← Chapters

အခန်း (၂၆၆)

Vol. 27 Ch. 266

အခန်း (၂၆၆)

Vol. 27 Ch. 266

ဆရာသခင်ကြီး နင်ဇောင်ဝူ ခေါင်းခါပြီး ပြောလိုက်သည်။

“ဒီအဆိပ်အတွက် ဖြေဆေးမရှိဘူး ၊ ဘာလို့လဲဆိုတော့ သူက ဦးနှောက်ကို တိုက်ခိုက်ပြီး ၊ ဦးနှောက်နဲ့ ဝိညာဉ်ကို တိုက်ရိုက် ဖိနှိပ်ပစ်လို့ပဲ။ ဆေးလုံးတွေနဲ့ ကယ်လို့ရတဲ့ အခြေအနေ မဟုတ်တော့ဘူး”

လီဝမ်ဟွေ့၏ နှလုံးသားသည် ချက်ချင်း ပေါက်ကွဲလုမတတ် ဖြစ်သွားပြီး ၊ သူ့တစ်ကိုယ်လုံး ငရဲ ၁၈ ထပ်သို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဆရာသခင်ကြီး နင်ဇောင်ဝူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဘာကြောင့်မှန်း ငါ မသိဘူး ၊ အဆိပ်မိပြီး ခဏအကြာမှာ တုပိုင်က သေချာပေါက် သေသွားသင့်တာ။ ကိုယ်ပိုင် ဂိုဏ်းဂဏ တည်ထောင်ဖို့အတွက် ဒီအဆိပ်ကို ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ခဲ့တဲ့ ဆရာသခင်ကြီးအဆင့် ကျွမ်းကျင်သူ ဘယ်နှယောက်ရှိလဲ မသိဘူး ၊ သူတို့အားလုံး ခြွင်းချက်မရှိ ချက်ချင်း သေဆုံးသွားခဲ့ကြတာ။ ဘာလို့ နာရီပေါင်းများစွာ ကြာတာတောင် သူ အသက်ရှင်နေရတာလဲ ၊ သူ့အသက်ရှူသံက အရမ်း ၊ အရမ်းကို အားနည်းနေပြီး ၊ သူ့ရဲ့ အသက်စွမ်းအင်က တဖြည်းဖြည်း အားနည်းလာနေပေမဲ့ပေါ့”

ဤစကားထဲတွင် အချက်အလက်များစွာ ပါဝင်နေသည်။ ဤဆရာသခင်ကြီးများသည် ကောင်းမွန်စွာ အသက်ရှင်လျက်နှင့် ၊ ဘာ့ကြောင့် ဝိညာဉ်အရိပ် အဆိပ်ကို ကိုယ့်ကိုယ်ကိုယ် စမ်းသပ်ခဲ့ကြသနည်း။

သို့သော် လီဝမ်ဟွေ့သည် အဆိုပါ အရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူ ရုတ်တရက် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီး မေးလိုက်သည်။

“ဒါဆို ၊ တုပိုင်ကို ကယ်လို့ရလား”

ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။

“ဒီအခြေအနေက အရမ်း ထူးဆန်းတယ် ၊ ဘာလို့လဲဆိုတော့ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် ဘယ်လောက်ပဲ မြင့်မားပါစေ ၊ ဒီအဆိပ်ပြင်းက အခြေခံအားဖြင့် သေစေနိုင်တဲ့ တိုက်ခိုက်မှုပဲ။ ငါ တကယ်ကို နားမလည်နိုင်ဘူး ၊ တုပိုင်ကို လုပ်ကြံတဲ့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲ။ ဝိညာဉ်အရိပ်ကို အသုံးပြုတာက လုံးဝ ဖြုန်းတီးရာ ရောက်တယ်”

လီဝမ်ဟွေ့က ပြောလိုက်သည်။

“တုပိုင်ကို ကယ်နိုင် မကယ်နိုင်ပဲ ငါ ဂရုစိုက်တယ်”

ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။

“အပြင်အားနဲ့ ကယ်ဖို့ မဖြစ်နိုင်ဘူး ၊ သူ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်။ ဘာလို့လဲဆိုတော့ ဒါက သူ့ဦးနှောက်ရဲ့ အတွင်းပိုင်း ကိစ္စ ၊ ဝိညာဉ်တိုက်ပွဲ ဖြစ်နေပြီမို့လို့ပဲ။ သူ့ရဲ့ အသက်စွမ်းအင် ဆက်ပြီး အားမနည်းသွားအောင် တားဆီးဖို့ ဆေးလုံးတချို့ပဲ တိုက်လို့ရမယ်”

