← Chapters

အခန်း (၂၆၀)

Vol. 26 Ch. 260

အခန်း (၂၆၀)

Vol. 26 Ch. 260

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၂၆၀

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည် တစ်ထောင်ကျော်သည် နန်ဟိုင်သိုင်းသင်တန်းကျောင်းအတွင်းသို့ ဝင်ရောက်လာကြသည်။

ကျောင်းသားစစ်သည်များသည် ကျောင်းသားစစ်သည်များသာ ဖြစ်ကြသည်။ အရေအတွက် များနေလျှင်ပင် သတ္တိမရှိလျှင် ၊ သွေးစိမ်းရှင်ရှင် မမြင်ဖူးလျှင် သူတို့ကို စစ်သည်ဟုပင် မခေါ်သင့်ချေ။ ကျောင်းသားက ကျောင်းသားသာဖြစ်ပြီး မိန်းမစိုးဂိုဏ်းကလို တကယ့် အစစ်အမှန်စစ်သည်များ မဟုတ်ပေ။

၁၅ မိနစ် မပြည့်ခင်မှာပင် ကျူးဝူယာ အလွန်မျှော်လင့်ထားသော ကျောင်းသားစစ်သည် နှစ်ထောင် ၊ သုံးထောင်၏ ခံစစ်သည် လုံးဝ ကျိုးပျက်သွားခဲ့ပြီ ဖြစ်သည်။

ဤအချိန်တွင် သူတို့က ဆက်လက်ပြီး ခုခံတိုက်ခိုက်နေကြသေးသော်လည်း သူတို့၏ စိတ်ဓာတ်ခွန်အားမှာ ကျိုးပဲ့ပျက်စီးသွားပြီ ဖြစ်သည်။ လီဝမ်ဟွေ့သည် မျှော်စင်ကို ဝိုင်းရံရန် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို ဦးဆောင်လာခဲ့ရာ ကျူးဝူယာ၏ အခြေအနေမှာ ရှုံးနိမ့်သွားပြီ ဖြစ်သည်။

ကျူးဝူယာသည် အောက်ဘက်ရှိ တိုက်ပွဲကို လှမ်းကြည့်လိုက်သည် ၊ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို ကြည့်လိုက်သည် ၊ အရေအတွက် တိုးပွားလာသော အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို ကြည့်လိုက်ပြီး သူ၏ နှလုံးသားသည် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားလေသည်။

သူ လီဝမ်ဟွေ့၏ လက်ထဲသို့ လုံးဝ အရောက်ခံ၍ မဖြစ်ပေ။ သို့မဟုတ်ပါက အကျိုးဆက်သည် တွေးကြည့်၍ပင် ရနိုင်မည် မဟုတ်ချေ။ ရုတ်တရက် ကျူးဝူယာ ဟိန်းဟောက်လိုက်သည်။ “လီဝမ်ဟွေ့ ၊ ငါ့ကျောင်းသားတွေကို မသတ်နဲ့။ ဘာကိစ္စပဲရှိရှိ ငါ့ဆီလာခဲ့”

'သောက်ကျိုးနည်း ၊ မင်းက မင်းရဲ့ ကျောင်းသားတွေကို ဒီလောက်ချစ်ရင် ခုနတုန်းက ဘယ်ရောက်နေတာလဲ။ အခု ဒီကျောင်းသားစစ်သည်တွေ အကုန်သေတော့မဲ့အချိန်ကျမှ မင်းက တရားမျှတချင်ယောင် ဆောင်နေတာလား။'

ကျူးဝူယာ မျှော်စင်ပေါ်မှ ဖြည်းညှင်းစွာ လျှောက်ဆင်းလာပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။ “လီဝမ်ဟွေ့ ၊ ငါ့ကျောင်းသားတွေကို မသတ်နဲ့။ ငါတို့ကိစ္စကို ငါတို့နှစ်ယောက်ပဲ ဖြေရှင်းကြမယ်။"

ထိုစကား ထွက်ပေါ်လာသည်နှင့် နန်ဟိုင်သိုင်းသင်တန်းကျောင်းမှ ကျောင်းသားစစ်သည်များသည် ချက်ချင်း မျက်ရည်ကျလုမတတ် စိတ်လှုပ်ရှားသွားကြ၏။

