← Chapters

အခန်း (၂၆၃)

Vol. 27 Ch. 263

အခန်း (၂၆၃)

Vol. 27 Ch. 263

ထိုအဆိပ်အပ်ထဲရှိ အဆိပ်သည် အလွန်တရာ ပြင်းထန်ပြီး ၊ ချက်ချင်း သေစေနိုင်သော အလွန် ရှားပါးသည့် အာရုံကြောအဆိပ်တစ်မျိုး ဖြစ်သည်။ လူတစ်ယောက်ကို သတ်ဖြတ်ရန် အမြန်ဆုံး နည်းလမ်းသည် နှလုံးကို ဖောက်ထွင်းခြင်း မဟုတ်ဘဲ ၊ ဦးနှောက်ကို ဖျက်ဆီးခြင်း ဖြစ်သည်။

ထိုအာရုံကြောအဆိပ်သည် လူတစ်ယောက်၏ ဦးနှောက်နှင့် ဝိညာဉ်ကို စက္ကန့်ပိုင်းအတွင်း ချက်ချင်း ပျက်စီးသွားစေနိုင်သည်။ ထို့ကြောင့် အဆိပ်အပ် ထိမှန်ပြီးနောက် ချက်ချင်းနီးပါး တုပိုင် သတိလစ်မေ့မြောသွားခြင်း ဖြစ်သည်။ သို့သော် သတိလစ်မေ့မြောသွားသည့် ခဏတာတွင် ၊ သူသည် မြင်းပေါ်မှ ပြုတ်မကျစေရန် အလိုအလျောက် မြင်း၏ လည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်သည်။

တောရိုင်းမြင်းဘုရင်သည်လည်း သူ၏ အစွမ်းအစ အားလုံးကို ထုတ်ဖော်လိုက်ပြီး လျှပ်စီးကဲ့သို့ ဒုန်းစိုင်းပြေးထွက်သွားရာ လုပ်ကြံသူ သုံးဦးအား နောက်ထပ် တိုက်ခိုက်ရန် အခွင့်အရေး မပေးတော့ပေ။ ခဏအကြာတွင် လုပ်ကြံသူ သုံးဦး ပေါ်လာသည်။ သူတို့သည် မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဝတ်စုံကို ဝတ်ဆင်ထားကြသော်လည်း ၊ သူတို့၏ မျက်နှာတွင် မုတ်ဆိတ်မွေးများ ရှိနေသဖြင့် သေချာပေါက် မိန်းမစိုးခွေးများ မဟုတ်ကြပေ။

မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ဘွဲ့ယူစာမေးပွဲကြီးကို ပုံမှန်အားဖြင့် အကယ်ဒမီ အတွင်း၌သာ ကျင်းပလေ့ရှိပြီး ၊ မြင်းစီးစာမေးပွဲ တစ်ခုတည်းသာ လမ်းကြောင်း ရှည်လျားမှုကြောင့် အကယ်ဒမီ အပြင်ဘက်တွင် ကျင်းပခြင်း ဖြစ်သည်။ သို့သော် ထိုသို့ ကျင်းပလျှင်ပင် မိန်းမစိုးဂိုဏ်း စစ်သည်များသည် နေရာအနှံ့ ကင်းလှည့် စောင့်ကြပ်နေကြသည်။

ဤလုပ်ကြံသူ သုံးဦးသည် တောင်ပေါ်တွင် မိန်းမစိုးဂိုဏ်း စစ်သည် ငါးဦးကို သတ်ဖြတ်ပြီးနောက် ၊ သူတို့၏ အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ကာ ဤနေရာတွင် ခြုံခိုစောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

“ကိစ္စပြီးပြီ။ သခင်ကြီးဆီ သွားပြီး သတင်းပို့ကြမယ်”

“သခင်ကြီး ဘယ်မှာရှိလဲဆိုတာ မင်း သိလို့လား”