“ဒါဆို ကျေးဇူးပြုပြီး ၊ ဆရာသခင်ကြီးနင် ၊ မြန်မြန်လုပ်ပါ” လီဝမ်ဟွေ့က ပြောလိုက်သည်။

ဆရာသခင်ကြီး နင်ဇောင်ဝူသည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ရေနွေးဖြင့် ဖျော်လိုက်ပြီး ၊ ထို့နောက် တုပိုင်၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်သည်။

လီဝမ်ဟွေ့သည် တုပိုင်၏ မျက်နှာကို စူးစိုက်ကြည့်နေပြီး ၊ တစ်စက္ကန့် သို့မဟုတ် အသေးစိတ် အချက်အလက် တစ်ခုလေးကိုမျှ အလွတ်မခံလိုပေ။

သို့သော် ဆေးလုံး တိုက်ပြီးနောက်တွင်လည်း တုပိုင်၏ မျက်နှာအဆင်းသည် ကြောက်မက်ဖွယ် ကောင်းနေဆဲ ဖြစ်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် လီဝမ်ဟွေ့သည် ဆရာသခင်ကြီးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ပြောလိုက်သည်။

“ဘာလို့ အာနိသင် မပြတာလဲ”

ဤအချိန်တွင် လီဝမ်ဟွေ့သည် ကြီးကျယ်မြင့်မြတ်သော သူရဲကောင်းတစ်ဦး မဟုတ်တော့ဘဲ ၊ နောက်မျိုးဆက်များ၏ မိဘများနှင့် မခြားနားတော့ပေ။ သူတို့၏ ကလေး ဖျားနာရုံမျှဖြင့် ကောင်းကင် ပြိုကျလာသကဲ့သို့ ခံစားနေရသူ ဖြစ်သည်။

ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။

“သူ့ရဲ့ အသက်စွမ်းအင်က အမြဲတမ်း အားနည်းနေတာ ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ ဦးနှောက်နဲ့ ဝိညာဉ်က ဆက်တိုက် ပျက်စီးနေလို့ပဲ။ လူ့ခန္ဓာကိုယ်က စွမ်းအင်ဖြန့်ဝေမှုနဲ့ သွေးလည်ပတ်မှုအတွက် ဦးနှောက်ကိုပဲ လုံးဝ အားကိုးရတာ။ အကယ်၍ ဦးနှောက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပျက်စီးသွားမယ်ဆိုရင် ၊ သူက အကြောသေကြီး စကားတောင်မပြောနိုင်တဲ့ ဒုက္ခိတ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ အခုက သူ့ဦးနှောက်တစ်ခုလုံးရဲ့ အသက်စွမ်းအင်နဲ့ ဝိညာဉ်တွေ ပျက်စီးနေတာ”

လီဝမ်ဟွေ့ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။

“သူ့ကို ကယ်ဖို့ နည်းလမ်း မရှိတော့ဘူးလား။ ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ ၊ ဘာပဲ ဖြစ်ဖြစ်လေ”

ဘာပဲ ဖြစ်ဖြစ်ဟု ပြောလိုက်သောအခါ လီဝမ်ဟွေ့၏ အသံသည် အလွန် လေးလံနေပြီး ၊ ပြတ်သားသော ဆုံးဖြတ်ချက်ကို ပြသနေသည်။

ဆရာသခင်ကြီး နင်ဇောင်ဝူက ပြောလိုက်သည်။

“ပြင်ပအားတွေ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ ၊ လူ့ဦးနှောက်ထဲကို ဝင်လို့မရဘူး။ သူ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်”

**--**--**--**--**--**--**--**

တုပိုင် သတိလစ်နေဆဲ ဖြစ်သည်။ သူ့ဦးနှောက်၏ နက်ရှိုင်းသော နေရာတွင် အမှောင်ထုနှင့် ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု လွှမ်းခြုံထားသည်။

မှိန်ဖျဖျ အစိမ်းရောင် အလင်းပါသော ဤအမှောင်စွမ်းအင်သည် အဆိပ်ပြင်း ၊ ဝိညာဉ်အရိပ် ဖြစ်သည်။

ဤအဆိပ်ပြင်း စွမ်းအင်သည် တုပိုင်၏ ဦးနှောက် အသက်စွမ်းအင်ကို ရူးသွပ်မတတ် ဝါးမြိုပြီး ဖိနှိပ်နေကာ ၊ သူ့ဝိညာဉ်ကို ဖျက်ဆီးနေသည်။