'ခုနလေးတင် ဒီကျောင်းသားတွေကို အမြောက်စာအဖြစ် အသုံးပြုခဲ့သူက မင်း ၊ အခု အခြေအနေ မကောင်းတော့တဲ့အခါ ကျောင်းသားတွေကို ကိုယ့်သားသမီးအရင်းလို ချစ်ပြနေသူကလည်း မင်းပါပဲလား။' မိန်းမစိုးဂိုဏ်းသားများက မျက်လုံးလှိမ့်လိုက်ကြသည်။

“လီဝမ်ဟွေ့ ၊ တိုက်ခိုက်ကြစို့။ အကယ်၍ ငါရှုံးရင် ဒီကျောင်းသားစစ်သည်တွေကို လက်နက်ချခိုင်းပြီး ခုခံတာ ရပ်ခိုင်းလိုက်မယ်။ ငါ အရှုံးပေးမယ်” ကျူးဝူယာက နှလုံးကွဲမတတ် အော်ဟစ်လိုက်သည်။ “အကယ်၍ ငါနိုင်ရင် ငါ့ကျောင်းသားတွေကို လွှတ်ပေးပါ ၊ နောက်ထပ် သတ်ဖြတ်တာတွေ မလုပ်ပါနဲ့တော့။ သူတို့က အရမ်း ငယ်ပါသေးတယ်”

“သူတို့က တာ့နင်အင်ပါယာရဲ့ အနာဂတ်တွေပါ။ ငါ မင်းကို တောင်းပန်ပါတယ်။ နောက်ထပ် သတ်ဖြတ်တာတွေ မလုပ်ပါနဲ့တော့။ ဘာကိစ္စရှိရှိ ငါ့ဆီလာခဲ့ပါ” ကျူးဝူယာသည် တုန်ယင်မေသော အသံဖြင့်ပြောလိုက်ပြီး ဆင်းလာသည်။ “လီဝမ်ဟွေ့ ၊ ငါတို့နှစ်ယောက် သေရှင်တိုက်ပွဲ ဆင်နွှဲကြမယ်။ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ကံတရားအတိုင်းပဲ ၊ ဘယ်လိုလဲ”

'ဒီနန်ဟိုင်သိုင်းသင်တန်းကျောင်းက ကျောင်းသားစစ်သည်တွေကို သေလမ်းသွားဖို့ လှည့်ဖြားခဲ့တာ မင်း ကျူးဝူယာပဲလေ။ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်ထိ အရှက်မဲ့နိုင်ရတာလဲ။' ဤကျူးဝူယာသည် ပန်းနုသွေး​တာအိုတွင် ပန်းနုသွေးထပ်ပင် ပို၍ဆရာကျနေသည်။

လီဝမ်ဟွေ့သည် ဖြည်းညှင်းစွာ လျှောက်ဆင်းလာသော ကျူးဝူယာကို ကြည့်လိုက်ပြီး နှလုံးသားထဲတွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်သွားသည်။

ဤအချိန်တွင် ကျူးဝူယာသည် သူရဲကောင်းတစ်ယောက်ကဲ့သို့ လျှောက်လှမ်းလာသေးသည်။ ဤကမ္ဘာလောက၏ နိုင်ငံရေးဇာတ်ခုံသည် သရုပ်ဆောင်များအတွက် သီးသန့် ပြင်ဆင်ထားသည်မှာ အမှန်ပင် ဖြစ်သည်။

ကျူးဝူယာ လီဝမ်ဟွေ့၏ ရှေ့သို့ လျှောက်သွားပြီး တစ်လုံးချင်း ပြောလိုက်သည်။ “ငါ့ကျောင်းသားတွေကို လွှတ်ပေးရင် ငါ မင်းနဲ့ သေရှင်တိုက်ပွဲ ဆင်နွှဲမယ်။ မင်း ရဲလား”

လီဝမ်ဟွေ့ မထီမဲ့မြင် ပြုံးလိုက်သည်။ “မင်း ဘာတွေးနေလဲဆိုတာ ငါသိတယ်။ ငါသာ မင်းကို သဘောတူလိုက်ရင် ငါက အရူးဖြစ်သွားမှာပေါ့”