“ပြဿနာ မရှာနဲ့ ၊ ချက်ချင်း လူစုခွဲလိုက်”

ခေတ္တမျှ ပြောဆိုပြီးနောက် ကျွမ်းကျင်လုပ်ကြံသူ သုံးဦးသည် ချက်ချင်း လူစုခွဲကာ ထွက်ပြေးသွားကြပြီး တောင်ပေါ်ရှိ ထူထပ်သော တောအ်ုပ်ထဲတွင် ပျောက်ကွယ်သွားကြသည်ါ တုပိုင်သည် မြင်းပေါ်တွင် လုံးဝ သတိလစ်မေ့မြောနေဆဲ ဖြစ်သည်။

တောရိုင်းမြင်းဘုရင်သည် သခင်ဖြစ်သူ၏ ထိန်းချုပ်မှု ကင်းမဲ့သွားသဖြင့် တောင်အဆင်းတွင် ချက်ချင်း အရှိန်လျှော့လိုက်သည်။

ရှေ့တွင် မြစ်တစ်စင်း ပိတ်ဆို့နေသည်။ အကယ်၍ တုပိုင်သာ သတိရှိနေပါက မဆိုင်းမတွ မြစ်ကို ဖြတ်ကျော်ပေလိမ့်မည် ၊ အဘယ်ကြောင့်ဆိုသော် သူ၏ သခင်သည် မည်သည့် အန္တရာယ်မှ မရှိစေဘဲ လုံးဝ မှန်ကန်သော လမ်းကြောင်းဖြင့် လမ်းညွှန်ပေးမည် ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် ယခုအခါ တောရိုင်းမြင်းဘုရင်သည် မိမိကိုယ်ကိုသာ လုံးဝ အားကိုးရတော့မည်။

သူ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ပြီး မြစ်ကို ကြည့်လိုက်သည် ၊ ယခင်က ဖြတ်ကျော်ခဲ့ဖူးသော မြစ်တိုင်းကို ပြန်လည်အမှတ်ရလိုက်ပြီး ရေတိမ်သော နေရာကို ခန့်မှန်းတွက်ချက်လိုက်သည်။

အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စိုးရိမ်ပူပန်မှုများကို ကျော်လွှားကာ ၊ တောရိုင်းမြင်းဘုရင်သည် တုပိုင်ကို ကျောပေါ်တင်လျက် သတ္တိရှိရှိ မြစ်ကို ဖြတ်ကူးလိုက်သည်။

သူ၏ အရှိန်သည် မမြန်ဆန်လှသလို ၊ သူ၏ ဆုံးဖြတ်ချက်သည်လည်း သိပ်ပြီး တိကျမှု မရှိပေ။

သို့သော် သူသည် သာမန် စစ်မြင်းများထက် များစွာ သန်မာပြီး အရပ်ရှည်သဖြင့် ရေနက်သော နေရာများတွင်ပင် မျောပါသွားခြင်း မရှိပေ။ ထို့အပြင် သူသည် အလွန် သတ္တိရှိသဖြင့် ကြောက်ရွံ့မှုကို များစွာ မခံစားရပေ။

အရှိန်အများကြီး ပိုနှေးသွားသော်လည်း တောရိုင်းမြင်းဘုရင်သည် မြစ်ကို ဖြတ်ကျော်နိုင်ခဲ့ပြီး မြင်းစီးစာမေးပွဲ၏ တတိယအဆင့်ကို ပြီးမြောက်ခဲ့သည်။

ဤအချိန်တွင် ထန်ယန်သည် နောက်ဘက်မှ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထန်ယန်သည် လူနှင့် မြင်း ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်ရာ ၊ တောရိုင်းမြင်းဘုရင် တစ်ကောင်တည်းထက် သေချာပေါက် ပိုမို မြန်ဆန်ပေသည်။

