← Chapters

အခန်း (၂၆၇)

Vol. 27 Ch. 267

အခန်း (၂၆၇)

Vol. 27 Ch. 267

“နှစ်ပေါင်းထောင်ချီကြာအောင် ဘယ်သူမှ မအောင်မြင်ခဲ့ဖူးဘူး။ သိုင်းပညာ ဆရာသခင်ကြီးတွေ မရေမတွက်နိုင်အောင်က ဒီအဆိပ်ကို သူတို့ကိုယ်သူတို့ စမ်းသပ်ခဲ့ကြပေမဲ့ ၊ ရလဒ်ကတော့ သူတို့ရဲ့ ဝိညာဉ်လွင့်ပျံပြီး စိတ်ဝိညာဉ် ကွဲကြေပြီးတော့ လုံးဝ သေဆုံးသွားခဲ့ကြတာချည်းပဲ”

“အကယ်၍ တုပိုင်သာ အောင်မြင်ခဲ့ရင် ၊ သူက ဒီကမ္ဘာပေါ်မှာ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်လာလိမ့်မယ်။ ဒါ ၊ ဒါက အရမ်း ကြောက်စရာ ကောင်းလွန်းတယ်”

“အဲဒီလိုသာဆိုရင် သူက စိတ်စွမ်းအင် တိုက်ခိုက်မှုရဲ့ ဂိုဏ်းချုပ်ဘိုးဘေး ဖြစ်လာလိမ့်မယ်”

“သူသာ အောင်မြင်ခဲ့ရင် ၊ နောက်ဆယ်နှစ်အတွင်း စိတ်စွမ်းအင် တိုက်ခိုက်မှု နည်းစနစ်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်သိုင်းကျမ်းတစ်အုပ် ငါ ရေးကို ရေးရမယ်”

“မဖြစ်ဘူး ၊ အဲဒါ မဖြစ်ဘူး။ ဒီကျင့်စဉ်က အရမ်း ကောင်းကင်ကို အာခံလွန်းတယ် ၊ အရမ်း ထူးချွန်ပြောင်မြောက်လွန်းတယ်။ လုံးဝ ပြန့်သွားလို့ မဖြစ်ဘူး”

ဆရာသခင်ကြီး နင်ဇောင်ဝူသည် ယုံကြည်နိုင်စရာ မကောင်းလောက်အောင် စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ရေရွတ်နေလေသည်။

သူ ပြောတာ မမှားပေ။ ဝိညာဉ်အရိပ် ကို သေချာစွာ သုတေသန ပြုလုပ်ခဲ့ပြီးနောက် ၊ ယင်းသည် ကောင်းကင်နှင့် မြေကြီး၏ ရွှမ်းချီ ကဲ့သို့ပင် ၊ အတွင်းအားအဖြစ် ပြောင်းလဲနိုင်သော သန့်စင်သည့် စွမ်းအင်တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ဤအချက်ကို သိရှိပြီးနောက် မရေမတွက်နိုင်သော သိုင်းပညာ ဆရာသခင်ကြီးများသည် ဝိညာဉ်အရိပ် စွမ်းအင်ကို ယဉ်ပါးအောင် ပြုလုပ်ပြီး ၊ သူတို့၏ သိုင်းလမ်းစဉ်ထဲသို့ ထည့်သွင်းကာ ၊ စစ်မှန်သော စိတ်စွမ်းအင် တိုက်ခိုက်မှုကို တီထွင်ပြီး ကိုယ်ပိုင်ဂိုဏ်းဂဏ တည်ထောင်ရန် ဆန္ဒရှိခဲ့ကြသည်။

သို့သော် နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၊ မည်သူမျှ မအောင်မြင်ခဲ့ဖူးပေ။

ဤကမ္ဘာပေါ်တွင် စစ်မှန်သော စိတ်စွမ်းအင် တိုက်ခိုက်မှုဟူ၍ မရှိပေ။ ချွမ်ရှယ်ကျောင်းတော် အတွင်းရှိ ချွမ်ရှယ် ဘုန်းတော်ကြီး၏ လှုပ်ရှားမှုတိုင်းသည် စိတ်စွမ်းအင် တိုက်ခိုက်မှုနှင့် များစွာ တူညီနေသည်။

