ့နင်အင်ပါယာ၏ အဓိကပုဂ္ဂိုလ်ကြီးများအနက် တစ်ဦး ဖြစ်လာပေလိမ့်မည်။

“ဘုရင်ခံချုပ်မင်း ၊ ကျွန်တော်မျိုးကို ကယ်ပါဦး”

လော့ဝမ်သည် ဖရိုဖရဲ ဖြစ်နေပြီး ယခင်က ကျက်သရေရှိသော အသွင်အပြင် လုံးဝ မရှိတော့ဘဲ ကောင်းထင်းရှေ့တွင် ဒူးထောက်နေလိုက်သည်။

“ခင်ဗျား” ကောင်းထင်းက လော့ဝမ်ကို လက်ညှိုးထိုးပြီး စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောလိုက်သည်။ “ငွေတွေကို အိမ်မှာ မသိမ်းဘဲ ဘဏ်မှာ အပ်ထားဖို့ ကျုပ် ခင်ဗျားကို ဘယ်နှစ်ခါ ပြောခဲ့ပြီးပြီလဲ။ ခင်ဗျား ဘယ်နှစ်ခါ ကတိပေးခဲ့လဲ ၊ ဒါပေမဲ့ ခင်ဗျားက သန်းနဲ့ချီတဲ့ ငွေတုံးတွေကို အိမ်က လျှို့ဝှက်အခန်းထဲမှာ သိမ်းထားတုန်းပဲ။ တကယ်ကို တုံးအတာပဲ”

လော့ဝမ်က အသည်းအသန် ဦးခိုက်လိုက်သည်။

“ဘုရင်ခံချုပ်မင်း ၊ ညတိုင်း အဲဒီငွေတွေကို မြင်ရပြီး ထိတွေ့ရမှ ကျွန်တော်မျိုး စိတ်အေးချမ်းမှု ရနိုင်တာပါ”

“ခင်ဗျား ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံးကို လာတာ ဘယ်သူသိသေးလဲ” ကောင်းထင်းက မေးလိုက်သည်။

“မသိကြပါဘူး” လော့ဝမ်က ပြောလိုက်သည်။ “ကျွန်တော်မျိုး တစ်ယောက်တည်း ရုပ်ဖျက်ပြီး လာခဲ့တာပါ ၊ ကိုယ်လုပ်တော်နဲ့ သားကိုတောင် အသိမပေးခဲ့ပါဘူး”

“ခင်ဗျားဆီက ငွေတုံး သိန်းပေါင်းများစွာကို ပြည်သူပိုင် သိမ်းဆည်းလိုက်ပြီ ဆိုတော့ ၊ ခင်ဗျားရဲ့ အရာရှိလမ်းကြောင်းက ကယ်တင်လို့ မရတော့ဘူး” ကောင်းထင်းက ပြောလိုက်သည်။ “ခင်ဗျား ဘာလိုချင်တာလဲ”

လော့ဝမ်က ပြောလိုက်သည်။

“ကျွန်တော်တို့ ဖန်းအုပ်စုမှာ ကွမ်တုံနဲ့ ကွမ်ရှီး ပြည်နယ်လောက် ကျယ်ဝန်းတဲ့ ပင်လယ်ရပ်ခြား မြေနေရာတစ်ခု ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်။ အဲဒီမှာ ဒေသခံ သန်းပေါင်းများစွာကို ကျွန်ပြုထားတယ်။ ပြီးတော့ စစ်တပ်တွေနဲ့ သိုင်းသင်တန်းကျောင်းတွေ အဆက်မပြတ် တည်ထောင်ထားပေမဲ့ အရပ်ဘက်အရာရှိတွေကတော့ အရမ်း ရှားပါးတယ်။ ကျွန်တော် အဲဒီကို သွားပြီး အရပ်ဘက် အုပ်ချုပ်ရေးမှူး လုပ်ချင်ပါတယ် ၊ ပြည်နယ်ဘုရင်ခံအဖြစ် ဆက်ပြီး အမှုထမ်းချင်ပါတယ်”

