← Chapters

ပင်မ သိုင်းခန်းမဆောင်

Vol. 37 Ch. 501

ပင်မ သိုင်းခန်းမဆောင်

Vol. 37 Ch. 501

တုကူးချိုးနှင့် ကျန်တဲ့သူတွေက ဘာအရိပ်ယောင်မှ မပြဘဲ ထွက်ပြေးသွားတာလား။ ကောင်းကင်ကြယ်တာရာမြို့ရဲ့ အရံအတားက ရှိနေသေးတုန်းလား။ ဒီအရံအတားက သူတို့ အတွက် သွင်းထားတာဆိုတော့ သူတို့ ဘာလှည့်ကွက်တွေ သုံးနိုင်လဲဆိုတာ သူမသိဘူးပေါ့။

ကျန်းရီ၏ အာရုံငါးပါးက အလွန်တိကျသည်။ တုကူချိုးနှင့် ကျန်သည့်သူများ ထွက်ပြေးသွားခဲ့လျှင် သူတို့က မြေအောက်၊ သို့မဟုတ် ပို့ဆောင်ရေးအစီအရင်မှ ထွက်ပြေးသွားတာပဲ ဖြစ်ရမည်။ မဟုတ်လျှင် ကျန်သည့် နည်းများကို ကျန်းရီ လွဲချော်သွားမှာ မဟုတ်ပေ။

မြေအောက်တွင် လှုပ်ရှားမှု အရိပ်အယောင် မရှိသောကြောင့် လေဟာနယ် နယ်မြေထဲ၌ ပို့ဆောင်ရေး အစီအရင် ရှိသင့်သည်မလား။ မည်သည်က မှားယွင်းနေသနည်း။ ကျန်းရီမသိနိုင်ပေ။ သူသည် သိုင်းခန်းမဆောင်၏ အတွင်းခန်းကို ထပ်ခါတလဲလဲ စစ်ဆေးခဲ့သည်။ ခြေရာလက်ရာမရှိ သိုင်းခန်းမခွဲထဲတွင် ပို့ဆောင်ရေးအစီအရင်အတွက် နေရာ မရှိပေ။

ကျန်းရီသည် သူ၏ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်ပြီး တစ်မြို့လုံးကို ရှာဖွေခဲ့၏။ သုံးကီလိုမီတာခန့် ရှာဖွေပြီးနောက် သူသည် မည်သည့် အရာကိုမျှ ရှာမတွေ့သေးပေ။ တုကုချိုးနှင့် ကျန်သည့် လူရာချီက ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားပေ၏။

“ဗီး”

ဧကရီနန်းတော်သည် ကျန်းရီ၏ လက်ထဲ၌ ထပ်မံ ပေါ်ပေါက်လာပြီးနောက် ကျန်းရီ၏ လက်ထဲ လျင်မြန်စွာ ပြန့်ကားသွားတော့သည်။ သူ၏ သတ်ဖြတ်ခြင်းဆန္ဒကို ရုတ်သိမ်းပြီး ငွေပန်းပွင့် အဖွားနှင့် ကျန်သည့်သူများကို နန်းတော်ထဲမှ လွှတ်ပေးလိုက်သည်။

ဝိူး

ငွေပန်းပွင့် အဖွားအိုနှင့် ကျန်သည့် သူတို့သည် ဧကရီ နန်းတော်ထဲတွင် စိုးရိမ်ပူပန်နေကြ၏။ သူတို့၏ ရင်ပြင်သို့ ရောက်လာပြီးနောက် သူတို့၏ အတွင်းအားများကို ချက်ချင်းထုတ်ဖော်ကာ တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ သို့သော် ပတ်ဝန်းကျင့်ကို ကြည့်ပြီးနောက် အားလုံး အံ့ဩသွား၏။ မရေမတွက်နိုင်သည့် နတ်ဆိုးဘုရင်များ၏ အလောင်းများကို မြင်တွေ့ရသည့် အချိန်၌ သူတို့ အင်မတန် ထိတ်လန့်သွားတော့သည်။