တတိယအဆင့်ကို ဖြတ်ကျော်ပြီးနောက် ၊ နောက်တစ်ဆင့်မှာ စတုတ္ထအဆင့် ဖြစ်သော မီတာ တစ်ထောင် အတားအဆီး လမ်းကြောင်း ဖြစ်သည်။

ဤမီတာ တစ်ထောင် လမ်းကြောင်းအတွင်း၌ အမြင့်အမျိုးမျိုး ရှိသော အတားအဆီး အမျိုးမျိုး ရှိနေသည်။

အကယ်၍ တုပိုင်သာ သတိရှိနေပါက ၊ သူသည် အချိန်တိုအတွင်း အရိုးရှင်းဆုံး လမ်းကြောင်းကို ရွေးချယ်နိုင်မည် ဖြစ်ပြီး ၊ အလွန် မြင့်မားပြီး ရှုပ်ထွေးသော အတားအဆီးများကို ရှောင်ရှားကာ ၊ အရေအတွက် အနည်းဆုံးနှင့် အနိမ့်ဆုံး အတားအဆီးများကိုသာ ခုန်ကျော်ပေလိမ့်မည်။

သို့သော် တောရိုင်းမြင်းဘုရင်တွင် ဤစွမ်းရည် မရှိပေ။ သူသည် အရိုးရှင်းဆုံး ရွေးချယ်မှုကိုသာ ပြုလုပ်နိုင်သည် ၊ ထိုအရာမှာ ရှေ့သို့ တည့်တည့်တိုးဝင်ခြင်းပင် ဖြစ်သည်။ မည်သည့် အတားအဆီးနှင့် ကြုံတွေ့ရပါစေ ၊ သူသည် တိုက်ရိုက် ပြင်းထန်စွာ ခုန်ကျော်လိုက်သည်။

ထို့နောက် တောရိုင်းမြင်းဘုရင်သည် သူ၏ အမိုက်ရူးဆန်ဆုံး စွမ်းဆောင်ရည်ကို စတင်ပြသလေတော့သည်။

သူ ပြင်းထန်စွာ အရှိန်မြှင့်လိုက်ပြီး ၊ အတားအဆီးတိုင်းကို ရူးသွပ်မတတ် ခုန်ကျော်လိုက်သည်။

သူ၏ ခွန်အားနှင့် ပေါက်ကွဲအားသည် စစ်မြင်းအများစုထက် သေချာပေါက် သာလွန်သည်။ အတားအဆီး မည်မျှပင် မြင့်မားပါစေ ၊ သူ ပြင်းထန်စွာ ခုန်ကျော်လိုက်သည်။

ဤအချိန်တွင် သတိလစ်မေ့မြောနေသော တုပိုင်သည် အလိုအလျောက် တုံ့ပြန်မှုဖြင့် မြင်းလည်ပင်းကို တင်းကျပ်စွာ ဖက်တွယ်ထားသဖြင့် ပြုတ်မကျခြင်း ဖြစ်သည်။

အခြား စစ်မြင်းများသာဆိုလျှင် ဆန္ဒပြနေကြပြီ ဖြစ်သလို ၊ သခင်ကို ကျောပေါ်မှ ခါချလိုက်သည်မှာ ကြာပြီ ဖြစ်သည်။

သို့သော် တောရိုင်းမြင်းဘုရင်သည် တုပိုင်နှင့်အတူ လဝက်ကျော် အချိန်ကုန်ဆုံးခဲ့ပြီး ၊ အချိန်အများစုတွင် သူတို့သည် ပြီးပြည့်စုံသော ပေါင်းစပ်မှုကို ရရှိခဲ့ကြရာ ၊ သာမန် မြင်းစီးသမားများနှင့် စစ်မြင်းများ နှိုင်းယှဉ်၍ မရနိုင်သော သံယောဇဉ်ကို တည်ဆောက်နိုင်ခဲ့ကြသည်။