သို့သော် ယင်းသည် မဟုတ်ပေ။ အစွမ်းထက်သော စိတ်စွမ်းအင်နှင့် ဆေးဝါးကို အသုံးပြုပြီး ထင်ယောင်ထင်မှား ဖြစ်အောင် ၊ သို့မဟုတ် ပိုမိုတိကျစွာ ပြောရလျှင် အိပ်မက်မက်အောင် ပြုလုပ်ခြင်းသာ ဖြစ်သည်။ ယင်းသည် စိတ်စွမ်းအင် တိုက်ခိုက်မှု မဟုတ်ပေ။ အလွန် ရှုပ်ထွေးပွေလီသော အိပ်မွေ့ချ အာရုံမှားစေခြင်းနှင့် ပိုတူသည်။

သို့သော် အကယ်၍ ဝိညာဉ်အရိပ် စွမ်းအင်ကို ပိုင်ဆိုင်သွားပါက ၊ ထိုအရာသည် တိုက်ရိုက်အကျဆုံး စိတ်စွမ်းအင် တိုက်ခိုက်မှု ဖြစ်လာမည် ဖြစ်ပြီး ၊ မည်သည့် အိပ်မွေ့ချခြင်းမျှ မလိုအပ်ဘဲ ချက်ချင်း သေဆုံးစေနိုင်မည် ဖြစ်သည်။

ထိုအရာသည် ရိုးရှင်းစွာပင် သေမင်းကဲ့သို့ ဖြစ်တည်မှုမျိုး ဖြစ်နေလိမ့်မည်။ ဆရာသခင်ကြီး နင်ဇောင်ဝူ မမှားပေ။

ဤအချိန်တွင် တုပိုင်၏ ဦးနှောက်ထဲရှိ အိပ်မက်စနစ်၏ ထူးဆန်းသော အလင်းအရိပ်သည် တုပိုင်အား စိတ်စွမ်းအင် တိုက်ခိုက်မှုများကို ပိုင်ဆိုင်နိုင်စေရန် ဝိညာဉ်အရိပ် စွမ်းအင်ကို လုံးဝ ဖမ်းယူနိုင်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။

အောင်မြင်သွားသည်နှင့် တုပိုင်သည် အမှန်တကယ်ပင် ကောင်းကင်ကို အာခံကာ သေမင်းတစ်ပါးဖြစ်လာပေလိမ့်မည်။ ဤစိတ်စွမ်းအင် တိုက်ခိုက်မှုသည် တုပိုင်၏ ပြိုင်ဘက်ကင်း အသက်ကယ် နည်းစနစ် ၊ သူ၏ အကြွင်းမဲ့ လျှို့ဝှက် ဝှက်ဖဲ ဖြစ်လာပေလိမ့်မည်။

သူသည် ဤကမ္ဘာပေါ်တွင် စိတ်စွမ်းအင် တိုက်ခိုက်မှုကို ပိုင်ဆိုင်သော တစ်ဦးတည်းသောသူ ဖြစ်လာပေတော့မည်။

ဤသည်မှာ ကြီးမားလှသော အကျိုးကျေးဇူး ဖြစ်သည်။ အိပ်မက်စနစ်က တုပိုင်ကို ဤလုပ်ကြံမှုအကြောင်း ကြိုတင်သတိမပေးဘဲ ဖြစ်ပျက်ခွင့် ပြုလိုက်ခြင်းမှာ ၊ ဤကောင်းကင်ကို အာခံနိုင်သော စိတ်စွမ်းအင် တိုက်ခိုက်မှုကို ပိုင်ဆိုင်နိုင်စေရန် ဖြစ်သည်။

ထို့ပြင် ဝိညာဉ်အရိပ် စွမ်းအင်သည် စိတ်စွမ်းအင် တိုက်ခိုက်မှုအတွက် တစ်ခုတည်းသော လက်နက် ဖြစ်သည်။ ဤအရာကို တုပိုင်အနေဖြင့် သေမင်းနှင့် ရင်ဆိုင်ပြီးမှ အသက်ပြန်ရှင်လာခြင်း ၊ ကျားသိုက်ထဲသို့ ကိုယ့်ကိုယ်ကိုယ် ပစ်ချလိုက်ခြင်းဟုလည်း ယူဆနိုင်သည်။