“ကျန်းရီ အသက်ရှင်လျက် ရှိသေးတာလား။ တုကုချိုးနဲ့ တခြားသူတွေ ပျောက်သွားတာလား။ နတ်ဆိုးဘုရင် အကောင်တစ်ရာက ဘယ်လိုလုပ် အလောင်းတွေ ဖြစ်သွားရတာလဲ။ မီးလောင်ရာတွေလည်း အများကြီး ရှိနေသေးတာ။ သေချာတာက မီးလျှံတွေနဲ့ ရိုက်ချိုးခံထားရတာပဲ”

ကျန်းရီ နိုင်သွားတာလား။

ခဏတာ ထိတ်လန့်နေပြီးနောက် လူတိုင်းသည် စိတ်အေးသည့် အမူအရာ ပေါ်လာတော့သည်။ ယာ့ဇီသာရဲ၏ ဧရာမ မျက်လုံးထဲ၌ သာယာသည့် အံ့ဩမှုတို့ဖြင့် ပြည့်နေသည်။ သေချာပေါက် သေနိုင်သည့် အခြေအနေကို ဖြေရှင်းနိုင်ပြီး ဖြစ်ရာ ကျန်းရီကို ဤလောကထဲတွင် မည်သူက တားမြစ်နိုင်ဦးမည်နည်း။

“အများကြီး မမေးနဲ့ ငါတို့ ပြန်ရောက်တဲ့ အချိန် ရှင်းပြမယ်။ သိုင်းခန်းမခွဲကနေ သိုင်းခန်းမ သခင်နဲ့ ကျီထင်ယွီတို့ ဆန်းကြယ်စွာ ပျောက်ဆုံးသွားတယ်။ မင်းတို့ အားလုံး အသေးစိတ် ရှာဖွေ သဲလွန်စတွေကို လိုက်ရှာ။ တစ်ချိန်တည်းမှာပဲ မဟာမိတ် တပ်ဖွဲ့တွေကို ငါတို့တပ်ဖွဲထဲ ပေါင်းခိုင်းလိုက်။ အညံ့မခံတဲ့သူတွေကို ခြွင်းချက် မရှိ သတ်သင့်တယ်။ လင်းဂိုဏ်းသားတွေကို သတ်ဖြတ်ပြီး ပင်မသိုင်းခန်းမဆောင်ရှိတဲ့ နေရာကို သေချာရှာကြ။ သိုင်းခန်းမသခင် ဘယ်လို ပျောက်ကွယ်သွားလဲဆိုတာ အတူသွားရှာကြည့်”

ဤလေးနက်တည်ကြည်သော စကားက လူတိုင်းကို စိတ်လေးသွားစေသည်။ ငွေပန်းပွင့် အဖွားအိုက ယာ့ဇီသားရဲနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် လေထဲ ပျံသန်းသွားတော့သည်။ ငွေပန်းပွင့် အဖွားအိုသည် မြို့၏ အရှေ့ဖက်ခြမ်းတွင် ရှိသော သန်မာသည့် မဟာမိတ် တပ်ဖွဲ့ဝင်များကို ကြည်ပြီး အော်ပြောလိုက်၏။

“ကိုယ်စား အုပ်ချုပ်သူက ပြောလိုက်တယ်။ အညံ့မခံတဲ့သူတွေကို သတ်သင့်တယ်။ အညံ့ခံလိုတဲ့သူတွေက အခုချက်ချင်း ဒူးထောက်ကျ”

“ဒုန်းဒုန်း”

မူလက မတ်တတ်ရပ်နေသည့် စစ်သားများစွာသည် ဒူးထောက်ပြီး အော်ငိုလုနီးပါး ဖြစ်သွားသည်။ သူတို့ သေချာပေါက် သေဆုံးမည်ဟု ထင်ခဲ့ပေ၏။ သို့သော် ကျန်းရီက သူတို့အပေါ် အမှန်တကယ် အသက်ချမ်းသာပေးခဲ့သည်လား။ အညံ့မခံသည့် သူများက အရူး ဖြစ်ရပေမည်။

