← Chapters

ကံတူဒုက္ခသည်များ

Vol. 15 Ch. 204

ကံတူဒုက္ခသည်များ

Vol. 15 Ch. 204

လျှိုချင်ဟွမ်သည် မျက်တောင်တစ်ဖျပ်ဖျပ် ခတ်ကာဖြင့် လေးနက်စွာ ပြောလေသည်။

“ငါတို့တော့ ထောင်ချောက်မိသွားပြီလို့ ခံစားနေရတယ်”

အန်လင်းသည် ရှုံ့မဲ့ကာဖြင့် နဖူးအား လက်ဖြင့်ရိုက်လိုက်သည်။

“ခံစားမနေနဲ့တော့။ တကယ်ကြီး ထောင်ချောက်မိသွားတာ”

ပုလဲဘုံကျောင်းအတွင်း၌ ဗလာကွင်းပြင်နှင့် နံရံများမှလွဲ ဘာမျှရှိမနေချေ။

အခြားအလွှာများလည်း မရှိသလို နေရာတစ်ခုလုံးသည် ဗလာမှ လုံးဝ ဗလာချည်း သပ်သပ်ပင်။

သောက်တော်ရေခွက် အရိပ်အယောင်လည်း မရှိချေ။ လှောင်အိမ် တစ်လုံးသာလျှင် ဖြစ်သည်။

“ဟူး ... ငါ အရမ်းအလျင်လိုသွားတယ်။ သတ်ဖြတ်လိုစိတ်ဆန္ဒတွေ မတွေ့တာမို့ အလျင်စလို ဆုံးဖြတ်လိုက်မိတာပဲ။ တကယ်ကြီး ရန်သူတွေရဲ့ ထောင်ချောက် ဖြစ်နေမယ်လို့ မျှော်လင့်မထားမိခဲ့ဘူး”

ဝမ်ရွှမ်ကျန့်သည် မျက်မှောင် ကြုတ်ကာဖြင့် သူ့ကိုယ်သူ အပြစ်တင်နေလေသည်။

“အဆင်ပြေပါတယ်။ ဒါက ဘုံကျောင်းလေး တစ်ခုပဲလေ။ ကျွန်တော်တို့ စုစည်းပြီး တိုက်ခိုက်မယ်ဆိုရင် ချိုးဖြတ်နိုင်မယ်ဆိုတာ သေချာတယ်”

အန်လင်းသည် သူတို့အား အားပေးနှစ်သိမ့် လိုက်သည်။

ထိုသို့ပြောပြီးသည့် နောက်တွင် သူ၏မိစ္ဆာရှင်းဓားအား ထုတ်ယူကာဖြင့် ပုလဲဘုံကျောင်း နံရံများအား ခုတ်ပိုင်းလိုက်သည်။

ရွှမ်း ရွှမ်း ရွှမ်း

မိစ္ဆာရှင်းဓားမှာ အလွန်ထက်မြိလှသည့် ဓားဖြစ်သည်။ သို့သော်လည်း နံရံတွင် ခြစ်ရာပင် ထင်မလာချေ။

“တောင်ခွင်းလက်သီး”

အန်လင်းသည် အင်မော်တယ်မန္တန် ပြောင်းသုံးလိုက်သည်။

ဘုန်း

ရွှေရောင်အလင်းများ ထွက်ပေါ်ကာ ပေါက်ကွဲသွားသော်လည်း နံရံသည် မြဲမြဲကျန်ရစ်နေဆဲပင်။

“ဖာ့ခ် အဲဒီလောက်တောင် မာကျောရလား။ ကျွန်တော်ရဲ့ နျူလျှပ်လက်သီးကို သုံးလိုက်ရတာ့မလား”

အန်လင်း၏ တိုက်ခိုက်လိုစိတ် ဆန္ဒများ နိုးကြွလာလေသည်။

အန်လင်း၏စကားကို ကြားလိုက်သည့်အခါ ဝမ်ရွှမ်ကျန့်နှင့် လျှိုချင်ဟွမ်တို့သည် ချက်ချင်းဆိုသလို လက်မောင်း တစ်ဖက်တစ်ချက်မှ ဖမ်းဆွဲထားလိုက်ကြသည်။

“အန်လင်းရေ ... အလျင်မလိုပါနဲ့ကွာ”