ဤအဆိပ်ပြင်းစွမ်းအင်သည် ဝိညာဉ်သားရဲဟု ခေါ်သော ပုံမှန်မဟုတ်သည့် သတ္တဝါတစ်ကောင်မှ ရရှိခြင်း ဖြစ်သည်။

ထိုသားရဲသည် အလွန် ရှားပါးပြီး ၊ ပုံမှန်အားဖြင့် ကြီးမားသော မြေပြင် အပြောင်းအလဲများ ဖြစ်ပေါ်ချိန်တွင် ဂူများ၏ နက်ရှိုင်းသော နေရာများ၌သာ တွေ့ရလေ့ရှိသည်။

သားရဲ၏ မျက်လုံးများသည် ကြောက်မက်ဖွယ် ကောင်းလှသည် ၊ သားရဲ၏ စိုက်ကြည့်ခြင်း ခံရသည်နှင့် ဝိညာဉ်လွင့်ပျံပြီး စိတ်ဝိညာဉ်ကို ကွဲကြေသွားစေကာ ချက်ချင်းနီးပါး သေဆုံးစေသည်။ သို့သော် သားရဲ၏ ခန္ဓာကိုယ်သည် အလွန် အားနည်းလေပြီး တိုက်ခိုက်နိုင်စွမ်း မရှိသလောက် နည်းပါးသည်။

ထို့ကြောင့် ဂူထဲတွင် ခရီးသွားရင်း အိပ်ပျော်နေသော ဝိညာဉ်သားရဲ တစ်ကောင်ကို တွေ့လိုက်ရပါက ၊ ထိုသည်မှာ ကြီးမားသော ကံကောင်းမှု ဖြစ်သည်။ သားရဲကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး ၊ မျက်လုံးနှစ်လုံးကို ထုတ်လိုက်ပါက အနည်းဆုံး ငွေတုံး တစ်သောင်းဖြင့် ရောင်းချနိုင်သည်။

သို့သော် နိုးနေသော ဝိညာဉ်သားရဲ တစ်ကောင်ကို တွေ့လိုက်ရပါက ၊ တတ်နိုင်သမျှ မြန်မြန် ပြေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသားရဲကို မည်သည့်အခါမျှ အနိုင်ယူနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။ သားရဲ၏ ကြောက်မက်ဖွယ် မျက်လုံးများ၏ စိုက်ကြည့်ခြင်းကို တစ်ချက် ခံလိုက်ရရုံဖြင့် ဝိညာဉ်လွင့်ပျံပြီး စိတ်ဝိညာဉ် ကွဲကြေကာ သေချာပေါက် သေဆုံးစေမည် ဖြစ်သည်။

ထို့ကြောင့် ဝိညာဉ်သားရဲကို မကောင်းဆိုးဝါး သရဲတစ္ဆေ ဟုလည်း ခေါ်ဆိုကြသည်။ တစ်ချိန်တည်းမှာပင် တုပိုင်၏ ဦးနှောက်အတွင်းရှိ ထူးဆန်းသော အလင်းအရိပ်သည် ရုတ်တရက် ပြန့်ကျဲသွားသည်။ မူလက ကြီးမားသော အလင်းအရိပ် တစ်ခု ဖြစ်သော်လည်း ၊ ပြန့်ကျဲသွားပြီးနောက် ကြယ်တာရာများအသွင် ပြောင်းလဲသွားကာ ၊ ကြီးမားသော အလင်းစက်ဝန်းကြီး တစ်ခု ဖြစ်သွားသည်။

ဤအလင်းစက်ဝန်းများသည် ဤအမှောင် ဝိညာဉ်အရိပ် အဆိပ်ပြင်း စွမ်းအင်ကို ဖမ်းယူရန် စတင်လေသည်။

တုပိုင်သည် ဝိညာဉ်အရိပ် အဆိပ်ပြင်း မိပြီးနောက် ချက်ချင်း သေဆုံးသင့်သည်။ သို့သော် အိပ်မက်စနစ်ဟုလည်း ခေါ်သော သူ့ဦးနှောက် နက်ရှိုင်းသော နေရာရှိ ထူးဆန်းသော အလင်းအရိပ်သည် သူ့ဦးနှောက်၏ အဓိက အသက်စွမ်းအင်ကို ကာကွယ်ပေးထားပြီး ၊ ဦးနှောက် ချးက်ချင်း ပျက်စီးမသွားအောင် တားဆီးပေးထားသည်။