ရှကျီ အသက်ခံခဲ့ရပြီး ရှောင်ဝမ်က ထွက်ပြေးသွားကာ လင်းရွှယ်က သတ်သေသွားခဲ့သည်။ အင်မတန်စွမ်းဆောင်ရည်ရှိသော သိုင်းခန်းမ သခင်ကလည်း နတ်ဆိုးဘုရင် အကောင်တစ်ရာ လွှတ်ပေးခဲ့၏။ ထို့သို့တိုင် ခွေးတစ်ကောင်ပမာ ကျန်းရီ မောင်းထုတ်တာ ခံခဲ့ရသည် မလား။

မည်သူမျှ သေလိုစိတ် မရှိ မဟာမိတ်တပ်ဖွဲ့ စိတ်ဓာတ်ခွန်အားတို့က ကျဆင်းနေပြီး ဖြစ်သည်။ သူတို့ အသက်ချမ်းသာရာ ရသည့် အတွက် အားလုံးကို ကျေးဇူးတင်နေမိကြသည်။

မည်သည့် မဟာမိတ် တပ်သားများကမှ ရပ်မနေတော့ဘဲ အားလုံးအညံ့ခံကြသည်။ ကျန်သည့် အရေးကိစ္စများကို အလွယ်တကူ ဖြေရှင်းပြီးသွား၏။ လုစစ်သူကြီး ကျန်းရွယ်ထုနှင့် ကျန်သည့်ပငသူများက မရေမတွက်နိုင်သည့် စစ်သည်များ တပ်မှူးများကို ဦးဆောင်ပြီး အညံ့ခံသည့် မဟာမိတ် တပ်ဖွဲ့ကို ခေါ်သွင်းလိုက်သည်။ သူတို့က စုံစမ်းရန်နှင့် အချက်အလက်များကို ကင်းထောက်ရန်သူများ လွှတ်ပြီး ဖြစ်သည်။ ငွေပန်းပွင့် အဖွားအို ယာ့စီ သားရဲနှင့် စိတ်ဝိညာဉ်မျှော်လွင့် အဆင့် အဆင့်မြင့် ခရီးသွား ပညာရှင် အချို့က အရံအတားကို စတင် ဖြိုခွဲကျတော့၏။

မြေပြင်ထဲရှိ သုံးကီလိုမီတာ အနက်တွင်မြှပ်နှံထားသည့် အစီအရင် ကျောက်တုံး တစ်ချို့ကို တွေ့လိုက်ရသည်။ ထို့ကျောက်တုံးများကို ဖျက်ဆီးပြီးနောက် အရံအတားက လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။

ကျန်းရီသည် ဧကရီ နန်းတော်ထဲ ဝင်ပြီး နှစ်နာရီခန့် စောင့်ဆိုင်းခဲ့သည်။ မည်သည့် အချက်အလက်ကိုမျှ သတင်း လာမပို့ပေ။ သူသည် စိတ်မအေးနိုင်ဘဲ လျှပ်ပြက်သည့် အရှိန်ဖြင့် ဧကရီ နန်းတောင်ထဲသို့ ထွက်သွား၏။ သူက ကျန့်ရီမင်ကို ကြည့်ပြီးပြောလိုက်၏။

“ဦးလေးကျန့် တပ်ဖွဲ့ကို လူခွဲပြီး ဧကရာဇ်မြို့၊ ရှားယွီမြို့နဲ့ ရှန့်ကွမ်းမြို့ကို လူလွှတ်လိုက်။ သိုင်းခန်းမခွဲတွေ အားလုံးကို တိုက်ခိုက်ပစ်။ ဝိညာဉ်ရှာဖွေတဲ့ ဂိုဏ်းသား တစ်ယောက်ကို လွှတ်ပေးပြီး ပင်မ သိုင်းခန်းမဆောင် ရှိတဲ့နေရာကို မြန်နိုင်သမျှ မြန်မြန်ရှာဖို့ လုပ်ကြ။ ကျန်းရမ်ထူ ကျန်တဲ့ တပ်ဖွဲ့တွေကို တပ်ဖြန့်ပြီး နယ်မြေပေါ်က သိုင်းခန်းမခွဲတွေဆီကို ဖြန့်ကျက်လိုက်”