ဝမ်ရွှမ်ကျန့်သည် စိုးရိမ်ပူပန်စွာဖြင့် ဖျောင်းဖျတားမြစ် လေသည်။

“အန်လင်းရေ ... နင် အရှုံးပေးချင်ရင်တောင် အဲဒီ ဆိုးဝါးလွန်းတဲ့ နည်းစနစ်ကို သုံးဖို့ မလိုပါဘူး။ အဲဒါက သေအောင်နာတယ်ဟ”

လျှိုချင်ဟွမ် တောင်းပန်လိုက်သည်။

နျူလျှပ်လက်သီး၏ ကြောက်မက်ဖွယ် ကောင်းမှုအား မြင်တွေ့ခဲ့ရပြီး ဖြစ်သည်ကြောင့် ဝမ်ရွှမ်ကျန့်နှင့် လျှိုချင်ဟွမ်တို့သည် ဘုံကျောင်းအား ဖောက်ဖျက်ပစ်နိုင်မည်ကို သိသော်လည်း သူတို့အတွက် အဆုံးသတ် ဖြစ်သွားမည်သာမက အားလုံးသေဆုံးသွား နိုင်သည်။

အန်လင်းအား ထိုကဲ့သို့ အသိဉာဏ်မဲ့လှစွာ ပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် ဝမ်ရွှမ်ကျန့်နှင့် လျှိချင်ဟွမ်တို့သည် အစွမ်းကုန် လုပ်ဆောင်လျက် ရှိကြသည်။

ဝမ်ရွှမ်ကျန့်သည် လျှပ်စီးနဂါးအုပ်ချုပ်သူ နယ်ပယ်အား အပြည့်အဝ ထုတ်ဖော်ကာဖြင့် လျှပ်စီးလှံများအား နံရံဆီသို့ ပစ်ခွင်းလိုက်လေသည်။ ဘုံကျောင်းတစ်ခုလုံး တုန်ခါလာပြီး လျှပ်စီးကြောင်းများသည် နံရံအနှံ့ စီးဆင်းနေကြသည်။

လျှိုချင်ဟွမ်၏ Final Spark သည်လည်း မိုးပေါ်များကဲ့သို့ ကျရောက်လာသည်။ ပြင်းထန်သည့် ပေါက်ကွဲမှုများကြောင့် အန်လင်းသည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ရသည်။ သို့သော်လည်း ဘုံကျောင်းအား ချိုးဖျက်နိုင်ခြင်း မရှိသေးပေ။

သူတို့သည် အရှုံးမပေးဘဲနှင့် အစွမ်းထက်သည် အင်မော်တယ် မန္တန်များအား အသုံးပြုလျက် ရှိသည်ကြောင့် ဘုံကျောင်းတစ်ခုလုံး တုန်ခါလျက်ရှိသည်။

ခေတ္တမျှကြာပြီးသည့် နောက်တွင် နှစ်ဦးစလုံးသည် ကြမ်းပြင်တွင် လဲလျောင်းကာဖြင့် အသက်ပြင်းစွာ ရှူရှိုက်လျက်ရှိပြီး ဒေါသတကြီး ဖြစ်နေကြလေသည်။

“ဒီဟာက လိပ်ခွံထက်တောင် မာနေသေးတယ်။ ငလူးးး”

ဝမ်ရွှမ်ကျန့်မှာ ဒေါသတကြီး ရေရွတ်တော့သည်။

လျှိုချင်ဟွမ်သည် မည်သည့်စကားမျှ ပြောလိုစိတ် မရှိတော့ချေ။ ထို့အစား သိုလှောင်လက်စွပ် အတွင်းမှ ဖုန်းကိုသာ ထုတ်ယူလိုက်တော့သည်။

***

ကျုံးလုံတောင်တန်း၏ အပေါ်ဘက် လေထုအတွင်း၌ အဖြူရောင်တောင်ပံများနှင့် လူသုံးဦးသည် ဖြည်းညင်းစွာ ပျံသန်းကာဖြင့် ပတ်ဝန်းကျင်အား လေ့လာလျက်ရှိကြသည်။ သူတို့၏ ခန္ဓာကိုယ်များပေါ်သို့ နေရောင်ဖြာကျလျက် ရှိသဖြင့် အလင်းဖျော့ဖျော့ ထွန်းလင်းနေသလိုပင်။