အခြား စစ်မြင်းများသာဆိုလျှင် အတားအဆီး ဒါဇင်ပေါင်းများစွာကို ဆက်တိုက် ခုန်ကျော်ပြီးနောက် မောပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။

သို့သော် တောရိုင်းမြင်းဘုရင်သည် အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်း မရှိသေးသော်လည်း ၊ အံ့မခန်း ခံနိုင်ရည်ရှိပြီး ၊ လီတစ်ထောင်မြင်း အပါအဝင် အခြားသော စစ်မြင်းများအားလုံးထက် သာလွန်နေဆဲ ဖြစ်သည်။

သူသည် မောပန်းမှုကို ဘယ်တော့မှ သိရှိမည် မဟုတ်သကဲ့သို့ အတားအဆီးများကို ရူးသွပ်မတတ် ခုန်ကျော်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ့နှလုံးသားထဲတွင် ဆန္ဒတစ်ခု ရှိနေသည်။ ‘ငါ ရှုံးလို့မဖြစ်ဘူး ၊ ငါ ရှုံးလို့မဖြစ်ဘူး။’

ဤအချိန်တွင် ထန်ယန် အမီလိုက်လာပြီ ဖြစ်ပြီး ၊ အတားအဆီးများကို စတင် ဖြတ်ကျော်နေပြီ ဖြစ်သည်။

တုပိုင်နှင့် သူ၏ စစ်မြင်းကို မြင်လိုက်ရသောအခါ ထန်ယန် အံ့အားသင့်သွားသည်။ ‘သူ ဘာလို့ ဒီမှာ ရှိနေသေးတာလဲ။ ခုနတုန်းက အများကြီး ရှေ့ရောက်နေတာလေ ၊ အခုဆို ပန်းဝင်နေသင့်ပြီ မဟုတ်ဘူးလား။’

‘ပြီးတော့ ဒီကောင် ဘာလို့ တိကျတဲ့ လမ်းကြောင်းကို မရွေးချယ်ဘဲ ရှေ့တည့်တည့်ကို တိုးဝင်ပြီး ၊ အမြင့်ဆုံးနဲ့ အခက်ခဲဆုံး အတားအဆီးတွေကိုမှ ရွေးချယ် ခုန်ကျော်နေရတာလဲ။ တုပိုင် ဦးနှောက်များ ပျက်သွားပြီလား။’

သို့သော် သူ လူတစ်ယောက်နှင့် ပြိုင်ဆိုင်နေခြင်း မဟုတ်ဘဲ ၊ မြင်းတစ်ကောင်နှင့် ပြိုင်ဆိုင်နေရကြောင်း သူ မသိရှိခဲ့ပေ။

တောရိုင်းမြင်းဘုရင်သည် ကောင်းကင်ကို အာခံနိုင်သော်လည်း ၊ လမ်းကြောင်းကို ရွေးချယ်တတ်ခြင်း မရှိပေ။ ကြီးမားသော အတားအဆီး ဒါဇင်ပေါင်းများစွာကို ဆက်တိုက် ခုန်ကျော်ပြီးနောက် ၊ သူသည် ပြင်းထန်စွာ မောဟိုက်နေပြီး အနည်းငယ် ကုန်ခမ်းနေပြီ ဖြစ်သည်။

စတုတ္ထအဆင့် ၊ အတားအဆီးလမ်းကြောင်း ပြီးဆုံးသွားပြီ ဖြစ်သည်။

“ရွှီးးးး”

ထန်ယန်သည် မညှာမတာဖြင့် တုပိုင်ကို ကျော်တက်သွားပြီး ပန်းဝင်မျဉ်းဆီသို့ ဦးတည် ပြေးထွက်သွားသည်။