ကျူးဝူယာ၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး ပြောလိုက်သည်။ “မင်းက ငါ့ကျောင်းသားတွေကို မလွှတ်ပေးချင်ဘူးပေါ့။ မင်းက သူတို့အားလုံးကို သတ်ဖြတ်ပစ်ချင်နေတာလား။ မင်း ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ။ သူတို့တွေက အင်ပါယာရဲ့ တက်သစ်စတွေပါ”

ဤလူသည် အမှန်တကယ်ပင် အစွန်းကုန် အရှက်မဲ့လှသည်။ ကျောင်းသားအားလုံး၏ သေဆုံးမှုကို သူ့ကိုယ်ပေါ်သို့ အတင်းအကြပ် ဆွဲတင်ပြီး ကိုယ်ကျင့်တရားဆိုင်ရာ အသာစီးရယူမှုကို အမြဲတမ်း သိမ်းပိုက်ချင်နေသည်။

“ငါ့စကားကို ဆုံးအောင် နားထောင်ဦး” လီဝမ်ဟွေ့က ပြောလိုက်သည်။ “ငါက ပြောခဲ့တယ်လေ ၊ အကယ်၍ ငါက မင်းနဲ့ တိုက်ဖို့ သဘောတူလိုက်ရင် ငါက အရူးဖြစ်သွားမယ်လို့။ ဒါပေမဲ့ ၊ ငါက အမြဲတမ်း အရူးတစ်ယောက် ဖြစ်ခဲ့တာပဲ။ ငါ သဘောတူတယ်။ မင်းနဲ့ ငါ သေရှင်တိုက်ပွဲ ဆင်နွှဲကြမယ်။ အကယ်၍ ငါနိုင်ရင် မင်း အရှုံးပေးပြီး မင်းရဲ့ ကျောင်းသားစစ်သည်တွေကို လက်နက်ချခိုင်းရမယ်”

“အကယ်၍ ငါနိုင်ရင်ရော” ကျူးဝူယာက မေးလိုက်သည်။

လီဝမ်ဟွေ့က ပြောလိုက်သည်။ “မင်းရဲ့ စရိုက်နဲ့ဆိုရင် ၊ မင်းနိုင်သွားရင် ငါ့အသက်ကို ချမ်းသာပေးမှာမို့လို့လား”

ထို့နောက် လီဝမ်ဟွေ့က ပြောလိုက်သည်။ “အားလုံး ခြေလှမ်း တစ်ရာ နောက်ဆုတ်ကြ”

ချက်ချင်းပင် အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များနှင့် နန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းသားစစ်သည်များသည် ခြေလှမ်း တစ်ရာစီ နောက်ဆုတ်လိုက်ကြပြီး စက်ဝိုင်းပုံစံ ဖြစ်သွားကာ သဘာဝအတိုင်း ကွင်းပြင် ဖြစ်လာခဲ့သည်။

“စကားများမနေနဲ့တော့ ၊ စကြစို့” လီဝမ်ဟွေ့က ပြောလိုက်သည်။

ကျူးဝူယာက တိုးတိုးလေး ပြောလိုက်သည်။ “လီဝမ်ဟွေ့ ၊ မင်း ဒီလောက်ထိ မိုက်မဲမယ်လို့ ငါ တကယ် မထင်ထားဘူး။ ငါက သေချာပေါက် ကျဆုံးတော့မယ့် အခြေအနေရောက်နေတာကို မင်းက ဘာလို့ ငါ့စကားကို နားယောင်ပြီး တိုက်ရတာလဲ။ မင်း တကယ်ကို ယုံကြည်နိုင်စရာ မကောင်းလောက်အောင် တုံးအတာပဲ”

လီဝမ်ဟွေ့က ပြောလိုက်သည်။ “မင်းပြောသလိုပဲ ၊ ငါက အရမ်းမိုက်မဲတယ်။ ပြီးတော့ မင်းရဲ့ လှုံ့ဆော်မှုကြောင့် ဒီမိုက်မဲတဲ့ ကျောင်းသားစစ်သည်တွေ ထပ်ပြီး သေဆုံးရတာကို ငါ မမြင်ချင်ဘူး”