မတော်တဆပင် လော့ဝမ်သည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ချလိုက်မိသည်။ တာ့နင်အင်ပါယာ အရပ်ဘက်အရာရှိများ၏ ခေါင်းဆောင် ၊ နှစ်ထောင်ချီ သက်တမ်းရှိသော ဖန်းမိသားစုသည် တကယ်ပင် ထူးခြားလှသည်။ ရေကြောင်းကုန်သွယ်ရေးတွင် ပါဝင်ရုံသာမက ပင်လယ်ရပ်ခြားတွင် လျှို့ဝှက်အခြေစိုက်စခန်းများပါ တည်ထောင်ထားခဲ့သည်။

ကောင်းထင်း၏ အကြည့်များ အေးစက်သွားသည်။

“များများသိလေ ၊ အသက်ရှည်ရှည်နေရဖို့ ခက်ခဲလေပဲ ၊ သတိထားပါ”

ဤကိစ္စသည် တာ့နင်အင်ပါယာတွင် အမှန်တကယ် ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သော်လည်း ၊ လော့ဝမ်သည် လျှို့ဝှက် ရေကြောင်းကုန်သွယ်ရေး များစွာတွင် ပါဝင်ခဲ့ဖူးသဖြင့် ဤအချက်ကို ကောက်ချက်ချမိခြင်း ဖြစ်သည်။

လော့ဝမ်က ပြောလိုက်သည်။

“ကျွန်တော်မျိုးမှာ ဉာဏ်ကုန်နေပါပြီ ၊ လမ်းတစ်ခုပဲ ရှိတော့တယ်။ ဖန်းအုပ်စုဆီမှာ သစ္စာဆို ခိုလှုံဖို့ပါပဲ။ ဘယ်လောက်ပဲ ပိုသိသိ ၊ ကျွန်တော်က ဖန်းအုပ်စုရဲ့ အိမ်ကျွန်တစ်ယောက် ဖြစ်လာမှာပါ”

ကောင်းထင်းက ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ ပင်လယ်ရပ်ခြား နယ်မြေမှာ ပြည်နယ်ဘုရင်ခံ ရာထူး မရှိဘူး ၊ အများဆုံး မြို့ဝန်ပဲ ရှိတယ်”

လော့ဝမ်၏ မျက်နှာ ရှုံ့မဲ့သွားသည်။

“မြို့ဝန် ၊ ဒါလည်း ဖြစ်ပါတယ်”

ပြည်နယ်ဘုရင်ခံအဆင့်မှ မြို့ဝန်အဆင့်သို့ လျှောကျသွားခြင်းသည် ရင်ကွဲစရာ ကောင်းသော်လည်း ထောင်ချခံရခြင်း သို့မဟုတ် လီသုံးထောင်အကွာသို့ ပြည်နှင်ဒဏ်ပေးခံရခြင်းထက် များစွာ သာလွန်ပေသည်။

ကောင်းထင်းက ပြောလိုက်သည်။

“ပင်လယ်ရပ်ခြား နယ်မြေဆိုတာ သခင်ကြီးရဲ့ ကိုယ်ပိုင်ပစ္စည်းပဲ။ အကယ်၍ ခင်ဗျား လာဘ်စားရင် ခေါင်းဖြတ်ခံရလိမ့်မယ်။ သခင်ကြီးက ဧကရာဇ်ထျန်ယွင်လို အနိုင်ကျင့်လို့ လွယ်တဲ့သူ မဟုတ်ဘူး”

“ဟုတ်ကဲ့ပါ” လော့ဝမ်က ဦးခိုက်လိုက်သည်။ “သခင်ကြီးက ကျွန်တော်မျိုးကို ချမ်းသာကြွယ်ဝပြီး ဂုဏ်ရှိတဲ့ ဘဝမျိုးနဲ့ နေနိုင်ဖို့ လုံလောက်တဲ့ ငွေကြေး ထောက်ပံ့ပေးသရွေ့ ၊ ကျွန်တော်မျိုး အစွမ်းကုန် ပေးဆပ်ပါ့မယ် ၊ သေတဲ့အထိပါပဲ”