ထိုသုံးဦးမှာ ဧဒင်ဥယျာဉ်မှ ဩဂတ်စ်၊ ရှယ်လီနှင့် အာသာ တို့ဖြစ်ကြလေသည်။

“ဩဂတ်စ်ရေ ... အရှေ့မှာ အဖြူရောင် ဘုံကျောင်းတစ်ခု တွေ့ရတယ်။ အဲဒီမှာ သောက်တော်ရေခွက် ရှိလိမ့်မယ်လို့ နင်ထင်လား”

ရှယ်လီသည် မျက်လုံးများ တလက်လက် တောက်ပကာဖြင့် အဝေးတွင်ရှိနေသည့် အဖြူရောင်ဘုံကျောင်းအား စိတ်လှုပ်ရှားစွာဖြင့် ညွှန်ပြလေသည်။

“အရမ်းသိသာတဲ့နေရာမှာ ဘုံကျောင်းတစ်ခု ရှိနေတာဆိုတော့ ငါကတော့ ထောင်ချောက်လို့ပဲ ခံစားနေမိတယ်”

ဩဂတ်စ်သည် အဝေးရှိဘုံကျောင်းအား မျက်မှောင်ကြုတ်ကာဖြင့် ကြည့်လိုက်သည်။

“ကောင်းပြီ။ ဦးတည်ရာမဲ့ လျှောက်သွားနေမဲ့အစား နေရာတစ်ခုခုကို သတ်မှတ်လိုက်တာက ပိုကောင်းပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာကို သွားကြည့်ကြတာပေါ့”

ထောင်ချောက် ဖြစ်နေလျှင်ပင် သူတို့၏ အင်အားနှင့်ဆိုလျှင် လွတ်မြောက်နိုင်သေးသည် မဟုတ်ပါလား။

ရှယ်လီသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

“သဘောတူပါတယ်”

ထိုသို့ဖြင့် နှစ်မဲတစ်မဲ ဖြစ်သွားလေသည်။

ထိုသုံးဦးသည် အဖြူရောင်ဘုံကျောင်း ရှိရာသို့ ပျံသန်းလာခဲ့ကြသည်။

များမကြာမီမှာပင် သူတို့သည် ဘုံကျောင်းရှိရာသို့ ရောက်ရှိလာကြလေသည်။

ဘုံကျောင်း၏ဝင်ပေါ်တင် ဆင်းသက်လိုက်ပြီးနောက် အတွင်းသို့ မမြင်နိုင်အောင် ကာရံထားသည့် ရေအကာအရံအား တွေ့မြင်လိုက်ရသည်။

အကာအကွယ်အား ဖြတ်သန်းကာဖြင့် ဘုံကျောင်းအတွင်း ဝင်ရောက်လိုက်ကြသည်။ သူတို့အားလုံးသည် သတိကြီးစွာထားလျက် ရှိကြသည်။

ထို့နောက်တွင် အားလုံး ကြောင်အသွားကြလေသည်။

ဟုတ်သည်။ ၆ ဦးစလုံး ဖြစ်သည်။

“၈ ကောင်းကင်ဘုံပိုင်နက်ရဲ့ အလစ်ဖမ်းတာ ခံလိုက်ရပြီ”

အာသာသည် ချက်ချင်းဆိုသလို ကြောက်လန့်တကြားဖြင့် သူ၏လေးအား ထုတ်ယူလိုက်သည်။

ကောင်းကင်ဘုံပိုင်နက်မှ ကိုယ်စားလှယ်များသည် သူ့အား သနားကရုဏာ သက်စွာဖြင့် ကြည့်လိုက်ကြသည်။

အန်လင်းသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

“ဟူးး သေချာလေး ကြည့်ပါဦး။ ဘယ်သောက်ရူးက လက်နက်တွေ အသင့်မပြင်ထားဘဲ ထောင်ဖမ်းမှာလဲ”

ထို့နောက် ဖုန်းဆော့နေသည့် လျှိုချင်ဟွမ်အား ညွှန်ပြကာ …

“သူမရဲ့ စိတ်အခြေအနေကို ကြည့်ပါဦး။ တစ်ယောက်ယောက်ကို တိုက်ခိုက်ချင်နေတဲ့ပုံများ ရှိနေတယ်လို့ ထင်သလား”

အာသာ : “…”