သိုင်းခန်းမဆောင်သည် နယ်မြေပေါ်၌ တည်ရှိလာခဲ့တာ ကြာပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သိုင်းခန်းမသည် ကုန်းပြေမြင့်ပေါ်၌ နံပါတ်တစ် ကုန်သွယ်ရေး တပ်စုအဖြစ် ရှိနေသေးဆဲ ဖြစ်သည်။၊ ယင်းက မည်သည်ကို ဆိုလိုသနည်း။

ဆိုလိုသည်ကား သိုင်းခန်းမဆောင်၌ တင်းကြပ်သည့် စည်းမျဉ်းတစ်ခု ရှိပြီး သိုင်းခန်းမဆောင်နှင့် ပတ်သက်သည့် အချက်အလက်များ အားလုံး ဘယ်တော့မျှ ယိုစိမ့်ထွက်ခြင်း မရှိတာ ဖြစ်ရမည်။ ချန်ကွေ့၊ ငွေပန်းပွင့် အဖွားအိုနှင့် ကျန်သည့်သူများတောင် ပင်မ သိုင်းခန်းမဆောင် ရှိသည့် နေရာကို မသိကြပေ။ ကျန်သည့်သူများက ဘယ်လိုလုပ် သိနိုင်မည်နည်း။

အညံ့ခံသည့် တပ်ဖွဲ့ကို စစ်မေးခြင်းက အသုံးမဝင်ပေ။ ယခု အချိန်တွင် သိုင်းခန်းမခွဲ သခင်များကို ရှာဖွေပြီး ဝိညာဉ် ရှာဖွေခြင်း သိုင်းကို အသုံးပြုရန်သာ ရှိတော့သည်။ နယ်မြေ တစ်ခုလုံး၌ သိုင်းခန်းမခွဲ သခင်များသာလျှင် ပင်မသိုင်းခန်းမဆောင် ရှိသည့် နေရာကို သိလောက်ပေ၏။

“မှန်တယ်”

ကျန့်ရီမင်သည် ဂိုဏ်းသား တစ်ယောက်ကို ဆင့်ခေါ်ပြီးနောက် ပို့ဆောင်ရေး အစီအရင်များထဲ ခေါ်သွားပြီး ရှားယွီမြို့၊ ဧကရာဇ်မြို့ ကျင်းကွမ်းမြို့သို့ဆီသို့ သွားလိုက်၏။ တပ်ဖွဲ့များကို မြို့ထဲသို့ ဖြန့်ကျက်ထားပြီးနောက် ခန်းမခွဲများကို ရှာဖွေဖို့က မခက်ခဲတော့ပေ။

ပို့ဆောင်ရေး အစီအရင်များစွာက လင်းလာစဉ် ကျန်းရမ်ထူက သူ၏ လက်အောက်ငယ်သားများကို နေရာ ရွှေ့ပြောင်းပေးပြီး ကျန်းဝူသိုင်းပြည် မဟာရှ သိုင်းပြည်နှင့် ကျင်းရှန်နိုင်ငံတို့ဆီ လူခွဲပြီး လွှတ်လိုက်၏။ သူတို့ အာလုံးက သိုင်းခန်းမ တစ်ခုပြီး တစ်ခုကို ဖြေရှင်းကြမှာပဲ ဖြစ်သည်။ တိုက်ပွဲကို ကျန်းရီ မည်ကဲ့သို့ နိုင်သွားမှန်း မသိသော်ငြား အနိုင်ရခြင်းက အနိုင်ရခြင်းသာ ဖြစ်သည်။ တုကူကျိုးနှင့် ကျန်သည့် သူများက ထွက်ပြေးသွားသောကြောင့် ဤနယ်မြေတွင် ကျန်းရီနှင့် ယှဉ်ပြိုင်နိုင်မည့်သူ မရှိတော့ပေ။ ကျန်းရီက သိုင်းခန်းမဆောင်ကို ရချင်လျှင် ကျန်းရမ်ထူက သူ၏ ဆန္ဒကို မဆန့်ကျင်ရဲတာ သဘာဝ ကျပေသည်။