ဤအချိန်တွင် အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းအရိပ်သည် ဝိညာဉ်အရိပ် အဆိပ်ပြင်းကို ဖြည်းညှင်းစွာ ဖမ်းယူနေပြီး ၊ ဝိညာဉ်အရိပ် အဆိပ်ပြင်း၏ အဆိပ်တိုင်းကို သေချာဝိုင်းရံထားသည်။

ဤအရာသည် အလွန် နှေးကွေးသော လုပ်ငန်းစဉ် ဖြစ်ပြီး ၊ ဤလုပ်ငန်းစဉ် အတွင်းတွင် ဝိညာဉ်အရိပ် အဆိပ်ပြင်းသည် တုပိုင်၏ ဦးနှောက်စွမ်းအင်ကို ဆက်လက် ဝါးမြိုနေသည်။ ဗိုင်းရပ်စ်ဆဲလ်တစ်ခုက ပုံမှန်ဆဲလ်များကို ဝါးမြိုသကဲ့သို့ပင် ဖြစ်သည်။

ထို့ကြောင့် တုပိုင်၏ အသက်စွမ်းအင်သည် အမြဲတမ်း အားနည်းနေသော်လည်း ၊ အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းအရိပ်သည် သူ့ဦးနှောက်၏ အဓိကကျသော အစိတ်အပိုင်းကို ကာကွယ်ပေးထားသဖြင့် သူ အသက်ရှင်နေခြင်း ဖြစ်သည်။

ထူးဆန်းသော အလင်းအရိပ်သည် တစ်စပြီးတစ်စ ဝိုင်းရံလိုက်သည်။

တစ်နာရီ ၊ နှစ်နာရီ ၊ သုံးနာရီ ၊ လေးနာရီ ၊ နောက်ဆုံးတွင် အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းအရိပ်သည် ဝိညာဉ်အရိပ် အဆိပ်ကို လုံးဝ လွှမ်းခြုံလိုက်ပြီး ၊ တစ်စက်မျှ မကျန်တော့ပေ။

ထို့နောက် ထူးဆန်းသော အလင်းအရိပ်သည် ချက်ချင်း ဖွဲ့စည်းလိုက်ပြီး ၊ ဝိညာဉ်အရိပ် အဆိပ်ကို အမည်းရောင် အစက်အပြောက်လေး တစ်ခုအဖြစ် ဖိသိပ်လိုက်ကာ ၊ လုံးဝ ဖမ်းယူလိုက်သည်။

ထိုသည်မှာ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် မြန်ဆန်ပြီး ချက်ချင်းနီးပါး ဖြစ်သည်။ လွှမ်းခြုံသော လုပ်ငန်းစဉ်သည် အလွန် နှေးကွေးသော်လည်း ၊ ဖမ်းယူမှုသည် အလွန် မြန်ဆန်ပြီး ၀.၀၁ စက္ကန့်အောက်သာ ကြာသည်။

ဤအချိန်လေးတွင်ပင် တုပိုင်၏ အသက်စွမ်းအင်သည် လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာပြီး ၊ သူ့ဦးနှောက်နှင့် စိတ်စွမ်းအင်များသည် ချက်ချင်း လွတ်မြောက်လာသည်။

သူ၏ အသက်ရှူသံသည် သန်မာလာပြီး ၊ မျက်နှာအဆင်းသည် သွေးရောင်လွှမ်းလာကာ ၊ နှလုံးခုန်သံသည် ပိုမို အားကောင်းလာသည်။

ဆရာသခင်ကြီး နင်ဇောင်ဝူ ဝမ်းသာအားရ အာမေဋိတ် ပြုလိုက်သည်။

“ပြီးသွားပြီ ၊ ငါတို့ နိုင်ပြီ။ တုပိုင်ရဲ့ ဝိညာဉ်က ဦးနှောက်စစ်မြေပြင်ထဲမှာ ဝိညာဉ်အရိပ် အဆိပ်ကို အနိုင်ယူလိုက်ပြီ။ သူ့အသက် အန္တရာယ် မရှိတော့ဘူး”

လီဝမ်ဟွေ့ အလွန် ပျော်ရွှင်သွားပြီး ၊ သူ့မျက်နှာ ချက်ချင်း သွေးရောင်လွှမ်းလာသည်။ သူ့ရင်ထဲမှ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုကို ဖော်ပြရန် စကားလုံးများ မရှိတော့ပေ။