ကျူးဝူယာက ပြောလိုက်သည်။ “ဒါပေမဲ့ ခုနတုန်းက သတ်ဖြတ်ရတာကို အနှစ်သက်ဆုံးက မင်းပဲလေ”

လီဝမ်ဟွေ့က ပြောလိုက်သည်။ “လိုအပ်တဲ့ အခိုက်အတန့်တွေမှာ သတ်ဖြတ်မှုတွေ ရပ်တန့်သွားဖို့အတွက် သတ်ဖြတ်ခြင်းကသာ သတ်ဖြတ်မှုကို လျှော့ချနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ”

“အထင်ကြီးစရာပဲ ၊ အထင်ကြီးစရာပဲ” ကျူးဝူယာ မထီမဲ့မြင် ပြုံးလိုက်သည်။ “မင်းရဲ့ မိုက်မဲမှုက ကောင်းကင်ကိုတောင် ထိုးဖောက်သွားပြီ။ မင်းက နိုင်နေပြီသားကို ငါနဲ့ နှစ်ယောက်ခြင်းတိုက်ဖို့ သဘောတူလိုက်သေးတယ်။ မင်းက ကိုယ့်သေလမ်း ကိုယ်ရှာတာပဲ”

ထို့နောက် ကျူးဝူယာသည် သနားစဖွယ် ဟိန်းဟောက်လိုက်ပြန်သည်။ “လီဝမ်ဟွေ့ ၊ ဒီည ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ၊ ကျေးဇူးပြုပြီး ငါ့ကျောင်းသားတွေကို လွှတ်ပေးပါ။ နောက်ထပ် သတ်ဖြတ်တာတွေ မလုပ်ပါနဲ့တော့။ ငါ မင်းကို တောင်းပန်ပါတယ်”

ထိုသို့ ပြောပြီးသည်နှင့် ချက်ချင်းပင် လီဝမ်ဟွေ့တစ်ယောက်တည်း ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ “လီဝမ်ဟွေ့ ၊ မင်းက အဆင့် ၂ သိုင်းပညာရှင် မဟုတ်လား။ ဒါဆိုရင် ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ငါက ငါ့ရဲ့ အင်အားကို အမြဲတမ်း ဖုံးကွယ်ထားခဲ့တာ။ တကယ်တော့ ငါက အဆင့် ၁ သိုင်းပညာရှင် ဖြစ်လုဆဲဆဲပဲ”

“ကျောင်းသားစစ်သည် အားလုံး ၊ ဒီတိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုပဲ ဖြစ်နေပါစေ ၊ ကျေးဇူးပြုပြီး ကောင်းကောင်းမွန်မွန် အသက်ရှင်ကြပါ ၊ အင်ပါယာအတွက် ဆက်လက် အမှုထမ်းကြပါ။ နန်ဟိုင်သိုင်းသင်တန်းကျောင်းရဲ့ သိုင်းပညာ လေ့ကျင့်မှုတွေကို ဘယ်တော့မှ မမေ့ကြနဲ့” ကျူးဝူယာ ဟိန်းဟောက်လိုက်သည်။

ချက်ချင်းပင် နန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းသားစစ်သည် အများအပြားသည် စိတ်လှုပ်ရှားစွာဖြင့် ဒူးထောက်လိုက်ကြပြီး အော်ဟစ်လိုက်ကြသည်။ “ကျောင်းအုပ်ကြီး ဝူယာ”

“အလွန်တရာ မိုက်မဲတဲ့ လီဝမ်ဟွေ့ ၊ မင်းရဲ့ ရိုးအမှုကြောင့် ခါးသီးတဲ့ အကျိုးဆက်ကို ခံစားလိုက်စမ်း” ကျူးဝူယာက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “သေရှင်တိုက်ပွဲ ၊ သေခြင်းရှင်ခြင်းက ကံတရားပဲ။ သေလိုက်တော့ လီဝမ်ဟွေ့”

ထို့နောက် အဆင့် ၁ သိုင်းပညာရှင် ဖြစ်လုဆဲဆဲ ၊ နန်ဟိုင်သိုင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး ၊ ကွမ်ရှီးပြည်နယ်၏ စစ်သေနာပတိချုပ်ဟောင်း ဖြစ်သူ ကျူးဝူယာသည် လျှပ်စီးနှင့် မိုးကြိုးကဲ့သို့ ရုတ်တရက် ဓားကို ဆွဲထုတ်လိုက်သည်။