နောက်ဆုံးအပိုင်းသည် မီတာ ရှစ်ရာ မြေပြန့်လမ်းပိုင်း ဖြစ်ရာ ၊ ထန်ယန်၏ လီတစ်ထောင်မြင်းအတွက် အားသာချက် ဖြစ်သည်။ တုပိုင်၏ တောရိုင်းမြင်းဘုရင်သည် ခံနိုင်ရည် အပြည့်အဝ မရှိသေးသလို ၊ ယခုအခါ လုံးဝ ကုန်ခမ်းနေပြီ ဖြစ်ရာ ၊ ဖြောင့်တန်းစွာ အရှိန်မြှင့်ခြင်းသည် သူ့အတွက် အားနည်းချက် ဖြစ်နေသည်။

မြေပြန့်တွင် နောက်ကျကျန်ရစ်ခဲ့သည်နှင့် နောက်တစ်ကြိမ် ပြန်လည် အမီလိုက်နိုင်မည် မဟုတ်တော့ပေ။

တောရိုင်းမြင်းဘုရင်သည် မိမိ ကျော်တက်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ ချက်ချင်း ဒေါသထွက်သွားပြီး လုံးဝ ပေါက်ကွဲသွားတော့သည်။

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ပြင်းထန်သည့် ဟိန်းဟောက်သံနှင့် မြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။

သူ့ဘဝတွင် သူသည် မြင်းမပေါင်း မရေမတွက်နိုင်အောင် မိတ်လိုက်ခဲ့ဖူးသလို ၊ မြင်းထီးပေါင်း မရေမတွက်နိုင်အောင် ကန်ကျောက် သတ်ဖြတ်ခဲ့ဖူးသည် ၊ သူသည် အမှန်တကယ်ပင် မြင်းလောက၏ ဘုရင် ဖြစ်သည်။

ဤဟိန်းဟောက်သံကြောင့် ထန်ယန်၏ လီတစ်ထောင်မြင်း အလွန် လန့်သွားပြီး ၊ ပြင်းထန်စွာ တုန်လှုပ်သွားသည်။

တောရိုင်းမြင်းဘုရင်သည် အခွင့်အရေးကို အရယူပြီး ပြင်းထန်စွာ အရှိန်မြှင့်လိုက်ကာ ရူးသွပ်မတတ် ရှေ့သို့ ပြေးထွက်သွားသည်။

ယခင်က မရှိဖူးသော ပေါက်ကွဲအား ၊ ယခင်က မရှိဖူးသော အစွမ်းကုန် ထုတ်သုံးမှု။

“ငါက တောရိုင်းမြင်းဘုရင်ပဲ ၊ ငါ ရှုံးလို့မဖြစ်ဘူး။ ငါသာ ရှုံးရင် ၊ ငါက တောရိုင်းမြင်းဘုရင် မဟုတ်တော့ဘူး ၊ တောရိုင်းမြင်းဘုရင် မဟုတ်တော့ရင် ငါ သေရလိမ့်မယ်”

တောရိုင်းမြင်းဘုရင် စကားမပြောတတ်သော်လည်း ၊ ဤသည်မှာ သူ၏ တစ်ခုတည်းသော အတွေး ဖြစ်သည်။

ကျားဘုရင်များ ၊ ခြင်္သေ့ဘုရင်များကဲ့သို့ပင် ၊ သူတို့ တစ်ကြိမ် ရှုံးနိမ့်သည်နှင့် ထီးနန်းမှ ဖယ်ရှားခံရမည် ဖြစ်ပြီး ၊ ထီးနန်းမှ ဖယ်ရှားခံရသည်နှင့် ရလဒ်တစ်ခုတည်းသာ ရှိသည်။ ထိုရလာဒ်မှာ သေဆုံးခြင်းပင်ဖြစ်၏။

ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်သော တောရိုင်းမြင်းဘုရင်သည် ဖြောင့်တန်းစွာ အရှိန်မြှင့်ခြင်းတွင် ယခင်က မရှိဖူးသော အဆင့်တက်ခြင်း တစ်ခုကို အမှန်တကယ် ရရှိခဲ့သည်။ ထန်ယန်၏ လီတစ်ထောင်မြင်းကို ကျော်တက်သွားရုံသာမက ၊ ပိုမို ဝေးကွာအောင် ဖြတ်ကျော်သွားခဲ့သည်။