တုပိုင် သူ့ဦးနှောက်၏ နက်ရှိုင်းသော နေရာတွင် ပြောလိုက်သည်။

“ဒီစိတ်စွမ်းအင် တိုက်ခိုက်မှုက ကောင်းကင်ကို အာခံနိုင်ဆုံး ဆုလာဘ် ဖြစ်သင့်တာ။ ဘာလို့ မင်းက တစ်ခွန်းမှ မဟခဲ့တာလဲ”

“ဒီကမ္ဘာကြီးက ငါတို့ ထိန်းချုပ်မှုအောက်မှာ မရှိဘူးဆိုတာ မင်း ရှင်းရှင်းလင်းလင်း မှတ်ထားရမယ်။ ကွမ်ရှီးဘုရင်ခံ လော့ဝမ်က မင်းကို လုပ်ကြံဖို့ လူလွှတ်လိုက်တာ ၊ ပြီးတော့ အဲဒီအတွက် ဝိညာဉ်အရိပ် ကို အသုံးပြုလိုက်တာက လုံးဝ မတော်တဆမှု တစ်ခုပဲ။ သူက အဲဒါ အပြင်းထန်ဆုံး အဆိပ်ဆိုတာပဲ သိတာ ၊ ဘယ်လောက် ရှားပါးတယ်ဆိုတာ မသိခဲ့ဘူး။ ပြီးတော့ ငါမင်းကို ပေးတဲ့ ဆုလာဘ် ဆိုတာတွေကလည်း မင်းရဲ့ အဓိက လမ်းကြောင်းကို စီစဉ်ဖို့နဲ့ ရလဒ်တချို့ ရရှိစေဖို့အတွက်ပဲ။ ဒီဆုလာဘ်တွေက ငါပေးတာ မဟုတ်ဘူး ၊ မင်းကိုယ်တိုင် ရှာဖွေရရှိတာတွေပါ”

တုပိုင်က ပြောလိုက်သည်။ “နားလည်ပြီ”

ထူးဆန်းသော အလင်းအရိပ်ကဆက် ပြောလိုက်သည်။ “နောက်တစ်ဆင့် ၊ ငါက ဒီဝိညာဉ်အရိပ် အဆိပ်စွမ်းအင် အစုအဝေးကို မင်းရဲ့ ဦးနှောက်ထဲကနေ အတင်း တွန်းထုတ်ပေးမယ်။ မင်းက အဲဒါကို ထိန်းချုပ်ပြီး ၊ သွေးကြောတွေကတစ်ဆင့် မင်းရဲ့ ဒန်တျန်ဆီ ရွှေ့ရမယ်”

တုပိုင် မေးလိုက်သည်။ “ဒန်တျန်ထဲမှာ သိုလှောင်ထားရမှာလား”

“အင် ၊ ဟုတ်တယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ ရွှမ်းချီ လိုမျိုးပဲ ၊ သူကလည်း စွမ်းအင်ပုံစံ တစ်မျိုးဖြစ်ပြီး မင်းရဲ့ အတွင်းအားရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာနိုင်တယ်။ မင်းရဲ့ အတွင်းအားကို ထုတ်သုံးလိုက်တဲ့အခါ ၊ ဒီဝိညာဉ်အဆိပ်စွမ်းအင်ကလည်း ပစ်လွှတ်လိုက်သလို ဖြစ်သွားပြီး ၊ ရန်သူရဲ့ ဝိညာဉ်နဲ့ ဦးနှောက်ကို တိုက်ခိုက်ကာ ချက်ချင်း သေဆုံးစေလိမ့်မယ်”

တုပိုင် ရုတ်တရက် နားလည်သွားပြီး ပြောလိုက်သည်။

“ဘွဲ့ယူစာမေးပွဲကြီးမှာ ငါ့ရဲ့ အနိုင်ရနိုင်ခြေကို မင်း နောက်ဆုံး တွက်ချက်ထားတာ ၈၅% လေ။ အဲဒီ ကျန်တဲ့ ၁၅% ဆိုတာ ဒီ ဝိညာဉ်အရိပ် အဆိပ်က ငါ့ရဲ့ အတွင်းအားအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ပြီး ၊ စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကို ထုတ်သုံးနိုင်မလား ဆိုတာကို ရည်ညွှန်းတာလား”