“ဒါဆို သူ ဘာလို့ မနိုးသေးတာလဲ” လီဝမ်ဟွေ့ မေးလိုက်သည်။

ဆရာသခင်ကြီး နင်ဇောင်ဝူ ပထမတော့ လန့်သွားပြီး ၊ ထို့နောက် သူ့မျက်လုံးများ ရုတ်တရက် တောက်ပလာကာ ၊ ယုံကြည်နိုင်စရာ မကောင်းလောက်အောင် စိတ်လှုပ်ရှားလာသည်။

ဆရာသခင်ကြီး နင်ဇောင်ဝူ၏ မျက်နှာသည် နီရဲနေပြီး ၊ အသက်ရှူသံများ မမှန်တော့ဘဲ ၊ အသံများ တုန်ရီလျက် ပြောလိုက်သည်။

“ငါ့မှာ အရမ်းကို ရူးသွပ်ဖို့ကောင်းတဲ့ ထင်ကြေးတစ်ခု ရှိတယ်။ ဒီကလေးတုပိုင်က လုံးဝ အံ့သြစရာကောင်းတဲ့ အရာတစ်ခုကို လုပ်ဆောင်နေတာ”

လီဝမ်ဟွေ့ မေးလိုက်သည်။ “ဘာလဲ”

ဆရာသခင်ကြီး နင်ဇောင်ဝူသည် သူ့ဘာသာသူ ဈာန်ဝင်နေပြီ ဖြစ်ရာ ၊ မေးတာနှင့် ဖြေတာ တစ်ခြားစီ ဖြစ်နေသည်။

“အကယ်၍ သူသာ အောင်မြင်သွားရင် ၊ သူက သမိုင်းသစ်တစ်ခုကို ဖန်တီးလိုက်တာပဲ။ သူ့မှာ ကြောက်မက်ဖွယ် ကောင်းတဲ့ ဝှက်ဖဲတစ်ခု ရှိလာလိမ့်မယ်။ သူ့သိုင်းပညာ မလုံလောက်ရင်တောင် ၊ ရန်သူက သတိမထားမိတဲ့အချိန်မှာ သူ့ထက် အများကြီး ပိုစွမ်းအားကြီးတဲ့ ရန်သူတွေကို ချက်ချင်း သတ်နိုင်လိမ့်မယ်”

ထို့နောက် ဆရာသခင်ကြီး နင်ဇောင်ဝူသည် စိတ်လှုပ်ရှားစွာဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ၊ ကိုယ်ပိုင် စိတ်ကူးယဉ်မှုများထဲတွင် လုံးဝ နစ်မြုပ်နေသည်။

“အရမ်း ရူးသွပ်လွန်းတယ် ၊ အရမ်း ရူးသွပ်လွန်းတယ်”

“ငါ့ထင်ကြေး မှန်ပါစေလို့ ဆုတောင်းတယ် ၊ သေချာပေါက် မှန်ရမယ်”

“အဲဒီလိုသာဆိုရင် တုပိုင်က သမိုင်းဖန်တီးလိုက်တာပဲ”

“နှစ်ပေါင်းထောင်ချီကြာအောင် လူပေါင်း မရေမတွက်နိုင်လောက်အောင်က စိတ်စွမ်းအင် တိုက်ခိုက်မှုတွေ ဖန်တီးဖို့ ဝိညာဉ်အရိပ် အဆိပ်ကို သူတို့ရဲ့ သိုင်းပညာနဲ့ ပေါင်းစပ်ဖို့ ကြိုးစားခဲ့ကြတယ် ၊ မရေမတွက်နိုင်တဲ့ လူတွေက သူတို့ရဲ့ ခြေရာကို နင်းခဲ့ကြတယ်”

“ဘာလို့လဲဆိုတော့ ဒီလို စိတ်စွမ်းအင် တိုက်ခိုက်မှုက အရမ်း ကြောက်စရာ ကောင်းလွန်းတယ် ၊ အရမ်း ကောင်းကင်ကို အာခံလွန်းလို့ပဲ။ မင်းရဲ့ သိုင်းပညာ ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ ၊ အသုံးမဝင်ဘူး။ သူ ထုတ်သုံးလိုက်တာနဲ့ ၊ မင်းရဲ့ ဦးနှောက်နဲ့ ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်မှာ။ မင်းရဲ့ သိုင်းပညာ သန်မာရင်တောင် အရာထင်မှာ မဟုတ်ဘူး”

All Chapters