ထန်ယန် ရူးသွပ်လုမတတ် ဖြစ်သွားသည်။ အောင်ပွဲက လက်တစ်ကမ်းမှာ ရှိနေပါလျက် ၊ လွတ်ထွက်သွားသည်ကို သူမည်သို့ရပ်ကြည့်နေနိုင်မည်နည်း။

ယခင်က သူ၏ လီတစ်ထောင်မြင်းကို တစ်ခါမှ ကြာပွတ်မရိုက်ဖူးသော်လည်း ၊ ယခုအခါ သူသည် အသည်းအသန် ရိုက်နှက်နေသည်။ လီတစ်ထောင်မြင်းသည် မြည်ဟည်းလိုက်ပြီး ဝမ်းနည်းနေသော်လည်း အသည်းအသန် ပြေးလွှားနေသည်။

သို့သော် တကယ် မမီတော့ပေ။

မီတာ ရှစ်ရာ ဖြောင့်တန်းသော လမ်းကြောင်းသည် တစ်မိနစ်မပြည့်ခင်မှာပင် လုံးဝ ကုန်ဆုံးသွားသည်။ တောရိုင်းမြင်းဘုရင်သည် မြည်ဟည်းလိုက်ပြီး တုပိုင်ကို သယ်ဆောင်လျက် ပန်းဝင်မျဉ်းကို တိုက်ရိုက် ဖြတ်ကျော်သွားသည်။

ပန်းဝင်မျဉ်းတွင် ကြီးကြပ်နေသော မိန်းမစိုးခွေး ၊ ကြီးကြပ်ရေးမှူးချုပ်သည် အလွန်အမင်း ထိတ်လန့်သွားပြီး ၊ တုပိုင် ပန်းဝင်မျဉ်း ဖြတ်ကျော်သော အချိန်ကို မှတ်တမ်းတင်လိုက်သည်။

စံချိန်သစ် တင်သွားပြီ ၊ စံချိန်သစ် တင်သွားပြီ။ တုပိုင်သည် မြင်းစီးပြိုင်ပွဲ စံချိန်ကို အနည်းဆုံး ငါးပုံတစ်ပုံခန့် ပိုမြန်ခဲ့သည်။ ခေတ်သစ်ကမ္ဘာမြေ အချိန်နှင့် တွက်ချက်မည် ဆိုပါက ၊ တုပိုင်၏ မြင်းစီးစာမေးပွဲသည် ၁၇ မိနစ်သာ ကြာမြင့်ခဲ့ပြီး ၊ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ ယခင် အမြင့်ဆုံး စံချိန်မှာ ၂၃ မိနစ် ဖြစ်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် ထန်ယန်သည်လည်း လီတစ်ထောင်မြင်းကို စီးနင်းလျက် ပန်းဝင်မျဉ်းကို ဟိန်းဟောက် ဖြတ်ကျော်လာသည်။ လန်ထင်နှင့် ကျောင်းအုပ်သစ်တို့ နာကျင်စွာ မျက်လုံးများကို မှိတ်လိုက်ကြသည်။

ထန်ယန်၏ ရမှတ်သည်လည်း အလွန် ကောင်းကင်ကို အာခံနိုင်ပြီး ၊ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ၏ မြင်းစီးပြိုင်ပွဲ သမိုင်းဝင် စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

သို့သော် သူ လုပ်နိုင်တာ ဘာမှမရှိပေ ၊ ပိုပြီး ပါရမီပါသော တုပိုင်နှင့် တွေ့ဆုံမိသူက သူကိုယ်တိုင် ဖြစ်နေလေ၏။

အပိုင်း ၂၆၃ ပြီး။

All Chapters