ကောင်းထင်းက လော့ဝမ်ကို ခဏတာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကျုပ် ခင်ဗျားကို မေးမယ် ၊ အကယ်၍ ခင်ဗျား ဂျာဗားမှာ ရှိတဲ့ ကျွန်တော်တို့ရဲ့ ပင်လယ်ရပ်ခြား နယ်မြေကို သွားမယ်ဆိုရင် ၊ ပထမဆုံး ဦးစားပေးရမယ့် အရာက ဘာလဲဆိုတာ သိလား”

လော့ဝမ်က ဦးခိုက်လျက် ပြောလိုက်သည်။

“သိပါတယ် ၊ တာ့နင်အင်ပါယာရဲ့ ရေကြောင်းကုန်သွယ်ရေးကို လုံးဝ ပိတ်ဆို့ပြီး လက်ဝါးကြီးအုပ်ဖို့ပါ ၊ တာ့နင်အင်ပါယာအနေနဲ့ ကမ္ဘာကြီးကို မျက်စိဖွင့်မကြည့်နိုင်အောင် လုပ်ဖို့ပါ။ တာ့နင်အင်ပါယာရဲ့ ကြွယ်ဝတဲ့ သယံဇာတတွေကို အသုံးပြုပြီး ပင်လယ်ရပ်ခြားက ကျွန်တော်တို့ရဲ့ လွတ်လပ်သော နိုင်ငံကို အားဖြည့်ပေးဖို့ပါ”

အကယ်၍ တုပိုင်သာ ဤအကြောင်းကို သိရှိခဲ့လျှင် သူ သေချာပေါက် အာမေဋိတ် ပြုမိပေလိမ့်မည်။

‘ဒါ ဗြိတိသျှအင်ပါယာရဲ့ အရှေ့အိန္ဒိယကုမ္ပဏီ မော်ဒယ် မဟုတ်ဘူးလား’

‘ရှေးခေတ် တရုတ်ပြည်က အရပ်ဘက်အရာရှိတွေနဲ့ ကုန်သည်ပွဲစားတွေက အမြော်အမြင် တိုတောင်းတယ်လို့ လူတိုင်း ပြောကြတယ် မဟုတ်လား။ ဖန်းမိသားစု ဦးဆောင်တဲ့ အကျိုးစီးပွား အုပ်စုကကျ ဘာလို့ ဒီလောက် အံ့မခန်း အမြော်အမြင် ကြီးမားနေရတာလဲ’

‘ပင်လယ်ရပ်ခြား အခြေစိုက်စခန်းတွေ တည်ထောင်တယ်တဲ့လား။ ဝိညာဉ်ကူးပြောင်းလာသူ ဖြစ်တဲ့ ငါတောင် အဲဒါကို မလုပ်ရသေးဘူး ၊ တာ့နင်အင်ပါယာက ဒေသခံတွေက အောင်မြင်အောင် လုပ်နိုင်ခဲ့ကြပြီပဲ’

ကောင်းထင်းက ပြောလိုက်သည်။

“ခင်ဗျား ပင်လယ်ပြင်ကို ထွက်ခွာဖို့ ကျုပ် လူလွှတ်ပြီး စီစဉ်ပေးမယ်။ ခင်ဗျားရဲ့ ရာထူးကိစ္စကိုတော့ ဆုံးဖြတ်ချက် မချခင် သခင်ကြီးဆီ အစီရင်ခံရဦးမယ်။ ပြင်ဆင်ထားလိုက် ၊ ခင်ဗျား ချက်ချင်း ရေကြောင်းကနေ ထွက်ခွာရမယ်”

လော့ဝမ်က ပြောလိုက်သည်။

“ကျွန်တော်မျိုး နှစ်ရက်လောက် စောင့်ပါရစေဦး ၊ နှစ်ရက်တည်းပါ”

“ဘာအတွက်လဲ”

“သတင်းတစ်ခု စောင့်နေလို့ပါ ၊ နှစ်ရက်ဆို လုံလောက်ပါပြီ။ ဒီသတင်းကို မရရင် ကျွန်တော် သေရင်တောင် မျက်လုံးမှိတ်နိုင်မှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံးထဲမှာ ကျွန်တော် အရမ်း လုံခြုံပါတယ် ၊ ကျွန်တော် ဒီမှာ ရှိနေတာ ဘယ်သူမှ မသိပါဘူး”