ဩဂတ်စ်သည်လည်း ဖြစ်ပျက်နေသည်များအား နားလည်သဘာ ပေါက်လာပြီ ဖြစ်သည်ကြောင့် သက်ပြင်းသာ ချမိတော့သည်။

“ငါတို့အားလုံး လှည့်စားခံလိုက်ရပုံပဲ”

ရှယ်လီသည် အံတင်းတင်း ကြိတ်ကာဖြင့်…

“ဗုဒ္ဓလောကရဲ့ ကိုယ်စားလှယ်တွေက သေချာပေါက် ဒီလိုမျိုးလုပ်မှာ မဟုတ်ဘူး။ ဟို ဖန်တီးခြင်းခန်းမရဲ့ မျိုးမစစ်ခွေးကောင်တွေ လက်ချက်ပဲ ဖြစ်မယ်”

ပုလဲဘုံကျောင်း အပြင်ဘက်တွင် ဖန်တီးခြင်းခန်းမ၏ ကိုယ်စားလှယ် သုံးဦးသည် ပုန်းအောင်းနေရာ မြက်တောထဲမှ အလျင်စလို ပြေးထွက်လာကြသည်။

“စုစည်း” ဟွမ်ရှန့်သည် လက်သင်္ကေတအချို့ ပြုလုပ်လိုက်ပြီး ကြီးမားသည့် ဘုံကျောင်းကြီးသည် အဖြူရောင်အလင်းများ လက်ကာဖြင့် တဖြည်းဖြည်းချင်း ကျုံ့လာကာ သူ၏လက်ဖဝါးပေါ်သို့ ရောက်ရှိလာလေသည်။

“ဟားဟားဟားဟား သောက်ဆရာကြီးတွေ ကတော့ ထောင်ချောက်မိသွားပြီ။ ငါတို့ ချန်ပီယံ ဖြစ်ပြီပဲ”

ဟုန်သိုသည် အော်ဟစ်ကာ ရယ်မောလိုက်သည်။

ဂျိန်း

ရွှေရောင်လျှပ်စီးကြောင်း တစ်ခုသည် ဟုန်သို၏ဦးခေါင်းအား ရိုက်ခတ်လာသည်။

ဟုန်သို၏ဦးခေါင်းမှာ မည်းနက်လောင်ကျွမ်း သွားပြီးနောက် သူ၏မျက်လုံးတွင် မျက်ရည်များ ဝေ့သီလာလေသည်။ ချက်ချင်းဆိုသလို ရယ်မောနေခြင်းလည်း ရပ်တန့်သွားတော့သည်။

ဟွမ်ရှန့်သည် အေးစက်စွာဖြင့် ကြည့်လိုက်ပြီး …

“ရယ်ချင်သေးလား”

တုန်ယန်သည် စိတ်လှုပ်ရှားစွာဖြင့်…

“ကောင်းကင်ဘုံပိုင်နက်နဲ့ ဧဒင်ဥယျာဉ်က ကိုယ်စားလှယ်တွေ အားလုံး ထောင်ချောက်မိသွားပြီ ဆိုတော့ သောက်တော်ရေခွက်တွေ ရှာဖို့ကိုပဲ အာရုံစိုက်ကြတာပေါ့”

ဟွမ်ရှန့် ခေါင်းညိတ်လိုက်သည်။ သူတို့၏ စွမ်းအားများ စုစည်းလိုက်လျှင် ကျန်ရှိနေသေးသည့် ဗုဒ္ဓလောကမှ ကိုယ်စားလှယ်နှစ်ဦးအား ချေမှုန်းပစ်နိုင်သည်။

သူတို့လုပ်ဆောင်ရန်မှာ သောက်တော် ရေခွက်များအား စုဆောင်းရန်သာ ဖြစ်သည်။

“ဒီ ပုလဲဘုံကျောင်းကို ကိုင်ထားပြီး ဘာတွေဖြစ်နေတယ်ဆိုတာ အဆက်မပြတ် စောင့်ကြည့်နေ။ တစ်ခုခု မှားယွင်းနေတာနဲ့ ငါ့ကို ချက်ချင်းအသိပေး”