“မှန်တယ်။ ဘွဲ့ယူစာမေးပွဲကြီးရဲ့ နောက်ဆုံးဘာသာရပ်က တိုက်ခိုက်ရေး သိုင်းပညာ ဖြစ်တယ် ၊ အမှတ် ၁၀၀ တန်ကြေး ရှိတယ်။ တိုက်ခိုက်ရေး သိုင်းပညာ ဆိုတာ လက်ရည်ယှဉ်ပြိုင်တာ ဖြစ်ပြီး ၊ အနိုင်ရသူက ဘုရင် ၊ ရှုံးသူက သူပုန်ပဲ” ထူးဆန်းသော အလင်းအရိပ်က ပြောလိုက်သည်။

“မင်းက အဆင့် ၇ အနိမ့်ပိုင်း သိုင်းပညာရှင် ၊ ထန်ယန်က အဆင့် ၆ အထက်ပိုင်း သိုင်းပညာရှင်။ ပုံမှန် အခြေအနေမှာဆိုရင် မင်းက လုံးဝ ၊ လုံးဝ သူ့ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းက သူ့ကို နောက်တစ်ကြိမ် မိုးကြိုးပစ်ချအောင် ဆွဲဆောင်လို့ မရတော့သလို ၊ မင်းရဲ့ သိုင်းပညာ ကျင့်ကြံမှုကို မြှင့်တင်ဖို့ ခေါင်းကိုးခုမြွေနတ်ဘုရား ပေးသနားတဲ့ စွမ်းအင်ပုလဲကိုလည်း လက်ခံရရှိနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ဒီစာမေးပွဲ ဘာသာရပ်မှာ မင်း သေချာပေါက် ရှုံးနိမ့်မှာ ဖြစ်ပြီး ၊ ဒီဘွဲ့ယူစာမေးပွဲကြီးမှာလည်း မင်း သေချာပေါက် ရှုံးနိမ့်မှာပဲ”

တုပိုင်က ပြောလိုက်သည်။

“ဒါဆိုရင် ၊ ဝိညာဉ်အရိပ် ရဲ့ စိတ်စွမ်းအင် တိုက်ခိုက်မှုက ထန်ယန်ကို အနိုင်ယူဖို့ တစ်ခုတည်းသော အခွင့်အရေး ၊ ဘွဲ့ယူစာမေးပွဲကြီးမှာ ငါ ပထမ ရဖို့ တစ်ခုတည်းသော အခွင့်အရေးပေါ့”

“မှန်တယ်” ထူးဆန်းသော အလင်းအရိပ်က ပြောလိုက်သည်။ “တကယ်တော့ ၊ အဲဒါထက် အများကြီး ပိုပါတယ်။ စိတ်စွမ်းအင် တိုက်ခိုက်မှုကို အောင်မြင်စွာ အသက်သွင်းနိုင်တာက ဘွဲ့ယူစာမေးပွဲကြီးမှာ ပထမရဖို့ မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်ရုံသာမက ၊ ဒီကမ္ဘာကြီးမှာ မင်းရဲ့ တာဝန်ကို ပြီးမြောက်ဖို့ အရေးကြီးဆုံး သော့ချက်လည်း ဖြစ်တယ်”

ခဏရပ်ပြီးနောက် ထူးဆန်းသော အလင်းအရိပ်က ဆက်ပြောလိုက်သည်။

“တကယ်တော့ ၊ မင်းရဲ့ အရင် စနစ်ရှင် အများကြီးက ဒီအဆင့်မှာ သေဆုံးခဲ့ကြတယ်။ သူတို့က ဆရာသခင်ကြီး အဆင့်ကို ချိုးဖျက်ဝင်ရောက်ပြီးတာတောင် ၊ ဝိညာဉ်အရိပ် စွမ်းအင်ကို မဖမ်းယူနိုင်ခဲ့ဘဲ ၊ အဲဒီအစား ဝိညာဉ်လွင့်ပျံပြီး စိတ်ဝိညာဉ် ကွဲကြေကာ ချက်ချင်း သေဆုံးခဲ့ကြတယ်။ ဒီတစ်ကြိမ်မှာ သိုင်းပညာ အခြေခံအဆင့်ပဲ ရှိသေးတဲ့ မင်းကို ဖမ်းယူဖို့ ကြိုးစားခိုင်းတာက ငါ ကြီးမားတဲ့ စွန့်စားမှု ပြုလုပ်ခဲ့တာပဲ။ ဒါပေမဲ့ မင်း အောင်မြင်ခဲ့တယ်။ ဒီတစ်ကြိမ် မင်းရဲ့ အောင်မြင်မှုက အရင်တုန်းက ကျရှုံးမှု အများကြီးနဲ့ အရင်လူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့်ပဲ”