**--**--**--**--**--**--**--**

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ။

တုပိုင်၏ အစစ်အမှန် သင်္ချာအဆင့်အတန်းကို မည်သူမျှ မသိကြပေ။ အမှန်တကယ်အားဖြင့် မိန်းမစိုးဂိုဏ်းအကယ်ဒမီတွင် စာသင်ကြားခဲ့သည့် နှစ်များတစ်လျှောက် တုပိုင်သည် သင်္ချာစာမေးပွဲတွင် အမြဲလိုလို သုညသာ ရရှိခဲ့သည်။ နင်ဇောင်ဝူ တစ်ယောက်တည်းသာ တုပိုင်၏ သင်္ချာစွမ်းရည် မည်မျှ ကြောက်စရာကောင်းကြောင်း သိရှိသည်။

ခေတ်သစ်ကမ္ဘာမြေမှ လာသော တုပိုင်သည် အနည်းဆုံး နာမည်ကြီး တက္ကသိုလ်တစ်ခုမှ မဟာဘွဲ့ ရရှိထားသူ ဖြစ်သည်။ သူ့၏ သင်္ချာစွမ်းရည်သည် ဤကမ္ဘာထက် ရာစုနှစ်တစ်ခုမက ရှေ့ပြေးနေသည်။ ထို့အပြင် သူသည် အခြားသူများနှင့်ယှဥ်လျှင် မိစ္ဆာဘုရင်အဆင့်တွင် ရှိသည်။

“ဟာ ၊ ဘုရားရေ”

“ဒါက အရမ်း ခက်လွန်းတယ်”

“ငါ ဒီမေးခွန်းတွေကို တစ်ခါမှ မသင်ဖူးဘူး ၊ ဘယ်လို ဖြေရမလဲဆိုတာ လုံးဝ မသိတော့ဘူး”

“ဒါက သင်္ချာစာမေးပွဲ ဟုတ်ရဲ့လား။ မေးခွန်းထဲက စာလုံးတိုင်းကို ငါ ဖတ်တတ်ပေမဲ့ ၊ ပေါင်းစပ်လိုက်တဲ့အခါ ဘာကို ဆိုလိုမှန်း လုံးဝ နားမလည်တော့ဘူး”

စာမေးပွဲခန်းမထဲမှ ညည်းညူသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ စာမေးပွဲစစ်ဆေးသူ ကုန်းကုန်းအကြီးအကဲများသည် စိတ်ထဲတွင် ကျေနပ်စွာဖြင့် မထီမဲ့မြင် ပြုံးလိုက်ကြသည်။

‘မင်းတို့က စာမေးပွဲမေးခွန်းတွေကို ပြောင်းချင်တယ် ဆို။ အခုတော့ ရပြီလေ’

ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ နောက်ဆုံးမိနစ်တွင် မေးခွန်းလွှာ ပြောင်းလဲပေးရန် တောင်းဆိုမှုကို ရင်ဆိုင်ရသောအခါ ၊ စာမေးပွဲစစ်ဆေးသူ ကုန်းကုန်း ငါးဦးသည် ဂုဏ်သိက္ခာအတွက်ကြောင့် မလိုလားဘဲ လိုက်လျောခဲ့ရသည်။ သို့သော် သူတို့သည် ဒေါသထွက်နေကြသဖြင့် မေးခွန်းများကို အလွန်အမင်း ခက်ခဲအောင် ပြုလုပ်ခဲ့ကြသည်။ မိမိတို့၏ နေရာကို မသိသော ဤဖြေဆိုသူများကို ပြင်းပြင်းထန်ထန် နှိပ်စက်ရန် ရည်ရွယ်ချက်သက်သက်ဖြင့် ဖြစ်သည်။

အခြားသူများကို ထားလိုက်ဦး ၊ ထူးချွန်ကျောင်းသား ယန်ရှီပင်လျှင် ဤမေးခွန်းများကို မြင်သောအခါ မျက်မှောင်ကြုတ်သွားခဲ့သည်။ တကယ်ကို အလွန်အမင်း ခက်ခဲလွန်းသည်။ မျက်နှာအမူအရာ ပုံမှန်အတိုင်း ရှိနေသူမှာ ထန်ယန် တစ်ယောက်တည်းသာ ရှိလောက်သည်။