ဟွမ်ရှန့်သည် ပုလဲဘုံကျောင်းအား ဟုန်သိုထံသို့ ပစ်ပေးလိုက်သည်။

ဟုန်သိုသည် ပုလဲဘုံကျောင်းအား ဂရုတစိုက် ကိုင်တွယ်လိုက်သည်။ ဤအဆင့်မြင့် စိတ်ဝိညာဉ်ပစ္စည်းသည် အလွန်မာကြောသည်သာမက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူသည်ပင်လျှင် မချိုးဖောက်နိုင်ချေ။ စိတ်မကောင်း ဖြစ်ရခြင်းထက် လုံခြုံမှုရှိခြင်းက ပိုမိုကောင်းမွန်ပေသည်။

နတ်ဘုရားအာရုံ ထုတ်လွှတ်ကာဖြင့် ဘုံကျောင်းအတွင်းအား စစ်ဆေးကြည့်လိုက်သည့် အခါ ဘုံကျောင်းသည် ပြင်းထန်စွာ တုန်ခါနေသည်ကို တွေ့ရှိလိုက်ရသည်။ သေချာပေါက် တိုက်ခိုက်နေကြခြင်း ဖြစ်ပေလိမ့်မည်။

“ဟိဟိဟိ တိုက်နေလိုက်ကြ။ အဲလိုပုံနဲ့တော့ ချိုးဖောက်နိုင်မယ့်ပုံ မပေါ်ပါဘူးနော်။ မင်းတို့ကောင်တွေ အစွမ်းကုန် ရုန်းကန်နေတာကို မြင်ရတာ တကယ်ကို သဘောကျတယ်သိလား”

ဟုန်သိုသည် ရယ်မောလိုက်ပြီးနောက် ပုလဲဘုံကျောင်းအား စိတ်ကျေနပ်မှာ အပြည့်ဖြင့် ကိုင်ထားလေသည်။

ထိုအခိုက်အတန့်မှာပင် ပုလဲဘုံကျောင်းအတွင်း၌..။

ဧဒင်ဥယျာဉ်မှ ကိုယ်စားလှယ်များသည် သူတို့၏ တိုက်ခိုက်မှုများအား ရပ်စဲလိုက်ကြပြီးနောက် ဒေါသတကြီးဖြစ်ကာ အသက်ပြင်းပြင်း ရှူနေကြသည်။

တစ်ဦးကိုတစ်ဦး ကြည့်ကာဖြင့် ဘာလုပ်ရမည်ကို မသိတော့ချေ။

သူတို့အားလုံး ပိတ်မိနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ပထမဆုံး ဦးစားပေးရန်မှာ ဘုံကျောင်းအတွင်းမှ အပြင်သို့ ထွက်နိုင်ရန် ဖြစ်သည်။ ဤသို့ဖြင့် သူတို့အားလုံး တိုင်ပင်ဆွေးနွေး ကြလေသည်။

သို့သော်လည်း အချိန်အတော်ကြာ ဆွေးနွေးပြီးသည့်တိုင်အောင် နည်းလမ်း ရှာမတွေ့ခဲ့ချေ။

ထို့ကြောင့် လျှိုချင်ဟွမ်သည် ပျင်းရိလာပြန်သည့်အတွက် သူမ၏ဖုန်းအားထုတ်ကာ ဆော့ကစားနေလေသည်။

ရှယ်လီသည်လည်း အလွန် ပျင်းရိလာသည်ကြောင့် လျှိုချင်ဟွမ်ထံသို့ မဝံ့မရဲ လျှောက်လှမ်းသွားလေသည်။ သူမ၏လက်ထဲရှိ အရုပ်အား အလွန်စိတ်ဝင်စားနေမိခြင်း ဖြစ်သည်။

လျှိုချင်ဟွမ်သည် သူမ၏ ကစားဖော်အား အလွတ်ပေးရန် စိတ်ကူးမရှိချေ။ ထို့ကြောင့် ရှယ်လီအား ဖမ်းဆွဲလိုက်ပြီးနောက် ညစ်ကျယ်ကျယ် ပြုလိုက်သည်။ ထို့နောက်တွင် ရှယ်လီအား ဂိမ်းထဲ၌ အပြတ်အသတ် အနိုင်ကျင့်တော့သည်။ ကောင်းကင်ဘုံ ပိုင်နက်အတွက် အောင်မြင်မှုအား ယူဆောင်ပေးနေခြင်း ဖြစ်သည်။

အန်လင်းမှာ လျှိုချင်ဟွမ်၏ လက်အတွင်း သက်ဆင်းလိုက်ရသည့် ရှယ်လီအား ကရုဏာသက်စွာဖြင့် ကြည့်နေမိလေသည်။