တုပိုင် လျှာဖျားလေး သတ်လိုက်မိသည်။

ရက်စက်လိုက်တဲ့ လက်တွေ့တရား ၊ ဒါပေမဲ့ လုံးဝ အပြစ်ပြောစရာ မရှိဘူး။ အနိုင်ရသူ အကုန်ယူပဲ။ ဒါက ရန်သူတွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲတင် မဟုတ်ဘူး ၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည် တိုက်ခိုက်ရတဲ့ ရလဒ်လည်း ဖြစ်တယ်။

နောက်တစ်ဆင့် ၊ တုပိုင်သည် ရွှမ်းချီ နှင့် အတွင်းအားများကို ထိန်းချုပ်သကဲ့သို့ ၊ ဤဝိညာဉ်အရိပ် စွမ်းအင် အစုအဝေးကို ထိန်းချုပ်လိုက်ပြီး ၊ သွေးကြောများတစ်လျှောက် ရွေ့လျားကာ ဦးနှောက်မှ ဒန်တျန်ဆီသို့ လွှဲပြောင်းလိုက်သည်။

“ရွှစ်”

ထိုသို့ဖြင့် ကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ်အရိပ် အဆိပ်စွမ်းအင်သည် နောက်ဆုံးတွင် တုပိုင်၏ဒန်တျန်ထဲသို့ လုံးဝ ဝင်ရောက်သွားလေသည်။ ထို့နောက် မှောင်မိုက်ပြီး လှုပ်ရှားနေသော မီးခဲတစ်ခဲကဲ့သို့ သူ့ဒန်တျန်ထဲတွင် စည်းချက်ကျကျ လှုပ်ရှားနေသည်။

လုပ်ငန်းစဉ် တစ်ခုလုံးသည် အလွန် ချောမွေ့ပြီး မည်သည့် အတားအဆီးမှ မရှိပေ။

“ငါ အောင်မြင်သွားပြီလား။ ဝိညာဉ်အရိပ် ကို ငါ ဖမ်းယူလိုက်နိုင်ပြီလား။ စိတ်စွမ်းအင် တိုက်ခိုက်မှုတွေကို ငါ အသက်သွင်းလိုက်နိုင်ပြီလား” တုပိုင် မေးလိုက်သည်။ “ငါက ထန်ယန်ကို ၁၀၀% သေချာပေါက် အနိုင်ယူနိုင်ပြီလား။ ဘွဲ့ယူစာမေးပွဲကြီးမှာ ပထမနေရာ ရဖို့ ၁၀၀% သေချာသွားပြီလား”

**--**--**--**--**--**--**--**

တစ်ချိန်တည်းမှာပင် အရှေ့ဘက်ကွပ်ကဲရေးရုံး တပ်မှူးငယ် ဝူချန်ချို အပြေးဝင်လာပြီး ဒူးထောက်ကာ ပြောလိုက်သည်။

“သခင်ကြီး ၊ ကျွန်တော်တို့ လုပ်ကြံသူတစ်ယောက်ကို ဖမ်းမိပါပြီ”

လီဝမ်ဟွေ့ ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ပြောလိုက်သည်။

“သူ့ကို စစ်ဆေးမေးမြန်းလိုက်။ ချက်ချင်းပဲ နည်းလမ်းအကုန်သုံးပြီး စစ်ဆေးမေးမြန်းပြီးတော့ သူ့နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာ မေးလိုက်”

ဝူချန်ချိုက ပြောလိုက်သည်။

“သူ ဝန်ခံပြီးပါပြီ။ သခင်လေးကို လုပ်ကြံတဲ့ နောက်ကွယ်က စစ်မှန်တဲ့ ကြိုးကိုင်သူက ကွမ်ရှီးဘုရင်ခံ လော့ဝမ် ပါ။ သူက အခု ကွမ်ကျိုးက ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံးထဲမှာ ပုန်းနေပါတယ်”

လီဝမ်ဟွေ့၏ မျက်လုံးများတွင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုစိတ်များ တောက်လောင်လာပြီး ၊ တစ်လုံးချင်း ပြောလိုက်သည်။

“လော့ဝမ် ၊ မင်း သေပြီပဲ”

အပိုင်း ၂၆၇ ပြီး။

All Chapters