ကျန်းရီသည် သတင်းစောင့်ဆိုင်းရန်အတွက် ဧကရီနန်းတော်ထဲ ပြန်လာသည်။ ကျန်းရမ်ထူက အညံ့ခံသည့် တပ်သားများကို အဖွဲ့နှင့် ပေါင်းပေးပြီး ဒဏ်ရာရသူများကို ကုသပေးကာ အလောင်းများကို မြှုပ်နှံပေးကာ မိုးပြာနဂါး အင်ပါယာထဲတွင် တော်ဝင် မျိုးနွယ်စုများကို ရှာဖွေနေသည်။ သူတို့ အားလုံးက အလုပ်များနေပေတော့သည်။

နေ့ဝက်ခန့် ကြာပြီးနောက် မြို့ထဲရှိ ပို့ဆောင်ရေး အစီအရင်များ လင်းထိန်လာသည်ကား မြို့ထဲ တင်းမာမှုကို ပြသစေသည်။ သူတို့က ကျန့်ရီမင် ဖြစ်နေကြောင်း တွေ့လိုက်ရသည့် အချိန်၌ စိတ်သက်သာရာ ရပြီး မျက်လုံးများ လင်းလာတော့သည်။ သူတို့ ပင်မ သိုင်းခန်းမဆောင်ကို ရှာတွေ့ပြီလား။

“ဗီး”

ဧကရီ နန်းတော်က လင်းထိန်လာပြီးနောက် ကျန့်ရီမင်သည် သူရပ်နေသည့် နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် ဧကရီ နန်းတောင်ထဲ၌ ပေါ်လာသည်။ ကျန်းရီက သူ့ကို စိတ်ပူပန်နေသည့် အကြည့်များဖြင့် ကြည့်လိုက်ရာ တစ်ဖက်လူက ခါးသက်သည့် အပြုံးဖြင့် ပြုံးကာ

“တူလေး ဧကရာဇ်မြို့၊ ရှားယွီမြို့၊ ရှန့်ကွမ်းမြို့တို့ကို လူတွေလွှတ်တဲ့ အချိန်မှာ သိုင်းခန်းမခွဲ သခင် သုံးယောက်လုံး သက်သေသွားပြီ ကျန်တဲ့ အဖွဲ့ဝင်တွေကတော့ သူတို့ရဲ့ ဝိညာဉ်တွေကို ရှာဖွေဖို့ အမိန့်ပေးထားတယ်။ ဒါပေမဲ့ ပင်မသိုင်းခန်းမဆောင်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရှာမတွေ့ဘူး”

ကျီထင်ယွီ မင်းက တကယ် မယုံနိုင်စရာကောင်းတာပဲ။

ကျန်းရီက သက်ပြင်းချလိုက်မိ၏။ ကျီထင်ယွီသာလျှင် ထိုမျှ မြန်ဆန်သည့် တုံ့ပြန်မှု ပြုလုပ်နိုင်တာပဲ ဖြစ်သည်။ တုကုချိုးသည် အရည်အချင်းရှိပြီး အစွမ်းထက်သော ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ သို့သော် ထိုကဲ့သို့ အစီအစဉ်မျိုး မလုပ်နိုင်ပေ။ ထို့အပြင် သူက အစောပိုင်းက ကြောက်လန့်နေသည်မလား။