အတိုင်းအတာ တစ်ခုအထိ ထန်ယန်သည် တကယ်ပင် ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်သည်။ မိန်းမစိုးဂိုဏ်း၏ အဖွဲ့ဝင် မဖြစ်လာမီက သူသည် သင်္ချာလေ့လာရာတွင် အချိန်များစွာ မပေးခဲ့ပေ။ လွန်ခဲ့သော နှစ်နှစ် သုံးနှစ်အတွင်းမှသာ အလေးအနက်ထား လေ့လာခဲ့ခြင်း ဖြစ်သည်။ သူ့၏ ပါရမီသည် ရိုးရှင်းစွာပင် မြင့်မားလွန်းလှသည်။ နောက်ဆုံးတွင် သူ့၏ သင်္ချာနည်းပြဆရာက ထန်ယန်ကို သင်ပေးစရာ ဘာမှ မရှိတော့ကြောင်း တိုက်ရိုက် ပြောကြားခဲ့သည်။

ဤသင်္ချာစာမေးပွဲ မေးခွန်းလွှာတွင် စုစုပေါင်း မေးခွန်း ဆယ်ပုဒ် ပါရှိပြီး ဖြေဆိုချိန် သုံးနာရီခွဲ ဖြစ်သည်။ ခေတ်သစ်ကမ္ဘာမြေမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ သင်္ချာဖြေဆိုချိန် နှစ်နာရီခွဲထက် များစွာ ပိုရှည်သည်။ ရွေးချယ်စရာ မရှိပေ။ ဤကမ္ဘာမှ သင်္ချာပညာ အများစုသည် ရေတွက်သည့် တုတ်ချောင်းများကိုသာ အားကိုးနေရဆဲ ဖြစ်ပြီး ပေသီးကိုပင် မသုံးကြသေးချေ။ စာရွက်ပေါ်တွင် တွက်ချက်ရန် ဖော်မြူလာမျိုးစုံ သုံးဖို့ နေနေသာသာ အာရပ်ကိန်းဂဏန်းများပင် ကျယ်ကျယ်ပြန့်ပြန့် ခေတ်မစားသေးပေ။

ထန်ယန်သည် မယုံနိုင်လောက်အောင် ထူးချွန်ပြီး တွက်ချက်မှု အများအပြားကို စိတ်တွက်ဖြင့် လုံးဝ တွက်ချက်နိုင်သည်။ သို့သော် ပိုမို ရှုပ်ထွေးသော တွက်ချက်မှုများ ပါဝင်လာပါက သူလည်း ရေတွက်သည့် တုတ်ချောင်းများကို အသုံးပြုရသည်။ အခြားဖြေဆိုသူများအတွက် အလွန် ခက်ခဲနေပြီဖြစ်သော ပထမဆုံး မေးခွန်းခြောက်ခုသည် ထန်ယန်အတွက်မူ အလွန် လွယ်ကူနေသည်။

သတ္တမမြောက် မေးခွန်းသည် အတော်လေး ခက်ခဲနေပြီ ဖြစ်ပြီး ၊ ထန်ယန်သည် ဖြေရှင်းရန် နာရီဝက်ခန့် အချိန်ယူခဲ့ရသည်။ အဋ္ဌမမြောက် မေးခွန်းသည်လည်း အလွန် ခက်ခဲနေဆဲ ဖြစ်သော်လည်း ထန်ယန်သည် နာရီဝက်အတွင်း ဖြေရှင်းနိုင်ခဲ့သည်။

နဝမမြောက် မေးခွန်းသည် ထန်ယန်အတွက်ပင်လျှင် အလွန်အမင်း ခက်ခဲနေသည်။ သူသည် တစ်နာရီတိတိ စဉ်းစားခဲ့ပြီးနောက် ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားကာ နဝမမြောက် မေးခွန်းကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။

ဒသမမြောက် မေးခွန်းအတွက်မူ ဉာဏ်ကြီးရှင် ထန်ယန်ပင်လျှင် လုံးဝ သဲလွန်စ မရရှိတော့ပေ။

အပိုင်း ၂၅၁ ပြီး။

All Chapters