လီဝမ်ဟွေ့သည်လည်း စစ်ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်စွာ ပိုင်းချလိုက်သည်။

“ရွှီးးးး”

ဆရာသခင်ကြီးများကြား တိုက်ပွဲသည် အမြဲတမ်း သိုင်းကွက်တစ်ခုသာ ရှိသည်။ ထိုသိုင်းကွက်တစ်ခုထက် ကျော်လွန်သော အရာအားလုံးသည် ပိုလျှံနေသော အရာများသာ ဖြစ်သည်။

သိုင်းကွက်တစ်ခုတည်းဖြင့် တိုက်ပွဲစတင်ခဲ့ပြီး ၊ တိုက်ပွဲ ပြီးဆုံးသွားသည်။ ကျူးဝူယာသည် သူ၏ ပေါင်ကြားထဲတွင် အေးစက်မှုကို ခံစားလိုက်ရသဖြင့် ချက်ချင်း ငုံ့ကြည့်လိုက်ပြီးနောက် ယခင်က မကြုံဖူးသော စူးရှလွန်းသည့် နာကျင်စွာ အော်ဟစ်သံကြီးကို ထုတ်ဖော်လိုက်လေသည်။

သိုင်းကွက်တစ်ခု အပြီးတွင် ကျူးဝူယာသည် သူ သေချာပေါက် နိုင်မည်ဟု ယုံကြည်ခဲ့ပြီး ၊ လီဝမ်ဟွေ့ကို သေချာပေါက် သတ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာမှ မရရှိခဲ့ဘဲ တစ်စုံတစ်ခု ဆုံးရှုံးသွားသည်ဟူသော ခံစားချက်မျိုးသာ ရရှိခဲ့သောကြောင့် ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့် လီဝမ်ဟွေ့၏ ရင်ဘတ်ပေါ်တွင် သွေးစွန်းနေသော ဒဏ်ရာတစ်ခု ရှိနေသည်။ ထို့ကြောင့် သူ နိုင်ပြီဟု ထင်ခဲ့သည်။

သို့သော် တစ်စုံတစ်ခု ဆုံးရှုံးသွားသည်ဟူသော ခံစားချက်လည်း ရရှိနေသည်။ ထို့အပြင် လူတိုင်း၏ အကြည့်များသည် သူ့အောက်ပိုင်းသို့ ရောက်ရှိနေကြသည်။ သူ ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရသဖြင့် ငုံ့ကြည့်လိုက်သည်။

ချက်ချင်းပင် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို တွေ့လိုက်ရသည်။

သူ၏ အောက်ပိုင်းဒေသသည် သွေးများဖြင့် ရှုပ်ပွနေပြီး ၊ အရှင်လတ်လတ် သင်းကွပ်ခံလိုက်ရကာ အမြစ်ပါ ပြတ်ထွက်သွားခြင်း ဖြစ်သည်။

“အားးး ၊ အားးးး ၊ အားးး”

“မြန်မြန် ၊ မြန်မြန် ၊ ကောက်ပြီး ပြန်ဆက်ပေးကြပါ ၊ သုံးလို့ရသေးတယ် ၊ သုံးလို့ရသေးတယ်” ကျူးဝူယာ ထိတ်လန့်တကြား ပြောလိုက်သည်။

ဤသည်က သူ့ရဲ့ ပထမဆုံး အလိုအလျောက် တုံ့ပြန်မှု ဖြစ်သည်။ ဒေါသထွက်ခြင်း မဟုတ်ဘဲ ကြောက်ရွံ့ခြင်း ဖြစ်သည်။

သူ့မှာ စံစားစရာ အလှပဂေးတွေ မရေမတွက်နိုင်အောင် ရှိနေသေးတယ် ၊ သူ့မှာ ဂုဏ်သိက္ခာနဲ့ စည်းစိမ်ဥစ္စာတွေ ရှိနေသေးတယ်။ အကယ်၍ အဲဒီအရာ ပြတ်သွားရင် ဘဝက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။