ပွဲတချို့ပြီးသည့်နောက်တွင် ရှယ်လီ၏ အပြာရောင် မျက်ဝန်းများတွင် မျက်ရည်များ ရစ်ဝဲလာပြီး သူမ၏ ပါးမို့ကလေးများ နီမြန်းလာလေသည်။ သူမလက်ထဲရှိ ဖုန်းအား ဒေါသတကြီး ပစ်လွှတ်လိုက်သည်။

“ဘယ်လိုသောက်ကျိုးနည်း အရုပ်လဲ”

“ဟေး အဲဒီလိုမလုပ်ရဘူးလေ။ ငါနင့်ကို အကျောပေးမယ် ဆိုရင်ကော ဘယ်လိုလဲ။ နင့်ကို ၁၀ သက် အကျောပေးမယ်လေ”

လျှိုချင်ဟွမ်သည် သူမ၏ ကစားဖော် အသစ်လေးအား လက်လျှော့ မသွားစေရေးအတွက် ဖျောင်းဖျတော့သည်။

၁၀ သက် အကျောပေးမယ်တဲ့လား။

ရှယ်လီမှာ အနည်းငယ် တုန်ယင်သွားလေသည်။ သူမသည် ရိုင်းပျမိလိုက်သည်ဟု ခံစားနေမိသည်။ သို့သော်လည်း ဤစိန်ခေါ်မှုအား လက်ခံရန် ယုံကြည်ချက်မရှိပေ။

“ငါနင့်ကို မေးလို့ရမလားဟင်။ ဘာလို့များ နင်သုံးသမျှ အကောင်တွေက ငါ့ထက် အရမ်းကို သန်မာနေရတာလဲ”

ရှယ်လီသည် အနည်းငယ် ဒွိဟဖြစ်နေသည်ကြောင့် မေးလိုက်သည်။

“ဘာလို့ဆို ငါက အရမ်းကျွမ်းနေလို့ပေါ့”

လျှိုချင်ဟွမ်သည် ရည်ရွယ်ချက်ရှိရှိ ချဲ့ကားပြောဆိုလေသည်။

“နင့်ရဲ့မေးခွန်းက ဘာလို့များ ဩဂတ်စ်ကို အနိုင်မယူနိုင်တာလဲလို့ မေးနေတာနဲ့ မတူဘူးလား။ သေချာပေါက် သူက နင့်ထက် အစွမ်းထက်လို့ပေါ့”

ရှယ်လီသည် အနည်းငယ် နားလည်သွားပြီ ဖြစ်သည်ကြောင့် ခေါင်းညိတ်လိုက်သည်။ သူမ၏အာရုံကို League of Valor သို့ ပြန်လည်စူးစိုက်လိုက် ပြီးနောက် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချမှတ်ကာ ကြေညာလိုက်သည်။

“အဲဒီလိုမျိုးဆိုရင် နောက်ပိုင်းကျရင် နင့်ကို သေချာပေါက် အနိုင်ယူပစ်မယ်။ ငါသေသေချာချာ ကြိုးစားမယ်ဆိုရင် နင့်ထက်ပိုပြီး ကျွမ်းကျင်လာမယ်လို့ ယုံတယ်”

ဤသို့ဖြင့် ရှယ်လီနှင့် လျှိုချင်ဟွမ်တို့ ပြန်လည်ဆော့ကစား ကြပြန်သည်။

အန်လင်းသည် ရှယ်လီအား စိတ်မကောင်းကြီးစွာဖြင့် ကြည့်နေမိသည်။ သနားဖို့ကောင်းလိုက်တဲ့ ကလေးမလေး။ နင်မမြင်သေးဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် လျှိုချင်ဟွမ်ကို နိုင်မှာ မဟုတ်ဘူးဟဲ့။

အန်လင်းသည် လျှိုချင်ဟွမ်အား စိတ်ထဲမှ ချီးကျူးနေမိသည်။ သူမ၏ ဂိမ်းစွမ်းရည်ဖြင့် ကောင်းကင်ဘုံ ပိုင်နက်အတွင် အနိုင်ယူပေးနေသည့်အတွက် ထိုမသမာမှုအား မေ့ပစ်ရန်သာ ရှိတော့သည်။

***

All Chapters