ပြဿနာပဲ။

ကျန်းရီက မျက်မှောင်ကျုံ့လိုက်၏။ သိုင်းခန်းမဆောင်ကို ရှင်းလင်းရန် အတွက် သူတို့အတွက် ပြီးပြည့်စုံသည့် အခိုက်အတန့် ဖြစ်ခဲ့သည်။ ပင်မသိုင်းခန်းမဆောင်ကို သူတို့ ရှာမတွေ့လျှင် တုကုချိုးနှင့် ကျန်သည့် သူများက သူ့ဘာသာသူ အဖွဲ့ ပြန်ဖွဲ့လောက်၏။ ကျီထင်ယွီ၏ ဉာဏ်ရည်ဉာဏ်သွေးဖြင့် သူမသည် စုလောရွှယ်နှင့် ကျန်သည့်သူများ ကျန်သည့် သူ့လက်ထဲတွင် ရှိနေသေးပါက အကွက်ချနိုင်သေးသည်။

“တူလေး ငါတို့ အခု ဘာလုပ်သင့်လဲ”

ကျန့်ရီမင်ကလည်း အကြံကုန်နေပြီ ဖြစ်ကာ ကျန်းရီဆီမှ အမိန့်စောင့်ရုံမှ တစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။

ကျန့်၀ူရွှမ်းကလည်း အဖမ်းခံထားရ၏။ ထိုသားက သူ၏ အနှစ်သက်ရဆုံး သားဖြစ်သည်။ အရေးကြီးဆုံးက ကျန့်ဝူရွှမ်း ပျောက်ကွယ်သွားခဲ့လျှင် ကျန့်ဂိုဏ်းနှင့် ကျန်းရီ၏ ဆက်ဆံရေးက ပြိုကွဲသွားမှာပဲ ဖြစ်သည်။

“နည်းလမ်း တစ်ခု ရှိတယ်”

ကျန်းရီ၏ မျက်လုံးက ဖျတ်ခနဲ လှုပ်ရှားသွားပြီးနောက် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။

“ဦးလေးကျန့် မျှော်စင်သခင်ရွှေကို ချက်ချင်းစာပို့ဖို့ နည်းလမ်းရှာ။ ပင်မသိုင်းခန်းမဆောင် ရှိတဲ့နေရာကို သူသိမှာပဲ။ သခင်က သူမ တစ်ယောက်တည်းကိုသာ ကိုယ်စားပြုတာ မဟုတ်ဘူးဆိုတာ အမြောင်အမြင် ရှိရှိ လုပ်ခိုင်းလျက် ရွှေယွဲ့လျန် မျှော်စစ်ရဲ့ တပည့်ဦးရေသောင်းကျော်ကို တွေးရမယ်”

ကျန့်ရီမင်က ခေါင်းကုတ်လျက် ထွက်သွားသည်။ ကျန်းရီက ဒုတိယ နည်းလမ်းကို စတင် အသုံးပြုသည်။ ကောင်းကင်သိမြင်နားလည်ခြင်းပညာကို အသုံးပြုရန် ဖြစ်သည်။ ယင်းက အစွမ်းထက်သည့် မှော်အတတ်တစ်မျိုး ဖြစ်ပြီး ကောင်းကင်စိတ်အာရုံကို အကန့်အသတ်မဲ့ ချဲ့ထွင်နိုင်၏။ စုန်းနတ်ဘုရားသည် ကောင်းကင် သိမြင်နားလည်မှုကို အသုံးချသည့် အချိန်က သူသည် နယ်မြေ တစ်ခုလုံးကို အားစိုက်ထုတ်စရာ မလိုဘဲ ထောက်လှမ်းနိုင်ပြီး ပင်လယ်ပြင်ကိုတောင် ရှာတွေ့ခဲ့၏။ ကျန်းရီ၏ စိတ်ဝိညာဉ်က စုန်းနတ်ဘုရားနှင့် မယှဉ်နိုင်သော်ငြား သူသည် နယ်မြေတစ်ဝက်နီးးပါးကိုတော့ ကင်းထောက်နိုင်သေးသည်။

***

All Chapters