သူ့ထံတွင် စံစားစရာ အလှပဂေးများ ရိုက်သတ်၍ မကုန်အောင်ရှိ​နေသေးသည်။ သို့သော် ရွှေဂျိုးလေးမရှိတော့လျှင် မည်သည်နှင့် ထိုးရမည််နည်း။ လက်ညှိိုးနှင့်လော။ ရက်ရက်စက်စက် ပက်ပက်စက်စက် သောက်ကျိုးနည်းလှ၏။

“မြန်မြန်လုပ်ကြ ၊ ပြန်ဆက်ရင် သုံးလို့ရသေးတယ်” ကျူးဝူယာ မရပ်မနား အော်ဟစ်နေသည်။

လီဝမ်ဟွေ့ ရှေ့သို့ တိုးလာပြီး ကျူးဝူယာထံမှ ပြတ်ထွက်သွားသော အရာကို ပြင်းပြင်းထန်ထန် နင်းချေလိုက်ရာ ချက်ချင်းပင် ကြေမွသွားတော့သည်။

“အခုတော့ သုံးလို့မရတော့ဘူး” လီဝမ်ဟွေ့က တည်ငြိမ်စွာ ပြောလိုက်သည်။

“ပြီးသွားပြီ ၊ ပြီးသွားပြီ” ကျူးဝူယာ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး လုံးဝ စိတ်ပျက်အားငယ်သွား၏။

သူ တော်တော်ကြာကြာ ကြောင်အနေပြီးနောက် လီဝမ်ဟွေ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ ကျူးဝူယာ စကားထစ်အငေါ့ငေါ့ဖြင့် မေးလိုက်သည်။ “ဘာလို့လဲ။ ငါက သေချာပေါက် နိုင်ရမှာလေ ၊ ပြီးတော့ မင်းက သေချာပေါက် သေရမှာ”

သူက လီဝမ်ဟွေ့ ရင်ဘတ်ပေါ်မှ ဒဏ်ရာကို ညွှန်ပြလိုက်သည်။

“မင်းရဲ့ ခုတ်ချက်က ငါ့အသားပေါ်မှာ တစ်ပေလောက်ရှည်တဲ့ ဒဏ်ရာ ရသွားစေတယ် ၊ ဒါပေမဲ့ ငါ့အရိုးတွေနဲ့ အတွင်းကလီစာတွေက အကောင်းအတိုင်းပဲ” လီဝမ်ဟွေ့က ပြောလိုက်သည်။ “ငါက သေပွဲပေါင်း မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ဖူးတယ် ၊ ပြီးတော့ မင်းအကြောင်းကိုလည်း အတန်အသင့် သိထားတော့ ဒီရလဒ်ကို ငါ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့တယ်”

ကျူးဝူယာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။ “ငါက ငါ့အင်အားကို သေချာပေါက် ဖုံးကွယ်ထားတာ ၊ ပြီးတော့ ငါ့သိုင်းပညာက မင်းထက် သာလွန်နေတာ သေချာပါတယ်”

လီဝမ်ဟွေ့ ရယ်မောလိုက်သည်။ “မင်းတစ်ယောက်တည်းပဲ အင်အားကို ဖုံးကွယ်ထားပြီး ငါကတော့ အမြဲတမ်း တိုးတက်နေတယ်လို့များ ထင်နေသလား ၊ ကြွားဝါရတာ ကြိုက်ပြီး အမြဲတမ်း အစွမ်းကုန် ထုတ်ပြလေ့ရှိတဲ့ ငါ့မွေးစားသား တုပိုင်ကလွဲရင် ၊ တခြား ဘယ်သူကများ ကိုယ့်အစွမ်းအစကို နည်းနည်းပါးပါး မဖုံးကွယ်ထားဘဲ နေမှာလဲ”

လီဝမ်ဟွေ့ ထိုစကားကို ပြောလိုက်တဲ့အချိန်မှာ ဂုဏ်ယူမှုတွေ ၊ ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်လေ၏။ လီဝမ်ဟွေ့၏ သိုင်းပညာသည် အမြဲတမ်း လျှော့တွက်ခံခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သူသည် အလွန် အလုပ်များလွန်းပြီး ၊ သူ၏ ရာထူးသည် အဆင့် ၄ အရာရှိသာ ဖြစ်ကာ နှိုင်းယှဉ်ချက်အရ နိမ့်ကျနေသေးသောကြောင့် ဖြစ်သည်။

ထို့အပြင် သူသည် သစ္စာရှိလွန်းပြီး စိတ်ဓာတ်ပြင်းထန်လွန်းကာ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်များကို ဦးဆောင်ပြီး ရှေ့တန်းစစ်မျက်နှာပြင်တွင် အမြဲတမ်း တိုက်ခိုက်နေတတ်သည်။

ဤအချက်များက သူ့ကို ထိပ်တန်းကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်ကြောင်း လူတွေကို မေ့လျော့သွားစေခဲ့သည် ၊ အဘယ်ကြောင့်ဆိုသော် သူ့တွင် ထိုကဲ့သို့ ဟန်ပန်အမူအရာ လုံးဝ မရှိသောကြောင့် ဖြစ်သည်။

သို့သော် အချိန်တိုင်းနီးပါးတွင် သူသည် သိုင်းပညာ လေ့ကျင့်ရန် ဘယ်သောအခါမှ မမေ့လျော့ခဲ့သလို ၊ ပုံမှန်အားဖြင့် ရှေ့တန်းတွင် တိုက်ခိုက်နေရသဖြင့် သေမင်း၏ ခြိမ်းခြောက်မှုကို အမြဲတမ်း ခံစားနေရကာ သူ၏ သိုင်းလမ်းစဉ်ကို အလွန်တရာ အားကောင်းသော နယ်ပယ်တစ်ခုတွင် အမြဲတမ်း ထိန်းသိမ်းထားနိုင်ခဲ့သည်။

ကျူးဝူယာသည် ပြင်ပကမ္ဘာကို သူ၏ အင်အားကို အမြဲတမ်း ဖုံးကွယ်ထားခဲ့ပြီး လူတိုင်းကို အံ့အားသင့်သွားစေရန် ၊ ကိုယ့်အသက်ကို ကယ်တင်ရန်နှင့် ပြိုင်ဘက်ကို မထင်မှတ်ဘဲ သတ်ဖြတ်ရန် လိုအပ်သော အခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့သည်။

သူ၏ သိုင်းပညာသည် လီဝမ်ဟွေ့ထက် သာလွန်ကြောင်း ၊ လီဝမ်ဟွေ့သာ မိုက်မဲစွာဖြင့် နှစ်ယောက်ခြင်းတိုက်ခိုက်ပွဲကို လက်ခံလိုက်ပါက သေချာပေါက် သေဆုံးရမည်ဟု သူ အမြဲတမ်း ယုံကြည်ထားခဲ့သည်။

မည်သူ ထင်မှတ်မည်နည်း ၊ လီဝမ်ဟွေ့သည် အမှန်တကယ်ပင် ထိုမျှလောက် မိုက်မဲနေခဲ့သည်။ သူ၏ သိုင်းပညာသည် လီဝမ်ဟွေ့ထက် သေချာပေါက် သာလွန်သည်ဟု အဘယ်ကြောင့် ခံစားမိသနည်း။

​ယုံကြည်မှု ၊ ခံစားချက်တစ်ခုကြောင့်သာ ဖြစ်သည်။ လီဝမ်ဟွေ့သည် ရိုးရှင်းစွာပင် အလွန် အလုပ်များလွန်းလှသည်။ ဧကရာဇ်မင်းမြတ်အတွက် နေ့ရောညပါနီးပါး အလုပ်လုပ်ပေးနေရပြီး နေ့စဉ် မဆုံးနိုင်သော နိုင်ငံရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေရသလို ၊ မရပ်မနား တိုက်ပွဲဝင်နေရကာ မိမိအသက်ကိုပင် ဂရုမစိုက်နိုင်သကဲ့သို့ ဖြစ်နေသည်။ သူသည် မည်သို့လုပ်ပြီး သိုင်းပညာလေ့ကျင့်ရန် အချိန်ရနိုင်မည်နည်း။

အပိုင်း ၂၆၀ ပြီး။

All Chapters